Friday, January 10, 2020

ရိက္ခာနဲ့ သိက္ခာလဲတဲ့ အင်ဂျင်နီယာများ ခိုးမှ ထမင်းစားရမှာလား 2018 Post

ရိက္ခာနဲ့ သိက္ခာလဲတဲ့ အင်ဂျင်နီယာများ

ခိုးမှ ထမင်းစားရမှာလား

  ရင်နာစရာတော့ကောင်းပါတယ်။
အင်္ဂျင်နီယာပညာတွေသင်၊ အင်္ဂျင်နီယာအလုပ်လုပ်တဲ့သူတွေကို သူခိုးတွေလို့ပြောကြတယ်။ ဘယ်အင်္ဂျင်နီယာက ခိုးချင်ပါ့မလဲ။ ခိုးချင်တဲ့သူလည်း ရှိချင်ရှိမှာပေါ့လေ။
ဒါပေမယ့် ဒီလောက်ပညာတွေသင်လာပြီးမှ ခိုးမှ စားရမယ်ဆိုတာကိုတော့ အများစုကဘဝင်ကျနိုင်မည်မဟုတ်ပါ။ ဒါဆို မခိုးကြဘူးလား။ ဟုတ်ကဲ့ ခိုးပါတယ်။ ကျွန်တော်လည်း အစိုးရအင်ဂျင်နီယာဝန်ထမ်းဘဝနဲ့
ဆယ်နှစ်ကျော် ခိုးပြီး မိသားစုကို ကျွေးမွေးခဲ့ရပါတယ်။ မိသားစုကို ကျွေးမွေးဖို့လောက်ဆို အင်ဂျင်နီယာတွေ ခိုးဖို့လိုမည်မထင်ပါ။ ကိုယ့်မိသားစု မဟုတ်တဲ့ သူတွေအတွက်ပါ ခိုးပြီး ကျွေးရ၊ ပေးရလို့၊ မင်းတို့လည်းခိုး၊ ငါတို့ကိုလည်း percentage ပေးဆိုတဲ့ လူတန်းစားတစ်ရပ် ဖန်တီးဖြစ်ပေါ်လာတဲ့အတွက် ကျွန်တော်တို့ အင်ဂျင်နီယာတွေ သူခိုးဘဝကို ရောက်ကြပါတော့တယ်။
    Yellow Book လို့ခေါ်တဲ့ Analysis of Rates မှာ လုပ်ငန်း items အလိုက် materials ကို Wastage ရာခိုင်းနှုံးက material အပေါ်မူတည်ပြီး 5% ကနေ 50% အထိ ခွင့်ပြုထားပါတယ်။ ပစ္စည်းအလေအလွင့်မရှိအောင် လုပ်တတ်ရင် ကိုယ်တွက်ကျန်ပြီးသာပါ။ ဝယ်တဲ့ဆိုင်က ဖောက်သည်ဖြစ်အောင် commission ပေးတာလည်း ရှိပါတယ်။
     ဟုတ်ပြီ။ ဒါဆို ဘာဖြစ်လို့ခိုးတာလဲ။ ဒီနေရာမှာ ဘာကို ဘယ်လိုခိုးသလဲဆိုတာ ရှင်းပြပါမယ်။
     (၁) Quality အပေါ်မှ ခိုးခြင်း
          လုပ်ငန်းတစ်ခုဆောင်ရွက်ဖို့ drawings နဲ့ estimate တွေ ရှိရပါတယ်။ details drawing ကိုဖတ်ပြီး estimate ဆွဲရပါတယ်။ ဥပမာ brick work ဆိုပါစို့။ details drawing မှာ 1:3 cement mortar နဲ့ပြထားပြီး estimate ကလည်း 1:3 cement mortar နဲ့ materials ထုတ်တယ်။ field မှာလုပ်တော့ composite mortar သုံးတယ်။ သို့မဟုတ် 1:5 cement mortar ကိုသုံးတယ်ဆိုရင် cement ရဲ့ quantity လျှော့သုံးလိုက်တဲ့အတွက် quality အပေါ်မှ ခိုးခြင်းဘဲဖြစ်ပါတယ်။
   (၂) Substituted ခိုးခြင်း
         ဒါကတော့ ပစ္စည်းတစ်ခုကို တန်ဘိုးနည်း အမျိုးအစားတူပစ္စည်းဖြင့် အစားထိုး ထည့်သုံးခြင်းဘဲဖြစ်ပါတယ်။ ဥပမာ estimate မှာ cement ကို တံဆိပ်တွေ၊ made တွေ ရေးမထားဘူး။ ဒါပေမယ့် price ကတော့ Thai brand နဲ့ cost ပြထားတယ်။ တကယ်သုံးတော့ China made နဲ့ တွယ်လိုက်တယ်ဆိုရင် ဒါ ခိုးတာဘဲပေါ့။ တစ်ချို့ဆို hardwood အစား Inn
နဲ့တောင် ထည့်သုံးခဲ့ကြတယ်။ ဒီမှာက Thai ရယ်၊ China ရယ် Local ရယ်ဆိုပြီး လွတ်လပ်စွာ ဝယ်ယူအသုံးချခွင့် ရှိတော့ ပက်ပက်စက်စက်ကို လုပ်နေကြတာ။ အရင်ခေတ်တွေက ပိုဆိုးပေါ့။
    (၃) Measurement ကို ခိုးခြင်း
          အများအားဖြင့်တော့ အလွယ်တကူမြင်တွေ့လို့မရတဲ့ Foundation အပိုင်းတွေမှာ ခိုးတာများပါတယ်။ depth ကို လျှော့တူးတာ၊ Retaining wall တွေမှာ steps တွေ မထည့်တာတွေပေါ့။ Roads တွေမှာ လမ်းခင်းကျောက်ထု မပြည့်တာ၊ လမ်းအကျယ်တွေ လျော့တာတွေလည်း ဒီခိုးနည်းမှာ ပါတာပေါ့။
    (၄) အပျောက်ရိုက်ခိုးခြင်း
         ဒီခိုနည်းကို ဥပမာပေးဖို့ တော်တော်စဉ်းစားရတယ်။ ဘယ်မှာတွေ့လည်းဆိုတော့ လွန်ခဲ့တဲ့ ၂လလောက်က fb မှာ ကျောင်းဆောက်တာနဲ့ ပတ်သက်ပြီး tender အောင်လို့ လုပ်ခွင့်ရတဲ့ ကုမ္ပဏီက စာသင်ကျောင်းဆောက်ရာမှာ 9"x9" R.C.C plinth beam ထည့်ရမှာကို သံချောင်းမထည့်ဘဲ ထု 6" လောက်နဲ့ concrete လောင်းထားတယ်။ "ခိုးချင်တာလည်း ပြာလို့၊ အ,လိုက်တာလည်းချာလို့" ပြောရမလိုဖြစ်နေပြီ။ တကယ်ဆို သံချောင်းမထည့်မှတော့ 2" ထုနဲ့ D.P.C
ဘဲ လောင်းလိုက်ပေါ့။ သိတဲ့သူက စစ်လို့ပေါ်တော့ ရှက်စရာဖြစ်ရော။ 2" ထု D.P.C လောင်းထားလို့ စစ်တဲ့သူလာရင် အင်ဂျင်နီယာကို လွှဲချလို့ရတာပေါ့။
ကုမ္ပဏီပိုင်ရှင်တွေအတွက် အင်ဂျင်နီယာတွေရဲ့ အသုံးဝင်ပုံ တစ်ခုပေါ့။ ဒီနည်းကတော့ ခပ်တည်တည်နဲ့ သုံးရမယ့်ပစ္စည်းကို လုံးဝထည့်မသုံးလို့ အပျောက်ရိုက်ခိုးခြင်းမည်ကြောင်း ဂဏှာဟိ မှတ်လေလော့။
   (၅) Rate ကို ခိုခြင်း
       ဒီခိုးနည်းကိုတော့ Local Rate ဆိုတဲ့ ဒေသပေါက်ဈေးနှုန်းအပေါ်မှီပြီး ခိုးတာပါ။ လက်တွေ့သိချင်ရင်တော့ မိမိတို့မြို့က အတည်ပြု ထုတ်ပေးထားတဲ့ ဒေသပေါက်ဈေးနှုန်းစာအုပ်ထဲက
ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းတွေနဲ့ အပြင် ကုန်မာဆိုင်တွေက ရောင်းတဲ့ ဈေးနှုန်းတွေကို သုတေသနလုပ်ကြည့်ကြပါ။ ဘယ်မြို့မှာမဆိုပေါ့။
      ဒီလောက်ဆို ပြည့်စုံသလောက်ရှိပါပြီ။ ဒါကိုဖတ်ပြီး ကုမ္ပဏီတွေနဲ့ တစ်ချို့ အင်ဂျင်နီယာတွေက အကျွန်ုပ်ကို မေတ္တာတွေ ပို့ကြရော့မယ်။ ကိစ္စမရှိပါဘူး။ ဆဲချင်လည်း ဆဲလို့ရပါတယ်။ ကျွန်တော် အထက်မှာပြောခဲ့သလိုဘဲ။ အင်ဂျင်နီယာပညာဆိုတာ လူတိုင်းသင်ယူခွင့် မရကြပါဘူး။ နောက်ပြီး အင်ဂျင်နီယာဖြစ်ရတာလည်း ဂုဏ်ယူစရာတစ်ခုပါ။
ဒါပေမယ့် ခိုးစားရတယ်ဆိုတာကတော့ ပညာတတ်တွေရဲ့ အလုပ်မဟုတ်သလို ဂုဏ်ယူစရာနဲ့လည်း လုံးဝ ဆန့်ကျင်ဖက်ကြီးပါ။
ခိုးတယ်ဆိုမှတော့ အဒိန္နဒါနကံ မြောက်နေပါပြီ။
ဒါကို မသိလို့လုပ်နေတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ သိသိကြီးနဲ့ လုပ်နေကြတာပါ။ ဘာသာတရားနဲ့ပြောရင်လည်း ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး အခြေခံ ၅ ပါးသီလမှ လုံခြုံအောင် မစောင့်ထိန်းနိုင်တဲ့လူမျိုးတွေပါလားဆိုပြီး ရှက်ဖို့လည်း ကောင်းပါတယ်။ နောက်ပြီး နိုင်ငံတစ်ခုကို တိုးတက်အောင် တည်ဆောက်ရာမှာ စာရိတ္တမဏ္ဍိုင် မခိုင်ဘဲနဲ့ တည်ဆောက်လို့မရပါ။ လူမျိုးတစ်မျိုးရဲ့ စာရိတ္တမဏ္ဍိုင်ဟာ အဆောက်အဦတစ်ခုရဲ့ အုတ်မြစ် Foundation ပါ။ အားလုံးရဲ့အကြံဥာဏ်တွေနဲ့ စုပေါင်းပြီး လက်ရှိ ဖြစ်ပျက်နေတာတွေကို ပြုပြင်ဖို့ လိုနေပါပြီ။
    ဒီလိုပြောတော့ မင်းက ဝန်ထမ်းကထွက်ပြီး သောက်ကြီးသောက်ကျယ်ပြောတယ် ထင်ချင် ထင်ကြမယ်။ ကြိုက်သလို ထင်နိုင်ပါတယ်။ ကျွန်တော် ဝန်ထမ်းဘဝကတင် ထွက်ခဲ့တာမဟုတ်ပါ။ နောက်ဘဝတွေမှာ သီလမလုံလို့၊ အဒိန္နဒါနကံကြောင့် ဖြစ်မယ့်၊ ခံရမယ့် အပါယ်ဘုံဘဝတွေကနေကို လွတ်ဖို့ဆိုပြီး တတ်နိုင်သလောက် ရှောင်ထွက်ခြင်းပါ။ ကျွန်တော့်အဖိုးတွေနဲ့ ကျွန်တော့်အဖေဟာ ဘာသာရေးလိုက်စားသူတွေပါ။ ကျွန်တော် အလုပ်ထွက်စာတင်ပြီးတာနဲ့ ရွာက ကျွန်တော့်အဖေဆီ စာတစ်စောင်ရေးပို့ပါတယ်။
ကျွန်တော်အလုပ်ထွက်ရခြင်းကို ကျွန်တော့အဖေ နားလည်စေဖို့ပါ။ အဓိကအကြောင်းပြတာကတော့ ကျွန်တော် အင်ဂျင်နီယာလုပ်ပြီး ပြည်သူ့ဘဏ္ဍာကို မခိုးချင်တော့ကြောင်း၊ လုပ်တာတမျိုး၊ စာရင်းပြတော့တစ်မျိုးဆိုတော့ မုသာဝါဒကံပါ ချိုးဖောက်နေသလိုဖြစ်လို့ အလုပ်ထွက်လိုက်တာဖြစ်ပါကြောင်း၊ ဒီလိုမခိုး၊မလိမ်ညာဘဲ ဘဝကိုရပ်တည်လို့ရမယ်လို့ ယုံကြည်ကြောင်းတွေ ရေးလိုက်တာပါ။ အဖေလည်း ကျေနပ်မှာပါလေ။
      2009 ခုနစ် ရန်ကုန်မှာ ကျွန်တော့်ကို Staad. Pro သင်ပေးတဲ့ ဆရာမလေးက သူ့အကြောင်းကို ပြောပြပါတယ်။ ကျနော့်ထက် အသက် ၁၀ နှစ်လောက် ငယ်ပါတယ်။ သူ့အဖိုး၊ သူ့အဖေလည်း အင်ဂျင်နီယာတွေဖြစ်ကြောင်း။ ဆည်မြောင်းနဲ့ ဆောက်လုပ်ရေးဌာနတွေမှာ ဝန်ထမ်းတွေ လုပ်ခဲ့ကြပြီး သူ့ကိုတော့ ဝန်ထမ်းမလုပ်ခိုင်းလို့ အခုလို ရန်ကုန်မှာလာပြီး အချိန်ပိုင်း သင်တန်းဆရာ
လုပ်နေကြောင်းပြောပါတယ်။  သူဘာကိုဆိုလိုတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ အဲဒီ 2009 က ကျွန်တော် ဝန်ထမ်းက ထွက်တဲ့နှစ်ပါ။ အခု ကျွန်တော် အပြင်က ပုဂ္ဂလိက အဆောက်အဦးတွေ လိုက်ဆောက်းပေးတယ်။ ကြိုက်ရောင်း၊ ကြိုက်ဝယ်ဘဲ။ ဘာမှ ခိုးစရာ၊ လိမ်စရာ မရှိတော့ဘူး။ ဘယ်သူ့မှ မပေးချင်ပေးချင်နဲ့ ပေးရတဲ့ percentage တွေလည်း မရှိဘူး။ ရှင်းတယ်။ ဘဝဆိုတာ အရှုပ်ထဲမှာ ရှင်းအောင်နေတတ်ရမယ်လို့ မဟာမြိုင်ဆရာတော် ရေးတဲ့ စာအုပ်မှာ ဖတ်ဖူးပါတယ်။
     စာဖတ်ပေးသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။ များများလည်း share ပေးကြပါ။ မျိုးဆက်သစ်တွေအတွက်ပေါ့။
     
             အိပ်မက်လှလှလေးတွေ မက်ပါစေ။

Crd. .M Swe Fone

Credit # Sayar Kaung

Photo # ဉာဏ်နိုင်

Saturday, December 21, 2019

ကျပ်၁ထောင်တန် ငွေစက္ကူ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပ်ုံနဲ့

ကျပ်၁ထောင်တန် ငွေစက္ကူ ဗိုလ်ချုပ်အောင်ဆန်း  ရုပ်ပ်ုံနဲ့ 4-1.2020 မှာ စတင်ထုတ်ဝေမဲ့သတင်းကို ကြိုဆိုရပမယ်။ မြန့်ငွေကြေးမှာ တိရိစ္ဆာန် မျာပဲ ထည့်သွင်း ရခြင်းများကို ပြုပြင်ပြောင်းလဲခင်းပါပဲ.။
https://www.mrtv.gov.mm/mm/news-60816
.
ဒေါက်တာကျော်ဆွေ ရဲ့ စိုးရိမ်စွာတင်ပြချက်က ဘာပဲဖစ်ပါစေ အလွန်ဗဟုသုတရဖွယ် ငွေစက္ကရိုက်ထုတ်တဲ့ နည်းစနစ်နဲ့ နိုင်ငံတကာ လိုက်နာရတဲ့ ဘဏ္ကာရေး နည်းစနစ်၊ ကျင့်ထုံးများ ကို လေ့လာနိုင်ပါတယ်။ images များကို ဖတ်ရှု နိုင်သလို Web Link မှလည်း ရနိုင်ပါတယ်။
http://burmachannel.website/archives/359

Friday, September 13, 2019

လူလိမ်တင်ထွန်း (အင်ဂျင်နီယာအတု၊ စစ်ဗိုလ်အတု)

လူလိမ် တင်ထွန်
း
အဂတိကော်မရှင် က (ရာထူးမရှိတော့တဲ့) လူလိမ် ကိစ္စတွေကို အရေးယူပေးဖို့ ..အရမ်းခက်တယ် လေ။ ရာထူးဝန် ကို တိုင်တဲ့ကိစ္စ.. အဂတိက အရေးယူမရပါ အကြောင်းပြန် ပြီး..သမ္မတရုံးက ပြည်ထောင်စုဝန်ကြီး 3ဦးနဲ့ စုံစမ်းကော်မတီ က ခေါ်ပြီးစစ်တယ်။ စာနဲ့ ပြင်းထန်စွာ သတိပေးလိုက်တယ်.. လို့ သမ္မတရုံး ပြောဆိုခွင့်ရှိသူ ဦးဇော်ဌေးက (အရင်လက) သတင်းစာရှင်းတယ်။ ..

အဲဒီလူ တင်ထွန်း က ၂၀၀၆ တုန်းက သူ့ကားပေါ်မှာ စစ်အုပ်ထုပ်တင်.. ကားထိုင်ခုံပေါ် ဗိုလ်မှုးကြီး စစ်အကျီင်္ စွတ်ထားပြီး..ကျနော့်မိတ်ဆွေတယောက်ကို သိန်း၁၀၀ ဖိုး ကျွန်းသစ် ကွန်တိန်နာ ၃ခုစာ လိမ်သွားတယ်။ နောက် နှစ် မကြာခင် အင်ဂျင်နီယာကောင်စီက လူကြီးလူကောင်း တွေနဲ့ စားသောက်ဆိုင်မှာ ဆုံတော့ ဟာ အစ်ကိုရေ..ဆိုပြီး (မျက်နှာပြောင်) ထလာ နှုတ်ဆက်တယ်။ အဲဒီ ၂၀၀၆ ကတည်းက ဗိုလ်မှုးကြီး အယောင်ဆောင်ပြီး အပြောကောင်း အမူယာကောင်း နဲ့ လိမ်စားနေတာ။ အဲဒီ သိန်း ၁၀၀ အလိမ်ခံရသူ စီးပွားရေးသမား ခမြာလည်း လူလိမ်တင်ထွန်းကို တရားစွဲဖို့..အဂတိကော်မရှင် တိုင်ဖို့ မလုပ်ချင်ဘူး။ သိန်း ၁ထောင် အလိမ်ခံရသူ လဲ. သူကိုယ်တိုင် တွေ့ လိုက်ရတော့. "ငါက တော်သေးတယ် " ပဲ ဖြေသိမ့်. သင်ခန်းစာ ယူ လိုက် ပါ တယ် လို့ ပြောပြတယ်။ ..
.
အခု အဲဒီလူ သူလိမ်ပြီး ရတဲ့ငွေတွေ.. ပါနီထဲကရေ ပါနီထဲ ရောက်သွားပြီလို့.. ကြားရတယ်..တဲ့။ Engineer Never Fail ဆိုသူလည်း တင်ထွန်းကိစ္စ မပြော မရေး.. မိမိ စီးပွား အမြတ်စွန်းရဖို့ပဲ စိတ်ဝင်စားကြတယ်။ နစ်နာသူတွေကတောင် တရားမစွဲဘူး။ အင်ဂျင်နီယာ ကောင်စီ က လိမ်လည်မှု 420 နဲ့ တရားစွဲထားတယ် ပြောတယ်။ ရှောင်နေမှာပါ။ ပိုင်မှပဲ တိုင်ရမယ် ထင်ပါတယ်။

ဒီအတိုင်းပဲ ထားရမလား။ အဂတိ ကော်မရှင် က တိုင်ရင် အရေးယူဖွယ် ရှိပါသလား။ တိုင်စာကြမ်း နဲ့ Catch Me If You Can.Pdf ဖိုင် မှာ ပုံမှာ ရေးထားတဲ့ အကြောင်းအရာများ၊ လက်ရှိ အခြေအနေ လိမ်လည်မှု ဖိုးတွမ်တီး နဲ့ အင်ဂျင်နီယာကောင်စီ က တရားစွဲဆိုထားကြောင်း ကောင်စီလူကြီးတစ်ဦးက သတင်းကေးပါတယ်။

အဂတိကော်မရှင် ဆီ တရားဝင် တိုင်စာ ပို့လဲ အလကား ဖြစ်မလား?။ တိုင်ရင် ဘယ်သူ လက်မှတ်ထိုး နိုင်သူများ ကွန်မင့် မှာ
.
အမည်
BE ဘွဲ့ ရ မေဂျာ၊ ခုနှစ်
TU အမည်

များကို မန့်ပြီး ဝန်းရံပေးပါရန် မေတ္တာ ရပ်ခံပါတယ်။

Zaw Aung
BE (Ec) 1985
RIT
12.9.2019

ဆက်ဖတ်ရန်လင့် (web)
https://engrmyanmar.blogspot.com/2019/01/blog-post.html?m=1

Thursday, August 29, 2019

စက်မှု ဝန်ကြီးဌာန အစီရင်ခံစာ သြဂုတ် 2019

စက်မှုဝန်ကြီးဌာန အကြောင်း Aug.2019
တာဝန်သိ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်မှာ ရေးကြ၊ ပြောကြ၊ အဆိုတင်သွင်းကြတယ်။ NLD အစိုးရလက်ထက် စက်မှု ဝန်ကြီး အနားပေးခံရပြီး စီမံဘဏ္ဍာ ဌာနက Reform ဆက်လုပ်နေတယ်။ ဒုဝန်ကြီး အသစ် လူငယ်ပညာတတ် စီးပွား ပညာရှင် ကို ခန့်အပ်တာ ကြိုဆိုကြတယ်။
.
စက်မှု ဝန်ကြီးဌာန ဝန်ထမ်း၃၉ဝဝဝကျော် နဲ့
ရပ်န၊းစက်ရုံဝန်ထမ်း၁၀၀၀၀ကျော်၊ လစာ ပင်စင်စရိတ် နှစ်စဉ် ကျပ် 75 ဘီလျံပဲ ရှိတာ နည်းပါတယ်။ 2019-2020 ဘတ်ဂျတ်မှာ ကျပ် 300 ဘီလျံ ရယူထားတာ ဝန်ထမ်းစရိတ် နဲ့ (တရုပ်)အကြွေးဆပ် သုံးစွဲ နေတာပါ။
.
ဒီပို့စ် က ဦးဘိုကြည်(မြင်းခြံ) အမတ်ရဲ့ အစီရင်ခံစာ အကြောင်း အရှင်တေဇနိယ(မန်းတောင်ခြေ) ပို့စ် တင်ထားတာ ဖြစ်ပါတယ်။
.===========
.
အဆင်းရဲဆုံးနိုင်ငံနှင့်ဘီလျံနာသူဌေးကြီးများ
*******************************
စက်မှုဝန်ကြီးဌာနလက်အောက်မှာ
စက်ရုံပေါင်း(၁၁၃)ရုံရှိတယ်။

ပုဂ္ဂလိကနဲ့ဖက်စပ်(၅၇)ရုံ/နိုင်ငံပိုင်(၅၆)ရုံရှိတယ်။
နေ့စဉ်အရှုံးပေါ်နေတဲ့စက်ရုံ (၂၂)ရုံရှိတယ် ။

စက်မှုဝန်ကြီးဌာနမှာဝန်ထမ်း၃၉ဝဝဝကျော်ရှိတယ် ။
စက်ရုံဝန်ထမ်း၁၀၀၀၀ကျော်ဟာအလုပ်ရပ်ထားရတယ် ။
နှစ်စဉ်ဝန်ထမ်းလစာကျပ်(၅၀)ဘီလျံနဲ့
ပင်စင်လစာကျပ်(၂၅)ဘီလျံရှိတယ်။

၂၀၁၉/၂၀ဘဏ္ဌာနှစ်မှာစက်မှုဝန်ကြီးဌာနက
နိုင်ငံခြားအကြွေး၁၄၈ဘီလျံဆပ်ရမှာမို့
တစ်ရက်သန်း၄၀၀အကြွေးဆပ်နေရတဲ့သဘောဖြစ်တယ်။

အမှတ်(၁) မြင်းခြံသံမဏိစက်ရုံဟာ
ရင်းနှီးမြုပ်နှံငွေကျပ်(၁၇၉၅၀၀.၅)သန်းရှိတယ်။
၂၀၁၇/၁၈ဘဏ္ဌာနှစ်မှာ
ကျပ်(၂၅၀၉၀.၄၉၂)သန်း အရှုံးပေါ်ခဲ့တယ်။

မြင်းခြံသံမဏိစက်ရုံကို
၂၀၁၇ ခုနှစ် ဧပြီလမှာကျင်းပတဲ့
ပြည်ထောင်စုလွှတ်တော်ရဲ့ဆုံးဖြတ်ချက်အရ
ရပ်ဆိုင်းခဲ့တယ် ။

မြင်းခြံသံမဏိစက်ရုံကိုမြင်ခြံမြို့အနီး
ဆားခါးကျေးရွာရှိ မြေဧက ၅၇၄.၂ဧကပေါ်မှာ
တည်ဆောက်ထားခဲ့တယ်။
စစ်ထောက်ချုပ်ဒုဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး. စက်မှု(၁)ဝန်ကြီးဦးအောင်သောင်းတို့၏
ကြီးကြပ်မှုဖြင့်ဆောက်လုပ်ခဲ့ခြင်းဖြစ်တယ်။

၂၀၀၉ ခုနှစ်မှာ စတင်တည်ဆောက်၍
၂၀၁၂ ခုနှစ်မှာ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး
၂၀၁၇ ခုနှစ်မှာ လုပ်ငန်းရပ်နားခဲ့ရတယ်။

အမှတ်(၁၄) အကြီးစားစက်ရုံသာဂရဟာ
ရင်းနှီးမြုပ်နှံငွေကျပ်(၁၂၉၆၉၅.၃၂)သန်းရှိတယ်။
၂၀၁၇/၁၈ ဘဏ္ဌာနှစ်မှာကျပ်(၃၉၇၆.၃၄)သန်း
အရှုံးပေါ်ခဲ့တယ်။

အမှတ်(၅) အထည်စက်ရုံပခုက္ကူဟာ
ရင်းနှီးမြုပ်နှံငွေကျပ်(၇၇၂၀.၁၁၆)သန်းရှိတယ်
၂၀၁၇/၁၈ ဘဏ္ဌာနှစ်မှာ(၂၈၇၀.၁၂)သန်းအရှုံး
ပေါ်ခဲ့တယ်။

စက်မှုဝန်ကြီးဌာန တစ်ခုတည်းရဲ့
နိုင်ငံတော်ဘတ်ဂျက် အရှုံးပြငွေဟာ…
၂၀၁၅/၁၆ မှာကျပ်သန်းပေါင်း ၈၉၄၇၁
၂၀၁၆/၁၇ မှာကျပ်သန်းပေါင်း ၉၄၈၅၀
၂၀၁၇/၁၈ မှာကျပ်သန်းပေါင်း ၆၆၂၆၆
အရှုံးပေါ်ခဲ့တယ်။

သတိပညာနဲ့ဆင်ခြင်လိုက်တဲ့အခါ…
သူတို့မိသားစုကဘီလျံနာသူဌေးကြီးတွေဖြစ်ကုန်ပြီးတိုင်းပြည်ကတော့အကြွေးဗလဝနဲ့ဆင်းရဲကျန်ခဲ့တယ်…

အနာဂတ်အမိမြေမှာ
အများပိုင်ပစ္စည်းဥစ္စာသယံဇာတတွေကို
သူတို့စိတ်ထင်တိုင်းခိုးယူလို့မရအောင်
ပြတ်ပြတ်သားသားတားဆီးကာကွယ်ဖို့ရာ
မြန်မာနိုင်ငံသူ/သားတိုင်းတာဝန်ရှိပါတယ်……

လူယုတ်မာတို့ဘေး ထာဝရ ကင်းဝေးပါစေ

အရှင်တေဇနိယ(မန်းတောင်ခြေ)

(ကိုးကား)
ဦးဘိုကြည်(မြင်းခြံ)၏(၂၇ - ၈ -၂၀၁၉ )၌
လွှတ်တော်သို့တင်ပြချက်အစီရင်ခံစာ
https://m.facebook.com/story.php?story_fbid=2224025144362632&id=100002655031423

#
...........
.
စီးပွားရေးပညာရှင်နောက်တစ်ဦးကို
စက်မှုဝန်ကြီးဌာနတွင် ဒုဝန်ကြီး တာဝန်ပေး
==================
.
လူငယ်လဲဖြစ်၊ ပညာဥာဏ် တော်တတ်နေတာ ကောင်းပါတယ်။ လေးစားဂုဏ်ယူပါတယ်။ ခေါင်းဆောင်ရဲ့ စိတ်ဓါတ်ကို ပိုတန်ဖိုး ထားရပါမယ်။
...
အစဉ်လေးစားဂုဏ်ယူလျက်ပါ ကိုစိုင်း(ခေါ်)ဒေါက်တာမင်းရဲပိုင်ဟိန်း။ Undergraduate ကို Cornell မှာ Full Scholarship နဲ့ယူပြီး။ Masters နှစ်ခုကိုတပြိုင်တည်း Yale မှာလုပ်။ Ph.D နှစ်ခုကိုလည်း (Ph.D in Sociology and Economics) တပြိုင်တည်း University of Wisconsin-Madison ကနေပြီးလာပြီး တိုင်းပြည်တိုးတက်အောင်ကြိုးစားနေတဲ့အကိုကြီးပါ။ ဘာသာစကား (၈) မျိုးကိုကျွမ်းကျွမ်းကျင်ကျင် ရေးတတ်၊ဖတ်တတ်၊ ပြောနိုင်တဲ့ ပုဂ္ဂိုလ်ပါ..ဆိုပဲ။
.
.
စက်မှု ဝန်ကြီးဌာန ဆိုတာ
မကြာခင် သမဝါယမ၊ ပြန်ကြားရေး ဌာနတွေလို ပုဂ္ဂလိက အများပိုင် လုပ်ငန်းများ အဖြစ် ပြောင်းလဲ နိုင်ချိန် မှာ ဖျက်သိမ်းရ မဲ့ ဝန်ကြီး ဌာန ပါ။ လောလောဆယ် ပုဂလိက မယူတဲ့ စက်ရုံများစွာ မြင်းခြံသံမဏိ ကဲ့သို့ စက်ရုံများ၊ ပွင့်ဖြူ၊ မိထ္တီလာ စတဲ့ ချည်မျှင်အထည်စက်ရုံ များ ၊ သာပေါင်း ပျော့ဖတ်စက်ရုံ၊ ပုသိမ်မှန်စက်ရုံ၊ စစ်တောင်းစက္ကူစက် စတဲ့ ရပ်နားထားတဲ့ ဝန်ထမ်းပေါင်း သိန်းချီ ရှိနေပါတယ်။ စက်မှု ဝန်ကြီးဌာန ရဲ့ နှစ်စဉ် ဘတ်ဂျတ် ကျပ်ဘီလျံ ၃၀၀ ကျော် (us$200 million per year) က ဝန်ထမ်း လစာ ချည်း ပဲ ဖြစ်ပါတယ်။
.
စက်ရုံနဲ့ ဝန်ထမ်းများကို မအားမလပ်အောင်၊ သန့်ရှင်းရေး၊ နေ့စောင့်၊ ညစောင့်၊ သင်တန်းအမျိုးမျိုး ပေးနေရပြီး ဠေံပစ်လို့ ရမဲ့ စက်ပစ္စည်း တွေကို တင်ဒါခေါ် ရောင်းချ နေရပါတယ်။ စက်ရုံ အားလုံး ဟာ အဟောင်းဈေးနဲ့ ရောင်းချပြီး ရင်းနှီးမြှတ်နှံ မဲ့ ကုမဏီ ရှာဖွေနေပါတယ်။ စက်မှု စီမံကိန်း အများစုက စီမံဘဏ္ဍာ ဝန်ကြီး ဌာနနဲ့ တွဲလုပ်ကိုင်ရလို့ စီမံဘဏ္ဍာ ဝန်ကြီး ဦးစိုးဝင်း က တွဲဖက် တာဝန် ယူ တယ် လို့ သမ္မတရုံး က သတင်းစာ ရှင်း ပါတယ်။
...
စက်မှု ဒုဝန်ကြီး အသစ်
ခေါင်းဆောင်ကောင်း ဖြစ်မယ် မျော်လင့်ပါတယ်။
.
.
နိဂုံး သုံးသပ်ရရင်
.
လွှတ်နော်ကိုယ်စားလှယ် က ပွင့်လင်းစွာ တင်ပြတဲ့ အစီရင်ခံစာမှာ ဝှက်ထားတဲ့ စီမံကိန်း ငွေတွေ၊ လုပ်ငန်းတွေ၊ အာဏာပိုင်တွေက ငှါးစား၊ ရောင်းစားထားတဲ့ စက်ရုံ.တိုက်တာ.အိမ်ခြံမြေ များစွာ ရှိနေမှာပါ။ ဒါတွေကို ဖော်ထုတ်ဖမု့ မလွယ်သေးပါ။ ရန်ကုန်မြို့ လယ်ခေါင်မှာ ဌာနဆိုင်ရာ အဆောက်အဦ ခြံဝင်းများကို ရာထူးကြီးငယ် အလိုက် အပိုင်ရသကဲ့သို့ ဆွေမျိုးဆက် ရယူ နေထိုင် ငှါးစား နေတာ အများကြီးပါ။ အဆိုးဆုံး ကတော့ ယခု us$ billion မီရထား ရှော့ပင်စင်တာ၊ ကွန်ဒို၊ ရုံးအဆောက်ဦ စီမံကိန်းကြီး ဖြစ်ပါတယ်။ ထားပါတော့။
.
စက်မှု ဝန်ကြီးဌာန အမြတ်စွန်း ရတဲ့ စက်ရုံနွေတော့ ပုဂလိက (or) ဦးပိုင်. MEC ယူသွားပြီး၊ မြင်းခြံ သံမဏိ စက်ရုံကို စီမံကိန်းတွေ ပြစား နေတာ နှစ်အတော်ကြာပါတယ်။ ချီးထုပ်ကြီး နံစော်လာချိန် မှ စက်မှု ဝန်ကြီး ဌာနကို ပြန်လွှဲ ပေးတယ်။ Gun Shoot ဆိုတဲ့ (စိတ်တိုနေတဲ့) တပ်မတော်သား. ခြေကျိုး ဒုက္ခသည်များစွာ. . အပြစ်နဲ့ အရပ်ဖက်ပြောင်းခံရသူ.  ရဲ့ နားခိုရာ ဖြစ်တယ်။ ဒီစက်ရုံ ကြီးက ဟိုး..ဦးမေဝင်း မ.တ.လ ခေတ်ကတည်းက အီတလီ နိုင်ငံ ကနေ အသစ်ချက်ချွတ် ဝယ်ယူထားတယ်။ န.ဝ.တ ခေတ်လည်း ပြစား၊  န.အ.ဖ ခေတ်လဲ လည်းမပြီး။ .ဦးသိန်းစိန် ၅နှစ် အစိုးရ မှာတော့ စက်မှု ဝန်ကြီးဌာန ပေါက် ပြန်ရောက်လာပြီး ဂွင်တွေ ပျောက်ကုန်တယ်။ ကန်ထရိုက်တာ က အေရှားဝေါ (စတီဖင်လော) ကုမဏီ တဲ့။ အထက်မြန်မာပြည် ကားဟောင်း အားလုံး မြင်ခြံမှာ သံရည်ကြိုဖို့ ရောက်နေတယ်။ ကိုးရီးယားက ဖိကြိတ်သံတွေလဲ ဝယ်ပြီး အရည်ကြိုဖို့ လုပ်နေတယ်။ သံပိုက်ကအစ မော်တော်ကား အထိ ထုတ်ဖို့ အီတလီကို ပညာတော်သင် အများအပြား စေလွှတ်တယ်။ ပညာတော်သင် ခရီးက ပြန်လာသူ အားလုံးနီးပါး အလုပ်ထွက်ကြတယ်။ စက်ပစ္စည်း ကွန်တိန်နာ ရာချီပြီး မဖွင့်ဖော်ပဲ နှစ်ပရိစယျ များစွာ မိုးလေ ဒဏ်ကြောင့် ပျက်စီးမေကြတာ.. အခုထိ အကြွေး ကျပ် 179 ဘီလျံ နဲ့ နှစ်စဉ် ကျပ် 25 ဘီလျံ ရှုံးနေ ပါတယ်။
.
ဒီအကြောင်း ဆောင်းပါး ရေးဖူးတယ်။ အခု မြင်းခြံ အမတ် ဦးဘိုကြည် ထပ်မံ အစီရင်ခံစာ ရေးတယ်။ တင်ပြတယ်။ ငယ်ရွယ် လန်းဆန်းတဲ့ လူငယ် (World Class) မြန်မာ ပညာရှင်များကို လစာ စရိတ် ထိုက်တန်စွာ ပေးပြီး ခေါ်ယူရမယ်။ အခု ဒုဝန်ကြီး န်ုန်ုင် @မင်းရဲပိုင်ဟိန်း က အစခရီး ဖြစ်တယ်။
.
စက်မှု ဝန်ကြီး ဌာန ဝန်ထမ်း လစာစရိတ် နဲ့ ပင်စင် ကျပ် 75 ဘီလျံ ဆိုတာ မြင်းခြံ တစ်ခုတည်း ဖြစ်မယ်။ စုစုပေါင်း ဝန်ထမ်း 5 သောင်း ကို တလ 2 သိန်း ဆိုရင် တနှစ် 24 သိန်း ကုန်မယ်။ အားလုံးအတွက် လစာချည်းပဲ သိန်းပေါင်း 24 x 50000=ကျပ်ဘီလျံ 120 ကုန်မယ်။ ဒါကြောင့် စက်မှု ဝန်ကြီးဌာန ဘတ်ဂျတ် ကျပ် 300 ဘီလျံမှာ တဝက်က ဝန်ထမ်းလစာနဲ့ပင်စင်၊ အခြားတဝက်က အကြွေးပြန်ဆပ်ငွေ ဖြစ်မှာပါ။
.
ဒါတွေ (ချီးထုပ်ကြီး 3ခု.. မြင်းခြံ သံမဏိ၊ သာဂရအကြီးစားစက်ရုံ၊ ပခုကူ အထည်စက်) တွေကို ရှင်ရမှာပါ။

စက်မှု ဝန်ကြီးဌာန သာမက ပိုလျံဝန်ထမ်း သိန်းချီ ပြသနာ. 2021 နောက်ပိုင်း 2nd state reform ဖြစ်လာပါမယ်။ ပိုလျံဝန်ထမ်းများစွာ ရော်ကြေးပေး ပင်စင်ပေးခံရလို့ ဆူပူကြဦးမယ်။ အစိုးရလုပ်ငန်းတွေ ကော်ပိုရိတ် လုပ်တာ အောင်မြင်ပါစေ ဆုတောင်းတယ်။ စက်မှု ဒုဝန်ကြီး အသက်41 နှစ် စီးပွါး ပညာရှင် နဲ့ စီမံဘဏ္ဍာ ဌာန ဆက်လုပ်ကြမယ်။ လောလောဆယ် စက်မှု ဘတ်ဂျတ်ငွေ (မှန်းချေ) ကျပ် 300b လောက် ကလဲ ရပ်ထားတဲ့ စက်ရုံတွေရဲ့ ဝန်ထမ်းလစာ နဲ့ အကြွေးပြန်ဆပ် တာတွေပဲ.. ကုန်ကျနေရတယ်။
TSP Industry
29.8.2019
.
.
Ref Link
စက်မှု ဒုဝန်ကြီးခန့်အပ်
https://m.facebook.com/story.php?story_fbid=10156769255398472&id=755653471

2017 ဆောင်းပါး
https://engrmyanmar.blogspot.com/2017/03/blog-post_19.html?m=1

Monday, April 8, 2019

ရဲလင်းဗိုလ် ရေအားလျှပ်စစ် FB Group

Hydropower Equation
**********************
Power in kilowatts can be determined by the following equation:

kW = H x Q x 62.4 x 0.746 ÷ 550 x e

where

H = head, in ft.

Q = flow, in cubic ft. per second

62.4 lbs. = weight of 1 cubic ft. of water

0.746 kW = 1 hp

550 foot-lbs./sec. = 1 hp

e = an overall efficiency factor* (usually 0.5 for small microhydro systems)

Combining and reducing all these factors results in the following equation:

kW = H x Q ÷ 24, when using cfs; or

W = H x Q ÷ 12, when using gpm

*Note that the efficiency factor can range from 9 for larger AC systems to 13 or more for smaller battery-based systems, and will need to be estimated for your specific site.

Discharge formula for the fluid flow is based on conservation of mass that is continuity equation.

Q=A×V

Where Q is discharge

A is area of cross section

And V is the velocity of fluid

For different cross sections the formula varies accordingly.

===============
.
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(MOEE) Ministry of Electricity and Energy အား ဌာနကြီး(၄)ခု၊ လုပ်ငန်းကြီး(၅)ခု နှင့် ကော်ပိုရေးရှင်း(၂)ခု တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပါသည်။

၁။ (Department)ဌာနကြီး(၄)ခု -
     1-DEPP (လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန)
         (Department of Electric Power Planning)

     2-OGPD(ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန)
        (Oil and Gas Planning Department)

     3-DPTSC
        (လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန)
        (Department of Power Transmission and
          System Control)

     4-DHPI
       ( ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန)
       (Department of Hydropower Project
         Implementation)

၂။ (Enterprise)လုပ်ငန်းကြီး(၅)ခု -
     1-EPGE(လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း)
        (Electric Power Generation Enterprise)

     2-ESE(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)
        (Electricity Supply Enterprise)

     3-MOGE(မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း)
        (Myanmar Oil and Gas Enterprise)

     4-MPE(မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း)
        (Myanmar Petrochemical Enterprise)

     5-MPPE
        ( မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း)
        (Myanmar Petroleum Product Enterprise)

၃။ (Corporation)ကော်ပိုရေးရှင်း(၂)ခု -
     1-YESC
        (ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)
        (Yangon Electricity Supply Corporation)

     2-MESC
        (မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)
        (Mandalay Electricity Supply Corporation)
.

Saturday, April 6, 2019

အကောင်းမြင်ချက်. Myanmar Politic 2018.may

အကောင်းမြင်ချက်
ကျနော် ရေးချင်တာကိုလဲ လူတွေနားမလည်ဘူး။ ဒါလဲ ကျနော့်  အားနည်းချက်ပါပဲ။  အခု မြန်မာနိုင်ငံမှာ ဦးသိန်းစိန်ခေတ်ကတည်းက အားလုံးနီးပါး မြေရရှိရေး (မောင်နှမတွေ ဘိုးဘွားပိုင်မြေခွဲယူဖို့ .. အစိုးရအရာရှိဆိုရင်လဲ ဌာနပိုင်မြေကို ငှားဖို့) ဒါပဲ စိတ်ဝင်စားနေကြတာလဲ ၀မ်းနည်းစရာပါ။ အကြမ်းဖျင်းသုံးသပ်ကြည့်ရင်..။
.
၂နှစ်ခွဲအတွင် အထိရောက်ဆုံးလုပ်ရပ်တွေက
.
* တိုင်းရင်းသားလက်နက်ကိုင် အားလုံးကို ပွင့်လင်းစွာ ပြောလာအောင် လမ်းဖွင့်ပေးတယ်။ ပြောချင်တာ ပြောလိုက်၊ ရေးပြလိုက်တော့ တင်းမာမှု အတိုင်းတာတခု အထိ ရော့ ကျသွားပါတယ်။ ၂နှစ် အချိန်ပေးလိုက်ရပါတယ်။
.
* ပညာရေးစနစ်မှာ ဆရာတွေကို နေ့တွက်အနည်းငယ် ပေး၊ လုပ်ပိုင်ခွင့်ပေး၊ ရာထူးတိုးဖို့ ပွင့်လင်းမြင်သာအောင်လုပ်ပေးပြီး၊ ဘတ်၈ျတ်ကို မိုဘိုင်းဖုန်း ၅% ထည့်၊ 3% to 7.1% of Budget  တိုးပေးပါတယ်။ ကလေးတွေကို ကျောင်းစိမ်း၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နဲ့စာရေးကရိယာများ အခမဲ့ ပံ့ပိုးတယ်။  ၁၀တန်းအထိ မအောင်မနေရ . အဆင့်၁ ၂ ၃ စနစ် ကနေ Grade A, B, C, D ပြောင်းပေးလိုက်တော့ မိဘတွေ ကျောင်းအုပ်၊ အတန်းပိုင်ဆရာတွေကို လာပ်ပေးစရာမလိုတော့ပါ။ ဆရာတွေ ကျူရှင်ပြတာ ၀ိုင်းလောက်ပဲ ရှိတော့မယ်။ ဆရာတွေ အင်္ဂလိပ်စာ သင်တန်းပို့ချနေတာပါ။ ကလေးတွေတော့ မတတ်သေးပါဘူး။ ဂျပန် သင်ရိုး ပထမတန် စတင်နိုင်တယ်။၊ ဒုတိယတန်းတွေ ဒီနှစ်စပါမယ်။ ဒါက ရေရှည် မြန်မာနိုင်ငံရဲ့ အဆိုးဝါးဆုံး စိတ်ဓါတ်တွေ ပျက်စီးနေတာကို ကျောင်းဆရာ ၄သိန်း ကိုပဲ စတင်ပြောင်းလဲ ဖို့ ကြိုးစားပါတယ်။ တက္ကသိုလ် ဆရာတွေကတော့ သိပ်မထူးခြားပါ။ ကျောင်းသား မိဘချမ်းသာသူတွေက ဆရာမတွေကို လာပ်ပေးနေဆဲပါပဲ။ ကျောင်းသားတွေ အရက်၊ မူးရစ် နဲ့ မပျက်စိးအောင် ကလေးထိန်းခ တဲ့။
.
* တရားရုံးတွေက အဂတိအလွန်များလို့ အမြင့်ဆုံး တရားသူကြီးချုပ်အဖွဲ့ကို လူတွေလဲခြင်း၊ လူသစ်၎ယောက်ထပ်ဖြည့်ခြင်း တွေကလဲ ချီးကျူးစရာပါ။
.
* မြေသိမ်း အမှုတွေကိုလဲ တရားရုံးမသွားပဲ မြေယာကော်မတီနဲ့ ပြီးပြတ်အောင်လုပ်နေကြပါတယ်။ လွှတ်တော်က အစိုးရကို မောင်းနှင်နိုင်ခဲ့တယ်။
.
* ၂နှစ်ကျော်အကြာမှာ သမ္မတဦးဝင်းမြင့် တက်လာပြီး၊  လွှတ်ထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းဒေသ ၀န်ကြီးချုပ် နဲ့ ၀န်ကြီးတွေကို ..ပိုင်ဆိုင်မှု ကြေငြာခိုင်ပါတော့တယ်။ အဂတိလည်း စတင် အရေးယူပါတော့တယ်။ ပြည်ထောင်စု ၀န်ကြီးအဆင့်ထိ အရေးယူနေတဲ့ အခြေအနေရောက်နေပါတယ်။
.
* စီးပွားရေး ကတော့ ဦးအောင်နိုင်ဦး တို့ ကုမဏီမှတ်ပုံတင်ခြင်းနဲ့ ရင်းနှီးမြှတ်နှံမှု ဌာနက ဥပဒေတွေ အများကြီးရှော့ ပေါ့ပေးလိုက်ပါတယ်။ စိုက်ပျိုးမွေးသမျှ ..တိုးတက်နေတဲ့ တရုပ်နိုင်ငံကြီးက ၀ယ်စားနေတော့ ဆန်တောင်မှာ မြန်မာသမိုင်းတွင်အောင် အများဆုံး တင်ပို့နိုင်ပါတယ်။
.
* Corruption Index ဆိုတဲ့ အဂတိအညွန်း တော်တော်လေး တိုးတက်လာပါတယ်။ ၂၀၁၁ တုံးက အဆင့် ၁၇၀ (ရမှတ် ၇) ကနေ ၂၀၁၇ မှာ အဆင့် ၁၃၀ (ရမှတ် ၃၀) တိုးတက်လာတာ အံ့သြစရာ လုပ်ရပါ။
.
.
အားနည်းချက်တွေကတော့
အများကြီးပါ။ စစ်တပ်ကို ခေါင်းဆောင်ပိုင် ရင်ကြားစေ့စပ်နိုင်ပုံ ရပေမဲ့ လွှတ်တော်ကိုယ်စားလှယ် အဆင့်တောင် စစ်တပ်ကို မနိုင်သေးပါဘူး။ အလုပ်အကိုင်တွေလဲ နည်းပါးနေဆဲ၊ ဆင်းရဲမွဲတေလွန်းတာ ၀ိသမ ငွေချေးစားသူများကို မထိန်းနိုင်သေးဖြင်း ကြောင့်ပါ။ အဂတိ တိုက်ဖျက်ရေးကို ဥက္ကဌ ဦးအောင်ကြည် အဖွဲ့သစ်နဲ့ လှုပ်ရှားနေပြီး FDA ညွန်ချုပ် (မိုးကျကိုယ်တော်) ကို ဖမ်းဆီးနိုင်ပေမဲ့ ငါးကြီးကြီး ကြော်ဖို့တော့ မလွယ်သေးပါဘူး။ ဦးသိန်းစိန် ခေတ်မှာ ရာထူးချ၊ နယ်ပြောင်း၊ အလုပ်ထုတ် ဒါတွေပဲ လုပ်ပြီး အရေးယူ၊ ထောင်ချ၊ ပိုင်ဆိုင်မှုသိမ်း မလုပ်နိုင်သလို ဒေါ်အောင်ဆန်းစုကြည် ၂နှစ်ခွဲ ကာလမှာလဲ မလုပ်နိုင်သေးပါဘူး။ ထွက်ပြေးနေတဲ့ တရားသူကြီးတွေ၊ မြေစာရင်းအရာရှိတွေ များပါတယ်။
.
တောင်သူတွေကို ငွေတိုးချေးစား နေတဲ့ ငွေရှင်များကို မထိန်းကွပ်နိုင်ပါ။ စိုက်ပျိုးစရိတ် ချေးငွေများအစား စိုက်ပျိုးပစ္စည်း ၀ယ်ယူတဲ့ တိုကင် ပေးနိုင်ရင် တောင်သူများ ငွေရလို့ ဖြုန်းတီး၊ ပျော်ပါး ခြင်းများကို ကာကွယ်နိုင်မှာပါ။ ရိတ်သိမ်းချိန်လွန် နည်းပညာ (ကုန်လှောင်ရုံစနစ် နိုင်ငံတော်က ရင်းနှီးမြှတ်နှံရင်) စပါး၊ ပဲ ပွဲစားများကြောင့် တောင်သူများ နစ်နာမှုတွေ ကာကွယ်နိုင်မှာပါ။ တောင်သူများလည်း သူတို့ဒေသတွေမှာ အဖွဲ့စည်းနဲ့ လုပ်ကိုင်တတ်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှုးများကို မောင်းနှင်ဖို့လိုပါတယ်။ ရပ်ကျေး အုပ်ချုပ်ရေးမှု ရွေးကောက်ပွဲများမှာ ပညာတတ်များ ၀င်အရွေးမခံပဲ၊ ၁၀တန်းမအောင်သူများပဲ လုပ်နေဆဲပါ။ ရန်ဖြစ်၊ မူရစ်၊ လောင်းကစား၊ အရက်၊ လူမှုရေးတွေချည်း ဖြေရှင်းနေရလို့ အရည်အချင်းရှိသူများက ရပ်ကျေး အုပ်ချုပ်ရေးမှု (ထွေအုပ်) မလုပ်ချုင်ကြပါ။
.
ခြုံကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည် ကို ဆက်ခံနိုင်မဲ့ လူမရှိပါ။ အမှားတွေ အများကြီး ရှိပေမဲ့ သူ့လူတွေကလဲ လူသစ်တွေချည်းပါပဲ။ စစ်တပ်က ခံနေတော့ နောက်ကွယ် လက်မဲကြီးတွေ ရဲ့ ခရိုနီလုပ်ငန်းများက ပန်းပန်နေဆဲ ဖြစ်ပေမဲ့ ၂၀၁၈ မတ်လ နောက်ပိုင်း ခေါင်းဆောင်တွေ ခေါင်မိုးလုံဖို့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးဝင်းမြင့် ကို တာဝန်ပေးနေတာ .. အောင်မြင်ပါစေပဲ မျှော်လင့်ပါတယ်။ ကျနော် အမြင်ကတော့ (အကောင်းမြင်စိတ်၊ ဒေါ်အောင်ဆန်းစုကြည် ကြည်ညိုစိတ်) နဲ့ဆိုတော့ အခြေအနေ ကောင်းနေတဲ့ ပုံပါပဲ။
.
ကျွန်တော်လို စီးပွားရေး ပညာရှင်မဟုတ်သူက နောက်ဆုံးသုံးသပ်ချက်ကတော့ ကြွေးမြီ (ပြည်တွင်း၊ ပြည်ပ) နဲ့ ဂျီဒီပီ အချိုးက ၃၈.၀ ထက် ရော့ နည်းသွားတာပဲ ၀မ်းသာစရာပါ။ ချေးငွေ ပီပီပီ နိုင်ငံခြားရင်းနှီးမှျုွှေကို ကုန်ထုတ်လုပ်ငန်း ဂျီဒီပီ နဲ့ လျှပ်စစ်၊လမ်းတံတား တွေမှာ အကျိုးရှိအောင် သုံးနိုင်ဖို့လိုပါတယ်။ အဂတိ နည်းပါးရေးပဲ အလွန်အရေးကြီးနေပါတယ်။ အောက်ခြေ ၀န်ထမ်းများကို ပေးရတာ အရေးယူစရာမလိုပါ၊ ခေါင်မိုးလုံအောင် ပြည်ထောင်စုအဆင့် ၀န်ကြီး၊ တိုင်းဒေသ ၀န်ကြီးချုပ်နဲ့ဝန်ကြီးများကို ရိုးသားကြိုးစားရုံမက၊ ထက်မြတ်တဲ့ အကြံပေးပုဂ္ဂိုလ်များ ပံ့ပိုးပေးဖို့လိုပါတယ်။ သူတို့မှားယွင်း သုံးသပ်ခြင်း၊ အဂတိပါရှိခြင်း တွေက ဘတ်ဂျတ်ရဲ့ ၅% ကနေ ၁၀% အထက် အများကြီး နစ်နာ သွားနိုင်ပါတယ်။
.
ပုံ - ၂၀၁၁ မှ ၂၀၁၇ အထိ ကြွေးမီနှင့် ဂျီဒီပီ အချိုး ၊ ပြည်ထောင်စုလွှတ်တော် ငွေကြေးပူးပေါင်းကော်မတီ မှ အစီရင်ခံစာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် ၀က်ဆိုဒ်မှာ အလွယ်တကူ ပွင့်လင်းမြင်သာစွာ ဒေါင်းလုပ်နိုင်ပါတယ်။
.
Ref,
https://m.facebook.com/story.php?story_fbid=10155769901973472&id=755653471
.

မြစ်ဆုံရေကာတာ..2018.2019

မြစ်ဆုံရေကာတာ
ကျနော်တို့ မြစ်ကြီးနားမြို့ မိဖ လူအားလုံးနီးပါး က ကန့်ကွက်တယ်။ အထပ်၅၀ (ပေ၅၀၀ မြင့်တဲ့ ရေလှောင်ကန်ကြီး.. တခုခုဖြစ်လို့) ရေတွေ ပြိုကျလာရင် တနာရီ မိုင်၁ရာကျော် နှုန်းနဲ့ ရေထုကြီး .. သြော်. ကချင်ပြည်နယ် မြို့တော်ကြီး မိနစ်၂၀အတွင်း မြုတ်သွားမယ်။ နာဂစ်မုန်တိုင်းမှာ လူ၂သိန်းသေတာက သဘာဝဘေးဒဏ်..မြစ်ဆုံရေကာတာကျိုးလို့. ရေကျော်လို့. ဖွင့်ချလိုက်လို့.. လူ၂သိန်းသေရင်..ဆောက်ဖို့..ဆုံးဖြတ်တဲ့.ရန်ကုန်၊ နေပြည်တော် နေထိုင်သူတွေက ဘာမှမဖြစ်ဖူးလေ.. အရင် ဦးသန်းရွှေခေတ် ဆုံးဖြတ်သူများ လာပ်ငွေ ယူကြမှာ သေချာပါတယ်။ ထားပါတော့။ .မြန်မာ့ဆက်သွယ်ရေး အင်ဂျင်နီယာဟောင်းကြီး. ဆရာ ဦးဟံသာမြင့် တို့က ရန်ကုန်သား ဆိုတော့. တမျိုးသားလုံး စီးပွားရေး နဲ့ ယှဉ်ပြီး စဉ်းစား..ဆိုတော့ အများစုက အမြင်တူပါတယ်။ ရှယ်လိုက်ပါတယ်။ ဒါပေမဲ့ ဆက်လုပ်မယ် မလုပ်ဖူး တော့ ဆရာဦးဟံသာမြင့် မရေးထားဘူး။ အမြင်တူ မှာမဟုတ်ပါ။.အမြင် မတူသူများ စုပေါင်း ဆွေးနွေးခြင်း. ဆုံဖြတ်မှုကို လိုက်နာခြင်း တွေက ဒီမိုကရေစီ ရဲ့ ကောင်းချက် ဖြစ်ပါတယ်။ အစိုးရ.မြစ်ဆုံရေကာတာ အဖွဲရဲ့ အစီရင်ခံစာလဲ ထွက်ပြီ လားမသိ။
.
ကျနော် ရေအားလျှပ်စစ် အမြန်လုပ်မဲ့  ဘက်တော် သားပါ။ ဧရာဝတီ မြစ်ကိုပိတ် ဆည်လုပ်မယ်ဆိုလဲ မြစ်ညှာ မှာ လုပ်ရင် ကချင်ပြည်နယ်သားတွေ.. သဘောတူနိုင်မယ်။ အကျိုးစီးပွား ရလာတဲ့ လျှပ်စစ် ၁၀% ပဲ မြန်မာအစိုးရက ရပြီး. ကချင်ပြည်နယ်အစိုးရက ဘယ်လောက်ရမှာလဲ..ဘာမှ ရေးမထားတဲ့ 'တဖက်သပ် စာချုပ်' က အဓိက ပြသနာ အကြီးဆုံးပါပဲ။
.
မြစ်ကြီးနား နဲ့..၂၁မိုင်ပဲ ဝေးတဲ့ မြစ်ဆုံ.. ကချင်ပြည်နယ်သားများ အသဲနှလုံး နေရာကို တရုပ် ကုမဏီထံ ရောင်းစားမဲ့အစား..မြစ် အညာဘက်မှာ စရိတ်ပိုကြီးပေမဲ့ ဆောက်လို့ ရပါတယ်။ မြစ်ဆုံဆည်ကို ထာဝရ ရပ်ဆိုင်းပေးကြပါ ခင်ဗျား။ . စစ်ကိုင်းရိုးမ. ငလျင်ကျောနဲ့လဲ နီးတယ်လေ။
.
မနေ့က မြန်မာတိုင်း အင်တာဗျူး ဖုန်းခေါ်လို့ ဒီအကြောင်း ပြောပြလိုက်တယ်။ ၂၀၂၀ မတိုင်မီ မြစ်ဆုံ ကိစ္စ ချပြမယ် မျှော်လင့်ကြောင်း။ ဒေါ်လာ သန်း၈၀၀ ကုန်သွားပြီ..နှစ်စဉ် ၄% အတိုးနဲ့ စာချုပ်နှောင့်နှေးခ တနှစ် ၅၅သန်း ပေးနေရကြောင်း. ဖတ်မိတယ်။..စဉ်းစားတယ်။ သူတို့ တောင်းတိုင်း. NLD အစိုးရသစ်က ပေးမှာ မဟုတ်ပါ။ လက်ရှိ ကမ္ဘာဘဏ်၊ ဂျပန် JICA, ဂျာမဏီ၊ အီးယူ၊ တောင်ကိုးရီးယား ချေးငွေတွေက နှစ်ရှည် 0.1% အတိုးပေးရပြီး၊ တရုပ်က အဲဒီကာလမှာ 4% အတိုးတောင်းသမျှ စာချုပ်ချုပ်ခဲ့တာတွေ..အဲဒီ စာချုပ် တာဝန်ရှိသူများ အသက်ရှင် သြဇာရှိနေဆဲ.. ဆိုတာတွေ စဉ်းစားနေမိပါတယ်။
ဇော်အောင် (မုံရွာ)
...
မိမိသုံးသပ်ချက် link
https://m.facebook.com/story.php?story_fbid=10156298737828472&id=755653471
.
Ref Data
https://en.m.wikipedia.org/wiki/Myitsone_Dam
.==============
.
သခင်သိန်းဖေ (သိန်းဖေမြင့်)ရဲ့ သား၊ NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့် ရေးထားတဲ့ ဆောင်းပါး။

" ဧရာဝတီကို သိမ်မွှန်းလွန်းရင် ဗမာလူမျိုးကြီးကို ဗဟိုပြုတဲ့အတွင်းစိတ်တွေက ဖုံးမရပဲ ပေါ်လာခြင်းပဲလို့ ကျွန်တော်ခံစားရပါတယ်။ "

"ဧရာဝတီကို ကယ်တင်ရမှာလား ဧရာဝတီကို ထိန်းကွပ်ရမှာလား ရည်ရွယ်ချက်က ပီပြင်ဖို့လိုပါတယ်။ x x x ဆည်တွေဆောက်ရင် မြစ်ကြီးပျောက်သွားမယ်လို့ တကယ်ပဲ စိုးရိမ်နေကြသူတွေကို ဘာကြောင့်ပညာရှင်တွေက ရေငုံနှုတ်ပိတ်နေကြသလဲ။"

"ဧရာဝတီမို့လို့ ရေအားလျှပ်စစ်မထုတ်ရဘူး။ ဧရာဝတီမြစ်ပေါက်ဖွားရာ မြစ်လက်တက်နှစ်ခုမို့လို့ ဆည်မဆောက်ရဘူး။ ဒါထက်ပိုပြီး ဘယ်ဆည်မှ မဆောက်နဲ့တော့လို့ မျက်စိမှိတ်ပြီး ငြင်းနေတာ မသင့်ဘူးထင်ပါတယ်။ "

(ဒီလှိုင်းဂျာနယ် အတွဲ(၅) အမှတ် (၃၂)ထုတ်ဂျာနယ်ထဲက ဆောင်းပါး)
----------------------------------------------------------------------------------
မြစ်ဆုံစီမံကိန်းနှင့် ရေအားလျှပ်စစ်စီမံကိန်း
ဟံသာမြင့်

သြဂုတ်လ ၁၂ ရက်က နိုင်ငံတော်သမ္မတက ဧရာဝတီမြစ်ဆုံမြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများလေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ကိုဖွဲ့စည်းလိုက်ပါတယ်။ ကော်မရှင်ရဲ့ တာဝန်များထဲမှာ ကော်မရှင်ဟာ အကြုံပြုချက်၊သုံးသပ်ချက်များကို ပြန်လည်တင်ပြရာမှာ ဒေသခံပြည်သူများနှင့် လူမှုအဖွဲ့အစည်းများရဲ့ ဧရာဝတီမြစ်အပေါ်ရင်ထဲမှာ ခံစားအလေးထားသည့် ခံစားချက်များကို ထည့်သွင်းစဉ်းစားရမယ်လို့ ပါဝင်ပါတယ်။ ဧရာဝတီမြစ် ဟာ တစ်ပြည်လုံးနဲ့ ဆိုင်တာလို့ ဆိုကြလေတော့ ကျွန်တော်လဲ ဒေသခံပြည်သူတစ်ဦးပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ခံစားချက် သဘောထားအမြင်များကို တင်ပြလိုက်ပါတယ်။
ဘယ်သူဘယ်အဖွဲ့အစည်းနဲ့မှ မပက်သက်ပါဘူး။ကျွန်တော့် တင်ပြချက်များဟာ ကျွန်တော်အလွန်လေးစားရင်းနှီးနေတဲ့ လုပ်ဖော်ကိုင်ဖက်များရဲ့ အမြင်နဲ့ ဆန့်ကျင်နေမယ်ဆိုတာလည်းသိပါတယ်။ ဒါပေမယ့် ပြောပါရစေ။

ကျွန်တော့်အသက်ဆယ်နှစ်ပြည့်မယ့် နွေရာသီကျောင်းပိတ်ရက်မှာ ပုဂံရက်သတ္တပတ်ဆိုတဲ့ ယဉ်ကျေးမှုဌာနက ကြီးမှူးတဲ့ ခရီးစဉ်ကို အဖေနဲ့ အတူလိုက်ခဲ့ရတယ်။ ပုဂံဘုရားတွေကို ဖူးရင်း ဧရာဝတီမြစ်ကို စတင်မြင်ဖူးပါတယ်။ အဲဒီအစီအစဉ်ကြီး အပြီး ပုဂံကနေ မြင်းမူကို သဘော်နဲ့၊ မြင်းမူကနေ မုံရွာကိုမီးရထားနဲပ ခရီးဆက်ပြီး မုံရွာရောက်တော့ ချင်းတွင်းမြစ်နဲ့ ကိုက်တစ်ရာလောက်သာဝေးတဲ့ ဦးလေးတို့အိမ်မှာ တည်းရလေတော့ ချင်းတွင်းမြစ်ကိုတွေ့ဖူးရပြန်ပါတယ်။ မုံ၇ွာက အပြန် မ္နလေးကို ရထားနဲ့အသွားတဲ့အခါကျတော့လဲ အင်းဝတံတားအောက်က ဧရာဝတီမြစ်ကိုထပ်ပြီး မြင်ရပြန်တာပေါ့။ မူလတန်းပထ၀ီဝင်ဘာသာထဲမှာ ဧရာဝတီမြစ်ထဲကို ချင်းတွင်းမြစ်က စီးဝင်တယ်ဆိုတာကို သင်ထပြီးသားဖြစ်ပေမယ့် အဲဒီတုန်းကတည်းက ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်အရင်က မြင်ဖူးတဲ့ ပုဂံကမြစ်နဲ့ မုံရွာက
မြစ်က တစ်ဆက်တည်းဖြစ်ပြီး အင်းဝတံတားအောက်က မြစ်က မြစ်လက်တက်လို့ခံစားလိုက်ရတယ်။ မှားမှန်းတော့သိတယ်။ ခံစားရတာဆိုတော့ ဘယ်တတ်နိုင်မလဲ။

ဒါတင်မကပါဘူး။ ဆယ်တန်းလောက်ရောက်တော့ ရန်ကုန်တက္ကသိုလ်မှာ ရူပျေဒဆရာမလုပ်တဲ့ ကျွန်တော့်အမေက လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဧရာဝတီမြစဟ်ဟာ စစ်တောင်းမြစ်နဲ့ တစ်ဆက်တည်းပဲလို့ နောက်တော့မှရေကြောင်းပြောင်းသွားလို့ အနောက်ဖက်ကို ကွေ့ပြီး ချင်းတွင်းနဲ့ သွားပေါင်းတာလို့ ပြောလိုက်တော့ ကျွန်တော့်ခံစားချက်က ယုတ``တိနဲပပေါင်းပြီး ပိုခိုင်သွားတာပေါ့။ အခုနောက်ပိုင်း ဧရာဝတီအကြောင်းရေးကြတာ ပြောကြတာ များပေမယ့် ချင်းတွင်းနဲ့ ဧရာဝတီဆုံတဲ့ မြစ်ဆုံရဲ့ အပေါ်ဘက်မှာ ဘယ်မြစ်ကပိုကြီးသလဲ (တစ်နှစ်အတွင်းဘယ်မြစ်ကရေပိုစီးလဲ) ဆိုတာ မပြောနိုင်ကြတော့ ပိုပြီးခံစားရပါတယ်။

ချင်းတွင်းကိုပိတ်ပြီးရေအားလျှပ်စစ်ထုတ်မယ့် ထမံသီစီမံကိန်းဆိုတာ ကျွန်တော်တို့ကြားဖူးနေတာ နှစ်ပေါင်းငါးဆယ်လောက်ရှိနေပါပြီ။ တိုင်းထွာလိုက်၊ဒီဇိုင်းထုတ်လိုက်လုပ်နေတာလဲ ဆယ်စုနှစ်သုံးခုလောက်ရှိနေပြီထင်ပါရဲ့။ ဘယ်သူမှ ကန့်ကွက်ကြတာလဲ မကြားခဲ့ဖူးပါဘူး။ မြန်မာနိုင်ငံရဲ့ အသည်းနှလုံးမဟုတ်လို့လား။ ချင်းတွင်းရဲ့ မြစ်လက်တက် ဥရုမြစ်လဲ ပျက်နေတာကြာပါပြီ။

ဘယ်သူမှ မအော်ကြပါဘူး။ မြစ်ကိုလာဖျက်နေတာ ဗမာပြည်ကတက်လာပြီး ရွှေတူး၊ကျောက်တူးနေတဲ့ ဗမာတွေမို့လို့ ထင်ပါရဲ့)။

ဧရာဝတီမြစ်ကြီးက မြန်မာနိုင်ငံရဲ့ အသည်းနှလုံးဆိုရင် သံလွင်တို့၊စစ်တောင်းတို့၊ ကုလားတန် တို့ကရောဘာတွေလဲ။ သရေခေတ္တရာယဉ်ကျေးမှုတို့ ပုဂံတို့ အင်းဝတို့ ဒေသတွေဆိုရင်သံလွင်မြစ်ဝက မုတ္တမတို့ သထုံတို့ စစ်တောင်းကမ်းပါးက တောင်ငူတို့ ပဲခူးမြစ်ဘေးက ဟံသာဝတီတို့ ဒဂုန်တို့ကတော့ မြို့ဟောင်းတို့ထားဝယ်တို့ ကကောအရေးမပါဘူးလား။ ဧရာဝတီမြစ်ကြီးအရေးပါတာမှန်ပါတယ်။ ဒါပေမယ့် ဧရာဝတီကို သိမ်မွှန်းလွန်းရင် ဗမာလူမျိုးကြီးကို ဗဟိုပြုတဲ့အတွင်းစိတ်တွေက ဖုံးမရပဲ ပေါ်လာခြင်းပဲလို့ ကျွန်တော်ခံစားရပါတယ်။ ကိုယ့်ခံစားချက်ကိုယ်ပြောတာပါ။ သူများတွေတော့မသိပါ။

ဧရာဝတီကို ကယ်တင်ကြလို့ အော်နေကြပြန်ပါပြီ။ တကယ်ဖြစ်နေတာက ဧရာဝတီကမှ ကယ်တင်ကြဖြစ်နေတာ မမြင်လို့ လား၊ ရေကြီးတာ၊သစ်တောတွေခုတ်ပြစ်လို့ဆိုတ မှန်ပုံရပါတယ်။

အင်္ဂလိပ်တွေ မြန်မာပြည်ကို သိမ်းကာစတုံးက ရေကြီးတော့လဲ ဒီလိုပဲပြောခဲ့တာပါပဲ။ ဒါပေမယ့် ကျွန်တော်မှတ်မိသမျှ သ်စတောတွေပြုန်းကုန်ရင် မိုးခေါင်မယ်လို့ ဆိုတာ မကြာသေးပါဘူး။ အခုတော့စံချိန်တင်တွေ တစ်ခုပြီး တစ်ခု ချိုးရင်းရွာချနေပါလား။ အယ်နှညိုလား လာနီညာလား ထားလိုက်ပါတော့။ မိုးလေ၀သပညာရပ်မှာ သေချာပေါက်ပြောလို့မရဘူးဆိုတာ သဘောပေါက်ပါတယ်။ သေချာပေါက်ပြောပြောနေတာ ခက်နေတာပါ။

ဧရာဝတီကို ကယ်တင်ရမှာလား ဧရာဝတီကို ထိန်းကွပ်ရမှာလား ရည်ရွယ်ချက်က ပီပြင်ဖို့လိုပါတယ်။ ဧရာဝတီက ရေကြီးချင်ရင်ကြီးလိုက် သောင်ထွန်းရင် ထွန်းလိုက်နဲ့နေတာကို ချိန်ညှိချင်ရင် လူသားတွေ အနေနဲ့ လုပ်လို့ရတာ လုပ်ခဲ့ကြတာက တာတမံတွေ ဆည်တွေ ဆောက်ဖို့ပါပဲ။ (သိကြားမင်းဆိုရင်တော့ တစ်မျိုးပေါ့) မိုးများတုန်းမှာ ရေလှောင်ထား မိုးမရွာတော့လွှတ်ပေးပေါ့. ဒါပေမယ့် အခုတော့ ဆည်တွေဆောက်ရင် မြစ်ကြီးပျောက်သွားမယ်လို့ တကယ်ပဲ စိုးရိမ်နေကြသူတွေကို ဘာကြောင့်ပညာရှင်တွေက ရေငုံနှုတ်ပိတ်နေကြသလဲ။

ရေအားလျှပ်စစ်အတွက်သုံးတဲ့ဆည်ဟာ စိုက်ပျိုးရေးအတွက်သုံးတဲ့ဆည်လို မဟုတ်ဘဲ သုံးသမျှရေဟာ ဒီမြစ်ထဲကို ပဲ ပြန်လွှတ်ရတယ်ဆိုတာကို ဘာကြောင့် မရှင်းနိုင်ရတာလဲ။ မြစ်ကမ်းပါးကို ရေတိုက်စားတယ်ဆိုတာ မြစ်ထဲမျာရေပြည့်ချိန်မှ ဖြစ်တာပါ။ အဲဒီအချိန်မှာ ရေအားလျှပ်စစ်ကြောင့်ဖြစ်ရတဲ့ ရေအနည်းအများပြောင်းလဲမှုဆိုတာ ရှိနေတဲ့ မြစ်ရေနဲ့စာရင်ဘာမှမပြောပလောက်ပါဘူး။ နွေရာသီရေနည်းနေချိန်မှာ ရေစီးမငိမ်
လို့ရေတိုက်စားရင်လဲ သောင်ခုံတွေကိုပဲ တိုက်စားမှာပါ။ မြစ်ဝကျွန်းပေါ်မှာ ဆားငန်ရေ၀င်မှာ စိုးရိမ်တယ်ဆိုတဲ့ ကိစ္စလည်းဒီသဘောပါပဲ။ ဆားငန်ရေ အဝေးဆုံး အများဆုံးဝင်တာ ဧရာဝတီမြစ်မကြီးမှာ
ရေအနည်းဆုံး အချိန်မှာပါ။ ဧရာဝတီ ရေအနည်းဆုံးဖြစ်နေကျကာလမှာ ရေချိုထပ်တိုးပေးရင် ဆားငန်ရေ၀င်တာ သက်သာသွားမယ်။ အခုတော့ ဘာကြောင့် ပြောင်းပြန်ပြောနေကြပါလိမ့်။

လူတွေကော သဘာဝတရားကို ဂရုမစိုက်သလိုနဲ့ လိုအပ်တဲ့တိုင်းတာမှု တွက်ချက်မှုတွေမပါဘဲ လိုအပ်တဲ့ အကာအကွယ်တွေမယူဘဲမြစ်ဆုံဆည်ကို တည်ဆောက်ခဲ့တာ ကျွန်တော်လဲ မကြိုက်ပါ။

အဲဒီတုန်းက EIA ကိုမြန်မာဘက် တာဝန်ယူလုပ်ခဲ့တဲ့ (အခုကွယ်လွန်သွားပြီဖြစ်တဲ့) ပုဂ္ဂိုလ်ဟာ ရင်းနှီးသူဖြစ်လို့ စကတည်းက မဟန်တာ သိခဲ့ပါတယ်။ နောက်ပိုင်းကိစ္စတွေကိုလည်းသိသင့်သလောက်
သိပါတယ်။ ဒါပေမယ့် ဧရာဝတီမို့လို့ ရေအားလျှပ်စစ်မထုတ်ရဘူး။ ဧရာဝတီမြစ်ပေါက်ဖွားရာ မြစ်လက်တက်နှစ်ခုမို့လို့ ဆည်မဆောက်ရဘူး။ ဒါထက်ပိုပြီး ဘယ်ဆည်မှ မဆောက်နဲ့တော့လို့ မျက်စိမှိတ်ပြီး
ငြင်းနေတာ မသင့်ဘူးထင်ပါတယ်။ ဧရာဝတီမြစ်လို ကမ္ဘာ့မြစ်ကြီးများ စာရင်းဝင်မြစ်ကိုမဆိုနဲ့ ဘီလူးချောင်းကို မိုးဗြဲဆည်မှာပိတ်ပြီး ရေအားလျှပ်စစ်ထုတ်နေတာ နှစ်၄၀ကျော်ခဲ့ပါပြီ။ အခုထက်ထိ လွိုင်ကော်
မြို့ကိုပါတ်ပြီး စိးဆင်းနေတုန်းပါပဲ။ လောပိတ ရေတံခွန်လဲရှိတုန်းပါပဲ။ ကယားပြည်နယ်က ပြည်နယ်သူ ၇၅ ရာခိုင်နှုန်းလောက်က ထင်းနဲ့ ထမင်းချက်နေရတုန်းပါပဲဒ အဲဒါက ပြသနာပါ။ အဲဒီလိုပြသနာတွေကို
သေသေချာချာထည့်မတွက်ဘဲ ဇွတ်ပြောနေရင်တော့ Intellectual Honesty မရှိကြဘူးလို့ ကျွန်တော်ခံစားရပါတယ်။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌလုပ်ခဲ့တဲ့ ရောဘတ်မက္ကနာမာရဲ့ စကားတစ်ခုရှိပါတယ်။ You need a soft heart and a hard head to solve thedevelopment problems တဲ့။ နူးညံ့တဲ့နှလုံးသားရှိတာသိပ်ကောင်းပါတယ်။ ဒါပေမယ့် ပြသနာတွေကို ရှင်းရာမှာတော့ ခေါင်းမာမာနဲ့ပဲ လက်တွေ့ကျကျဖြေရှင်းဖို့လိုမယ်ထင်ပါရဲ့။

credit to the red