Showing posts with label World Politic ကမ္ဘာ့ နိုင်ငံရေး. Show all posts
Showing posts with label World Politic ကမ္ဘာ့ နိုင်ငံရေး. Show all posts
Thursday, July 5, 2018
ထိုင်း - မြန်မာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး (၂၀၁၈)
အခုတလော ထိုင်းနိုင်ငံ မြန်မာ-ထိုင်း-လာအို ရွှေကြိဂံ နယ်မြေအနားက ၃မိုင်ရှည်တဲ့ လှိုင်ဂူကြီးထဲမှာ ထိုင်း ကျောင်းသား ၁၂ယောက် နဲ့ ဘောလုံးနည်းပြ တို့ ဝင်ရောက် ပျောက်ဆုံးသွားတဲ့ သတင်း နဲ့အတူ ၉ရက်အကြာ နိုင်ငံတကာ ကူညီမှုများနဲ့ ပြန်လည်တွေ့ရှိသွားတဲ့ သတင်းကို ဖတ်ရပါတယ်။ ဒါကြောင့် ထိုင်း-မြန်မာ အကြောင်း၊ မြန်မာနိုင်ငံသား ၅သန်း နီးပါး သွားရောက် အလုပ်လုပ်ကိုင် ခွင့် ပေးထားတဲ့ ထိုင်းနိုင်ငံ အကြောင်း၊ ရှေးယခင်က မြန်မာ-ထိုင်း အိမ်နီးချင်း အမြဲစစ်ချီ စစ်တိုက် နေကြတဲ့ ရာဇဝင်တွေကို ချေဖျက်ကြဖို့ လိုကြောင်း သတိရမိပါတယ်။ ဒါကြောင့် ၂၀၁၂ တုန်းက ဆောင်းပါး ၂ပုဒ်ကို ပြန် တင်ပြ၊ သုံးသပ် လိုပါတယ်။
.
///// … Thai-Myanmar 2012 Articles … /////
မြန်မာ-ထိုင်း ဆက်ဆံရေ: (၂၀၁၂) .. နိဒါန်း
အာဆီယမ် အရှေ့တောင်အာရှနိုင်ငံများသည် ယခုခေတ်ကျမှသာ စီးပွားရေးပါပူးပေါင်းမှဖြစ်တော့မည်ဟု ယူဆကာ ပူးပေါင်းလုပ်ဆောင်လာကြသည်။ အဓိကမှာ တရုတ်၏တဟုန်ထိုး စီးပွားရေးတိုးတက်မှုနှင့် အမေရိကန်၏ အကျိုးစီးပွားများကြောင့်ဖြစ်သည်။
ထိုင်းနိုင်ငံ သားများက သူတို့နိုင်ငံ ကို ဆိုင်ယမ် Siam ဟု ခေါ်ကြ သည်။ မြန်မာကို Burma ဘားမားဟု ခေါ်ကြ သော်လည်း မြန်မာ တို့က Myanmar ဟု မိမိ အသံထွက်အတိုင်း ပြောင်းလဲ ခေါ်ဆို ကြသည်။ ၁၂၃၈ ခုနှစ်မှ ထိုင်း လူမျိုး များက မူလ အုပ်စိုးသူ ခမာ များကို အနိုင် ယူပြီး၊ ထိုင်းနိုင်ငံ ထူထောင် လာခဲ့သည်။ မြန်မာ များက ထို့ထက် ပိုစော သည်။ ၁ဝ၄၄ ခုနှစ်တွင် မူလ နေထိုင်သူ၊ ပျူနှင့် မွန်များကို အနိုင် ယူပြီး မြန်မာ နိုင်ငံ (ပုဂံမင်းဆက်) ဖြစ်ပေါ် လာခဲ့သည်။ မြန်မာ လူမျိုး သည် ယခင်က တရုတ် နိုင်ငံတွင် ယန်စီမြစ်ဝှမ်းတွင် နေထိုင်ပြီး နန်ကျောက် ဒေသ ထူထောင်အခြေစိုက်နေထိုင်ခဲ့သည်။ နောက်ပိုင်း တွင် နယ်မြေ တိုက်ပွဲ များမှ အောက်ပိုင်း သို့ ရွှေ့ပြောင်း လာခဲ့ သည်။ ထိုင်း လူမျိုး များက ခမာ အင်ပါယာ တွင် သွားရောက် အခြေစိုက်ရင်း၊ ခမာ အင်ပါယာ ကျဆုံး သောအခါ၊ ထိုင်းနိုင်ငံ ဖြစ်ပေါ် လာခဲ့သည်။
.
မြန်မာ နှင့် ထိုင်း သည် အိမ်နီးချင်း နိုင်ငံများ ဖြစ်ကာ ယဉ်ကျေးမှု၊ ဗုဒ္ဓဘာသာ၊ ဓလေ့စရိုက်များ ဆင်တူ ကြသည်။ မြန်မာ နိုင်ငံ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံ အားလုံး ဥရောပ နယ်ချဲ့များ လက်အောက် ရောက်ခဲ့ သော်လည်း ထိုင်း နိုင်ငံမှာမူ လွတ်လပ် စွာ ရပ်တည် နိုင်ခဲ့ သည်။ မြန်မာ ဘုရင် များ သည် သြဇာ အာဏာ ကြီးမား လာသော အခါ ထိုင်းနိုင်ငံ ကို စစ်ချီ တိုက်ခိုက် လေ့ရှိသည်။ တပင်ရွှေထီး၊ ဘုရင့်နောင်၊ နန္ဒဘုရင်၊ အလောင်းဘုရား နှင့် ကုန်းဘောင် ဘုရင်များ ဖြစ်သော နောင်တော်ကြီး၊ ဆင်ဖြူရှင်၊ ဘိုးတော်ဘုရား၊ ဘကြီးတော်ဘုရား စသည့် မြန်မာဘုရင် များသည် ထိုင်းနိုင်ငံ ကို တိုက်ခိုက် ကြသည်။ ဘုရင့်နောင် (၁၅၆၃-၆၉) နှင့် ဆင်ဖြူရှင် (၁၇၆၅-၆၇) လည်း ထိုင်းနိုင်ငံ အယုဒ္ဓယ မြို့တော်ကို သိမ်းပိုက် နိုင်ခဲ့ သော်လည်း၊ ကြာကြာ ထိန်းမထား နိုင်ကြပေ။ ဆင်ဖြူရှင် သည် ၁၇၆၇ ခုနှစ်တွင် အယုဒ္ဓယ မြို့တော် ကို သိမ်းပိုက် ပြီး၊ မြေလှန် ဖျက်ဆီး ခဲ့သည်။ ထိုအချိန် တွင် တရုတ် တပ်များ က အထက် မြန်မာပြည် သို့ ကျူးကျော် ဝင်ရောက် လာကြ သည်။ တရုတ်-မြန်မာစစ်ပွဲ ၃ ကြိမ် တိုင် တရုတ် တပ် များကို အနိုင် ရအောင် တိုက်ရ သောကြောင့် ထိုင်းနိုင်ငံ ၏ ပြန်လည် တွန်းလှန်ခြင်း ခံခဲ့ ရသည်။ ခေတ္တခဏသာ မြန်မာများသည် ထိုင်းနိုင်ငံ ကို သိမ်း နိုင်ခဲ့သည်။ မြန်မာအင်ပါယာ ပြိုကွဲ ချိန်များ တွင် ရှမ်း (ထိုင်း) မင်း များက မြန်မာနိုင်ငံ ကိုအုပ်ချုပ် ခဲ့သည့် သမိုင်း များ ရှိပါ သည်။
.
စီးပွားရေးတိုးတက်မှု
စီးပွား အချက် လက် များကို နှိုင်းယှဉ် ကြည့် ပါက .. ဦးနေဝင်း စစ်အာဏာ မသိမ်းမီ (၁၉၆၂ ခုနှစ် မတိုင်ခင်) မြန်မာ နိုင်ငံ စီးပွားရေး သည် အာရှ ထိပ်တန်း ဖြစ်ခဲ့ပြီး၊ ထိုင်းနိုင်ငံ ထက် အပြတ် သာသည် ဟူသော ပြောဆိုချက် များသည် အချက် အလက် မပါဘဲ လေထဲမှ လာရောက် သော စကားများ၊ စာသား များ ဖြစ်ပါသည်။ ၁၉၆ဝ ခုနှစ် စီးပွား အချက် လက် များ အရ မြန်မာနှင့်ထိုင်း စီးပွားရေးသည် အတူတူမျှ သာဖြစ် သည်။ နောက်ပိုင်း တွင် ထိုင်းနိုင်ငံ သည် ၃ ဆမက တိုးတက် သွား ပါသည်။
.
ကျွန်ုပ် ငယ်စဉ် ၁၉၈၈ ခုနှစ် အရေး တော်ပုံ အချိန်တွင် မြန်မာအစိုးရ ထုတ်ဝေသော နိုင်ငံတကာ စာစောင်၌ ထိုင်းနိုင်ငံ စီးပွားရေး ကို ကြည့်လိုက် သော အခါ လယ်ယာ ကဏ္ဍ သည် ၂ဝ ရာနှုန်းပင် မရှိ သည်ကို အံ့သြစွာ တွေ့ရှိ ရသည်။ လူပြိန်း ဘဝတွင် ကမ္ဘာပေါ်၌ ဆန် အများဆုံး ပြည်ပ ပို့နိုင်သော ထိုင်း နိုင်ငံသည် လယ်ယာ လုပ်ငန်းဖြင့် ၎င်းတို့၏ စီးပွားရေး ကို တိုးတက် အောင် ပြုလုပ် သည်ဆိုသည့် ကျွန်ုပ်၏ ထင်မြင်ချက်မှာ မှားယွင်း ကြောင်း သိခဲ့ရသည်။ ယခု အခါ ထိုင်း လယ်ယာ ထုတ်ကုန်မှာ အမျိုးသား ထုတ်ကုန်၏ ၁၂ ရာနှုန်းသာ ရှိပါ တော့သည်။
လက်ရှိ အခြေအနေ တွင် အောက်ပါ ဇယားကိုကြည့် ပါက ထိုင်း-မြန်မာ လူဦးရေ (၆၆ သန်း – ၅၃ သန်း)၊ ဂျီဒီပီ (ကန်ဒေါ်လာ ၆ဝ၉ ဘီလျံ – ၈၂ ဘီလျံ)၊ တဦးချင်း ဝင်ငွေ (ကန်ဒေါ်လာ ၉၇ဝဝ – ၁၃ဝဝ)၊ လယ်ယာ လုပ်ငန်းရငွေ (၁၂ ရာခိုင်နှုန်း – ၄၃ ရာခိုင်နှုန်း) တို့ကို မြင်နိုင် ပါသည်။ လယ်ယာ လုပ်ငန်း အတွက် ထိုင်းနိုင်ငံ ဂျီဒီပီ၏ ၁၂ ရာနှုန်း ဆိုသည်မှာ ကန်ဒေါ်လာ ၇၂ ဘီလျံ တန်ဖိုး ရှိသော ကြောင့် မြန်မာ တနိုင်ငံလုံး ထွက်ကုန် စုစုပေါင်း ဂဏန်း ခန့် ရှိနေ ပါသည်။
.
မြန်မာနိုင်ငံ ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု FDI တရားဝင် စာရင်းတွင် Shwe Gas by Dawoo, Shwe Oil & Gas pipe (by China), Yadana gas (Total), Garment Industry, Myanmar Dawei (TAVOY), Jade (China), Copper (China), Hydro Electric ,Myitsone & others (China), Fishery (Thailand) .. စသဖြင့် ရှိပါ သည်။ ၂ဝ၁၂ ခုနှစ် တွင် ဗီယက်နမ် ထက်ပင် သာမည်ဟု မှန်းဆ လျက်ရှိသည်။ လက်ရှိ အခြေအနေ တွင် မြန်မာ နှင့် ရင်းနှီး ကျွမ်းဝင်ပြီး သော ထိုင်း၊ တရုတ်၊ အိန္ဒိယ တို့သာမက အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စသည့် နိုင်ငံများမှ FDI မဟုတ် သော တရား မဝင် ဒေါ်လာ များစွာ ဝင်လာ သောကြောင့် ကျပ်ငွေ ဈေးကောင်း လျက်ရှိပါသည်။ အများဆုံး မှာ နယ်စပ် ကုန်သွယ်ရေး ဖြစ်သည်။ ထိုင်းနှင့် တရုတ်တို့ ဖြစ်သည်။ မြန်မာ အစိုးရ သည် ထိုင်း နိုင်ငံကို ဦးစား ပေး သော်လည်း တရုတ်၏ အင်အား ကြီးမားစွာ ဝင်လာ မှုကို တားဆီး ရန် ခက်ခဲ နေပါသည်။
.
ယခု ၂ဝ၁၂ ခုနှစ် သို့ ရောက်ရှိ လေပြီ။ ဒေါ်အောင်ဆန်းစုကြည် နှင့် အတိုက်အခံ များ၏ နှစ်ပေါင်း များစွာ ကြာမြင့် သည့် ဒီမိုကရေစီ တိုက်ပွဲ၏ အသီးအပွင့် ရရှိ လာပြီဖြစ်သည်။ ရေရှည် တည်တံ့ရန် စစ်အာဏာရှင် များက ပြည်တွင်း ရှိ လူငယ် တတ်သိ ပညာရှင်များ နှင့် ပြည်ပမှ မြန်မာပညာရှင် များကို နေရာပေး သွားပါ လိမ့်မည်။ စစ်အင်အား သည် နိုင်င ံအတွက် အဓိက ကျသော ကြောင့် စစ်တပ် အကြောင်း သိရှိကာ ဦးဆောင် နိုင်သူ သည် နိုင်ငံ ခေါင်းဆောင် ဖြစ်ရ ပါမည်။
.
မြန်မာ နိုင်ငံတွင် ယခုအခါ ပြုပြင် ပြောင်းလဲမှု တဟုန်ထိုး ပြုလုပ ်လိုသူအုပ်စု နှင့် အာဏာကို အသေဆွဲ ကိုင်ပြီး တဖြည်းဖြည်း ပြုလုပ်လိုသ ူအုပ်စု ၂ ခု အပြိုင် ဖြစ်နေ ပါသည်။ ယခု အချိန်တွင် ပြုပြင် ပြောင်းလဲ လိုသော စစ်ဗိုလ်ချုပ်ဟောင်း များကို ကြည့်ပါ က ဦးသိန်းစိန် ခေါင်းဆောင်သော အုပ်စုကို မြင်နိုင် ပေသည်။ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လည်း ပူးပေါင်း ကူညီလျက် ရှိသည်။ အကျိုးရလဒ် မှာ ယခု ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲ တွင် ၄၈ နေရာရှိသည့် အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ သည် အရွေး ခံမည်။ လွှတ်တော် တွင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ သွားပါက ပြုပြင် ပြောင်းလဲ လိုသူ အုပ်စုအတွက် အလွန် အားကောင်း လာမည်။ မကြာမီ လက်ဝါးကြီးအုပ် စီးပွားရေး လုပ်ရပ်များ တုံ့ဆိုင်း သွားပါမည်။
.
မည်သို့ပင် ဖြစ်စေ စီးပွားရေး နမူနာ ယူရမည့် အဓိက နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်သည်။ အစစ အရာရာ သာလွန် နေသော ထိုင်းနိုင်ငံ ကို ညီအကို ကဲ့သို့ ပူပေါင်း လုပ်ဆောင် သွားရ ပါမည်။
.
ကိုယ်တွေ့ အတွေ့ အကြုံ တခုမှာ ကျွနု်ပ်တို့ ဇနီးမောင်နှံ ယာဉ်မတော်တဆ မှုဖြင့် ပါသမျှငွေ၊ ပတ်စ်ပို့၊ စာရွက်စာတမ်း အားလုံးပြန့်ကျဲ ကာ ထိုင်းရွာ တခုတွင် ဒုက္ခရောက် စဉ် ထိုင်းရွာသား ရာနှင့်ချီ ရောက်ရှိ လာကာ မြို့နယ် ဆေးရုံသို့ သယ်ဆောင် ပို့ပေး ပါသည်။ ထိုမှတဆင့် မြို့ပေါ်ဆေးရုံကြီး သို့ ရောက်ပြီး အဆင့်မြင့် ဆေး ကုသမှု ခံယူကာ အတိတ် မေ့နေသော ဇနီးသည် သည် နာရီ ၂ဝ အကြာတွင် သတိပြန်လည် လာပါခဲ့ ပါသည်။
.
လွင့်ကျ နေသော အကြွေ တစေ့ မကျန် အထုပ် ကလေးနှင့် ထုပ်ပြီး ဆေးရုံ တွင် ပြန်လည် ရရှိခဲ့ ပါသည်။ ထိုစဉ်က ကူညီ ပေးခဲ့သော ချင်းမိုင် မြို့မှ ထိုင်း လူမျိုး ရွာသား၊ မြို့သား၊ ဆရာဝန်၊ သူနာပြု အားလုံးကို အထူး ကျေးဇူးတင် လျက်ပင် ရှိ၏။ အချို့မှာ နာကျည်းမှု များကို ရင်ထဲ ထည့်ကာ ထိုင်း လူမျိုး အလုပ်ရှင်ကို ရှေ့တွင် ရိုသေဟန်ပြ နေခြင်းသည် ညီအကို စိတ် အစစ် အမှန် မရှိနိုင် သေးခြင်း ဖြစ်သည်။ မိမိက နိမ့်ကျ ချိန် တွင် ညီငယ်တဦး အနေဖြင့် ဆက်ဆံ ပါက၊ ထိုင်းလူမျိုး များ ကလည်း အကို နေရာမှ အကူ အညီ ပေးမည် သာ ဖြစ်ပါ သည်။ မြန်မာ နိုင်ငံသို့ လာ အလုပ် လုပ်သော ထိုင်းကုမ္ပဏီ အလုပ်သမား များ အတွက်မူ မြန်မာများ က အကို သဖွယ် ပြန်လည် ဆက်ဆံကြ ပါသည်။
.
ကျွနု်ပ်တို့ အားလုံး၏ ညီအကို စိတ်ထားဖြင့် ထိုင်းနှင့်မြန်မာ ၂ နိုင်ငံ ပူးပေါင်း လုပ်ဆောင် ပါက မကြာခင် အရှေ့၊ အနောက် ဂျာမဏီ ၂ ခု ပေါင်းသော စီးပွားရေးစနစ် ကဲ့သို့ မြန်မာ-ထိုင်း ၂ နိုင်ငံပေါင်း စီးပွားရေး သည် အာဆီယမ် တွင် အလွန်ကြီးမား လာမည်မှာ သေချာ ပါသည်။
.
စစ်တိုက်၊ နယ်ချဲ့ကြသော ခေတ် စနစ် မဟုတ်တော့ ဘဲ၊ စီးပွားရေး ဖြင့် နိုင်ငံ အင်အား တည်ဆောက် နေသည့် စူပါပါဝါ ဖြစ်လာမည့် တရုတ်၊ အိန္ဒိယ တိုးတက်မှု ကို ကြည့်ပါ။ အာဆီယမ် လည်း စူပါပါဝါ များ လွှမ်းမိုးမှု ကို စုပေါင်း ကာကွယ် ရပါမည်။ အထူးသဖြင့် ထိုင်းနှင့် မြန်မာတို့ အိမ်နီးချင်း ၂ နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု များသည် အားရ စဖွယ် ဖြစ်သည်။ မြန်မာ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ထဲတွင် ထိုင်းနိုင်ငံသို့ ၉ ရက် လေ့လာရေးခရီးသည် အားရဖွယ် ဖြစ်သည်။ ထိုင်းနိုင်ငံ သည် မိတ်ဆွေ၊ ညီအကို နိုင်ငံဖြစ်ပြီး၊ တရုတ်နှင့် အိန္ဒိယမှာ ပေါက်ဖော် သာ ဖြစ်ကြောင်း မြန်မာ ခေါင်းဆောင် များ သိ ပါသည်။
.
.
ထိုင်းနိုင်ငံ အကြောင်း ဖြစ်သော ကြောင့် ထိုင်းနိုင်ငံ နှင့် မြန်မာပြည် နှိုင်းယှဉ် ကာ အဆုံး သပ်ပါမည်။ လက်ရှိ ထိုင်းနိုင်ငံ သည် မြန်မာပြည် ထက် အဆ များစွာ သာလွန် နေသည်ကို မြန်မာခေါင်းဆောင်များ လက်ခံ ပါသည်။ ထိုင်းသည် မြန်မာ၏ ညီအကို နိုင်ငံ ဖြစ်သည် ကိုလည်း လက်ခံ ပါသည်။ ရေမြေ အနေထားနှင့် ဘာသာရေး၊ ယဉ်ကျေးမှု များ အတူတူ ဖြစ်သည်။
.
တဦးနှင့် တဦး နားလည် သဘော ပေါက်ပြီး အတူ နေထိုင်နိုင် ပါသည်။ ထိုင်းနိုင်ငံ အတွက် နိုင်ငံရေး ညီညွတ ်မှုမှာ မြန်မာပြည် ထက်စာ လျှင် အများကြီး သာပါ သည်။ မြန်မာပြည် တွင် နယ်မြေ နှင့် လူဦးရေ သုံးပုံ တပုံမှာ တိုင်းရင်းသား လက်နက်ကိုင် များ လွှမ်းမိုး နေမှုသည် အဓိက အခက်အခဲ ဖြစ်သော် လည်း တရား ဥပဒေပြုမှု ဖြင့် ဖြေရှင်း နိုင်ပါသည်။ တိုင်းပြည် ငြိမ်းချမ်း ရန် စွန့်လွှတ် အနစ်နာ ခံတတ်သော ခေါင်းဆောင် တဦး လိုအပ် ပါသည်။
.
ထို ခေါင်းဆောင် သည် ဦးသိန်းစိန် လား၊ ဒေါ်အောင်ဆန်းစုကြည် လား၊ အခြား တဦးလား ..ဆိုသည်မှာ အချိန်က အဆုံးအဖြတ် ပေးသွား ပါမည်။ နောင် တချိန် မြန်မာပြည် သို့ အလုပ် လာလုပ်သော သူဋ္ဌေး အများစုမှာ ထိုင်းကုမဏ္ဍီ များ ဖြစ် လာမည် မလွဲပါ။ ထိုအခါ ညီအကို စိတ်ထား ထားနိုင် ပါက မြန်မာ များသည် အချိန်တို အတွင်း ထိုင်း နိုင်ငံ လူမှု အခြေအနေများ ကို ခံစား ရမည်မှာ မလွဲပင်။
၁၀-ဖေဖော်ဝါရီ-၂ဝ၁၂ ..
........။။။။။။ ........
.
ထိုင်း PTT နဲ့ မြန်မာ့ရေနံ၊ ဓါတ်ငွေ့ ဘာလဲ၊ ဘယ်လဲ
Petroleum AuThority of Thailand ထိုင်းနိုင်ငံအစိုးရပိုင် ရေနံကုမ္ပဏီဖြစ်ပါတယ်။ Fortune 500 မှာတော့ ကမ္ဘာ့အဆင့် ပိုင်ဆိုင်မှု ၇၉.၆ဘီလျှံနဲ့ ကမ္ဘာ့မှာ အဆင့် ၉၅၊ ၂၀၁၂မှာ သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံနဲ့အထူး ပတ်သက်နဲ့ ကုမ္ပဏီကြီးဖြစ်ပြီး၊ မြန်မာကမ်းလွန် (ရတနာဓါတ်ငွေ့) ပိုက်လိုင်းအားဖြင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေ အမြောက်အများ စတင်ရရှိစေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ လက်ရှိ ထားဝယ်ရေနက်ဆိပ်ကမ်းမှာလည်း ပါဝင်ပတ်သက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုမှာ ထိုင်းနိုင်ငံကုမ္ပဏီများဟာ နောက်ကွယ်က အကြီးမားဆုံး ရင်းနှီးမြှတ်နှံမဲ့ နိုင်ငံဖြစ်နေပါတယ်။
.
ဗီယက်နမ်နိုင်ငံရဲ့ အကြီးမားဆုံး ရေနံချက်စက်ရုံ $28.7 billion oil refinery in central Vietnam ဆောက်လုပ်ဖို့ စီစဉ်နေတယ်လို့ ဗီယက်နမ်အစိုးရသတင်းဌာန Tuoi Tre newspaper မှာ ဖေါ်ပြထားပါတယ်။
ဗီယက်နမ်အစိုးရဟာ ထိုင်း PPT ကို ရေနံချက်လုပ်ငန်းအတွက် ရင်းနှီးမြုတ်နှံမှုလုပ်ဖို့ ဖြစ်နိုင်ချေရှိမရှိ လေ့လာရေးအတွက် ငှားရမ်းလုပ်ကိုင်စေပါတယ်။ အလွန်အရေးကြီးတဲ့ ရင်းနှီးမြှတ်နှံမှုဖြစ်ပြီး အရေးကြီးတဲ့ ရင်းနှီးမြှတ်နှံမှုကို ဗီယက်နမ်ဟာ အနောက်နိုင်ငံ၊ တရုပ်၊ဂျပန်များကို မငှားရမ်းပဲ ဘာကြောင့် ထိုင်း PTT ပညာရှင်များကို ငှားရမ်းရသလဲ၊ ပြီးတော့ ထိုင်း PTT ကုမ္ပဏီနဲ့ လုပ်ချင်နေသလဲဆိုတာ မြန်မာများအတွက် အထူးစဉ်းစားစရာဖြစ်ပါ။
.
ဗီယက်နမ်ဟာ နှစ်ပေါင်း၂၀နီးပါး ပြုပြင်ပြောင်းလဲမှုလုပ်ခဲ့ပြီးတဲ့အခါမှာ သူတို့ကို အကျိုးအမြတ် အများဆုံးလုပ်ပေးသူဟာ ထိုင်းကုမ္ပဏီများဖြစ်တယ် ဆိုတာကို သဘောပေါက်ပြီး ဖြစ်ပါတယ်။ မြန်မာအစိုးရကလည်း မြန်မာနိုင်ငံမှာ ရေနံချက်စက်ရုံဆောက်ဖို့ PPT ကို ကမ်းလှမ်းထားပါတယ်။
.
.
ဗီယက်နမ်ရေနံလုပ်ငန်း
ပြည်တွင်းသုံးစွဲဖို့ ဓါတ်ဆီ၊ဒီဇယ်များကို ထိုင်း၊မလေးရှား ရေနံချက်စက်ရုံများက တင်သွင်းရပါတယ်။ ဒါကြောင့် ရေနံချက်လုပ်ငန်းကို ပြည်တွင်းမှာတည်ဆောက်နိုင်ရင် အကောင်းဆုံးဖြစ်ပေမဲ့ နည်းပညာလိုအပ်ပါတယ်။ ကုန်ချောထုတ်လိုရင် နည်းပညာပိုင်းဆိုင်ရာကို တိုးတက်တဲ့နိုင်ငံကြီးများထံမှာ ဝယ်ယူရပါတယ်။
.
လက်ရှိ Dung Quat ဒေသမှာ 135,000 bpd ကနေ ၂၀၁၇မှာ ၂ဆ ထုတ်ဖို့ လုပ်နေပါတယ်။ မလုံလောက်တဲ့အတွက် ဗီယက်နမ်မှာ အကြီးဆုံး $7.5 billion တခု 200,000 bpd Nghi Son refinery Project လုပ်နေပါတယ်။ Nghi Son Project ဟာ ကူဝိတ်၊ဂျပန် Petrovietnam, Kuwait Petroleum International, Japan’s Idemitsu Kosan Co Ltd and Mitsui Chemicals Inc. တို့နဲ့ ဖက်စပ်ဖြစ်ပါတယ်။ အခု ထိုင်း PTT နဲ့ လုပ်ဖို့စီမံနေတဲ့ $28 billion Refinery Project ဆိုတာ အလွန်ကြီးမားတဲ့ စီမံကိန်းကြီးဖြစ်ပါတယ်။ မလေးရှား Petronas ကလည်း ပြည်တွင်းမှာပဲ ရင်းနှီးမြှတ်နှံတဲ့ $20 billion refinery, 300,000 bpd Project ကို ဂျဟိုးပြည်နယ်မှာ တည်ဆောက်ဖို့ စီမံလျှက်ရှိပါတယ်။
.
အရှေ့တောင်အာရှရေနံလုပ်ငန်းများ
ရေနံနဲ့ဓါတ်ငွေဟာ အခုခေတ် ရေပန်းအစားဆုံး စီးပွားရေးလုပ်ငန်းကြီးဖြစ်တဲ့အတွက် အရှေ့တောင်အာရှမှာ ရေနံအထွက်ဆုံး၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများကို မှီပြီး ရေနံချက်လုပ်ငန်းများလည်း တိုးတက်ကြီးပွားနေပါတယ်။ နည်းပညာလိုအပ်တဲ့အတွက် ကမ္ဘာထိတ်တန်း Shell, Exxon Mobile, BP British Petro, Chevron စတဲ့ ရေနံကုမ္ပဏီများပဲ ဦးဆောင်နေပါတယ်။ အခုတော့ တရုပ်ရေနံကုမ္ပဏီများ ထိပ်တန်းရောက်လာပါပြီ။ ဒီကြားထဲမှာ အရှေ့တောင်အာရှ မလေးရှား၊စင်ကာပူ၊ထိုင်း အစိုရပိုင် ရေနံကုမ္ပဏီများက ကိုယ့်ဖာသာလုပ်ဖို့ကြိုးစားရပါတယ်။ အမြက်စွန်းအများဆုံးလုပ်ငန်းဖြစ်တော့ ကိုယ့်ဖာသာကိုယ် ရင်းနှီးမြှတ်နှံ လုပ်ချင်တာ မဆန်းပါ။ သို့သော် နည်းပညာနဲ့ ဈေးကွက်အတွက် အနောက်နိုင်ငံနဲ့ အခုတရုပ်ကုမ္ပဏီများက ဦးဆောင်နေဆဲဆိုတာ သတိပြုရပါတယ်။ နောက်ဆုံးတော့ အရှေ့တောင်အာရှ နိုင်ငံအချင်းချင်းပဲ ခေါင်းပုံဖြက်မှု အနည်းဆုံး၊ ညှိနှိုင်းလုပ်ကိုင်ဖို့ ဆိုတာ နားလည်ရပါတယ်။ ကိုယ့်ပြည်တွင်းမှာပဲ နည်းပညာ Refinery များလုပ်ဆောင်နေပါတယ်။
.
Fortune 500 ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီပေါင်း ၅၀၀
မလေးရှားနိုင်ငံ Patronas က ပိုင်ဆိုင်မှု ၉၇.၃ ဘီလျှံ၊ အဆင့် ၆၈။ အရှေ့တောင်အာရှမှာ အကြီးဆုံးကုမ္ပဏီဖြစ်ပါတယ်။ ထိုင်းနိုင်ငံ PPT Thailand ဟာ ဒုတိယအကြီးဆုံးဖြစ်ပါတယ်။ ရေနံလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အရှေ့တောင်အာရှမှာ အရင်က စင်ကာပူဘဏ်လုပ်ငန်းများ DBS, UOB, OCBC များ ဒီနှစ် Fortune 500 စာရင်းမှာ မပါတော့ပါဘူး။ စင်ကာပူအခြေစိုက် Wilma International (Rank 222) စိုက်ပျိုးရေးစက်မှု, Flextronics (Rank 372) အထွေထွေစက်မှု ဒီလုပ်ငန်း၂ခုပဲ ပါဝင်ပါတယ်။
.
အမေရိကန်က ကုမ္ပဏီပေါင်း ၁၃၂ခုနဲ့ ထိပ်ဆုံးမှာ အပြတ်အသတ် ရှိနေဆဲမှာ တရုပ်က ၇၃ခု၊ ဂျပန်က ၆၈ခု နဲ့ရှိနေပါတယ်။ အာရှတိုက်က တောင်ကိုးရီးယား၊ အိန္နိယ၊ တိုင်ဝမ်တို့လည်း ထိပ်ဆုံးအဆင့်များမှာ ရှိနေပါတယ်။ ၂၀၁၂ ထိပ်တန်း ကုမ္ပဏီ ၅၀၀စာရင်းမှာ စင်ကာပူက ၂ခု၊ ထိုင်း၊မလေးရှား တခုစီပဲ ပါဝင်နေပါတယ်။ ထိုင်းနီုင်ငံ PPT နဲ့ မလေးရှားနိုင်ငံ Patronas ၂ခုကို မှတ်တမ်းတင်ဂုဏ်ပြုရမှာ ဖြစ်ပါတယ်။
.
.
မြန်မာ့ရေနံနဲ့ဓါတ်ငွေ့
အခုခေတ် မြန်မာအစိုးရအတွက် အဓိကဝင်ငွေဖြစ်နေပါတယ်။ MOGE Myanma Oil and Gas Enterprise အဖြစ် မြန်မာအစိုးရက ဦးစီးလုပ်ဆောင်နေပါတယ်။ လက်ရှိ ရတနာဓါတ်ငွေပိုက်လိုင်း၊ ရွှေဓါတ်ငွေပိုက်လိုင်းများက ဝင်ငွေအဓိကရယူတဲ့လုပ်ငန်းများမှာ မြန်မာအစိုးရ MOGE အဖြစ် ဖက်စပ်လုပ်ကိုင်လျှက်ရှိပါတယ်။
.
ကျွန်တော် မြန်မာပြည်ရောက်ရှိစဉ်က မြန်မာရေနံတနိုင်လုပ်ငန်းများကို လေ့လာမိပါတယ်။ လက်တွင်းများက ရေနံ တနေ့ တစည်၊ ၂စည်လောက် ထွက်တာလေးကို သယ်ယူတယ်။ မုံရွာမြို့မှာ တနိုင်ရေနံချက်လုပ်ငန်းများလုပ်ကြတယ်။ အစိုးရနဲ့ပိုင်တဲ့ပြည်တွင်းက ရေနံကုမ္ပဏီများက ကြီးနိုင်ငယ်ညှင်းလုပ်ရင်း၊ ဘုမသိဘမသိ ရေနံဟေ့ဆိုပြီး၊ လက်တွင်းကလေးများ တူးကြတဲ့လူများ ခွက်ခွက်လန် ရှုံးနှိမ့်ပျက်စီးရတဲ့ ဝိသမရေနံလုပ်ငန်းရှင်များရဲ့ ကြီးစိုးမှုကို မျက်မြင်တွေ့ခဲ့ဖူးပါတယ်။
.
အခု လက်ပတောင်းတောင် ကြေးနီစီမံကိနု်းလိုပဲ မြေယာများကို ကုမ္ပဏီများက မတရားဈေးနှုန်းနဲ့ ဝယ်ယူ၊ရင်းနှီးရင်း ကုမ္ပဏီအကြီးက၊ အသေးကို ဝါးမြို၊ ငွေအနည်းငယ်ရှိသူများမိမိအိမ်မြေကို ရောင်းပြီး၊ ရင်းနှီးမြှတ်နှံလို့ အရှုံးကြီးရှုံးသွားတဲ့ လူများစွာ တွေ့ခဲ့ရပါတယ်။
.
ဒါက ပြည်တွင်းက တနိုင်လုပ်ငန်း SME Small & Median Oil & Gas business လုပ်ငန်းလေးများကို ကာကွယ်၊မြျှင့်တင်ပေးဖို့ ဥပဒေမရှိသေးပါဘူး။ မြန်မာအစိုးရက အရှေ့တောင်အာရှနိုင်ငံများနဲ့ အတူ လုပ်ဆောင်လျှက်ရှိပါတယ်။ SME တွေကပဲ နိုင်ငံစီးပွားရေးရဲ့ ၇၀ရာနှုန်းလောက်ကို ဖြည့်ဆည်းနေချိန် SME တွေကို ဝိသမစီးပွားကုမ္ပဏီကြီးများက ဝါးမျိုခြင်းဟာ မြန်မာ့ရေနံလုပ်ငန်းမှာ အရုပ်ဆိုးလှတဲ့ဖြစ်ရပ်ပါ။
.
အရှေ့တောင်အာရှ သယံဇာတကြွယ်ဝမှုကို နှိုင်းယှဉ်ရင် ဓာတ်ငွေ့ထွက်နှုန်းမှာ အိမ်နီးချင်းထိုင်းက 20 billion cu m, မလေးရှားက 66 billion cu m နဲ့ ဗီယက်နမ်က 7.8 billion cu m ထွက်ပါတယ်။ မြန်မာပြည်က တနှစ်မှာ ဓာတ်ငွေ့ 11 billion cu m ထွက်တဲ့အတွက် ဗီယက်နမ်ထက်တော့ သာပါတယ်။
.
.
ရေနံဘယ်လောက်ထွက်သလဲ ယှဉ်ကြည့်ရင်
ထိုင်းက တနှစ်ကို ရေနံစည်ပေါင်း 406,000 barrels, မလေးရှားက တနေ့ကို ရေနံစည် 716,000 barrels , ဗီယက်နမ်က 304,000 barrels ထွက်ပြီး၊ ကျနော်တို့က 21,000 barrels ပါ။ နည်းနည်းပဲ ထွက်ပါတယ်။
ရေနံ၊ ဓာတ်ငွေ့ သယံဇာတထွက်မှုကို ကြည့်ရင် မြန်မာပြည်ဟာ ထိုင်း၊ မလေးရှားနဲ့ ဗီယက်နမ်ကို မမီပါဘူး။ သို့သော်လည်း ကုန်ကြမ်းထွက်သမျှကို နိုင်ငံခြား တရုပ်၊ထိုင်းနိုင်ငံများကိုပဲ ရောင်းချပြီး၊ အဲဒီနိုင်ငံများက ဓါတ်ဆီ၊ဒီဇယ်ဆီများကို ပြန်လည်ဝယ်ယူနေရတဲ့ ဗိယက်နမ်နိုင်ငံရဲ့ အားနည်းချက်က နည်းပညာမလိုက်နိုင်ခြင်းဖြစ်ပါတယ်။
.
မြန်မာနိုင်ငံလည်း ကုန်ကြမ်း (ရေနံဓါတ်ငွေ့) ရောင်းချတဲ့နိုင်ငံကနေ ကုန်ချော (ဓါတ်ဆီ၊ဒီဇယ်ဆီ) ပြည်တွင်းမှာပဲ ထုတ်လုပ်ဖို့ အရေးကြီးဆုံးဖြစ်တဲ့ ကျွမ်းကျင်သူ၊ မြန်မာပညာရှင်များ၊ ကမ္ဘာအရပ်ရပ်က ပြန်လာကြဖို့အချိန်ကို မျှော်လင့်လျက် ထိုင်းနိုင်ငံ PPT ရေနံကုမ္ပဏီအကြောင်း အကျဉ်းရေးလိုက်ပါတယ်။
.
///// … End. Of .Thai-Myanmar 2012 Articles … /////
.
.
သုံးသပ်ချက် (ထိုင်း-မြန်မာ ၂၀၁၈)
၁။ ၂၀၁၂ နောက်ပိုင်းမှာ နှစ်နိုင်ငံ နိုင်ငံရေး အခြေအနေ များစွာ ပြောင်းလဲ သွားပါပြီ။ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်(ဟောင်း) တာဆင် နဲ့ သူ့ညီမ လူထုထောက်ခံမှု ရပေမဲ့ စစ်တပ်က အာဏာသိမ်းခံ ရတဲ့ အတွက် စစ် အစိုး ရ ဖြစ် နေ ပါတယ်။ ဖွဲ့ စည်း ပုံ အခြေ ခံ ဥပဒေ ရေး ဆွဲ ပြီး ရွေး ကောက်ပွဲ ပြန်လုပ် ပေးမယ် ဆိုတာ ကြာနေ ပါပြီ။ မြန်မာ နိုင်ငံ မှာတော့ ၂၀၁၅ မှာ ရွေးကောက်ပွဲ လုပ်ပြီး ဒေါ်အောင် ဆန်း စု ကြည် ရဲ့ အင် အယ် ဒီ ပါတီ နဲ့ တပ်မတော် ၂၅% အတူ အုပ်ချုပ် ပြုပြင် ပြောင်း လဲ နေ ပါတယ်။
.
ဒါ ပေ မဲ့၊ ထိုင်း-မြန်မာ စီးပွားရေး နဲ့ တစ်ဦးချင်း ကြွယ်၀ ချမ်းသာမှု က အရမ်း ကွာ ခြား နေ ဆဲ ဖြစ်ပါတယ်။ နှစ် ပေါင်း များစွာ မြန်မာ အခြေခံ လူတန်းစား များနဲ့လူလတ်တန်းစားများ၊ အထက်တန်းစားများ ထိုင်းနိုင်ငံ ကို မှီ အုန်း မှာ မဟုတ်ပါဘူး။ လွန်ခဲ့ တဲ့ နှစ် ၂၀ လောက် က ဗီယက်နမ် နိုင်ငံ ပြု ပြင် ပြောင်းလဲ မှု ပြုလုပ် ရာမှာ ထိုင်း ကုမဏီ များစွာ သွားရောက် ရင်းနှီး မြှတ် နှံကြပါတယ်။ ၁၀နှစ် အကြာမှာ ထိုင်း ကုမဏီများ ရင်းနှီးငွေ + အမြတ်ငွေ များစွာ ရရှိ သွားပြီး၊ လုပ်ငန်းများကို ဗီယက်နမ် များက လုပ်ကိုင် တတ်သွားပြီး ဗီယက်နမ် လူမျိုး များ လက်ထဲ ရောက်သွား ကြပြီ ဖြစ် ပါတယ်။
.
၂။ ဒါကြောင့် ဗီယက်နမ် တိုးတက် သွားခြင်းက ထိုင်း နိုင်ငံ ရဲ့ လူသားအရင်း မြစ်၊ နည်းပညာများ နဲ့ ငွေအရင်းအနှီး များး ကြောင့် ဖြစ်ပါတယ်။ ဗီယက်နမ် လူမျိုး များ ဟာ တရုပ်၊ အမေရိကန်၊ ဥရောပနိုင်ငံများကို မမှီ ခို လို ကြပါ။ အဲ ဒီ နိုင်ငံ များက အလွန် အမြတ်ထုတ် တတ်ကြတယ် ဆိုတာ ဗီယက်နမ် များ သိရှိပါတယ်။ ဒါကြောင့် ဗိယက်နမ် ရင်းနှီးမြှတ် နှံမှု အများစုက အာစီယံ နိုင်ငံများက တဆင့် လာရောက်ပြီး၊ ဂျပန် က ဒုတိယ အများဆုံး၊ တောင်ကိုးရီး ယား နဲ့ တိုင်ဝမ် များက လည်း ရင်းနှီး မြှတ် နှံမှု အများအပြား လာပါတယ်။
.
တကယ်တော့ ဥရောပနိုင်ငံများ နဲ့ အမေရိကန် နိုင်ငံ တို့ သူတို့စီးပွားရေး နဲ့ အကြပ်တည်း ဖြစ်နေလို့ နိုင်ငံခြား ကို သိပ် မရင်းနှီး နိုင်တော့ပါဘူး။ သူတို့ ရင်းနှီး ထားတဲ့ စင်ကာပူ၊ ဟောင်ကောင်၊ အရှေ့တောင်အာရှ နိုင်ငံများ က တဆင့် မြန်မာ နိုင်ငံ ကို ဝင်ရောက် ရင်းနှီး နေကြပြီ ဖြစ်ပါတယ်။ အများဆုံး အရင်းအနှီး ဝင်ရောက်မဲ့ နိုင်ငံကတော့ ထိုင်း နိုင်ငံ ဖြစ်ပါတယ်။
.
၃။ ၂၀၁၇ ကမ္ဘာ့ဘဏ် အချက်အလက် အရ၊ လက်ရှိ ထိုင်းနိုင်ငံ ရဲ့ GDP က Thailand $409 billion Myanmar $74 billion ဖြစ်ပြီး၊ တစ်ဦးချင်းဝင်ငွေ GDP / Capital per year မှာ ထိုင်းနိုင်ငံက $5748, မြန်မာနိုင်ငံက $1212 ဖြစ်လို့ အရမ်းကွာ ခြားပါတယ်။ ထိုင်းနိုင်ငံ အလည်သွား၊ ဆေးကု၊ အလုပ်လုပ် ဖူးသူများ ပိုသိ ပါတယ်။
.
၄။ ဓန ဥစ္စာ ကွာခြားမှု တွေကို နှိုင်းယှဉ် ရင်တော့ လိုက်လို့ မမှီနိုင် လို့ ထင်စရာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဦးချင်း ပြိုင် ဆိုင် ရင်တော့ မြန်မာ ပညာတတ် များ၊ မြန်မာ သူဌေးများ၊ မြန်မာ အစိုးရ အရာရှိများ၊ မြန်မာ စစ်တပ် စသဖြင့် တစ်ဦးချင်း ထူးချွန်မှုကို အားပေးပြီး ထိုင်းနိုင်ငံ ဆီက ဗိယက်နမ် တို့ အကူညီ ယူသွားသလို မြန်မာအစိုးရ နဲ့ စစ်တပ် ပူးပေါင်း လုပ်ဆောင် ရမယ် ဖြစ်ပါတယ်။
.
၅။ ထိုင်းနိုင်ငံ ရဲ့ စီးပွား အင်အား အလွန် ခိုင်မာ ကြီးမားကြောင်း၊ အမေရိကန် နဲ့ ဥရောပ နိုင်ငံများ ရောက်သွားရင် လေဆိပ်မှာ ငွေလဲလှယ်တဲ့ ကောင်တာများမှာ ထိုင်း ဘတ်ငွေ ပဲ လဲလှယ်နိုင်ပြီး၊ အာစီယံ ငွေကြေးများ စင်ကာပူ ဒေါ်လာကို လဲလှယ်လို့ မရကြောင်း တွေ့ရပါတယ်။ ထိုင်း အစားအစာ နဲ့ လုပ်ငန်းရှင်များ အမေရိက၊ ဥရောပ မြို့ကြီး တိုင်းမှာ နေရာ ယူထား ကြပါတယ်။ ၁၉၇၀ နောက်ပိုင်း ကွန်မြူနစ် စနစ် ကြီးစိုး တဲ့ အချိန် အမေရိကန် နဲ့ အနောက်နိုင်ငံ များက စိုးရိမ်လို့ ထိုင်း နိုင်ငံကို အစွမ်းကုန် ပံ့ပိုး ပေးရင်း၊ အမေရိကန် စစ်တပ်ကြီးလဲ ထိုင်းနိုင်ငံ မှာ အခြေချ ခဲ့ပါတယ်။ ထိုင်း စီးပွားရေး အင်ပါယာ ကမ္ဘာ အနှံ ကြီးမား လာခြင်း ဖြစ်ပါတယ်။
.
အတက်အဆင်းမြန်တဲ့ ထိုင်းနိုင်ငံရေး၏ နောက်ကွယ်က အားသာချက်များနဲ့ မြန်မာ့နိုင်ငံရေး၊စီးပွားရေး အရွေ့ - မိုးမခ ဆောင်းပါးမှာ ၊ ထိုင်းစီးပွားရေး ၂၀၁၃ အခြေအနေ၊ ထိုင်းနိုင်ငံ မှ ကြွယ်ဝချမ်းသာပါက ကမ္ဘာကျော် စိန်ရွှေ၊ လက်ဝတ် ရတနာများ၊ ထိုင်းနိုင်ငံရဲ့ရတနာသိုက်ကြီး၊ တရာမဝင်စာရင်းအရ မြန်မာ ၆သန်းခန့် ထိုင်းနိုင်ငံတွင် အလုပ်ပေးထားနိုင်ခြင်းမှာ အံ့ဘွယ်ရာ အလုပ်အကိုင်အခွင့် လမ်း ပေါများခြင်း အကြောင်း ရေးထားပါတယ်။ (ကိုးကား လင့်)
.
.
နိဂုံး (ထိုင်း နိုင်ငံ စီးပွားရေးလုပ်ငန်းများ လာရောက်ရန်)
မြန်မာနိုင်ငံ နယ်စပ်တွေမှာ ထိုင်း စီးပွားရေး လုပ်ငန်းများစွာ စက်ရုံ၊ အလုပ်ရုံ အမြောက်အများ တည်ဆောက် ထားပြီး ဖြစ်ပါတယ်။ အခွင့် သာရင် မြန်မာ နိုင်ငံ အတွင်းကို အလွယ် တကူ ရွှေ့ပြောင်း လာကြဖို့ အသင့် ဖြစ်နေ ပါတယ်။ မြန်မာ အစိုးရ ဘာတွေ ပြောင်းဖို့ လုပ်နေသလဲ..
- လမ်းတံတားများ
- လျှပ်စစ် ဓါတ်အား ရရှိပြီး၊ ဈေးသက်သာရေး
- အာမခံလုပ်ငန်း (သူတို့ရင်းနှီးမှု များကို အာမခံရန်၊ ယုံကြည်ရတဲ့ အာမခံ ကုမဏီများ လိုအပ်ပါတယ်)။
- စာရင်းစစ်များ (လုပ်ငန်းကို အမှန်အကန် စာရင်းစစ်ပြီး၊ အခွန်မရှောင်နိုင်တဲ့၊ အဂတိနည်းတဲ့ စာရင်းစစ်ကုမဏီများ းလိုအပ်ပါတယ်။
.
အထက်ပါ အင်ရောစထရပ်ချာ ဆိုတဲ့ အခြေခံ အဆောက် အဦများ မြန်မာနိုင်ငံမှာ အခြေခိုင်စေဖို့ ယုံကြည်မှု ရှိတဲ့ အစိုးရ ဖြစ်ဖို့ မြန်မာနိုင်ငံ အစိုးရ သစ် က ကြိုးစား နေပါတယ်။ အထူးသဖြင့် ကတော့ မြန်မာ များရဲ့ ပညာရေး ဗဟုသုတ နိုင်ငံ တကာ အဆင့် ရောက်ရှိ ရေး ဖြစ်ပါတယ်။
.
ဖတ်ရှု သူ အားလုံး ပညာရေး၊ စီးပွားရေး၊ အလုပ်ကိုင်များ တိုးတက် ကြီးပွားကြပါစေ။
.
ဇော်အောင် (မုံရွာ)
၃. ဇူလိုင်. ၂၀၁၈
.
ကိုးကား
၁။ မိုးမခ ထိုင်း-မြန်မာ ဆောင်းပါးများ
၂။ အတက်အဆင်းမြန်တဲ့ ထိုင်းနိုင်ငံရေး၏ နောက်ကွယ်က အားသာချက်များနဲ့ မြန်မာ့နိုင်ငံရေး၊စီးပွားရေး အရွေ့
ဒီဇင်ဘာ ၁၀၊ ၂၀၁၃ http://moemaka.com/archives/103
၃။ ဝီကီ ပီဒီယာ စွယ်စွယ်ကျမ်း နဲ့ ထိုင်းအစိုးရ အချက်လက်များ
.
.
.
.
.
.
.
.
.
.
.
ကျွန်ုပ်တို့ အားလုံး၏ ညီအကို စိတ်ထားဖြင့် ထိုင်းနှင့်မြန်မာ ၂ နိုင်ငံ ပူးပေါင်း လုပ်ဆောင် ပါက မကြာခင် အရှေ့၊ အနောက် ဂျာမဏီ ၂ ခု ပေါင်းသော စီးပွားရေးစနစ် ကဲ့သို့ မြန်မာ-ထိုင်း ၂ နိုင်ငံပေါင်း စီးပွားရေး သည် အာဆီယမ် တွင် အလွန်ကြီးမား လာမည်မှာ သေချာ ပါသည်။
.
.
.
.
.
၁၀-ဖေဖော်ဝါရီ-၂ဝ၁၂ ..
........။။။။။။ ........
.
.
.
.
.
.
.
.
.
.
.
.
.
အခု လက်ပတောင်းတောင် ကြေးနီစီမံကိနုးလိုပဲ မြေယာများကို ကုမ္ပဏီများက မတရားဈေးနှုန်းနဲ့ ၀ယ်ယူ၊ရင်းနှီးရင်း ကုမ္ပဏီအကြီးက၊ အသေးကို ၀ါးမြို၊ ငွေအနည်းငယ်ရှိသူများမိမိအိမ်မြေကို ရောင်းပြီး၊ ရင်းနှီးမြှတ်နှံလို့ အရှုံးကြီးရှုံးသွားတဲ့ လူများစွာ တွေ့ခဲ့ရပါတယ်။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
- လမ်းတံတားများ
.
.
.
ဇော်အောင် (မုံရွာ)
၃. ဇူလိုင်. ၂၀၁၈
.
ကိုးကား
အမေရိကန်နိုင်ငံရဲ့ ခေါင်းဆောင်ပျိုးထောင်ခြင်း နဲ့ တရုပ်နိုင်ငံ
အမေရိကန်နိုင်ငံရဲ့ ခေါင်းဆောင်ပျိုးထောင်ခြင်း
အခု မြောက်ကိုးရီးယား ခေါင်းဆောင် ကင်၊ အမေရိကန်ထံ ချဉ်းကပ်လာခြင်းက ၂၀၁၈ မှာ အလွန်ထူးခြားတဲ့ ဖြစ်ရပ်ကြီး တစ်ခုပါ။ တရုပ်နိုင်ငံ ခေါင်းဆောင် ရှီကျင်ပင်း အဓိက နေရာဆိုတာ လက်ခံကြရပါမယ်။ မြန်မာနိုင်ငံလည်း စစ်အာဏာရှင် ဦးသန်းရွှေ ၂၀၀၈ ကတည်းက အမေရိကန်ကို ချဉ်းကပ်ဖို့ ဆုံးဖြတ်ပြီး အမေရိကန်သမ္မတ အိုဘားမား နဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တွေ့ဆုံပြီး မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့် နိုင်ခဲ့ပါတယ်။
.
အမေရိကန် နိုင်ငံက ကမ္ဘာ့ စီးပွားရေး အကြီးမားဆုံး ဖြစ်ပြီး ၊ ၂၀၀၈ စီးပွားကပ်မှာ အနည်းငယ် ယိမ်းယိုင်သွားပေမဲ့ အမေရိကန်ခေါင်းဆောင် အိုဘားမား တက်လာပြီ ၁၀နှစ်အကြာ စီးပွားရေး ပြန်လည်တည့်မတ် တိုးတက်ခဲ့ပါတယ်။ ဂျီဒီပီ တိုးတက်မှု (ပုံ) ကိုကြည့်ရင် သိနိုင်ပါတယ်။ ၂၀၁၇ မှာ အမေရိကန်ရဲ့ ဂျီဒီပီ က $18,000 billion ဖြစ်ပြီး၊ တရုပ်နိုင်ငံရဲ့ ဂျီဒီပီ က $11,000 billion ဖြစ်ပါတယ်။ ဘားဂရပ် အရ ဆက်တိုးတက်ရင် တချိန်မှာတော့ တရုပ်က အမေရိကန်ကို ကျော်သွားမှာ သေချာပါတယ်။ ၂၀၀၇၊ ၂၀၀၈ မှာ အမေရိကန်စီးပွားရေး ယိမ်းယိုင်သွားပေမဲ့ မျိုးချစ် ခေါင်းဆောင်ကောင်းများက ပြန်လည်တည့်မတ်နိုင်ပြီး မူဝါဒများ ပြောင်းလဲနိုင်ခဲ့ပါတယ်။
.
တရုပ်နိုင်ငံမှာ ကွန်ဖြူးရှပ်သင်ကြားမှုများက ခေါင်းဆောင်ပျိုးထောင်စနစ်ကို တိန့်ရှောင်ဖိန့်လက်ထက်ကတည်းက ချမှတ်ထားပြီးပြီ ဖြစ်ပါတတယ်။ အမေရိကန်နိုင်ငံကတော့ ပညာရေးစနစ်မှာ ကမ္ဘာ့ နံပါတ်တစ်၊ ထိတ်တန်းဖြစ်တော့ နောက်၅၀နှစ်ကို အမေရိကန်ပဲ ဦးဆောင်ရဦးမှာပါ။ အမေရိကန်ရဲ့ ခေါင်းဆောင်ပျိုးထောင်ရေး ပုဂ္ဂလိကစနစ်ကို တရုပ်ကွန်ဖြူးရှပ်သင်ကြားပို့ချမှုထံက ပညာယူရမဲ့ကာလ ဖြစ်နေပါပြီ။ မြန်မာလူငယ်များလည်း တရုပ်လူငယ်များလိုပဲ အမေရိကန်ကိုအမြောက်အများ တက္ကသိုလ်ပညာသင် သွားရောက်နေကြပါတယ်။ အမေရိကန်စနစ် လွှမ်းမိုးတဲ့ ဂျပန်၊ စင်ကာပူ၊ တောင်ကိုးရီးယား နိုင်ငံများကို လေ့လာပညာသင်ကြားမှု များစွာလိုအပ်ပါတယ်။
.
ခေါင်းဆောင်ကောင်းများက ခေတ်စနစ်အရ အုပ်ချုပ်ရေး၊ စီးပွားရေး မူဝါဒများကို ပြုပြင်ပြောင်းလဲနိုင်ရပါမယ်။ အထူးသဖြင့် အခုခေတ်ကာလမှာ စီးပွားရေးမူဝါဒ အလွန်အရေးကြီးပါတယ်။
.
.
ယခု ၂၀၁၈ မှာလဲ လွန်ခဲ့တဲ့ ၁၀၀နှစ် အတိုင်း...
.
* အမေရိကန်ဟာ ဆက်လက်ကြွယ်ဝနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂.၈% ရော့နည်းသွားပေမဲ့ ဒုတိယ တရုပ်နိုင်ငံထက် ၃ဆကျော် ကြွယ်ဝနေဆဲပါ။
.
* တရုပ်နိုင်ငံ ကြွယ်ဝမှု ၂.၅ဆ တိုးတက်ခဲ့ပါတယ်။ အံ့သြဘွယ်ပါ။ ဈေးကွက်ကို ၅.၅% ရှယ်ယာ ပိုရယူခဲ့ပါတယ်။ တရုပ် မဟာစိးပွားရေး ပေါ်လစီအရ တိုင်းပြည်ရဲ့ GDP per capital တစ်ဦးချင်းဝင်ငွေ နောင်အနှစ်၅၀ တိုင်အောင် ထိပ်ပိုင်း၁၀နိုင်ငံထဲ ပါလာဖို့ ခက်ပါမယ်။ ဒါပေမဲ့ GDP နဲ့ ပိုင်ဆိုင်မှုတွေ အရမ်းတိုးတက်လာလို့ စီးပွားအင်အားကြီး အမေရိကန်ကို ကျော်လွှားကောင်း ကျော်လွှားနိုင်ပါတယ်။ သို့သော် အမေရိကားရဲ့ ကိုယ်ကျိုးစီးပွားကာကွယ်မှု မူဝါဒ နဲ့ ပေါ်လစီများ ..တရုပ်စတိုင် လုပ်ဆောင်လာနိုင်ရင်တော့... တရုပ်နိုင်ငံဟာ အမေရိကန်ကို ကျော်လွှားဖို့ နောင်နှစ်၅၀ အထိ မလွယ်သေးပါဘူး။
.
* အကြီးမားဆုံး ကြွယ်ဝမှု ရှယ်ယာ ကျဆင်းသွားတာက ဂျပန်နိုင်ငံ ဖြစ်ပါတယ်။ ဒုတိယအကြွယ်ဝဆုံး ကနေ တတိယ ကျဆင်းသွားပြီး တ၀က်လောက် ဆုံးရှုံးသွားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို တရုပ်နိုင်ငံကို ရွှေ့ပြောင်းသွားခြင်း ဖြစ်ပါတယ်။ ဂျပန်ရဲ့ ပိုင်ဆိုင်မှုတွေ အမေရိကားမှာ အများဆုံးဖြစ်ပြီး ဥရောပ နဲ့ တောင်အမေရိက ၊ အရှေ့တောင်အာရှနိုင်ငံများကို ရွှေ့ပြောင်း ရင်းနှီးမြှတ်နှံထားပါတယ်။
.
* ကျန်တဲ့နိုင်ငံများကတော့ အင်္ဂလိပ်၊ ဂျာမဏီ၊ ပြင်သစ်တို့က မြင့်မားပါတယ်။ အင်္ဂလိပ် နဲ့ ဥရောပ ပိုင်ဆိုင်မှု များစွာကို အာရပ်နိုင်ငံများက ၀ယ်ယူထားကြလို့ ဥရောပနိုင်ငံများ ကြွယ်ဝပေမဲ့ စုဆောင်းငွေ လုံးဝမရှိ၊ အကြွေးတွေ တင်နေပါတယ်။ ဂရိနိုင်ငံ ဒေ၀ါလီခံရလို့ ဂျာမဏီနဲ့ ဥရောပဘုံဈေးအဖွဲ့ကယ်တင်ခြင်း လုပ်ရပါတယ်။ ဒါပေမဲ့ ဂရိနိုင်ငံကတော့ အကြွေးထူလဲ အသုံးစွဲ ရှော့ မဲ့ဟန် မရှိပါဘူး။
.https://en.wikipedia.org/wiki/Treasury
.
.
`ဤကမ္ဘာကို တရုပ်တို့ကြီးစိုးသည့်အခါဝယ် ..စာအုပ်
WHEN CHINA RULES THE WORLD .စာအုပ်ရေးထွက်လာပါတယ်။ Martin Jacques ရေးသားပြီး ဌေးနိုင် မြန်မာပြန်ပါတယ်။ ၂၀၁၂ မှာ မြန်မာဘာနဲ့ ထုတ်ဝေပြီး ရောင်းကောင်းတဲ့ စာအုပ်ဖြစ်ပါတယ်။ တရုပ်နိုင်ငံအကြောင်း စုံလင်စွာ သုံးသပ်နိုင်တဲ့ စာအုပ်ဖြစ်ကြောင်း တွေးခေါ်ပညာရှင်များ၊ စီးပွားပညာရှင်များ၊ နိုင်ငံရေးပညာရှင်များက ပြောဆိုချီးမွမ်းကြပါတယ်။ တကယ်လဲ ဟုတ်ပါတယ်။ ဒါပေမဲ့ လူတိုင်းအမှားရှိသလို စာရေးသူသုံးသပ်ချက်ဟာ ၂၀၀၉ ကနေ ၂၀၁၈ အတွင်းမှာ အမေရိကန်ရဲ့ မမျှော်လင့်တဲ့ ပြုပြင်ပြောင်းလဲမှုများဖြစ်လာပါတယ်။
.
အဲဒီစာအုပ်နောက်ဆုံး ကဏ္ဍမှာ နောင်အနှစ်၅၀ အထိ တရုပ်တစ်ဦးချင်း ၀င်ငွေနဲ့ စစ်အင်အား အမေရိကန်ကို မမှီနိုင်ပေမဲ့.. တရုပ်နိုင်ငံသြဇာက အမေရိကန်နိုင်ငံထက် ကြီးမားသွားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ နောက်ဆုံးအခန်း ၁၃ (စာ-၃၇၇) မှာ အမေရိကန်ကန်ရဲ့ ဂျီဒီပီကို ၂၀၁၈ မှာ ကျော်သွားပြီး ၂၀၂၅ မှာ အမေရိကန်ထက် ၂ဆ မြင့်သွားမယ်။ ဖြစ်မလာပါဘူး။ အမေရိကန်စီးပွားကဒ် ၂၀၀၈ မှာ သမ္မတအိုဘားမား တက်လာပြီး ပြုပြင်ပြောင်းလဲမှု အမြန်လုပ်နိုင်လို့ စီးပွားပြန်ထိုးတက်သွားပါတယ် (GDP ပုံကိုကြည့်ပါ။ ဒီအတိုင်းဆို ၂၀၅၀ အထိ အမေရိကန်ဂျီဒီပီ ကို တရုပ်မှီဖို့မလွယ်သလို GDP per capital (စာ-၁၉၅) ကတော့ လုံးဝမမှီနိုင်ကြောင်း အချက်အလက်ပြထားပါတယ်။ ဘက်စုံ ပညာရေး၊ မူပိုင်ခွင့်၊ စစ်ရေးတွေမှာလဲ မှီဖို့မလွယ်ပါဘူး။ စီးပွားရေးမှာတော့ ၂၀၁၈ မှာ ဖောဘက်စ် ၅၀၀ ကုမဏီကြီး ထိပ်ဆုံး၁၀နိုင်ငံမှာ တရုပ်က ၃ခု ပါလာတာတွေ့ရပါတယ်။
.
စာရေးသူဟာ အမေရိကန်စနစ်ကို အောက်ပါအချက်များနဲ့ ချီးမွမ်းထားပါတယ်။ စာ-၃၀၁
.
* ကမ္ဘာ အကြီးဆုံး စီးပွားရေးပမာဏ ဖြစ်တယ်။
.
* တစ်ဦးချင်း ပျမ်းမျှဝင်ငွေကလဲ ကမ္ဘာ အများဆုံးဖြစ်တယ်။
.
* နည်းပညာအမြင့်ဆုံး နိုင်ငံဖြစ်တယ်။ စီလီကွန်ဗဲလီ ဥပမာဖြစ်တယ်။
.
* စစ်အင်အား အကြီးဆုံးနိုင်ငံဖြစ်တယ်။ ရေကြောင်းအင်အားနဲ့ တကမ္ဘာလုံး ပြန့်ချက် ချထားပြီး အာကာသ (ဝေဟင်) ကြီးစိုးမှု ရယူထားပါတယ်။ GPD
.
* နိုင်ငံကြီးများစွာ အမေရိကန်ကို အတိုင်းတာတစ်ခုအထိပဲ ပြောဆိုရဲပါတယ်။ ၂၀၁၇ ခုနှစ်ကုန်ခါနီး အမေရိကန်နဲ့ သမ္မတသစ် ဒေါ်နယ်ထရန် ကို မြောက်ကိုးရိးယားခေါင်းဆောင်က ပုတ်ခတ်ပြောဆိုခြင်းတော့ ရှိပါတယ်။
.
* နိုင်ငံတကာ စီးပွားရေးစနစ်ဟာ အမေရိကန်ဥိးဆောင် ပုံဖော်ထားခြင်း ဖြစ်ပြီး စည်းမျဉ်းများဟာလဲ အမေရိကန်သြဇာခံ ဖြစ်နေပါတယ်။
.
* ပညာရေးမှာ ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်များ ရှိရာအရပ်ဖြစ်ပြီး ကမ္ဘာ့ အထူးချွန်ဆုံးများကို ဆွဲဆောင်နိုင်ပါတယ်။
.
* အမေရိကန်သြဇာကြောင့် အင်္ဂလိပ်စာ ကမ္ဘာသုံး ဘာသာစကားဖြစ်လာပါတယ်။
.
* အနုပညာ အထူးသဖြင့် ရုပ်ရှင်လောကကို ဟောလိဝု က လွှမ်းမိုးထားပါတယ်။
.
* အမေရိကန်ကော်ပိုရေးရှင်းကြီးများဖြစ်တဲ့ Google, Microsoft, Coca-Cola, Wal-mart, Facebook စသည်တို့ဟာ နိုင်ငံအများကို ကြီးစိုးထားပါတယ်။
.
* နယူးယောက်မြို့ကို ကမ္ဘာ့ မြို့တော်အဖြစ် လက်ခံထားလို့ အမေရိကန်မှာပေါက်ရောက်ရင် ကမ္ဘာကို ပေါက်မယ် ဖြစ်ပါတယ်။
.
* ယဉ်ကျေးမှုလွှမ်းမိုးခြင်းများ .. အမေရိကန်လွတ်လပ်ရေးကြေငြာစာတမ်း၊ ပြည်တွင်းစစ်၊ ရှေ့ဆောင်လမ်းပြစိတ်ထားများနဲ့ အများအကျိုးသယ်ပိုးလိုစိတ်များမှာ အမေရိကန်တို့ လွှမ်းမိုးပါတယ်။
.
* အမေရိကန် စံထားခက်များ ပုဂ္ဂလိက၀ါဒ ဒီမိုကရေစီ လူ့အခွင့်အရေး လစ်ဘရယ်ဝါဒသစ် ရှေးရိုးဝါဒလက်သစ် ဈေးကွက် လွတ်လပ်ချါင့် ရှေ့ဆောင်လိုစိတ် စသည်တို့မှာလဲ ကမ္ဘာ အနှံ့ သြဇာ ပျံ့ပါတယ်။
.
* အမေရိကန်ကြီးစိုးမှုဟာ လူဖြူ ကြီးစိုးမှုနဲ့ ဆက်စပ်ပါတည်။ တရားမ၀င် လူမျိုးရေး ခွဲခြားမှုများက တကမ္ဘာလုံးဆိုင်ရာ လူမျိုးရေး အဆင့်ဖြစ်လာပါတယ်။
.
စာအုပ်သုံးသပ်ချက်
ဌေးနိုင် မြန်မာပြန် သူကတော့ တရုပ် GDP အမေရိကန်ကို သိပ်မကြာခင် ကျော်လွှားသွားနိုင်တယ် ခန့်မှန်းခဲ့ပေမဲ့ ဖြစ်မလာပါဘူး။ အမေရိကန်တို့ ဆက်လက်ကြီးစိုးနေဦးမှာ သေချာသထက် သေချာလာပါတယ်။ ဘာကြောင့်လဲဆိုတော့ ..အမေရိကန်များရဲ့ ကောင်းမွန်တဲ့ စိတ်နေစိတ်ထား လူကိုလူလိုသိတတ်ဖို့စိတ်ထား အုပ်ချုပ်သူများမှာ ၀ိသမလောဘသမား သူဌေးကြီးများ ၀င်မပါစေတဲ့ ခေါင်းဆောင်ရွေးချယ်စနစ် ဒီမိုကရေစီ ရွေးကောက်ပွဲများကြောင့် ဖြစ်ပါတယ်။
.
ယခုအခါ အမေရိကန်မှာလည်း လူလတ်တန်းစား ရော့ပါးလာပြီး ဆင်းရဲချမ်းသာ ကွာဟမှု ၊ စစ်ပွဲများဖြစ်တဲ့ အာဖကန်နစ္စတန် နဲ့ အီရက် စစ်ရေး ကျူးကျော်သိမ်းပိုက်မှုများက အမေရိကန်စီးပွားရေး နစ်နာစေပါတယ်။ သခန်းစာ ရပြီးဖြစ်ပါတယ်။
.
နောက်ထပ် သခန်းစာကတော့ တရုပ်နိုင်ငံကို နမူနာယူသင့်ကြောင်း.. တရုပ်အစိုးရက ငွေများစွား စုဆောင်းရရှိပြီး စီးပွားရေးနဲ့ နှစ်၃၀အတွင် သြဇာကြီး ကမ္ဘာ့ ဒုတိယစီးပွားနိုင်ငံဖြစ်လာကြောင်း မျက်ဝါးထင်ထင်တွေ့တဲ့အတွက် .. ၂၀၀၈ ခုနှစ် အမေရိကန်စီးပွားပျက်သုန်းပြီး .. နောက်ပိုင်းမှာ အမေရိကန်ပြုပြင်ပြောင်းလဲမှုများကို ထူးခြားစွာ လုပ်ဆောင်ခဲ့ ပါတယ်။
မြန်မာခေါင်းဆောင်တွေ ခေါင်းဆောင်ပြုစုပျိုးထောင်ရေး
တရုပ်၊ တောင်ကိုးရီးယား၊ ဗီယက်နမ် စတဲ့ ခေတ်ပြိုင်နိုင်ငံများရဲ့ အောင်မြင်မှုများကို မြန်မာခေါင်းဆောင်များ လေလာအတုယူနေတာ သေချာပေါက်ဖြစ်ပါတယ်။ စင်ကာပူဆိုရင် EDB, တောင်ကိုးရီးယားဆိုရင် KDI, တရုပ်ဆိုရင် Chinese Commerce Association စသဖြင့် ရင်းနှီးမြှတ်နှံလိုတဲ့ ပြည်ပနိုင်ငံများမှာ အခြေစိုက်ထားကြပါတယ်။
.
နိုင်ငံတစ်ခုမှာ စစ်တပ်ခေါင်းဆောင်များ
အလွန်အရေးကြီးပါတယ်။ အမေရိကန်နိုင်ငံ ပြုပြင်ပြောင်းလဲရေး ပေါ်လစီ စတင်ခဲ့သူက စစ်ဗိုလ်ချုပ်ကြီး ဂျော့ဝါရှင်တန် ဖြစ်ပါတယ်။ အလားတူ တရုပ်ပြည် မော်စီတုန်း၊ တောင်ကိုးရီးယား ပက်ချုံဟီ တို့ဟာ စစ်ခေါင်းဆောင်များဖြစ်သလို မြန်မာနိုင်ငံလည်း ဗိုလ်ချုပ်အောင်ဆန်း ဟာ စစ်ခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ အခု တရုပ်နိုင်ငံခေါင်းဆောင်သစ် ရှိကျင့်ပင်း ၂၀၁၂ တက်လာပြီးနောက်ပိုင်း တရုပ်စစ်ဗိုလ်ချုပ်များစွာ အပြစ်ပေးခံနေရတာ အခု ၂၀၁၈ အထိပါ။
.
.
နိဂုံးချုပ် (သုံးသပ်ချက်)
၂၀၀၈ နောက်ပိုင်း အမေရိကန်ကန် စီးပွားရေးပေါ်လစီများကို အမြန်ဆုံးပြုပြင်ပြောင်းလဲရပါတယ်။ ၄နှစ်လောက် သမ္မတ ဂျော့ ဘွတ်ခ်ျ အစိုးရရဲ့ ဗိုလ်ကျကြီးစိုး ပေါ်လစီ ..အီရတ်နိုင်ငံစစ်ပွဲတစ်ခုမှာ အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုများနဲ့အတူ ၀ိသမလောဘသမားများက အမေရိကန်ပိုင်ဆိုင်မှုများကို ထုတ်ယူကြခြင်းကို အမြန်တားဆိးခဲ့ပါတယ်။ တရုပ်ကုန်ပစ္စည်းများကို အပ်ကအစ မှီခိုးနေခြင်းကို ရပ်တံ့ဖို့ တရုပ်စက်ရုံ အလုပ်ရုံများကို အမေရိကန်မှာ တည်ထောင်ဖို့ ..တနည်းအားဖြင့် ပြည်တွင်းမှာပဲ လုံလောက်စွာ ထုတ်လုပ်မှီခိုဖို့ ကြိုးစားလာပါတယ်။ ဒေါ်နယ်ထရန့် ရဲ့ ပြည်ပက သံမဏိနဲ့ တင်သွင်းကုန်များကို အခွန်မြှင့်တင် ခြင်းနဲ့ စီးပွားရေး ကိုယ်ကျိုးကြည့် ၀ါဒ အကောင်ထည် ဖေါ်နေပါတယ်။
.
အမေရိကန်နိုင်ငံဟာ ၁၉၃၀ နောက့်ပိုင်းကာလ Great Depression ဆိုတဲ့ စီးပွားကပ်ဆိုက်ချိန် အနောက်ကမ္ဘာကြီး စီးပွားအကြီးအကျယ်ကျဆင်း စတော့ဈေးကွက်တွေ ပြိုလဲတဲ့ အတွေ့အကြုံကို အမေရိကန်နိုင်ငံက သခန်းစားယူထားပြီး ပြုပြင်ပြောင်းလဲရပါတယ်။
.
အကျိုးရလဒ်ကတော့.. ၂၀၀၇-၂၀၀၉ တုံ့ဆိုင်းသွားတဲ့ အမေရိကန်စီးပွားရေး ပြန်လည်ဦးမော့လာပါတယ်။ အမေရိကန် ခေါင်းဆောင်များကောင်းများက ပြည်သူလူထု ငွေစုဆောင်းလာစေတဲ့ ပေါ်လစီ တရုပ်နိုင်ငံကို နမူနာယူပြီး ပြုပြင်ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာကို ဗဟိုချက်မကမထားတော့ဖို့.. စစ်အင်အားလျှော့ ချဖို့၊ နောက်ဆုံး အခွန်စနစ်ကို ဗဟိုဦးစီး လုပ်တန်လုပ်နိုင်ပါတယ်။ ကိုယ်ကျိုးရှာသူများကို မတားဆိးနိုင်တဲ့ ဥရောပနိုင်ငံများကတော့ စီးပွား ဆက်လက်ကျဆင်းနေပါတယ်။
.
ဂျပန်နိုင်ငံ စီးပွားကျဆင်းတာကတော့ သူ့အရင်းနှီးများစွာ တရုပ်ပြည်နဲ့ နိုင်ငံတကာကို ဆက်လက် ရွှေ့လျားသွားနေလို့ ဖြစ်ပါတယ်။ ဂျပန်မှာ သူတို့ကိုယ်ပိုင် ချွေတာစုဆောင်းစနစ် ရှိပါတယ်။
.
မြန်မာနိုင်ငံအဖို့တော့ တရုပ်စတိုင် စီးပွားရေးကို လိုက်နေပေမဲ့ ၀န်ထမ်းပြုစုရေး မဟာဗြူဟာက အရေးကြီးဆုံးဖြစ်ပါတယ်။
.
ပညာရေးဟာ အလွန်အရေးကြီးလို့ တရုပ်နိုင်ငံသားများ အမေရိကန်မှာ အမြောက်အများ တက္ကသိုလ်ပညာသင်ကြသလို ..မြန်မာနိုင်ငံသားများလည်း အမေရိကန်နိုင်ငံမှာ ကမ္ဘာ့ ထိတ်တန်းပညာကို ရအောင်သင်ကြားရပါမယ်။ ပညာသင်ဆု ပညာချွန်ဆုများ မြန်မာလူငယ်များ ရအောင် ပံ့ပိုးပေးဖို့ အရေးတကြီး မြန်မြန်လိုအပ်နေပါတယ်။
.
နောက်ဆုံး သုံးသပ်ချက်ကတော့ နောင်အနှစ်၅၀ အထိ အမေရိကန် ဒီကမ္ဘာကြီးကို ဆက်လက်ကြီးစိုး နေဦးမှာ ဖြစ်ပါတယ်။
.
ဇာနီကြီး
၁၄. ဇွန်. ၂၀၁၈
.
.
.
ကိုးကားချက်
၁။ ဘာကြောင့် စစ်အာဏာရှင် ဦးသန်းရွှေ အမေရိကန်ဘက် ချဉ်းကပ်သလဲ .. https://goo.gl/9voFEs
၂။ တရုပ်နိုင်ငံ စီးပွားတိုးတက်မှု တိုးတက်မှု ..https://goo.gl/nBwFSk
၃။ ခေါင်းဆောင်ပျိုးထောင်ခြင်း တရုပ်၊ အမေရိကန် နဲ့ မြန်မာနိုင်ငံအကြောင်း .. https://goo.gl/YVGz6h
.
.
.
.
ကျွန်တော်ရေးသော ဆောင်းပါးများ မိုးတင့် ရန်ကုန်တက္ကသိုလ်
" ပြိုင် လာ ရင် မာ တဲ့ သူ ကျန် ခဲ့ လိမ့် မယ် "
အ မေ ရိ ကန် နိုင် ငံ နဲ့ တ ရုတ် နိုင် ငံ တို့ အ ပြိုင် စီး ပွား ရေး အ ရေး ယူ မှု တွေ လုပ် လာ တာ တ ဖြေ ဖြေး နဲ့ တ ရုတ် အ မေ ရိ ကန် ကို မ ယှဉ် နိုင် လာ တာ ပေါ် လွင် လာ တယ် ။
တ ရုတ် ရဲ့ သွင်း ကုန် ဒေါ် လာ ဘီ လီ ယံ ၅၀ ဖိုး ကို အ မေ ရိ ကန် က အ ခွန် မြှင့် လိုက် တော့ တ ရုတ် က လည်း ချက် ချင်း အ မေ ရိ ကန် သွင်း ကုန် ဘီ လီ ယံ ၅၀ ဖိုး ကို အ ခွန် မြှင့် ခဲ့ တယ် ။ ဒီ အ ခါ အ မေ ရိ ကန် သ မ္မ တ ထ ရမ့် က ချက် ချင်း နောက် ထပ် တ ရုတ် သွင်း ကုန် ဘီ လီ ယံ ၂၀၀ ဖိုး ထပ် ပြီး အ ခွန် မြှင့် ခဲ့ ပြီး တ ရုတ် လက် တုန့် ပြန် ရင် နောက် ထပ် ဘီ လီ ယံ ၂၀၀ ဖိုး ထပ် ပြီး အ ခွန် မြှင့် တင် မယ် လို့ ကြေ ငြာ လိုက် တယ် ။
တ ရုတ် အ မေ ရိ ကန် ကို ဆက် အ ရေး မ ယူ ရဲ တော့ ပဲ သူ့ နိုင် ငံ ထဲ က လုပ် ငန်း တွေ ရပ် တန့် မ သွား အောင် ချက် ချင်း ချေး ငွေ တွေ ထုတ် ပေး ပြီး ကျား ကန် ခဲ့ ရ တယ် ။ အ ကျိုး အ ဆက် က တ ရုတ် ငွေ ကျ ဆင်း လာ ပြီး အ မေ ရိ ကန် ဒေါ် လာ ဈေး တက် လာ တာ ပါ ပဲ ။
က မ္ဘာ တစ် လွှား က ရင်း နှီး မြုတ် နှံ သူ တွေ က တ ရုတ် နဲ့ အ မေ ရိ ကန် ကို ကြည့် ပြီး ဘယ် သူ နဲ့ ပူး ပေါင်း ရင် အ ကျိုး ရှိ နိုင် မ လဲ လို့ ဆုံး ဖြတ် ကြ ရ တယ် ။ အ မှန် တော့ တ ရုတ် အ ပါ အ ဝင် တစ် က မ္ဘာ လုံး က ထုတ် ကုန် တွေ အား လုံး က အ မေ ရိ ကန် နိုင် ငံ ကို ပဲ ဦး တည် နေ ကြ ရ တာ ။
အ မေ ရိ ကန် နိုင် ငံ က သူ့ နိုင် ငံ မှာ အ သုံး မ လို ပေ မယ့် လည်း က မ္ဘာ့ နိုင် ငံ တွေ အား လုံး ကို ခွဲ တမ်း ( Quota ) စ နစ် နဲ့ ကုန် ပ စ္စည်း တင် ပို့ ခွင့် ပြု ထား တယ် ။ ဥ ပ မာ မြန် မာ နိုင် ငံ လို တ တိ ယ နိုင် ငံ လေး တွေ က တင် ပို့ တဲ့ ကုန် ပ စ္စည်း ကို လည်း အ မေ ရိ ကန် နိုင် ငံ က တစ် နှစ် ကို ဘယ် ပ စ္စည်း ကွန် တိန် နာ ဘယ် လောက် ဆို ပြီး လက် ခံ ဝယ် ယူ ပေး တယ် ။
မြန် မာ နိုင် ငံ က ချုပ် ပြီး ပို့ လိုက် တဲ့ အ ဝတ် အ ထည် တွေ ကို အ ရည် အ သွေး မ မှီ လည်း လက် ခံ ပြီး ငွေ ပေး ချေ တယ် ။ အဲ့ ဒီ အ ရည် အ သွေး မ မှီ တဲ့ အ ဝတ် အ ထည် တွေ ကို အ မေ ရိ ကန် တွေ မ သုံး ပဲ ပို ပြီး ဆင်း ရဲ တဲ့ အာ ဖ ရိ က နိုင် ငံ တွေ ကို ပေး လှူ လိုက် တယ် ။
ဒီ လို ကိ စ္စ မျိုး တွေ ကြောင့် တစ် က မ္ဘာ လုံး က ထုတ် ကုန် ပ စ္စည်း တွေ က အ မေ ရိ ကန် နိုင် ငံ ကို ဦး တည် နေ ကြ ရ တယ် ။ ယုတ် စွ အ ဆုံး EU နိုင် ငံ က ထုတ် တဲ့ မား စီး ဒီး ကား တွေ ၊ ဖာ ရာ ရီ ကား တွေ က အ စ အ မေ ရိ ကန် နိုင် ငံ ကို ဦး တည် နေ ကြ ရ တယ် ။
တ ရုတ် ပြည် ရဲ့ ထုတ် ကုန် တွေ အား လုံး က လည်း တ ရုတ် လူ မျိုး တွေ ကို ရည် ရွယ် တာ ထက် အ မေ ရိ ကန် နိုင် ငံ ကို တင် ပို့ ဖို့ သာ ရည် ရွယ် ကြ သ လို တ ရုတ် မှာ ရှိ တဲ့ လူ ဦး ရေ သန်း ၁၅၀၀ လောက် က လည်း တ ရုတ် နိုင် ငံ ထုတ် ကုန် ပ စ္စည်း ထက် အ မေ ရိ ကန် နိုင် ငံ ထုတ် ပ စ္စည်း ကို ပို လို လား ကြ ပါ တယ် ။
က မ္ဘာ့ ဈေး ကွက် အ ရ ကြည့် ရင် လူ ဦး ရေ သန်း ၁၅၀၀ လောက် ရှိ တဲ့ တ ရုတ် ရဲ့ ဝယ် လို အား က အ ရမ်း ကောင်း မယ် လို့ ယူ ဆ လို့ ရ ပေ မယ့် ပ စ္စည်း တစ် ခု ချင်း ရဲ့ ဈေး နှုန်း အ ရ ကြည့် ရင် တ ရုတ် ပ စ္စည်း ၁၀ ခု ရောင်း ချ နိုင် မှ အ မေ ရိ ကန် ပ စ္စည်း တစ် ခု ရဲ့ အ မြတ် အ စွန်း လောက် သာ ရှိ နေ သေး တာ ဖြစ် လို့ မ ယှဉ် နိုင် သေး သ လို ဖြစ် နေ ကြ ပါ သေး တယ် ။ ဥ ပ မာ တစ် ခု အ နေ နဲ့ တ ရုတ် နိုင် ငံ ထုတ် Huawai ဖုန်း နဲ့ အ မေ ရိ ကန် ထုတ် iphone ဈေး ကွက် ယှဉ် မ ရ သ လို ပါ ပဲ ။
အ ကြီး မား ဆုံး စီး ပွား ရေး နိုင် ငံ နှစ် ခု အ ပြန် အ လှန် အ ရေး ယူ မှု တွေ နဲ့ ယှဉ် ပြိုင် နေ ကြ ပြီ ဆို တော့ က မ္ဘာ့ ကုန် သည် တွေ က ရေ ရှည် စီး ပွား ရေး အ တွက် နောက် ခံ အ ချက် အ လက် တွေ တောင့် တင်း ကောင်း မွန် ပြီး မ ရှုံး နိုင် မယ့် ဖက် ကို ပူး ပေါင်း ဖို့ လုပ် ဆောင် လာ ကြ ရ တယ် ။ ဒီ အ ခါ ရေ ရှည် မှာ အ ခြေ ခံ အ ဆောက် အ အုံ ကောင်း တဲ့ အ မေ ရိ ကန် ဖက် က သာ လာ မှာ ကို ခန့် မှန်း ကြ ပြီး အ မေ ရိ ကန် ဒေါ် လာ တွေ ဝယ် ယူ စု ဆောင်း ကြ ပါ တယ် ။
ဈေး ကွက် မှာ လို သ လို အ စိုး ရ က အ လျော့ အ တင်း လုပ် တတ် တဲ့ တ ရုတ် ယွမ် ငွေ ကို က မ္ဘာ့ ငွေ ကြေး က စား တဲ့ သူ တွေ မ ရင်း နှီး မ မြုတ် နှံ လို ကြ ဘူး ။ ဒီ အ ချက် က ပဲ အ မေ ရိ ကန် နဲ့ တ ရုတ် ရဲ့ ရေ ရှည် စီး ပွား ရေး စစ် ပွဲ မှာ အ ပြောင်း အ လည်း ကို ဖန် တီး သွား နိုင် ပါ တယ် ။
ရေ နံ ကို ဒေါ် လာ နဲ့ ချိတ် ထား နိုင် ပြီး ဆော် ဒီ ကို လည်း လို သ လို ညွှန် ကြား နိုင် တဲ့ အ မေ ရိ ကန် ကို က မ္ဘာ့ ငွေ ကြေး ဈေး ကွက် မှာ တ ရုတ် မ ယှဉ် နိုင် ပါ ဘူး ။ ဒါ ကြောင့် လည်း အ မေ ရိ ကန် က ဒေါ် လာ ဘီ လီ ယံ ၂၀၀ ဖိုး ထပ် ပြီး မြှင့် တင် အ ရေး ယူ တဲ့ ကိ စ္စ ကို တ ရုတ် မ တုန့် ပြန် ခဲ့ ဘူး ။ အ မေ ရိ ကန် က အ ခွန် မြှင့် တာ တ ရုတ် က ချက် ချင်း ထိ ခိုက် မှာ ဖြစ် ပြီး တ ရုတ် က အ ခွန် မြှင့် တာ အ မေ ရိ ကန် က အ ကြာ ကြီး နေ မှ ထိ မှာ ။ ဘာ ကြောင့် လဲ ဆို ရင် အ မေ ရိ ကန် ကု မ္ပ ဏီ နဲ့ စက် ရုံ တွေ က တ ရုတ် နိုင် ငံ ထဲ မှာ ရှိ နေ လို့ ပဲ ။
တ ရုတ် ရဲ့ မ ရှိ မ ဖြစ် ရေ နံ လို အပ် ချက် အ တွက် ဆော် ဒီ ကို လို အပ် သ လို ထုတ် ဖို့ စီ စဉ် ထား နိုင် ရုံ မ က ဘူး တ ရုတ် ဝယ် ယူ နေ တဲ့ အီ ရန် ဆီ က နေ ရေ နံ တင် သွင်း နေ တာ ကို နို ဝင် ဘာ လ ၄ ရက် နေ့ မှာ လုံး ဝ ရပ် ဆိုင်း ဖို့ အ မေ ရိ ကန် သ မ္မ တ ထ ရမ့် က ရာ ဇ သံ ပေး ထား တယ် ။ အ ကြောင်း ပြ ချက် က အီ ရန် ရဲ့ နျူ လက် နက် စာ ချုပ် ကို အ ကြောင်း ပြ ပြီး ထပ် မံ ပိတ် ဆို့ အ ရေး ယူ ဖို့ လို့ ဆို တယ် ။
မြောက် ကို ရီး ယား နဲ့ သ ဘော တူ ညီ ချက် ရ ခဲ့ တာ က လည်း အ မေ ရိ ကန် သ မ္မ တ ထ ရမ့် ရဲ့ အ ကွက် ထဲ ကို မြောက် ကို ရီး ယား ကော တ ရုတ် ပါ ဝင် သွား လို့ ဖြစ် ပါ တယ် ။ ဒီ အ တွက် စစ် အ သုံ စ ရိပ် တွေ ပို ထွက် လာ ပြီး တ ရုတ် ကို ပို ဖိ အား ပေး လာ နိုင် ခဲ့ တယ် ။
တစ် ဖြေး ဖြေး ချင်း အ မေ ရိ ကန် သ မ္မ တ ရဲ့ လုပ် ဆောင် ချက် တွေ က ပီ ပြင် လာ ပါ တယ် ။ သ မ္မ တ သက် တမ်း ၂ နှစ် လောက် အ တွင်း မှာ အ ခု လောက် လုပ် နိုင် ခဲ့ တာ ကို ကြည့် ရုံ နဲ့ နောက် ထပ် သ မ္မ တ သက် တမ်း သာ ဆက် အ ရွေး ခံ ရ ရင် တ ရုတ် ဆို တာ စ က္ကူ န ဂါး ဖြစ် သွား လောက် တယ် ။
ရှိုး လို့ ခေါ် တဲ့ တစ် ချပ် မှောက် ဖဲ က စား နည်း က ဝိုင်း ထဲ မှာ က စား နေ ရင်း ကို ပြိုင် ဖက် ကို ဘယ် လို မှ မ နိုင် နိုင် ဘူး ဆို တာ ရယ် ၊ ပြိုင် ဖက် ကို ဘယ် လို က စား က စား နိုင် တယ် ဆို တာ ရယ် အ လို လို သိ တယ် ။ အဲ့ ဒီ အ တွက် ဖဲ ကောင်း စ ရာ မ လို ဘူး ။ Chess က စား နည်း လည်း ဒီ လို ပဲ ။ အဲ့ ဒါ ပင် ကိုယ် အ ရည် အ ချင်း ကွာ လို့ ပဲ ။
ရေ ရှည် မှာ တ ကယ် အ စွမ်း အ စ ရှိ သူ တွေ ပဲ အောင် ပွဲ ခံ ပါ လိမ့် မယ် ။
မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၎ ၊ ၇ ၊ ၂၀၁၈
မိုး တင့် ဆွေ
၎ ၊ ၇ ၊ ၂၀၁၈
ဗု ဒ္ဓ ဟူး ။
.... Link ...
https://www.facebook.com/moetintswemgmg/posts/2095451657359005
.
.
.
နောက်၂နှစ်မကြာခင် တရုပ် အမေရိကန် လက်တွဲသွာမှာ မြင်ပါတယ်..မညီညွတ်တဲ့ EU ကတော့ ပိုဆိုးနိုင်တယ်.. ဂျပန် ဂျာမဏီ လဲ တရုပ် အမေရိကန် နဲ့ ပူးပေါင်းသွားနိုင်တာ်.. အာရှနိုင်ငံတွေ ပိုစည်းလုံးအောင် တရုပ်က ကြိုးစားလာပါမယ်... DASSK က သူရဲ့ ဖြောင့်မတ်မှု သစ္စာတရား အားဖြင့်. .တရုပ်.အမေရိကန် ခေါင်းဆောင်များရဲ့ သနား ဂရုဏာ ကိုရမယ်.. ဆိုးသွမ်းအုပ်စုကတော့ မြန်မာပြည်မှာ ဆက်လက်ဆိုးနေမယ်....
.
တရုပ် က သူ့ ယွမ် ငွေ ကို အမေရိကန် ဒေါ်လာ လို Floating မထားဘူး။ ဗဟို အစိုး ရ က အရမ်း ချမ်း သာ ပြီး ပြည် နယ် အစိုး ရ တွေက ဆင်း ရဲ ကြတယ်။ ဒီ နည်း နဲ့ ငွေ အလုံး အရင်း သာ မက၊ နည်းပညာ (အတော် ဆုံး အတတ် ဆုံး ဦး နှောက် တွေကို) စု ပေါင်း အသုံး ပြု ထားတယ်။ ကွန် ဖြူး ရှပ် ၀ါ ဒီ ကို မော် စီ တုန်း ၊ လီနင် ၀ါဒီ အစားထိုး လိုက် တယ်။
.
အမေရိကန် က ၂၀၀၉ အိုဘားမား လက်ထက် စနစ်ပြောင်း လိုက်မှ တော်ကာ ကျတယ်။ အခု ဒေါ် နယ် ထ ရန့် လက်ထက် မှာ အမေရိကန် ပိုပြီး ကာကွယ်လာတော့ နောက် မကြာခင် ၂နိုင်ငံ ပြန်ပေါင်း သွား ပါလိမ့်မယ်။ ဂျပန် ဂျာမဏီ ၄နိုင်ငံ ပေါင်းမယ်။ အီးယူ နိုင်ငံ တွေ တော့ အခြေ အနေ တော် တော် ဆိုး မယ်။
.
.. အမေရိကန်နိုင်ငံရဲ့ ခေါင်းဆောင်ပျိုးထောင်ခြင်း နဲ့ တရုပ်နိုင်ငံ ဆောင်းပါး..
https://www.facebook.com/photo.php?fbid=2024306841119466
.
ဇာနီကြီး
၃.ဇူလိုင်.၂၀၁၈
Monday, June 25, 2018
အမေရိကန်သမ္မတ လာရောက်မှုနဲ့ နိုင်ငံတိုးတက်မှု (မြောက်ကိုးရိးယား၊ မြန်မာ၊ ဗီယက်နမ်၊ တရုပ်)
အမေရိကန်သမ္မတ လာရောက်မှုနဲ့ နိုင်ငံတိုးတက်မှု
မြောက်ကိုးရီးယား နဲ့ အမေရိကန် ခေါင်းဆောင်များ သမိုင်းဝင်တွေ့ဆုံပွဲ ၁၂ ဇွန်လ ၂၀၁၈ စင်ကာပူ နိုင်ငံက ဒေါ်လာသန်း၂၀ အကုန်ကျခံ ပြုလုပ်ပေးတဲ့အတွက် မြန်မာနိုင်ငံ အတွက် အားမရ ဖြစ်နေသူ များစွာ ရှိပါတယ်။ ကျနော်တော့ အကောင်းမြင်စိတ်နဲ့ ပြောရမယ်ဆိုရင် ..မြန်မာနိုင်ငံအတွက် ခင်ဗျားတို့ အားမရဖြစ်နေတာ ကိုယ်ချင်းစားပါတယ်။ မြောက်ကိုးရီးယား ကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့က မြန်မာနိုင်ငံအဆင့် ရောက်လာအောင် သူတို့ရဲ့ အခြေခံအဆောက်အဦး အများကြီး လုပ်ရဦးမှာပါ။
.
ဂျာမဏီ၂နိုင်ငံပေါင်းစည်းခြင်း၊ ဗီယက်နမ်၂နိုင်ငံ ပေါင်းစည်းခြင်း လိုပဲ တောင်-မြောက် ကိုးရီးယား၂နိုင်ငံ ပေါင်းစည်းရေးက ထင်သလောက် လွယ်မှာမဟုတ်သေးပါဘူး။ ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် တော်တော် အလားအလာ ကောင်းတယ် ဆိုတာတော့ လက်ခံရမှာပါ။
.
နိုင်ငံတစ်နိုင်ငံ တိုးတက်သလား ဆိုတာ စီးပွားရေး အခြေခံအဆောက်အဦ တွေကို ကြည့်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၂ သမ္မတဦးသိန်းစိန် လက်ထက်မှာ အမေရိကန်သမ္မတ အိုဘားမား လာရောက်ပြီး ကမ္ဘာ့ အဆင့်ကို ၀င်လှမ်းဖို့ ဦးသိန်းစိန် ကြိုးစားခဲ့တယ်။ ၁၉၇၂ တရုပ်နိုင်ငံကို သမ္မတနစ်ဆင် လာရောက်ပြီး တရုပ်နိုင်ငံ ကမ္ဘာ့ အဆင့်ဝင်လာသလို ၂၀၀၀ ခုနှစ် ဗီယက်နမ် နိုင်ငံကို အမေရိကန်သမ္မတ လာရောက်ပြီး ဗီယက်နမ် တိုးတက်လာပါတယ်။
.
ကမ္ဘောဒီယား ကတော့ အမေရိကန်ရဲ့ ဖြေလျှော့  ပေးမှု အစောကြီးကတည်းက ရရှိခဲ့ပေမဲ့ အမေရိကန်စံနှုန်းကို မလိုက်နိုင်တဲ့အပြင် အာဏာရှင် ကမ္ဘောဒီယား ခေါင်းဆောင် ဟွန်ဆန် ရဲ့ ရွေးကောက်ပွဲ မသမာ မှုများကြောင့် အမေရိကန်ရဲ့ အရေးပေးမှု မခံရပါဘူး။ ၂၀၁၂ ကျမှ သမ္မတ အိုဘားမား လာရောက်နိုင် ခဲ့ပါတယ်။ အခုဆို ကမ္ဘာဒီယား ဟာ မြန်မာနိုင်ငံပြုပြင် ပြောင်းလဲမှု ၇နှစ် အတွင် မြန်မာနောက်ကို ကျရောက် သွားပြီ ဖြစ်ပါတယ်။
.
.
နိုင်ငံတိုးတက်မှု စီးပွားအညွှန်းများ
အထူးသဖြင့် GDP per capital တစ်ဦးချင်း တနှစ်ဝင်ငွေ ကိုကြည့်ပြီး၊ ဆုံးဖြတ်ကြပါတယ်။ GNP Gross National Product အချက်အလက်က ပိုပြီး တိကျပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ ကို ထည့်ဝင်ငွေ အချိုးစားကို နိုင်ငံရဲ့ GNP နဲ့ တိုင်းတာ ထည့်ဝင်ကြတော့ 2016-2017 Budget $5.6b မှာ American 22%, Japan 9.68%, China 7.92% , Germany 6.38%, Frence, UK, Brazil, Italy, Russia, Canada စသဖြင့် အနည်းဆုံး ထည့်ဝင်ငွေ 0.01% ကိုတော့ မြန်မာနိုင်ငံအပါဝင် ဆင်းရဲနိုင်ငံများက ထည့်ဝင်ရပါတယ်။ ကုလသမဂ္ဂအတွက် ငြိမ်းချမ်းရေး နဲ့ နည်းပညာ အကူအညီများအတွက် သီးသန့်ရံပုံငွေများ လဲရှိတော့ ချမ်းသာတဲ့ စကင်နေဒီဗီယား နော်ဝေး၊ ဒိန်းမတ်၊ ဆွီဒင် နိုင်ငံများက သတ်မှတ်ချက်ထက် ပိုပြီး လှုဒါန်းပါတယ်။
.
စင်ကာပူနိုင်ငံက မြောက်ကိုးရီးယာ-အမေရိကန် ဆွေးနွေးပွဲအတွက် ဒေါ်လာ သန်း၂၀ အကုန်ခံတယ်ဆိုတာ နော်ဝေးနိုင်ငံရဲ့ မြန်မာငြိမ်းချမ်းရေးအတွက် လှုဒါန်းငွေ နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ နဲ့ ယှဉ်ကြည့်လို့မရပါဘူး။ မြန်မာနိုင်ငံ ရဲ့ ရခိုင်-မွတ်စလင် အရေးအခင်းအပြီး ဒုက္ခသယ် သိန်းပေါင်းများစွာ နိုင်ငံက ထွက်ပြေးတဲ့ ကိစ္စကြောင့် နိုင်ငံတကာ အကူညီ ရပ်တံ့သွားပါတယ်။ ဒါပေမဲ့ နိုင်ငံ စီးပွားတိုးတက်မှုဟာ မိမိနိုင်ငံ အစိုးရ ဘယ်လောက်ကောင်းသလဲ အပပေါ်ပဲ မူတည်ပါတယ်။ မြန်မာ နိုင်ငံအစိုးရ ခေါင်းဆောင်များ ဘယ်လောက် ကောင်းနေကြသလဲ၊ ဘယ်လောက် ခေါင်းဆောင်ပျိုးထောင်မှု စနစ်ကောင်းသလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။
.
သာမန်အားဖြင့် အစိုးရ ကောင်းမကောင်း၊ နိုင်ငံ စီးပွားတိုးတက်မှု အလားအလာကို အကြမ်းဖျင်း နှိုင်းယှဉ်ကြည့်ရင် အဂတိတိုက်ဖျက်ရေးအညွှန်း၊ GDP per capital, Electricity per capital နဲ့ ဘတ်ဂျတ်ခွဲဝေမှု များအပေါ်မှာ များစွာ မူတည်ပါတယ်။ အထူးသဖြင့် ငွေကြေးပေါ်လစီနဲ့ ကျွမ်းကျင်မှုအပေါ် မူတည်ပါတယ်။ ဘဏ္ဍာရေး ၀န်ကြီး ဘယ်လောက်ကောင်းသလဲ၊ ဘယ်လောက် စနစ်ကျသလဲ၊ နိုင်ငံငွေကြေးများကို ဘယ်လိုအသုံးချသလဲ ဆိုတာတွေအပေါ် အများကြီးမူတည်းပါတယ်။ မြန်မာ၊ မြောက်ကိုးရီးယား၊ အီသီယိုပီးယား နိုင်ငံများကို ကြည့်ရင် မြန်မာနိုင်ငံထက် အီသီယိုပီးယား နိုင်ငံက လယ်ယာကဏ္ဍ ဦးစားပေးနေလို့ GDP per capital မှာ မြန်မာကို မယှဉ်နိုင်ပေမဲ့၊ Corruption Index အဂတိ အညွန်းမှာတော့ မြန်မာထက် အများကြီး သာနေပါတယ်။ မြောက်ကိုးရီးယားကတော့ အရာရာ အရမ်းနိုမ့်ကျနေပါတယ်။
.
.
စီးပွားရေး အချက်အလက်တချို့ လေ့လာခြင်း
အကြမ်းဖျင်း ဇယာကို တနှစ် တစ်ဦးချင်း ဂျီဒီပီ ၊ အဂတိအညွှန်း နဲ့ တစ်နှစ် တစ်ဦးချင်း လျှပ်စစ် သုံးစွဲမှု တွေ ကမ္ဘာ့ ဘဏ် အချက်အလက်များကို ရေးချမယ်ဆိုရင်
နိုင်ငံ GDP/capital/year, Corruption Index, Electricity/capital/year(2003-2013)
မြန်မာ ….$1242, .. 30(Rank130), . 217KWh
အီသီယိုပီးယား … $687, .. 35(Rank 107) .. 70KWh
မြောက်ကိုးရီးယား… $665, .. 17(Rank 171) .. 600 KWh
ဗီယက်နမ် …. $2171, ..35(Rank 107), .. 1411 KWh
Source: World Bank
.
ဒီအချက်အလက် တွေကို ကြည့်မယ်ဆိုရင် အမေရိကန်သမ္မတ ဗိယက်နမ်ကို လာခဲ့တဲ့ ၂၀၀၀ ခုနှစ် က စပြီး ရေတွက်ရင် ၁၇နှစ်အကြာမှာ ဗီယက်နမ် က အတိုးတက်ဆုံး ဖြစ်နေပါတယ်။ မြန်မာနဲ့ယှဉ်ကြည့်ရင် အားလုံး အစစ အရာရာ သာလွန်နေပါတယ်။ မြန်မာကတော့ ၂၀၁၂ မှ အမေရိကန်သမ္မတ အလည်လာချိန် ၅နှစ်အတွင်း မြောက်ကိုးရီးယားထက် အများကြီး သာတာကို တွေ့ရပါတယ်။ အထူးသဖြင့် အဂတိအညွှန်းမှာ အပြက်အသတ် သာလွန်နေပါတယ်။ ဗီယက်နမ် က ဂျီဒီပီ မှာ မြန်မာထက် သိပ်မကွာဘူး ပြောနိုင်ပေမဲ့ ၂ဆ နီးပါး ကွာခြားပါတယ်။ လျှပ်စစ် ကဏ္ဍမှာတော့ ၆ဆ တောင်မှ ကွာခြားပါတယ်။ အထူးသဖြင့် ငွေအရင်းအမြစ် (ဗဟိုအစိုးရပိုင်ငွေ) အမြောက်အများ ရှိလို့ ဗိယက်နမ် ကုမဏီများ နိုင်ငံတကာကို ခြေလှမ်းနေပါပြီ။ မြန်မာနိုင်ငံမှာ Myanmar Plaza နဲ့ MyTel ရင်းနှီးမြှတ်နှံမှု နဲ့ပဲ ဒေါ်လာ ၃ ဘီလျံလောက် ရင်းနှီးမြှတ်နှံနေပြီ ဖြစ်ပါတယ်။
.
လျှပ်စစ် ကဏ္ဍ (မြန်မာနဲ့မြောက်ကိုးရီးယား)
အခြေခံ လျှပ်စစ် ကဏ္ဍမှာ မြောက်ကိုးရီးယား က မြန်မာထက် ၃ဆလောက် သာလွန်နေတာ အလွန်အရေးကြီးတဲ့ အချက်ပါပဲ။ ပြီးတော့ မြန်မာနိုင်ငံက ၃နှစ်အတွင် လျှပ်စစ် ၂ဆ တိုးတက်ရရှိဖို့ ကမ္ဘာ့ ဈေးအကြီးဆုံး LNG ဓါတ်ငွေ့ရည်သုံး လျှပ်စစ် နဲ့ တနိုင်ငံလုံးသုံးစွဲမှု ၂ဆ တိုးဖို့ စီမံကိန်း ချထားပြီးပါပြီ။ မြောက်ကိုးရီးယား ကတော့ ကျောက်မီးသွေး လျှပ်စစ်ဓါတ်အား များစွာ ထုတ်နိုင်မဲ့အပြင် တောင်ကိုးရီးယားက လက်ရှိ လိုသမျှ လျှပ်စစ်ကို မဟာဓါတ်အားလိုင်း ဆွဲပြီး ပေးပို့ဖို့ အသင့်ဖြစ်နေပါပြီ။
.
မြန်မာနိုင်ငံကတော့ လျှပ်စစ် မိုနိုပိုလီ ကုမဏီများနဲ့ ပေါင်းပြီး ဈေးကြီးတဲ့ LNG အပြင်၊ အခုလဲ ဈေးကြီးတဲ့ Clean Coal Technology ကလင်းကိုးလ် ကျောက်မီးသွေး နည်းပညာကို သုံးဖို့ နည်းပညာရှင်များက အကြံပေးတယ်။ ပတ်ဝန်းကျင်ပညာရှင် များက ကန့်ကွက်တယ်။ မြန်မာပြည်မှာ Clean Coal Technology နည်းပညာလဲ မနိုင်နင်းသေးပါ။ ဈေးအချိုဆုံး ဖြစ်တဲ့ ရေအားလလျှပ်စစ် နဲ့ ကျောက်မီးသွေးလျှပ်စစ် ကိုသုံးဖို့ ခက်ခဲနေဆဲပါ။
.
အလွန်လွယ်ကူတဲ့ မဟာဓါတ်အားလိုင်း ဆွဲပြီး လာအို၊ တရုပ်နိုင်ငံများက လျှပ်စစ်ဓါတ်အား လဲ ၀ယ်ဖို့ ပေါ်လစီ (COI Conflicts of Interest) ခက်ခဲနေဆဲပါ။ တပ်မတော်နဲ့ အင်အယ်ဒီ ခေါင်းဆောင်များ COI ကို မကြည့်ပဲ နိုင်ငံအကျိုးအတွက် လျှပ်စစ်ကဏ္ဍကို ပေါ်လစီချ၊ အဂတိတိုက်ဖျက်၊ မိုနိုပိုလီလုပ်ခြင်းများ ရပ်တံ့နိုင်ရင်တော့ မြန်မာလျှပ်စစ် လဲ မြောက်ကိုးရီးယား ကို အမှီလိုက်နိုင်မှာပါ။
.
မြောက်ကိုးရီးယား အတွက် တောင်ကိုးရီးယား၊ ဂျပန်၊ တရုပ်နိုင်ငံများက ကူညီကြသလို၊ မြန်မာ အတွက်လဲ တရုပ်၊ ဂျပန် နဲ့ အာစီယံနိုင်ငံများက ကူညီ ရင်းနှီးမြှတ်နှံကြပါလိမ့်မယ်။
.
.
ပြုပြင်ပြောင်းလဲမှု အဓိကအချက် (COI)
အဓိက အကျဆုံး ကတော့ ခေါင်းဆောင်များ ဘယ်လောက် တိုင်းပြည်ကို ချစ်သလဲ၊ ဘယ်လောက် ကိုယ်ကျိုးမကြည့်ဘူးလဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။ လူတိုင်းမှာ COI ဆိုတဲ့ ကိုယ်ကျိုးစီးပွား ရှိပါတယ်။ တရားမျှတတဲ့ စီးပွားရေးစနစ်ကို အစိုးရက တည်ဆောက်ပေးရမှာပါ။ လျှပ်စစ် ဈေးနှုန်း ကြီးနေရင်လဲ နိုင်ငံခြား ရင်းနှီးမှုတွေ လာဖို့ တွန့်နေမှာပါ။ အဂတိ (ကြိုးနီစနစ်) သိပ်များနေရင်လဲ အလုပ်အကိုင်ပေးတဲ့ ကုန်ထုတ်လုပ်ငန်းများ လာမယ် မဟုတ်ပါဘူး။
.
ဗီယက်နမ်နိုင်ငံကတော့ အခြေခံ ကျတဲ့ လယ်ယာမြေ ပြုပြင်ပြောင်းလဲရေးကို အမေရိကန် အကူအညီနဲ့ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဂျပန်၊ တိုင်ဝမ်(၁၉၄၅)၊ တောင်ကိုးရီးယား (၁၉၅၃)၊ ထိုင်းနိုင်ငံ(၁၉၇၀)၊ ဗီယက်နမ်(၂၀၀၀)၊ လာအို၊အီသီယိုပိးယား (၂၀၀၅ နောက်ပိုင်း) အောင်မြင်စွာ လုပ်ဆောင်နေပါပြီ။ အထူးသဖြင့် တရုပ်နိုင်ငံက ၁၉၇၈ တိန့်ရှောက်ဖိန် အာဏာရရှိပြီး နောက်ပိုင်းမှာ လယ်ယာမြေ ပြုပြင်ပြောင်းလဲမှုကို အထူးအောင်မြင်အောင် လုပ်ဆောင်ပါတယ်။
.
ကမ္ဘာ့ အဆင်းရဲဆုံး သန်းပေါင်း ထောင်ချီတဲ့ တရုပ်ပြည်သူများကို ဆင်းရဲမွဲတေမှုက လွတ်မြာက်စေခဲတာ ကမ္ဘာ က လက်ဖျားခါရပါတယ်။ ဒါကြောင့် လယ်ယာမြေ ပြုပြင်ပြောင်းလဲမှု (လယ်လုပ်သူတိုင်း လယ်ပိုင်ပြီး၊နိုင်ငံတော်က ၂၀% ပံ့ပိုးဖို့) အရှိန်မြှင့်ရပါမယ်။ လောလောဆည် ဦးသိန်းစိန် အစိုးရလက်ထက် ကတည်းက လုပ်နေတဲ့ အမျိုးသားမြေ၀ါဒ က ၀န်ကြီးဌာန ၅ခုနဲ့ ရှုပ်ထွေးနေဆဲပါ။ အောင်မြင်ပါစေ။
.
.
နိဂုံး (မြန်မာ-မြောက်ကိုးရီးယား)
မြောက်ကိုးရီးယား နဲ့ အမေရိကန်ခေါင်းဆောင်များ တွေ့ဆုံပြီး၊ မြန်မာ ပြုပြင်ပြောင်းလဲရေး ၀ါဒီများက မြန်မာအစိုးရနဲ့တပ်မတော်ကို အားမလို အားမရ ဖြစ်နေပါတယ်။ အဓိက အချက်က တပ်မတော်နဲ့ ၀န်ကြီးဌာနဆိုင်ရာများက မြေနဲ့စီးပွားရေးကို လက်ဝါးကြီးအုပ်ထားခြင်းကို ပြောင်းလဲမှု နှေးကွေးနေလို့ ဖြစ်ပါတယ်။
.
COI ပြသနာ ကတော့ မြောက်ကိုးရီးယားမှာ မကြာခင် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ အစိုးရဌာန များနဲ့ သူတို့နဲ့ဆိုင်တဲ့ စူပါကုမဏီကြီးများ ပေါ်ပေါက်လာပြီး မိုနိုပိုလီလုပ်ကြပါလိမ့်မယ်။ ဆင်းရဲ ချမ်းသာ အရမ်းကွာခြား လာကြပါလိမ့်မယ်။ မထိမ်းနိုင်ရင် မြန်မာပြည်လို မြေဈေးနှုန်း ကြီးလာပါဦးမယ်။ တရုပ်နိုင်ငံလဲ တိန်ရှောက်ပိန် ပြုပြင်ပြောင်းလဲမှု ၁၀နှစ်အကြာ မိုနိုပိုလီ ၀ိသမစီးပွားသမား များစွာ ပေါ်လာပြီး ၁၉၈၉ ခုနှစ် မြန်မာနိုင်ငံ ၁၉၈၈ အရေးခင်လို နိုင်ငံလုံးကျွတ် ရင်ပြင်နီ အရေးအခင်းကြီး ပေါ်ပေါက်လာရပါတယ်။
.
မြောက်ကိုးရီးယား နဲ့ တရုပ် ခေါင်းဆောင်တွေက စစ်တပ်ကို အုပ်ချုပ်နိုင်ပြီး မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာချုပ် မင်းအောင်လှိုင် တို့က စစ်တပ်ကို မအုပ်ချုပ်နိုင်သေးပေမဲ့၊ မြန်မာနိုင်ငံမှာ အခြေခံအဆောက်ဦ ဖြစ်တဲ့ စီမံဘဏ္ဍာ (ဘဏ္ဍာရေး) လုပ်ငန်း အခြေခိုင်လာတာ အားရစရာကောင်းပါတယ်။ အင်ဖရာ စထရပ်ချာ Infra Structure အခြေခံအဆောက်အဦတွေမှာ မြင်ရတဲ့ လမ်းတံတား နဲ့ လျှပ်စစ် ကဏ္ဍ ထိမ်းကျောင်းနိုင်ပြီး၊ မမြင်ရတဲ့ စာရင်းစစ် စနစ် နဲ့ အာမခံစနစ် တို့ စနစ်ကျအောင် (အဂတိနည်းပါးအောင်) ခေါင်းဆောင်ကောင်း ပြုစုပျိုးဆောင်နိုင်ရင်တော့ မြန်မာကို မြောက်ကိုးရီးယား မှီဖို့မလွယ်သေးကြောင်း၊
.
မြန်မာနိုင်ငံမှာ ဘဏ်စနစ်၊ ငွေကြေးစနစ်၊ ရင်းနှီးမြှတ်နှံမှုဥပဒေ၊ လွှတ်တော်၊ စတော့အိတ်ချိန်း၊ အခွန်ဥပဒေ စတဲ့အရာများ အခြေတည် နေပါပြီ။ မြောက်ကိုးရီးယားမှာ ဒါတွေ မရှိသေးပါဘူး။ ဒါကြောင့် မြန်မာအချင်းချင်း ရန်ဖြစ်၊ တိုက်ခိုက်၊ အကျိုးစီးပွားလုယူ နေတဲ့ အခြေအနေကို ကျော်လွှားနိုင်ဖို့၊ ခေါင်းဆောင်များ မကြာခဏ တွေ့ဆုံနိုင်ပါစေ၊ တိုးတက်လာပါစေလို့ ရေးသားလိုက်ရပါတယ်။ မြန်မာခေါင်းဆောင်များပဲ ပြုပြင်ပြောင်းလဲဖို့၊ ကိုယ်ကျိုးမကြည့်ကြဖို့၊ ခေတ်ကာလကြီးကို လေ့လာကြဖို့၊ လူငယ်များကို ပျိုးထောင်၊နေရာပေးဖို့ အလွန်အရေးကြီးနေပါပြီ။
.
ဇော်အောင်
၁၃. ဇွန် . ၂၀၁၈
.
.
.
ကိုးကားချက်များ
၁။ ကမ္ဘာ့ ဘဏ် အချက်အလက်များ နဲ့ ၀ီကီအချက်လက်များ
၂။ JICA ဂျပန်အစိုးရအေဂျင်စီ မြန်မာလမ်းတံတား၊ လျှပ်စစ ဖွံ့ဖြိုးရေးအတွက် ပါဝင်နေတာကို လေ့လာသင်ယူရန်...https://goo.gl/cQ19Ff
၃။ တရုပ်အကူညီများ နဲ့ မြန်မာလျှပ်စစ် https://goo.gl/2iEKdP
၎။ Wynn Khine Htay ၏ မြန်မာအစိုးရအပေါ်အားမရမှု https://goo.gl/yUjEmT
၅။ အမေရိကန်သမ္မတ မြန်မာ၊ဗီယက်နမ် ၊ တရုပ် သို့လာလည်ခြင်း ...https://goo.gl/8CUqbU .. https://goo.gl/WHjD1e
၆။ မြန်မာလယ်ယာမြေ မူဝါဒနဲ့ဥပဒေများအကြောင်း(မိုးမခ ဆောင်းပါး)
….. http://moemaka.com/archives/54352
၇။ အမေရိကန်ခွင့်ပြုမှ စီးပွားရေးကောင်းမည်။ တရုပ် နှစ်၅၀နဲ့ မှီဖို့မလွယ်..ဒါကြောင့် စစ်အာဏာရှင် ဦးသန်းရွှေ အမေရိကန်ဘက် ချဉ်းကပ် .. https://goo.gl/9voFEs