Labels
Engr.Elect
(47)
စီးပွားရေး Business
(43)
Politic နိုင်ငံအရေး
(32)
Engr-Civil
(25)
လျှပ်စစ်ဓါတ်အား
(23)
Good Attitude
(20)
Professional Engr PE
(20)
လယ်ယာစိုက်ပျိုးရေး
(15)
ဥပဒေများ
(15)
ဒေါ်အောင်ဆန်းစုကြည်
(11)
Engr-Mech
(10)
Singapore Info
(10)
စညိပင်နှင့်ThirdParty
(10)
Technical.Education
(9)
Edu-Health.ပညာရေး
(8)
တာဝါတိုင်.tower
(7)
အိမ်ခြံလယ်မြေ
(6)
World Politic ကမ္ဘာ့ နိုင်ငံရေး
(5)
စက်မှုဇုံများ
(5)
ဆီးချို၊သွေးတိုး၊နှလုံး
(4)
သင်္ဘောအင်ဂျင်နီယာ
(2)
Cartoon
(1)
ရသ
(1)
Thursday, February 21, 2019
ပါရဂူလက်မှတ် အတု (or) အရည်သွေးမမှီ ပြသနာ
Aung Myanmar (post)
၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် Akamai "တက္ကသိုလ်"က ရာထူးဝန် ဥက္ကဋ္ဌ ဦးဝင်းသိမ်းကို ဂုဏ်ထူးဆောင် ပါရဂူ လက် မှတ် အတု ကို ရန်ကုန်မြို့၌ ပေးအပ်ခဲ့သည် / Global New Light of Myanmar
https://burma.irrawaddy.com/news/2019/02/21/184047.html
ပြည်ထောင်စု ရာထူးဝန် အဖွဲ့ကို အရေးယူရန် သမ္မတရုံးသို့ တိုင်ကြား
အရည်အသွေး မမီသည့် နိုင်ငံခြား ပညာရေး အဖွဲ့စည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အပေါ် ပြည်ထောင်စု ရာထူးဝန် အဖွဲ့ကို စစ်ဆေး အရေးယူရန် နိုင်ငံတော် သမ္မတရုံးသို့ တိုင်ကြားထားကြောင်း သတင်းရရှိသည်။
ပြည်ထောင်စု ရာထူးဝန် အဖွဲ့နှင့် အဆိုပါ တက္ကသိုလ်များ ချိတ်ဆက် ဆောင်ရွက်မှုကို လူမှုကွန်ရက် စာမျက်နှာနှင့် သတင်း စာ ဂျာနယ်များတွင် ဝေဖန် ထောက်ပြ ရေးသားနေသူ၊ လက်ရှိ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်၌ ပြည်သူ့ရေးရာ မူဝါဒ တက်ရောက်နေသည့် ကိုနေယံဦး၏ တိုင်ကြားစာနှင့် အတူ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က လက်မှတ် ရေးထိုးကာ ဖေဖော်ဝါရီလ ၁၉ ရက်တွင် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုနေယံဦးက“ကျနော်နဲ့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်တို့ တွဲပြီး ပို့လိုက်တဲ့စာကို သမ္မတရုံးက လက်ခံရရှိပြီး တဲ့ နောက်ပိုင်းမှာ ပြည်သူတွေရဲ့အသံကို အလေးအနက် ထားပြီး ဒီအဖွဲ့တွေနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တဲ့ ရာထူးဝန် အဖွဲ့ ကို စုံစမ်းစစ်ဆေးမယ်။ အပြစ်တွေ့မယ် ဆိုရင်လည်း ထိရောက်စွာ အရေးယူပေးမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြော သည်။
ရာထူးဝန် အဖွဲ့က ပြည်ပ ပညာရေး အဖွဲ့အစည်း နှစ်ခု ဖြစ်သော ဟာဝိုင်ယီမှ Akami Universtity၊ မလေးရှားမှ EDS Business School တို့နှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ကိုနေယံဦး၏ တိုင်ကြားစာ၌ မလေးရှား အစိုးရသည် မလေးရှား အခြေစိုက် တက္ကသိုလ် ဒီဂရီ ကောလိပ်များကို အရည် အသွေး စစ်ဆေးကာ သတ်မှတ်ချက်နှင့် ညီလျှင် တရားဝင် အသိအမှတ်ပြု ထုတ်ပေး သော်လည်း EDS Business Schlool သည် မလေးရှား အစိုးရ၏ အသိအမှတ်ပြုမှုကို ရရှိထားသော အဖွဲ့အစည်း မဟုတ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဟာဝိုင်ယီ အခြေစိုက် Akami University သည်လည်း အမေရိကန် ပညာရေး ဝန်ကြီးဌာန၏ အသိအမှတ်ပြုမှု ကို မရထားသည့် ပညာရေး အဖွဲ့အစည်း ၁၂ ခုတွင် တခု အပါအဝင် ဖြစ်ပြီး ဟာဝိုင်ယီ ဒေသခံများ၏ ဓာတ်ပုံ ဗီဒီယို မှတ်တမ်းများအရ တက္ကသိုလ် အဆင့် မရှိဘဲ သင်တန်းကျောင်း သာသာ အဖွဲ့အစည်း ဖြစ်ကြောင်း ရေးသားထားသည်။
ပြည်ထောင်စု ရာထူးဝန် အဖွဲ့သည် ခိုင်မာမှု မရှိသည့် အဆိုပါ တက္ကသိုလ် နှစ်ခုနှင့် ၂၀၁၇ ခုနှစ်မှ စတင် ပူးပေါင်းကာ နိုင်ငံ့ ဝန်ထမ်းများအား သင်တန်းနှင့် မာစတာဘွဲ့များ ပို့ချပေးခြင်း၊ ဝန်ထမ်းများကို မလေးရှားရှိ EDS School သို့ စေလွှတ် သင်ကြားစေခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ သင်တန်းကျောင်း သာသာ အဖွဲ့အစည်းများနှင့် ချိတ် ဆက် ဆောင်ရွက် ခြင်းကြောင့် နိုင်ငံ့ ဂုဏ်သိက္ခာ ကျဆင်းခြင်း၊ ပြည်သူ့ ဘဏ္ဍာများ လေလွင့်ဆုံးရှုံးခြင်းတို့ ဖြစ်ရသည့် အတွက် နောက်ကွယ်တွင် အဂတိလိုက်စားမှု ရှိမရှိ စုံစမ်း စစ်ဆေးစေလိုခြင်း ဖြစ်ကြောင်း ကိုနေယံဦးက ဆိုထားသည်။
တက္ကသိုလ် ၂ခုနှင့် ပတ်သက်ပြီး ဘဏ္ဍာငွေ အလေအလွင့် မရှိခဲ့ကြောင်း၊ သုံးစွဲခဲ့သည့် ငွေကြေး ပမာဏမှာ ဘတ်ဂျက် ကိစ္စဖြစ်၍ အထက်တာဝန်ရှိသူများ၏ အတည်ပြုချက်ရမှ ရှင်းလင်း ထုတ်ပြန်ခြင်း ပြုလုပ်နိုင်မည် ဖြစ်ကြောင်း တာဝန်ရှိ သူတဦးက ဆိုသည်။
အဆိုပါ တိုင်ကြားချက် အပေါ် မှတ်ချက်ပေးရန် မရှိကြောင်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့၏ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးမြင့်ဆွေက ပြောသည်။
ဦးမြင့်ဆွေက“ကျနော်တို့ရဲ့ ဆရာ ဆရာမတွေကို အရည်အသွေး မြှင်တင်ပေးဖို့ အတွက် သူတို့နဲ့ ညှိနှိုင်း ချိတ်ဆက် တာပဲ ရှိပါတယ်။ ဒါတွေသည် အရည်အသွေး မမီဘူး။ သက်ဆိုင်ရာ အစိုးရတွေက အသိအမှတ်မပြုဘူး ဆိုတဲ့ အတွက် စစခြင်း ကတည်းက ဒါတွေနဲ့ ဆက်မလုပ်တော့ပါဘူး ဆိုတာ သမ္မတ ရုံးကို တင်ပြထားပြီးသား။ သမ္မတရုံးက လည်း တင်ပြတဲ့ အပေါ် မူတည်ပြီးတော့ ပြန်ဖြေရှင်းမယ်။ အကြောင်းပြန်မယ်လို့ မျှော်လင့်ပါတယ်။ သီးခြားတော့ ပြောဖို့ မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ရာထူးဝန်အဖွဲ့ အနေဖြင့် နိုင်ငံ့ ဝန်ထမ်း တက္ကသိုလ်ရှိ ဆရာ ဆရာမများ၏ အရည်အသွေး မြှင့်တင်ရေး ကိစ္စရပ်များ တွင် သာ ယင်းတက္ကသိုလ်နှစ်ခုနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ခြင်း ရှိပြီး ညွှန်ကြားရေးမှူး၊ ဒု ညွှန်ကြားရေးမှူးများကို သင်တန်းပေးခြင်း၊ ဘွဲ့၊ ဒီဂရီ ပေးအပ်ခြင်းများ မပြုလုပ်ခဲ့ ဟုလည်း ၎င်းက ဆိုသည်။
အဆိုပါ တက္ကသိုလ်၂ ခုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ဇန်နဝါရီလက ရပ်ဆိုင်းခဲ့ကာ အများလက်ခံနိုင်ပြီး အဆင့် အတန်း ရှိသည့် ပြည်ပ တက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟုလည်း ရာထူးဝန်အဖွဲ့က သိရ သည်။
သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံ့ ဝန်ထမ်းများအား စနစ်သစ်ဖြင့် အလုပ်လုပ်ကိုင်နိုင်စေရန် ပြုပြင် ပြောင်းလဲ ရေး လုပ်ဆောင်ခဲ့သော်လည်း အလုံးစုံ မဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လက်ရှိ အစိုးရလက်ထက်တွင် အတိုင်ပင်ခံ ပုဂ္ဂိုလ် က နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ချမှတ် ဆောင်ရွက်နေခြင်းကို ထောက်ခံကြောင်း ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
ထို့ပြင် လက်ရှိ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေချိန်တွင် ရာထူးဝန်အဖွဲ့၏ ဘွဲ့အတု ကျောင်းအတု ပြဿနာ များ ကြောင့် အဆိုပါ မဟာဗျူဟာနှင့် ဝန်ထမ်းများကို ထိခိုက်နိုင်သည့် အတွက် တိုင်ကြားစာတွင် ပါဝင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုထားသည်။
ဦးရဲထွဋ်က“ဒီလို ပြုပြင်ပြောင်းလဲရေးတွေ စတင်နေချိန်မှာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရဲ့ ဘွဲ့အတုအစစ် ပြဿနာ၊ ကျောင်းအတု အစစ် ပြဿနာတွေ ပေါ်လာတဲ့အခါ ဒီပြဿနာတွေကို စနစ်တကျ ဖြေရှင်းမှု မလုပ်ရင် နိုင်ငံ့ဝန်ထမ်း ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ တခုလုံး ထိခိုက်နိုင်တယ်လို့ မြင်တယ်”ဟု ပြောဆိုထားသည်။
ထို့ပြင် ၎င်းအနေဖြင့် ရာထူးဝန် အဖွဲ့လက်အောက်ရှိ ဗဟို ဝန်ထမ်း တက္ကသိုလ်များတွင် သင်တန်းပို့ချခြင်း၊ ဖခင် ဖြစ် သူ မှာ ရာထူးဝန် အဖွဲ့(ဝန်ထမ်း ရွေးချယ်ရေး အဖွဲ့) တွင် အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဖူး၍ ရာထူးဝန် အဖွဲ့၏ လုပ်ပိုင် ခွင့် နှင့် တာဝန်များကို သိရှိကြောင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ပြဿနာများနှင့် ပတ်သက်ပြီး အမှန်တကယ် တာဝန် ရှိသူများထက် ဝန်ထမ်း တက္ကသိုလ်ရှိ နည်းပြများ၊ ဝန်ထမ်းများ အပေါ် အပြစ် ပုံကျသွားမည်ကို စိုးရိမ်မိ ကြောင်း လည်း ရေးသား ထားသည်။
မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ၌ နိုင်ငံတကာ အဆင့်မြင့် တက္ကသိုလ်များက အကူအညီပေးနေသည့် အချိန်တွင် အဆင့် မမီ သည့် တက္ကသိုလ်များနှင့် ရာထူးဝန် အဖွဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းမှာ မဖြစ်သင့်ကြောင်း နှင့် မြန်မာနိုင်ငံကို ကူညီ ချင် သည့် ထိပ်တန်း တက္ကသိုလ် အများအပြား ရှိနေကြောင်း ကိုနေယံဦးကလည်း ပြောဆိုသည်။
လက်ရှိတွင် ကိုနေယံဦး၏ တိုင်ကြားစာကို သမ္မတရုံး ဝက်ဘ်ဆိုက်ရှိ သမ္မတံ ပေးစာ ကဏ္ဍသို့ အင်တာနက်မှ တဆင့် ပေးပို့ ခဲ့ခြင်း ဖြစ်ပြီး စာတိုက်မှလည်း နောက်ဆက်တွဲ သက်သေ အထောက်အထားများကို ဆက်လက် ပေးပို့သွားမည် ဖြစ် ကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံရုံး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ရုံးများသို့လည်း ဆက်လက် ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်မျိုး
ဧရာဝတီ
Sunday, February 3, 2019
RSE, PE လက်မှတ်ရအင်ဂျင်နီယာ (2019 Jan)
RSE, PE လက်မှတ်ရအင်ဂျင်နီယာနဲ့ မြန်မာအင်ဂျင်နီယာကောင်စီ
ကျနော် စင်ကာပူမှာ အလုပ်လုပ်တုန်းက သက်ဆိုင်ရာကဏ္ဍတွေမှာ PE လက်မှတ်ရထားသူက Drawing Approve လုပ်ဖို့ လက်မှတ်ထိုး၊ တုံးထု ပြီး တရွက်ကို ဒေါ်လာဘယ်လောက ဆိုပြီး စာရွက်တိုင်းကို တုံးထုခ ယူပါတယ်။ သူမနှစ်သက်ရင် ပြန်ပြင်ဖို့ PDF file ကိုပဲ ကွန်ပြူတာနဲ့ မှတ်ချက်တွေရေး၊ ဟိုဆွဲသည်ဆွဲ လုပ်ပြီး အီးမေးနဲ့ ပြန်ပို့ပါတယ်။ ကျနော်တို့က ပြန်ပြင်ရပါတယ်။ .. PE က သူအတည်ပြု လက်မှတ်ထိုးလိုက်တဲ့ ဆောက်လုပ်ရေး လမ်းတံတား၊ အဆောက်အဦ၊ စက်မှု ဘွိုင်လာ၊ ဓါတ်လှေခါး၊ လျှပ်စစ် ထရန်စဖွန်မာ၊ ဂျင်နရေတာ၊ Fire System, SCADA system , Lighting System စတဲ့ Drawing ပုံဒီဇိုင်းများကို ဖတ်မှတ်ပြီး အတည်ပြုလက်မှတ် ထိုးရပါတယ်။
.
PE အတည်ပြုတဲ့အတိုင်း လုပ်ငန်းပိုင်ရှင်က တပ်ဆင်၊ ဆောက်လုပ်ရပါတယ်။ တခုခု မှားရင် P.E ဆီကို အဆုံးအဖြတ် Drawing ပြင်သင့်ရင် ပြင်၊ လက်မှတ် အသစ်ပြန်ထိုးရပြန်ပါတယ်။ လက်မှတ်ထိုးတိုင်း ငွေပေးရပါတယ်။
.
မြန်မာပြည်မှာတော့ P.E ဆိုတာ ဘာမှ ရေရာစွာ မလုပ်နိုင်သေးပါဘူး။ နိုင်ငံခြားက တတ်ကြွမ်းတဲ့ မြန်မာအင်ဂျင်နီယာများကို လည်း ထိုင်ခုံ ပြသနာကြောင့် အ၀င်မခံချင်ပါဘူး။
.
P.E = Professional Engineer (၀ါရင့်အင်ဂျင်နီယာလက်မှတ်)
B.E = အင်ဂျင်နီယာဘွဲ့ (Bachelor of Engineering ၆နှစ်)
AGTI = ဒီပလိုမာ (၃နှစ်)
.
.
ဒါပေမဲ့
.
အလွန်ကြီးမားတဲ့ Offshore Projects, Shwe Gas Pipeline, Copper Mine, Power Plants, စတဲ့ အဆောက်အဦးကြီးများကိုတော့ နိုင်ငံခြားကုမဏီ ကြီးများကပဲ တာဝန်ခံ ဆောက်လုပ်တယ်။ P.E က Drawing စစ်ဆေးရင် ရူးသွားနိုင်တယ်။ အလားတူTelenor, Mytel, Ooredoo, Mpt စတဲ့ ဆက်သွယ်ရေး ကုမဏီကြီးများရဲ့ လုပ်ငန်း Drawing ပုံဒီဇိုင်းကို မြန်မာ P.E စစ်ဆေးလို့ မဖြစ်နိုင်ပါဘူး။ P.E Communication မရှိသေးပါဘူး။ P.E Electronic ကလဲ ဘာမှ မလုပ်နိုင်ပါဘူး
.
.
ဒီတော့
မြန်မာ P.E တွေ လက်ရှိ ဘာလုပ်နေသလဲ ဆိုတော့ AGTI အဆင့်မဟုတ်သူတောင် ဆောက်နိုင်တဲ့ ကျောင်း၊ ဆေးခန်း၊ လမ်း၊ တံတားလေးတွေကို လက်မှတ်လိုက်ထိုး နေရတတယ်။ စိတ်မကောင်းမဖြစ်ပါနဲ့။ စခါစ ဆိုတော့ ဒီလိုနဲ့ပဲ စရမှာ ဖြစ်ပါတယ်။
.
.
နောက်ဆုံး
ကျနော်တို့ P.E ရွေးချယ်ရေး အဖွဲ့က ကိုးရိုးကားယား၊ အင်ဂျင်နီယာကောင်စီ ဥပဒေနဲ့ ဘောင်ဝင်အောင် RSE, PE တွေကို ရွေးချယ်ရပါတော့တယ်။ ဒီတော့လည်း ပုဂိုလ်ခင်ရာပဲ ရွေးကြတယ်။ ပါမောက္ခတိုင်း ၊ ညွန်ချုပ်တိုင်း P.E အတင်းပေးလို့ တချို့ မလုပ်ချင်လို့ ရှောင်ပြေးနေကြတယ်။ ဘယ်လုပ်ချင်စရာ ကောင်းမလဲ။ တနေ့ ကျပ် တသောင်းပဲ ရပြီးတော့ လူတွေကို အရည်အချင်းစစ်နေရတာ၊ အရည်အချင်း ရှိသူတွေကလဲ ..စာမေးပွဲလာမဖြေဘူး။ P.E လက်မှတ်ထိုးပြီး အသက်မွေးမယ် ဆိုသူများပဲ RSE, PE လက်မှတ်တွေ ရအောင် ယူကြတယ်။ ရပြီးလည်း တကယ်လက်မှတ်ထိုးချိန် မှာ ၉၀% RSE, PE တွေက လက်မှတ်ထိုးခွင့် မရှိပါဘူး။
.
အရည်အချင်းသတ်မှတ်ချက်.အမြင်များ။
. ကျနော်ကတော့ AGTI ကိုလည်း အရည်ချင်းရှိရင် PE ပေးရမယ် ခံယူပါတယ်။ နိုင်ငံတကာမှာ ၄နှစ် အဆင့်မှီ ပညာ အောင်မြင်ထားရမယ် (or) အရည်ခြင်းရှိကြောင်း အဖွဲအစည်းတွေက လက်မှတ်ရှိရင် P.E ဖြေခွင့် ပေးခွင့် ရှိပါတယ်။
Wiki link
https://en.m.wikipedia.org/wiki/Regulation_and_licensure_in_engineering
.
မိတ်ဆွေ ပို့စ် အောက်မှာ ရေးထားတယ်။ AGTI ဆို PE မပေးဘူး ဆိုပြီး ရေးထားသလို လက်တွေ့လဲ AGTI, PE တယောက်မှ မရှိကြောင်း၊ RSE ပေါင်း ၆ရာကျော် ပေးထားကြောင်း ရေးထားပါတယ်။ ဒါကတော့ MEngC ရဲ့ AGTI ဆိုရင် PE မပေးဘူး..ခံယူချက်ပါ။ ကျနော်က သဘောမတူ သော်လဲ ဘာမှမကူညီနိုင်ပါ။
https://www.facebook.com/groups/173723859950012/permalink/300560250599705/
.
ကျနော့် ဝေါ မှာလည်း သက်မွေးပညာနဲ့မိုက်ကယ်ဖာရာဒေး အကြောင်း ရေးထားပါတယ်။
https://www.facebook.com/myanmarjobstudent/posts/10156307447078472
.
မိတ်ဆွေ နောက်တစ်ဦးကတော့ မနေသာလို့ AGTI, BE တွေ ပွဲမဆူကြဖို့၊ ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ ရှင်းလင်းရေးပြ ပါတယ်။ ကျနော် ကတော့ AGTI ကို တော်ရင် PE ပေးသင့်သလား ရေးမထားလို့ ဒီပို့ စ် ကို ရေးရခြင်း ဖြစ်ပါတယ်။
https://m.facebook.com/story.php?story_fbid=2070961566304653&id=100001724884632
.
မြန်မာပြည် MEngC PE flow chart မှာတော့ AGTI လည်း PE ဖြေခွင့်ရှိပေမဲ့ PE ကိုးရာနီးပါးမှာ တယောက်မှ မပေးသေးဘူး ဆိုပဲ..အရည်အချင်းမရှိလို့လား၊ အရည်ချင်းရှိသူများ မလျှော်လို့လား စဥးစားစရာပါ။
.
.
သုံးသပ်ရရင်တော့
.
တလောက အင်ဂျင်နီယာကောင်းစီ ၆၀ဦး ရွေးကောက်တော့ ဥပဒေအဟောင်းက သိပ်မစွံတော့ အသစ်ပြဌာန်းလိုက်တယ်။ ထုံးစံအတိုင်း ဆူညံနေကြတယ်။
.
နောက်တဖန် AGTI ဒီပလိုမာ သမားတွေက သူတို့ကို ခွဲခြားတယ် ပြောပြီး ဆူပူကြပြန်တယ်။
.
၂၀၁၆ တုန်းက လူလိမ်တင်ထွန်း ဆိုသူကို ၁၀တန်းမအောင်ပေမဲ့ (ကွယ်လွန်သူ) ၀ါရင့်အင်ဂျင်နီယာကြီး တစ်ဦးနဲ့ အဖွဲ့က P.E ပေးလိုက်တယ်။ နောက် အဲဒီလူလိမ် တင်ထွန်းက အာစီယံပီအီး၊ ကျနော်တို့ YTU (RIT) မှာ ဧည့်ပါမောခ ဖြစ်လာပြီး၊ စီမံကိန်းများစွာကို အခြေခံပညာမတတ်ပဲ လက်မှတ်ထိုး လိမ်စားနေတာ မိသွားပေမဲ့ အဲဒီလူလိမ်ကို အရေးမယူရဲဘူး။ လမ်မဲကြီးတွေ နောက်ကွယ်မှာ ရှိတယ် ပြောကြတယ်။ ဆူညံနေလဲ အရေးမယူပါ။
.
ဒါနဲ့ပဲ P.E ရထားသူတွေ အရည်အချင်းမရှိ၊ ၁၀တန်း ကျူရှင်ပဲ ပြစားနေတဲ့လူ၊ အသက်အလွန်ငယ်ရွယ်သူ စသဖြင့် PE လက်မှတ် ရထားတာတွေ ဆူညံလာတယ်။ P.E ရပြီးရင် နှစ်စဉ် စာတမ်းတစ်စောင်၊ စာအုပ်တစ်အုပ် စသဖြင့် ပြုစုရမယ် ဆိုတဲ့ လမ်းညွန်ချက် မရှိ။ P.E လက်မှတ်ကိုင်ပြီး အီလက်ထရွန်းနစ် တင်ဒါ ဆိုရင် Ec P.E လက်မှတ်ထိုးရမယ်၊ Civil, Road/Bridge တင်ဒါဆိုရင် P.E လက်မှတ်ထိုးရမယ်၊ စက်မှု P.E တော့ ဘာ တင်ဒါတွေ လက်မှတ် ထိုးသလဲ မသိရ။ တခြား ဘာသာရပ်မျိုးစုံ P.E အကြောင့် MEngC ၀က်ဆိုင် မှာ စာရင်းစစ်ကအစ၊ PE အရေအတွက်အဆုံး ပွင့်လင်းနိုင်သမျှ တင်ပြထားတာ တွေ့ရပါတယ်။
.
.
.
နိဂုံး အနေနဲ့...
တကယ်တော့ Engineer Council က လူကြီးတွေခမြာ အကောင်းဆုံး လုပ်နေပေမဲ့ ယိုယွင်းနေတဲ့ စနစ်ဆိုးကြီးကြောင့် ဆူပူမှုဒဏ်ကို အလူးအလဲ ခံနေရပါတယ်။ အလွန် သနားစရာ ကောင်းတာကတော့ လစာလဲ မရပဲ မြန်မာပြည် အင်ဂျင်နီယာလောက ပညာရပ်ဆိုင်ရာ တိုးတက်အောင် လုပ်နေကြတဲ့ စီနီယာ ၀ါရင် အင်ဂျင်နီယာကြီးများ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ပါစေ၊ အင်ဂျင်နီယာများ စိတ်ထား ကောင်းကြမယ် ဆိုရင် မြန်မာနိုင်ငံ တိုးတက်မှု မြန်ဆန်မှာ ဖြစ်ပါတယ်။
.
မြန်မာအင်ဂျင်နီယာကောင်စီ ပြုလုပ်တဲ့ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဥပဒေများမှာ ကိုယ်ကျိုးစီးပွား ပါဝင်မှာတော့ မလွဲဧကန် ဖြစ်ပါတယ်။ မြန်မာအင်ဂျင်နီယာအသင်း၊ မြန်မာအင်ဂျင်နီယာကောင်စီ၊ အခု အရည်အသွေးစစ်ဆေးရေး စသဖြင့် မြန်မာပြည်မှာ ဖြစ်နေတဲ့အတိုင်း လူတစ်စု လက်ဝါးအုပ်ဖို့ ကြိုးစားနေကြတာ ခေတ်ကာလရဲ့ ပြယုတ်ဖြစ်ပါတယ်။
.
ဒီ လူနဲ့မူ ပြသနာကတော့ ဆက်လက် ရှိနေဥိးမှာပဲ ဖြစ်ပါတယ်။ အမြင့်ဆုံးသော မြန်မာပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ က အစ တပ်မတော်က ၂၅% နေရာယူထားသလို၊ အဖွဲ့အစည်း၊ အစိုးရဌာန အသီးသီးမျာလည်း အလားတူ ပဲ ဖြစ်ပါတယ်။ အခု သမ္မတဦးဝင်းမြင့် လက်ထက်မှာ တပ်မတော်နဲ့ အစိုးရ နားလည်မှု ရှိလာပြီး၊ အဂတိများ ( တနည်းပြောရရင် ..COI Conflict of Interest ကိုယ်ကျိုးစီးပွား) ကို စတင် အရေးယူနေချိန်မှာ.. မြန်မာ အင်ဂျင်နီယာလောက ကောင်စီဝင် ၆၀ နဲ့ ပညာရှင်များလည်း မြန်မာပြည် ဆင်းရဲခြင်းက လွတ်အောင် စိတ်နှလုံးကောင်းများ ထားနိုင်ကြပါစေ။ ကြိုးစားအားထုတ် နိုင်ကြပါစေ။
.
ဇော်အောင် (M Zaw Aung)
Website: http://www.myanmarengc.org/
Facebook: https://www.facebook.com/Myanmar-Engineering-Council-596849123795862/
Date: 28.1.2019
.
Engr Myanmar
ဆင်းရဲခြင်းလွတ်ကင်းရန် စက်မှုတည်ထောင်ရမည်။ အင်ဂျင်နီယာများ စိတ်နှလုံးကောင်းရမည်။
https://engrmyanmar.blogspot.com/

အီစလန်ဝေ နိုင်ငံတော်... ကြိုးနီစနစ်အကြောင်း (သရဝဏ်.ပြည်)
အီစလံဝေ နိုင်ငံတော်
သရ၀ဏ်(ပြည်)
အီစလံဝေဆိုသော စကားကို လူတိုင်းသိကြ၏ ။ ထိမိခိုက်မိသဖြင့် နာကျင်သွားခြင်းကို ဆိုလိုဟန်ရှိပေ၏ ။ခလုပ်တိုက်မိရာတွင်ဖြစ်စေ ၊ ခေါင်းနှင့် တန်း ထိခိုက်မိရာတွင်ဖြစ်စေ “ငါတော့ အီစလံဝေသွားတာပဲ “ဟုပြောလေ့ရှိသည် ။ သို့သော် အီစလံဝေဆိုသောစကားမှာ မြန်မာစကားမဟုတ် ။မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွင်တွေ့နိုင်မည်မဟုတ်။ ပါဋ္ဌိစကားလဲမဟုတ် ၊ ဟင်ဒီလည်းမဟုတ် ။သက္ကတလည်းမဟုတ်။ အင်္ဂလိပ်စကားပျက်ဖြစ်သည် ။ It is a long way ( It’s long way ) ဆိုသော အင်္ဂလိပ်စကားမှလာသည် ။ ဝေးသေးသည် ။ သွားရမည့်ခရီးသည်မနီးလှ ဆိုသောမူရင်းအဓိပါယ်မှဆင်းသက်လာသည် ။ ကိုလိုနီခေတ်က လွတ်လပ်ရေး တိုက်ပွဲခရီးကြမ်းကိုရည်စူး၍ အင်္ဂလိပ်စာတတ် ပညာတတ်များက လွတ်လပ်ရေးရဖို့ဆိုတာ တော်တော်နဲ့တော့မရဘူး ၊ခရီးရှည်ကြီးသွားရဦးမယ် ၊ အစ်လောင်းဝေး (It’s long way) ဟုပြောကြရာမှ အစ်လောင်းဝေးမှသည် အီစလံဝေ ဖြစ်လာဟန်ရှိသည် ။ အီစလံဝေကျတော့နာသည့်အဓိပါယ် ၊ခံရသည့်အဓိပါယ် ဖြစ်လာသည် ။ ဘာပဲဖြစ်ဖြစ် အီစလံဝေပဲဖြစ်ဖြစ် ၊ အစ်စလောင်းဝေး ပဲဖြစ်ဖြစ် သိပ်ကောင်းသည့်အနက်အဓိပါယ်တော့မဟုတ်တာသေချာသည် ။ ကြာမည် (သို့မဟုတ်) နာမည် ဟု အကြမ်းဖျင်းယူဆနိုင်သည် ။
ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ကော်မတီဖွဲ့ရန်အဆိုကို ပြည်ထောင်စုလွှတ်တော်တွင် NLD ပါတီက အရေးကြီးအဆိုအဖြစ် ၂၉.၁.၂၀၁၉ နေ့တွင်တင်သွင်းလိုက်ခြင်းအကြောင်းကို လူပြောများနေကြသည် ။ ထိုနေ့လွှတ်တော် Channel ကိုစောင့်ကြည့်မည်ဆိုသူကလည်းမရှား ။ စာရေးသူကတော့အကြောင်းသိမို့သိပ်ရင်မခုန်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်သည်ဆိုခြင်းမှာ ဒီနေ့အဆိုတင် ဒီနေ့အဖြေထွက်သည့် ကိစ္စမဟုတ် ။ It’s a long way ကိစ္စဖြစ်သည် ။ ပထမအဆင့် လွတ်တော်တွင်အဆိုတင်ရမည် ။ ဒုတိယအဆင့် ထိုအဆိုကို လက်ခံဆွေးနွေးရန် သင့်မသင့် ဆုံးဖြတ်ရမည် ။ လွှတ်တော်ကိုယ်စားလှယ်များ၏ ၂၀ ရာခိုင်နှုန်းက လက်ခံဆွေးနွေးရန်သဘောတူခဲ့လျှင် ထိုအဆိုကိုလွှတ်တော်တွင်လက်ခံဆွေးနွေးရမည် (ဤအဆင့်အထိ လွယ်ကူသည် ။ လွှတ်တော်ထဲတွင် NLD ပါတီဝင်အမတ်များ ၂၀ ရာခိုင်နှုန်းမကရှိနေသည့်အတွက် ဖြစ်သည် )။ နောက်အဆင့်များကတော့မလွယ်ကူတော့ချေ ။ ပြင်လိုသော ပုဒ်မတစ်ခုချင်းကို လွှတ်တော်ထဲတွင် မဲခွဲဆုံးဖြတ်ရမည် ။ မဲမခွဲခင် ထိုပုဒ်မများကို ပြင်လိုသူကဘာကြောင့်ပြင်ထိုက်ကြောင်း၊မပြင်လိုသူများက ဘာကြောင့်မပြင်လိုကြောင်း ဆွေးနွေးငြင်းခုံကြမည် ။ ထိုငြင်းခုန်မှုက လနှင့်ချီ၍ ကြာနိုင်သည် ။ နောက်ဆုံး၌ သုံးလေး လလောက်ကြာမှ လွှတ်တော်အတွင်းပုဒ်မတခုချင်းကို မဲခွဲဆုံးဖြတ်သည့် အဆင့်သို့ရောက်မည် ။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ အထိ ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ အထိ ၊အခန်း(၃) ပုဒ်မ ၅၉၊၆၀ ၊ အခန်း(၄) ပုဒ်မ ၇၄ ၊၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀ ၊၂၀၁၊၂၄၈၊၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃ ၊၂၉၄၊၃၀၅၊၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ ၊အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ ကို တို့ထိ၍မရ ။ထိုပုဒ်မများကိုပြင်လိုလျှင် ဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်သဘောတူလက်ခံရမည် ။ ထိုအထက်ဖော်ပြပါ ပုဒ်မ ၉၄ ခုကို ပြင်ဆင်ရေးတွင် အဓိကဇာတ်ကောင်မှာ ၇၅ ရာခိုင်နှုန်းကျော်လွှတ်တော်တွင်း သဘောတူရမည်ဆိုသည့်စာသားဖြစ်သည် ။ ဆိုလိုရင်းမှာ တပ်မတော်သားကိုယ်စားလှယ်များ သဘောတူရမည် ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ သဘောမတူခဲ့လျှင် ထိုပုဒ်မ ၉၄ ခုမှ တခုခုပြင်ဆင်ရေးကြိုးပမ်းချက်သည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အထိပင်မရောက်တော့ပဲ လွှတ်တော်ထဲမှာပင် ကျဆုံးသွားရပေလိမ့်မည် ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကိုလည်း လက်ရှိကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခန့်အပ်ထားသည်ဖြစ်ရာ အမိန့်ပေးအမိန့်ခံစနစ်အရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမိန့်မရပဲ မည်သည့်တပ်မတော်သား ကိုယ်စားလှယ်ကမှ ထောက်ခံမဲပေးခြင်း ၊ကန့်ကွက်မဲပေးခြင်းတို့ကို မိမိဆန္ဒနှင့် လုပ်နိုင်မည်မဟုတ်ပေ ။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်များအနက် အခြားအရေးမပါသော ပုဒ်မ များကိုပြင်ဆင်ရေးသည် NLD နှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင်မဲလာပေးမည့် မြန်မာနိုင်ငံသားများ လက်ထဲတွင်ရှိသော်လည်း ၊ စစ်အစိုးရစိတ်ကြိုက်အသာစီးယူရေးဆွဲခဲ့သည့် အရေးပါသောပုဒဒ်မ ၉၄ ခုပြင်ဆင်ရေးလုပ်ငန်းစဉ်ကြီးတရပ်လုံးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လက်ထဲတွင်သာအကြွင်းမဲ့အာဏာ ရှိနေပေသည် ။ ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း ပြည်ထောင်စုလွှတ်တော်နာယက ဗိုလ်ချုပ်ကြီးဟောင်းသူရရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုလွှတ်တော်အတွင်း တင်သွင်းလာသေးသည် ။ သို့သော် အဓိကကျသောပုဒ်မများပြင်ဆင်ရေးတွင် တပ်၏ထောက်ခံမှုမရသောကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက်အားလုံးမှာ (လပေါင်းများစွာ ဆွေးနွေးပြီးနောက် လွှတ်တော်တွင်းမဲခွဲသောနေ့တွင် ရှေ့မဆက်နိုင်ပဲ နိဌိတံခဲ့ရပေသည် )။ ထို့ကြောင့် ၂၉.၁.၂၀၁၉ နေ့တွင် စတင်ခဲ့သော NLD ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဆိုသည် လပေါင်းများစွာကြာအောင်ဆွေးနွေးပြီး နောက်ဆုံးမဲခွဲသောနေ့တွင် ဦးရွှေမန်းလက်ထက်ကလိုပဲ အလားတူ (တပ်မတော်၏ဗီတိုအာဏာ )ဖြင့် နိဂုံးချုပ်နိုင်မလား ။ အဓိကပုဒ်မ အချို့ပြင်ဆင်ရေးအတွက် လိုအပ်သော ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမဲရကာ ပြည်လုံးကျွန်ဆန္ဒခံယူပွဲအထိ ရောက်အောင်သွားနိုင်မလားဆိုတာ အလွန်ဝေးကွာလှသေးသော အဆင့်များကျန်နေပါသေးသည် ။ အီစလံဝေ ဟုခေါ်သော ရှည်လျားသောခရီးကို သွားရဦးမည် ။ ယနေ့အဆိုတင် မနက်ဖြန်ပြင်ဆင်ချက်တွေထွက်လာပြီဟုထင်ယောင်ဝိုးဝါး ဖြစ်နေသူတွေများသောကြောင့် ရှင်းပြရခြင်းဖြစ်သည် ။ ပုဒ်မကြီး ၉၄ ခုကို ဗီတိုအာဏာဖြင့်အသေကိုင်ထားနိုင်သဖြင့် အောင် ၁၀၈ ကွက်ဗုဒ္စစက် ၊ ၉၄ ချက် အစိတ်သားစက် ဟုပင် ခေါ်ဝေါ်၍ ရနိုင်ကောင်း၏ ။
တဖက်တွင် ၂၀၂၀ တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် ပြည်တွင်းစစ်များရပ်စဲပြီး နိုင်ငံတ၀ှမ်းငြိမ်းချမ်းရေးရယူနိုင်ရန်ရည်မှန်းထားသည်ဟု တပ်မတော်ကလည်းသူ၏ မူဝါဒရည်မှန်းချက်ကို ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည် ။ ပြည်တွင်းငြိမ်းချမ်းရေးရလိုလျှင် ၊ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြင့်သွားမှရမည် ။ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်လိုလျှင် ၂၀၀၈ အခြေခံဥပဒေပါအချက်များအား ပြင်ကိုပြင်မှဖြစ်မည်ဆိုခြင်းသည်လည်းအရှိတရားပင်ဖြစ်သည် ။ မိမိပြည်နယ် ၊ မိမိတိုင်းဒေသကြီး၏အုပ်ချုပ်ရေးအကြီးအကဲကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော်က ရွေးကောက်ခွင့်ရှိရမည် ။ ၀န်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်များ၊တိုင်းဒေသကြီးလွှတ်တော်များကရွေးရမည် ။ လက်ရှိတွင်သမ္မတက ရွေးချယ်ခန့်ထားသောစနစ်ဖြစ်သည် ။ဖက်ဒရယ်ကိုသွားမည်ဆိုလျှင်ဒါတွေပြင်ရမည် ။ လွှတ်တော်ထဲမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားတာကိုလည်း (ဒီမိုကရေစီ စစ်စစ်သို့သွားမည်ဆိုလျှင် ) ပြင်ရမည်သာဖြစ်သည် ။ အုပ်ချုပ်ရေးတွင် ၀န်ကြီးဌာနသုံးခု၏၀န်ကြီးများကို တပ်မတော်ကာကွယ်ရေးဦးချုပ်က ခန့်အပ်နေမှုများသည်လည်း ပြင်ရမည်သာဖြစ်သည် ။ တိုင်းရင်းသားဒေသများတွင် ကိုယ့်ပြည်နယ်ကထွက်သည့်သယံဇာတ၀င်ငွေအပေါ် ပြည်နယ်အစိုးရ ၊တိုင်းဒေသကြီးအစိုးရထံသို့  အချိုးကျရောက်ရှိဖို့ကိစ္စတွင်လည်း အခြေခံဥပဒေကိုပြင်ဆင်ရမည်သာဖြစ်သည် ။ ငြိမ်းချမ်းရေးရပြီးလျှင် တခုတည်းသောတပ်မတော်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်များကိုပါ ထည့်သွင်းတည်ဆောက်ဖို့လည်း ဖွဲ့စည်းပုံဥပဒေ ကိုပြန်လည်မွန်းမံရမည်သာဖြစ်သည် ။ ကမ္ဘာ့ဒီမိုကရေစီ ကျင့်စဉ် တရပ်ဖြစ်သော ရွေးကောက်ခံအရပ်သားအစိုးရလက်အောက်တွင် တပ်မတော်ကတာဝန်ထမ်းဆောင်ရေးဆိုသည့် ပရော်ဖက်ရှင်နယ်လ်တပ်မတော်တရပ်ပေါ်ထွန်းရေးတွင်လည်း လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်အချို့ကိုပြင်ဆင်ရမည်သာဖြစ်သည် ။ ဒီမိုကရေစီမဆန်သော ၊ ဖက်ဒရယ် စနစ်နှင့်ဖီလာကန့်လန့်ဖြစ်နေသော ဥပဒေပြဌာန်းချက်များကို ၂၀၂၀ နောက်ပိုင်း ငြိမ်းချမ်းရေးရပြီး နိုင်ငံတော်သစ်တည်ဆောက်ရာတွင် လိုက်လျောညီထွေဖြစ်ဖို့ပြင်ဆင်သင့်တာမှန်သမျှ ပြင်ကြရမည်ဖြစ်သည် ။ တခုပဲရှိသည် ။ ထိုသို့ တိုင်းပြည်အတွက် လိုအပ်သော ဖွဲ့စည်းပုံပြင်ဆင်ချက် (အဆိုပြုချက်များ)ကို တပ်မတော်ခေါင်းဆောင်ပိုင်းက ဘယ်ရွေ့ ဘယ်မျှအထိ သဘောပေါက်နားလည်ပြီး လွှတ်တော်ထဲတွင် ဘယ်လိုတုန့်ပြန်မလဲဆိုတာ ဤဇာတ်လမ်း၏အရေးအကြီးဆုံးဖြစ်သည် ။
လူ့သဘောအရ မည်သူမဆိုမိမိအသာစီးရထားသော ၊ မိမိအဖွဲ့ ကို အကာအကွယ်ပေးထားသော အထူးအခွင့်အရေးများကို လက်လွှတ်ဆုံး၇ှုံးလိုမည်မဟုတ်ပေ ။ အမေရိကန်ပြည်ထောင်စုတွင် သမ္မတ လင်ကွန်းလက်ထက်က လူမည်းငွေဝယ်ကျွန်များကို ကျွန်အဖြစ်မှ ပယ်ဖျက်ပြီးလွတ်မြောက်ခွင့်ပေးဖို့ လွှတ်တော်တွင်အဆိုတင်သွင်းတော့ တတိုင်းပြည်လုံးဂယက်ရိုက်ခတ်သွားသည် ။ ကျွန်တွေ၏လုပ်အားကို ခေါင်းပုံဖြတ်၍ အကျိုးအမြတ်ရနေသူ တောင်ပိုင်းသားတွေက သမ္မတလင်ကွန်း၏ အဆိုပြုချက်ကို ခါးခါးသီးသီးဆန့်ကျင်ကြသည် ။ ပြည်တွင်းစစ်ဖြစ်သည်အထိ အမေရိကန်တွင် (ကိုယ်ကျိုးစီးပွားကာကွယ်လိုသူနှင့် နိုင်ငံကောင်းစားရေးရှေ့ရှုလိုသူ တို့ ) အုပ်စုနှစ်စု ပဋိပက္ခပြင်းထန်ခဲ့သည် ။ နှစ်ပေါင်းများစွာကြာပြီးသောအခါ ယခုခေတ်တွင်တော့ လူမည်းတွေကိုလွတ်လပ်ရေးပေးခဲ့သော သမ္မတလင်ကွန်းနှင့် လွှတ်တော်အမတ်များ မှန်သလား ၊ လူမည်းတွေကို ဂုတ်သွေးစုတ်ကာကျွန်စနစ်ကိုဆက်လက်ရှင်သန်စေလိုသူ ကွန်ဖက်ဒရေးရှင်းစနစ်ထောက်ခံသူ များမှန်သလားဆိုတာတော့ သမိုင်းကသက်သေခံခဲ့ပြီဖြစ်သည် ။ ကျွန်စနစ်ဖျက်သိမ်းမှုရလာဒ်အဖြစ်အမေရိကန်ပြည်ထောင်စုတွင် ကောလင်းပါဝဲလ်လို လူမည်း ကာကွယ်ရေးဝန်ကြီးတွေ ၊ကွန်ဒိုလီဇာရိုက်လို လူမည်းအမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးတွေ ၊ဘားရက်အိုဘားမားလို လူမည်းသွေးနှော သမ္မတတွေ ၊ မီရှဲအိုဘားမားလို လူမည်းသမ္မတ ကတော်တွေပေါ်ထွန်းလာပြီးနိုင်ငံကို အကျိုးပြုခဲ့မှုတွေကသက်သေခံနေပါသည် ။
မြန်မာပြည်ကတော့ ဘာပဲဖြစ်ဖြစ်ကြာတတ်သည့်နိုင်ငံဖြစ်သည် ။ နောက်ကျတတ်သည့်နိုင်ငံဖြစ်သည် ။ ကမ္ဘာပေါ်တွင် စီးပွားရေးလုပ်ရကိုင်ရအလွယ်ကူဆုံးအဆင့်သတ်မှတ်ရာ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ တွင်အဆင့် ၁၇၁ ဆွဲလေသည် ။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရ လွယ်ကူခြင်းမလွယ်ကူခြင်းကို ကဏ္ဍ (၁၀)မျိုးနှင့်တိုင်းတာရာတွင် ကဏ္ဍပေါင်းစုံတွင်မြန်မာက အဆင့်နိမ့်နေသည်ဆို၏ ။ ထိုကဏ္ဍဆယ်မျိုးတွင် စီးပွားရေးလုပ်ငန်းတခုစတင်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခွင့်ယူခြင်း ၊ လျှပ်စစ်သွယ်တန်းရယူခြင်း၊ မြေနှင့်အိမ်ယာအဆောက်အအုံမှတ်ပုံတင်ခြင်း၊ချေးငွေရယူခြင်း၊ရင်းနှီးမြှုပ်နှံသူများကိုအကာအကွယ်ပေးခြင်း၊အခွန်ဆောင်ရလွယ်ကူသောစနစ်ရှိခြင်း၊ ပြည်ပသို့ ကုန်ပို့ခြင်း၊စာချုပ်ပါအတိုင်း အာဏာတည်စေခြင်း၊ လူမွဲစာရင်းကြေညာမှု (ဒေ၀ါလီခံမှု)ကိုဖြေရှင်းခြင်းတို့ဖြစ်ကြသည် ။ ထိုအဆင့်တွေတိုးတက်မှုရှိအောင် သက်ဆိုင်ရာကကြိုးစား၏ ။ သို့သော် ခရုလိုတရွေ့ ရွေ့ သာ သွားလျက်ရှိသည် ။ နိုင်ငံလူမွဲခံယူမှုဥပဒေ ( Myanmar Insolvency Law) ပြဌာန်းရန်မှာ ပြည်ထောင်စုလွှတ်တော်တွင် ကြန့်ကြာနေသဖြင့် နိုင်ငံ့အတွက်အရေးပါသော ဥပဒေကို အလျင်အမြန် ဆွေးနွေးပေးစေလိုကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ပြောသည် ။ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရန်အခြားဥပဒေများတန်းစီနေသဖြင့် ထိုဥပဒေ ကို အလှည့်ကျစောင့်နေလျှင် ငါးလခန့်ကြာချင်ကြာမည် ၊ တနှစ်ခန့်ကြာချင်လဲကြာသွားနိုင်ဟု ဒုသမ္မတကပြောကြားသည် ။ အခုတော့နိုင်ငံအတွက် Doing Business ကမ္ဘာ့အဆင့်အများးကြီးတက်လာနိုင်တဲ့အတွက် ဒီဥပဒေကို နိုင်ငံအတွက်အရေးကြီးလို့  ဦးစားပေးလေးစီစဉ်ပေးပါလို့တော့ ပြောထားတာပဲ ဟု ဒုသမ္မတကဆို၏ ။ မြန်မာနိုင်ငံကား အလုပ်လုပ်ပုံအရာရာနှေးကွေးလှ၏ ။ သမ္မတအမိန့်နှင့်မူးယစ်ဆေးဝါးသွားရှာတာတောင်မှ အမိန့်ပေးသည့်အချိန်နှင့်သွားရောက်ရှာဖွေသည့်အချိန်သည် ငါးလခြောက်လလောက်ကွာခြားပေ၏ ။ လူသတ်မှုတခုဖြစ်သော ဦးကိုနီအသတ်ခံရမှုသည်လည်း သေသည်မှ (၂) နှစ်တိတိကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် အမှုမှာ စီရင်ချက်မချနိုင်သေး ။ ဖြိုးကိုကိုတင့်ဆန်း နေပြည်တော်လေဆိပ်ဝယ်လက်နက်များမိသည့်အမှုတွင်လည်း အမှုပေါင်း ၂၃ မှုဖြင့် စွဲဆိုထားရာ တရားလိုပြသက်သေမှာ လူ လေးရာကျော် (၄၀၄ဦး) ရှိသည် ဟူ၏ ။ အံ့သြဘနန်းဖြစ်ရပ်ဆန်းပင် ။ ယခုအခါ လူ ၂၀၀ ကိုစစ်ဆေးထားသည်ဆို၏ ။ နောက်ထပ်စစ်ဆေးရမည့်လူပေါင်း ၂၀၃ ယောက်တိတိပင်ကျန်သေးသဖြင့် ထိုအမှုလည်း၂၀၂၀ ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့်တိုင် ပြီးပြတ်ဦးမည်မထင်ပေ။ ကျွန်တော်တို့နိုင်ငံသည် နှေး၏ ၊လေး၏ ၊ ဘာလုပ်လုပ်ကြန့်ကြာ၏ ။ အဘတွေနှင့် ၊၀န်ကြီးတွေနှင့် ၊ဘာတွေနှင့် ညာတွေနှင့် အသိမရှိလျှင် ဌာနဆိုင်ရာအားလုံးမှာ လိပ်လို နှေးအောင်အလုပ်လုပ်ကြ၏ ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တခုကတော့ ခပ်သွက်သွက်ကလေး အရှိန်အဟုန်မြှင့်ကာဆောင်ရွက်လာတာတွေ့ ရ၏ ။ ဥပဒေအရာရှိဦးဟန်ထူးတို့ ၊ ရဲအုပ်ချစ်ကိုကို တို့အမှုကိုတရားရုံးသို့ပို့အပြီးတွင် သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မင်း(လက်ရှိ လက်ထောက်ညွှန်ကြားရေးမှူး ၊လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းသာလှ၊ သဲကုန်းမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးဦးခင်ဇော် တို့ကို အဂတိလိုက်စားမှုဖြင့် သဲကုန်းမြို့မရဲစခန်းတွင် ၂၀၁၉ ဇန်န၀ါရီ ၂၄ က အမှုဖွင့်အရေးလိုက်သည် ။ မကြာပါချေ ဇန်န၀ါရီ ၂၈ ရက်နေ့တွင် ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှမြို့နယ်ဦးစီးမှူးအပါအ၀င် ရှစ်ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်းကြားရပြန်သည် ။ ငါးသေးသေးလေးများ၊ အတန်အသင့်ကြီးသော ငါးအလတ်စားများကိုတော့ ဒယ်အိုးထဲတွင်စတင်ကြော်နေပေပြီ ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏လက်တံသည် ဤမျှမကကျယ်ပြန့်လာပြီး အရေးယူမှုများဆက်တိုက်ပြုလုပ်နိုင်ခဲ့လျှင် တိုင်းပြည်တွင် သောင်းကျန်းနေသော ခြများ နည်းပါးသွားပေလိမ့်မည် ။တရုတ်ပြည်ကဲ့သို့ ရာထူးကြီးသူများကိုရော အဂတိလိုက်စားသူမှန်လျှင်ဖော်ထုတ်အပြစ်ပေးအရေးယူပါမှတိုင်းပြည်ကောင်းလာပေလိမ့်မည် ။
ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာပတ်ပြီး မြန်မာနိုင်ငံတွင်ရင်းနှီးမြုပ်နှံမှုတွေလာကြဖို့  စည်းရုံးလှုံ့ဆော်နေသည် ။ သို့သော်ကမ္ဘာ့စီးပွားရေးသမားတွေသည်အချဉ်တွေမဟုတ် ။ သူတို့လာရောက်ရင်းနှီးမြုပ်နှံရမည့် နိုင်ငံ၏ အလုပ်လုပ်ပုံကိုင်ပုံကိုကြည့်ရှုလေ့လာစမြဲဖြစ်သည် ။ မြန်မာတို့သည် ကြိုးနီစနစ်ဖြင့်အသားကျနေပြီး ဘယ်အရာမဆို ကြန့်ကြာအောင်လုပ်လေ့ရှိ၏ ။ အစိုးရရုံးဌာနများတွင် ကိုယ်လုပ်ရမည့်ကိစ္စကို အားတက်သရောမြန်မြန်ဆန်ဆန်ဆောင်ရွက်လိုစိတ်မရှိပေ ။ ကျွန်တော့်မိတ်ဆွေတယောက်သည် ရန်ကုန်တွင် လက်ဖက်ရည်နှင့်စားဖွယ်စုံ စားသောက်ဆိုင်ဖွင့်ရန် စည်ပင်ကိုဆောက်လုပ်ခွင့်လျှောက်ထားခဲ့ရာ ခွင့်ပြုမိန့်မှာတနေ့လာလည်း မရသေး၊ တလကြာလည်းမရသေး ၊ သုံးလလောက်ကြာမှ ခွင့်ပြုမိန့်ကျလာ၏ ။ လက်ဖက်ရည်ဆိုင်လေးဆောက်ဖို့ခွင့်ပြုမိန့်လေးတခုရဖို့  ရက် ၉၀ လောက် ဘာကြောင့်အချိန်ယူ နေရသလဲ စဉ်းစား၍မရပေ ။ ထိုသို့ ဘာမဟုတ်တာလေးကိုပင် အချိန်ယူ ညစ်ကွက်ဆင်ကြသောနိုင်ငံသို့ဘယ်နိုင်ငံခြားသားကမှ စက်ရုံအလုပ်ရုံတွေ ၊စီးပွားရေးလုပ်ငန်းတွေလာလုပ်ချင်မည်မဟုတ်ပေ ။ နိုင်ငံပေါင်း ၁၉၀ တွင် မြန်မာသည် အဆင့် ၁၇၁ ရတာလည်းမဆန်းပေ ။ ၁၈၈ လောက်ပင်ရသင့်သေး၏ ။ စည်ပင်ကတမျိုး ၊ ထွေအုပ်ကတမျိုး ၊ အခွန်ကတမျိုး ၊ လျှုပ်စစ်ဌာနကတမျိုး ၊ ရဲကတမျိုး၊ မြေစာရင်းဌာနကတမျိုး ဌာနပေါင်းစုံရှိသမျှက ၀ိုင်းဝန်း ညစ်ကွက်သုံးနေကြသဖြင့် ကိုယ့်မြန်မာအချင်းချင်းပင် စီးပွားရေးလုပ်ငန်းတခုလုပ်ဖို့ ဆလံသကြရသောနိုင်ငံဖြစ်သည် ။ ဘာလုပ်လုပ် တော်တော်နှင့်မပြီး ဌာနဆိုင်ရာများသို့ချောင်းပေါက်အောင် သွားရသောနိုင်ငံဖြစ်သည် ။ ယခုလည်း လာပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အဆိုတင်သွင်းလိုက်ပြီတဲ့ ။ ဘယ်လောက်ကြာပြီးဘယ်လိုနိဂုံးချုပ်ဦးမည်မသိ ။တိုင်းပြည်အတွက်ကြည့်ကြမှာလား၊ဘာလာလာကန့်ကွက်မှာလား။ အင်္ဂလိပ်ခေတ်က လွတ်လပ်ရေးရဖို့ကြိုးစားသူတွေပြောလေ့ရှိသော စကားတခွန်းကိုပင်သတိရမိသည် ။
“အီစလံဝေ “ တဲ့ ။
တိုင်းပြည်ကမည်မျှ အီစလံဝေပြီးမှ ကောင်းလာမှာလဲ ၊ ကျွန်တော်တို့လဲမခန့်မှန်းတတ်ကြပါပြီတကား။
သရ၀ဏ်(ပြည်)
စောင့်ကြည့်ဂျာနယ်
၁.၂.၂၀၁၉

Monday, January 28, 2019
RSE, PE လက်မှတ်ရအင်ဂျင်နီယာနဲ့ မြန်မာအင်ဂျင်နီယာကောင်စီ

RSE, PE လက်မှတ်ရအင်ဂျင်နီယာနဲ့ မြန်မာအင်ဂျင်နီယာကောင်စီ
ကျနော် စင်ကာပူမှာ အလုပ်လုပ်တုန်းက သက်ဆိုင်ရာကဏ္ဍတွေမှာ PE လက်မှတ်ရထားသူက Drawing Approve လုပ်ဖို့ လက်မှတ်ထိုး၊ တုံးထု ပြီး တရွက်ကို ဒေါ်လာဘယ်လောက ဆိုပြီး စာရွက်တိုင်းကို တုံးထုခ ယူပါတယ်။ သူမနှစ်သက်ရင် ပြန်ပြင်ဖို့ PDF file ကိုပဲ ကွန်ပြူတာနဲ့ မှတ်ချက်တွေရေး၊ ဟိုဆွဲသည်ဆွဲ လုပ်ပြီး အီးမေးနဲ့ ပြန်ပို့ပါတယ်။ ကျနော်တို့က ပြန်ပြင်ရပါတယ်။ .. PE က သူအတည်ပြု လက်မှတ်ထိုးလိုက်တဲ့ ဆောက်လုပ်ရေး လမ်းတံတား၊ အဆောက်အဦ၊ စက်မှု ဘွိုင်လာ၊ ဓါတ်လှေခါး၊ လျှပ်စစ် ထရန်စဖွန်မာ၊ ဂျင်နရေတာ၊ Fire System, SCADA system , Lighting System စတဲ့ Drawing ပုံဒီဇိုင်းများကို ဖတ်မှတ်ပြီး အတည်ပြုလက်မှတ် ထိုးရပါတယ်။
.
PE အတည်ပြုတဲ့အတိုင်း လုပ်ငန်းပိုင်ရှင်က တပ်ဆင်၊ ဆောက်လုပ်ရပါတယ်။ တခုခု မှားရင် P.E ဆီကို အဆုံးအဖြတ် Drawing ပြင်သင့်ရင် ပြင်၊ လက်မှတ် အသစ်ပြန်ထိုးရပြန်ပါတယ်။ လက်မှတ်ထိုးတိုင်း ငွေပေးရပါတယ်။
.
မြန်မာပြည်မှာတော့ P.E ဆိုတာ ဘာမှ ရေရာစွာ မလုပ်နိုင်သေးပါဘူး။ နိုင်ငံခြားက တတ်ကြွမ်းတဲ့ မြန်မာအင်ဂျင်နီယာများကို လည်း ထိုင်ခုံ ပြသနာကြောင့် အ၀င်မခံချင်ပါဘူး။
.
.
ဒါပေမဲ့
.
အလွန်ကြီးမားတဲ့ Offshore Projects, Shwe Gas Pipeline, Copper Mine, Power Plants, စတဲ့ အဆောက်အဦးကြီးများကိုတော့ နိုင်ငံခြားကုမဏီ ကြီးများကပဲ တာဝန်ခံ ဆောက်လုပ်တယ်။ P.E က Drawing စစ်ဆေးရင် ရူးသွားနိုင်တယ်။ အလားတူTelenor, Mytel, Ooredoo, Mpt စတဲ့ ဆက်သွယ်ရေး ကုမဏီကြီးများရဲ့ လုပ်ငန်း Drawing ပုံဒီဇိုင်းကို မြန်မာ P.E စစ်ဆေးလို့ မဖြစ်နိုင်ပါဘူး။ P.E Communication မရှိသေးပါဘူး။ P.E Electronic ကလဲ ဘာမှ မလုပ်နိုင်ပါဘူး
.
.
ဒီတော့
မြန်မာ P.E တွေ လက်ရှိ ဘာလုပ်နေသလဲ ဆိုတော့ AGTI အဆင့်မဟုတ်သူတောင် ဆောက်နိုင်တဲ့ ကျောင်း၊ ဆေးခန်း၊ လမ်း၊ တံတားလေးတွေကို လက်မှတ်လိုက်ထိုး နေရတတယ်။ စိတ်မကောင်းမဖြစ်ပါနဲ့။ စခါစ ဆိုတော့ ဒီလိုနဲ့ပဲ စရမှာ ဖြစ်ပါတယ်။
.
.
နောက်ဆုံး
ကျနော်တို့ P.E ရွေးချယ်ရေး အဖွဲ့က ကိုးရိုးကားယား၊ အင်ဂျင်နီယာကောင်စီ ဥပဒေနဲ့ ဘောင်ဝင်အောင် RSE, PE တွေကို ရွေးချယ်ရပါတော့တယ်။ ဒီတော့လည်း ပုဂိုလ်ခင်ရာပဲ ရွေးကြတယ်။ ပါမောက္ခတိုင်း ၊ ညွန်ချုပ်တိုင်း P.E အတင်းပေးလို့ တချို့ မလုပ်ချင်လို့ ရှောင်ပြေးနေကြတယ်။ ဘယ်လုပ်ချင်စရာ ကောင်းမလဲ။ တနေ့ ကျပ် တသောင်းပဲ ရပြီးတော့ လူတွေကို အရည်အချင်းစစ်နေရတာ၊ အရည်အချင်း ရှိသူတွေကလဲ ..စာမေးပွဲလာမဖြေဘူး။ P.E လက်မှတ်ထိုးပြီး အသက်မွေးမယ် ဆိုသူများပဲ RSE, PE လက်မှတ်တွေ ရအောင် ယူကြတယ်။ ရပြီးလည်း တကယ်လက်မှတ်ထိုးချိန် မှာ ၉၀% RSE, PE တွေက လက်မှတ်ထိုးခွင့် မရှိပါဘူး။
.
.ကိုတင့်လွင် ပို့အောက်မှာ ရေးထားတယ်
https://www.facebook.com/groups/173723859950012/permalink/300560250599705/.
ကျနော့် ဝေါ မှာလဲ သက်မွေးပညာနဲ့မိုက်ကယ်ဖာရာဒေး အကြောင်း ရေးထားပါတယ်။
https://www.facebook.com/myanmarjobstudent/posts/10156307447078472
.
မြန်မာပြည် MEngC PE flow chart မှာတော့ AGTI လည်း PE ဖြေခွင့်ရှိပေမဲ့ တယောက်မှ မပေးသေးဘူး ဆိုပဲ..
.
.
.
သုံးသပ်ရရင်တော့
.
တလောက် အင်ဂျင်နီယာကောင်းစီ ၆၀ဦး ရွေးကောက်တော့ ဥပဒေအဟောင်းက သိပ်မစွံတော့ အသစ်ပြဌာန်းလိုက်တယ်။ ထုံးစံအတိုင်း ဆူညံနေကြတယ်။
.
နောက်တဖန် AGTI ဒီပလိုမာ သမားတွေက သူတို့ကို ခွဲခြားတယ် ပြောပြီး ဆူပူကြပြန်တယ်။
.
၂၀၁၆ တုန်းက လူလိမ်တင်ထွန်း ဆိုသူကို ၁၀တန်းမအောင်ပေမဲ့ (ကွယ်လွန်သူ) ၀ါရင့်အင်ဂျင်နီယာကြီး တစ်ဦးနဲ့ အဖွဲ့က P.E ပေးလိုက်တယ်။ နောက် အဲဒီလူလိမ် တင်ထွန်းက အာစီယံပီအီး၊ ကျနော်တို့ YTU (RIT) မှာ ဧည့်ပါမောခ ဖြစ်လာပြီး၊ စီမံကိန်းများစွာကို အခြေခံပညာမတတ်ပဲ လက်မှတ်ထိုး လိမ်စားနေတာ မိသွားပေမဲ့ အဲဒီလူလိမ်ကို အရေးမယူရဲဘူး။ လမ်မဲကြီးတွေ နောက်ကွယ်မှာ ရှိတယ် ပြောကြတယ်။
.
ဒါနဲ့ပဲ P.E ရထားသူတွေ အရည်အချင်းမရှိ၊ ၁၀တန်း ကျူရှင်ပဲ ပြစားနေတဲ့လူ၊ အသက်အလွန်ငယ်ရွယ်သူ စသဖြင့် PE လက်မှတ် ရထားတာတွေ ဆူညံလာတယ်။ P.E ရပြီးရင် နှစ်စဉ် စာတမ်းတစ်စောင်၊ စာအုပ်တစ်အုပ် စသဖြင့် ပြုစုရမယ် ဆိုတဲ့ လမ်းညွန်ချက် မရှိ။ P.E လက်မှတ်ကိုင်ပြီး အီလက်ထရွန်းနစ် တင်ဒါ ဆိုရင် Ec P.E လက်မှတ်ထိုးရမယ်၊ Civil, Road/Bridge တင်ဒါဆိုရင် P.E လက်မှတ်ထိုးရမယ်၊ စက်မှု P.E တော့ ဘာ တင်ဒါတွေ ထိုးသလဲ မသိရ။
.
တကယ်တော့ Engineer Council က လူကြီးတွေခမြာ အကောင်းဆုံး လုပ်နေပေမဲ့ ယိုယွင်းနေတဲ့ စနစ်ဆိုးကြီးကြောင့် ဆူပူမှုဒဏ်ကို အလူးအလဲ ခံနေရပါတယ်။ အလွန် သနားစရာ ကောင်းတာကတော့ လစာလဲ မရပဲ မြန်မာပြည် အင်ဂျင်နီယာလောက ပညာရပ်ဆိုင်ရာ တိုးတက်အောင် လုပ်နေကြတဲ့ စီနီယာ ၀ါရင် အင်ဂျင်နီယာကြီးများ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ပါစေ၊ အင်ဂျင်နီယာများ စိတ်ထား ကောင်းကြမယ် ဆိုရင် မြန်မာနိုင်ငံ တိုးတက်မှု မြန်ဆန်မှာ ဖြစ်ပါတယ်။
.
မြန်မာအင်ဂျင်နီယာကောင်စီ ပြုလုပ်တဲ့ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဥပဒေများမှာ ကိုယ်ကျိုးစီးပွား ပါဝင်မှာတော့ မလွဲဧကန် ဖြစ်ပါတယ်။ မြန်မာအင်ဂျင်နီယာအသင်း၊ မြန်မာအင်ဂျင်နီယာကောင်စီ၊ အခု အရည်အသွေးစစ်ဆေးရေး စသဖြင့် မြန်မာပြည်မှာ ဖြစ်နေတဲ့အတိုင်း လူတစ်စု လက်ဝါးအုပ်ဖို့ ကြိုးစားနေကြတာ ခေတ်ကာလရဲ့ ပြယုတ်ဖြစ်ပါတယ်။
.
ဒီ လူနဲ့မူ ပြသနာကတော့ ဆက်လက် ရှိနေဥိးမှာပဲ ဖြစ်ပါတယ်။ အမြင့်ဆုံးသော မြန်မာပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ က အစ တပ်မတော်က ၂၅% နေရာယူထားသလို၊ အဖွဲ့အစည်း၊ အစိုးရဌာန အသီးသီးမျာလည်း အလားတူ ပဲ ဖြစ်ပါတယ်။ အခု သမ္မတဦးဝင်းမြင့် လက်ထက်မှာ တပ်မတော်နဲ့ အစိုးရ နားလည်မှု ရှိလာပြီး၊ အဂတိများ ( တနည်းပြောရရင် ..COI Conflict of Interest ကိုယ်ကျိုးစီးပွား) ကို စတင် အရေးယူနေချိန်မှာ.. အင်ဂျင်နီယာလောက ပညာရှင်များလည်း စိတ်နှလုံးကောင်းများ ထားနိုင်ကြပါစေ။
.
ဇော်အောင် (M Zaw Aung)
Website: http://www.myanmarengc.org/
Facebook: https://www.facebook.com/Myanmar-Engineering-Council-596849123795862/
Date: 28.1.2019
Thursday, January 24, 2019
ကျောင်းပြီးကတည်းက ဆယ်တန်းကျူရှင် ပြစားနေတဲ့သူမျိုးကို P.E ပေးနိုင်ပြီး..
ကျောင်းပြီးကတည်းက
ဆယ်တန်းကျူရှင် ပြစားနေတဲ့သူမျိုးကို
P.E ပေးနိုင်ပြီး..
ကျောင်းမပြီးခင်ကတည်းက လုပ်ငန်းခွင်ဝင်ကာ၊
အင်ယာလောကထဲ တစ်စိုက်မတ်မတ် လုပ်လာသူ ကျနော့်ကိုကျ
P.E နဲ့ မထိုက်တန်သေးဘူး ဆိုတာ..
#နည်းနည်းတော့_ရင်နာတယ်၊
ဆယ်တန်းတောင် မအောင်တဲ့သူကို P.E ပေးနိုင်ခဲ့ပြီး...
ME ဆက်တက်ခွင့်ရပါလျက်နဲ့ မတက်ဖြစ်ခဲ့ဘဲ
လုပ်ငန်းခွင်မှာ နှစ် ၂၀ ကျော် စာတွေ့လက်တွေ့ ကြိုးစားခဲ့ရတဲ့ ကျနော့်ကျမှ
P.E interview ကျတယ်ဆိုတာ..
#နည်းနည်းတော့_ရင်နာတယ်၊
ဘာသာပြန် translation တွေလောက်နဲ့ သင်ကြားရေးဖက် ရောက်နေတဲ့
TU ကျောင်းအုပ်တွေကို P.E ခေါ်ပေးဖို့ ကြိုးစားခဲ့ကြပြီး...
လက်တွေ့လုပ်ငန်းခွင်မှာ textbook တွေ ဘာသာပြန်ပြ၊ လက်တွေ့ပါ လုပ်ပြပြီး တပည့်ပေါင်းများစွာ မွေးထုတ်ပေးနေတဲ့ ကျနော့်ကိုကျ
P.E မပေးချင်သေးဘူး ဆိုတဲ့အပေါ်..
#နည်းနည်းတော့_ရင်နာတယ်၊
ရန်ကုန်မှာ နေနေတဲ့သူတွေကျ
အစ်ကိုကြီး ညီလေး နဲ့
အလွယ်တကူပဲ P.E ရနိုင်ကြပြီး...
ပြည်နယ်မှာ နေနေတဲ့
ကျနော်တို့လို တစ်ကောင်ကြွက်တွေအတွက်
P.E ရဖို့ ခက်နေရတဲ့ အပေါ်..
#နည်းနည်းတော့_ရင်နာတယ်၊
ပြည်နယ်တွေမှာ
P.E တွေ ရှိကုန်ကြရင်...
P.E တွေ စုကာ
တောခို သူပုန်ထ
မိုင်းထောင် လူသတ်
ဆက်ကြေးကောက်
မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား
ကုန် ကြမှာကို
စိုးရိမ်နေလို့ များလား..
.
.
Facebook link
https://m.facebook.com/story.php?story_fbid=1994722327232223&id=100000834260595
စီးပွားရေးပေါ်လစီနဲ့မြစ်ဆုံအရေး
စီးပွားရေးပေါ်လစီနဲ့မြစ်ဆုံအရေး
ဒေါ်အောင်ဆန်းစုကြည် အဖြေ (၂၀၁၅ အစိုးရမဖြစ်ခင် ပြောစကားကို သုံးသပ်ချင်လာပါတယ်။ ရေအားလျှပ်စစ် တခြားနေရာတွေမှာ ဆက် လုပ်စေ ချင်လို့ပါ။ ဒေါ်အေါင်ဆန်းစုကြည် ပြောတဲ့အတိုင်း လုပ်လေ့ ရှိပေမဲ့..မြစ်ဆုံကိစ္စကို ဘေးကကြည့်ပြီး မကြေနပ်သူတွေ ပိုများလာပါတယ်)။
.........
မဲနှုက်ပြီး ရသောမေးခွန်းစာရွက် ကို ဖတ်ပါတယ်။
.
မေး...အမေစုတို့ စီးပွားရေးပေါ်လစီကို သိလိုပါတယ်။ အန်တီသမ္မတဖြစ်ရင် နိုင်ငံခြားရင်းနှီးမြှတ်နှံမှု FDI Foreign Direct Development တွေ ဝင်လာအောင် ဘယ်လိုလုပ်ရပါမလဲ။.. မြစ်ဆုံဆည် ရေအားလျှပ်စစ်အကြောင်းလဲ သိလိုပါတယ်။
.......
ဖြေ...ကျမတို့ စီးပွားရေး ပေါ်လစီနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် FDI ဝင်လာဖို့အတွက် ထိုင်ပြီးတော့ ရင်းနှီးမြှတ်နှံ မှုတွေ ဝင်လာဖို့ စောင့်နေတယ်လို့ သဘောရှိတယ်လို့ ကျမ မြင်ပါတယ်။ ကျမ အနေနဲ့ကတော့ အဲဒီလို သဘောရှိနေလို့တော့ မဖြစ်ဘူးလို့ မြင်ပါတယ်။(လက်ခုပ်.အားပေးသံများ)။ အဲဒီလို လုပ်လို့ မဖြစ်ဘူးလို့ ကျမ ထင်ပါတယ်။ စီးပွားရေး ကောင်အောင်လုပ်ဖို့ နိုင်ငံတော် စီမံကိန်းတွေ ရှိဖို့ လိုပါတယ်။ စီးပွားရေး စီမဲကိန်းတွေ ကလည်း ပွင့်လင်းမြင်သာ ရှိဖို့ လိုပါတယ်။
.
.
FDI ပြည်ပရင်းနှီးမှု
အဲဒီအချက်တွေကလည်း FDI ရရှိရေးနဲ့ ဆက်နွယ်နေပါတယ်။ FDI ရဖို့အတွက် ဘယ်လိုပြင်ဆင်ပါသလဲ ဆိုတော့ FDI ဥပဒေ ထွက်ပြီ။ ဒီ ဥပဒေ ထွက်ပြီ ဆိုတော့ ရင်းနှီးမြှုတ်နှံမှုတွေ စုပြုံပြီး ဝင်လာပါသလား ဆိုတော့ မျှော်မှန်းသလို ဝင်မလာပါဘူး။ အဲဒီလို ဝင်မလာတာကို ကျမ နိုင်ငံတကာ စီးပွား ပညာရှင်များနဲ့ ဆွေးနွေးပါတယ်။ သူတို့ရဲ့ ပြောတာ အကြားရဆုံး အဖြေကတော့ ၂ခု ပဲ တွေ့ရတယ်။
.
တခုကတော့ သူတို့ လုံခြုံမှု မရှိလို့ပေါ့နော်။ သူတို့ တရားဥပဒေစိုးမိုးရေး အပေါ် ယုံကြည်မှု မရှိလို့။ ဥပဒေတွေကတော့ ခုပြောတဲ့ FDI ဥပဒေ ကတော့ ရှိနေပါပြီ။ ဒါပေမဲ့ အဲဒီဥပဒေအတိုင်း လုပ်ပါ့မလား၊ အဲဒီ ဥပဒေ စိုးမိုးမှု ရှိနိုင်မလား ဆိုတဲ့ စိုးရိမ်မှုတွေ ရှိတယ်။ အဲဒါက တခုပေါ့နော်။
.
Infrastructure အခြေခံအဆောက်အဦ
နောက်တခုကတော့ အခြေ ခံ အဆောက်အဦ။ အင်ဖရာ စထရပ်ချာ Infrastructure ပေါ့နော်။ အဲဒါ အားနည်းတဲ့အတွက် တချို့ စီးပွားရေးကုမဏီကြီးတွေက သိပ်စိတ်မပါဘူး ဖြစ်သွားတယ်။ ဥပမာ တခု ပြောရရင် စက်ရုံကြီး သူတို့လုပ်ငန်းအတွက် ဆောက်မယ်ဆိုပါတော့။ ဒါပေမဲ့ စက်ရုံဆီကို လမ်းတွေလဲ ဆောက်ရမယ် ဆိုရင်တော့ စိတ်ပျက်သွားတယ်။ (ရယ်မောလျက်..ပရိတ်သတ်ရယ်သံများ)။ အဲဒါအပြင် လျှပ်စစ်ရရှိရေး အတွက် သူတို့ကပဲ ရုန်းကန်ရမယ် ဆိုရင်ဖြင့် ပိုပြီး စိတ်ပျက်သွားတယ်။ ဒါကြောင့်မို့ ဒီဟာတွေ ရရှိရေးအတွက် အစိုးရက စီမံကိန်းချ လုပ်ဆောင်မှ စီးပွားရေး တိုးတက်မယ် ဖြစ်ပါတယ်။
.
စီးပွားရေးတိုးတက်ဖို့ ဆိုတာ တလမ်းထဲသွားလို့ မရပါဘူး။ လမ်းအမျိုးမျိုးကို တချိန်တည်း သွားရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် စီမံကိန်းများကို တပြိုင်တည်းလုပ်ဆောင်ရမယ်။ စွမ်းအင်အတွက် လျှပ်စစ်စီမံကိန်းကြီးများ၊ လမ်းပန်း ဆက်သွယ်ရေး စီမံကိန်းကြီးများ လိုပါတယ်။ အခြေခံအဆောက်အဦ InfraStructure တွေ တပြိုင်တည်း လုပ်ဆောင်ရပါမယ်။ အဲ ဒီဟာတွေ မပြည့်မစုံပဲ တော်ရုံတန်ရုံ လုပ်ငန်းရှင်တွေက သိပ်မလာချင်ကြဘူး။ စောစောက ပြောသလို လုံခြုံမှု လိုတယ်။ ဘဝအာမခံချက် လိုတယ်ပေါ့။ ကျမတို့ လူငယ်တွေ ပြောသလိုပေါ့၊ ဒီစီပွားရေး လုပ်ငန်းရှင်တွေလဲ လုံခြုံမှု အာမခံ လိုတယ်။ စီးပွားရေး လာလုပ်တယ် ဆိုတာ အကျိုးအမြတ်အတွက် လာကြတာဖြစ်တယ်။ ဒါပေမဲ့ သူတို့ အကျိုးအမြတ် ရှိသလို ပြည်သူပြည်သားတွေလဲ အကျိုးအမြတ် ရှိဖို့ လိုတယ်။ ပြည်သူတွေ အကျိုးအမြတ် ရဖို့ကတော့ အစိုးရရဲ့ တာဝန်ဖြစ်တယ်။
.
အခုဆိုရင်ဖြင့် ကျမတို့ ပြည်သူပြည်သားတွေက နိုင်ငံခြား ရင်းနှီးမြှတ်နှံမှု တွေအတွက် မကျေမနပ် ဖြစ်တယ်။ ခေါင်းပုံဖြတ်တယ်ပေါ့နော်။ ခေါင်းပုံဖြတ်တယ်ဆိုတာ . ခေါင်းပုံမဖြတ်အောင်လို့ ဘယ်သူက ကာကွယ်ရမလဲ။ အစိုးရက ကာကွယ်ရမှာပေါ့။ ကိုယ့်လူမျိုးကို ကိုယ့်အစိုးရက မကာကွယ်ပေးရင် ဘယ်သူက ကာကွယ်ပေးမှာလဲ။ အဲဒီတော့ အခုမေးတဲ့ မေးခွန်းမှာ မြစ်ဆုံစီမံကိန်း ကို မေးထားတယ်။
.
.
မြစ်ဆုံစီမံကိန်း
အန်တီ သမ္မတဖြစ်တာ၊ မဖြစ်တာက သတ်သတ်၊ ဒီကိစ္စကို မူအရ ပြောသွားမယ်။ စီမံကိန်းတခုကို ပြင်ပနိုင်ငံ တစ်ခုက အစိုရကပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်တစ်ဦးက ဖြစ်ဖြစ် သဘောတူညီမှု ယူတဲ့အခါ အဲဒီစီမံကိန်းမှာ ဘာတွေပါသလဲဆိုတာ ပြည်သူတွေ သိခွင့်ရှိတယ်။ ကျမတို့ ဘာမှမသိဘူး။ မြစ်ဆုံ စီမံကိန်းမှာ ကျမကို ဘာလုပ်မလဲလို့ မေးရင် ဘာသဘောတူညီမှု ရှိသလဲ ဆိုတာ ကျမ မသိပဲနဲ့ ကျမ ဘယ်လိုလုပ် ဖြေမလဲ။ ကန်ထရိုက် ဆိုတာရှိတယ်နော်။ ဘာတွေ သဘောတူညီ ခဲ့သလဲ ဆိုတာ ကျမမသိဘူး။ နောက်ပြီးတော့ သဘောတူညီထားတဲ့ အတိုင်း မလုပ်ခဲ့ရင် ကျမတို့က ဘာတွေ ပြန်ဆပ်ရမလဲ ဆိုတာလဲ ကျမ မသိဘူး။
.
ဒါမျိုးဆိုတာ ပွင့်လင်းမြင်သာမှု ရှိရတယ်။ ကျမတို့ အစိုးရကလဲ ပွင့်လင်းရမယ်။ နောက်ပြီးတော့ အမှန်ပြောလို့ရှိရင် လက်မှတ်ထိုးတဲ့သူတွေက ဘာဖြစ်လို့ တာဝန်ယူပြီး မရှင်းသလဲလို့ မေးချင်တယ်။
.
End of Video
...............................
FDI သုံးသပ်ဆောင်းလင့်ပါ
https://m.facebook.com/groups/1410110412651955?view=permalink&id=1747185695611090
(or) shot cut www.goo.gl/bT8ES5
.
မိမိ သုံးသပ်ချက်
ဒီဗွီဒီယို က ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံဘဝ ပြောခဲ့ပြီး၊ အခု အဏာ ၇၅ရာနှုန်း ရတာ ၃နှစ်နီးပါး အထိ ငြိမ်နေချိန် (စုံစမ်းရေးကော်မရှင် ဖွဲ့ပေးပြီး အစီရင်ခံစာ တရားဝင် မထွက်လာသေးချိန်) မြန်မာပြည်က တရုပ် သံရုံးရဲ့ သဘောထားထွက်လာလို့ ပြည်သူတွေ ဒေါသထွက်နေချိန်ကာလပါ။ တရုပ်အစိုးရက မြန်မာပြည်သူအာလုံးနီးပါး မလိုလားမှန်း သိရက် ဒီသတင်းထုတ်ပြန်တာပါ။ နိုင်ငံရေးပါ။ ဆက်လုပ်ရင်လဲ စတိ အလတ်စားရေအား ၁၀၀ အမြင့် ရေကာတာ လောက်ပဲ လုပ်ကြရင်ရင် တရုပ်က လက်ခံမလား။ ရေအားလျှပ်စစ် စီမံကိန်း အားလုံး ရပ်သွားတာ မြစ်ဆုံရပ်ဆိုင်းလို့ အဓိကပါပဲ။ ပြန်မဆွေးနွေး သေးတာလဲ အစိုးရမှာ မမျှော်လင့်တဲ့ ဘင်္ဂါလီ.ရခိုင်အရေးလိုမျိုး ပေါ်လာတာကြောင့်ပါ။
.
အရေးထဲ မြစ်ဆုံ နဲ့ ကျောက်စိမ်း သယံဇာတကြွယ်ဝတဲ့ ကချင်ပြည်နယ် အစိုရဝန်ကြီး၃ဦး နှုတ်ထွက်ခြင်း၊ ရပ်စဲခြင်း Jan2019 မှာ ဖြစ်လာတယ်။ မြစ်ဆုံ စာချုပ်ကို အမေစု ပြောတဲ့ လက်မှတ်ထိုးခဲ့သူများခမြာ ရာထူးမရှိတော့တာ ၂၀၁၆ ကတည်းကပဲ ဆိုတော့.. အခု အမေစုပဲ ရှင်းနေရပြီ။ ပြန်ခေါ်လဲ လာမှာမဟုတ်။ အသေပဲ ခံတော့မလား မသိ။
.
ကချင်တိုင်းရင်းသား လက်နက်ကိုင်နဲ့ သူတို့မဟာမိတ် ရခိုင် အေအေ ဌာနချုပ်ရှိရာ ကချင်ပြည်နယ်မှာ၊.. အင်အားကြီးမားလှတဲ့ မြန်မာ့တပ်မတော်ကြီးလဲ ရှိနေတယ်။ ငြိမ်းချမ်းရေး ကို မထိခိုက်ဖို့ လောလောဆယ် မကြုံစဖူး တဖက်သတ် အပစ်ခတ်ရပ်ထားတဲ့ တပ်မတော်သဘောထားလဲ.. မြစ်ဆုံအရေးမှာ အရေးကြီးတယ်။ မြစ်ဆုံ စုံစမ်းကော်မရှင်ရဲ့ အစီရင်ခံစာ မကြာခင်ထုတ်ပြန်မှာလား၊ မကြာခင် အလည်ပတ် ရောက်လာတော့မဲ့ တရုပ်အကြီးကဲ ကျီရှင်ပင်း မြန်မာပြည်ခရီးစဉ် အတွက် ပြင်ဆင်ဖို့ မြန်မာအစိုးရ အကောင်းဆုံး လုပ်နိုင်ပါစေ။
.
ဇော်အောင်(မုံရွာ)
22.Jan.2019
ကိုးကား..ဗွီဒီယို..
https://m.facebook.com/story.php?story_fbid=439907313213423&id=100015824744006
လူလိမ်တင်ထွန်း. အင်ဂျင်နီယာ. ပရောဖက်ဆာ
လူလိမ်တင်ထွန်း
မယမင်း (အင်ဂျင်နီယာ ဂန့်ဂေါ အမတ်) ဘက်က ၁၀၀% ထောက်ခံတယ်။ Personal Attack နဲ့ ဘာမဟုတ်တဲ့ကိစ္စကို AGTI, နဲ့ BE သွေးခွဲ တိုက်ခိုက်တယ်။ ဒီ MEngCအင်ဂျင်နီယာ ကောင်စီက လူတွေ ပိုက်ဆံလဲ သိပ်မရပဲနဲ့ ငွေ၊ အာဏာရှိသူတွေ ပြည်ပကုမဏီကြီး တွေ အကျိုးပဲ လုပ်ချင် လက်ဝါးအုပ်ချင်နေတယ်။ လူတစု ကြီးစိုးနေတယ်။ အဲဒီလူတစု ကြီးကျယ်နေတာ ဇီးပိန်ဖောင်ကြီး လိုမျိုး.. အရေးယူဖို.့လိုနေပါပြီ။ အရေးယူရမဲ့ ပထမ အမှုကတော့...လူလိမ်တင်ထွန်း အမှုနဲ့ အပိုင်ကိုင်ရတော့မယ်.. သူတို့ ခွင့်ပြုလို့ (အသုံးမကျလို့) အလိမ်ခံရတာ.. ၁၀တန်း မအောင်တဲ့ စကာပူမှာ အလုပ်လုပ်သူ က B.E အတု ဟန်ဆောင်ပြီး. ကပ်ဖားလုပ်ပြီး. P.E လျှောက်တာ ရတယ်။ ..အဲဒီ လူလိမ်တင်ထွန်းက အာစီယံ P.E လျှောက်တာ ရပြန်တယ်။ အဆောက်အဦများစွာ ဒီ လူလိမ်တင်ထွန်း လက်မှတ်နဲ့ ဆောက်ခဲ့ပုံရတယ်။ နောက်ဆုံး ရှက်စရာအကောင်းဆုံးက RIT, YTU ကျောင်းတော်ကြီးမှာ ဧည့်ပါမောက္ခ ဖြစ်လာပြီး. ဆရာကြီး တစ်ဆူ ဖြစ်လာတယ်။ လူမိ လူသိသွားတဲ့ အခါ..လူမသိသူမသိ PE, Professor အဖြစ်က ပြန်ရုတ်သိမ်းလိုက်တယ်။
.
အော်.အခုကျမှ P.E အင်တာဗျူးတဲ့ PE ညီလေး. ညီမလေး တွေက. အစ်ကိုကြီး အင်ယာကြီးတွေရဲ့ BE လက်မှတ်ကို ပွတ်ကြည့်ပြီး အတုဖြစ်မှာစိုးနေတယ်။.. 1984 batch Ec ဆိုရင် အဲဒီ batch. P.E ရထားသူတွေကို ဖုန်းဆက်ခိုင်းလိုက်.. အသေချာဆုံး အတု အစစ် စစ်ဆေးနည်းပဲ.။ .ထားပါတော့။
.
စစ်အစိုးရခေတ်က..ရပ်ကွက်ထောက်ခံစာ တောင်းသလို...အကျင့်စာရိတ္တမကောင်းသူ ထံက အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာ တောင်း သလို..အတွေကြုံရှိတဲ့ အင်ဂျင်နီယာကြီးတွေက PE လာမလျှောက် ချင် ဘူးး...တဲ့။..သိက္ခာ ကျတယ် ..တဲ့။ ငွေလိုလို့.. လက်မှတ်ထိုးစားဖို့ လျှောက်သူများပေမဲ့ ကျနော်လိုလူကတော့ ကိုယ်မသိတဲ့ အလုပ်ကို ၅သောင်း၊ ၁သိန်း နဲ့ လက်မှတ်မထိုးချင်ဘူး။ အခု ပေါက်ဈေး ၁၅ သိန်း လဲ မလိုချင်ဘူး။ ..ပိုက်ဆံ မရှိပေမဲ့ လိမ်စားတဲ့ အလုပ် မလုပ်ချင်ဘူး။ လုပ်နေရသူများကိုလဲ အပြစ်မတင်ဘူး။ စနစ်ကြီးက တနိုင်ငဲလုံး ကဏ္ဍအသီးသီး ဒီလို စနစ်ကြီးဖြစ်နေတာလေ။ ပြောင်းလဲမှုတွေ မြန်လာမှ သေချာပါတယ်။
...
MEngC က လူတွေ ကောင်စီဝင် ဥက္ကဌ အတွင်းမှုး လူကြီးတွေ.. နာယက လူကြီးတွေတော့ အရမ်းအားနာ လှပါတယ်။ လူလိမ်တင်ထွန်းကို ၅၀၅ နဲ့ အမြန်ဆုံး အရေးယူပါတော့။ ..တခြားအင်ဂျင်နီယာ MEngC လူကြီးတွေ သိက္ခင်္ာ ကျမကျ မသိဘူး.. ကျုပ် သိင်္ခါ အင်မတန် ညှိုးနွမ်းလှတယ်ဗျာ.. ။ ဝမ်းနည်းစရာ အင်ဂျင်နီယာ ပကတိ မြေပြင်အခြေအနေပါ။
.
ကိုယ်လူ ကိုယ်ရွေးတဲ့ ကောင်စီဝင် ၆၀ ၊ နယ်ပယ်၎ခု က ရွေးတဲ့ Nepotism စနစ်ကို မကြာခင်လေးက မျှတတဲ့ ရွေးကောက်ပွဲစနစ် နဲ့ အစားထိုးလိုက်တယ်။ အစိုးရ၊ တက္ကသိုလ်၊ အဖွဲ့အစည်း နဲ့ ပြင်ပပညာရှင် ၄မျိုး မှာ ၁၀ဦးစီရွေးချယ် တင်မြှောက်ပြီး ကျန် ၂၀ဦးကိုတော့ အစိုးရခန့်ထားတဲ့ နာယကကြီး ၄ဦးက ယခင်၆၀ဦးထဲက ရွေးချယ်ပေးမယ် ဆိုတဲ့ ဥပဒေသစ်ပါ။ အရေးအကြီးဆုံးက စိတ်ရင်းကောင်းသူများ ကောင်စီဝင်လုပ်ရပါမယ်။ ဒေါ်အောင်ဆန်းစုကြည် အလုလ ကချင်ပြည်နယ်မှာ ပြောစကား အတိုင်း ရေးရရင်.. သူဌေးဖြစ်ချင်ရင် ကုမဏီထောင်ပါ။ အင်ဂျင်နီယာကောင်စီ မှာ ဝင်ပြီး သူဌေးဖြစ်ဖို့ မကြိုးစားပါနဲ့...။
.
.
လူလိမ်တင်ထွန်း အရေးမယူ ထောင်မကျသရွေ့တော့..MEngC ကောင်းလာဖွယ်မရှိသေးပါ။ ရိုးသားစွာ မြင်ပါတယ်။
.
P.E ရွေးချယ်စနစ်.
အင်ဂျင်နီယာ Ethic, Discipline, PE experience တွေမှာ ဥပမာ လျှပ်စစ်၊ အီလက်ထရွန်းနစ် Project ဒေါ်လာ ၁သန်းဖိုးတောင်မှ ခေါင်းဆောင် မလုပ်ဖူးပဲ.. နိုင်ငံခြားကုမဏီက Project Manager ပြောသမှ ခေါင်းငြိမ့်.. လက်မှတ်ထိုး လုပ်နေတဲ့ လျှပ်စစ်. အီလက်ထရွန်းနစ် P.E တွေ.အိမ်သုံး uto Stepup Transformer , Inverter တလုံးမှ ကိုယ်တိုင် ဝက်အူလှဲ့ ဖွင့် တိုင်း တာ မပြင်ဆင်ဖူးသူတွေ P.E လက်မှတ် ရထားရင်လဲ. အသာလေးငြိမ်နေတာ မဟုတ်..အဲဒီ P.E တွေက. တကယ်လုပ်ဖူးတဲ့ ရထိုက်တဲ့ P.E တွေက စိတ်ပျက် ဘေးထိုင်နေရ.. P.E ဘုတ်အဖွဲ့ထဲ ဝင်ထိုင်ပြီး. P.E, RSE, RE တွေ ရွေးချယ် နေရတာကတော့.. စစ်အစိုးရ လက်ထက်..@ အကျင့်စာရိတ္တမကောင်းတဲ့လူဆီက အကျင့်စာရိတ္တကောင်းကြောင်း ခေါက်ခံစာ ယူနေရသလို.. လူငယ်များစွာ ခံစားနေရတယ်။ လက်မှတ်ထိုး အခကြေးယူခွင့် မရှိတဲ့ Honor P.E တွေ ပြည်တွင်း ပြည်ပ မြန်မာပညာရှင်တွေကို Head Hunter လိုက်ရှာ ပြီး..အဝေးကနေ ကူဖို့ အကူညီတောင်းရမယ်။ Honor PE တွေက Technical Document & Law တွေကို ရေးရမယ်။ ကမ္ဘာအဆင့် ကုမဏီကြီးများ မြန်မာပြည် တဖွဲဖွဲ ရောက်လာနေပါတယ်။ ကိုယ့် မြန်မာ အင်ဂျင်နီယာတွေ ကမ္ဘာ့အဆင့် မရှိတာ ဝန်ခံပြီး၊ စင်ကာပူ၊ ဗီယက်နမ် ပညာရှင်တွေကို တိုင်ပင်ခ ၅% ပေးပြီး MoU စာချုပ်တွေ အားကိုးရပါမယ်။ မြစ်ဆုံစီမံကိန်း၊ ကြေးနီစီမံကိန်း၊ ကျောက်ဖြူစီမံကိန်း တွေလို မဖြစ်သင့်တော့ပါဘူး။ လူငယ် သွေးသစ်တွေကို ဗီယက်နမ်၊ စင်ကာပူလို ပျိုးထောင်ရပါမယ်။
.
စနစ်ကို ပြောင်းဖို့ ပထမဆုံး လူလိမ်တင်ထွန်း ကို အင်ဂျင်နီယာလောက ဂုဏ်သိက္ခာ ညှိုးနွမ်း စေမှုနဲ့.. အရေးယူ၅၀၅ နဲ့ အာမခံမပေးပဲ ဖမ်းဆီးရမယ်။
.
ဇော်အောင် (မုံရွာ)
17.Jan.2019
.
Ref Links
https://engrmyanmar.blogspot.com/2018/04/blog-post_16.html
https://engrmyanmar.blogspot.com/2018/03/2016.html

Subscribe to:
Posts (Atom)