Monday, June 25, 2018

JICA & China Loan, PPP for Myanmar. . ဂျပန်နဲ့ တရုပ် လျှပ်စစ် ချေးငွေ နဲ့ ရင်းနှီးငွေ များ တစေ့တစောင်း..

JICA & China Loan, PPP for Myanmar. .
ဂျပန်နဲ့ တရုပ် လျှပ်စစ် ချေးငွေ နဲ့ ရင်းနှီးငွေ များ တစေ့တစောင်း.. ရေတို နဲ့ရေရှည် လျှပ်စစ်...JICA နဲ့ တရုပ်နိုင်ငံ လျှပ်စစ် PPP နဲ့ချေးငွေများ နဲ့လက်ရှိဘာလုပ်နေကြသလဲ.. ဆိုတဲ့အကြောင်း သိသလောက် ရေးချင်ပါတယ်။ တကယ်တော့ ကျနော် အဖို့ အစိုးရ ထုတ်ပြန်ချက် ကိုပဲ ကြည့်ပြီး စဉ်းစားရတဲ့ အတွက် အစိုးရ လူကြီးမင်း များလို အပေါ်ကကြည့်ပြီး မမြင်နိုင်ပါဘူး။
.
အရင်က တင်ပြခဲ့ခြင်းများ မှာ
.
လူတွေ အလုပ်အကိုင်ကောင်း ရဖို့ နိုင်ငံခြား ရင်းနှီးမြှတ်နှံမှု လိုတယ်။ ဒါကြောင့် လျှပ်စစ် ကဏ္ဍ အပိုထုတ်လုပ်မှု များစွာ အသင့်ရှိနေဖို့လိုတယ် ဆိုတာ အစိုးရလူကြီးများ သိပြီးလို့ LNG လျှပ်စစ် စတင်ခဲ့ပါတယ်။
.
ဘာကြောင့် လာအို၊ တရုပ် ဆီက သူတို့ပိုနေတဲ့ လျှပ်စစ်မ၀ယ်ယူနိုင်သေးသလဲ.. မဟာဓါတ်အားလိုင်း မရှိသေးလို့လား၊ လျှပ်စစ်ထုတ်လုပ် တာကိုပဲ လုပ်ချင်နေသလား၊ ..
.
ဘာကြောင့် ရှိနေဆဲ့ ရေအား၊ လျပ်စစ်အား စီမံကိန်းများကို ပတ်ဝန်းကျင် သမားတွေ ကန့်ကွက်တာ ကျော်လွန်နိုင်ဖို့ ၊ လွှတ်တော်မှာ ဆွေးနွေးပြီး တခဲနက် အတည်ပြုဖို့ မလုပ်နိုင်တာလဲ။
.
COI Conflicts of Interest (တနည်းအားဖြင့် မိနိုပိုလီ လျှပ်စစ်ကုမဏီကြီးများက နိုင်ငံဘတ်ဂျတ် ၂၄% တနှစ်ကို US$5.0b လောက် များပြားလှတဲ့ စီမံကိန်းကြီးကို) လက်ဝါးအုပ်နေမှု တားဆီးဖို့ အခက်ခဲ ဖြစ်နေတာလား.။ ...
.
.
နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ အနာဂါတ်ကို မပြောနဲ့၊ နောက်၃နှစ်ကျော်မှာ အဓိက မှီခိုနေရတဲ့ လျှပ်စစ်က ရေတိုမှာ ဈေးကြီးတဲ့ LNG ဖြစ်နေတော့ တနှစ်ကို ဘယ်လောက် အရှုံးခံ နေဦးမှာလဲ။
.
ရေရှည်အတွက် ရေအား၊ ကျောက်မီးသွေး ဓါတ်အား ဆိုပြီး ဈေးသက်သာအောင် စီမံကိန်းချထား သော်လည်း၊ လက်ရှိ မတရားစာချုပ် များစွာကို ဘယ်လို အသစ်ပြန်လည် ညှိနှိုင်းကြမလဲ။ ဒါကတော့ မြန်မာတနိုင်ငံလုံး အစိုးရပိုင် မြေ၊ အိမ် ၊ လုပ်ငန်းများကို ပုဂလိကထံ အလွန်ပေါတဲ့ ဈေးနှုန်းနဲ့ နှစ်ရှည် စာချုပ်များစွာ ရှိနေတာကို လွှတ်တော်မှာလဲ မကြာခဏ မေးမြန်း၊ ဆွေးနွေးနေတာ ကြားနေရပါတယ်။ ဒါကြောင့် ရေရှည် လျှပ်စစ်အတွက်ကတော့ အများကြီး ကြိုးစားရပါမယ်။
.
.
.
ရေရှည် စီမံကိန်း ရေအားလျှပ်စစ် JICA စီမံကိန်း
ဘီလူးချောင်းအမှတ်(၁) နှင့် ဆည်တော်ကြီး ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများ၏ အလုံးစုံပြုပြင် မွမ်းမံခြင်းစီမံကိန်းအတွက် “Contract for Consultants’ Services” စာချုပ်လက်မှတ်ရေးထိုးခြင်း အခမ်းအနား ကျင်းပ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
နေပြည်တော် မေ ၉ ၂၀၁၈
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းနှင့် Joint Venture of NEWJEC Inc. and Nippon Koei Co., Ltd. တို့အကြား ဘီလူးချောင်းအမှတ် (၁) နှင့် ဆည်တော်ကြီး ရေအားလျှပ်စစ် စက်ရုံများ၏ အလုံးစုံပြုပြင်မွမ်းမံခြင်း စီမံကိန်းအတွက် “Contract for Consultants’ Services” စာချုပ်လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ၊ အမြဲတမ်း အတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ JICA Myanmar Office နှင့် Joint Venture of NEWJEC Inc. and Nippon Koei Co., Ltd. တို့မှ တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဝန်ကြီးဌာန လက်အောက်ရှိ စက်လည်ပတ်မှုသက်တမ်း (၂၅) နှစ်ကျော် ကြာမြင့်နေသည့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ အနက်မှ ဘီလူးချောင်း အမှတ်(၁)နှင့် ဆည်တော်ကြီးစက်ရုံများ၏ အလုံးစုံပြုပြင်မွမ်းမံရေး စီမံကိန်းကို ဂျပန်နိုင်ငံ ချေးငွေ ODA, Yen Loan၊ ယန်းသန်းပေါင်း (၁၀,၇၈၇) ဖြင့် ၂၀၁၈-၂၀၁၉ မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းမှာ ဆည်တော်ကြီး စက်ရုံသည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေဖြင့် ၁၉၈၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် စက်စတင်လည်ပတ်ခဲ့ရာ ယနေ့ထိ သက်တမ်း (၂၈) နှစ်ရှိပြီဖြစ်ပါကြောင်း၊ ထို့အတူ ဘီလူးချောင်းအမှတ် (၁) စက်ရုံမှာလည်း ဂျပန် ODA ချေးငွေဖြင့် ၁၉၈၇ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၉၂ခုနှစ်တွင် စက်စတင် လည်ပတ်ခဲ့ရာ ယနေ့အထိ သက်တမ်း (၂၅) နှစ် ရှိပြီဖြစ်ပါကြောင်း၊
စက်ရုံသက်တမ်း (၂၅) နှစ်ကျော်ကြာ ကာလအတွင်း အကြီးစား ပြုပြင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသဖြင့် ဓာတ်အားပေးစက်များမှာ မကြာခဏ ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ပြီး စက်၏ စွမ်းဆောင်ရည် (Efficiency) ကျဆင်းလာခဲ့သည့်အတွက် အဓိက စက်ပစ္စည်း အစိတ်အပိုင်းများမှာ အလုံးစုံပြုပြင်မှုများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ အလုံးစုံပြုပြင်မှုများ ဆောင်ရွက်ခြင်းဖြင့် နောက်ထပ်နှစ်ပေါင်း (၂၅) နှစ်ခန့်အထိ သက်တမ်းပိုမို ကြာရှည်စွာ နိုင်ငံတော်ဓာတ်အားစနစ်သို့ လုံခြုံစိတ်ချစွာဖြင့် ဓာတ်အား ထုတ်လုပ်ပေးနိုင်မည့်အပြင် လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း (၂) သန်းခန့် တိုးတက် ထုတ်လုပ်လာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် Joint Venture of NEWJEC Inc. and Nippon Koei Co., Ltd. မှ Mr. Kiyoshi Yoshida မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် Joint Venture of NEWJEC Inc. and Nippon Koei Co., Ltd. မှ Mr. Kiyoshi Yoshida တို့က ဘီလူးချောင်းအမှတ်(၁)နှင့် ဆည်တော်ကြီး ရေအားလျှပ်စစ်စက်ရုံများ အလုံးစုံ ပြုပြင်မွမ်းမံခြင်း စီမံကိန်းအတွက် “Contract for Consultants’ Services” စာချုပ်ကို လက်မှတ် ရေးထိုး၍ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
.
.
သုံးသပ်ချက်
အထက်ပါ ရေအားလျှပ်စစ် ကတော့ JICA ချေးငွေ ကန်ဒေါ်လာ ODA, Yen Loan၊ ယန်းသန်းပေါင်း (၁၀,၇၈၇) ဆိုတာ US$ 1.2 b စီမံကိန်း ဖြစ်ပါတယ်။ ဘယ်လောက် မဂါဝပ် ပိုထုတ်နိုင်မယ် တော့ ရေးမထားပါဘူး။
.
အခုတလော PPP Public Private Partnership အစိုးရငွေ မသုံးပဲ နိုင်ငံခြားကုမဏီများရဲ့ ငွေနဲ့ နှစ်ရှည်ရင်းနှီးဖို့ စီမံကိန်းကြီးများစွာ အစိုးရဌာနများက ကြိုးစားလာကြတာ တွေ့ရပါတယ်။ ရန်ကုန်တိုင်း အစိုးရက Ford သိန်း၁ထောင်တန် ၁၀စီး အဆောင်အယောင် အဖြစ် လိုချင်တာကိုလဲ ဆူညံနေအောင် ကြားရပါတယ်။ ကျပ်ငွေနဲ့တွက်ရင် အများကြီး သိန်း၁သောင်း ဆိုပေမဲ့ ဒေါ်လာနဲ့ တွက်ရင် ၁သိန်းပဲ ရှိပါတယ်။ တိုင်းပြည်က ဆင်းရဲနေချိန် အစိုးရက တိုရိုတာ ဘယ်လတာ ကား သိန်း၅၀၀ လောက်ကိုမစီးချင်ဘူးလား ကွန်မင့်ကို တွေ့မိတယ်။ ဒီလိုပါပဲ.. အာဏာရှိလာရင် အဂတိမလိုက်စား နိုင်အောင် စင်ကာပူလို နိုင်ငံမျိုးက လစာကောင်းကောင်း၊ ကားကောင်းကောင်း ..ပြင်ပ စီးပွားလုပ်ငန်းရှင်များနဲ့ တွေ့ဆုံရာမှာ မသိမ်ငယ်ရအောင် အဆောင်ယောင် ပေးထားရပါတယ်။ အစိုးရ ဆုံးဖြတ်ဖို့ပါပဲ။
.
အခုတော့ PPP စီမံကိန်းများမှာ မလေးရှားနိုင်ငံ ၀န်ကြီးချုပ် နာဂျစ် နဲ့အဖွဲ့ အဂတိလိုက်စားမှု များစွာကြောင့် ၁၀နှစ်အတွင်း ဒေါ်လာ ၃၃၈ ဘီလျံ US$ 338b တိုင်းပြည်နစ်နာ သွားပြီး၊ နိုင်ငံ ငွေကြေးတန်ဖိုးကလဲ ၅၀% မက ကျဆင်းသွားကြောင်း၊ စတော့ ရှယ်ယာ ဈေးကွက်လဲ များစွာ ကျဆင်းသွားပါတယ်။ အထူးသဖြင့် တရုပ်နိုင်ငံ ကုမဏီများနဲ့ PPP စီမံကိန်းများစွာ လုပ်ပြီး တရုပ်အကြွေး ဒေါ်လာ ၃၇ဘီလျံ တင်သွားလို့ တိုင်းပြည်သူလူထု နှစ်စဉ် အတိုး၊ အရင်း ငွေများစွာ နောင်နှစ်ပေါင်း ၃၀၊ ၅၀ အထိ ဆပ်နေရမှာ ဖြစ်ပါတယ်။ ဒါကို China Debt Trap လို့ခေါ်ပြီး တိုင်းပြည် ၀င်ငွေရဲ့ တ၀က် ကို လစဉ် အကြွေးဆပ်နေရတဲ့ အဖြစ်ဆိုးပါပဲ၊
.
Debt Trap ဆိုတာ တနည်းအားဖြင့် အကြွေးနဲ့ သိမ်းခြင်း နည်းလမ်းပါ။
.
မြန်မာနိုင်ငံကတော့ တခြား အာစီယံနိုင်ငံများနဲ့ ယှဉ်ကြည့်ရင် အကြွေး နည်းနည်းလေးပဲ ရှိပေမဲ့ ၊ ငွေရရင် ဘုန်းဘောလအော သုံးချင်တဲ့ ပညာမဲ့ လုပ်ရပ်တွေ၊ မိမိအိတ်ထဲပဲ ထည့်ချင်တဲ့ အဂတိလိုက်စားမှု ကို ဘယ်လို တိုက်ဖျက်မလဲ ဆိုတာ စဉ်းစားစရာပါ။ သမ္မတ ဦးဝင်းမြင့် နဲ့ အဂတိကော်မရှင်အသစ်၊ ခေါင်းဆောင် ပျိုးထောင်ရေး စနစ် ၊ လစာနဲ့ အခွင့်ရေး ၊ နိုင်ငံရေးပင်စင် များကို ကြေငြာဖို့ အင်အယ်ဒီပါတီ၊ တပ်မတော် ခေါင်းဆောင်များ အထူးလုပ်ဆောင်ဖို့ လိုပါတယ်။
.
.
နိဂုံး (မြန်မာနိုင်ငံလျှပ်စစ်)
.
ဓါတ်အားစက်ရုံများ၊ ဓါတ်အားတိုင်များ ကို ၁၀နှစ်တောင်မခံပဲ ၅နှစ်အတွင်း ပျက်စီးမသွားအောင် အခုကတည်းက ကွာလတီ အရည်သွေးထိန်းဖို့ လျှပ်စစ်ပါဝါ ဆပ်ပလိုင်း ကုမဏီများကို ထိမ်းကျောင်းဖို့ လိုပါပြီ။
.
လျှပ်စစ် စီမံကိန်းများမှာ ကွာလတီစစ်ဆေးရေး 3rd Party - Consultant ကုမဏီကောင်းများ ၊ အထူးသဖြင့် နိုင်ငံခြားကုမဏီများနဲ့ စစ်ဆေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
.
စီမံကိန်း ဧရာမကြီးများကိုလည်း နိုင်ငံခြား Consultant ကုမဏီများနဲ့ အစိုးရလျှပ်စစ် ၀န်ကြီးဌာန လုပ်ဆောင်ရာမှာ ပွင့်လင်းမြင်သား ရှိဖို့၊ လူငယ် မျိုးဆက်သစ်များကို စီမံကိန်းစရိတ် Project Allowance ကောင်းကောင်း ပေးပြီး လေ့ကျင့်၊ အလုပ်ခွင်သင်တန်းများကို လုပ်ဆောင်ဖို့၊ အထူးသဖြင့် B.E များစွာ မွေးထုတ်နေတာထက်၊ သက်မွေးပညာကျောင်းများများကို တလ ထောက်ပံ့ငွေ အနည်းဆုံး ၁သိန်းပေးပြီး မွေးထုတ်သင့်ပါကြောင်း မိမိအမြင်ကို ရေးလိုက်ပါတယ်။
.
ဇော်အော် (မုံရွာ)
၁၁. ဇွန် . ၂၀၁၈
.
ပုံများကြည့်ရန် link - https://goo.gl/2iEKdP
.
.
ကိုးကား စာများ
၁။ မြန်မာနိုင်ငံရဲ့ ၂၀၃၀ လျှပ်စစ် မဟာဗြူဟာ (ရေအား 8896mW 33% မှ 2018, LNG 3000mW သို့ပြောင်းလဲမှု) နှင့် လျှပ်စစ်ဝယ်ယူရေး၊ ကျောက်မီးသွေး၊ရေအား အကြံပြုချက်များ။ https://goo.gl/ArfdQd (ဆူပရီမို) ... https://goo.gl/VWjnTG (လွှတ်တော်အတည်ပြုရေး)
.
၂။ မေလ ၂၀၁၈ ပုသိမ်မြို့ ပြခန်းမှာ လူထုကိုဝေတဲ့ စာရွက်ပါ.. Huadian က စက်ရုံတည်မယ်.. Zhefu က ထရိုတ်ဒင်း Holding ဆိုပဲ.. စူပရီမီက မြန်မာကုမဏီ..https://goo.gl/Z2agA7
.
၃။ JICA ဂျပန်အစိုးရအေဂျင်စီ မြန်မာလမ်းတံတား၊ လျှပ်စစ ဖွံ့ဖြိုးရေးအတွက် ပါဝင်နေတာကို လေ့လာသင်ယူရန်...https://goo.gl/cQ19Ff

အမေရိကန်သမ္မတ လာရောက်မှုနဲ့ နိုင်ငံတိုးတက်မှု (မြောက်ကိုးရိးယား၊ မြန်မာ၊ ဗီယက်နမ်၊ တရုပ်)


အမေရိကန်သမ္မတ လာရောက်မှုနဲ့ နိုင်ငံတိုးတက်မှု
မြောက်ကိုးရီးယား နဲ့ အမေရိကန် ခေါင်းဆောင်များ သမိုင်းဝင်တွေ့ဆုံပွဲ ၁၂ ဇွန်လ ၂၀၁၈ စင်ကာပူ နိုင်ငံက ဒေါ်လာသန်း၂၀ အကုန်ကျခံ ပြုလုပ်ပေးတဲ့အတွက် မြန်မာနိုင်ငံ အတွက် အားမရ ဖြစ်နေသူ များစွာ ရှိပါတယ်။ ကျနော်တော့ အကောင်းမြင်စိတ်နဲ့ ပြောရမယ်ဆိုရင် ..မြန်မာနိုင်ငံအတွက် ခင်ဗျားတို့ အားမရဖြစ်နေတာ ကိုယ်ချင်းစားပါတယ်။ မြောက်ကိုးရီးယား ကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့က မြန်မာနိုင်ငံအဆင့် ရောက်လာအောင် သူတို့ရဲ့ အခြေခံအဆောက်အဦး အများကြီး လုပ်ရဦးမှာပါ။
.
ဂျာမဏီ၂နိုင်ငံပေါင်းစည်းခြင်း၊ ဗီယက်နမ်၂နိုင်ငံ ပေါင်းစည်းခြင်း လိုပဲ တောင်-မြောက် ကိုးရီးယား၂နိုင်ငံ ပေါင်းစည်းရေးက ထင်သလောက် လွယ်မှာမဟုတ်သေးပါဘူး။ ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် တော်တော် အလားအလာ ကောင်းတယ် ဆိုတာတော့ လက်ခံရမှာပါ။
.
နိုင်ငံတစ်နိုင်ငံ တိုးတက်သလား ဆိုတာ စီးပွားရေး အခြေခံအဆောက်အဦ တွေကို ကြည့်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၂ သမ္မတဦးသိန်းစိန် လက်ထက်မှာ အမေရိကန်သမ္မတ အိုဘားမား လာရောက်ပြီး ကမ္ဘာ့ အဆင့်ကို ၀င်လှမ်းဖို့ ဦးသိန်းစိန် ကြိုးစားခဲ့တယ်။ ၁၉၇၂ တရုပ်နိုင်ငံကို သမ္မတနစ်ဆင် လာရောက်ပြီး တရုပ်နိုင်ငံ ကမ္ဘာ့ အဆင့်ဝင်လာသလို ၂၀၀၀ ခုနှစ် ဗီယက်နမ် နိုင်ငံကို အမေရိကန်သမ္မတ လာရောက်ပြီး ဗီယက်နမ် တိုးတက်လာပါတယ်။
.
ကမ္ဘောဒီယား ကတော့ အမေရိကန်ရဲ့ ဖြေလျှော့  ပေးမှု အစောကြီးကတည်းက ရရှိခဲ့ပေမဲ့ အမေရိကန်စံနှုန်းကို မလိုက်နိုင်တဲ့အပြင် အာဏာရှင် ကမ္ဘောဒီယား ခေါင်းဆောင် ဟွန်ဆန် ရဲ့ ရွေးကောက်ပွဲ မသမာ မှုများကြောင့် အမေရိကန်ရဲ့ အရေးပေးမှု မခံရပါဘူး။ ၂၀၁၂ ကျမှ သမ္မတ အိုဘားမား လာရောက်နိုင် ခဲ့ပါတယ်။ အခုဆို ကမ္ဘာဒီယား ဟာ မြန်မာနိုင်ငံပြုပြင် ပြောင်းလဲမှု ၇နှစ် အတွင် မြန်မာနောက်ကို ကျရောက် သွားပြီ ဖြစ်ပါတယ်။
.
.
နိုင်ငံတိုးတက်မှု စီးပွားအညွှန်းများ
အထူးသဖြင့် GDP per capital တစ်ဦးချင်း တနှစ်ဝင်ငွေ ကိုကြည့်ပြီး၊ ဆုံးဖြတ်ကြပါတယ်။ GNP Gross National Product အချက်အလက်က ပိုပြီး တိကျပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ ကို ထည့်ဝင်ငွေ အချိုးစားကို နိုင်ငံရဲ့ GNP နဲ့ တိုင်းတာ ထည့်ဝင်ကြတော့ 2016-2017 Budget $5.6b မှာ American 22%, Japan 9.68%, China 7.92% , Germany 6.38%, Frence, UK, Brazil, Italy, Russia, Canada စသဖြင့် အနည်းဆုံး ထည့်ဝင်ငွေ 0.01% ကိုတော့ မြန်မာနိုင်ငံအပါဝင် ဆင်းရဲနိုင်ငံများက ထည့်ဝင်ရပါတယ်။ ကုလသမဂ္ဂအတွက် ငြိမ်းချမ်းရေး နဲ့ နည်းပညာ အကူအညီများအတွက် သီးသန့်ရံပုံငွေများ လဲရှိတော့ ချမ်းသာတဲ့ စကင်နေဒီဗီယား နော်ဝေး၊ ဒိန်းမတ်၊ ဆွီဒင် နိုင်ငံများက သတ်မှတ်ချက်ထက် ပိုပြီး လှုဒါန်းပါတယ်။
.
စင်ကာပူနိုင်ငံက မြောက်ကိုးရီးယာ-အမေရိကန် ဆွေးနွေးပွဲအတွက် ဒေါ်လာ သန်း၂၀ အကုန်ခံတယ်ဆိုတာ နော်ဝေးနိုင်ငံရဲ့ မြန်မာငြိမ်းချမ်းရေးအတွက် လှုဒါန်းငွေ နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ နဲ့ ယှဉ်ကြည့်လို့မရပါဘူး။ မြန်မာနိုင်ငံ ရဲ့ ရခိုင်-မွတ်စလင် အရေးအခင်းအပြီး ဒုက္ခသယ် သိန်းပေါင်းများစွာ နိုင်ငံက ထွက်ပြေးတဲ့ ကိစ္စကြောင့် နိုင်ငံတကာ အကူညီ ရပ်တံ့သွားပါတယ်။ ဒါပေမဲ့ နိုင်ငံ စီးပွားတိုးတက်မှုဟာ မိမိနိုင်ငံ အစိုးရ ဘယ်လောက်ကောင်းသလဲ အပပေါ်ပဲ မူတည်ပါတယ်။ မြန်မာ နိုင်ငံအစိုးရ ခေါင်းဆောင်များ ဘယ်လောက် ကောင်းနေကြသလဲ၊ ဘယ်လောက် ခေါင်းဆောင်ပျိုးထောင်မှု စနစ်ကောင်းသလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။
.
သာမန်အားဖြင့် အစိုးရ ကောင်းမကောင်း၊ နိုင်ငံ စီးပွားတိုးတက်မှု အလားအလာကို အကြမ်းဖျင်း နှိုင်းယှဉ်ကြည့်ရင် အဂတိတိုက်ဖျက်ရေးအညွှန်း၊ GDP per capital, Electricity per capital နဲ့ ဘတ်ဂျတ်ခွဲဝေမှု များအပေါ်မှာ များစွာ မူတည်ပါတယ်။ အထူးသဖြင့် ငွေကြေးပေါ်လစီနဲ့ ကျွမ်းကျင်မှုအပေါ် မူတည်ပါတယ်။ ဘဏ္ဍာရေး ၀န်ကြီး ဘယ်လောက်ကောင်းသလဲ၊ ဘယ်လောက် စနစ်ကျသလဲ၊ နိုင်ငံငွေကြေးများကို ဘယ်လိုအသုံးချသလဲ ဆိုတာတွေအပေါ် အများကြီးမူတည်းပါတယ်။ မြန်မာ၊ မြောက်ကိုးရီးယား၊ အီသီယိုပီးယား နိုင်ငံများကို ကြည့်ရင် မြန်မာနိုင်ငံထက် အီသီယိုပီးယား နိုင်ငံက လယ်ယာကဏ္ဍ ဦးစားပေးနေလို့ GDP per capital မှာ မြန်မာကို မယှဉ်နိုင်ပေမဲ့၊ Corruption Index အဂတိ အညွန်းမှာတော့ မြန်မာထက် အများကြီး သာနေပါတယ်။ မြောက်ကိုးရီးယားကတော့ အရာရာ အရမ်းနိုမ့်ကျနေပါတယ်။
.
.
စီးပွားရေး အချက်အလက်တချို့ လေ့လာခြင်း
အကြမ်းဖျင်း ဇယာကို တနှစ် တစ်ဦးချင်း ဂျီဒီပီ ၊ အဂတိအညွှန်း နဲ့ တစ်နှစ် တစ်ဦးချင်း လျှပ်စစ် သုံးစွဲမှု တွေ ကမ္ဘာ့ ဘဏ် အချက်အလက်များကို ရေးချမယ်ဆိုရင်
နိုင်ငံ GDP/capital/year, Corruption Index, Electricity/capital/year(2003-2013)
မြန်မာ ….$1242, .. 30(Rank130), . 217KWh
အီသီယိုပီးယား … $687, .. 35(Rank 107) .. 70KWh
မြောက်ကိုးရီးယား… $665, .. 17(Rank 171) .. 600 KWh
ဗီယက်နမ် …. $2171, ..35(Rank 107), .. 1411 KWh
Source: World Bank
.
ဒီအချက်အလက် တွေကို ကြည့်မယ်ဆိုရင် အမေရိကန်သမ္မတ ဗိယက်နမ်ကို လာခဲ့တဲ့ ၂၀၀၀ ခုနှစ် က စပြီး ရေတွက်ရင် ၁၇နှစ်အကြာမှာ ဗီယက်နမ် က အတိုးတက်ဆုံး ဖြစ်နေပါတယ်။ မြန်မာနဲ့ယှဉ်ကြည့်ရင် အားလုံး အစစ အရာရာ သာလွန်နေပါတယ်။ မြန်မာကတော့ ၂၀၁၂ မှ အမေရိကန်သမ္မတ အလည်လာချိန် ၅နှစ်အတွင်း မြောက်ကိုးရီးယားထက် အများကြီး သာတာကို တွေ့ရပါတယ်။ အထူးသဖြင့် အဂတိအညွှန်းမှာ အပြက်အသတ် သာလွန်နေပါတယ်။ ဗီယက်နမ် က ဂျီဒီပီ မှာ မြန်မာထက် သိပ်မကွာဘူး ပြောနိုင်ပေမဲ့ ၂ဆ နီးပါး ကွာခြားပါတယ်။ လျှပ်စစ် ကဏ္ဍမှာတော့ ၆ဆ တောင်မှ ကွာခြားပါတယ်။ အထူးသဖြင့် ငွေအရင်းအမြစ် (ဗဟိုအစိုးရပိုင်ငွေ) အမြောက်အများ ရှိလို့ ဗိယက်နမ် ကုမဏီများ နိုင်ငံတကာကို ခြေလှမ်းနေပါပြီ။ မြန်မာနိုင်ငံမှာ Myanmar Plaza နဲ့ MyTel ရင်းနှီးမြှတ်နှံမှု နဲ့ပဲ ဒေါ်လာ ၃ ဘီလျံလောက် ရင်းနှီးမြှတ်နှံနေပြီ ဖြစ်ပါတယ်။
.
လျှပ်စစ် ကဏ္ဍ (မြန်မာနဲ့မြောက်ကိုးရီးယား)
အခြေခံ လျှပ်စစ် ကဏ္ဍမှာ မြောက်ကိုးရီးယား က မြန်မာထက် ၃ဆလောက် သာလွန်နေတာ အလွန်အရေးကြီးတဲ့ အချက်ပါပဲ။ ပြီးတော့ မြန်မာနိုင်ငံက ၃နှစ်အတွင် လျှပ်စစ် ၂ဆ တိုးတက်ရရှိဖို့ ကမ္ဘာ့ ဈေးအကြီးဆုံး LNG ဓါတ်ငွေ့ရည်သုံး လျှပ်စစ် နဲ့ တနိုင်ငံလုံးသုံးစွဲမှု ၂ဆ တိုးဖို့ စီမံကိန်း ချထားပြီးပါပြီ။ မြောက်ကိုးရီးယား ကတော့ ကျောက်မီးသွေး လျှပ်စစ်ဓါတ်အား များစွာ ထုတ်နိုင်မဲ့အပြင် တောင်ကိုးရီးယားက လက်ရှိ လိုသမျှ လျှပ်စစ်ကို မဟာဓါတ်အားလိုင်း ဆွဲပြီး ပေးပို့ဖို့ အသင့်ဖြစ်နေပါပြီ။
.
မြန်မာနိုင်ငံကတော့ လျှပ်စစ် မိုနိုပိုလီ ကုမဏီများနဲ့ ပေါင်းပြီး ဈေးကြီးတဲ့ LNG အပြင်၊ အခုလဲ ဈေးကြီးတဲ့ Clean Coal Technology ကလင်းကိုးလ် ကျောက်မီးသွေး နည်းပညာကို သုံးဖို့ နည်းပညာရှင်များက အကြံပေးတယ်။ ပတ်ဝန်းကျင်ပညာရှင် များက ကန့်ကွက်တယ်။ မြန်မာပြည်မှာ Clean Coal Technology နည်းပညာလဲ မနိုင်နင်းသေးပါ။ ဈေးအချိုဆုံး ဖြစ်တဲ့ ရေအားလလျှပ်စစ် နဲ့ ကျောက်မီးသွေးလျှပ်စစ် ကိုသုံးဖို့ ခက်ခဲနေဆဲပါ။
.
အလွန်လွယ်ကူတဲ့ မဟာဓါတ်အားလိုင်း ဆွဲပြီး လာအို၊ တရုပ်နိုင်ငံများက လျှပ်စစ်ဓါတ်အား လဲ ၀ယ်ဖို့ ပေါ်လစီ (COI Conflicts of Interest) ခက်ခဲနေဆဲပါ။ တပ်မတော်နဲ့ အင်အယ်ဒီ ခေါင်းဆောင်များ COI ကို မကြည့်ပဲ နိုင်ငံအကျိုးအတွက် လျှပ်စစ်ကဏ္ဍကို ပေါ်လစီချ၊ အဂတိတိုက်ဖျက်၊ မိုနိုပိုလီလုပ်ခြင်းများ ရပ်တံ့နိုင်ရင်တော့ မြန်မာလျှပ်စစ် လဲ မြောက်ကိုးရီးယား ကို အမှီလိုက်နိုင်မှာပါ။
.
မြောက်ကိုးရီးယား အတွက် တောင်ကိုးရီးယား၊ ဂျပန်၊ တရုပ်နိုင်ငံများက ကူညီကြသလို၊ မြန်မာ အတွက်လဲ တရုပ်၊ ဂျပန် နဲ့ အာစီယံနိုင်ငံများက ကူညီ ရင်းနှီးမြှတ်နှံကြပါလိမ့်မယ်။
.
.
ပြုပြင်ပြောင်းလဲမှု အဓိကအချက် (COI)
အဓိက အကျဆုံး ကတော့ ခေါင်းဆောင်များ ဘယ်လောက် တိုင်းပြည်ကို ချစ်သလဲ၊ ဘယ်လောက် ကိုယ်ကျိုးမကြည့်ဘူးလဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။ လူတိုင်းမှာ COI ဆိုတဲ့ ကိုယ်ကျိုးစီးပွား ရှိပါတယ်။ တရားမျှတတဲ့ စီးပွားရေးစနစ်ကို အစိုးရက တည်ဆောက်ပေးရမှာပါ။ လျှပ်စစ် ဈေးနှုန်း ကြီးနေရင်လဲ နိုင်ငံခြား ရင်းနှီးမှုတွေ လာဖို့ တွန့်နေမှာပါ။ အဂတိ (ကြိုးနီစနစ်) သိပ်များနေရင်လဲ အလုပ်အကိုင်ပေးတဲ့ ကုန်ထုတ်လုပ်ငန်းများ လာမယ် မဟုတ်ပါဘူး။
.
ဗီယက်နမ်နိုင်ငံကတော့ အခြေခံ ကျတဲ့ လယ်ယာမြေ ပြုပြင်ပြောင်းလဲရေးကို အမေရိကန် အကူအညီနဲ့ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဂျပန်၊ တိုင်ဝမ်(၁၉၄၅)၊ တောင်ကိုးရီးယား (၁၉၅၃)၊ ထိုင်းနိုင်ငံ(၁၉၇၀)၊ ဗီယက်နမ်(၂၀၀၀)၊ လာအို၊အီသီယိုပိးယား (၂၀၀၅ နောက်ပိုင်း) အောင်မြင်စွာ လုပ်ဆောင်နေပါပြီ။ အထူးသဖြင့် တရုပ်နိုင်ငံက ၁၉၇၈ တိန့်ရှောက်ဖိန် အာဏာရရှိပြီး နောက်ပိုင်းမှာ လယ်ယာမြေ ပြုပြင်ပြောင်းလဲမှုကို အထူးအောင်မြင်အောင် လုပ်ဆောင်ပါတယ်။
.
ကမ္ဘာ့ အဆင်းရဲဆုံး သန်းပေါင်း ထောင်ချီတဲ့ တရုပ်ပြည်သူများကို ဆင်းရဲမွဲတေမှုက လွတ်မြာက်စေခဲတာ ကမ္ဘာ က လက်ဖျားခါရပါတယ်။ ဒါကြောင့် လယ်ယာမြေ ပြုပြင်ပြောင်းလဲမှု (လယ်လုပ်သူတိုင်း လယ်ပိုင်ပြီး၊နိုင်ငံတော်က ၂၀% ပံ့ပိုးဖို့) အရှိန်မြှင့်ရပါမယ်။ လောလောဆည် ဦးသိန်းစိန် အစိုးရလက်ထက် ကတည်းက လုပ်နေတဲ့ အမျိုးသားမြေ၀ါဒ က ၀န်ကြီးဌာန ၅ခုနဲ့ ရှုပ်ထွေးနေဆဲပါ။ အောင်မြင်ပါစေ။
.
.
နိဂုံး (မြန်မာ-မြောက်ကိုးရီးယား)
မြောက်ကိုးရီးယား နဲ့ အမေရိကန်ခေါင်းဆောင်များ တွေ့ဆုံပြီး၊ မြန်မာ ပြုပြင်ပြောင်းလဲရေး ၀ါဒီများက မြန်မာအစိုးရနဲ့တပ်မတော်ကို အားမလို အားမရ ဖြစ်နေပါတယ်။ အဓိက အချက်က တပ်မတော်နဲ့ ၀န်ကြီးဌာနဆိုင်ရာများက မြေနဲ့စီးပွားရေးကို လက်ဝါးကြီးအုပ်ထားခြင်းကို ပြောင်းလဲမှု နှေးကွေးနေလို့ ဖြစ်ပါတယ်။
.
COI ပြသနာ ကတော့ မြောက်ကိုးရီးယားမှာ မကြာခင် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ အစိုးရဌာန များနဲ့ သူတို့နဲ့ဆိုင်တဲ့ စူပါကုမဏီကြီးများ ပေါ်ပေါက်လာပြီး မိုနိုပိုလီလုပ်ကြပါလိမ့်မယ်။ ဆင်းရဲ ချမ်းသာ အရမ်းကွာခြား လာကြပါလိမ့်မယ်။ မထိမ်းနိုင်ရင် မြန်မာပြည်လို မြေဈေးနှုန်း ကြီးလာပါဦးမယ်။ တရုပ်နိုင်ငံလဲ တိန်ရှောက်ပိန် ပြုပြင်ပြောင်းလဲမှု ၁၀နှစ်အကြာ မိုနိုပိုလီ ၀ိသမစီးပွားသမား များစွာ ပေါ်လာပြီး ၁၉၈၉ ခုနှစ် မြန်မာနိုင်ငံ ၁၉၈၈ အရေးခင်လို နိုင်ငံလုံးကျွတ် ရင်ပြင်နီ အရေးအခင်းကြီး ပေါ်ပေါက်လာရပါတယ်။
.
မြောက်ကိုးရီးယား နဲ့ တရုပ် ခေါင်းဆောင်တွေက စစ်တပ်ကို အုပ်ချုပ်နိုင်ပြီး မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာချုပ် မင်းအောင်လှိုင် တို့က စစ်တပ်ကို မအုပ်ချုပ်နိုင်သေးပေမဲ့၊ မြန်မာနိုင်ငံမှာ အခြေခံအဆောက်ဦ ဖြစ်တဲ့ စီမံဘဏ္ဍာ (ဘဏ္ဍာရေး) လုပ်ငန်း အခြေခိုင်လာတာ အားရစရာကောင်းပါတယ်။ အင်ဖရာ စထရပ်ချာ Infra Structure အခြေခံအဆောက်အဦတွေမှာ မြင်ရတဲ့ လမ်းတံတား နဲ့ လျှပ်စစ် ကဏ္ဍ ထိမ်းကျောင်းနိုင်ပြီး၊ မမြင်ရတဲ့ စာရင်းစစ် စနစ် နဲ့ အာမခံစနစ် တို့ စနစ်ကျအောင် (အဂတိနည်းပါးအောင်) ခေါင်းဆောင်ကောင်း ပြုစုပျိုးဆောင်နိုင်ရင်တော့ မြန်မာကို မြောက်ကိုးရီးယား မှီဖို့မလွယ်သေးကြောင်း၊
.
မြန်မာနိုင်ငံမှာ ဘဏ်စနစ်၊ ငွေကြေးစနစ်၊ ရင်းနှီးမြှတ်နှံမှုဥပဒေ၊ လွှတ်တော်၊ စတော့အိတ်ချိန်း၊ အခွန်ဥပဒေ စတဲ့အရာများ အခြေတည် နေပါပြီ။ မြောက်ကိုးရီးယားမှာ ဒါတွေ မရှိသေးပါဘူး။ ဒါကြောင့် မြန်မာအချင်းချင်း ရန်ဖြစ်၊ တိုက်ခိုက်၊ အကျိုးစီးပွားလုယူ နေတဲ့ အခြေအနေကို ကျော်လွှားနိုင်ဖို့၊ ခေါင်းဆောင်များ မကြာခဏ တွေ့ဆုံနိုင်ပါစေ၊ တိုးတက်လာပါစေလို့ ရေးသားလိုက်ရပါတယ်။ မြန်မာခေါင်းဆောင်များပဲ ပြုပြင်ပြောင်းလဲဖို့၊ ကိုယ်ကျိုးမကြည့်ကြဖို့၊ ခေတ်ကာလကြီးကို လေ့လာကြဖို့၊ လူငယ်များကို ပျိုးထောင်၊နေရာပေးဖို့ အလွန်အရေးကြီးနေပါပြီ။
.
ဇော်အောင်
၁၃. ဇွန် . ၂၀၁၈
.
.
.
ကိုးကားချက်များ
၁။ ကမ္ဘာ့ ဘဏ် အချက်အလက်များ နဲ့ ၀ီကီအချက်လက်များ
၂။ JICA ဂျပန်အစိုးရအေဂျင်စီ မြန်မာလမ်းတံတား၊ လျှပ်စစ ဖွံ့ဖြိုးရေးအတွက် ပါဝင်နေတာကို လေ့လာသင်ယူရန်...https://goo.gl/cQ19Ff
၃။ တရုပ်အကူညီများ နဲ့ မြန်မာလျှပ်စစ် https://goo.gl/2iEKdP
၎။ Wynn Khine Htay ၏ မြန်မာအစိုးရအပေါ်အားမရမှု https://goo.gl/yUjEmT
၅။ အမေရိကန်သမ္မတ မြန်မာ၊ဗီယက်နမ် ၊ တရုပ် သို့လာလည်ခြင်း ...https://goo.gl/8CUqbU .. https://goo.gl/WHjD1e
၆။ မြန်မာလယ်ယာမြေ မူဝါဒနဲ့ဥပဒေများအကြောင်း(မိုးမခ ဆောင်းပါး)
….. http://moemaka.com/archives/54352
၇။ အမေရိကန်ခွင့်ပြုမှ စီးပွားရေးကောင်းမည်။ တရုပ် နှစ်၅၀နဲ့ မှီဖို့မလွယ်..ဒါကြောင့် စစ်အာဏာရှင် ဦးသန်းရွှေ အမေရိကန်ဘက် ချဉ်းကပ် .. https://goo.gl/9voFEs

Haing Oo's Posts ကျောက်မီးသွေး လျှပ်စစ်ကို ပတ်ဝန်းကျင်သမားတွေ ပညာရှင်တွေက ကန့်ကွက်တာ အောင်မြင်၊

Haing Oo's Posts ကျောက်မီးသွေး လျှပ်စစ်ကို ပတ်ဝန်းကျင်သမားတွေ ပညာရှင်တွေက ကန့်ကွက်တာ အောင်မြင်၊ အနိုင်ရနေဆဲပါ။ ဒါကို နိုင်ငံအကျိုးပြု ပညာရှင်နဲ့စဉ်းစားဥာဏ် ကြီးသူများက လုပ်သင့်ကြောင်း၊ ကမ္ဘာ့ လျှပ်စစ်မှာ ကျောက်မီးသွေးက ၄၀% နဲ့ အများဆုံး အသုံးပြုနေလို့ လိုက်လုပ်ခိုင်းတာ မဟုတ်ပါ။ ကမ္ဘာ့ အဆင်းရဲဆုံး LCD Lease Developed Country ဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် လျှပ်စစ် ရမှ အလုပ်ကိုင်ကောင်းတွေ ပေးတဲ့ နိုင်ငံခြားရင်းနှီးမြှတ်နှံမှုတွေ လာမှာဖြစ်လို့ လောလောဆယ်တော့ ကျောက်မီးသွေး တစ်ခု နှစ်ခု လောက် လုပ်သင့်ပါတယ် လို့ ကျနော်လည်း တိုက်တွန်းပါတယ်။ အစိုးရမင်းများ ပတ်ဝန်းကျင်ပညာရှင်များနဲ့သူတို့ဖက်တော်သား မီဒီယာများကို ပြောချင်ပါတယ်။ ညစ်ညမ်းမှုကင်းနေတဲ့ မြန်မာနိုင်ငံကို ကယ်တင်နေစရာ လိုသလား၊ ဆင်းရဲမွဲတေ နေပြီး တလ ကျပ်၁သိန်းတောင် မပေးပဲ ကျွန်လို အခိုင်းခံနေရတဲ့ လက်ရှိ မြန်မာအလုပ်သမားများကို ငဲ့ညာမလား၊
.
တကယ်တော့ ခင်ဗျားတို့ ပတ်ဝန်းကျင် သမားတွေ (သူဌေး ဒေါ်ဒေ၀ီ (Dr.) ကဲ့သို့ နာမည်ရှိသူ များ ဆင်ချင်ပေးသင့်ပါတယ်။ မြန်မာနိုင်ငံက ကမ္ဘာ့ အဆင်းရဲ ဆုံး နိုင်ငံ .. ၇၀% တောင်သူတွေ ဘ၀က ကြမ်းတမ်းပြီး၊ ကလေးတွေ မွေး၊ မကြည့်နိုင်၊ ကလေးကျောင်းမထားနိုင်၊ ကလေးခိုင်းစား . ကလေးတွေ မွေး၊ မကြည့်နိုင်၊ ကလေးကျောင်းမထားနိုင်၊ ကလေးခိုင်းစား ..ဒီလိုဘ၀မျိုးက လွတ်ဖို့ဆိုတာ မြန်မာခေါင်းဆောင်များ ညီညွတ်ရုံသာမက ပြည်သူလူထုလဲ အသိတရားနဲ့ ညီညွတ်ဖို့ လိုပါတယ်။
.
ဦးလှိုင်ဦး Hlaing Oo ဖေ့ဘုတ်မှာ အလွန်ကောင်းတဲ့ အချက်အလက်များကို ရှယ်လိုက်ပါတယ်။ မူရင်း ပို့စ် ရဲ့ လင့်များကို ထည့်ပေးလိုက်ပါတယ်။
.

Hlaing Oo 13.6.2018
အိန္ဒိယ ကို ကြည့်ရင်လဲ ကျောက်မီးသွေးစက်ရုံများ ရေတွက်မရအောင်များနေတာတွေ့ရပါမယ်။ စက်ယူနစ်ပေါင်း ၈၆၅။ 214,910MW။ ကမ္ဘာ့ဒုတိယ။
သီရီလင်္ကာ သေးသေးလေးပေါ်မှာ ယူနစ် ၃ ခုရှိတယ်။ မဂ္ဂါဝပ် ၉၀၀။
ဘင်္ဂလားဒက်မှာ ယူနစ်၂ခု။ မဂ္ဂါဝပ် ၂၅၀။ အသစ်လည်းတည်နေတယ်။ မြင်နေရတဲ့နေရာမှာ နောက်ထပ် မဂ္ဂါဝပ် ၂၅၀ တည်နေတယ်။ အခြားဒေသတွေမှာ ၃နေရာခွဲပြီး မဂ္ဂါဝပ် ၆၀၀...၆လုံးတည်နေတယ်။
ဘင်္ဂလားဒက် တို့ သီရီလင်္ကာတို့ဆိုတာ သေးသေးနိုင်ငံတွေပါ။ သူတို့မှာတောင် လောက်လောက်လားလား ကျောက်မီးသွေးစက်ရုံ ကိုယ်စီနဲ့။
သူများနိုင်ငံတွေမှာ ကျောက်မီးသွေးစက်ရုံများနဲ့ လျပ်စစ်ကို ရောပြွှမ်းထုတ်သုံးနေကြလေရဲ့။
သြော်... ခင်ဗျားတို့က သွေးကြီးမွေးကြီးနဲ့ ကျောက်မီးသွေးမသုံးချင်ကြဘဲကိုး။
မသုံးကြနဲ့ပေါ့ဗျာ။
LNG သုံးကြပေါ့။
ချမ်းသာကြပေသကိုး။
.
.
COMMENTS
M Zaw Aung DVB မှာ ကျောက်မီးသွေလျှပ်စစ် ဒီဘိတ်လုပ်တာ ဒေါ်ဒေဝီတို့ ပတ်ဝန်းကျင်သမားတွေ အနိုင်ရတဲ့ ပွဲလိုပဲ..နည်းပညာသမားတွေက အာဏာပိုင် မပြောနဲ့ DVB Moderator တောင်မှ ကိုယ်ဖက်ပါလာအောင် မလုပ်နိုင်ဘူးလေ... အာဏာသုံးဖြစ်ရပ်တခု..စင်ကာပူမှာ ကာစီနိုလုပ်ဖို့ လီကွမ်းယူခွင့်မပြုခဲ့ဘူး.. လီရှန်လုန်းလက်ထက် လိုငွေပြစပြုတော့ ဝင်ငွေ နှစ်စဉ် ၅ဘီလျှံရမဲ့ ကာစီနိုစီမံကိန်း ပြညသူကိုချပြတယ်. .တနိုင်ငံလုံးကန့်ကွက်ကြတယ်..အားကြီးတဲ့ ဘာသာရေးအဖွဲ့ကြီးတွေက ဖဲဝိုင်းဆိုတာ စာရိတ္တပျက်စေတယ် အချက်လက်တွေပြပြီး အပြင်းထန်ကန့်ကွက်တယ်။ အစိုးရဝန်ကြီးချုပ်က ကန့်ကွက် အချက်အလက်အားလုံး သေချာစွာ ကာကွယ်တဲ့အစီစဉ်. နိုင်ငံသားတွေမကစားရဘူး..ပြောပြီး ပါလီမန်ကို အတည်ပြုစေပါတယ်။ ဒီလိုနဲ့ စင်ကာပူမှာ ကန့်ကွက်မှုများစွာ ကြားက ကာစီနို ပေါ်လာတယ်။
.
တရုပ်ပြည်လဲ မြစ်ပိတ်ပြီး လျှပ်စစ်ထုတ်ဖို့ ဆည်တွေဆောက်တာ ဧရာမကျောက်မီးသွေးလျှပ်စစ် ကန့်ကွက်မှုတွေကို ကိုယ်စားလှယ် ၃၀၀၀ကျော် ကွန်ကရက်မှာ တင်ပြ အတည်ပြုပြီး အာဏာနဲ့ လုပ်ကြတာပါပဲ. .
.
ကျနော်တို့လဲ လွှတ်တော်မှာ အတည်ပြုဖို့ စာတမ်းတွေ. စာအုပ်တွေ ကိုးကားထုတ်ဝေထားရမယ်..အကယ်ဒမစ် တက္ကသိုလ် လှပ်စစ်အင်ဂျင်နီယာဌာန က သတ္တိရှိတဲ့ ပါမောက္ခတယောက်ကို ရွေးပြီး နာမည်ခံခိုင်း ပြောခိုင်းရပါမယ်။
.
မြန်မာအစိုးရအဆက်ဆက်က သိပ်စိုးရိမ်ကြီးပြီး ပြုတ်သွားမှာလဲ အရမ်း ကြောက်အားကြီးလှတယ်။ မဟန်ရင် အစိုးရလူတစု အကြိုက် အင်အားသုံး ချေမှုန်းတတ်တယ်။ ရေအားနဲ့ ကျောက်မီးသွေးအား ပတ်ဝန်းကျင်သမားကို မီဒီယာမှာ မနိုင်ပါဘူး။ လွှတ်တော်မှာပဲ အာဏာနဲ့ လုပ်ရမယ်။ ဆင်းရဲတဲ့နိုင်ငံ အာဏာတည်မြဲအောင် ရေတို . .ဈေးအကြီးဆုံး LNG လျှပ်စစ် $5b လုပ်နေတာ. သူဗိုက်မနိုင်ပဲ ပဲဟင်းသောက်သလိုပါ. . NLD ပါတီကလဲ MP Maung Myint, နဲ့ ရခိုင်လွတ်လပ်ကော်မရှင်မှာ နိုင်ငံခြားသားတယောက် လက်မခံတဲ့ MP.Military တွေမေးခွန်းတွေကို ကာကွယ်နေရတယ်။
.
လာအို.တရုပ် က အမြန်ဆုံး လျှပ်စစ် ဝယ်တာက ရေတို အမှန်ဆုံး အချက်ပါပဲ.. စာတမ်း ဆက်တင်ပြအုန်းမယ်။
.
Hlaing Oo - ဆွေးနွေးမယ်ထင်သလား။ ကျနော်တော့မထင်ဘူး။ DASSK ကိုယ်တိုင် ကျောက်မီးသွေးကို ကြောက်နေတာမို့လေ။
- ကုန်ကျစရိတ်ကတော့ JICA မှာရှိမှာဘဲ။
- ဂျပန်က အချက်အလက်နဲ့ ကူညီ မလို့ ချောင်းနေတာ ကြာလှပြီ။
ကျောက်မီးသွေး မလုပ်ချင်တဲ့ ခေါင်းဆောင်နဲ့
ကျောက်မီးသွေး မလုပ်ချင်တဲ့ ပထစ ဝက နဲ့
ကျောက်မီးသွေး မလုပ်ချင်တဲ့ ဝကခ နဲ့ ဆိုတော့ မလွယ်လှပါဘူးထင်ပါတယ်။
ဒါဖြင့် မင်းက ဒါတွေ ဘာလို့ ရေးနေသလဲမေးရင်၊ ကိုယ့်မှာ ရေးရမဲ့ ဝတ္တရားရှိတယ်ထင်လို့ ရေးတာပါ။
ထိပ်ဆုံးက ကွန်းမန့်မှာ ဆရာထွန်း ရေးသလိုပေါ့။ ဟောရင်းနဲ့ ကိစ္စချော လတ္တံ ကို သိသော်ငြား မနေနိုင်လို့ ရေးလိုက်တာပါ။
ရေးစရာလည်း များများတော့မရှိတော့ပါဘူး။
M Zaw Aung Hlaing Oo စာအုပ်ထုတ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၆၀၀ ကို ဝေသင့်တယ်..အုပ်၆၀၀.. စာမျက်နှာ၁၀၀ ဆို $400 လောင်ကုန်တယ်.. မှတ်တမ်းဖြစ်သွားတာပေ့.. ကျမော်လဲထုတ်ထားတယ်..ဝေဖို့ စဉ်းစားနေဆဲ..
Tun Htun လုပ်တာမလုပ်တာက ကိုယ့်အလုပ်မဟုတ်ဘူး ပြောရမှာက နိုင်ငံသားတစ်ယောက်တာဝန် .. ရေးနေ၊ပြောနေကြရအုံးမှပဲလေ။ပျံလွန်ကာမှ ပျံလွန်ရောပေါ့။ကိုလှိုင်နဲ့ကိုဇော်တို့ရေ။ရေးကြပါဗျာ။
Hlaing Oo M Zaw Aung လွှတ်တော်ကိုယ်စားလှယ် တွေက ခလေးတွေမှမဟုတ်တာဗျာ။ပိုက်ဆံလဲရှိကြပါတယ်။ ရှာဖွေ ဖတ်ရှု လေ့လာကြပါစေ။ မနေ့ကဘဲ DASSK က လိမ်လိမ်မာမာ နေဘို့ပြောနေတယ်။ သူတို့လိမ်မာကြမှာပါ။ အလိမ်မာ စာမှာရှိ ဆိုတာသိတော့ ။သူတို့စိတ်ဝင်စားရင် ဝယ်ဖတ်ကြမှာပါ။ ကျနော်ကတော့ စာအုပ်မထုပ်ချင်ဘူး။ အလကားရတဲ့ ဖေ့ဘုတ်မှာဘဲ ထုတ်ဝေတော့မယ်ဗျာ။
Hlaing Oo ဟုတ် ဆရာ Tun Htun။ ရေးပါမယ်ဗျာ။
ဟောဗျ ... ဓါတ်ငွေ့ဈေးတက် သွားပြီဗျို့။
ရေနံ ဓါတ်ငွေ့ဈေးတက်ရင် အိပ်မပျော်တဲ့ ဝန်ကြီးတယောက်အကြောင်းစာစီကုံးလိုက်အုန်မယ်။
M Zaw Aung ရေးတာထက် ပြောပြတာက ပိုထိရောက်သလို.. ပြောတာထက် လက်တွေ့ ပိုင်းလော့တခု လုပ်ပြတာ (သို့မဟုတ်) လုပ်ပြီးအောင်မြင်နေတဲ့ ကျောက်မီးသွေးလှပ်စစ် စက်ရုံတခုကို Role Model အဖြစ် တင်ပြနိုင်တာ အထိရောက်ဆုံးပါ..
.
ဒုတိယကမ္ဘာစစ်တွင်း အနုမြူဗုံး လက်ဦးဖို့ သမ္မတဂျွန်ဆင်ဆီ တမျက်နှာ Report ကို အသင့်ရေးထားတယ်.. အသေးစိတ်လဲ Attach ထားပြီး သမ္မတကို တွေ့ဆုံ ပြောနိုင်မဲ့လူ လိုက်ရှာတော့ အိုင်စတိုင်းကို ရွေးတယ်..အိုင်စတိုင်းက ပြောရင်း တမျက်နှာ အဆိုကို ဖတ်ပြတယ်.. နောက်ဆုံး ၃ နှစ်လောက် ကြာမှ အမေရိကန်တွေ အနုမြူဗုံးရသွားတယ်..
.
အလားတူ မြန်မာတွေ ကျောက်မီးသွေးလျှပ်စစ် ရဖို့ စစ်တပ်သဘောတူရင် ပတ်ဝန်းကျင်သမားတွေ မကန့်ကွက်ရဲတော့ပါ.. ရေးတာတဖွဲ့.. ပြောပြတာတယောက်..နိုင်ငံခြားသားပြောမှ နားထောင်မယ်. ရမယ်ဆိုရင်..နိုင်ငံခြားသား တရုပ်ကျောက်မီးသွေးလျှပ်စစ်ပညာရှင် ဝမ်ရှီကွေး ကို ခေါ်ပြောခိုင်းရမှာပဲ.. my view. 
Hlaing Oo တီကျစ်က Model ပေါ့ဗျာ။ pilot plant ပေါ့။ သူကနေယူရင် သင်္ခဏ်စာတွေအများကြီးရတယ်။
စစ်အစိုးရလက်ထက်က လျပ်စစ်ရပြီးရောချလိုက်တော့ ဒေသခံတွေ အထိနာသွားတယ်။ ကရော်ကမယ်လုပ်လို့မရဘူးဆိုတာပြတာ။
.
အခု ကျကျနန လုပ်တယ်။ တော်တော်သက်သာသွားပြီ။ နည်းပညာ ဆိုတာ ပညာရှင်တွေ ကျားကုပ်ကျားခဲ ရှာထားကြတာ။
.
အဲဒီမှာ ထွက်တာ လစ်ဂနိက်ဗျ။ အဲဒီ စတုထ္တတန်းစား ကျောက်မီးသွေးကို အထိအခိုက်အနည်းဆုံးနဲ့ ထုတ်နေတယ်။ တကယ်သေသေချာချာလုပ်ရင် အထိခိုက်နည်းပါတယ်။ တချို့နည်းပညာများ အလယ်အလတ်လူတယောက် တောင် နားလည်ဘို့ခက်တယ်။
.
ဥပမာ ဗျာ။ ဟိုတုန်းက အဲဒီလစ်ဂနိုက်ကို သုံးရကောင်းမှန်းမသိကြဘူး။ နောက် သုံးလို့ ရနိင်တဲ့နည်းကို ရှာဖွေကြတော့ တွေ့ရသိရလာတယ်။ တွေ့သိတာနဲ့ အဲဒီနည်းကို သုံးတယ်။ ဆက်လည်း သုတေသန လုပ်ကြတယ်။ အဲဒီ လစ်ဂနိက် က အဆိုဓါတ်များတယ်ဗျ။ ပညာရှင်က အဲဒါ ကို အခွင့်အရေးအနေနဲ့အသုံးချတော့တာဘဲ။
.
ကျောက်မီးသွေးကနေ gasification လုပ်ရင် ရေဓါတ်လိုတယ်။ အဲဒီ အဆိုဓါတ်များနေတဲ့ လစ်ဂနိုက်ကို သုံးလိုက်တော့ အတော်ဟန်ကျသွားပါလေရော။ အဲဒါ နည်းပညာ ဘဲ။
.
ဥာဏ်မမှီတဲ့သူကတော့ အဆိုဓါတ်များနေတဲ့ အညံ့စား ကျောက်မီးသွေးလို့မြင်တာပေါ့။ (ဥပမာ ပညာရှင်တောက်တဲ့ကြီးပေါ့ဗျာ)
.
ကျောက်မီးသွေး ကာဘွန် မဲမဲကြိးဘဲမြင်တယ်။ အဆိုဓါတ်ထဲမှာပါတဲ့ ရေထဲက အောက်စီဂျင်နဲ့ ဟိုက်ဒြိုဂျင် ကို သူမမြင်ဘူး။ မမြင်နိုင်ဘူး။ မသိဘူး။ ရမ်းပြီး မကောင်းဘူးဘဲပြောမယ်။ ဓါတုဗေဒ နားလည်တဲ့သူတောင် အဲဒါ သိဘို့မျက်စေ့လည်တယ်။ ဥပမာ ဘောမညို တဲ့ သူပေါ့။ အခုတော့သူနည်းနည်း အလည်ပြေပြီထင်ပါတယ်။
အဲသလိုဘဲ လွှတ်တော်ကိုယ်စားလည်တွေလည်း သိပ်များများနားလည်နိုင်ကြမှာမဟုတ်ဘူး။
.
အဲလိုပြောလို့စိတ်မဆိုးနဲ့။
ကဲသူတို့ကို မမေးခင် ခင်ဗျားကို မေးမယ်။
ဟိုက်ဒြိုဂျင် အောက်ဆိုက် သောက်မလား။
ဟာ ဘာတွေလာတိုက်တာလဲ လို့ ထင်မယ်။
သောက်ပါဗျ။ ဘာမှ မဖြစ်ဘူး။ များများသောက်ရင် ရှူ ရှူ များများပေါက်ရတယ်။
Ko Latt ကျောက်မီးသွေးနဲ့ ထုတ်မဲ့သူရှိပါတယ် အစိုးရခွင့်ပြုရင်ပေါ့
M Zaw Aung အစိုးရက ခွင့်ပြုပြီးသား..လူထုကန့်ကွက်လို့ နှောင့်နှေးနေတာပါ. .လူထုကို နိုင်ဖို့က အစိုးရ ဖမ်းဆီးထိမ်းသိမ်း ဒဏ်ငွေကျပ်၁သောင်း (ကချင်စစ်ပွဲရပ် ကန့်ကွက်သူတွေဖမ်း) နည်းလမ်းပဲရှိတယ်လေ... မှတပါး. အခြားနည်းမရှိ
Kyaw Thura သဖန်းဆိပ်ကို ရောက်တော့ အတော် အံသြသွားတယ်
MW 10x3
စက် ၃ လုံး ပေါင်းမှ
30 MW ဘဲ ထွက်လို့
Hlaing Oo တကယ်ဘဲလား
ဇာနည် ထွန်း အင်းဆို Grid ထဲတောင် မထည့်နိုင်ဘူး နွေဆိုရင် ရွှေဘိုခရိုင် သုံးတာတင်ကုန်နေတာ 😜
Hlaing Oo
June 11 2018 at 10:39am •
တရုတ်မှာ လက်ရှိလည်ပတ်နေတဲ့ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံ ဘယ်လောက်များသလဲဆိုတာ ပုံမှာ ကြည့်ကြပါတော့။
.
တချို့စက်တွေကို အနားပေးလိုက်တာတောင် အဲသည်လောက်များနေတယ်။
.
.ရေတွက်လို့ မရနိုင်လောက်အောင်များနေတာတွေ့ရပါမယ်။ စက်ယူနစ်ပေါင်း ၂၄၈၉လုံး။ 936,057MW။ ကမ္ဘာ့ နံပါတ်ဝမ်း။
.
1978 တိန်ရှောင်ဖိန့် ရဲ့ တခါးဖွင့်ပေါ်လီစီ မကျင့်သုံးမှီမှာ
တနိုင်ငံလုံး GWh ၂သိန်းလောက်ဘဲရှိတယ်။
1988 လောက်တော့ GWh ၆သိန်း လောက်ဖြစ်သွားပြီ။
1998 လောက်မှာ GWh ၁ သန်း ထိတက်သွားတယ်။ ကျောက်မီးသွေးစက်ရုံ တွေကို အားပြု တိုးထုတ်ခဲ့တာပါ။
ကျောက်မီးသွေးကို ပိုသုံးပြီးထုတ်ခဲ့တာ။
သူက ဈေးချိုတာကိုး။
လျပ်စစ်ကို ဈေးပေါပေါနဲ့ ထုတ်ယူသုံးစွဲ လိုက်တယ်။
ကုန်ပစ္စည်းတွေထုတ်လုပ်လိုက်တယ်။
တကမ္ဘာလုံး မိတ်အင်ချိုင်းနားသုံးရတဲ့ အထိ ကုန်ထုတ်လုပ်မှုတွေတိုးလာတယ်။
.
တနေ့က ဂျပန် NHK နဲ့ DASSK အင်တာဗျူးတယ်။
လျပ်စစ်အတွက်ဘာတွေလုပ်ထားသလဲ လို့ မေးတော့
DASSK တိတိပပ ဖြေမသွားနိုင်ဘူး။
လုပ်နေပြီလေ ရှင်တို့မမြင်ဘူးလားလို့ မပြောခဲ့ဘူး။
LNG စီမံကိန်းများကို လက်ညိုးညွှန်မပြခဲ့ဘူး။
ဘာကြောင့်လဲ...
.
.
COMMENTS
Hlaing Oo 7 day ရဲ့ ဘာသာပြန်ဖြစ်ပါတယ်။
NHK >>>.ဂျပန်ကုမ္ပဏီ တော်တော်များများက မြန်မာနိုင်ငံကို လာရောက်ဖို့ အမှန်တကယ် စိတ်ဝင်စားနေကြတယ်။ မြန်မာ့ စီးပွားရေးမှာ ပူးပေါင်းလာချင်တယ်ပေါ့လေ။ ဒါပေမဲ့ သူတို့ စိတ်ပူတာက အခြေခံ အဆောက်အအုံကဏ္ဍ၊ အထူးသဖြင့် လျှပ်စစ်မီးမှာပေါ့။ ဒီကုမ္ပဏီတွေအတွက် ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်မျိုး မျှော်လင့်လို့ ရနိုင်မလ
DASSK>>> လွန်ခဲ့တဲ့ ၂ နှစ်လောက်အတွင်း အခြေခံ အဆောက်အအုံ အပိုင်းနဲ့ ပတ်သက်လို့ ကျွန်မတို့ ဘာတွေ လုပ်ဆောင်ခဲ့သလဲ ဆိုတာကို သူတို့ ပြန်လေ့လာသင့်ပါတယ်။ လက်သင့်ခံနိုင်လောက်တဲ့ တိုးတက်မှုတွေ ရှိခဲ့တယ် ဆိုတာကို သူတို့တွေ အသိအမှတ် ပြုကြမယ်လို့ ကျွန်မ ထင်တယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကဆိုရင် ကျွန်မတို့ဟာ စီးပွားရေး လိုအပ်ချက်တွေထက် မူဝါဒပိုင်းကနေ အဓိကထား ဖြည့်ဆည်းဖို့ ပိုပြီး အာရုံစိုက်ခဲ့ရပါတယ်။ အဓိပ္ပါယ်ကတော့ စီးပွားရေးအရ အကျိုးအမြတ် ရနိုင်တဲ့ နေရာတွေထက် မူဝါဒပိုင်းအရ ပိုပြီး လိုအပ်တဲ့ ဒေသတွေမှာ လမ်းဖောက်တာတွေ၊ လျှပ်စစ်မီး သွယ်တန်းတာတွေ ဦးစားပေး လုပ်ဆောင်ခဲ့ပါတယ်။ အခုအခါမှာတော့ ကျွန်မတို့ဟာ စီးပွားရေး အမြတ်အစွန်းနဲ့ ပတ်သက်တဲ့ ဧရိယာတွေကို ပိုပြီး အားထည့် စဉ်းစားလို့ ရလာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ပထမ ဦးစားပေးအဆင့် ကိစ္စတွေကို ကျွန်မတို့ အတော်လေး ဖူဖူလုံလုံ ပေါက်ပေါက်မြောက်မြောက် စီမံ ကိုင်တွယ်ခဲ့ပြီး ဖြစ်တာကြောင့်ပါ။
Tun Lin တရုတ် အရှေ့တောင်အာရှ နဲ့
တောင်အာရှ ( အိန္ဒိယ ဘင်္ဂလား) မှာရှိတဲ့ စက်ရုံတွေ map ပေါ် စုစည်းကြည့်ပါ့လား bro။
Ko Ko Lay ကမသ စက်ရုံတွေလား ဗျ
Tun Lin ဟုတ် ကမသ
Hlaing Oo
June 7 2018 at 9:34pm •
-- ဘယ်သူ့ကို ကျော်တက်ဘို့ စိတ်ကူးပါသလဲ --
ပုံက အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ကျောက်မီးသွေးစက်ရုံတွေကိုပြထားတာ ဖြစ်ပါတယ်။
မြန်မာမှာ ၂ လို့ပြထားတာ ရှမ်းပြည်နယ်က တီကျစ်စက်ရုံ 60MW စက်ယူနစ်၂လုံးကို ရည်ညွန်းထားတာဖြစ်ပါသတဲ့။( ဒါပေမဲ့ သူတကယ်ထုတ်နေတာ 60MWဘဲရှိတယ်။)
Yangon ဆိုတဲ့ စာ လုံးအောက်နားကတော့ မွန်ပြည်နယ် မော်လမြိုင်ဘိလပ်မြေစက်ရုံက 40MW စက်ကို ညွန်းထားတာပါ။
မြန်မာမှာ စုစုပေါင်း စက်ယူနစ်ပေါင်း၃လုံး။
သူတို့ကနေ စုစုပေါင်း 100MW ထုတ်နေတယ်။
လာအိုမှာ ၃ လို့ပြထားတာတွေ့ရပါမယ်။
လာအိုမှာ ငါတို့ လောက်ဘဲ ရှိတယ်လို့ မမြင်လိုက်နဲ့။
အဲဒီ စက် ၃လုံးက ဟဲဗီးကြီးတွေ။ စုစုပေါင်း 1878MW ထုတ်တယ်။
ယိုးဒယားမှာ ယူနစ်ပေါင်း၂၁လုံး။ 5457MW
ကမ္ဘောဒီယားမှာ ၄ လုံး။.....370MW ။
ဗီယက်နမ်မှာ ၅၂ လုံး။....13,971MW
မလေးရှားမှာ၂၁ လုံး။.....11,008MW
ဖိလစ်ပင်းမှာ ၃၈လုံး။.......7206MW
အင်ဒိုနီရှားမှာ ၁၃၆ လုံး။.10,875MW
စင်ကာပူကို မေ့ထားလိုက်အုန်း။
ကျန် အရှေ့ တောင်အာရှထဲက ဘယ်နိုင်ငံကို ကျော်တက်ဘို့ စိတ်ကူးသလဲ။
အို.. NLD ခေါင်းဆောင်တို့။
ကျောက်မီးသွေးက ထုတ်မှ လျပ်စစ်ရတာမဟုတ်ဘူးဆိုပြီး
ဈေးကြီးသော LNG နဲ့ ထုတ်ဘို့ဆိုင်းပြင်းနေတဲ့၊
ခင်ဗျားတို့ ခန့်ထားတဲ့၊ သူဌေးစွမ်းအင်ဝန်ကြီး နဲ့ ကတော့.. ကျော်ဘို့မပြောနဲ့ မှီတောင်မှီမှာမဟုတ်ဘူး။
ဝေးပါသေး
.
.
COMMENTS
Tun Lin အဲဒီစက်ရုံတွေကထုတ်တဲ့
CO2 အကျိုးဆက်က မြန်မာပြည်
မထိခိုက် နိုင်ဘူးလို့ တွေးနေလားမသိ။
သူတို့တောင်ထုတ်နိုင်သေးတာ။
ကိုယ်တွေဆို ကျောက်မီးသွေးလည်း သက်နုပေမဲ့ ထွက်တယ်။
.
Ko Thein Soe ရည်ရှည် ရည်တိုတွေသတ်မှတ်ပြီးလုပ်သင့်တယ် မြန်မာပြည်တိုးတတ်ဖို့အတွက်လျှက်စက်မီးအရမ်းလိုနေတယ် အသေးစား အလတ်စားလုပ်ငန်းတွေအတွက်နယ်ဘက်တွေမှာမီးရဖို့လိုတယ်
.
U Nyan Hein PowerMixအရLNGလည်းထုတ်ရမှာပဲ။မင့်အဘတွေလက်ထက်ပုဂ္ဂလိကစက်ရုံကတယူနစ်၁၄၀နဲ့ဝယ်ထားတာတွေကိုရောဘယ်မှာဖျောက်ထားလဲ။တီကျစ်coal sampleကိုကလေးဝcoalနဲ့
လဲပီးတရုပ်ပြည်ပို့ခဲ့လို့စက်ရုံချင်းလွဲကုန်တာ၊လူထုကျောက်မီးသွေးစက်ရုံလန့်အောင်အထင်လွဲအောင်
ရောဘာဖြစ်လို့ဘယ်အကောက်ဥာဏ်နဲ့ဘယ်သူတွေလုပ်ခဲ့ကြလဲ၊၊
.
San Win သေသေချာချာ လေ့လာဆန်းစစ်မှု မလုပ်ပဲ
ဖင်ပိတ်ငြင်းနေကြတယ်ဗျာ
ကျောက်မီးသွေး ဘေးထွက်ပစည်း ၇၀%လောက်က ဆောက်လုပ်ရေး နဲ့ စိုက်ပျိုးရေး မှာပြန်သုံးရင် ရတယ်ဆိုတာလေ့တောင် နားမလည်ကြဘူး
M Zaw Aung This is very good data. Present more reliable data . And get Hluttaw Approval of 90% MP and continue 200mw coal power plant in Myanmar. Clean or Not clean is not a big problem..
Kyaw Kyaw ကရင်မှာတည်မယ်ဆိုတော့
ဇော်ကန့်လန့်တွေနဲ့ကန့်ကွက်တယ်၊ထိုင်းအခြေခံ အလုပ်သမားဘဝမှလွတ်မြောက်သွား မှာကြောက်လို့ထင်ပါရဲ့၊ကျွန်
ဇာတာရှည်စေချင်တာလား သူ
တို့ရဲ့ဓနများထိပါးမှာစိုးလို့လား။
Hla Thaung သူဌေးဝန်ကြီးတွေက
smart ဝန်ကြီးဖြစ်လာနိုင်သလား။
မင်း နိုင် ကြံ့ တွေကလွှတ်တော်မှာဖင်ပိတ်ငြင်းနေတယ်လေ အကို
M Zaw Aung Hla Thaung သိပ်ဖြစ်နိုင်တာပေါ့။ စီမံဘဏ္ဍာဝန်ကြီး မိန်းမနဲ့သား ၂နှစ်အတွင်း သူဌေးအကြီးစားနီးပါး ဖြစ်သွားတယ်လေ။ ၀န်ကြီးကတော့ ကိုယ်ပိုင်ငွေက တလ သိန်း၄၀ - ၂နှစ်ဆိုတော့ သိန်း၅၀၀ပဲ ချမ်းသာရှာတယ်။ သားသမီး၊ မိန်းမ အလွန်အမင်း ချမ်းသာလာတာ .. လက်ရှိ အဂတိဥပဒေ၊ နည်းဥပဒေ ကလည်း မိန်းမ၊ သားသမီး မပါဘူး ..လေ..။
Hlaing Oo
June 4 at 9:05pm •
ကြာလာတော့ ရေးရတာ ပျင်းလာပြီ။
စိတ်လည်းပျက်တယ်။
ဝိုင်းမြှောက်ပြီး ဆရာတင်ထားတဲ့ မိုးလေဝသပုတ်ဂို က ကျောက်မီးသွေးစက်ရုံတွေတည်ရင် နာဂစ် လိုမုန်တိုင်းတွေဖြစ်မယ်လို့ ခြိမ်းခြောက်ပြောနေတာကြားရတယ်။
.
ပုံကိုကြည့်ပါ။
ဂျပန်မှာ လက်ရှိလည်ပတ်နေတဲ့ ကျောက်မီးသွေးစက်ရုံတွေပါဘဲ။ အဓိကကျွန်းကြီးပေါ်မှာကို ၃၈ ရုံ ရှိနေတယ်။
.
မြောက်ဘက်က ဟိုကိုင်းဒိုး ပေါ်မှာ ၅ ရုံနဲ့ တောင်ဘက်က နာရကျွန်းပေါ်မှာ ၁ရုံရှိသေးတယ်။ အဲဒီ၆ရုံ ပုံမှာမြင်ရမှာမဟုတ်ပါ။ ပုံသေးသွားမှာစိုးလို့ သူတို့ ၂ကျွန်းကိုမထည့်ထားပါ။
စုစုပေါင်း အသေးရော အကြီးရော ၄၄ရုံရှိတယ်။
နောက်ထပ် ထပ်တည်မှာ ၄၁ရုံရှိသေးတယ်။
သူတို့ကိုထည့်မတွက်ပါနဲ့ ရှိနေတဲ့ ၄၄ရုံနဲ့တင် မုန်တိုင်းဖြစ်လို့ ဂျပန်မျိုးပြုတ်လောက်ပြီ။
အဲ့ ပညာယှိပုတ်ဂို နဲ့ နီးစပ်ရင် ပြောလိုက်ပါ။ မဟုတ်ကဟုတ်ကဖြဲမခြောက်နဲ့။ အသက်လည်းမငယ်တော့ဘူး။
သူပြောသမျှ ယုံကြ တဲ့ သူတွေကို တော့ တကယ်ဘဲ သနားမိပါတယ်။
.
.
COMMENTS
Tin Aung Oo နာဂစ်ဆိုတာ ခံရသူဘက် နစ်နာတာမှန်တယ် တကယ်တော့ဂျင်းတဝက်ပါတယ် ၄၈နာရီအတွင်းရခိုင်နဲ့စစ်ကိုင်း မကွေးမဖြတ်ဘဲ ရခိုင်ကမ်းမြှောင်အတိုင်းဧရာဝတီတိုင်းကိုဖြတ်ဝင်ခဲ့တာပါ ဘာကြောင့်လည်းမှတ်တမ်းဟောင်းရှိမှာပါ အဲဒီမုန်တိုင်းဟာမူလလမ်းကြောင်းမှရုတ်တရက်တောင်ဘက်ဆင်းသွားတယ် မှတ်မိသူများဝေဘန်ကြပါ နုနယ်တဲ့နိုင်ငံရေးအသစ်ကို ဘယ်ပညာရှင်ကမှကြားဝင်ရပ်တည်ခဲ့ခြင်းမရှိခြင်းကိုအံ့သြရပါတယ်
Aunghtwe Win ကျောက်မီးသွေးနဲ့ နာဂစ်အမျိုးမတော်ပါဘူးဗျာ
မုန်တိုင်းအကြောင်းကတော့
နာဂစ်မုန်တိုင်းဝင်လာချိန်မှာ အားပြင်းမုန်တိုင်းဖြစ်နေချိန်မှာသာမန်ဘဲသတိပေးချက်ရှိခဲ့တယ်
သာမန်လို့ထင်ထားပြီး မုန်တိုင်းကြီးထိခဲ့တာပါ
မကြေညာပေမဲ့ ဒီရေတက်ချိန်ထက်စောပြီး ရေတက်လာလို့ မြစ်ဝကျွန်းပေါ်သားတွေကသိပါတယ် ပြေးလို့မလွတ်အောင်ဖြစ်ခဲ့ရတာပါ
မြို့သားတွေကတော့ မုန်တိုင်းကျမှသိခဲ့ကြတာ
ကယ်ဆယ်ရေးလုပ်ရချိန်မှာ အကူအညီပေးမယ့်အဖွဲ့တွေကို အကန့်အသတ်နဲ့ဘဲလက်ခံခဲ့ပါတယ်
အသေအပျောက်ပိုများခဲ့ရတယ်
အရမ်းပြင်းထန်တဲ့မုန်တိုင်ကြီးမို့ အထိအခိုက်မရှိအောင် ဘယ်သူမှမကယ်နိုင်ပါဘူး အသေအပျောက် နည်းရုံတော့ဆောင်ရွက်နိုင်ပါတယ်
Aung Thanoo နာဂစ်တဲ့လား။ သေလိုက်ပါတော့ဗျာ။ 'Correlation of Coal and Nagris for the purpose of sustainable elemination of firing black carbon element'.
Min Aye ပြောရတာတော့ တကယ်ပျင်းပေမယ့် သူပြောတာကို ယုံတဲ့သူတွေကိုတော့ သနားစရာပါ။
Myo Myint Should explain more detail working procedures implemented by laws and regulation to the public based on transparency of performance, instead of theorical points of view on advantage and disadvantage using coal burning technology producing electric power in myanmar.
Tun Htun ဒါက အမေရိကန် မှာ ရှိတဲ့ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေနဲ့ သူတို့ ထုတ်လုပ်နိုင်တဲ့စက်စွမ်းအား ပါတြဲ့မြေပုံပါ။
တစ်ခြားနိုင်ငံကပုံတွေလိုရင်ထပ်တင်ပေးပါမယ်
ကျောက်မီးသွေးမသုံးနဲ့လို့ဇွတ်အေည်နေသူမျာုးမန်မာပြည်သူတွေမျက်နှာထောက်ကြပါဗျာ။
သူများတွေမသုံးရင်တော့ ကိုယ်နိုင်ငံသုံးပါလို့ဇွတ်မပြောပါဘူး။
.
Tin Aung Oo ပြည်တွင်းမှာဂျပန်တွေကန်ထရိုက်နဲ့စက်ရုံလာဆောက်တယ် စာရွက်စာတမ်းနဲ့အခြားမီးရှို့လို့ရတဲ့အမိုက်တွေ ပေပါဖြတ်ဖွင့်ပြီး ၆လက်မခေါင်းတိုင်တိုနဲ့ L=8 ft မီးရှို့တဲ့မီးဖိုနဲ့မီးရှို့ရှင်းလင်းတာပါဘဲ အရေးကြီးတာကနည်းစနစ်ပါ ကျွန်းနိုင်ငံမှာနေတဲ့သူ မြေကြီးထဲမြှုတ်ဘို့သာမန်ကိစ္စလောက်မစဉ်းစာပါ တရုတ်ကမီးခိုးလွှတ်တာကျရှုနေရတာပါဘဲ ။ဒါပေမဲ့သူ့ပြည်သူတွေအလုပ်ပေါတယ်လေ အမေရိကန်ကပဲရစ်ပရိုတိုကောလ်ကိုမျက်ကွယ်ပြုခဲ့တာ ဂျင်းထဲ့ခံရမှန်းသိလို့ ဒီနေ့လူ့အခွင့်အရေးတီဗီမှာဘိုလိုတော့ကနေ မြန်မာလိုလိုက်ပြန်လိုက်တာ နားမဝင်တဲ့အပြင် ငါး သည်မနားရောက်သွားသလိုဘဲ။ဆရာများသားသေ မလုပ်ကြပါနဲ့ အဖုအထစ်တွေ ဂွင်တွေ ရောမလုပ်ပါနဲ့ ပြည်သူကအရမ်းမျှော်လင့်နေတယ် တကယ်လုပ်လျင်ရိုးရိုးနဲ့လုပ်ပါ။
Maung Maung Aye ပြင်ညာယှိ ပုပ်ကိုယ် ရဲ့ စကြာဝဠာ သီအိုရီအရ မကြာမီ ဂျပန်ကျွန်း ၄၄ကျွန်း ရေအောက်သို့ နစ်မြုတ်တော့မည်။ အမေရိကန်ပြည်မှာ ရေလုံးဝခန်းခြောက်သွားမည်။ ဤကမ္ဘာ မှာ ကျောက်မီးသွေးမသုံးသော မြန်မာတနိုင်ငံဘဲ ကျန်ရှိလိမ့်မည်။
မဟုတ်ကဟုတ်ကတွေပြောပြီးနိုင်ငံအကျိုးရှိမဲ့လုပ်ငန်းတွေမလုပ်ဖြစ်အောင်တားဆီးနေတဲ့ပုတ်ကိုယ်ကြီးကို"
"နိုင်ငံ့အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးဥပဒေ"နဲအရေးယူသင့်ပါတယ်
Htaw Sine နေပြည်တော် လူမရှိ သူမရှိ
အားနေတာပဲ
ကျောက်မီးသွေးက အန္တရာယ်မရှိကျောင်း
နေပြည်တော်မှာ ငါးရုံးလောက် စံပြ
အနေနဲ့ ဆောက်ပြလိုက်ပါ
ပြီးမှ မွန်ပြည်နယ်ဘက် ကရင်ပြည်နယ်
လာဆောက်ပါ
Chan Nyein နေပြည်တော်မှာ ရှိတဲ့ ဘိလပ်မြေစက်ရုံ အားလုံး တရုပ်စက် ကျောက်မီးသွေး နဲ့ မီးထိုးပါတယ် မြိုင်ကလေး နှစ်ရုံ ကြံခင်း သရက် တို့ သဘာဝဓာတ်ငွေ့ နဲ့ လောလောဆယ် သုံးနေပါတယ် အခြား ဘိလပ်မြေ စက်ရုံအားလုံး ကျောက်မီသွေး ပါ
Tunmyint ဆင်းရဲတဲ့တိုင်းပြည်တွေမှာသဘာဝပတ်ဝန်းကျင်ကိစ္စကိုသိပ်ဇောင်းပေးလို့မရပါ စက်မှု့တော်လှန်ရေးကာလမှာ အင်္ဂလန်ရဲ့လေထုညစ်ညမ်းမှု့မမာဏကဆိုးဆိုးဝါးဝါးပါ.. တိုးတက်တော့မှပြန်လုပ်ယူရပါတယ်....ဘေးအနည်းဆုံးဖြစ်အောင်စီစဉ်ပြီးလုပ်လို့ရပါတယ်....မြွေပူရာကင်းမှောင့် လျောက်ပြောနေတာပညာရှင်မပီ သပါ...ပညာရှင်ဆိုရင် Counter Measure တွေကိုပါပြောသင့်ပါတယ်
.
Wai Yan Oo မုန်တိုင်းဖြစ်တာCO2နဲ့ပတ်သတ်တယ်ဆိုတာတော့ ဆရာကြီး Dr မောင်ဒီစာအုပ်မှာဖတ်ဖူးတယ်ဆရာ ဒါပေမဲ့ထွက်လာတဲ့စွန့်ပစ်ပစ္စည်းတွေကrecycleလုပ်လို့ရနေတာဘဲလေ ကျွန်တော်ကတော့ဆောက်သင့်တယ်ထင်တယ်
U Saw Moe Myint ကျွန်တော်က ၇ နှစ်
တခါတလေကျောကအုံစက်ရဲုံ မီးဖိုထဲ ကျောက်မီးသွေးကို ဂေါ်နဲ့ပက်ကူခဲ့ဘူးတယ်
boiler ပိုက်ပေါက်တွေကူပြီး
ဖါပေးဘူးတယ်
နောက်ဆုံးအဲဒီစက်
တွေသုံးမရတော့မှ
ပြင်ဦးလွင်ကသံနဲ့သံမဏိစက်ရုံမှာထွေဂျာဘဝနဲ့သံရည်ကြိုပြီး special steel ထုတ်ပေးခဲ့ပါတယ်
အခုအသက် ၇၁ ကျော်ပါပြီ
.
Lin Tunmyint ဆင်းရဲတဲ့တိုင်းပြည်တွေမှာသဘာဝပတ်ဝန်းကျင်ကိစ္စကိုသိပ်ဇောင်းပေးလို့မရပါ စက်မှု့တော်လှန်ရေးကာလမှာ အင်္ဂလန်ရဲ့လေထုညစ်ညမ်းမှု့မမာဏကဆိုးဆိုးဝါးဝါးပါ.. တိုးတက်တော့မှပြန်လုပ်ယူရပါတယ်....ဘေးအနည်းဆုံးဖြစ်အောင်စီစဉ်ပြီးလုပ်လို့ရပါတယ်....မြွေပူရာကင်းမှောင့် လျောက်ပြောနေတာပညာရှင်မပီ သပါ...ပညာရှင်ဆိုရင် Counter Measure တွေကိုပါပြောသင့်ပါတယ်
.
Sawler Wah ဘာဓာတ်ငွေ့မှမထွက်တဲ့ ရေအားလျှပ်စစ်ကျ မင်းတို့ပထွေးတွေကို အလကားလောက်ပေးပြီး ငါတို့ကျ ကာဗွန်ဒိုင်အောက်ဆိုက်ထွက်တဲ့ ကျောက်မီးသွေး သုံးရအောင် ရူးနေလို့လား ဟ တောက်
Soe Wana မင်းတို့ပြောတော့နောက်ကြောင်းပြန်ပြောအပြစ်ဖို့တာပဲတက်တယ်ဆို ခုကျတော့ ဦးသိန်းစိန်ကိုကန့်ကွက်ခဲ့လို့တဲ့လား နောက်ကြောင်းပြန်လို့ကောင်းတိုင်းသာပြန်နေရရင် အဲ့လုပ်ငန်းတွေလုပ်ဖြစ်ရင် နိုင်ငံတစ်ကာကြွေးက ပြည်သူတစ်ယောက် ငါးသိန်းထက်ပိုသွားဖို့ပဲရှိတယ် ရလာတဲ့လျှပ်စစ် ဓာတ်အားကလည်းပိုလျှံလို့ပြည်ပထုတ်ရောင်းလိုက်တာနဲ့ မြန်မာပြည်ကမှောင်နေရာက လင်းမလာပဲ ကြွေးသာပိုထူပြီးအမှောင်ကအမှောင်ပဲနေမှာပဲ
.
.
နိဂုံး
ကျောက်မီးသွေး သုံးဖို့က မြန်မာတွေ ကမ္ဘာကို ပြေးမြင်နိုင်တဲ့ အသ်ဥာဏ် ပိုရှိလာဖို့ပဲ လိုပါတယ်။ အခုတော့ လုပ်နိုင်မှာမဟုတ်။ လာအို. တရုပ် တွေက ပိုနေတဲ လျှပ်စစ်တွေ ဝယ်ဖို့ပဲ။ မြန်မြန်ဝယ်ကြပါ။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ 15June-15July ကစားတော့မယ် ဆိုတော့ တလလောက် ဖေ့ဘုတ် နားကြပေတော့
.
.
.
ကိုးကား Sources
Hlaing Oo’s posts ဒေသတွင်း ကျောက်မီးသွေးစက်ရုံများ
အိန္နိယ https://goo.gl/8oQ4Dt
တရုပ်ပြည် https://goo.gl/tigwqk
အရှေ့တောင်အာရှ .. https://goo.gl/YzeTGt
ဂျပန် .. https://goo.gl/UpJMb3 (သူတို့က ဈေးသိပ်ကြီးတဲ့ CCT)
Slideshare:https://www.slideshare.net/myanmarjobstud…/coalpowerhlaingoo
.
DVB Debate. စကားစစ်ထိုးပွဲက ပတ်ဝန်းကျင်ထိန်းရေး ဒေါ်လေးဒေဝီ ထံ Win Htein မှ အိတ်ဖွင့်ပေးစာ.. https://goo.gl/DRXX5E

ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်မြို့မှာ ငြိမ်းချမ်းရေးစကားဝိုင်း

ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်မြို့မှာ ငြိမ်းချမ်းရေးစကားဝိုင်း ကျင်းပပါတယ်။ မော်လမြိုင် တ၀ိုက်ဟာ ငြိမ်းချမ်းရေး NCA လက်မှတ်ထိုးထားတဲ့ ကရင်၊ မွန် လက်နက်ကိုင်တိုင်းရင်းသာ တပ်များ ရှိတဲ့ အတွက် မငြိမ်းချမ်းခြင်းကို ခံစားနေရတဲ့ ပြည်သူများ ဖြစ်ပါတယ်။ မော်လမြိုင် တက္ကသိုလ် ခမ်းမကြီးမှာ ကျင်းပါ ပါတယ်။
.
လုပ်နေကျ ပုံစံအတိုင်း လူငယ် လုပ်ငန်းရှင်များ၊ ၀န်ထမ်း၊ ကျောင်းသားများကို ရွေးချယ်ပြီး အပြန်အလှန်ဆွေးနွေး တဲ့ နည်းလမ်းကို သုံးပါတယ်။ Online မေးခွန်း (၃)ခု နဲ့ နောက်ဆုံး ပရိတ်သတ်ထဲက (၃)ဦး မေးမြန်းခွင့် ပေးပါတယ်။ နိုင်ငံ ခေါင်းဆောင်ရဲ့ အလွန်အာရုံ စူးစိုက်နားထောင်ခြင်းကို မြန်မာပြည်သူများ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ကိုယ်ပိုင်ကျောင်းဆရာ ရဲ့မေးခွန်း
ငြိမ်းချမ်းရေး ဆွေးနွေးမှူ အခြားနိုင်ငံများထက် ခက်ခဲပါတယ်။ ကျမတို့ မှာ အစိုးရ.တပ်မတော်နဲ့ တိုင်းရင်းသားတပ်တွေ ကြိဂံပုံ ဆွေးနွေးတာ တော်တော်စိတ်ရှည်ရတယ်။ ဒေါက်တာတင်မျိုးဝင်း အဖွဲ့ အမျိုးမျိုး ဆွေးနွေးရတယ်။ တချို့ နိုင်ငံမှာ ၂ဖက်ထဲ ဆွေးနွေးတာ ကြည့်မရလို့ပျက်သွားတယ်..နောက်ပြန်တွေ့ပြန်တယ်။ ကိုယ်ဘာပေးနိုင်သလဲ ဆိုတာကို စဉ်းစား ပြောဆိုကြဖို့ လိုပါတယ်။
.
နောက် ငြိမ်းချမ်းရေး ဒီမိုကရေစီနဲ့ နှစ်၅၀ကျော် ဝေးခဲ့ပေမဲ့ ပြည်သူတွေ နားမဝေးပါဘူး။ မြန်မာတွေ မဲပေးသူ ရာနှုန်း အမြင့်ဆုံး ပါဝင်မဲပေးကြပါတယ်။
.
မန္တလေး.မကွေး တွေက လူငယ်တွေ ငြိမ်းချမ်းနေတော့ အကျိုးကို မသိကြပါ. အခုလို မငြိမ်းချမ်းပြည်နယ် ဆွေးနွေးမှု ကို တခြားပြည်နယ်တွေ နားထောင်ကြမှာပါ။ ပါတီတွေ ငြိမ်းချမ်းအဖွဲ့တွေ ငြ်းခုန် မတည့်ကြတာ ကြည့်ပြီး စိတ်ပျက်တယ် ပြောသူများ..လူ့အသိုင်းဝိုင်းက ဒီလိုပါပဲ။ စိတ်ပျက်နေရင်တော့ လောကကြီးကိုလဲ စိတ်ပျက်နေလိမ့်မယ်။ ခေတ်နဲ့အညီ ပြောင်းသင့်တာ ပြောင်းရမယ်။ မတူကွဲပြားမှုအပေါ် တူညီတဲ့ ဆုံးဖြတ်ချက် ရရှိခြင်းက ဒီမိုကရေစီ ဖြစ်ပါတယ်။ (မော်လမြိုင်တက္ကသိုလ်မှာ ဘွဲ့လွန် ဒီပလိုမှာ သင်ကြားပေးဖို့ မဖြေပါ)
ခဏ.စိတ်ဆိုးသော DASSK
မွန် အထည်လုပ်ငန်းရှင် မိန်းကလေး စကားပြောစဉ်..ဒေါ်အောင်ဆန်းစုကြည် စိတ်ဆိုးသံနဲ့ ဖြတ်ပြောပါတယ်။.. . "တယောက်စကားပြောနေတာ ဘာပြောနေတာလဲ. .ပြောချင်ရင် အပြင်ထွက်ပြောပါ.. . ကျမက တယောက်စကားပြောနေတုန်း ဂရုစိုက် နားထောင်တယ်. ပြောနေတဲ့လူကို လေးစားရာရောက်ပါတယ်." . . မွန်မိန်းကလေးက ပြုံးပြီး ဆက်ပြောရှာပါတယ်။ ပထမ တယောက်ပြောတုန်းကလဲ စကားပြောသံကျယ်လာလို့ စိတ်ဆိုးပြီး မပြောဖို့. နားထောင်ဖို့. စိတ်ဆိုးသံနဲ့ အော်ပြောလိုက်သေးတယ်။
.
မွန် နာမည်အကြောင်း ရှင်းပြပါတယ်။ အပြန်လှန်နားလည်မှု လေးစားမှု အကြောင်းပြောပြပါတယ်။ ခုနက သမီးစကားပြောနေတုန်း ပရိတ်သတ် အချင်းချင်း စကားပြောကြတယ်။ အသံကျယ်လာလို့ မေးခွန်းကို မကြားလိုက်ရဘူး။ တဖက်က ပြောနေတုန်း နားထောင်ပေးမှ လေးစားလာပြီး ၂ဖက် နားလည်မှု ရှိလာပါမယ်။
.
အမျိုးသမီး နဲ့ ကလေးများ အကြောင်း DASSK ဆက်ပြောပါတယ်။
.
Online မေးခွန်း ၃ခု..
* မြောက်ကိုးရီးယား နဲ့ အမေရိကန်.. စွန့်စားလုပ်ရတယ် ဆိုတာ သဘောတူပါတယ်။
* အလုပ်ကိုင် ရတာလုပ်နေရတယ်။ ပညာရေးစနစ်..စမ်းသပ်ခံမဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီစာလေး ဖတ်ရတော့ ဘွဲ့ရမှ ဆိုတဲ့ စိတ်ဓာတ်.. ပြင်ပြီး အသက်မွေးဝမ်းကျောင်းပညာရေး ကိုသွားရပါမယ်။ ကျမ ခဏခဏပြောရတယ်။ မယုံမှာစိုးလို့.. ဆွဒ်ဇာလန်ဝန်ကြီး သားသမီး ၆ယောက် မှာ ၂ယောက်က ဘွဲ့ရတယ်။ ၄ယောက်က သက်မွေးပညာ. .အဲဒီ၎ယောက်က ဝင်ငွေပိုကောင်းကြတယ်။ ကျမတို့လဲ သက်မွေးပညာကို သွားရပါမယ်။
.
နောက်ဆုံး ပရိတ်သတ် ထဲက ၃ယောက် မေးခွင့်ပေးပါတယ်..
ဖြေဖို့ မဲပေါက်တဲ့ ပြည်နယ်ဝန်ကြီးတွေကတော့
ကျန်းမာရေး (လူမှုဝန်ကြီး)၊ ဆည်မြောင်းဝန်ကြီး နဲ့ စည်ပင်နဲ့ဆောက်လုပ်ရေးဝန်ကြီး တို့ ဖြစ်ပါတယ်။ အမျိုးသမီး မပါလို့ DASSK အားမရသံ နဲ့ အမျိုးသားချည်းပဲ .လို့ ပြောပါတယ်။ ကျိုက်မရေား တံတားကြီး ဘယ်တော့ပြီးမလဲ မေးခွန်းကို ချပေးတဲ့ဘတ်ဂျတ်နဲ့ စတင်ပြီဖြစ်ကြောင်း ဝန်ကြီးဖြေပါတယ်....DASSK က. .ဘယ်တော့ပြီးမယ် ခန့်မှန်းသလဲ. .ဖြေပါဦး. .ကူမေးပေးပါတော့..ဝန်ကြီးချုပ်နဲ့ ဆွေးနွေးမှုအရ ၃နှစ်ကြာမယ် လို့ဖြေသွားပါတယ်။
ငြိမ်းချမ်းရေး စကားဝိုင်း ပြီးဆုံးပါတယ်။
.
.
နိဂုံး (သုံးသပ်ချက်)
လူထုနဲ့ အခုလို တိုက်ရိုက် ထိတွေ့ခြင်းဟာ အလွန်ကောင်းမွန်တဲ့ ခေါင်းဆောင် ပျိုးထောင်ခြင်း အလေ့အကျင့် ဖြစ်ပါတယ်။ ပြည်နယ်တိုင်း ၀န်ကြီးချုပ်များလည်း ဒီလို ပွင့်လင်းမြင်သာစွာ ပြည်သူနဲ့တွေ့ဆုံခြင်းများ လုပ်သွားဖို့ လိုပါတယ်။ ခေါင်းဆောင်နဲ့ ပြည်သူ တွေ့ဆုံရာမှာ အများအားဖြင့် မေးခွန်းမေးခွင့် မပေးချင်ကြပါ။ ဖြေ ရ ခက်ခဲတဲ့ အတွက် ဖြစ်ပါတယ်။
.
အထူးသဖြင့် ကျန်းမာရေး အတွက် မေးခွန်း၊ မော်လမြိုင်ဆေးရုံကြီး က လူနာများကို ဆရာဝန်များက အလုပ်အရမ်းများတဲ့အတွက် ငြင်သာစွာ မပြောဆိုနိုင်ခြင်း၊ ဆေးကုသမှု အဆင့်မမီတဲ့အတွက် ရန်ကုန်ပဲ သွားရောက်ကုသရခြင်း၊ ဆေးရုံသန့်ရှင်းရေး ၀န်ထမ်းထပ်မံ ခန့်ထားခြင်း၊ လူနာ သယ်ယူရေး ၀န်ထမ်း တိုးမြှင့်ခန့်ထားခြင်း များကို လူမှုရေးဝန်ကြီးက ဖြေသွားပေမဲ့၊ ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးတဲ့ ပြည်သူရဲ့ မေးခွန်းကို ထောက်ပြ၊ ဆေးရုံ ၀န်ထမ်းများ စိတ်ရှည်ကြဖို့လိုကြောင်း ထောက်ပြ ဖြေဆိုခိုင်းပါတယ်။ အစိုးရ ဌာနများ ..လျှပ်စစ်ဌာန နဲ့ ၀န်ကြီးဌာနအသီးသီးက ၀န်ထမ်းမား အဂတိလိုက်စား ငွေတောင်းခြင်းကို ပြည်သူများ ညီညွတ်စွာ တောင်းငွေက မပေးသင့်ရင် မပေးပဲ ထားဖို့လိုအပ်ကြောင်းလဲ အကြံပြုသွားပါတယ်။
.
နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် ထပ်မံပြောဆို၊ တိုက်တွန်း အားပေးတဲ့ သက်မွေးပညာကို ဦးစားပေးစနစ် ဖြစ်ပါတယ်။ ၁၀တန်း တပြည်လုံး ဖြေဆိုသူ ၇သိန်းကျော် (၇၈၉၈၄၅ ဦး) မှာ ၃၂.၈၂% အောင်မြင်ကြပါတယ်။ ကျောင်းသား ၂သိန်းခွဲ (၂၅၉၁၉၀ ဦး) အောင်မြင်ပြီး ၆ဘာသာဂုဏ်ထူး ၇၁၆ဦး၊ ၅ဘာသာဂုဏ်ထူး ၁၉၈၃ဦး အောင်မြင်ကြပါတယ်။ ဆေးတက္ကသိုလ် ၀င်ခွင့်အမှတ်က ၅၁၀ ဖြစ်ပြီး၊ နာမည်ကြီး ဆေး၊ နည်းပညာ၊ သက်မွေးတက္ကသိုလ် တွေဝင်ခွင့်ကလဲ ၁၀တန်းအမှတ် ဦးစားပေးဆဲ ဖြစ်ပါတယ်။ သက်မွေးပညာ GTI, THS, စိုက်ပျိုး၊ မွေးမြူ ၊ ကွန်ပြူတာ ၂နှစ်သင်တန်း၊ ၃နှစ်ဒီပလိုမာ စတဲ့ သင်တန်းများကို ထောက်ပံ့ကြေး တလ၃သောင်း ပေးပြီး အားပေးနေပါတယ်။
.
ဒါပေမဲ့ လိုအပ်ချက်အရ သက်မွေးပညာ တလ ကျပ်၁သိန်းလောက် ငွေ+စားစရိတ် ထောက်ပံ့ မွေးထုတ်ပေးသင့်ပါတယ်။ ဒါမှ ၁၀တန်း အမှတ်ကောင်းသူများစွာ တက ကသိုလ် မရွေးပဲ သက်မွေး ဒီပလိုမာပညာကို ကူးပြောင်းကြမှာ ဖြစ်ပါတယ်။ သက်မွေး ဒီပလိုမာ ရရှိသူ မြန်မာ GTI, THS , Nurse, Medical Technician စတဲ့ ကျောင်းဆင်း အမြောက်အများ စင်ကာပူ နဲ့ နိုင်ငံတကာမှာ အင်ဂျင်နီယာများ၊ လုပ်ငန်းရှင်များ အဖြစ် ၀င်ငွေ အလွန်ကောင်းနေကြပါတယ်။ မြန်မာပြည်တွင်း မှာလဲ အဲဒီလို ဖြစ်လာတော့မှာပါ။
.
တက္ကသိုလ် ၀င်ခွင့်စနစ်ကို ပညာရေးဌာနက အဂတိမရှအောင် အထူးကြိုးစား စာအုပ်လမ်းညွန် ထုတ်ပါတယ်။ တက္ကသိုလ် ၁၁ခု က ကိုယ်ပိုင်ဝင်ခွင့်စနစ် စတင်ပါတယ်။ ဗဟိုဦးစီး စနစ် ၊ ၁၀တန်းရမှတ် စနစ် ဦးစားပေးနေဆဲ ဖြစ်လို့. တပြည်လုံး အဆင့်၁၀ ဦး. ကြေငြာပေးခြင်းကို ဖျက်သိမ်းဖို့ လိုပါတယ်။ ပညာရှင်များက တောင်းဆိုနေကြတာ ကြာပြီဖြစ်ပါတယ်။ ၂၀၂၁ မှာ ၁၂တန်းစနစ် စတင်မယ် ဖြစ်ပြီး၊ စာမတတ်တဲ့ မြန်မာပညာရေးကို ဒေါ်အောင်ဆန်းစုကြည် ရဲ့ စနစ်သစ်ပညာရေး လုပ်ရင်းနဲ့ ဆရာများ အရည်ချင်း တိုးတက်လာမယ်၊ ပြီးတော့ ကျောင်းသားများလဲ တိုးတက်လာမယ် မျှော်လင့်တယ်။ လျှပ်စစ်နဲ့ နိုင်ငံခြား ရင်းနှီးမှုတွေ တိုးတက်လာပြီး လူတွေ အလုပ်ကိုင်ကောင်း၊ ၀င်ငွေကောင်းလာဖို့လဲ မျှော်လင့်မိပါတယ်။
.
ဇော်အောင်
၁၅. ဇွန်. ၂၀၁၈
.
ဇွန်လ ၁၉ရက် ဟာ နိုင်ငံတကာ ဖခင်များနေ့ ဖြစ်သလို မြန်မာနိုင်ငံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့လဲ ဖြစ်ပါတယ်။ ဂုဏ်ပြု ဆောင်းပါး ဖြစ်ပါတယ်။
Video Link. .https://goo.gl/HwXNkk

့ မြန်မာနိုင်ငံက နည်းပညာတက္ကသိုလ်တွေ ဘာတွေလုပ်ကြမှာလဲ Lynn Za Nee

Lynn Za NeeFollow
့ မြန်မာနိုင်ငံက နည်းပညာတက္ကသိုလ်တွေ ဘာတွေလုပ်ကြမှာလဲ
ကျနော် ပြည်နည်းပညာတက္ကသိုလ်ကနေ BE - Petroleum နဲ.ဘွဲ.ရတယ် ၊ ဒါပေမယ့် အခုလျှောက်နေတဲ့လမ်းက ရေနံလုပ်ငန်းနဲ.မဆိုင်ဘဲ ၊ Automobile ပိုင်းဖြစ်တဲ့ Mechanical နဲ. Electronic လိုင်းဖက်ပြောင်းပြီး
လေ့လာတယ် ။ ကျနော်အဲ့ဒီလိုင်းဖက်ကူးတာ ၂ နှစ်ကျော်ပြီ ။ ဒီမှာ ကျနော်အပြင်လောကနဲ. နည်းပညာတက္ကသိုလ်တွေကွာခြားချက်တွေတော်တော်ကြီးကိုမြင်မိတယ် ။
ကျနော်တို. လုပ်ငန်းခွင်အပြင်မှာ
" နည်းပညာတက္ကသိုလ်ကျောင်းဆင်းတွေကွာ ဘာမှမတတ်ပါဘူး ၊ ဘာမှ မလုပ်တတ်ပါဘူးကွာ ၊ BE ဘွဲ.သာရထားတာ ဘာမေးမေး မသိဘူး ၊ ကျနော့်လုပ်ငန်း
ခွင်ပတ်ဝန်းကျင်မှာ ကြားကြားနေရတဲ့စကား ။ ကိုယ်လည်း နည်းပညာတက္ကသိုလ်ကျောင်းက ဘွဲ.ရထားသူတယောက်မို. မခံချိ မခံသာ နားခါးတယ်ဗျာ ။
ဒါပေမယ့်လည်း တကယ်ပတ်ဝန်းကျင်မှာ တကယ်ဖြစ်ပျက်နေတဲ့ နားဝင်မချိုလှတဲ့ အမှန်တရား ။ ခက်တော့ခက်တယ်ဗျာ ၊ ဘယ်သူတွေမှားနေသလဲ ။
ဟိုးတလောလေးက စလုံးက အသိအကိုတယောက်ရှယ်တာဖတ်ရတယ်ဗျာ ၊ စလုံးမှာ မြန်မာက Mechanical Engineer တယောက်ကို အလုပ်ခန်.မို. အင်တာဗျူးတာ ၊
Piston Rings အကြောင်းမသိ ၊ Valve အကြောင်းမသိ ဖြစ်လို. ပြန်လွှတ်လိုက်တယ်လို. ကြားတယ်ဗျာ ။
ကျနော့ပတ်ဝန်းကျင်က ကျောင်းပြီးခါစ ၊ ကျောင်းတက်ဆဲ နည်းပညာကျောင်းသားတွေကို မေးရင်လည်း သူတို.လည်း သူတို.မေဂျာတွေအကြောင်း ဝေတေ၀ါးတား
တွေပဲ ။
သိလားဆို မသိဘူးလည်းမဟုတ်ဘူး ၊ ကျောင်းမှာသင်ခဲ့ပြီးသား ကြားဖူးပြီးသား ၊ ဒါပေမယ့် သေချာမေးရင်ဘာမှ သေချာ တိတိကျကျကိုမသိဘူးဗျ ။ အခုလည်း
အဲ့လိုပဲ Mechanical ကျောင်းသားတွေကို 4 Stroke Engine တလုံးရဲ. Firing Order တွေသိလားဆိုသိတယ် ၊ ကဲဒါဆို အဲ့ Firing Order တွေ ဘယ်လိုဖြစ်တာလဲ
ရှင်းပြပါဆို ၊ သေချာမသိတော့ဘူး ၊ အလွတ်ကျက်ထားတာ ၊ ပြောထားတာ မှတ်မိနေတာ ဒီလောက်ပဲသိတယ် ။
ကျနော်တို. နည်းပညာတက္ကသိုလ်ကျောင်းဆင်းတွေ ဘာကြောင့် ဘာမှမတတ်တဲ့သူ အများကြီးဖြစ်လာတာလဲ ။ ကျနော်တို. နည်းပညာ ကျောင်းဆင်းတွေဟာ ဘာကြောင့်
အပြင်က Mechanic တို. Techanican တို. အဆင့်လောက်မှ မတတ်ဖြစ်ကုန်ရတာလဲဗျာ ။ အခု ကျနော်တွေ.မိသမျှ ဆက်စပ်မိသမျှ နည်းပညာကျောင်းသားတွေ မေးကြည့်တယ် ။
အင်ဂျင်နီယာက ဘာလုပ်တာလဲ ။ အဲ့မေးခွန်းမေးကြည့် မဖြေနိုင်တဲ့သူများတယ် ။ အင်ဂျင်နီယာကျောင်းတက်တယ် ၊ ကျောင်းပြီးရင် အင်ဂျင်နီယာက ဘာလုပ်ရမှန်းမသိဘူး ။
ဖြစ်နေတာတွေ ။
ကျနော် စလုံးမှာ အလုပ်သွားလုပ်တုန်းကလည်း မေးခံရဖူးတယ် ၊ စက်ပြင်တတ်လားတဲ့ ။ ကျနော်က Petroleum နဲ. ကျောင်းပြီးတာ ဘယ်က စက်ပြင်တတ်မလဲဗျ ။
Engineer နဲ. Mechanic တို. Techanican တို. Operator တို. ဘာကွာလဲ ကျနော်ရှင်းပြမယ် ။
ဥပမာ Mechanical နဲ. ဆိုင်တာဆိုပါဆို.
Mechanic က ဘာလုပ်မလဲ ၊ သူက စက်ပျက်ရင်ပြင်မယ် ၊ ဘယ်လိုပြင်မလဲ ။
စက်ကဘာပျက်နေလဲ သူစစ်ဆေးမယ် ၊ ပြီးရင်ပျက်နေတဲ့ဟာ ဖြုတ်လဲမယ် ။ ဒါသူ.အလုပ်ပဲ ။ ဒီတော့သူက စက်မှာပါတဲ့ ပစ္စည်းတွေ ၊ စက်ရဲ. အလုပ်လုပ်ပုံ
သေချာ ဂဃနဏ သိရင် သူစစ်မယ် ပြင်မယ် ဖြုတ်မယ် လဲမယ်ဒီအတွက် ဂွဂွင်းဆိုက်တွေ ၊ ပစ္စည်းဆိုက်တွေ တိုင်းတာနည်းတွေသင်ရတယ်
သူ.အတွက် Strength of Material တို. mechanic of machinery တို. Fluid Mechanic
Material Scienceတို. Thermo Dynamic တွေ
တတ်စရာမလိုဘူးဗျ ၊ Mechanic အတွက် ဒီနည်းပညာတွေဘယ်သူမှမသင်ဘူး ။ ဒီတော့ Mechanic အတွက်လိုအပ်တဲ့ အခြေခံပညာသင်ဖို. ၅ နှစ် ၆ နှစ် ဘယ်နိုင်ငံမှာမှ အချိန်မယူဘူး ။
အခြေခံနည်းပညာကို ၆လ ၁နှစ် ၂ နှစ်သင် Diploma ပေး ၊ လုပ်ငန်းခွင်ဝင် လုပ်ငန်းခွင်ထဲမှာ ဆက်လေ့လာ ဒီလိုကနေ တက်သွားတာပဲ ။
အင်ဂျင်နီယာကရော သူက စက်ပြင်ဖို.အဓိကသင်တာမဟုတ်ဘူး
၊ သူက အင်ဂျင်တွေ အင်ဂျင်နဲ. ဆက်စပ်ပစ္စည်းတွေကို ဒီဇိုင်းလုပ်မယ် ၊ ဒီတော့ စက်တခုအလုပ်
လုပ်တာ တင်စက်မှာပါတဲ့ ပစ္စည်းတွေတင်မဟုတ်ဘူး ၊ အပေါ်ကပြောထားတဲ့
Strength of Material တို. mechanic of machinery တို. Fluid Mechanic Material Scienceတို. Thermo Dynamicတို.အစရှိတဲ့
နည်းပညာတွေကို အခြေခံကနေ အဆင့်မြင့်နည်းပညာအထိ ၅ နှစ်ကနေ ၆ နှစ် အနည်းဆုံး သင်ရတယ်ဗျ ။
တကယ့် ခေတ်မီတဲ့ နိုင်ငံကြီးတွေမှာ Mechanical နဲ.ကျောင်းပြီးတဲ့ အင်ဂျင်နီယာက စက်ပြင်မလား ၊ စက်တွေရဲ. engineering design လုပ်မလားဆို အင်ဂျင်နီယာတွေက ဒီဇိုင်းလုပ်ကြမှာဗျ ။
သူတို.ဆီက Mechanical တွေက စက်မပြင်တတ်လို. ဒီဇိုင်းလုပ်တာလားဆို ဘယ်ဟုတ်မလဲဗျ ၊ engineering design တောင်လုပ်နိုင်တဲ့ သူဟာ စက်ပြင်ဖို. အလွယ်လေးပေါ့ဗျာ ။ အရင်ခေတ်က RIT ကျောင်းက
ကျောင်းဆင်း BE တွေ သိပ်တတ်ကြတယ်ဆိုတာ အဲ့ဒါမျိုးပေါ့ ။
ဒီက နည်းပညာကျောင်းတွေက ကျောင်းသားအများစုကို စစ်တမ်းကောက်ကြည့် engineering design လုပ်နိုင်တဲ့သူတွေ ဘယ်လောက်ရာခိုင်နှုန်းရှိမလဲဆိုပြီး ကြိမ်းသေတယ် ၊ ၁% တောင်ရှိဖို.မလွယ်ဘူး ။
တကယ့် အင်ဂျင်နီယာ ဒီဇိုင်းတွေလုပ်နိုင်ပါပြီထားဦး ၊ အဲ့လူဒုက္ခရောက်မှာပဲ ။ သူ.တတ်တဲ့ နည်းပညာတွေကို စမ်းသပ်နိုင် တီထွင်နိုင် ထုတ်လုပ်နိုင်တဲ့ စက်ရုံတွေ ၊ နည်းပညာနေရာတွေ ၊ အထောက်အပံ့တွေ
ကြိမ်းသေတယ် သူတကယ်တတ်လည်းသူ.ပညာတွေ ကျနော်တို.နိုင်ငံမှာ အလကားပဲ ။ ဒါက Mechanical အတွက်ပဲပြောတာမဟုတ်ဘူး ၊ ကျန်တဲ့ အင်ဂျင်နီယာ ပညာအားလုံးကို ခြုံပြောတာ ။
ဒီတော့ ကျောင်းပြီးဘာလုပ်ရလဲ ၊ mechanical ဆိုEngineering Design လုပ်ရမယ်အစား စက်ပြင်မယ် ၊ Electronic ဆို Electronic Circuit Design တွေလုပ်ရမယ်အစား Telecom ၀င်လုပ်တာတို. ဆားကစ်ပြင်တာ
တို. အစရှိတဲ့ Techanican နေရာမှာ ၀င်လုပ်ရတယ် ။ အခြားမေဂျာတွေလဲ ထိုနည်းလည်းကောင်းပဲဗျ ။
နောက်တခုက နည်းပညာတက္ကသိုလ်တွေက သင်ကြားနည်းစနစ်တွေ ၊
ဟိုးအရင်ကျနော်တို.ခေတ်ကလည်းမကောင်းဘူး ၊ အခုလည်း လေ့လာမိသလောက် လုံးဝကို မကောင်းဘူး ၊ ကျောင်းသားတွေ ဘာမှ တတ်မလာဘူး ၊ အထူသဖြင့်လက်တွေ. ဘာမှ မတတ်ဘူး ၊ နောက် စာတွေ.လည်း
သင်သာသင်တာ ကျောင်းသားတွေ သေချာမတတ်ဘူးလို.မြင်မိတယ် ။
မှတ်မှတ်ရရ ပြောရရင် ဆရာတယောက်က Mechanical ME ပြီးတဲ့ကျောင်းသားကို ဓာတ်ဆီအင်ဂျင်နဲ. ဒီဇယ်အင်ဂျင်ဘာကွဲလဲမေးတာ မဖြေနိုင်ဘူး ။ အပြင်မှာလည်း ဓာတ်ဆီအင်ဂျင်နဲ. ဒီဇယ်အင်ဂျင်ချထားပြီး
ခွဲခိုင်းကြည့်ရင် ကျောင်းသားတော်တော်များများခွဲနိုင်မယ်မထင်ဘူး ။ အပြင်ကားပြင်နေတဲ့ ၀ပ်ရှော့က ကလေးက အစ ကြည့်တာနဲ.သိတယ် ၊ သိပ်အကင်းပါးတဲ့ကောင်တွေဆို အသံနားထောင်တာနဲ.တင် ခွဲတတ်နေပြီ ။
နောက် မှတ်မှတ်ရရ ဆရာအကို ကိုတင်ဌေးကျော်ရဲ. ဆင်မလိုက်သင်တန်းသွားတက်တုန်းက ထင်တယ် ၊ အကိုက Petronas က interview မေးခွန်းအချို.ဖြေခိုင်းတာ ၊ အဲ့ထဲမှာ ရေတိုင်ကီ Radiator ထဲမှာ အင်ဂျင်ဝိုင်
ရောတာ ဘာဖြစ်လို.လဲမေးတာ ၊ ကျောင်းသားတွေမဖြေနိုင်ဘူး ကျနော်လည်း အဲ့တုန်းက မဖြေနိုင်ဘူး ။ အဲ့ဒါနဲ. အကိုအဖြေပြောပြီးနောက် ၊ ကျနော်က အိမ်နားက ဆိုင်ကယ်ပြင်တဲ့ဆရာကိုမေးတာ ။
သူက ဒက်ခနဲတမ်းပြောတယ် အဲ့ဒါ Gasket ပေါက်တာတဲ့ ။ အဲ့အခု ကားနည်းပညာတွေလေ့လာတော့လည်း အဲ့မေးခွန်းက ၀ပ်ရှော့မှာ အငယ်ဆုံးကလေးက အစသိမှန်းသိလာရတယ် ။
နောက် မှတ်မှတ်ရရဆို အဲ့လို ရေနံ ကုမ္ပဏီတွေက အင်တာဗျူးမေးခွန်းတွေမှာ Electronic Logic gate တွေ မြင်ဖူးတယ် ။ အဲ့ဒါလည်း တော်တော်များများရေရေရာရာမဖြေနိုင်ကြဘူး ၊ အဲ့ဒါကလည်း
Electronic လေ့လာနေတဲ့ အပြင် Techanican တော်တော်များများ ၊ Digital Electronic သိတဲ့သူတိုင်း ၊ AND Gate NAND Gate OR Gate NOR Gate တွေကိုသေချာကြီးကိုသိတယ်ဗျာ ။
Electronic နဲ. ME ကျောင်းပြီးတဲ့ သူတယောက်က Transistar Switch ဆိုတဲ့ အခြေခံကို မသိဘူး ၊ IC တလုံးပြလို. ဘယ်ဟာက ဖင် ၊ ဘယ်ဟာက ခေါင်းလဲမသိဘူးဗျ ။ ဒီလိုမျိုးတွေက ရာခိုင်နှုန်းအများစုဖြစ်နေတာ ။
ကဲ ကျနော်တို. နိုင်ငံက နည်းပညာ တက္ကသိုလ်တွေ ဘာတွေလုပ်ကြမလဲ ။
နည်းပညာတက္ကသိုလ်ကျောင်းတက်ဖို. ဆယ်တန်းမှာ အမှတ်တွေရအောင်ကြိုးစားရတယ်ဗျာ ၊ ပြီးရင် ၅ နှစ် ၆ နှစ် အချိန်ကုန်အောင် ကျောင်းတက်ရတယ် ၊
ကျောင်းတက်ရင်း စာမေးပွဲကျလို. တ၀က်တပျက်နဲ. ကျောင်းထွက်ရသူတွေကရှိသေးတယ်ဗျာ ၊ အဲ့လိုကနေ ဘွဲ.ရလာလို. အလုပ်ဝင်မယ်လုပ်တော့ အင်ဂျင်နီယာ
ဆိုတဲ့ BE , ME ဆိုတဲ့ ဘွဲ.လက်မှတ်လေးကိုင်ပြီး လူ ၁၀ ယောက်ခေါ်တဲ့နေရာမှာ ၊ လူအယောက် ၃၀၀ ၊ ၄၀၀ လောက်ပြုံတိုးရသေးတာဗျာ ။
အင်ဂျင်နီယာဘွဲ့ရပြီး အပြင်အလုပ်လုပ်ရတဲ့သူတွေကတပုံတပင်။
တကယ်အလုပ်ရတော့ Engineer ဆိုတဲ့ နာမည်သာခံရပြီး တကယ်တမ်းလုပ်ရတာက ၊ Techanican အဆင့် ၊ Mechanic အဆင့် ၊ Operator အဆင့် တွေနဲ.
လုပ်ရတယ် ၊အများစုရတဲ့ လစာကလည်း အဲ့ဒီတန်းထက်တောင်နိမ့်တဲ့ လစာပဲရကြတယ် ။ တကယ်တတ်ရင်လည်း တတ်သလောက်လုပ်မရသလို အများစုကလည်း တကယ်မတတ်ဘူး ။
ကဲ ဒီတော့ ဘာဆက်လုပ်ကြမလဲ ။ ဒီလိုပဲ ဘ၀တွေ အချိန်တွေကို ယောင်ဝါးဝါးနဲ. ဆက်ကုန်ဆုံးခိုင်းသင့်သလား ။ ဘာတွေပြင်ဖို.လိုသလဲ ဆိုတာတော့ တာဝန်ရှိသူတွေ ဆက်စဉ်းစားပေပေါ့ဗျာ ။
အကုန်လုံးအတွက် ကျနော်လည်း မတတ်နိုင်ပါ ။
တဦးတယောက်ခြင်းဖြစ်တဲ့ ကျောင်းတက်နေတဲ့ ညီငယ်ညီမငယ်တွေကတော့ တကယ်တတ်ချင်ရင် တကယ်အပြင်မှာလိုက်လေ့လာပြီး ဒီစနစ်ကနေ ကိုယ်လွတ်ရုန်းထွက်ပေါ့ဗျာလို.ပဲ အကြံပေးနိုင်ပါတယ်ဗျာ ။
Lynn Za Nee

M Zaw Aung shared a post — with Myo Aung Myanmar and 30 others.
IT TU ဆရာနဲ့ကျောင်းသားတွေ ဘာလုပ်နေလဲ မရေးသင်ပါ။ ဆရာတွေက ကျောင်းသားတွေရဲ့ မိဘသဖွယ် မူရစ်သောက်စားပျက်စီး မသွားအောင် ထိမ်းနေရတယ် ဆိုတော့ ဝမ်းနည်းစရာပဲ။ DASSK ပြောသလို သက်မွေးပညာ Technician ကျောင်တွေ များများလိုနေတယ်။ အကြံပြု ချင်တာ တလ ကျပ်၃သောင်း အစား တလ ကျပ်၁သိန်းအထက် (ကျောင်းစရိတ်+ ကျောင်းလခ) ထောက်ပံဖို့...ပြီးတော့ .. နယ်က IT TU တက္ကသိုလ်တွေကို ပိုလီတက္ကသိုလ် ၃နှစ် သက်မွေး အဖြစ်ပညာပြောင်းဖို့.. GTI, THS တွေကို ၂နှစ် လက်မှတ်ရ သက်မွေးပညာကောလိပ် အဖြစ် ပြောင်းဖို့. အကြံပြုချင်တယ်။ . ၂၀၂၁ ဆိုရင် ပညာရေးမူဝါဒနဲ့ စီမံကိန်းအရ ၁၂တန်း စနစ် အကောင်ထည်ဖော်မယ်. သက်မွေးပညာလဲ မကြာခင် ပြောင်းလဲမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး စကားဝိုင်းတိုင်းမှာ သက်မွေးပညာ သင်ကြပါ ပြောနေတယ်။ သက်မွေးပညာ သက်မွေးပညာ ..
.
လက်ရှိ မြန်မာ စက်မှုလုပ်ငန်းများမှာ ဘီအီးတွေ .များနေပြီး. တက်ကနီရှင်တွေ နည်းနေတယ်။ လိုတာက မူလီကြပ်၊ ဖြုတ်တပ်လဲ၊ ၀ါယာကြိုးဆွဲ၊ ကြိုးတပ်ဆင်မဲ့ တက်ကနီရှင်တွေပဲလေ။