Sunday, February 3, 2019

အီစလန်ဝေ နိုင်ငံတော်... ကြိုးနီစနစ်အကြောင်း (သရဝဏ်.ပြည်)

အီစလံဝေ နိုင်ငံတော်

သရ၀ဏ်(ပြည်)

    အီစလံဝေဆိုသော စကားကို လူတိုင်းသိကြ၏ ။ ထိမိခိုက်မိသဖြင့် နာကျင်သွားခြင်းကို ဆိုလိုဟန်ရှိပေ၏ ။ခလုပ်တိုက်မိရာတွင်ဖြစ်စေ ၊ ခေါင်းနှင့် တန်း ထိခိုက်မိရာတွင်ဖြစ်စေ “ငါတော့ အီစလံဝေသွားတာပဲ “ဟုပြောလေ့ရှိသည် ။ သို့သော် အီစလံဝေဆိုသောစကားမှာ မြန်မာစကားမဟုတ် ။မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွင်တွေ့နိုင်မည်မဟုတ်။ ပါဋ္ဌိစကားလဲမဟုတ် ၊ ဟင်ဒီလည်းမဟုတ် ။သက္ကတလည်းမဟုတ်။ အင်္ဂလိပ်စကားပျက်ဖြစ်သည် ။  It is a long way ( It’s  long way ) ဆိုသော အင်္ဂလိပ်စကားမှလာသည် ။ ဝေးသေးသည် ။ သွားရမည့်ခရီးသည်မနီးလှ ဆိုသောမူရင်းအဓိပါယ်မှဆင်းသက်လာသည် ။ ကိုလိုနီခေတ်က လွတ်လပ်ရေး တိုက်ပွဲခရီးကြမ်းကိုရည်စူး၍ အင်္ဂလိပ်စာတတ် ပညာတတ်များက လွတ်လပ်ရေးရဖို့ဆိုတာ တော်တော်နဲ့တော့မရဘူး ၊ခရီးရှည်ကြီးသွားရဦးမယ် ၊ အစ်လောင်းဝေး (It’s long way) ဟုပြောကြရာမှ အစ်လောင်းဝေးမှသည် အီစလံဝေ ဖြစ်လာဟန်ရှိသည် ။ အီစလံဝေကျတော့နာသည့်အဓိပါယ် ၊ခံရသည့်အဓိပါယ် ဖြစ်လာသည် ။ ဘာပဲဖြစ်ဖြစ် အီစလံဝေပဲဖြစ်ဖြစ် ၊ အစ်စလောင်းဝေး ပဲဖြစ်ဖြစ် သိပ်ကောင်းသည့်အနက်အဓိပါယ်တော့မဟုတ်တာသေချာသည် ။ ကြာမည် (သို့မဟုတ်) နာမည် ဟု အကြမ်းဖျင်းယူဆနိုင်သည် ။

     ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်​ကော်​မတီဖွဲ့ရန်​အဆိုကို ပြည်ထောင်စုလွှတ်တော်တွင် NLD ပါတီက အရေးကြီးအဆိုအဖြစ် ၂၉.၁.၂၀၁၉ နေ့တွင်တင်သွင်းလိုက်ခြင်းအကြောင်းကို လူပြောများနေကြသည် ။ ထိုနေ့လွှတ်တော် Channel ကိုစောင့်ကြည့်မည်ဆိုသူကလည်းမရှား ။ စာရေးသူကတော့အကြောင်းသိမို့သိပ်ရင်မခုန်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်သည်ဆိုခြင်းမှာ ဒီနေ့အဆိုတင် ဒီနေ့အဖြေထွက်သည့် ကိစ္စမဟုတ် ။ It’s a long way ကိစ္စဖြစ်သည် ။ ပထမအဆင့် လွတ်တော်တွင်အဆိုတင်ရမည် ။ ဒုတိယအဆင့် ထိုအဆိုကို လက်ခံဆွေးနွေးရန် သင့်မသင့် ဆုံးဖြတ်ရမည် ။ လွှတ်တော်ကိုယ်စားလှယ်များ၏ ၂၀ ရာခိုင်နှုန်းက လက်ခံဆွေးနွေးရန်သဘောတူခဲ့လျှင် ထိုအဆိုကိုလွှတ်တော်တွင်လက်ခံဆွေးနွေးရမည် (ဤအဆင့်အထိ လွယ်ကူသည် ။ လွှတ်တော်ထဲတွင် NLD ပါတီဝင်အမတ်များ ၂၀ ရာခိုင်နှုန်းမကရှိနေသည့်အတွက် ဖြစ်သည် )။ နောက်အဆင့်များကတော့မလွယ်ကူတော့ချေ ။ ပြင်လိုသော ပုဒ်မတစ်ခုချင်းကို လွှတ်တော်ထဲတွင် မဲခွဲဆုံးဖြတ်ရမည် ။ မဲမခွဲခင် ထိုပုဒ်မများကို ပြင်လိုသူကဘာကြောင့်ပြင်ထိုက်ကြောင်း၊မပြင်လိုသူများက ဘာကြောင့်မပြင်လိုကြောင်း ဆွေးနွေးငြင်းခုံကြမည် ။ ထိုငြင်းခုန်မှုက လနှင့်ချီ၍ ကြာနိုင်သည် ။ နောက်ဆုံး၌ သုံးလေး လလောက်ကြာမှ လွှတ်တော်အတွင်းပုဒ်မတခုချင်းကို မဲခွဲဆုံးဖြတ်သည့် အဆင့်သို့ရောက်မည် ။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ အထိ ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ အထိ ၊အခန်း(၃) ပုဒ်မ ၅၉၊၆၀ ၊ အခန်း(၄) ပုဒ်မ ၇၄ ၊၁၀၉၊ ၁၄၁၊ ၁၆၁၊  အခန်း(၅) ပုဒ်မ ၂၀၀ ၊၂၀၁၊၂၄၈၊၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃ ၊၂၉၄၊၃၀၅၊၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ ၊အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ ကို တို့ထိ၍မရ ။ထိုပုဒ်မများကိုပြင်လိုလျှင် ဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်သဘောတူလက်ခံရမည် ။ ထိုအထက်ဖော်ပြပါ ပုဒ်မ ၉၄ ခုကို ပြင်ဆင်ရေးတွင် အဓိကဇာတ်ကောင်မှာ ၇၅ ရာခိုင်နှုန်းကျော်လွှတ်တော်တွင်း သဘောတူရမည်ဆိုသည့်စာသားဖြစ်သည် ။ ဆိုလိုရင်းမှာ တပ်မတော်သားကိုယ်စားလှယ်များ သဘောတူရမည် ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ သဘောမတူခဲ့လျှင် ထိုပုဒ်မ ၉၄ ခုမှ တခုခုပြင်ဆင်ရေးကြိုးပမ်းချက်သည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အထိပင်မရောက်တော့ပဲ လွှတ်တော်ထဲမှာပင် ကျဆုံးသွားရပေလိမ့်မည် ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကိုလည်း လက်ရှိကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခန့်အပ်ထားသည်ဖြစ်ရာ အမိန့်ပေးအမိန့်ခံစနစ်အရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမိန့်မရပဲ မည်သည့်တပ်မတော်သား ကိုယ်စားလှယ်ကမှ ထောက်ခံမဲပေးခြင်း ၊ကန့်ကွက်မဲပေးခြင်းတို့ကို မိမိဆန္ဒနှင့် လုပ်နိုင်မည်မဟုတ်ပေ ။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်များအနက် အခြားအရေးမပါသော ပုဒ်မ များကိုပြင်ဆင်ရေးသည် NLD နှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင်မဲလာပေးမည့် မြန်မာနိုင်ငံသားများ လက်ထဲတွင်ရှိသော်လည်း ၊  စစ်အစိုးရစိတ်ကြိုက်အသာစီးယူရေးဆွဲခဲ့သည့် အရေးပါသောပုဒဒ်မ ၉၄ ခုပြင်ဆင်ရေးလုပ်ငန်းစဉ်ကြီးတရပ်လုံးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လက်ထဲတွင်သာအကြွင်းမဲ့အာဏာ ရှိနေပေသည် ။ ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း ပြည်ထောင်စုလွှတ်တော်နာယက ဗိုလ်ချုပ်ကြီးဟောင်းသူရရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုလွှတ်တော်အတွင်း တင်သွင်းလာသေးသည် ။ သို့သော် အဓိကကျသောပုဒ်မများပြင်ဆင်ရေးတွင် တပ်၏ထောက်ခံမှုမရသောကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက်အားလုံးမှာ (လပေါင်းများစွာ ဆွေးနွေးပြီးနောက် လွှတ်တော်တွင်းမဲခွဲသောနေ့တွင် ရှေ့မဆက်နိုင်ပဲ နိဌိတံခဲ့ရပေသည် )။ ထို့ကြောင့် ၂၉.၁.၂၀၁၉ နေ့တွင် စတင်ခဲ့သော NLD ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဆိုသည် လပေါင်းများစွာကြာအောင်ဆွေးနွေးပြီး နောက်ဆုံးမဲခွဲသောနေ့တွင် ဦးရွှေမန်းလက်ထက်ကလိုပဲ အလားတူ (တပ်မတော်၏ဗီတိုအာဏာ )ဖြင့် နိဂုံးချုပ်နိုင်မလား ။ အဓိကပုဒ်မ အချို့ပြင်ဆင်ရေးအတွက် လိုအပ်သော ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမဲရကာ ပြည်လုံးကျွန်ဆန္ဒခံယူပွဲအထိ ရောက်အောင်သွားနိုင်မလားဆိုတာ အလွန်ဝေးကွာလှသေးသော အဆင့်များကျန်နေပါသေးသည် ။ အီစလံဝေ ဟုခေါ်သော ရှည်လျားသောခရီးကို သွားရဦးမည် ။ ယနေ့အဆိုတင် မနက်ဖြန်ပြင်ဆင်ချက်တွေထွက်လာပြီဟုထင်ယောင်ဝိုးဝါး ဖြစ်နေသူတွေများသောကြောင့် ရှင်းပြရခြင်းဖြစ်သည် ။ ပုဒ်မကြီး ၉၄ ခုကို ဗီတိုအာဏာဖြင့်အသေကိုင်ထားနိုင်သဖြင့် အောင် ၁၀၈ ကွက်ဗုဒ္စစက် ၊ ၉၄ ချက် အစိတ်သားစက် ဟုပင် ခေါ်ဝေါ်၍ ရနိုင်ကောင်း၏ ။

    တဖက်တွင် ၂၀၂၀ တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် ပြည်တွင်းစစ်များရပ်စဲပြီး နိုင်ငံတ၀ှမ်းငြိမ်းချမ်းရေးရယူနိုင်ရန်ရည်မှန်းထားသည်ဟု  တပ်မတော်ကလည်းသူ၏ မူဝါဒရည်မှန်းချက်ကို ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည် ။ ပြည်တွင်းငြိမ်းချမ်းရေးရလိုလျှင် ၊ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြင့်သွားမှရမည် ။ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်လိုလျှင် ၂၀၀၈ အခြေခံဥပဒေပါအချက်များအား ပြင်ကိုပြင်မှဖြစ်မည်ဆိုခြင်းသည်လည်းအရှိတရားပင်ဖြစ်သည် ။ မိမိပြည်နယ် ၊ မိမိတိုင်းဒေသကြီး၏အုပ်ချုပ်ရေးအကြီးအကဲကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော်က ရွေးကောက်ခွင့်ရှိရမည် ။ ၀န်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်များ၊တိုင်းဒေသကြီးလွှတ်တော်များကရွေးရမည် ။ လက်ရှိတွင်သမ္မတက ရွေးချယ်ခန့်ထားသောစနစ်ဖြစ်သည် ။ဖက်ဒရယ်ကိုသွားမည်ဆိုလျှင်ဒါတွေပြင်ရမည် ။ လွှတ်တော်ထဲမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားတာကိုလည်း (ဒီမိုကရေစီ စစ်စစ်သို့သွားမည်ဆိုလျှင် ) ပြင်ရမည်သာဖြစ်သည် ။ အုပ်ချုပ်ရေးတွင် ၀န်ကြီးဌာနသုံးခု၏၀န်ကြီးများကို တပ်မတော်ကာကွယ်ရေးဦးချုပ်က ခန့်အပ်နေမှုများသည်လည်း ပြင်ရမည်သာဖြစ်သည် ။ တိုင်းရင်းသားဒေသများတွင် ကိုယ့်ပြည်နယ်ကထွက်သည့်သယံဇာတ၀င်ငွေအပေါ် ပြည်နယ်အစိုးရ ၊တိုင်းဒေသကြီးအစိုးရထံသို့  အချိုးကျရောက်ရှိဖို့ကိစ္စတွင်လည်း အခြေခံဥပဒေကိုပြင်ဆင်ရမည်သာဖြစ်သည် ။ ငြိမ်းချမ်းရေးရပြီးလျှင် တခုတည်းသောတပ်မတော်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်များကိုပါ ထည့်သွင်းတည်ဆောက်ဖို့လည်း ဖွဲ့စည်းပုံဥပဒေ ကိုပြန်လည်မွန်းမံရမည်သာဖြစ်သည် ။ ကမ္ဘာ့ဒီမိုကရေစီ ကျင့်စဉ် တရပ်ဖြစ်သော ရွေးကောက်ခံအရပ်သားအစိုးရလက်အောက်တွင် တပ်မတော်ကတာဝန်ထမ်းဆောင်ရေးဆိုသည့် ပရော်ဖက်ရှင်နယ်လ်တပ်မတော်တရပ်ပေါ်ထွန်းရေးတွင်လည်း လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်အချို့ကိုပြင်ဆင်ရမည်သာဖြစ်သည် ။ ဒီမိုကရေစီမဆန်သော ၊ ဖက်ဒရယ် စနစ်နှင့်ဖီလာကန့်လန့်ဖြစ်နေသော ဥပဒေပြဌာန်းချက်များကို ၂၀၂၀ နောက်ပိုင်း ငြိမ်းချမ်းရေးရပြီး နိုင်ငံတော်သစ်တည်ဆောက်ရာတွင် လိုက်လျောညီထွေဖြစ်ဖို့ပြင်ဆင်သင့်တာမှန်သမျှ ပြင်ကြရမည်ဖြစ်သည် ။ တခုပဲရှိသည် ။ ထိုသို့ တိုင်းပြည်အတွက် လိုအပ်သော ဖွဲ့စည်းပုံပြင်ဆင်ချက် (အဆိုပြုချက်များ)ကို တပ်မတော်ခေါင်းဆောင်ပိုင်းက ဘယ်ရွေ့ ဘယ်မျှအထိ သဘောပေါက်နားလည်ပြီး လွှတ်တော်ထဲတွင် ဘယ်လိုတုန့်ပြန်မလဲဆိုတာ ဤဇာတ်လမ်း၏အရေးအကြီးဆုံးဖြစ်သည် ။

   လူ့သဘောအရ မည်သူမဆိုမိမိအသာစီးရထားသော ၊ မိမိအဖွဲ့ ကို အကာအကွယ်ပေးထားသော အထူးအခွင့်အရေးများကို လက်လွှတ်ဆုံး၇ှုံးလိုမည်မဟုတ်ပေ ။ အမေရိကန်ပြည်ထောင်စုတွင် သမ္မတ လင်ကွန်းလက်ထက်က လူမည်းငွေဝယ်ကျွန်များကို ကျွန်အဖြစ်မှ ပယ်ဖျက်ပြီးလွတ်မြောက်ခွင့်ပေးဖို့ လွှတ်တော်တွင်အဆိုတင်သွင်းတော့ တတိုင်းပြည်လုံးဂယက်ရိုက်ခတ်သွားသည် ။ ကျွန်တွေ၏လုပ်အားကို ခေါင်းပုံဖြတ်၍ အကျိုးအမြတ်ရနေသူ တောင်ပိုင်းသားတွေက သမ္မတလင်ကွန်း၏ အဆိုပြုချက်ကို ခါးခါးသီးသီးဆန့်ကျင်ကြသည် ။ ပြည်တွင်းစစ်ဖြစ်သည်အထိ အမေရိကန်တွင် (ကိုယ်ကျိုးစီးပွားကာကွယ်လိုသူနှင့် နိုင်ငံကောင်းစားရေးရှေ့ရှုလိုသူ တို့ ) အုပ်စုနှစ်စု ပဋိပက္ခပြင်းထန်ခဲ့သည် ။ နှစ်ပေါင်းများစွာကြာပြီးသောအခါ ယခုခေတ်တွင်တော့ လူမည်းတွေကိုလွတ်လပ်ရေးပေးခဲ့သော သမ္မတလင်ကွန်းနှင့် လွှတ်တော်အမတ်များ မှန်သလား ၊ လူမည်းတွေကို ဂုတ်သွေးစုတ်ကာကျွန်စနစ်ကိုဆက်လက်ရှင်သန်စေလိုသူ ကွန်ဖက်ဒရေးရှင်းစနစ်ထောက်ခံသူ များမှန်သလားဆိုတာတော့ သမိုင်းကသက်သေခံခဲ့ပြီဖြစ်သည် ။ ကျွန်စနစ်ဖျက်သိမ်းမှုရလာဒ်အဖြစ်အမေရိကန်ပြည်ထောင်စုတွင် ကောလင်းပါဝဲလ်လို လူမည်း ကာကွယ်ရေးဝန်ကြီးတွေ ၊ကွန်ဒိုလီဇာရိုက်လို လူမည်းအမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးတွေ ၊ဘားရက်အိုဘားမားလို လူမည်းသွေးနှော သမ္မတတွေ ၊ မီရှဲအိုဘားမားလို လူမည်းသမ္မတ ကတော်တွေပေါ်ထွန်းလာပြီးနိုင်ငံကို အကျိုးပြုခဲ့မှုတွေကသက်သေခံနေပါသည် ။

    မြန်မာပြည်ကတော့ ဘာပဲဖြစ်ဖြစ်ကြာတတ်သည့်နိုင်ငံဖြစ်သည် ။ နောက်ကျတတ်သည့်နိုင်ငံဖြစ်သည် ။ ကမ္ဘာပေါ်တွင် စီးပွားရေးလုပ်ရကိုင်ရအလွယ်ကူဆုံးအဆင့်သတ်မှတ်ရာ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ တွင်အဆင့် ၁၇၁ ဆွဲလေသည် ။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရ လွယ်ကူခြင်းမလွယ်ကူခြင်းကို ကဏ္ဍ (၁၀)မျိုးနှင့်တိုင်းတာရာတွင် ကဏ္ဍပေါင်းစုံတွင်မြန်မာက အဆင့်နိမ့်နေသည်ဆို၏ ။ ထိုကဏ္ဍဆယ်မျိုးတွင် စီးပွားရေးလုပ်ငန်းတခုစတင်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခွင့်ယူခြင်း ၊ လျှပ်စစ်သွယ်တန်းရယူခြင်း၊ မြေနှင့်အိမ်ယာအဆောက်အအုံမှတ်ပုံတင်ခြင်း၊ချေးငွေရယူခြင်း၊ရင်းနှီးမြှုပ်နှံသူများကိုအကာအကွယ်ပေးခြင်း၊အခွန်ဆောင်ရလွယ်ကူသောစနစ်ရှိခြင်း၊ ပြည်ပသို့ ကုန်ပို့ခြင်း၊စာချုပ်ပါအတိုင်း အာဏာတည်စေခြင်း၊ လူမွဲစာရင်းကြေညာမှု (ဒေ၀ါလီခံမှု)ကိုဖြေရှင်းခြင်းတို့ဖြစ်ကြသည် ။ ထိုအဆင့်တွေတိုးတက်မှုရှိအောင် သက်ဆိုင်ရာကကြိုးစား၏ ။ သို့သော် ခရုလိုတရွေ့ ရွေ့ သာ သွားလျက်ရှိသည် ။ နိုင်ငံလူမွဲခံယူမှုဥပဒေ ( Myanmar Insolvency Law) ပြဌာန်းရန်မှာ ပြည်ထောင်စုလွှတ်တော်တွင် ကြန့်ကြာနေသဖြင့် နိုင်ငံ့အတွက်အရေးပါသော ဥပဒေကို အလျင်အမြန် ဆွေးနွေးပေးစေလိုကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ပြောသည် ။ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရန်အခြားဥပဒေများတန်းစီနေသဖြင့် ထိုဥပဒေ ကို အလှည့်ကျစောင့်နေလျှင် ငါးလခန့်ကြာချင်ကြာမည် ၊ တနှစ်ခန့်ကြာချင်လဲကြာသွားနိုင်ဟု ဒုသမ္မတကပြောကြားသည် ။ အခုတော့နိုင်ငံအတွက် Doing Business ကမ္ဘာ့အဆင့်အများးကြီးတက်လာနိုင်တဲ့အတွက် ဒီဥပဒေကို နိုင်ငံအတွက်အရေးကြီးလို့  ဦးစားပေးလေးစီစဉ်ပေးပါလို့တော့ ပြောထားတာပဲ ဟု ဒုသမ္မတကဆို၏ ။ မြန်မာနိုင်ငံကား အလုပ်လုပ်ပုံအရာရာနှေးကွေးလှ၏ ။ သမ္မတအမိန့်နှင့်မူးယစ်ဆေးဝါးသွားရှာတာတောင်မှ အမိန့်ပေးသည့်အချိန်နှင့်သွားရောက်ရှာဖွေသည့်အချိန်သည် ငါးလခြောက်လလောက်ကွာခြားပေ၏ ။ လူသတ်မှုတခုဖြစ်သော ဦးကိုနီအသတ်ခံရမှုသည်လည်း သေသည်မှ (၂) နှစ်တိတိကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် အမှုမှာ စီရင်ချက်မချနိုင်သေး ။ ဖြိုးကိုကိုတင့်ဆန်း နေပြည်တော်လေဆိပ်ဝယ်လက်နက်များမိသည့်အမှုတွင်လည်း အမှုပေါင်း ၂၃ မှုဖြင့် စွဲဆိုထားရာ တရားလိုပြသက်သေမှာ လူ လေးရာကျော် (၄၀၄ဦး) ရှိသည် ဟူ၏ ။ အံ့သြဘနန်းဖြစ်ရပ်ဆန်းပင် ။ ယခုအခါ လူ ၂၀၀ ကိုစစ်ဆေးထားသည်ဆို၏ ။ နောက်ထပ်စစ်ဆေးရမည့်လူပေါင်း ၂၀၃ ယောက်တိတိပင်ကျန်သေးသဖြင့် ထိုအမှုလည်း၂၀၂၀ ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့်တိုင် ပြီးပြတ်ဦးမည်မထင်ပေ။ ကျွန်တော်တို့နိုင်ငံသည် နှေး၏ ၊လေး၏ ၊ ဘာလုပ်လုပ်ကြန့်ကြာ၏ ။ အဘတွေနှင့် ၊၀န်ကြီးတွေနှင့် ၊ဘာတွေနှင့် ညာတွေနှင့် အသိမရှိလျှင် ဌာနဆိုင်ရာအားလုံးမှာ လိပ်လို နှေးအောင်အလုပ်လုပ်ကြ၏ ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တခုကတော့ ခပ်သွက်သွက်ကလေး အရှိန်အဟုန်မြှင့်ကာဆောင်ရွက်လာတာတွေ့ ရ၏ ။ ဥပဒေအရာရှိဦးဟန်ထူးတို့ ၊ ရဲအုပ်ချစ်ကိုကို တို့အမှုကိုတရားရုံးသို့ပို့အပြီးတွင်  သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မင်း(လက်ရှိ  လက်ထောက်ညွှန်ကြားရေးမှူး ၊လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းသာလှ၊ သဲကုန်းမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးဦးခင်ဇော် တို့ကို အဂတိလိုက်စားမှုဖြင့် သဲကုန်းမြို့မရဲစခန်းတွင် ၂၀၁၉ ဇန်န၀ါရီ ၂၄ က အမှုဖွင့်အရေးလိုက်သည် ။ မကြာပါချေ ဇန်န၀ါရီ ၂၈ ရက်နေ့တွင် ဂွမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှမြို့နယ်ဦးစီးမှူးအပါအ၀င် ရှစ်ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်းကြားရပြန်သည် ။ ငါးသေးသေးလေးများ၊ အတန်အသင့်ကြီးသော ငါးအလတ်စားများကိုတော့ ဒယ်အိုးထဲတွင်စတင်ကြော်နေပေပြီ ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏လက်တံသည် ဤမျှမကကျယ်ပြန့်လာပြီး အရေးယူမှုများဆက်တိုက်ပြုလုပ်နိုင်ခဲ့လျှင် တိုင်းပြည်တွင် သောင်းကျန်းနေသော ခြများ နည်းပါးသွားပေလိမ့်မည် ။တရုတ်ပြည်ကဲ့သို့ ရာထူးကြီးသူများကိုရော အဂတိလိုက်စားသူမှန်လျှင်ဖော်ထုတ်အပြစ်ပေးအရေးယူပါမှတိုင်းပြည်ကောင်းလာပေလိမ့်မည် ။

     ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာပတ်ပြီး မြန်မာနိုင်ငံတွင်ရင်းနှီးမြုပ်နှံမှုတွေလာကြဖို့  စည်းရုံးလှုံ့ဆော်နေသည် ။ သို့သော်ကမ္ဘာ့စီးပွားရေးသမားတွေသည်အချဉ်တွေမဟုတ် ။ သူတို့လာရောက်ရင်းနှီးမြုပ်နှံရမည့် နိုင်ငံ၏ အလုပ်လုပ်ပုံကိုင်ပုံကိုကြည့်ရှုလေ့လာစမြဲဖြစ်သည် ။ မြန်မာတို့သည် ကြိုးနီစနစ်ဖြင့်အသားကျနေပြီး ဘယ်အရာမဆို ကြန့်ကြာအောင်လုပ်လေ့ရှိ၏ ။ အစိုးရရုံးဌာနများတွင် ကိုယ်လုပ်ရမည့်ကိစ္စကို အားတက်သရောမြန်မြန်ဆန်ဆန်ဆောင်ရွက်လိုစိတ်မရှိပေ ။ ကျွန်တော့်မိတ်ဆွေတယောက်သည် ရန်ကုန်တွင် လက်ဖက်ရည်နှင့်စားဖွယ်စုံ စားသောက်ဆိုင်ဖွင့်ရန် စည်ပင်ကိုဆောက်လုပ်ခွင့်လျှောက်ထားခဲ့ရာ ခွင့်ပြုမိန့်မှာတနေ့လာလည်း မရသေး၊ တလကြာလည်းမရသေး ၊ သုံးလလောက်ကြာမှ ခွင့်ပြုမိန့်ကျလာ၏ ။ လက်ဖက်ရည်ဆိုင်လေးဆောက်ဖို့ခွင့်ပြုမိန့်လေးတခုရဖို့  ရက် ၉၀ လောက် ဘာကြောင့်အချိန်ယူ နေရသလဲ စဉ်းစား၍မရပေ ။ ထိုသို့ ဘာမဟုတ်တာလေးကိုပင် အချိန်ယူ ညစ်ကွက်ဆင်ကြသောနိုင်ငံသို့ဘယ်နိုင်ငံခြားသားကမှ စက်ရုံအလုပ်ရုံတွေ ၊စီးပွားရေးလုပ်ငန်းတွေလာလုပ်ချင်မည်မဟုတ်ပေ ။ နိုင်ငံပေါင်း ၁၉၀ တွင် မြန်မာသည် အဆင့် ၁၇၁ ရတာလည်းမဆန်းပေ ။ ၁၈၈ လောက်ပင်ရသင့်သေး၏ ။ စည်ပင်ကတမျိုး ၊ ထွေအုပ်ကတမျိုး ၊ အခွန်ကတမျိုး ၊ လျှုပ်စစ်ဌာနကတမျိုး ၊ ရဲကတမျိုး၊ မြေစာရင်းဌာနကတမျိုး ဌာနပေါင်းစုံရှိသမျှက ၀ိုင်းဝန်း ညစ်ကွက်သုံးနေကြသဖြင့် ကိုယ့်မြန်မာအချင်းချင်းပင် စီးပွားရေးလုပ်ငန်းတခုလုပ်ဖို့ ဆလံသကြရသောနိုင်ငံဖြစ်သည် ။ ဘာလုပ်လုပ် တော်တော်နှင့်မပြီး ဌာနဆိုင်ရာများသို့ချောင်းပေါက်အောင် သွားရသောနိုင်ငံဖြစ်သည် ။ ယခုလည်း လာပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အဆိုတင်သွင်းလိုက်ပြီတဲ့ ။ ဘယ်လောက်ကြာပြီးဘယ်လိုနိဂုံးချုပ်ဦးမည်မသိ ။တိုင်းပြည်အတွက်ကြည့်ကြမှာလား၊ဘာလာလာကန့်ကွက်မှာလား။  အင်္ဂလိပ်ခေတ်က လွတ်လပ်ရေးရဖို့ကြိုးစားသူတွေပြောလေ့ရှိသော စကားတခွန်းကိုပင်သတိရမိသည် ။

“အီစလံဝေ “ တဲ့ ။

တိုင်းပြည်ကမည်မျှ အီစလံဝေပြီးမှ ကောင်းလာမှာလဲ ၊ ကျွန်တော်တို့လဲမခန့်မှန်းတတ်ကြပါပြီတကား။



သရ၀ဏ်(ပြည်)

စောင့်​ကြည့်​ဂျာနယ်
၁.၂.၂၀၁၉

Monday, January 28, 2019

RSE, PE လက်မှတ်ရအင်ဂျင်နီယာနဲ့ မြန်မာအင်ဂျင်နီယာကောင်စီ


RSE, PE လက်မှတ်ရအင်ဂျင်နီယာနဲ့ မြန်မာအင်ဂျင်နီယာကောင်စီ ကျနော် စင်ကာပူမှာ အလုပ်လုပ်တုန်းက သက်ဆိုင်ရာကဏ္ဍတွေမှာ PE လက်မှတ်ရထားသူက Drawing Approve လုပ်ဖို့ လက်မှတ်ထိုး၊ တုံးထု ပြီး တရွက်ကို ဒေါ်လာဘယ်လောက ဆိုပြီး စာရွက်တိုင်းကို တုံးထုခ ယူပါတယ်။ သူမနှစ်သက်ရင် ပြန်ပြင်ဖို့ PDF file ကိုပဲ ကွန်ပြူတာနဲ့ မှတ်ချက်တွေရေး၊ ဟိုဆွဲသည်ဆွဲ လုပ်ပြီး အီးမေးနဲ့ ပြန်ပို့ပါတယ်။ ကျနော်တို့က ပြန်ပြင်ရပါတယ်။ .. PE က သူအတည်ပြု လက်မှတ်ထိုးလိုက်တဲ့ ဆောက်လုပ်ရေး လမ်းတံတား၊ အဆောက်အဦ၊ စက်မှု ဘွိုင်လာ၊ ဓါတ်လှေခါး၊ လျှပ်စစ် ထရန်စဖွန်မာ၊ ဂျင်နရေတာ၊ Fire System, SCADA system , Lighting System စတဲ့ Drawing ပုံဒီဇိုင်းများကို ဖတ်မှတ်ပြီး အတည်ပြုလက်မှတ် ထိုးရပါတယ်။
.
PE အတည်ပြုတဲ့အတိုင်း လုပ်ငန်းပိုင်ရှင်က တပ်ဆင်၊ ဆောက်လုပ်ရပါတယ်။ တခုခု မှားရင် P.E ဆီကို အဆုံးအဖြတ် Drawing ပြင်သင့်ရင် ပြင်၊ လက်မှတ် အသစ်ပြန်ထိုးရပြန်ပါတယ်။ လက်မှတ်ထိုးတိုင်း ငွေပေးရပါတယ်။
.
မြန်မာပြည်မှာတော့ P.E ဆိုတာ ဘာမှ ရေရာစွာ မလုပ်နိုင်သေးပါဘူး။ နိုင်ငံခြားက တတ်ကြွမ်းတဲ့ မြန်မာအင်ဂျင်နီယာများကို လည်း ထိုင်ခုံ ပြသနာကြောင့် အ၀င်မခံချင်ပါဘူး။
.
.
ဒါပေမဲ့
.
အလွန်ကြီးမားတဲ့ Offshore Projects, Shwe Gas Pipeline, Copper Mine, Power Plants, စတဲ့ အဆောက်အဦးကြီးများကိုတော့ နိုင်ငံခြားကုမဏီ ကြီးများကပဲ တာဝန်ခံ ဆောက်လုပ်တယ်။ P.E က Drawing စစ်ဆေးရင် ရူးသွားနိုင်တယ်။ အလားတူTelenor, Mytel, Ooredoo, Mpt စတဲ့ ဆက်သွယ်ရေး ကုမဏီကြီးများရဲ့ လုပ်ငန်း Drawing ပုံဒီဇိုင်းကို မြန်မာ P.E စစ်ဆေးလို့ မဖြစ်နိုင်ပါဘူး။ P.E Communication မရှိသေးပါဘူး။ P.E Electronic ကလဲ ဘာမှ မလုပ်နိုင်ပါဘူး
.
.
ဒီတော့

မြန်မာ P.E တွေ လက်ရှိ ဘာလုပ်နေသလဲ ဆိုတော့ AGTI အဆင့်မဟုတ်သူတောင် ဆောက်နိုင်တဲ့ ကျောင်း၊ ဆေးခန်း၊ လမ်း၊ တံတားလေးတွေကို လက်မှတ်လိုက်ထိုး နေရတတယ်။ စိတ်မကောင်းမဖြစ်ပါနဲ့။ စခါစ ဆိုတော့ ဒီလိုနဲ့ပဲ စရမှာ ဖြစ်ပါတယ်။
.
.
နောက်ဆုံး

ကျနော်တို့ P.E ရွေးချယ်ရေး အဖွဲ့က ကိုးရိုးကားယား၊ အင်ဂျင်နီယာကောင်စီ ဥပဒေနဲ့ ဘောင်ဝင်အောင် RSE, PE တွေကို ရွေးချယ်ရပါတော့တယ်။ ဒီတော့လည်း ပုဂိုလ်ခင်ရာပဲ ရွေးကြတယ်။ ပါမောက္ခတိုင်း ၊ ညွန်ချုပ်တိုင်း P.E အတင်းပေးလို့ တချို့ မလုပ်ချင်လို့ ရှောင်ပြေးနေကြတယ်။ ဘယ်လုပ်ချင်စရာ ကောင်းမလဲ။ တနေ့ ကျပ် တသောင်းပဲ ရပြီးတော့ လူတွေကို အရည်အချင်းစစ်နေရတာ၊ အရည်အချင်း ရှိသူတွေကလဲ ..စာမေးပွဲလာမဖြေဘူး။ P.E လက်မှတ်ထိုးပြီး အသက်မွေးမယ် ဆိုသူများပဲ RSE, PE လက်မှတ်တွေ ရအောင် ယူကြတယ်။ ရပြီးလည်း တကယ်လက်မှတ်ထိုးချိန် မှာ ၉၀% RSE, PE တွေက လက်မှတ်ထိုးခွင့် မရှိပါဘူး။
.
.ကိုတင့်လွင် ပို့အောက်မှာ ရေးထားတယ်
https://www.facebook.com/groups/173723859950012/permalink/300560250599705/
.

ကျနော့် ဝေါ မှာလဲ သက်မွေးပညာနဲ့မိုက်ကယ်ဖာရာဒေး အကြောင်း ရေးထားပါတယ်။ 
https://www.facebook.com/myanmarjobstudent/posts/10156307447078472
.
မြန်မာပြည် MEngC PE flow chart မှာတော့ AGTI လည်း PE ဖြေခွင့်ရှိပေမဲ့ တယောက်မှ မပေးသေးဘူး ဆိုပဲ..
. . .
သုံးသပ်ရရင်တော့
.
တလောက် အင်ဂျင်နီယာကောင်းစီ ၆၀ဦး ရွေးကောက်တော့ ဥပဒေအဟောင်းက သိပ်မစွံတော့ အသစ်ပြဌာန်းလိုက်တယ်။ ထုံးစံအတိုင်း ဆူညံနေကြတယ်။
.
နောက်တဖန် AGTI ဒီပလိုမာ သမားတွေက သူတို့ကို ခွဲခြားတယ် ပြောပြီး ဆူပူကြပြန်တယ်။
.
၂၀၁၆ တုန်းက လူလိမ်တင်ထွန်း ဆိုသူကို ၁၀တန်းမအောင်ပေမဲ့ (ကွယ်လွန်သူ) ၀ါရင့်အင်ဂျင်နီယာကြီး တစ်ဦးနဲ့ အဖွဲ့က P.E ပေးလိုက်တယ်။ နောက် အဲဒီလူလိမ် တင်ထွန်းက အာစီယံပီအီး၊ ကျနော်တို့ YTU (RIT) မှာ ဧည့်ပါမောခ ဖြစ်လာပြီး၊ စီမံကိန်းများစွာကို အခြေခံပညာမတတ်ပဲ လက်မှတ်ထိုး လိမ်စားနေတာ မိသွားပေမဲ့ အဲဒီလူလိမ်ကို အရေးမယူရဲဘူး။ လမ်မဲကြီးတွေ နောက်ကွယ်မှာ ရှိတယ် ပြောကြတယ်။
.
ဒါနဲ့ပဲ P.E ရထားသူတွေ အရည်အချင်းမရှိ၊ ၁၀တန်း ကျူရှင်ပဲ ပြစားနေတဲ့လူ၊ အသက်အလွန်ငယ်ရွယ်သူ စသဖြင့် PE လက်မှတ် ရထားတာတွေ ဆူညံလာတယ်။ P.E ရပြီးရင် နှစ်စဉ် စာတမ်းတစ်စောင်၊ စာအုပ်တစ်အုပ် စသဖြင့် ပြုစုရမယ် ဆိုတဲ့ လမ်းညွန်ချက် မရှိ။ P.E လက်မှတ်ကိုင်ပြီး အီလက်ထရွန်းနစ် တင်ဒါ ဆိုရင် Ec P.E လက်မှတ်ထိုးရမယ်၊ Civil, Road/Bridge တင်ဒါဆိုရင် P.E လက်မှတ်ထိုးရမယ်၊ စက်မှု P.E တော့ ဘာ တင်ဒါတွေ ထိုးသလဲ မသိရ။
. တကယ်တော့ Engineer Council က လူကြီးတွေခမြာ အကောင်းဆုံး လုပ်နေပေမဲ့ ယိုယွင်းနေတဲ့ စနစ်ဆိုးကြီးကြောင့် ဆူပူမှုဒဏ်ကို အလူးအလဲ ခံနေရပါတယ်။ အလွန် သနားစရာ ကောင်းတာကတော့ လစာလဲ မရပဲ မြန်မာပြည် အင်ဂျင်နီယာလောက ပညာရပ်ဆိုင်ရာ တိုးတက်အောင် လုပ်နေကြတဲ့ စီနီယာ ၀ါရင် အင်ဂျင်နီယာကြီးများ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ပါစေ၊ အင်ဂျင်နီယာများ စိတ်ထား ကောင်းကြမယ် ဆိုရင် မြန်မာနိုင်ငံ တိုးတက်မှု မြန်ဆန်မှာ ဖြစ်ပါတယ်။ . မြန်မာအင်ဂျင်နီယာကောင်စီ ပြုလုပ်တဲ့ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဥပဒေများမှာ ကိုယ်ကျိုးစီးပွား ပါဝင်မှာတော့ မလွဲဧကန် ဖြစ်ပါတယ်။ မြန်မာအင်ဂျင်နီယာအသင်း၊ မြန်မာအင်ဂျင်နီယာကောင်စီ၊ အခု အရည်အသွေးစစ်ဆေးရေး စသဖြင့် မြန်မာပြည်မှာ ဖြစ်နေတဲ့အတိုင်း လူတစ်စု လက်ဝါးအုပ်ဖို့ ကြိုးစားနေကြတာ ခေတ်ကာလရဲ့ ပြယုတ်ဖြစ်ပါတယ်။ . ဒီ လူနဲ့မူ ပြသနာကတော့ ဆက်လက် ရှိနေဥိးမှာပဲ ဖြစ်ပါတယ်။ အမြင့်ဆုံးသော မြန်မာပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ က အစ တပ်မတော်က ၂၅% နေရာယူထားသလို၊ အဖွဲ့အစည်း၊ အစိုးရဌာန အသီးသီးမျာလည်း အလားတူ ပဲ ဖြစ်ပါတယ်။ အခု သမ္မတဦးဝင်းမြင့် လက်ထက်မှာ တပ်မတော်နဲ့ အစိုးရ နားလည်မှု ရှိလာပြီး၊ အဂတိများ ( တနည်းပြောရရင် ..COI Conflict of Interest ကိုယ်ကျိုးစီးပွား) ကို စတင် အရေးယူနေချိန်မှာ.. အင်ဂျင်နီယာလောက ပညာရှင်များလည်း စိတ်နှလုံးကောင်းများ ထားနိုင်ကြပါစေ။ . ဇော်အောင် (M Zaw Aung) Website: http://www.myanmarengc.org/ Facebook: https://www.facebook.com/Myanmar-Engineering-Council-596849123795862/ Date: 28.1.2019

Thursday, January 24, 2019

ကျောင်းပြီးကတည်းက ဆယ်တန်းကျူရှင် ပြစားနေတဲ့သူမျိုးကို P.E ပေးနိုင်ပြီး..


ကျောင်းပြီးကတည်းက 
ဆယ်တန်းကျူရှင် ပြစားနေတဲ့သူမျိုးကို 
P.E ပေးနိုင်ပြီး..
ကျောင်းမပြီးခင်ကတည်းက လုပ်ငန်းခွင်ဝင်ကာ၊ 
အင်ယာလောကထဲ တစ်စိုက်မတ်မတ် လုပ်လာသူ ကျနော့်ကိုကျ 
P.E နဲ့ မထိုက်တန်သေးဘူး ဆိုတာ..

#နည်းနည်းတော့_ရင်နာတယ်၊

ဆယ်တန်းတောင် မအောင်တဲ့သူကို P.E ပေးနိုင်ခဲ့ပြီး...
ME ဆက်တက်ခွင့်ရပါလျက်နဲ့ မတက်ဖြစ်ခဲ့ဘဲ
လုပ်ငန်းခွင်မှာ နှစ် ၂၀ ကျော် စာတွေ့လက်တွေ့ ကြိုးစားခဲ့ရတဲ့ ကျနော့်ကျမှ
P.E interview ကျတယ်ဆိုတာ..

#နည်းနည်းတော့_ရင်နာတယ်၊

ဘာသာပြန် translation တွေလောက်နဲ့ သင်ကြားရေးဖက် ရောက်နေတဲ့ 
TU ကျောင်းအုပ်တွေကို P.E ခေါ်ပေးဖို့ ကြိုးစားခဲ့ကြပြီး...
လက်တွေ့လုပ်ငန်းခွင်မှာ textbook တွေ ဘာသာပြန်ပြ၊ လက်တွေ့ပါ လုပ်ပြပြီး တပည့်ပေါင်းများစွာ မွေးထုတ်ပေးနေတဲ့ ကျနော့်ကိုကျ 
P.E မပေးချင်သေးဘူး ဆိုတဲ့အပေါ်..

#နည်းနည်းတော့_ရင်နာတယ်၊

ရန်ကုန်မှာ နေနေတဲ့သူတွေကျ
အစ်ကိုကြီး ညီလေး နဲ့
အလွယ်တကူပဲ P.E ရနိုင်ကြပြီး...
ပြည်နယ်မှာ နေနေတဲ့ 
ကျနော်တို့လို တစ်ကောင်ကြွက်တွေအတွက်
P.E ရဖို့ ခက်နေရတဲ့ အပေါ်..

#နည်းနည်းတော့_ရင်နာတယ်၊

ပြည်နယ်တွေမှာ 
P.E တွေ ရှိကုန်ကြရင်...

P.E တွေ စုကာ
တောခို သူပုန်ထ
မိုင်းထောင် လူသတ် 
ဆက်ကြေးကောက်
မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား
ကုန် ကြမှာကို
စိုးရိမ်နေလို့ များလား..
.
.
Facebook link
https://m.facebook.com/story.php?story_fbid=1994722327232223&id=100000834260595

စီးပွားရေးပေါ်လစီနဲ့မြစ်ဆုံအရေး


စီးပွားရေးပေါ်လစီနဲ့မြစ်ဆုံအရေး
 ဒေါ်အောင်ဆန်းစုကြည် အဖြေ (၂၀၁၅ အစိုးရမဖြစ်ခင် ပြောစကားကို သုံးသပ်ချင်လာပါတယ်။ ရေအားလျှပ်စစ် တခြားနေရာတွေမှာ ဆက် လုပ်စေ ချင်လို့ပါ။ ဒေါ်အေါင်ဆန်းစုကြည် ပြောတဲ့အတိုင်း  လုပ်လေ့ ရှိပေမဲ့..မြစ်ဆုံကိစ္စကို ဘေးကကြည့်ပြီး မကြေနပ်သူတွေ ပိုများလာပါတယ်)။
.........
မဲနှုက်ပြီး ရသောမေးခွန်းစာရွက် ကို ဖတ်ပါတယ်။
.
မေး...အမေစုတို့ စီးပွားရေးပေါ်လစီကို သိလိုပါတယ်။ အန်တီသမ္မတဖြစ်ရင် နိုင်ငံခြားရင်းနှီးမြှတ်နှံမှု FDI Foreign Direct Development တွေ ဝင်လာအောင် ဘယ်လိုလုပ်ရပါမလဲ။.. မြစ်ဆုံဆည် ရေအားလျှပ်စစ်အကြောင်းလဲ သိလိုပါတယ်။
.......
ဖြေ...ကျမတို့ စီးပွားရေး ပေါ်လစီနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် FDI ဝင်လာဖို့အတွက် ထိုင်ပြီးတော့ ရင်းနှီးမြှတ်နှံ မှုတွေ ဝင်လာဖို့ စောင့်နေတယ်လို့ သဘောရှိတယ်လို့ ကျမ မြင်ပါတယ်။ ကျမ အနေနဲ့ကတော့ အဲဒီလို သဘောရှိနေလို့တော့ မဖြစ်ဘူးလို့ မြင်ပါတယ်။(လက်ခုပ်.အားပေးသံများ)။ အဲဒီလို လုပ်လို့ မဖြစ်ဘူးလို့ ကျမ ထင်ပါတယ်။ စီးပွားရေး ကောင်အောင်လုပ်ဖို့ နိုင်ငံတော် စီမံကိန်းတွေ ရှိဖို့ လိုပါတယ်။ စီးပွားရေး စီမဲကိန်းတွေ ကလည်း ပွင့်လင်းမြင်သာ ရှိဖို့ လိုပါတယ်။
.
.
FDI ပြည်ပရင်းနှီးမှု
အဲဒီအချက်တွေကလည်း FDI ရရှိရေးနဲ့ ဆက်နွယ်နေပါတယ်။ FDI ရဖို့အတွက် ဘယ်လိုပြင်ဆင်ပါသလဲ ဆိုတော့ FDI ဥပဒေ ထွက်ပြီ။ ဒီ ဥပဒေ ထွက်ပြီ ဆိုတော့ ရင်းနှီးမြှုတ်နှံမှုတွေ စုပြုံပြီး ဝင်လာပါသလား ဆိုတော့ မျှော်မှန်းသလို ဝင်မလာပါဘူး။ အဲဒီလို ဝင်မလာတာကို ကျမ နိုင်ငံတကာ စီးပွား ပညာရှင်များနဲ့ ဆွေးနွေးပါတယ်။ သူတို့ရဲ့ ပြောတာ အကြားရဆုံး အဖြေကတော့ ၂ခု ပဲ တွေ့ရတယ်။
.
တခုကတော့ သူတို့ လုံခြုံမှု မရှိလို့ပေါ့နော်။  သူတို့ တရားဥပဒေစိုးမိုးရေး အပေါ် ယုံကြည်မှု မရှိလို့။ ဥပဒေတွေကတော့ ခုပြောတဲ့ FDI ဥပဒေ ကတော့ ရှိနေပါပြီ။ ဒါပေမဲ့ အဲဒီဥပဒေအတိုင်း လုပ်ပါ့မလား၊ အဲဒီ ဥပဒေ စိုးမိုးမှု ရှိနိုင်မလား ဆိုတဲ့ စိုးရိမ်မှုတွေ ရှိတယ်။ အဲဒါက တခုပေါ့နော်။
.
Infrastructure အခြေခံအဆောက်အဦ
နောက်တခုကတော့ အခြေ ခံ အဆောက်အဦ။ အင်ဖရာ စထရပ်ချာ Infrastructure ပေါ့နော်။ အဲဒါ အားနည်းတဲ့အတွက် တချို့ စီးပွားရေးကုမဏီကြီးတွေက သိပ်စိတ်မပါဘူး ဖြစ်သွားတယ်။ ဥပမာ တခု ပြောရရင် စက်ရုံကြီး သူတို့လုပ်ငန်းအတွက် ဆောက်မယ်ဆိုပါတော့။ ဒါပေမဲ့ စက်ရုံဆီကို လမ်းတွေလဲ ဆောက်ရမယ် ဆိုရင်တော့ စိတ်ပျက်သွားတယ်။ (ရယ်မောလျက်..ပရိတ်သတ်ရယ်သံများ)။ အဲဒါအပြင် လျှပ်စစ်ရရှိရေး အတွက် သူတို့ကပဲ ရုန်းကန်ရမယ် ဆိုရင်ဖြင့် ပိုပြီး စိတ်ပျက်သွားတယ်။ ဒါကြောင့်မို့ ဒီဟာတွေ ရရှိရေးအတွက် အစိုးရက စီမံကိန်းချ လုပ်ဆောင်မှ စီးပွားရေး တိုးတက်မယ် ဖြစ်ပါတယ်။
.
စီးပွားရေးတိုးတက်ဖို့ ဆိုတာ တလမ်းထဲသွားလို့ မရပါဘူး။ လမ်းအမျိုးမျိုးကို တချိန်တည်း သွားရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် စီမံကိန်းများကို တပြိုင်တည်းလုပ်ဆောင်ရမယ်။ စွမ်းအင်အတွက် လျှပ်စစ်စီမံကိန်းကြီးများ၊ လမ်းပန်း ဆက်သွယ်ရေး စီမံကိန်းကြီးများ လိုပါတယ်။ အခြေခံအဆောက်အဦ InfraStructure တွေ  တပြိုင်တည်း လုပ်ဆောင်ရပါမယ်။ အဲ ဒီဟာတွေ မပြည့်မစုံပဲ တော်ရုံတန်ရုံ လုပ်ငန်းရှင်တွေက သိပ်မလာချင်ကြဘူး။ စောစောက ပြောသလို လုံခြုံမှု လိုတယ်။ ဘဝအာမခံချက် လိုတယ်ပေါ့။ ကျမတို့ လူငယ်တွေ ပြောသလိုပေါ့၊ ဒီစီပွားရေး လုပ်ငန်းရှင်တွေလဲ လုံခြုံမှု အာမခံ လိုတယ်။ စီးပွားရေး လာလုပ်တယ် ဆိုတာ အကျိုးအမြတ်အတွက် လာကြတာဖြစ်တယ်။ ဒါပေမဲ့ သူတို့ အကျိုးအမြတ် ရှိသလို ပြည်သူပြည်သားတွေလဲ အကျိုးအမြတ် ရှိဖို့ လိုတယ်။ ပြည်သူတွေ အကျိုးအမြတ် ရဖို့ကတော့ အစိုးရရဲ့ တာဝန်ဖြစ်တယ်။
.
အခုဆိုရင်ဖြင့် ကျမတို့ ပြည်သူပြည်သားတွေက နိုင်ငံခြား ရင်းနှီးမြှတ်နှံမှု တွေအတွက် မကျေမနပ် ဖြစ်တယ်။ ခေါင်းပုံဖြတ်တယ်ပေါ့နော်။ ခေါင်းပုံဖြတ်တယ်ဆိုတာ . ခေါင်းပုံမဖြတ်အောင်လို့ ဘယ်သူက ကာကွယ်ရမလဲ။ အစိုးရက ကာကွယ်ရမှာပေါ့။ ကိုယ့်လူမျိုးကို ကိုယ့်အစိုးရက မကာကွယ်ပေးရင် ဘယ်သူက ကာကွယ်ပေးမှာလဲ။ အဲဒီတော့ အခုမေးတဲ့ မေးခွန်းမှာ မြစ်ဆုံစီမံကိန်း ကို မေးထားတယ်။
.
.
မြစ်ဆုံစီမံကိန်း
အန်တီ သမ္မတဖြစ်တာ၊ မဖြစ်တာက သတ်သတ်၊ ဒီကိစ္စကို မူအရ ပြောသွားမယ်။ စီမံကိန်းတခုကို ပြင်ပနိုင်ငံ တစ်ခုက အစိုရကပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်တစ်ဦးက ဖြစ်ဖြစ် သဘောတူညီမှု ယူတဲ့အခါ  အဲဒီစီမံကိန်းမှာ ဘာတွေပါသလဲဆိုတာ ပြည်သူတွေ သိခွင့်ရှိတယ်။ ကျမတို့ ဘာမှမသိဘူး။ မြစ်ဆုံ စီမံကိန်းမှာ ကျမကို ဘာလုပ်မလဲလို့ မေးရင် ဘာသဘောတူညီမှု ရှိသလဲ ဆိုတာ ကျမ မသိပဲနဲ့ ကျမ ဘယ်လိုလုပ် ဖြေမလဲ။ ကန်ထရိုက် ဆိုတာရှိတယ်နော်။ ဘာတွေ သဘောတူညီ ခဲ့သလဲ ဆိုတာ ကျမမသိဘူး။ နောက်ပြီးတော့ သဘောတူညီထားတဲ့ အတိုင်း မလုပ်ခဲ့ရင် ကျမတို့က ဘာတွေ ပြန်ဆပ်ရမလဲ ဆိုတာလဲ ကျမ မသိဘူး။
.
ဒါမျိုးဆိုတာ ပွင့်လင်းမြင်သာမှု ရှိရတယ်။ ကျမတို့ အစိုးရကလဲ ပွင့်လင်းရမယ်။ နောက်ပြီးတော့ အမှန်ပြောလို့ရှိရင် လက်မှတ်ထိုးတဲ့သူတွေက ဘာဖြစ်လို့ တာဝန်ယူပြီး မရှင်းသလဲလို့ မေးချင်တယ်။
.
End of Video
...............................
FDI သုံးသပ်ဆောင်းလင့်ပါ
https://m.facebook.com/groups/1410110412651955?view=permalink&id=1747185695611090
(or) shot cut www.goo.gl/bT8ES5
.
မိမိ သုံးသပ်ချက်
ဒီဗွီဒီယို က ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံဘဝ ပြောခဲ့ပြီး၊ အခု အဏာ ၇၅ရာနှုန်း ရတာ ၃နှစ်နီးပါး အထိ ငြိမ်နေချိန် (စုံစမ်းရေးကော်မရှင် ဖွဲ့ပေးပြီး အစီရင်ခံစာ တရားဝင် မထွက်လာသေးချိန်) မြန်မာပြည်က တရုပ် သံရုံးရဲ့ သဘောထားထွက်လာလို့ ပြည်သူတွေ ဒေါသထွက်နေချိန်ကာလပါ။ တရုပ်အစိုးရက မြန်မာပြည်သူအာလုံးနီးပါး မလိုလားမှန်း သိရက် ဒီသတင်းထုတ်ပြန်တာပါ။ နိုင်ငံရေးပါ။  ဆက်လုပ်ရင်လဲ စတိ အလတ်စားရေအား ၁၀၀ အမြင့် ရေကာတာ လောက်ပဲ လုပ်ကြရင်ရင် တရုပ်က လက်ခံမလား။ ရေအားလျှပ်စစ် စီမံကိန်း အားလုံး ရပ်သွားတာ မြစ်ဆုံရပ်ဆိုင်းလို့ အဓိကပါပဲ။ ပြန်မဆွေးနွေး သေးတာလဲ အစိုးရမှာ မမျှော်လင့်တဲ့ ဘင်္ဂါလီ.ရခိုင်အရေးလိုမျိုး ပေါ်လာတာကြောင့်ပါ။
.
အရေးထဲ မြစ်ဆုံ နဲ့ ကျောက်စိမ်း သယံဇာတကြွယ်ဝတဲ့ ကချင်ပြည်နယ် အစိုရဝန်ကြီး၃ဦး နှုတ်ထွက်ခြင်း၊ ရပ်စဲခြင်း Jan2019 မှာ ဖြစ်လာတယ်။ မြစ်ဆုံ စာချုပ်ကို အမေစု ပြောတဲ့ လက်မှတ်ထိုးခဲ့သူများခမြာ ရာထူးမရှိတော့တာ ၂၀၁၆ ကတည်းကပဲ ဆိုတော့.. အခု အမေစုပဲ ရှင်းနေရပြီ။ ပြန်ခေါ်လဲ လာမှာမဟုတ်။ အသေပဲ ခံတော့မလား မသိ။
.
 ကချင်တိုင်းရင်းသား လက်နက်ကိုင်နဲ့ သူတို့မဟာမိတ် ရခိုင် အေအေ ဌာနချုပ်ရှိရာ ကချင်ပြည်နယ်မှာ၊..  အင်အားကြီးမားလှတဲ့ မြန်မာ့တပ်မတော်ကြီးလဲ ရှိနေတယ်။ ငြိမ်းချမ်းရေး ကို မထိခိုက်ဖို့ လောလောဆယ် မကြုံစဖူး တဖက်သတ် အပစ်ခတ်ရပ်ထားတဲ့ တပ်မတော်သဘောထားလဲ.. မြစ်ဆုံအရေးမှာ အရေးကြီးတယ်။ မြစ်ဆုံ စုံစမ်းကော်မရှင်ရဲ့ အစီရင်ခံစာ မကြာခင်ထုတ်ပြန်မှာလား၊ မကြာခင် အလည်ပတ် ရောက်လာတော့မဲ့ တရုပ်အကြီးကဲ ကျီရှင်ပင်း မြန်မာပြည်ခရီးစဉ် အတွက် ပြင်ဆင်ဖို့ မြန်မာအစိုးရ အကောင်းဆုံး လုပ်နိုင်ပါစေ။
.
ဇော်အောင်(မုံရွာ)
22.Jan.2019

ကိုးကား..ဗွီဒီယို..
https://m.facebook.com/story.php?story_fbid=439907313213423&id=100015824744006

လူလိမ်တင်ထွန်း. အင်ဂျင်နီယာ. ပရောဖက်ဆာ

လူလိမ်တင်ထွန်း
မယမင်း (အင်ဂျင်နီယာ ဂန့်ဂေါ အမတ်) ဘက်က ၁၀၀% ထောက်ခံတယ်။ Personal Attack နဲ့ ဘာမဟုတ်တဲ့ကိစ္စကို AGTI,  နဲ့ BE သွေးခွဲ တိုက်ခိုက်တယ်။  ဒီ MEngCအင်ဂျင်နီယာ ကောင်စီက လူတွေ ပိုက်ဆံလဲ သိပ်မရပဲနဲ့ ငွေ၊ အာဏာရှိသူတွေ ပြည်ပကုမဏီကြီး တွေ အကျိုးပဲ လုပ်ချင် လက်ဝါးအုပ်ချင်နေတယ်။ လူတစု ကြီးစိုးနေတယ်။ အဲဒီလူတစု  ကြီးကျယ်နေတာ ဇီးပိန်ဖောင်ကြီး လိုမျိုး.. အရေးယူဖို.့လိုနေပါပြီ။ အရေးယူရမဲ့ ပထမ အမှုကတော့...လူလိမ်တင်ထွန်း အမှုနဲ့ အပိုင်ကိုင်ရတော့မယ်.. သူတို့ ခွင့်ပြုလို့ (အသုံးမကျလို့) အလိမ်ခံရတာ.. ၁၀တန်း မအောင်တဲ့ စကာပူမှာ အလုပ်လုပ်သူ က B.E အတု ဟန်ဆောင်ပြီး. ကပ်ဖားလုပ်ပြီး. P.E လျှောက်တာ ရတယ်။ ..အဲဒီ လူလိမ်တင်ထွန်းက အာစီယံ P.E လျှောက်တာ ရပြန်တယ်။ အဆောက်အဦများစွာ ဒီ လူလိမ်တင်ထွန်း လက်မှတ်နဲ့ ဆောက်ခဲ့ပုံရတယ်။ နောက်ဆုံး ရှက်စရာအကောင်းဆုံးက RIT, YTU ကျောင်းတော်ကြီးမှာ ဧည့်ပါမောက္ခ ဖြစ်လာပြီး. ဆရာကြီး တစ်ဆူ ဖြစ်လာတယ်။ လူမိ လူသိသွားတဲ့ အခါ..လူမသိသူမသိ PE, Professor အဖြစ်က  ပြန်ရုတ်သိမ်းလိုက်တယ်။ 
.
အော်.အခုကျမှ P.E အင်တာဗျူးတဲ့ PE ညီလေး. ညီမလေး တွေက. အစ်ကိုကြီး အင်ယာကြီးတွေရဲ့ BE လက်မှတ်ကို ပွတ်ကြည့်ပြီး အတုဖြစ်မှာစိုးနေတယ်။.. 1984 batch Ec ဆိုရင် အဲဒီ batch. P.E ရထားသူတွေကို ဖုန်းဆက်ခိုင်းလိုက်.. အသေချာဆုံး အတု အစစ် စစ်ဆေးနည်းပဲ.။ .ထားပါတော့။
.
စစ်အစိုးရခေတ်က..ရပ်ကွက်ထောက်ခံစာ တောင်းသလို...အကျင့်စာရိတ္တမကောင်းသူ ထံက အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာ တောင်း သလို..အတွေကြုံရှိတဲ့ အင်ဂျင်နီယာကြီးတွေက PE လာမလျှောက် ချင် ဘူးး...တဲ့။..သိက္ခာ ကျတယ် ..တဲ့။  ငွေလိုလို့.. လက်မှတ်ထိုးစားဖို့ လျှောက်သူများပေမဲ့ ကျနော်လိုလူကတော့ ကိုယ်မသိတဲ့ အလုပ်ကို ၅သောင်း၊ ၁သိန်း နဲ့ လက်မှတ်မထိုးချင်ဘူး။ အခု ပေါက်ဈေး ၁၅ သိန်း လဲ မလိုချင်ဘူး။ ..ပိုက်ဆံ မရှိပေမဲ့ လိမ်စားတဲ့ အလုပ် မလုပ်ချင်ဘူး။ လုပ်နေရသူများကိုလဲ အပြစ်မတင်ဘူး။ စနစ်ကြီးက တနိုင်ငဲလုံး ကဏ္ဍအသီးသီး ဒီလို စနစ်ကြီးဖြစ်နေတာလေ။ ပြောင်းလဲမှုတွေ မြန်လာမှ သေချာပါတယ်။
...
MEngC က လူတွေ ကောင်စီဝင် ဥက္ကဌ အတွင်းမှုး လူကြီးတွေ.. နာယက လူကြီးတွေတော့ အရမ်းအားနာ လှပါတယ်။ လူလိမ်တင်ထွန်းကို ၅၀၅ နဲ့ အမြန်ဆုံး အရေးယူပါတော့။ ..တခြားအင်ဂျင်နီယာ MEngC လူကြီးတွေ သိက္ခင်္ာ ကျမကျ မသိဘူး.. ကျုပ် သိင်္ခါ အင်မတန် ညှိုးနွမ်းလှတယ်ဗျာ.. ။ ဝမ်းနည်းစရာ အင်ဂျင်နီယာ ပကတိ မြေပြင်အခြေအနေပါ။
.
ကိုယ်လူ ကိုယ်ရွေးတဲ့ ကောင်စီဝင် ၆၀ ၊ နယ်ပယ်၎ခု က ရွေးတဲ့ Nepotism စနစ်ကို မကြာခင်လေးက မျှတတဲ့ ရွေးကောက်ပွဲစနစ် နဲ့ အစားထိုးလိုက်တယ်။ အစိုးရ၊ တက္ကသိုလ်၊ အဖွဲ့အစည်း နဲ့ ပြင်ပပညာရှင် ၄မျိုး မှာ ၁၀ဦးစီရွေးချယ် တင်မြှောက်ပြီး ကျန် ၂၀ဦးကိုတော့ အစိုးရခန့်ထားတဲ့ နာယကကြီး ၄ဦးက ယခင်၆၀ဦးထဲက ရွေးချယ်ပေးမယ် ဆိုတဲ့ ဥပဒေသစ်ပါ။ အရေးအကြီးဆုံးက စိတ်ရင်းကောင်းသူများ ကောင်စီဝင်လုပ်ရပါမယ်။ ဒေါ်အောင်ဆန်းစုကြည် အလုလ ကချင်ပြည်နယ်မှာ  ပြောစကား အတိုင်း ရေးရရင်.. သူဌေးဖြစ်ချင်ရင် ကုမဏီထောင်ပါ။ အင်ဂျင်နီယာကောင်စီ မှာ ဝင်ပြီး သူဌေးဖြစ်ဖို့ မကြိုးစားပါနဲ့...။
.
.
လူလိမ်တင်ထွန်း အရေးမယူ ထောင်မကျသရွေ့တော့..MEngC ကောင်းလာဖွယ်မရှိသေးပါ။ ရိုးသားစွာ မြင်ပါတယ်။
.
P.E ရွေးချယ်စနစ်.
အင်ဂျင်နီယာ Ethic, Discipline, PE experience တွေမှာ ဥပမာ လျှပ်စစ်၊ အီလက်ထရွန်းနစ် Project ဒေါ်လာ ၁သန်းဖိုးတောင်မှ ခေါင်းဆောင် မလုပ်ဖူးပဲ.. နိုင်ငံခြားကုမဏီက Project Manager ပြောသမှ ခေါင်းငြိမ့်.. လက်မှတ်ထိုး လုပ်နေတဲ့ လျှပ်စစ်. အီလက်ထရွန်းနစ် P.E တွေ.အိမ်သုံး uto Stepup Transformer , Inverter တလုံးမှ ကိုယ်တိုင် ဝက်အူလှဲ့ ဖွင့် တိုင်း တာ မပြင်ဆင်ဖူးသူတွေ P.E လက်မှတ် ရထားရင်လဲ. အသာလေးငြိမ်နေတာ မဟုတ်..အဲဒီ P.E တွေက. တကယ်လုပ်ဖူးတဲ့ ရထိုက်တဲ့ P.E တွေက စိတ်ပျက် ဘေးထိုင်နေရ.. P.E ဘုတ်အဖွဲ့ထဲ ဝင်ထိုင်ပြီး. P.E, RSE, RE တွေ ရွေးချယ် နေရတာကတော့.. စစ်အစိုးရ လက်ထက်..@ အကျင့်စာရိတ္တမကောင်းတဲ့လူဆီက အကျင့်စာရိတ္တကောင်းကြောင်း ခေါက်ခံစာ ယူနေရသလို.. လူငယ်များစွာ ခံစားနေရတယ်။ လက်မှတ်ထိုး အခကြေးယူခွင့် မရှိတဲ့ Honor P.E တွေ ပြည်တွင်း ပြည်ပ မြန်မာပညာရှင်တွေကို Head Hunter လိုက်ရှာ ပြီး..အဝေးကနေ ကူဖို့ အကူညီတောင်းရမယ်။ Honor PE တွေက Technical Document & Law တွေကို ရေးရမယ်။ ကမ္ဘာအဆင့် ကုမဏီကြီးများ မြန်မာပြည် တဖွဲဖွဲ ရောက်လာနေပါတယ်။ ကိုယ့် မြန်မာ အင်ဂျင်နီယာတွေ ကမ္ဘာ့အဆင့် မရှိတာ ဝန်ခံပြီး၊ စင်ကာပူ၊ ဗီယက်နမ် ပညာရှင်တွေကို တိုင်ပင်ခ ၅% ပေးပြီး MoU စာချုပ်တွေ အားကိုးရပါမယ်။ မြစ်ဆုံစီမံကိန်း၊ ကြေးနီစီမံကိန်း၊ ကျောက်ဖြူစီမံကိန်း တွေလို မဖြစ်သင့်တော့ပါဘူး။ လူငယ် သွေးသစ်တွေကို ဗီယက်နမ်၊ စင်ကာပူလို ပျိုးထောင်ရပါမယ်။
.
စနစ်ကို ပြောင်းဖို့ ပထမဆုံး လူလိမ်တင်ထွန်း ကို အင်ဂျင်နီယာလောက ဂုဏ်သိက္ခာ ညှိုးနွမ်း စေမှုနဲ့.. အရေးယူ၅၀၅ နဲ့ အာမခံမပေးပဲ  ဖမ်းဆီးရမယ်။
.
ဇော်အောင် (မုံရွာ)
17.Jan.2019
.
Ref Links
https://engrmyanmar.blogspot.com/2018/04/blog-post_16.html

https://engrmyanmar.blogspot.com/2018/03/2016.html

Tuesday, January 22, 2019

မီးစက်တလုံးပျက်သွားရင်...Ship Electrician &, CE


မီးစက်တလုံးပျက်သွားရင်

မီးစက်တလုံးပျက်သွားရင်သဘောင်္သွားလို့ရပါသလား။
ဘယ်သူမှမသိရင်ရနိုင်ပါတယ်။ ဘယ်သူမှမသိရင်ဆိုတာကြိတ်ပြီးပြင်နေတာမျိုးကိုပါ။ ကုမ္ပဏီကလည်း class တို့ ဆိုက်ရောက်မဲ့ဆိပ်ကမ်းတို့မှာအသိမပေးတာမျိုးပါ။
သွားလို့ရမရက သဘောင်္အမျိုးအစားပေါ်မူတည်နိုင်သလို၊ အခြေအနေ အချိန်အခါနဲ့ အတိုင်းအတာပေါ်မူတည်ပါသေးတယ်။

ဥပမာ အအေးခန်းသဘောင်္လို၊ Reefer container လိုမျိုးဆိုရင် cargo operations အတွက် မီးစက်က power တွေလိုနေပါတယ်။ သို့သော်လည်း Reefer container တွေမတင်တော့တဲ့အခါမျိုးမှာမီးစက်ကပျက်တယ်ဆိုပါဆို့၊ ပြင်ဖို့ spare parts တွေကလိုနေတယ်ဆိုရင် သဘောင်္က chief engကနေ load analysis ကို update လုပ်ပြီး class ကိုတင်ပြပြီးယာယီ approval ရယူကာ နောက်ဆိပ်ကမ်းကို သွားလို့ရနိုင်တဲ့အခွင့်အရေးရှိနိုင်ပါတယ်။ တခြားစဉ်းစားရမယ့်အချက်တွေလည်းရှိပါတယ်။ လိုက်နာရမယ့်စည်းကမ်းနဲ့ဆိုင်သလို၊ Surveyor ရဲ့ တင်းကျပ်မှုနဲလည်းဆိုင်ပါတယ်။

ပင်လယ်ပြင်မှာသွားဖို့အတွက် ရှိနေရမယ့် မီးစက်အရေအတွက်နဲ့ သူ့ရဲ့capacityလိုအပ်ချက်ကြို သဘောင်္ classတွေမှပြဌာန်းထားတာရှိပါတယ်။ Primary essential services၊ Secondary Essential Service တွေ နဲ့ Minimum Comfortable Condition of Habitability (MCCH) တွေဆိုတဲ့ electrical loads တွေကို အပိုထားထားတဲ့မီးစက်မပါပဲ ကျန်တဲ့မီးစက်တွေကနေ အခြေနေအားလုံးမှာလုံလောက်စွာပေးနိုင်ရပါမယ်။ ဆိုလိုတာကတော့ ပင်လယ်ပြင်မှာသွားပြီဆိုရင် မီးစက်တလုံးအမြဲအပိုရှိနေရပါမယ်။ ( အခြေအနေ-ကမ်းဝင်၊ကမ်းထွက်၊ကုန်တင်၊ကုန်ချ၊ ပင်လယ်သွား၊ကမ်းမှာနဲ့ အရေးပေါ် စသည့်အခြေနေများ)

MCCH ဆိုတာကတော့အရေးမကြီးတဲ့ cooking, heating, domestic refrigeration, mechanical ventilation, sanitary and fresh water တို့ကိုဆိုလိုတာပါ။ SOLAS သဘောင်္ဆိုရင် electrical power ဟာ နာရီဝက်အတွင်းdead ship အခြေနေကနေ propulsion အတွက်လိုအပ်တဲ့ power ရတဲ့အထိလုံလောက်နေရပါမယ်။  ဒါပဲလားဆိုတော့မဟုတ်သေးပါဘူးတဲ့။ သဘောင်္မှာ Special Notation တွေပါနေရင် သူ့တို့အတွက်ပါထည့်စဉ်းစားရပါမယ်တဲ့။

နဲနဲလေးပိုမြင်ရအောင် လွန်ခဲ့တဲ့ ၂နှစ်လောက်က ကျွန်တော် စစ်ဆေးပြီး ယာယီအတည်ပြုခဲ့တဲ့ ဒီဇိုင်းလေးတခုကိုမျှဝေပါမယ်။

ကမ္ဘာ့နာမည်ကြီး ဒိန်းမတ် container သင်္ဘောကုမ္ပဏီ က အအေးခန်းသေတ္တာတွေတင်လာတဲ့ သဘောင်္တစီးဟာ မီးစက်တလုံးပျက်ပါတယိ။ ပြင်ဖို့ ပစ္စည်းတွေမှာထားချိန်မှာ သဘောင်္ကိုမရပ်ထားချင်လို့ ကျွန်တော့်ကိုအကြောင်းကြား ဒီဇိုင်းသက်သေပြုပေးဖို့ ပြောပါတယ်။ ကျွန်တော်ကလည်းလိုအပ်ချက်တွေပြောပြပြီး နောက်ဆိပ်ကမ်းရောက်ရင်ပြင်ရမှာဖြစ်ကြောင်း approval မှာထည့်ရေးပေးပါတယ်။ နောက်တလလောက်ကြာတော့ surveyor ကဖုန်းဆက်လာပါတယ်။ သဘောင်္ဟာ ဒီဆိပ်ကမ်းကနေမပြင်ပဲပေးထွက်နိုင်ဘူးဆိုတာပါ။ အဲဒီတော့မှ သူတို့မပြင်သေးပဲလျောက်သွားနေမှန်းသိတော့တယ်။ surveyor ကခြင့္မျပဳေတာ့ သေဘာၤကမထြက္ရပါဘူး။ ဒါနဲ့ ကျွန်တော်ဆီဆက်သွယ်အကူညီတောင်းပြန်တယ်။ ကြည့်လိုက်တော့ သူတို့သဘောင်္မှာRefrigeration notation ကမပါဘူး။ ဒါကြောင့် ကမ်းဝင်ကမ်းထွက်နဲ့ ပင်လယ်သွားချိန်မှာရှိတဲ့ Load တွေကိုတွက်ချက်ကြည့်လိုက်တော့ အအေးခန်းသေတာတွေမသုံးရင် မီးစက်တလုံးထဲနဲ့လောက်ရုံရပါတယ်။ အဲဒီတော့ သူတို့နဲ့ surveyorကို ဒီသဘောင်္ဟာ Reefer containers တွေမတင်ပဲ၊ အချို့electrical load တွေ့လျော့ရင် မီးစက်တလုံးစာအပိုထွက်လာနိုင်တယ်။ ပင်လယ်ပြင်မှာသွားဖို့ မီးစက်အပိုရလို့ သူတို့ Reefer containerတွေမတင်ရင် နောက်ဆိပ်ကမ်းအထိမောင်းဖို့ မင်းခွင့်ပြုလို့ရတယ်လို့ Surveyor ကိုပြောပြီးပြန်ညှိပေးလိုက်တယ်။

ကျွန်တော်စစ်ဆေးပြီးလုပ်ခိုင်းတဲ့အခြေအနေအချို့ကတော့
-ပျက်တဲ့မီးစက်ရဲ့ လေလိုင်း၊ ဆီလိုင်းတွေ၊ ဆားကစ်ဘရိတ်ကာတွေ၊ Electrical connections အကုန် isolateလုပ်ခိုင်းပါတယ်။
-ယာယီ load balance sheet မှာ ရီဖားloadတွေမပါစေပဲ၊ ကမ်းဝင်ကမ်းထွက် thrusterသုံးချိန်၊ ပင်လယ်မှာသွားချိနိမှာ အထက်ကအရေးကြီးတဲ့ load တွေအားလုံးလုံလောက်ပြီး မီးစက်တလုံးပိုတဲ့အထိတွက်ချက်ပြီး ရီဗြူးလုပ်ဖို့ပြန်တင်ခိုင်ပါတယ်။
-requirements တွေနဲကိုက်ညီတာနဲ့ surveyor ကိုပြောပေးပြီး နောက်ဆိပ်ကမ်းမှာမလွဲမသွေပြင်ဖို့ approval မှာ restrictions တွေ၊ commentsတွေရေးပေးပြီးကူညီခဲ့ပါတယ်။
-နောက်ဆိပ်ကမ်းရောက်လို့ ပြင်ပြီးတော့ ကျွန်တော်ကပုံမှန်ဒီဇိုင်းပြန်အတည်ပြု၊ surveyor ကတက်စစ်ပြီး  ဇတ်လမ်းလေးပြီးသွားပါတယ်။

မှတ်ချက်၊
Essentail  Loads (Primary essential services၊ Secondary Essential Service) တွေ ဟာများသောအားဖြင့်တူတတ်ကြလို့မရှင်းပြတော့ပါဘူး။
အထက်ကလုပ်ခိုင်းတဲ့ နည်းလမ်းကို မီးစက် decommissioning procedures လို့ခေါ်တတ်ပါတယ်

ဆက်စပ်လို့ရအောင် FB မှာ အရင်တခါရေးခဲ့ဖူးသော
"Power Factor မဟုတ်သော ဖက်တာလေးတခု" မှာ load analysis အကြောင်းဖတ်ကြည့်လို့ရပါတယ်။
https://www.facebook.com/1483146204/posts/10216571657392242/

load balance sheets ပုံစံများ;
https://goo.gl/images/PwwRfZ
https://goo.gl/images/dEc3fA
https://goo.gl/images/6L5em3

Technical Guide
http://www.caa.co.za/Airworthiness%20TGM/Electrical%20Load%20Analysis.pdf

Ref: Book
https://apps.dtic.mil/dtic/tr/fulltext/u2/a568950.pdf

ELECTRIC POWER LOAD ANALYSIS (EPLA) FOR SURFACE SHIPS
https://onlinelibrary.wiley.com/doi/abs/10.1002/9781118098844.ch6

LOAD ANALYSIS ရှင်းပြထားပုံ
http://shipmind.net/load-analysis
.
Cred Teo Min fb


Saturday, December 22, 2018

ဆရာဝန်ငယ်. ​ဒေါက်​တာစိုးသူရ​ဇော်​၊ ... အင်ဂျင်နီယာများ အတုယူဖို့..



........#ဇီးပင်ကြီး_စစ်တမ်း ( အပိုင်း - ၁+၂+၃ )

အခုရေးသားထားသော ရေးသားချက်များအားလုံးကို ကျွန်တော့အနေနဲ့ အပြည့်အ၀တာဝန်ယူကြောင်း

ရေးသူ - ​ဒေါက်​တာစိုးသူရ​ဇော်

ဇီးပင်ကြီး တနည်းအားဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် နဲ့ ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် အောက်မြန်မာပြည်မှာ ဘာတွေသင်နေသလဲဆိုတာ အစိုး၇၀န်ထမ်းမဟုတ်တဲ့လူတွေက အင်မတန်မှကို သိချင်ကြပါတယ်။ စကားကြုံတိုင်းလည်း မေးလေ့ရှိကြတယ် ။
ဇီးပင်ကြီးမှာ တွြေ့ကုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ အဖြစ်အပျက်တွေကို ကိုယ်တိုင်လည်း ဖောက်သည်ချချင်တာကြာလှပြါ့ပီ
အလုပ်စ၀င်ကတည်းက မအားတာနဲ့ မရေးဖြစ်တာပါ ၊

ဒီနေရာမှာ ပထမဆုံး ပြောပြလိုတာက
ဗ၀တရဲ့ နေ့စဉ်လည်ပတ်ပုံ ဇယားပါ
မနက် ငါးနာရီခွဲကို အိပ်ယာကထ၇ပါတယ်။ မနက်ခြောက်နာရီကနေ ခုနစ်နာရီမတ်တင်းထိ ကျန်းမာရေးလေ့ကျင့်ခန်း ဆင်းရပါတယ် ။ပြီးရင် ရေမိုးချိုး မနက်စားစားပြီးတာနဲ့ ၅ ယောက်တတွဲတန်းစီပြီး မိမိတို့ သက်ဆိုင်ရာ အိပ်ဆောင်ကနေ စာသင်ခန်းမကို ချီတက်ကြရပါတယ်။
လက်ချာတွေက မနက် ၈ နာရီမှာ စပါတယ်။ နေ့လည် ၁၂ နာရီမှာ သင်တန်း ခဏနားပြီး မိမိတို့ သက်ဆိုင်ရာ အိပ်ဆောင်  အဆောင်ဝင်း ထဲမှာ ရှိတဲ့ ထမင်းစားဆောင်မှာ ထမင်းပြန်စားရပါတယ် ။
ထမင်းစာြး့ပီးတာနဲ့ တပြိုင်နက် နေ့လည်တစ်နာရီလက်ချာချိန်အမီကို မနက်ကလိုဘဲသင်တန်းခန်းမဆီ ငါးယောက်တတွဲ ချီတက်ကြရပြန်ပါတယ်။
ညနေခင်းလက်ချာတွေက ညနေလေးနာရီထိသင်ပါတယ်။
လက်ချာပြီးတာနဲ့ မိမ်တို့အိပ်ဆောင်တွေမှာ ညနေခင်း PT ဆင်းရပြန်ပါတယ်
ပြီး၇င်တော့ ညစာကို ည၇နာရီ မတိုင်ခင် စားရပါတယ်။ အိပ်ဆောင်ကကျွေးတဲ့ထမင်းကို စားချင်ရင်စား မစားချင်ရင်တော့ ဈေးတန်းမှာ သွားစားလို့ရပါတယ် ။ ည ၇နာရီ လူစစ်အမီကိုတော့ ပြန်ကိုပြန်လာရပါတယ်။
( အမျိုးသမီး သင်တန်းသူတွေအနေနဲ့ကတော့ တပါတ်ကို နှစ်ရက်သာ ဈေးတန်းထွက်ခွင့်ရပ့ါတယ်)

ဒီဇယားထဲမှာ ပထမဆုံး တွေ့ရတဲ့ ပြသနာကတော့ အိပ်ရာသိမ်း ကြိုးတိုင်း ဖိနပ်စီ ဆိုတဲ့ ကိစ္စပါဘဲ ။
ဒါကို မပြောခင် ကျတော်တို့ရဲ့ အိပ်ဆောင်အနေအထားကို အရင်ရှင်းပြပါရစေ
ချင်းတွင်း သံလွင် အစရှိသဖြင့်နာမည်ပေးထားတဲ့ အဆောင်ဝင်းကြီးတွေထဲမှာ အနည်းဆုံး အိပ်ဆောင် တန်းလျား ရှစ်ဆောင်နဲ့ ထမင်းစားဆောင် တဆောင်ပါပါတယ် ။ အိပ်ဆောင်တဆောင်မှာ အနည်းဆုံး သင်တန်းသား ၂၅ ယောက်က အလယ်စင်္ကြန်ရဲ့ တဖက်တချက်စီမှာ ကုတင်တလုံးစီနဲ့ အိပ်ကြရပါတယ်
မနက်ခင်း ချိန်အပြီး မနက်စာမစားခင်မှာ ကုတင်တလုံးစီရဲ့  ခြေရင်းမှာ သေတ္တာတလုံးနဲ့ PT ဆငိးရင်စီးတဲ့ ကင်းဘတ်ဖိနပ် အဖြူတရံဘဲထားခွင့်ရှိပါသတဲ့လေ ။
ကုတင်ခြေရင်းတွေမှာ ရှိနေတဲ့ သေတ္တာတွေကို အိပ်ဆောင်ဟိုဘက်ထိပ် ဒီဘက်ထိပ် ကြိုးနဲ့တန်းပြိး ညီနေအောင်စီရပါသတဲ့
သေတ္တာနဲ့ကပ်ရပ်ထားထားတဲ့ ကင်းဘတ်ဖိနပ် ကိုလည်း တ၇ံနဲ့တရံ ညီနေအောင်ထားရပါတယ်တဲ
ဒီတော့မေးစရာရှိလာတာက မိမိတို့နဲ့ ပါလာတဲ့ အခြားသောအသုံးဆောင်တွေကိုဘယ်လို ထားမလဲပေါ့နော် 🔕🔔

သေချာတာတခုကတော့ ဒ်သင်တန်းကို ရက်ရှည်လများ လာတက်နေရတဲ့ သင်တန်းသားတွေဟာ သူတို့ရဲ့စည်းကမ်းချက်အတိုငိး လူတကိုယ် သေတ္တာတလုံး ဖိနပ်တ၇ံနဲ့လာတဲ့လူ ဘယ်သူမှမရှိပါဘူး
ဒီတော့
မိမိတို့ပါလာသမျှ ပိုင်ဆိုင်မှုအားလုံးကို စုပြုံ့ပီး အိပ်ဆောင်ထဲမှာရှိတဲ့ နှာခေါင်းပေါက်လောက်သာသဲာ့ စတိုခန်းထဲ စုပြုံထည့်ရပါသတဲ့လေ ။
ကိုယ်သုံးနေတဲ့ ခေါင်းအုံး စောင် ခြင်ထောင်တွေက ကုတင်ပေါ်မှာ ထားခွင့်မရှိပါ ။
သင်တန်းစ၀င်တဲ့ နေ့ကစပြိး သူတို့အိပ်ဆောင်ကနေ ပိုက်ဆံပေးငှားထာရတှဲ့လှလှပပလေး ထုပ်ပိုးထားတဲ့ အိပ်ယာလိပ်ကလေးကိုဘဲ ကုတင်ပေါ်မှာ ကျောကျော့လေး ဟန်ပြအဖြစ် တင်ထားရပါတယ် ။ အဆောင်ဝန်းကျင် မှာလည်း အ၀တ်လှန်းထားခဲ့ခွင့်မရှိတဲ့ အတွက်ေ၇လဲပုဆိုးတွေရော လျှော်ထားသမျှအ၀တ်စို ထဘီစို အားလုံး အားလုံးကို စုပြုံပြီး အဆိုပါ စတိုခန်းငယ်ထဲ ဖိသိပ်ထည့်ထားဘဲ။

ကိုယ်တွေအားလုံး သင်တန်းခန်းမမှာ လက်ချာတက်နေချိန်မှာ ကျွန်တော်တို့ရဲ့ အိပ်ဆောင်တာဝန်ခံတွေက တဆောင်ချင်းစီအလိုက် သေတ္တာတွေ ညီမညီ သူတို့ဆီက ပိုက်ဆံပေးငှားထားရတဲ့ အိပ်ရာလိပ်ကလေးတွေ ညီမညီ အလှပျက်မပျက် ကို လိုက်စစ်ပြီး သင်တန်းသား တဦးချင်းစီအလိုက်အမှတိလေးတွေပေးပါသတဲ့လေ 💯💯
စတိုခန်းထဲမှာ ရှိသမျှပစ္စည်းတွေ စုပြုံထည့်ထားသည်ကို အနှီဆရာများမှ သိရှိသော်လည်း အဆိုပါစတိုခန်းလေးသည် အိပ်ဆောင်ထဲတွင် မရှိသကဲ့သို့ပင် သဘောထားကာ ကုတင်လေးများ သေတ္တာလေးများ အိပ်ယာလိပ်ကလေးများ For Show လှမလှ ကိုဘဲ စစ်သွားလေ့ရှိပါသည်
အယ့် …..တခါတရံတော့ စတိုခန်းတံခါးသော့မပိတ်မိထားလျှင်တော့  ``စတိုခန်းတံခါးပိတ်မထား ´´ဆိုသော မှတ်ချက်အား မှင်နီကြီးနှင့် ရေးသွားကာ တဆောင်လုံးအား အမှတ်လျော့လေတော့ သည်။⚠⚠⚠
 အင်းပေါ့လေ …..
အားလုံးကြေညက်အောင် တိုက်ထားတဲ့ ပြဇာတ်တပုဒ်မှာ တယောက်ယောက်က ဖောက်လိုက်ရင် ဒါရိုက်တြာ့ကီးတွေမှာ ရွှေစိတ်တော်ကောက်သလိုနေမှာပေါ့……
ညနေခင်း သင်တန်းကပြန်လာတဲ့ အချိန် စတိုခန်းတံခါးဖွင့်လိုက်လို့ကတော့ ရေစိုဝတ်တွေရဲ့ အောက်သိုးသိုး မှိုနံ့တွေ တဦးချင်းစီရဲ့ကိုယ်ပိုင် ကိုယ်သင်းရနံ့တွေ စုပေါင်းကာ လျှံထွက်လာသော ငြီးစ၊ီစီ အနံ့လေးတွေနဲ့ အလွန်တရာမှ စိတ်ချမ်းမြေ့၇တာပါဘဲ😍😙😘😚
ဒီလို အပြုံ့ကီးထဲကနေ မြွေပွေး မြွေဟောက်အစရှိသော မြွေပေါင်းစုံ ကင်းခြေများ ကင်းမြီးကောက် အစရှိသော သတ္တ၀ါတွေတွေ့ရရင်တော့ ပိုလို့တောင်ပျော်စရာ စိတ်ချမ်းမြေ့စရာကောင်းတာပါဘဲ

ဆက်ပါဦးမည်
အရေးကြီးဆုံး ဖြစ်တဲ့ လက်ချာချိန်မှာ ဘာတွေသင်သလဲ ဆိုတာနဲ့ နေ့စဉ် စားသောက်မှု ပုံစံမျာကို ဆက်လက်တင်ပြပါအံုးးမည်

ဇီးပင်ကြီး စစ်တမ်း ( အပိုင်းနှစ်)

``ဝန်ထမ်းသတ်လို့ အစိုးရသေခြင်း ´´

မှတ်မှတ်ရရ အဲ့ဒီနေ့က Political Science နိုင်ငံရေးသိပ္ပံ ဘာသာရပ် အချိန်ပါ
ပထမဆုံးအနေနဲ့
နိုင်ငံ့ဝန်ထမ်းအနေနဲ့ ပထမဆုံး တာဝန်ထမ်းဆောင်မယ့်လူတွေကို ဇီးပင်ြ့ကီး တက္ကသိုလ်ပြည်ကနေသင်ပေးလိုက်တဲ့ အဌာရသ တဆယ့်ရှစ်ရပ် တွေအကြောင်း အရင်ရှင်းပြပါရစေ ။
လက်ချာတွေက မနက် ၈ နာရီကနေ ညနေ ၄ နာရီထိပါ
ဌာနာဆိုင်ရာငွေစာရင်းထားသိုနည်း
နိုင်ငံရေးသိပ္ပံ
အင်္ဂလိပ်စာ
ဘောဂဗေဒ
သတင်းအချက်အလတ်နဲ့ နည်းမညာ စတာတွေအပြင် ကျွန်တော်တို့ကတော့ ဆရာဝန်တွေနဲ့ သွားဆရာဝန်တွေချည်းသီးသန့် သင်တန်းဖြစ်တဲ့ အတွက် မိခင် ကမ၀ ရဲ့လက်အောက်မှာရှိတဲ့ ဦးစီးဌာနတွေကလည်း မိတ်ဆက်အနေနဲ့ လာရောက်သင်ကြားပါတယ် ။

မှတ်မှတ်ရရ အဲ့နေ့က နိုင်ငံရေးသိပ္ပံရဲ့ ပထမဆုံး လက်ချာနေ့ပါ
ဌာနမှူး ပါမောက္ခကိုယ်တိုင် ပထမဆုံးလက်ချာကိုသင်မယ်ဆိုလို့ ကျွန်တော့အနေနဲ့ အတော့ကို စိတ်ဝင်စားနေခဲ့တာပါ ။
ရှေ့ရှေ့ ဘာသာရပ်တွေကတော့ ကိုယ်နဲ့ မရင်းနှီးတဲ့ ဘာသာတွေဖြစ်တာကတြေ့ကာင်း လူပေါင်း ခြောက်ရာကျော်ကို ခန်းမကြီးထဲမှာ စုပြုံထည့်ထားပြီးသင်တာတစ်ကြောင်း ကိုယ်ကိုယ်တိုင်လည်း ပျင်းတာတကြောင်းး😂😂😂 စတဲ့ အကြောင်းကြောင်းတွေကြောင့် ပြီးခဲ့တဲ့ လက်ချာတွေက အတော့ကို စိတ်ဝင်စားမှုမရှိခဲ့ပါ။

PS လက်ချာစသင်သင်ချင်း မကြာခင်မှာဘဲ လာသင်တဲ့ ဌာနမှူးပါးစပ်ကနေ
တပ်မတော်သာ အမိ တပ်မတော်သာ အဖ 🚩🚩
တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် 🔫
မျိုးချစ်တပ်မတော် အဖတပ်မတော်
ချောက်ထဲ ကျခံနီး မှ တခုတ်တရ ကယ်တင်ပေးခဲ့ပါသော တပ်မတော် ⚠⚠
ဆိုတဲ့ ဆိုတဲ့ ဆိုတဲ့ Slogan တွေကို ခုနစ်ဆယ်နဲ့ ငါးကြိမ်လောက်ကြားနေရတော့ ……………….😆😆
( စိတ်ထဲတော့ တွေးလိုက်ပါတယ် …..အင်း ဇီးပင်ကြီး ဆိုတာ မေမြို့နဲ့ နီးတော့ ဒီအသံတွေ ပဲ့တင်ရိုက်တာနေမှာပါလေလို့စ်😂😂 )
အဲ့ဒီနေ့က တနေ့လုံး PS လက်ချာဘဲယူပါတယ.် အဆိုပါ ဌာနမှူးကဘဲ နေ့လည်ခင်းမှာဆက်သင်ပါတယ်
နေ့လည်ခင်း လက်ချာမှာ သင်ရင်း သင်ရင်းကနေ ပြည်တွင်းငြိမ်းချမ်ရေးဘက်ရောက်သွားတော့ သူ့ဘက်က ဘာပြောလာသလဲ ဆိုတော့
မှန်တာပြောရရင် အခုပြည်တွင်းငြိမ်းချမ်းရေး မအောင်မြင်နိုင်တာ လက်ရှိ အစိုးရ (NLD )က စေတနာမရှိလို့ မအောင်မြင် ရတာပါတဲ့
ဘု၇ားစူးရစေ့ ……ကြားကြားချင်း မျက်လုံးကို ဇကောလောက် ကျယ်သွာြး့ပီး ပါးစပ်ကို တဆယ့်နှစ်ယူဇနာလောက် ဟ သွားတော့တာပါဘဲ

အစိုးရဟာ စတက်လာကတည်းက ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်ကိုကိုင်ဆြွဲ့ပီး ငြိမ်းချမ်းရေးရအောင် (ကန်တော့ပါ ရဲ့ )ချီးပြဲ့ အီးပြဲ လုပ်နေရတာကို သိနေမြင်နေပါရက်နဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် နိုင်ငံရေးသိပ္ပံ ဌာနရဲ့ ဌာနမှူးတယောက် ပါးစပ်ကနေ ဒီလိုစကားမျိုးထွက်လာတာက အင်မတန်မှ စဥ်းစားစရာကောင်းပြီး မေးခွန်းထုတ်စရာပါ။

တကယ်လည်း မေးခွန်းဝိုင်းထုတ်ခဲ့ကြပါတယ်
သူ့ စကားဆုံးတာနဲ့တပြိုင်နက် လက်ချာမပြီးသေးခင်မှာ ဘဲ သင်တန်းသားအချို့က မိုက်တောင်းပြီး အတိအလင်း
Counter question တွေ ထုတ်ပါတော့တယ်
ဒီလိုမေးခွန်းတွေ ထုတ်လာတဲ့အခါမှာတော့ ခုနကပြောခဲ့တဲ့ စကားတွေက သူ့ပါးစပ်က မပြောခဲ့သလို လျောချပစ်ပြီး လက်ချာချိန်ကို တန်းဖြုတ်ပစ်လိုက်ပါတော့တယ်။
အင်မတန်မှ ရုပ်ပျက်တဲ့ လက်ချာဖြစ်ခဲ့ပါတယ် ၊

နောက်ရက်မှာတော့ နိုင်ငံရေးသိပ္ပံဘာသာရပ်အောက်က ပထ၀ီနိုင်ငံရေး ဘာသာရပ်ကို တခြားဆရာတယောက် လာသင်ပြန်ပါတယ်
ဒီလက်ချာမှာက ပိုဆိုးပါတယ် ..။

ဘာပြောသလဲဆိုတော့
မြန်မာနိုင်ငံဟာ လူမျိုးကြီး နိုင်ငံကြီး နှစ်ခုကြားမှာတည်ရှိတဲ့ အတွက် မိမိတို့ နိုင်ငံကို မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်းပြောရာကနေ
မိမိတို့ အမျိုးမပျောက်ဖို့ အတွက် ဘာသာခြားတွေနဲ့ လက်ထပ်ထိမ်းမြားတာမလုပ်ကြဖို့
ဘာသာခြားတွေရဲ့ ဆိုင်တွေကို အားမပေးကြဖို့
786 ဆိုတဲ့ အဓိပ္ပါယ် ကိုသိကြသလားတို့
သာကီဝင်မျိုး ဗုဒ္ဓဘာသာဘာသာ အ၇ိုးစည်းရိုးထိုး blah blah blah အစရှိသော တရားတွေကို အဆိုပါဆရာမှ အာပေါင်အာရင်းသန်သန်နဲ့ ဟောပြောပါတော့တယ်.....💣💣
ငါတို့ဟာ နိုင်ငံရေးသိပ္ပံသင်နေရတာလား မဘသ တရားပွဲထဲရောက်နေသလားဆိုတာ ကိုယ့်ကိုကိုယ်မနည်းပြန်စဥ်းစားယူရတယ်💤💤💤💤
တနိင်ငံလုံးက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ သင်တန်းသားပေါင်းး ခြောက်ရာကျော်ရှိနေတဲ့ သင်တန်းမှာ ဒီလို ထိလွယ်ရှလွယ်တဲ့ Isssue မျိုးကို ပြောဆိုတဲ့ အဲ့ဒီဆရာဟာ အတော့ကို ဦးနှောက်မရှိတာလျှင်သော်လည်းကောင်း ဖြစ်ရင်ဖြစ်ရမယ် ။ မဟုတ်ဘူးဆိုရင်တော့ ဒါဟာ တမင်ကို ရည်၇ွယ်ချက်ရှိရှိနဲ့ ပြောတာဘဲ။

အစိုးရရဲ့ ပေါ်လစီကို လက်တွေ့အကောင်အထည်ဖော်တော့မယ့် သစ်လွင်ဝန်ထမ်းတွေရဲ့ ဦးနှောက်တွေထဲကို ဒီလို Idealogy အမှားတွေကို ရိုက်သွင်းနေတာဟာ ဂျင်းအြ့ကီးစားဖြစ်သွားပါပြီ
တိုင်းပြည်ကို ငါးပါးမှောက်စေမယ့် ဒုက္ခလှလှ ရောက်စေမယ့် ဂျင်းတွေပါ။
ပြောတော့ သူတို့ တက္ကသိုလ်ရဲ့ ဆောင်ပုဒ်က ၀န်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်တဲ့
တဖက်ကလှည့်တွေးကြည့်ပြန်ရင်တော့
အောက်ခြေက ၀န်ထမ်းတွေရဲ့ mindset ကို မှိုင်းတိုက်နိုင်ရင်
ဝန်ထမ်းတွေကို ဂျင်းထည့်နိုင်ရင် အပေါ်ကအစိုးရမ၇ှုမလှ ကျဆုံးပါတယ် ။

သူငယ်ချင်း
K pop fan  တွေ သူတို့ ဖန်တွေအချင်းချင်းရန်ဖြစ်ရင် ပြောနေကျစကားရှိပါတယ်

Fan သတ်ရင် Idol သေတယ်တဲ့
အဲ့လိုပါဘဲ....ဝန်ထမ်းသတ်ရင် အစိုးရသေပါတယ်
တိုင်းပြည်လည်း မုချနစ်မွန်းပါတယ်

တကယ့်လက်တွေ့မှာတော့ ပြည်သူကို မျက်နှာမမူတဲ့ အတွေးအခေါ်တွေ
ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရသွားနေတဲ့လမ်းမှာ ဟပ်ထိုးလဲစေမယ့် ခြေထိုးနေတာတွေနဲ့ဘဲ ဒီတက္ကသိုလ်ဟာ တိုင်းပြည်ဘဏ္ဍာကို ဖြုန်းတီးနေသလားဆိုတာ နောက်အပိုင်းမှာ တင်ပြပါအုံးမယ်
(အခုရေးသားထားသော ရေးသားချက်များအားလုံးကို ကျွန်တော့ အနေနဲ့ အပြည့်အ၀တာဝန်ယူကြောင်း အာမခံပါသည်)

ဇီးပင်ကြီး စစ်တမ်း ( အပိုင်း သုံး )

``ပလုံ ပလုံ မြည်သွားသော ၂၅၂ သိန်းနှင့် ဖော်ရှိုးနိုင်ငံတော်ကြီးတည်ထောင်တော်မူခဏ်း´´

အလုပ်တခု အောင်မြင်တယ် မအောင်မြင်ဘူုးဆိုတာ အဆိုပါအလုပ်ကထွက်လာတဲ့ result ပေါ်အခြေခံပါတယ်။ ဘယ်လောက်ဘဲ ပြဲနေအောင်လုပ်လုပ် Result က မကောင်းရင် ပင်ပန်းတာဘဲ အဖက်တင်ပါလိမ့်မယ် ။
#ပြာသာပြာတယ်ဖွဲမထွက်ဘူး ဆိုတဲ့ စကားပုံလိုပေါ့ ။

အခု ဗ၀တ နှစ်ကျောင်းမှာလဲ အဲ့လိုပါဘဲ ၊
(1) မိမိတို့ သင်ကြားပို့ချလိုက်တဲ့ ပို့ချချက်တွေဟာ သင်တန်းသားတွေရဲ့ တဦးချင်းစီဘ၀မှာ ဘယ်လောက်များ အကျိုးရှိသွားလဲ ၊
(2) ၀န်ထမ်းတဦးချင်းစီကနေရော ၀န်ထမ်းလောက ကိုဘယ်လောက်သက်ရောက်မှူ ရှိသွားလဲ

ဒီသက်ရောက်မှု ကရော ပြည်သူကို ဘယ့်လောက် အကျိုးရှိသွားစေလဲ

တဖန် ဒီလို Training ရထားတဲ့ ၀န်ထမ်းတွေကရော ပြည်သူကို ဘယ့်လောက်မျက်နှာမူသလဲ စသဖြင့် စသဖြင့် အားလုံးက တခုနဲ့တခု ဆက်စပ်မှု ရှိနေပါတယ်။

ဒီ ၀န်ထမ်းတက္ကသိုလ် နှစ်ခုကနေ တိုင်းပြည်ဘဏ္ဍာကို သုံးစွဲနေတာ မနည်းပါဘူး
ကျွန်တော်တို့ အရာထမ်းလောင်းအခြေံသင်တန်းဆိုရင် သင်တန်းသားတယောက်ရဲ့ အစားအသောက်အတွက် တနေ့စာ နေ့တွက်စားရိတ်က ၇၀၀ ကျပ်ပါ ။
တယောက်ကို ၇၀၀
ဆယ်ယောက်ဆို ၇၀၀၀
အယောက်တရာ ၇၀၀၀၀
ကျွန်တော်တို့သင်တန်းသည် အယောက် ခြောက်ရာနီးပါးရှိတော့ လေးသိန်းနှစ်သောင်း
တရက်ကို ၄၂၀၀၀၀ ကျပ်. တလကို ၁၂၆ သိန်း
သင်တန်းကာလက နှစ်လဆိုတော့ ၂၅၂ သိန်း 😆😆😆

ဒီကုန်ကျစရိတ်သည် အရာထမ်းလောင်းအခြေခံ အထူးသင်တန်း အမှတ်စဉ် (၅) တခုတည်း အတွက် ကုန်ကျစရိတ်ပါ ။
ကျွန်တော်တို့သင်တန်း တက်နေစဉ် အတွင်းမှာ တခြားသော သင်တန်းအမျိုးအစားတွေဟာလည်း တပြိုင်တည်း တနှစ်ပတ်လုံး အဆက်မပြတ်ရှိနေတာပါ ၊

ရာထူးမြင့်သင်တန်းတွေဆိုရင် နေ့တွက်စားရိတ်သတ်မှတ်ချက်က ပိုများပါတယ်၊
ဒီတော့ သင်တန်းသားတွေအတွက် ကုန်ကျစားရိတ်တွေ တက္ကသိုလ် ကြီး တခုလုံးက ၀န်ထမ်းတွေရဲ့လစာတွေ တက္ကသိုလ်ကြီးလည်ပတ်ဖို့အခြားသော အသေးသုံး အကြီးသုံး နဲ့တကွ အထွေထွေအသုံးစရိတ်တွေနဲ့ တွက်ကြည့်ရင် တိုင်းပြည်ဘဏ္ဍာ ကိုမနည်းမနောသုံးစွဲထားတာပါ

ဒီလို နိုင်ငံတော်က အကုန်အကျခံနေလို့သင်တန်းသားတွေဘက်ကလည်း ကုန်ကျစားရိတ်မရှိဘူးလားဆိုတော့ အဲ့လိုလည်း မဟုတ်ပြန်ပါဘူး ။

ဒီသင်တန်းလာတက်ဖို့ ၀ယ်၇ခြမ်းရကုန်ကျစားရိတ်တွေ သင်တန်းတက်နေစဉ်မှာ အမျိုးမျိုးသော ကုန်ကျစားရိတ်တွေ ခရီးသွားလာရစရိတ်တွေ နဲ့ ထိုက်သင့်သလောက်တော့ ကုန်ကျတာပါဘဲ၊ အထူးသဖြင့်တော့ တဦးချင်းစီမှာ ပေးဆပ်လိုက်ရတဲ့ အချိန်တွေက ပိုလို့ တန်ဖိုးရှိတာအမှန်ပါ
ဒီတော့ ဒီလိုတွေအကုန်အကျခံပြီးမှ ထိုက်သင့်တဲ့ အကျိုးရလဒ်ရော ရကြရဲ့လား

``နိုင်ငံတော်ဘက်ကရော ကုန်ကျခံလိုက်ရတာနဲ့ တန်တဲ့ ၀န်ထမ်းတွေ ရလိုက်ရဲ့လား´´

``သင်တန်းသားတွေဘက်ကရော ကိုယ်ပေးလိုက့်် ရတဲ့ အချိန်တွေအတွက် အကျိုးရှိတာကို
မြိုးမြိုးမြတ်မြတ်ရလိုက်ရဲ့လား ´´

ဆိုတာကို ကျွန်တော်တို့ ၀န်ထမ်းတွေ နဖူးပေါ်လက်တင်ပြီး စဉ်းစားချိန်တန်နေပါပြီ

ဒီတက္ကသိုလ်ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က လက်ရုံးရည် နှလုံးရည် နဲ့ပြည့်စုံတဲ့ ပြည်သူ့ဝန်ထမ်းတွေကို မွေးထုတ်ပေးဖို့်ပါ ။
လက်ရုံးရည် ဆိုတဲ့နေရာမှာ ၀န်ထမ်းတွေရဲ့ သက်ဆိုင်ရာလုပ်ငန်းခွင်မှာ ကျွမ်းကျွမ်းကျင်ကျင် စွမ်းဆောင်နိုင်မှုကို ဆိုလိုတာပါ ။
အခု ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်တန်းသားတွေကို သင်နေရတဲ့ သိုင်းသင်တန်းတွေကို မဆိုလိုပါဘူးနော်😂😂😂
ဤကားစကားချပ်
( အင်းပေါ့လေ ……နိုင်ငံတော်ကြီးကို စစ်လက်နက်အားကိုးနဲ့မှ ကာကွယ်နိုင်မယ်လို့ ထင်နေကြတဲ့ အထုံကလည်း ဖျောက်ဖို့အတော်ခက်တာပါကလား အရပ်ကတို့ရေ😆😆😆)

အရေးကြီးဆုံးက နှလုံးရည်တဖြစ်လဲ Mindset ပါ ။
Mindset သည် အင်မတန့် အင်မတန်မှကို ပြောင်းလဲဖို့ခက်ပါတယ်
လက်ရှိ မြန်မာနိုင်ငံ ၀န်ထမ်းလောကကို လေ့လာကြည့်ရင် သုံးမျိုးသုံးစားတွေ့ရပါလိမ့်မယ်

ပထမ အမျိုးအစားကတော့ ပြီးခဲ့တဲ့ အာဏာရှင်စနစ်မှာ အသားကျပြီးသား ထိုစဉ်ကရွှေရောင်တောက်ပခဲ့သော နေ့ရက်များကိုသာ နှစ်သက်သဘောကျပြီး လက်ရှိ ဒီမိုကရေစီ စနစ်နဲ့ အံချော်နေတတ်သောာ ပြန်လည်တမ်းတ ငယ်ဘ၀ ပိုင်ရှင်များ
( ဒီဝန်ထမ်း အမျိုးအစားကတော့ နည်းပါတယ်)

ဒုတိယအမျိုးအစားကတော့ ခေတ်စနစ်ြ့ကီးကို ပြောင်းလိုက်မဟဲ့ အလုပ်တွေကို ကြိုးစားလုပ်လိုက်မဟဲ့ လို့ကြုံးဝါးကာ ကြိုးစားနေသော ၀န်ထမ်းများ
( ဒီအမျိုးအစားကလည်း ၊ များသောအားဖြင့်ကတော့ ၀န်ထမ်းပါးမ၀သေးတဲ့ သစ်လွင်ဝန်ထမ်းပေါက်စလေးတွေ များပါတယ်)နည်းတော့နည်းသေးပါတယ်

တတိယအမျိုးအစားကတော့ မလုပ် မရှုပ် မပြုတ် ထားရာစေ နေရာသွား ပြန်မပြော ခိုင်းတာမှန်သမျှ ပြန်လှန်မေးခွန်းမထုတ်ဘဲ အကုန်လုပ်ပေးတတ်သော ဘာသိဘာသာ နေတတ်တော်မူပေထသော အကြင် ၀န်ထမ်းအမျိုးအစားသည်ကတော့ အများစုပင်ဖြစ်ချေတော့သည်တကား......

ဝန်ထမ်းလောကမှာအရိုးစွဲနေတဲ့ mindset ကို လက်ရှိသွားနေတဲ့ ဗ၀တမှာသင်ကြားနေတဲ့ ပုံစံနဲ့တော့ ဘယ်လိုမှ အစွဲချွတ်လို့ရမှာမဟုတ်ဘူးဆိုတာ မြေကြီးလက်ခတ်မလွဲပြောရဲတယ်။

ဘာလို့လဲ........ ရှင်းပြပါရစေ
သင်တန်းသားတွေကို သင့်တင့်လျောက်ပတ်တဲ့ အိပ်ဆောင်မစီစဉ်ပေးနိုင်တော့ ဘားတိုက်တခုထဲမှာ အယောက် အစိတ်လောက်ထည့်ထားရတယ် ။ ဒီအယောက် အစိတ်က တယောက်ချင်းစီရဲ့ ပစ္စည်းတွေနဲ့ဆိုရင် ဘားတိုက်က ကြွက်သိုက်သာသာဖြစ်သွားမှာဆိုတော့ နေ့လည်နေ့ခင်း လြူ့ကီးတွေလာစစ်တဲ့အခါ တခါတရံ သသည်တော်တွေကို လိုက်ြ့ပတဲ့အခါ အရာရာဟာ အစီစဉ်တကျနဲ့ သန့်ရှင်းသပ်ရပ်နေပါတယိလို့ ယူဆသွားအောင် ၇ှိသမျှပစ္စည်း စတိုထဲသိမ်းကြုံးထည့်လို့ အိပ်ရာပေါ်မှာ Kit ခင်းခိုင်းတယ်
#ဒါဟာ For Show ဘဲ

လက်ခုပ်တီးရင် အခမ်းအနားအဖွင့် အပိတ်ဆိုရင် ဘယ်နှစ်ချက် မိန့်ခွန်းပြီးသွားရင် ဘယ်နှစ်ချက်ဘဲတီးရမယ်ဆိုပြီး ကြိုတင်မှာထားတယ်
#ဒါဟာ For Show ဘဲ

လူကြီးတွေနဲ့ သည်တွေလာရင် ဒံပေါက်တို့ ၀က်သားဟင်းတို့ချက်ပြီး ဒီလူကြီးတွေ ည်တွေကိုပါ
သင်တန်းသားတွေနဲ့ ထမင်းအတူစားခိုင်းတယ် ၊
#ဒါဟာလည်း For Show ဘဲ

သင်တန်းဆင်းစုပေါင်း ဓါတ်ပုံရိုက်ဖို့ဆြို့ပီး ရှိသမျှ သင်တန်းသားအကုန်လုံးကို အရပ်တိုင်းပြီး အနိမ့်အမြင့်စီတယ် ။ ၇ီဟာဇယ်လုပ်တယ်
#ဒါတွေဟာလည်း for Show ဘဲ

သင်ခနုးစားတွေပို့ချပြန်တော့ရော မူဝါဒနဲ့ မကိုက်ညီတာတွေကို သင်တဲ့ဆရာတွေက သူတို့ရဲ့ Emotion အရ ထည့်ပြောကြတယ်

သင်တန်းကာလတွေမှာ ဖော်ရှိုးတွေ သင်ရင် သင်တန်းသားတွေက ဖော်ရှိုးတွေဘဲ တတ်မှာဘဲ
ဖော်ရှိုးတွေတတ်ပြီး လုပ်ငန်းခွင်ထဲ ရောက်သွားတော့ဖော်၇ှိုးအလုပ်တွေလုပ်ကြ့ပီး ဖော်ရှိုးသမ္မတမြန်မာနိုင်ငံတော်ကြီးကိုတည်ဆောက်ကြပေရော့ဘဲ

ဒါကိုပြင်ချင်ရင် ရာထူးဝန်အဖွဲ့အနေနဲ့ အမြစ်ကစပြီးဖြတ်မှဘဲရမှာ
သားဖွားဆရာမ တိုက်နယ်ဆရာဝန် လက်ထောက်ဆရာဝန် အငယ်တန်းစာရေး ရုံးအုပ် အထက်တန်းစားရေး စတဲ့ တကယ့်အောက်ခြေက ၀န်ထမ်းတွေရဲ့ အသံကို များများနားထောင်ပေးပါ
တကယ့် On Ground မှာ ဘာတွေဖြစ်နေလဲ ၀န်ထမ်းတွေမှာ ဘာအခက်အခဲတွေကြုံနေကြလဲ
ဒါတွေကို အခြေခံပြီးမှ
ဝန်ထမ်းတွေရှဲ့Quality ကိုတိုးတက်စေဖို တကယ်တမ်းလက်တွေ့ကျတဲ့ သင်တန်းတွေ မွမ်းမံတွေ ဖွင့်လှစ်ကြပါလို့ အလေးအနက်တိုက်တွန်းလိုက်ရပါတယ်

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပြည်သူ့ဝန်ထမ်းများ စကားဝိုင်း ဆိုတာမျိုးလည်း မြင်ပါရ ကြားပါရစေ

ခုနစ်ပြည်ထောင်မင်းသားတွေဟာ တက္ကသိုလ်ပြည်ကြီးမယ် အဌာရသ ဆယ့်ရှစ်ရပ်တွေ သင်ကြာြး့ပီး မိမိတို့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေပြန်ရောက်တဲ့အခါ မှာ ယခုလို ဇီးပင်ကြီးစစ်တမ်းမျိုးတွေလည်း နောက်ထပ်နောက်ထပ်မရေးပါရစေနဲ့လို့ ဆုတောင်းရင်း

Dr. Soe Thuya Zaw

#Copy Credit.....
.
.
...........................
.
Dr. စိုးသူရကျော်
သူလုပ်ချင်လို့ လုပ်တာပဲ..
လုပ်ရပ်က ကောင်းလွန်းတော့ ညံ့ဖျင်းတဲ့ ဗဟိုဝန်ထမ်း တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ကို အကြီးကျယ် ထိခိုက်တယ်။ စာထုတ်ပြီး D.E တရားခံ စစ်ဆေးဖို့ လုပ်တော့.. အခု တနိုင်ငံလုံး ပျားအုံတုတ်ထိုးသလို ဖြစ်သွားပြီ။ လူကောင်းတွေ ငြိမ်နေရင် လူဆိုးတွေ ဆက်ကြီးစိုးနေမယ်.. ဒီတော့ လူကောင်းတွေ Dr. စိုးသူရကျော် ကို ဝန်းရံကြပါ။
ရှယ်ကြပါ..။
........................
.
အင်ဂျင်နီယာ လူငယ်တွေ
လဲ ဒီလို ညံဖျင်း ရုံမက လိမ်လည်တဲ့ လူကြီးတွေကို ဖော်ထုတ် နေကြပါတယ်။ ဘယ်သူ့ မှမထိခိုက် စေလိုပါ။ လူလိမ် တင်ထွန်း ဆိုတဲ အင်ဂျင်နီယာ အတုကြီး. ကို MEngC က မစီစစ်နိုင်ပဲ..
.................
....အမြင့်ဆုံး ပရိုဖက်ရှင်နယ် P.E ဘွဲ့ပေးရုံသာမက ၊
....အမြင့်ဆုံး အင်ဂျင်နီယာတက္ကသိုလ် YTU(RIT ကြို့ကုန်း) မှာ ဧည့်ပါမောက္ခ ရာထူးပေးတယ်။
....အာစီယံနိုင်ငံများ ကလဲ P.E လက်မှတ်ချီးမြှင့်တယ်။
.................
အခု အားလုံး ပြန်ရုတ်သိမ်းလိုက်ပြီး၊ ဒီလူလိမ်ကို လိမ်လည်မှု ပုဒ်မ၄၂၀ နဲ့ တရားစွဲတယ် ဆိုပေမဲ့ အမှု က နှစ်ချီကြာနေပြီ။
.
လူလိမ် တင်ထွန်း အေးအေးဆေးဆေး မြန်မာပြည်မှာ ရှိနေတယ် သိရတယ်။ သူ့ကို အရေးယူ ထေါင်၁လ ဖြစ်စေ ပြစ်ဒဏ်ချနိုင်မှ ကျနော်တို့ အင်ဂျင်နီယာ လောက အနာဂါတ်မျိုးဆက်သစ် အတွက် အားအင်သစ် ဖြစ်မယ်။ အင်ဂျင်နီယာ အများစု စိတ်ထား ပိုကောင်းလာကြပါမယ်။
..
ဖတ်ရှုသူ အားလုံးကို ကျေးဇူးတင်ပါကြောင်း။
.
ဇော်အောင်(မုံရွာ) MZawAung
24.Dec.2018
..............