Monday, July 2, 2018

CPF အကြောင်း ရေးခဲ့တာ ပြန်ရှယ်ပါတယ်...




CPF အကြောင်း ရေးခဲ့တာ ပြန်ရှယ်ပါတယ်... 
စင်ကာပူ ဘာကြောင့် ချမ်းသာသလဲ၊ ဂျပန်ဘာကြောင့် ချမ်းသာသလဲ၊ တောင်ကိုးရီးယား၊ တရုပ်တို့ ဘာကြောင့် ကြွယ်ဝချမ်းသာလာကြသလဲ .. ဆိုတာ ခေါင်းဆောင်ကောင်းလို့ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းက စနစ်တစ်ခုကို တည်ထောင်ပါတယ်။ ခေါင်းဆောင်သစ်များက ခေါင်းဆောင်ပျိုးထောင်ရေး စနစ်၊ မျိုးဆက်သစ်ကို အမြဲရှင်သန်စေပါတယ်။ 
.
စင်ကာပူ နိုင်ငံ ရဲ့ တိုးတက်မှုအတွက် ရေတို၊ ရေရှည် စီမံကိန်းများစွာ ခေါင်းဆောင် များက ဖော်ဆောင်ရာမှာ ချွေတာစုဆောင်းခြင်း၊ စုဆောင်းငွေကို တိုးပွားစေခြင်း နည်းပညာကို အစ္စရေးလူမျိုးများ၊ တရုပ်လူမျိုးများ ထံမှ ရယူ လက်တွေ့ကျင့်သုံးခဲ့ပါတယ်။ အစ္စရေး ဆီက ရရှိတဲ့ ပြည်သူလူထု ငွေစုစနစ်အကြောင်းပါ။ သူ့နိုင်ငံသားတွေကို မစုမနေရ၊ စင်ကာပူက CPF ဘဏ်ထဲစုခိုင်းတာပဲ. .အခု အမေရိကားတောင် CPF ပုံစံ 501(c) ဆိုလား.. လုပ်နေတယ်.. ကိုယ်ဒေမှာတော့ လစာထုတ်ရင် တပတ်တွင်း ကုန်သုံး. .ပြီးတော့ ၃ပတ် ငပိနဲ့စား.. အတိုးနဲ့ချေး လစာထုတ်တော့ အကြွေးရှင်တွေပေးရလို့ သားရေကွင်းပဲကျန်..
.
လူမှုဖူလုံရေး အလုပ်ရှင်၅% . အလုပ်သမား ၅% စုဆောင်းစနစ်လဲ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ဂျပန်. စင်ကာပူကုမဏီတွေပဲ မြန်မာပြည်မှာ ကျင့်သုံးကြပါတယ်။ မြန်မာကုမဏီများလဲ ကျင့်သုံးရပါမယ်။ 
.
.
.
စင်ကာပူက CPF ဆိုတဲ့ ဘဏ်စနစ်တစ်ခုအကြောင်း (National Interest) .ဇူလိုင် ၂၂၊ ၂၀၁၄
ငွေစုဆောင်းခြင်း အကျိုးကျေးဇူး၊ ရလဒ်များကို စင်ကာပူ-လက်ထောက်ဝန်ကြီးက ပါလီမန်မှာ ရှင်းပြနေပုံ ဖြစ်ပါတယ်။
.
မြန်မာနိုင်ငံ အစိုးရဝန်ထမ်းများ လစာရဲ့ ၆% စုဆောင်းတဲ့စနစ် Social Security Fund ကို စတင်အကောင်ထည်ဖေါ်တော့မယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဇူလိုင် ၂၀၁၄ ထုတ်ပြန်ချက်ကို ကြိုဆိုပါတယ်။ ငွေစုဆောင်းခြင်းဟာ လူတိုင်းနှစ်သက်ပေမဲ့ လက်တွေ့လုပ်ဖို့အလွန်ခက်ပါတယ်။ အထူးသဖြင့် မြန်မာပြည်လို လစာက၊ စားသောက်စရိတ်တောင် မနည်းဖြည့်ဆည်းနေတဲ့ နိုင်ငံမျိုးမှာပို ပိုပြီးခက်ခဲလှပါတယ်။
.
စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကို သုတေသနစာစောင်၊ ဆောင်းပါး၊ စာအုပ်များစွာ ထုတ်ဝေ၊ လုပ်ဆောင်နေသူဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုလျှော့ချရေးစီးပွားမူဝါဒ စာအုပ်၊ စာ-၁၃၄ မူဝါဒ(၇) မှာ ” ကိုယ်ကျိုးအတ္တကြီးသူများ၊ ခေတ်နောက်ပြန်ဆွဲသူများ၊ မည်သူတေတေ ငတေမာရင်ပြီးရော ဆိုသူများသာ ကြီးစိုးလွှမ်းမိုးနေလျှင် မည်သည့်နိုင်ငံမျှ၊ မည်သည့် သဘာဝသယံဇာတများ၊ မည်မျှပေါကြွယ်နေစေကာမူ ယင်းနိုင်ငံသည် ဆင်းရဲမြဲ၊ ဆင်းရဲနေမည်ကို ယနေ့ကမ္ဘာ့နိုင်ငံများတွင် တွေ့မြင်နိုင်သည်၊ ထို့ကြောင့် ခရိုနီစီးပွားရေးပုံသဏ္ဍန်ကို ပပျောက်စေရန် လိုအပ်ပေသည်။…” လို့ ရေးသားထားပါတယ်။ နိုင်ငံတော် စုဆောင်းမှုနှုန်းအကြောင်း စာ-၁၉၆ မှာလည်း “၁၉၆၀ ပတ်ဝင်းကျင်က ထိုင်းနိုင်ငံ၏စုဆောင်းမှု ပျှမ်းမျှ ၂၀% မှ ၁၉၉၀နှစ်များတွင် ၃၅% အထိတိုးတက်လာသည်။ စုဆောင်းမှု Saving မှ ရင်းနှီးမြှတ်နှံမှု Investment သို့ပြောင်းလဲနိုင်လာပြီး၊ ထိုင်းနိုင်ငံ၏ နိုင်ငံတော်ငွေ Capital Stock တိုးတက်လာသည်။ “.. လို့ ရေးသားထားပါတယ်။
.
.
နိုင်ငံကြီးပွားတိုးတက်ရန် ခေါင်းဆောင်ကောင်းများ၊ နိုင်ငံရေး၊စီးပွားပေါ်လစီများ၊ လက်တွေ့လုပ်ငန်းပရိုဂျတ်များစွာမှာ “စုဆောင်းခြင်း” ဟာ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်အတွက် လတ်တလော အကျိုးကြီးစွာ မဖြစ်နိုင်ပေမဲ့ မိမိနှင့်မိသားစုအတွက်မူ အလွန်အကျိုးများပါတယ်။
.
မြန်မာအစိုးရ ဒု-သမ္မတ စိုင်းမောက်ခမ်းနဲ့အဖွဲ့ ဇူလိုင်-၂၀၁၄ စင်ကာပူခရီးစဉ် ရောက်ရှိပါတယ်။ စင်ကာပူ၊အမေရိကန်၊ဂျပန်၊တောင်ကိုးရီးယား နိုင်င်ငံများဟာ မြန်မာခေါင်းဆောင်များ စံနမူနာယူရင်း၊ ခဏခဏ သွားလာပါတယ်။ ဝန်ကြီးများ၊ ဌာနဆိုင်ရာအရာရှိကြီးများ၊ ပုဂ္ဂလိကလုပ်ငန်းရှင် များစွာလည်း လေ့လာရေးသွားလေ့ရှိပါတယ်။ လေ့လာစရာများစွာ ဥပမာ လာဘ်စားမှု၊ ရထား၊ကားလမ်းများ၊ မြို့ပြလုပ်ငန်းများ၊ CPF ဘဏ် ချွေတာစုဆောင်းရေး စသဖြင့် လေ့လာကြပါတယ်။
.
နိုင်ငံတိုင်း၊ မိသားစုတိုင်း လူမှုပြသနာများ၊ အခက်ခဲများကို စနစ်တကျ၊ လေ့လာဆန်းစစ်လိုက်ရင် ဇစ်မြစ် ၇၀% သော ဇစ်မြစ်တွေဟာ စားဝတ်နေရေး မလုံလောက်လို့ ဆိုတာကို လူမှုပညာရှင်များ တွေ့ရှိကြပါတယ်။ စားဝတ်နေရေး ဆိုတာ အခြေခံလူ့တန်းစားအဆင့်ကို ဆိုလိုပါတယ်။ မိသားစု၎ဦး အိမ်ထောင်ကို တစ်နေ့ကျပ်၂၀၀၀ နဲ့ စာဝတ်နေရေး၊ အဆင်ပြေနိုင်မလား ဆိုတာကို ကမ္ဘာ့ဆင်းရဲမွဲတေမှုမျဉ်းကြောင်း Poverty Line နဲ့သတ်မှတ်ပါတယ်။ ဆင်းရဲမွဲတေမှုမျဉ်းကြောင်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူပါဘူး။ ကုလသမဂ္ဂနဲ့ကမ္ဘာ့ဘဏ်အပါဝင် အဖွဲ့စည်းပေါင်း ၂၃ခု ကမ္ဘာ့ဆင်းရဲမွဲတေမှု လူတစ်ယောက် ဒေါ်လာ ၁.၂၅ လို့သတ်မှတ်ထားပါတယ်။
.
အဲဒီဇယား www.unicef.org (2011 data) မှာ မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှု မထည့်ထားပါဘူး။ 
.
၂၀၁၄ မြန်မာသမ္မတပြောကြားချက်၊ “လူ၎ဦးမိသားစုတစ်ခု-တစ်နေ့ကျပ်၂၀၀၀” နဲ့တွက်ရင် ဒေါ်လာ ၀.၅၀ လို့သတ်မှတ်ရပါမယ်။ 
.
.
အိမ်ထောင်တစ်ခုဟာ တစ်နေ့ကျပ်၂၀၀၀ မရှာနိုင်ရင် ဘယ်လိုဖြစ်မလဲ ပြသနာဖြစ်ပြီပေါ့။ ကျပ်၂၀၀၀ ဆိုတာ တောနယ်က ဟင်းသီးရွက်နဲ့ စားသောက်တဲ့ စရိတ်ပါ။ မြို့ပေါ်မှာတော့ လူတစ်ယောက် တနေ့ကျပ်၅၀၀၀ မရှာနိုင်ရင် ပြသနာဖြစ်ပြီပဲ။ ကိုယ့်ပိုက်ဆံ ကိုယ်ပဲကိုင်ထားချင်တာပေါ့။ ငွေကြေးနဲ့ကြောင့် လူမှုပြသနာ ၇၀% ဖြစ်ရတယ်ဆိုရင်၊ ငွေကိုချွေတာဖို့ လက်တွေ့လုပ်ရမှာပါ။ မြန်မာနိုင်ငံလိုမျိုးမှာတော့ လိုင်စင်၊ပါမစ် ရလိုက်သူတွေပဲ ချမ်းသာတယ်။ ငွေစုတဲ့လူတွေ မချမ်းသာဘူး ပြောကြမလား။ ကိုယ့်မိတ်ဆွေများကို ဆန်းစစ်ကြည့်ပါ။ ငွေစုနိုင်တဲ့ မိသားစုတွေ ပြသနာနည်းပါးတယ် ဆိုတာတွေ့ရပါလိမ့်မယ်။
.
ပြည်သူလူထု စားဖို့တောင် မနည်းရှာရတယ်။ အလုပ်ကိုင်တောင် ရှာဖွေမပေးနိုင်တာ၊ ငွေစုဆောင်းဖို့ မလွယ်ဘူး ပြောပါတယ်။ ဘယ်သူမှာ သူတို့လစာငွေ ၅%၊ ၁၀% ကိုဖြတ်တောက်ပြီး စုခိုင်းရင်၊ စိတ်ဆိုးကြမှာချည်းပါပဲ။ ဒါပေမဲ့ ပြည်သူလူထုအတွက် အစိုးရက စုဆောင်းပေးမှုနဲ့ စတင်ရပါမယ်။ အစိုးရက မစုဆောင်းနိုင်သေးရင်လဲ ကိုယ့်အလုပ်သမား၊ ကိုယ့်တူ၊သားသမီးများကို စုဆောင်းဖို့ အားပေး၊ အလေ့ကျင့်လုပ်နိုင်သူတွေ နောက်၁၀နှစ်ကြာရင် လူမှုပြသနာနည်းမယ် ဖြစ်ပါတယ်။ စကားမစပ် ရေးရရင် ဘာသာရေးကိုင်ရှိုင်းသူဟာ ရောင့်ရဲမှုရှိလို့ ငွေစုနိုင်ပါတယ်။ သူတို့မိသားစုမှာ ပြသနာလည်းနည်းပါတယ်။
.
.
အဖေ၊အမေ မစုဆောင်းနိုင်ရင်၊ နှစ်ကြာလာချိန် မိသားစု ဒုက္ခရောက်ပါတယ်။ မြန်မာအစိုးရ မစုဆောင်းနိုင်လို့ ကမ္ဘာ့အဆင်းရဲဆုံး ဖြစ်နေတာ အစိုးရရုံးတိုင်းမှာ အောက်ပါဆိုင်းဘုတ်လေး ကပ်ထားဖို့ကောင်းပါတယ်။ အဂတိလိုက်စားမှု မြန်မာက ၂၀၁၂ထက် ၆ဆင့် တိုးတက်လာတယ်လို့ ကမ္ဘာဒီယားအထက် ရောက်သွားပါတယ်။ ဆက်ကြိုးစားနေပါတယ်။ 
.
.
.
စင်ကာပူ CPF ဘဏ်ငွေစုဆောင်းခြင်းရလဒ်များ
.
စင်ကာပူနိုင်ငံသားတွေကို မစုမနေရ၊ အလုပ်လုပ်နေသရွေ့ စုဆောင်းဖို့အတွက် CPF ဘဏ်ကို ၁၉၅၅ခုနှစ်က စတင်ခဲ့ပါတယ်။ အစ္စရေးနဲ့စင်ကာပူအစိုးရ အကြံဥာဏ်နဲ့ စငွေကြေးပညာရှင်များ ပူးပေါင်းပြီး တည်ထောင်ခဲ့ပါတယ်။ လူအများစုဟာ ငွေရလာရင် သုံးစွဲမိမယ်၊ စီးပွားရေးလုပ်ရင်း လုံးပါးသွားလေ့ရှိပါတယ်။ ဒါကြောင့် လူအများစုရဲ့ ဝင်ငွေကိုမစုမနေရ အစိုးရကစုဆောင်းစေပါတယ်။ အထူးသဖြင့် အစိုးရဝန်ထမ်းနဲ့ကုမ္ပဏီကြီးများကို ပါဝင်လာအောင် ဆွဲဆောင်ပြီး၊ အဲဒီစုဆောင်းငွေကနေ ဝန်ထမ်းကို အကြွေးစနစ်နဲ့ တန်ဖိုးနည်းအိမ် HDB flat အစိုးရက ဆောက်လုပ်ရောင်းချပေးခြင်းနဲ့ပဲ စတင်ပါတယ်။ 
.
စင်ကာပူ CPF ဘဏ်စနစ်နဲ့ HDB flats တွေ ဆောက်ဖို့ကြံရွယ်တဲ့အချိန်မှာ မြန်မာပြည် ဦးနုအစိုးရက ပြည်တော်သာစီမံကိန်းနဲ့ ရန်ကင်း တိုက်ခန်းများစွာ ဆောက်လုပ်ပြီးစီးနေပါပြီ။ စင်ကာပူအစိုးရက ပြည်တော်သာစီမံကိန်းကို လာရောက်၊ လေ့လာခဲ့ရပါတယ်။ ၁၉၆၀ကတည်းက တိုက်တွေ ဆောက်လုပ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ မြန်မာပြည်လို ၄ထပ်တိုက်ခန်းတွေပါ။ အခုတော့ စင်ကာပူအိုးအိမ်ဌာနကြီးဟာ အထပ်မြင့် HDB flats တိုက်ခန်းစုစုပေါင်း ၁သန်းကျော်နဲ့ (Key Statistics, 1,011,027 units, 2012) စင်ကာပူနိုင်ငံသားများကို နေစရာအိမ် ဆောက်ပြီး၊ CPF စုဆောင်းငွေနဲ့ ရောင်းချပြီးခဲ့ပါပြီ။ ဆက်ဆောက်နေဆဲဖြစ်ပါတယ်။
.
ပြည်သူလူထု ဝန်ထမ်းများရဲ့ CPF ဘဏ်မှာ စုဆောင်းငွေဟာ နေအိမ်ဝယ်ခြင်း၊ ဆေးကုသစရိတ် နဲ့ အသက်ကြီးတဲ့အချိန် ပင်စင်ငွေ စသည်တို့အတွက်ဖြစ်ပါတယ်။ အလုပ်သမားက လစာရဲ့ ၂၀%ကို ထည့်ရပြီး၊ အလုပ်ရှင်ကလည်း ၂၀% လိုက်ထည့်ပေးရပါတယ်။ အလုပ်သမားရဲ့ အသက်၊ လစာပေါ်မူတည်ပြီး ထည့်ရတဲ့ ရာခိုင်နှုန်းမတူပါဘူး။ မိမိစုဆောင်းထားတဲ့ ငွေကို ဘယ်လောက်ရှိနေပြီ။ အတိုးနှုန်းဘယ်လောက်ရတယ် စသဖြင့် အင်တာနက်အွန်လိုက်က အချိန်မရွေးကြည့်နိုင်ပြီး၊ ငွေစာရင်းရှင်းတမ်း စာရွက်လည်း စာတိုက်က မှန်မှန်ပို့ပေးလျှက်ရှိပါတယ်။
စင်ကာပူမှာ အမြဲနေထိုင်ခွင့်ရသူများ PR, Permanence Resident များအတွက် CPF ဘဏ်စုဆောင်းငွေဟာ အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ စင်ကာပူက အပြီးထွက်ခွာတော့မယ် ဆိုရင်၊ ဒီစုဆောင်းငွေ အားလုံးကို စင်ကာပူအစိုးရက အတိုး၊ အရင်း အားလုံး ၁၀ရက်အတွင်း ပြန်ထုတ်ပေးလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ စင်ကာပူနိုင်ငံသား Citizen များအတွက်ကတော့ ဒီငွေကို ဘယ်သောခါမှ ပြန်ထုတ်မရအောင် စနစ်တကျစီမံထားပါတယ်။ 
.
အလွန်များပြားတဲ့ ငွေကြေးဖြစ်လို့ နိုင်ငံတော်ဓနဥစ္စာများမှာ CPF ဘဏ်စုဆောင်းငွေများဟာ အဓိကကျပါတယ်။ စင်ကာပူမှာရှိတဲ့ ဘဏ်အားလုံးထက်သာအောင် အတိုးနှုန်းပေးပါတယ်။ CPF စုဆောင်းငွေမလိုတဲ့ လူတန်းစားကတော့ သူဌေး၊ လုပ်ငန်းရှင်များ ဖြစ်ပါတယ်။ သူတို့ကတော့ ငွေကို စနစ်တကျကိုင်တွယ်တတ်တော့ သူတို့ပိုက်ဆံကို CPF ဘဏ်ထဲ စုပုံမထည့်ကြပါဘူး။ အလုပ်သမား ဝန်ထမ်းတွေပဲ သူတို့ဝင်ငွေရဲ့ ၃၀% ကို စုရပါတယ်။
.
.
ဥပမာ Salary Income $3000, Employee CPF Contribution 18% သာမန်ဘွဲ့ရတစ်ယောက် တစ်လကို ဒေါ်လာ ၃၀၀၀ ဝင်ငွေရှိရင်၊ ၃ပုံတစ်ပုံ (ဒေါ်လာ ၁၀၀၀) CPF စုဆောင်းငွေ ဖြစ်သွားပါတယ်။ ဒီတော့ ဝန်ထမ်းတစ်ဦးဟာ တစ်နှစ်ကို ဒေါ်လာ $12,000 စုဆောင်းပြီး၊ အနှစ်၂၀ကျော်ရင် အတိုးအရင်းပေါင်း၊ ဒေါ်လာ၅သိန်းလောက် ဖြစ်လာပါတယ်။ ဒါပေမဲ့ သာမန်အများစု ဝန်ထမ်းတွေက တစ်လကို ဒေါ်လာ တစ်ထောင်ကျော်ပဲ ရပါတယ်။ သူတို့အတွက်လဲ CPF ဘဏ်စုငွေက တစ်လ ဒေါ်လာ ၃၀၀ ဆိုရင် တစ်နှစ်ကို $3600 စုဆောင်းနိုင်ပါတယ်။ အနှစ်၂၀ ဆိုရင် အတိုးအရင်းပေါင်း ဒေါ်လာ တစ်သိန်းနီးပါး စုဆောင်းနိုင်မှာဖြစ်ပါတယ်။ ဒီစုဆောင်းငွေနဲ့ပဲ အိမ်အကြွေးဝယ်နိုင်အောင်၊ အသက်၆၅နှစ်ကျော်ရင် လစဉ် ဒေါ်လာ၅၀၀လောက် အငြိမ်းစားပင်စင်ပေးနိုင်အောင် လုပ်ထားတဲ့ စနစ်ကြီးဖြစ်ပါတယ်။
.
.
CPF ဘဏ်ရဲ့ ဝက်ဆိုဒ် www.cpf.gov.sg မှာအသေးစိတ်များ ကြည့်နိုင်ပါတယ်။ ဥပမာ လစာရင်းနဲ့အချိန်ပို တစ်လကို ဒေါ်လာတစ်ထောင် ဝင်ငွေရှိရင် ဝန်ထမ်းလက်ထဲ ဒေါ်လာ၈၀၀ ရပါတယ်။ စုဆောင်းငွေ တစ်လဒေါ်လာ ၃၆၀ ($360) ဖြစ်ပါတယ်။ အောက်ပါအတိုင်း ဝန်ထမ်းလစာက စုငွေ ၂၀% = $200၊ ကုမ္ပဏီက ထပ်ဆောင်းပေးငွေ ၁၆% $160၊ စုဆောင်းငွေကို ဘဏ်အကောင့်၃ခု Ordinary, Special, Medisave ဆိုပြီး ခွဲပေးထားပါတယ်။ တကယ်တော့ စုစုပေါင်းလစာ $1160 ရတယ်လို့ပြောရပါတယ်။ စုဆောင်းငွေက $360၊ လက်ကျန်အသားတင် ရငွေက $800 ဖြစ်ပါတယ်။ နဲနဲရှုပ်ပေမဲ့ ဝန်ထမ်းရော၊ ကုမ္ပဏီရော၊ အစိုးရရော သုံးဦး၊ သုံဖလှယ် ကျေနပ်အောင် လုပ်ပေးထားခြင်းဖြစ်ပါတယ်။
.
Example.
Basic Salary = $700
Additional OT wages = $300
Total wages = $1000
Employee’s share of CPF contribution 20% = $200
Employer’s share of CPF contribution 16% = $160
Employ take home = $800.
Total CPF contribution = $360
Published on: July 8, 2014
.
.
.
CPF ဘဏ်စုဆောင်းငွေစနစ်၏ အကျိုးကျေးဇူးများ
အိမ်ပိုင်ဆိုင်စေခြင်း
ပထမဆုံး အကျိုးမြတ်ကတော့ ၁၀နှစ်လောက် စုဆောင်းပြီးရင်၊ အစိုးရရဲ့ အိမ်တစ်လုံး ဝယ်နိုင်ပြီ ဖြစ်ပါတယ်။ အိမ်ဈေးရဲ့ ၂၀%ကို CPF ငွေနဲ့ပေးလို့ လောက်ငှရင်၊ ကိုယ့်ပိုက်ဆံ မပါပဲ အိမ်ဝယ်လို့ရပါတယ်။ မလောက်ရင်တော့ အိမ်တန်ဖိုးရဲ့ ၂၀% ပြည့်အောင် ကိုယ့်ပိုက်ဆံ ထည့်ပေးရတယ်။ အဲဒီ CPF ဘဏ်စနစ်ကြောင့် စင်ကာပူ မိသားစုတိုင်း အိမ်ပိုင်ဆိုင် ကြပါတယ်။ အိမ်ဖိုးကျန်တဲ့ ၈၀% ကိုလည်း CPF လစဉ်ထည့်ငွေနဲ့ အရစ်ကျပေးနိုင်တော့ ကိုယ့်လက်ထဲက ပိုက်ဆံတောင် မကုန်တော့ပါဘူး။ အိမ်ပိုင်ဆိုင် စေခြင်းဟာ စင်ကာပူ CPF စနစ်ရဲ့ အဓိက အချက်ဖြစ်ပါတယ်။ စင်ကာပူ နိုင်ငံသားများအတွက် စား၊ဝတ်၊နေရေးကို အစိုးရက ဖန်တီး ပေးရမယ် ဆိုတဲ့အတိုင်း စား၊ဝတ်၊ နေရေးအတွက် အလုပ်အကိုင်များစွာ ဖန်တီးပေးထားပါတယ်။ ဟုတ်ပါတယ်။ လုပ်ရည် ကိုင်ရည် ရှိသူများက ဝင်ငွေ ကောင်းလွန်းပြီး၊ လူအများစုက သာမန်ဝင်ငွေပဲရပါတယ်။ အလုပ်ရှိပေမဲ့ သာမန်ဝင်ငွေပဲရှိသူအတွက် ငွေစုဆောင်းဖို့ဆိုတာ အပြောလွယ်၊ အလုပ်ခက်ပါပဲ။ အိမ်ပိုင်ဖို့ဆိုတာ ဝေးလှပါတယ်။ CPF စနစ် အောင်မြင် သွားတဲ့ အတွက် စင်ကာပူမှာ နိုင်ငံသားမိသားစုတိုင်း အစိုးရ ဆောက်ပေးတဲ့ တိုက်ခန်း HDB Flat ပိုင်ဆိုင်ခွင့် ရကြပါတယ်။
.
.
မိမိနှင့်မိသားစု ဆေးကုစရိတ်
စင်ကာပူမှာ ကျန်းမာရေးအာမခံ၊ အလုပ်ရှင်တိုင်းက တာဝန် ယူရပါတယ်။ ဒါကြောင့် အလုပ်သမား ဆေးခန်းသွား၊ ဆေးရုံတက်ရရင်၊ ကုမ္ပဏီက တာဝန်ယူ၊ ကုန်ကျစရိတ်ကို အာမခံကုမ္ပဏီက ပေးပါတယ်။ သို့သော် မိမိရဲ့ မိသားစု နေမကောင်း၊ ဆေးရုံတက်ရင် အာမခံမရှိလို့ ငွေကြေးကုန်ကျပါတယ်။ CPF ဘဏ်စနစ်ကို မိမိ မိသားစုကိုလည်း ကျန်းမာရေးအာမခံ (Medi-shield) ပေးထားလို့ ဆေးရုံစရိတ် မကုန်ပါဘူး။ ဒါပေမဲ့ သတ်မှတ် ထားတာထက် ပိုကုန်ရင်တော့၊ CPF ကျန်းမာရေး ရံပုံငွေထဲက ထုတ်ယူ သုံးစွဲကြပါတယ်။ ဒါကြောင့် မိမိ စုဆောင်းငွေ များကို မိမိနဲ့မိသားစု ဆေးရုံတက်ရရင် ငွေမရှိလို့ ပူစရာ မလိုပါဘူး။ CPF စနစ်က တာဝန်ယူပါတယ်။
.
.
အသက်အာမခံ၊ သားသမီးပညာရေး၊ စတော့ရှယ်ယာ
စင်ကာပူ နိုင်ငံသားသား အားလုံးနီးပါး CPF အသင်းဝင် များဖြစ်ပါတယ်။ သူတို့အတွက် အကောင်းဆုံး၊ အသက်အာမခံ မဝယ်မနေရ၊ အစိုးရက ဒီစုဆောင်းငွေ ကိုသုံးပြီး ဝယ်ခိုင်းပါတယ်။ ဥပမာ တစ်နှစ် ဒေါ်လာ၇၀ ပေးရတယ်ဆိုရင်၊ အကြောင်းမလှလို့ ကိုယ်သေဆုံး သွားရင်၊ အသက် အာမခံငွေ ဒေါ်လာ၅သောင်း ကျန်ခဲ့တဲ့ ဇနီး၊ မိသားစု ရရှိပါတယ်။ ကင်ဆာ၊ နှလုံးရောဂါ လို ကုသစရိတ် ကြီးတဲ့ရောဂါရပြီး၊ ခွဲစိတ် ကုသရရင်လဲ အသက် အာမခံက ပြန်ပေးပါတယ်။ ကိုယ့်ရဲ့ CPF စုဆောင်းငွေနဲ့ ကိုယ့်ဇနီး၊ သားသမီးများ အတွက် အသက် အာမခံဝယ်ပေး လို့လဲ ရပါတယ်။ စုဆောင်းငွေ များစွာ ရှိသူများကတော့ သားသမီးများ ပညာရေး၊ အစိုးရ သတ်မှတ်ပေးတဲ့ စတော့ ရှယ်ယာများ ဝယ်ယူရေး တွေမှာ CPF စုဆောင်းငွေကို အသုံးပြုခွင့် ပေးထား ပါတယ်။
.
.
အငြိမ်းစားယူချိန်ငွေထုတ်ပေးခြင်း (ပင်စင်)
မိမိအသက်၅၅နှစ်ပြည့်ရင် CPF ဘဏ်ကနေ၊ အငြိမ်စား ငွေကို ချန်တားပြီး၊ ပိုတဲ့ငွေ ကို ပြန်ပေးပါတယ်။ အသက်၆၅နှစ် နောက်ပိုင်းမှ ကျန်တဲ့ငွေထဲက လစဉ်ငွေ ပင်စင်အဖြစ် ထုတ်ပေးပါတယ်။ အသက်၅၅နှစ် ကျော်ပေမဲ့ အလုပ်လုပ်နိုင်သေးလို့ ဆက်လုပ်ရပါတယ်။ ဒါပေမဲ့ အကြောင်း တစ်စုံတရာ (ဥပမာ ကျန်းမာရေးကြောင့်) အလုပ်မလုပ်နိုင်တော့ဘူးဆိုရင် ထောက်ခံစာရွက်စာတန်များ ပြပြီ၊ လစဉ်ေ ထာက်ပုံကြေး ရနိုင်ပါတယ်။ မိမိ စုဆောင်းငွေကို မိမိကပဲ ပေးရပါတယ်။ အစိုးရဘဏ်က ငွေတွေကို သိမ်းထားပြီး၊ နှစ်စဉ် အတိုး တွက်ချက်ပြီး၊ ပေးပါတယ်။
ဥပမာ ဒေါ်လာ ၂သိန်းလောက် စုမိနေသူဟာ အိမ်ဝယ်ဖို့ ၆သောင်း နှုတ်လိုက်ပြီး၊ ကျန်တဲ့ငွေတွေကို အစိုးရ CPF ဘဏ်မှာပဲ ထည့်ထားရပါတယ်။ ကျန်းမာရေးအတွက်လည်း ဒေါ်လာ ၄သောင်း ၈ထောင်ထိ ဖယ်ထားလို့ရပါတယ်။ ဒီငွေနဲ့ပဲ ဆေးကုသခြင်း နဲ့ ဆေးဖိုး ဝါးခ ပေးရပါတယ်။ CPF ဘဏ်ထဲက ကျန်းမာရေး စရိတ် မလောက်ငှရင်တော့ ဆေးရုံ ကုန်ကျစရိတ်ကို ငွေလက်ငင်း (သို့မဟုတ်) အရစ်ကျနဲ့ပဲ ပေးရပါတယ်။ 
.
.
.
အလားတူ နိုင်ငံတကာအစိုးရများ၏ ဝန်ထမ်း၊အလုပ်သမား ငွေစုစနစ်များ
အမေရိကန်နဲ့ဥရောပ နိုင်ငံများက အခွန် Tax ဆိုပြီး လစာငွေထဲက တိုက်ရိုက် ဖြတ်ချ လိုက်ပါတယ်။ လစာရဲ့ ၄၀% အထိ ဖြတ်ချပါတယ်။ အမေရိကန်မှာ Social Security လို့ခေါ်ပါတယ်။ အစိုးရက အဲဒီငွေတွေကို ပြည်သူလူထု အတွက် သုံးစွဲပါတယ်။ အလုပ်လက်မဲ့ ဖြစ်ချိန် ထောက်ပံ့ကြေး ရရှိပါတယ်။ ကျန်းမာရေး၊ ပညာရေး စတဲ့လူမှု ရေးရာများမှာ အထူးနှုန်းတွေနဲ့ အစိုးရက ထောက်ပံ့ ပေးပါတယ်။ အထူးသဖြင့် အသက်ကြီးချိန် နေထိုင် စားသောက်ရေးကို အစိုးရက တာဝန်ယူတဲ့အပြင်၊ လစဉ် ထောက်ပံ့ကြေး ငွေလည်း ပေးပါတယ်။ ဆေးကုသ ခွင့်လဲ ပေးပါတယ်။ ၁၉၆၀ နောက်ပိုင်းမှာ အားနည်းချက် များစွာ ရှိလာတဲ့အတွက် ကိုယ်ပိုက်ဆံနဲ့ ကိုယ့်ကိုယ်ကို ပြန်ထောက်ပံ့တဲ့ စင်ကာပူ CPF စနစ်ကို နိုင်ငံ တော်တော်များများ ပြောင်းလဲ ကျင့်သုံးလာပါတယ်။
.
.
မလေးရှား EPF ဘဏ်စနစ်
၁၉၅၁မှာ စတင်ခဲ့ပါတယ်။ အလုပ်ရှင်နဲ့အလုပ်သမား နှစ်ဦး၊ လစဉ် စုဆောင်းငွေ ဖြစ်ပါတယ်။ အလုပ်သမားအတွက် အငြိမ်းစားယူဖို့နဲ့ အတွေထွေ စရိတ်များ အတွက်ပါ။ ၂၀၁၂မှာ အသင်းဝင်ပေါင်း ၁၃.၆သန်း ရှိနေပြီး ၆.၄သန်းဟာ ပုံမှန် ထဲ့ဝင်သူများ ဖြစ်ပါတယ်။ မလေးရှား နိုင်ငံသားတွေ စုဆောင်း ထားတဲ့ ငွေကြေးက RM526.8 billion ဖြစ်နေ ပါပြီ။
.
.
ဗီယက်နမ် Social Insurance System
အရင် ကတော့ အစိုးရဝန်ထမ်း၊ ပင်စင် လစာငွေပဲ ရှိခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်ကစပြီး Social Insurance System ကို အစိုးရ ဝန်ထမ်းများနဲ့ စတင်ပါတယ်။ စင်ကာပူ CPF စနစ်လိုပဲ လစာရဲ့ ၆% ကို စုဆောင်းရပါတယ်။ ၂၀၁၂မှာ ၇%၊ ၂၀၁၄မှာ ၈% တိုးပြီး စုဆောင်းဖို့ ကြေငြာ ထားပါတယ်။ စင်ကာပူနဲ့ မတူတာကတော့ ဗီယက်နမ် လစာငွေ နည်းလို့ လူတွေက မစုချင်ပါဘူး။ ဒါကြောင့် အစိုးရဝန်ထမ်း တွေကတော့ မစုမနေရဖြစ်ပြီး၊ နေအိမ်၊ ကျန်းမာရေး၊ ပညာရေး၊ အငြိမ်းစား ထောက်ပံ့ငွေများ ခံစားရပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီ ဝန်ထမ်းများ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်သူများအတွက် ဆွဲဆောင်မှုပေးရပါတယ်။ အငြိမ်းစားထောက်ပုံကြေး ဆိုတာက အဝေးကြီးလိုသေးတော့ လူထုစိတ်မဝင်စားပါဘူး။
.
ဒါကြောင့် လူထုစိတ်ဝင်စားတဲ့ အလုပ်လက်မဲ့ ဖြစ်ရင် Unemployment Benefit စုဆောင်းငွေထဲက လစဉ်ပြန်ထုတ် သုံးခွင့် ပေးထားပါတယ်။ အလုပ်လက်မဲ့ ဖြစ်သွားရင် ကိုယ်စု ထားတဲ့ နောက်ဆုံး၆လ ပျှမ်းမျှ စုဆောင်းငွေကို အလုပ် သစ်ရတဲ့အထိ လစဉ်ပြန်ထုတ် သုံးခွင့်ပေးပါတယ်။ မိသားစု အတွက် နေအိမ်၊ ကျန်းမာရေး၊ ပညာရေး စရိတ်များလည်း အာမခံ လုပ်ငန်းနဲ့တွဲပြီး ခံစားခွင့် ပေးပါတယ်။ ပိုပြီးစုဆောင်းလိုသူများ၊ ကိုယ်ပိုင် လုပ်ငန်း လုပ်သူများအတွက် Voluntary Social Insurance စနစ်ကို ၂၀၀၈မှာ ပြဌာန်း ထားပါတယ်။ အလုပ်သမား ၁၈% စုဆောင်း ရပါတယ်။ မပေးနိုင်တဲ့အချိန် ရပ်လိုရပါတယ်။ ဒီစုဆောင်း ငွေတွေ ရှိနေရင် အစိုးရထံမှ အထူး အခွင့်အရေး၊ အိမ်အကြွေး ဝယ်ယူခွင့်၊ ကျန်းမာရေး၊ ပညာရေး အာမခံ ခံစားခွင့်များ နဲ့ဆွဲတောင်ပြီး၊ ငွေစုဆောင်းဖို့ အားပေးခြင်း ဖြစ်ပါတယ်။
.
.
ဖိလစ်ပိုင်နိုင်ငံမှာတော့ Social Security System
အမေရိကန် အုပ်ချုပ်စဉ် ကတည်းက Social Security System ဆိုပြီး စနစ်တကျ လုပ်ဆောင် ပေးခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ပြီး ကာလမှာ ဂျပန်ပြီးရင်၊ ဖိလစ်ပိုင် နိုင်ငံဟာ အာရှမှာ အချမ်းသာဆုံး နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း အာဏာရှင် စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ မားကို့စ် ခေတ်မှာ၊ ဝိသမ ခရိုနီစနစ် ကြီးထွားလာပြီး၊ တိုင်းပြည် ဆင်းရဲသွားပါတယ်။ မြန်မာပြည် ထက်တော့ အများကြီး သာပါတယ်။ အမေရိကန် နိုင်ငံအတိုင်း Social Security Fund လုပ်ပေးခဲ့တာလဲ အစိုးရ ဝန်ထမ်း လောက်ပဲ ခံစားခွင့် ရပါတယ်။ လူထုအတွက် အကျိုး သက်ရောက်မှု မရှိတော့ပါဘူး။
.
ဒါကြောင့်ပဲ စင်ကာပူ CPF စနစ်ကို အထူးသဖြင့် အရှေ့တောင် အာရှနိုင်ငံများ မလေးရှား၊ ဗီယက်နမ် တို့ ကော်ပီကူးချ ကျင့်သုံးနေပါပြီ။ အမေရိကန် မှာတောင် 401(k) ဆိုတဲ့ စင်ကာပူလို စနစ် ပေါ်နေပါပြီ။ အမေရိကန် ကုမ္ပဏီ ဝန်ထမ်းများဟာ လက်ရှိ Social Security Fund ကိုပဲ ထည့်မလား၊ အသစ်ဖြစ်တဲ့ 401(k) ကိုပဲ ထည့်မလား ဆုံးဖြတ် ရပါတယ်။
.
.
.
CPF အလားတူ၊ နိုင်ငံတကာ စုဆောင်းငွေ စနစ်များ ကတော့..
EPF Employee Proficient Fund (Malaysia)
Social Insurance System (Vietnam)
Social Security System SSS (Philippine)
National Social Security System (Indonesia)
National Insurance (UK)
Social Security in France
South African Social Security Agency
Social Security (United States)
Social Security (Sweden)
Social Security (Australia)
Israel -Social Security and Welfare စသည်တို့ ဖြစ်ပါတယ်။
လက်ရှိမြန်မာလူထုနှင့်အစိုးရဝန်ထမ်းစုဆောင်းစနစ်
.
.
.
မြန်မာနိုင်ငံမှာ အစိုးရ ဝန်ထမ်းများကို ငွေစုဆောင်း စနစ် မရှိပါဘူး။ ယခင်ကတော့ မြန်မာ အသက်အာမခံ လုပ်ငန်းကပဲ အစိုးရဝန်ထမ်း စုဆောင်းငွေ စနစ် ရှိခဲ့ပါတယ်။ နောက်ဆုံး မြန်မာပြည် စစ်အာဏာရှင် များက ငွေစက္ကူ တရားမဝင် ကျေငြာခြင်း၊ ဘဏ်များကို တရားမဝင်ေ ကျငြာခြင်း စတဲ့ ပြည်သူလူထုငွေကို လုယက်၊ ဓါပြတိုက်တဲ့ လုပ်ရပ်များ ကြောင့် ဘဏ်မှာ ငွေစုခြင်းစနစ် မြန်မာပြည်မှာ ပျောက်ဆုံး သွာှးပါတယ်။ မြန်မာအစိုးရ ထုတ်တဲ့ ငွေစက္ကူ၊ မြန်မာပြည်က အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ် အားလုံးဟာ ယုံကြည်မှု ပျက်ပြား သွားခဲ့ပါတယ်။ 
.
၂၀၁၁ ဒီမိုကရေစီ (ဆိုတဲ့) အစိုးရသစ် တက်လာပြီး၊ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ခြောက်ကျပ်ခွဲ ပုံသေ သတ်မှတ်ထားချက်ကို ရုတ်သိမ်းပြီး၊ အမေရိကန်ဒေါ်လာကို ပြည်တွင်းမှာ တရားဝင်ကိုင်ဆောင်ခွင့်ပေးခဲ့ပါတယ်။ ပုဂ္ဂလိက ဘဏ်များကို လုပ်ပိုင်ခွင့်များ၊ အာမခံများ ပေးခြင်းနဲ့ မြန်မာလူထုက ဘဏ်များအပေါ် ယုံကြည်မှုရှိလာပါတယ်။ လူအများ ဘဏ်များမှာ ငွေ စုဆောင်းတဲ့ အလေ့ကျင့် ပြန်လည် နိုးထ လာခဲ့ပါတယ်။ မြန်မာ ငွေဆို လက်ထဲ မထားပဲ ငွေပိုရှိလာရင် ရွှေ၊ငွေ၊ အိမ်မြေ၊ တယ်လီဖုန်း၊ ကား စသဖြင့် ဝယ်ယူ သိမ်းဆည်း ထားတဲ့ အကျင့်ကနေ အခု ဘဏ်မှာ ငွေစုတဲ့စနစ်၊ ဒေါ်လာများ လက်ဝယ် သိမ်းထားခြင်း၊ ဘဏ်မှာ ကန်ဒေါ်လာ စုဆောင်းခြင်း စသဖြင့် တိုးတက်လာပါတယ်။
.
လက်ရှိ မြန်မာပြည်မှာ အစိုးရ ဝန်ထမ်းများကတော့ ပင်စင် ခံစားခွင့်ရှိပါတယ်။ သာမန် ဆေးခွင့်ရတာက လွဲပြီး၊ ဝန်ထမ်း မိသားစု ကျန်းမာရေး၊ ပညာရေး ဘာအာမခံချက်တစ်ခုမှ မရှိပါဘူး။ ပြည်သူလူထု အထူးသဖြင့် တောင်သူ လယ်သမားများဟာ အလွန် ဆင်းရဲ မွဲတေနေပါတယ်။ ကိုယ်မွဲတေ နေတာတောင် ကိုယ်မသိတာပဲ ကောင်းပါတယ်။ မိသားစု တစ်ခု တစ်ရက် ကျပ်၂၀၀၀ ဆိုလောက်တယ် လို့ပြောတော့ မြို့နေလူထုက ဝိုင်းဝန်း ရှုံ့ချကြတယ်။ တောမှာတော့ ကောင်းကောင်း လောက်ငှပါတယ်။ အသားဟင်း တခါတလေမှ စားတဲ့ တောင်သူ လယ်သမားများ လယ်ယာသီးနှံပဲ စားသောက်တော့ ငွေမကုန်ပါဘူး။ ဒါပေမဲ့ ကမ္ဘာ့အဆင့်မှာ ဆင်းရဲမွဲတေအဆင့် ရောက်နေလို့ နိုင်ငံတကာအဖွဲ့အစည်းများက ဆင်းရဲမွဲတေမှုလွတ်မြောက်ရေး ပရိုဂျက်များနဲ့ ငွေချေးပေး၊ အကူညီ ပေးနေပါတယ်။ 
.
.
ကုလအဖွဲ့များ၊ ကမ္ဘာ့ဘဏ်၊ အာရှဘဏ်၊ ဂျပန်ဂျိုက်ကာ၊ အိုင်အမ်အက်ဖ် ငွေကြေးများစွာကို အစိုးရဝန်ထမ်းများက ကိုင်တွယ်သုံးစွဲရတဲ့အတွက် အစိုးရဝန်ထမ်းလောကမှာ ငွေကြေး အဆင်ပြေ လာပါတယ်။ အဂတိ အလွန်ကျွန် မဖြစ်အောင် ထိန်းနိုင်မယ် မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဝန်ထမ်း အများစုက လစာ၊ မိုဘိုင်းဖုန်း SIM card လောက်ပဲ ရရှိနေပြီး၊ အာမခံစနစ်ဆိုလို့ ကျန်းမာရေးတစ်ခုခုဖြစ်ရင် သိန်းနဲ့ချီကုန်ကျစရိတ်ကို ဘယ်ဝန်ထမ်းမှ မတတ်နိုင်ပါဘူး။ ငွေရွှင်တဲ့ ဝန်ထမ်းပဲ မိသားစုကျန်းမာရေး၊ ပညာရေး စရိတ်ကြီး များကို တတ်နိုင်ပါတယ်။ 
.
အများစုဝန်ထမ်း များဟာ ဘဏ်မှာ စုဆောင်းဖို့ နေနေသာသာ နေစရာ အိမ်တောင် မရကြပါဘူ။ နေပြည်တော်က အစိုးရဝန်ထမ်း များကတော့ နေစရာ တိုက်ခန်းတွေ ရထားလို့ တော်ပါသေးတယ်။ တိုက်ခန်းကို ငှားစားခွင့် မရှိပါဘူ။
.
.
ခြုံကြည့်ရင် နိုင်ငံတော် အစိုးရ ဝန်ထမ်းများက စတင်ပြီး စင်ကာပူ CPF စနစ်လို ငွေ စုဆောင်းတဲ့ စနစ် အမြန်ဆုံး လုပ်ဖို့လိုနေပါတယ်။
.
မြန်မာပြည် လာရောက်တဲ့ စင်ကာပူ ကုမ္ပဏီ လုပ်ငန်းရှင်များက ဝန်ထမ်းများကို CPF စနစ်လို၊ စုဆောင်း စေပါတယ်။ ဝန်ထမ်း ၅%၊ ကုမ္ပဏီ ၅% စုဆောင်းပေးပြီး၊ အလုပ်ထွက်ရင် အကုန်ပြန် ထုတ် ပေးပါတယ်။ ဝန်ထမ်းကလည်း အပြင်မှာ လုပ်တာထက် လစာများတယ်၊ အလုပ်ပြုတ်ဖို့မရှိဘူး။ ခွင့်၊ ဆေးခွင့်၊ ဆေးကုသခွင့် စရိတ်များလည်း ပေးတော့ နိုင်ငံခြား ကုမ္ပဏီမှာ မြန်မာတွေ တော်တော် လုပ်ချင်ကြပါတယ်။ စင်ကာပူက ပြန်လာပြီး မြန်မာပြည်မှာ လုပ်ငန်းလုပ်တဲ့ မြန်မာများလည်း သူ့ဝန်ထမ်းကို ငွေစုတဲ့ စနစ်နဲ့ မစုမနေရ စုဆောင်း စေပါတယ်။ နှစ်ဦးနှစ်ဘက် အကျိုးရှိပါတယ်။ တစ်ခုခု ကျန်မာရေး၊ လူမှုရေး ပြသနာဖြစ်ရင် ကုမ္ပဏီ ဝန်ထမ်းရဲ့ စုဆောင်းငွေ ရှိနေတော့ အရေးပေါ်သုံးစွဲနိုင်ပါတယ်။ အလွန် အကျိုးရှိတဲ့ စနစ်ဖြစ်လို့ နိုင်ငံတော်အစိုးရက မကျင့်သုံး နိုင်သေးခင် စိတ်သဘော မှန်တဲ့၊ လုပ်ငန်းရှင် များများက စုဆောင်း ပေးမှုကို ဝမ်းမြောက်စွာ ကြိုဆို ပါတယ်။
.
.
.
စုဆောင်းငွေဖြင့်နေစရာအိမ်ရရှိရေး
ဘာဖြစ် မြန်မာပြည်ဝန်ထမ်းများ ငွေစုဆောင်း ဘဏ်စနစ်တစ်ခု အမြန်လိုသလဲ ဆိုတော့ နေစရာ အိမ်ဈေး အရမ်း ကြီးလာလို့ ဖြစ်ပါတယ်။ အထူးသဖြင့် ဝန်ထမ်းတိုင်းကို မြေကွက် ချရောင်းပေးဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။ သူတို့ခမြာလည်း အများစု အဂတိမကင်းနိုင်ပေမဲ့ လက်ရှိ မြန်မာနိုင်ငံက ဈေးကြီး လွန်းတဲ့ အိမ်ခြံမြေ ဝယ်နိုင် လောက်အောင် ငွေမရှိကြပါဘူး။ ဌာနမှုး၊ ဦးစီးမှု၊ ညွှန်မှုး၊ ညွှန်ချုပ် အဆင့်တွေ ကတော့ မြေကွက် များစွာ ပိုင်ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အများစုမှာ အငြိမ်းစား ယူရင် နေစရာအိမ်မရှိပါ။
.
မြန်မာပြည်မှာ အထူးသဖြင့် ရန်ကုန်မြို့ထဲမှာတောင် မြေကွက်လွတ်တွေ တစ်ပုံကြီး တွေ့နေရပါတယ်။ ဘာလုပ်ဖို့လဲ။ အစိုးရ ဝန်ကြီးဌာနတွေနဲ့စစ်တပ်ပိုင် မြေတွေ မြေငှားစာချုပ်တွေ လုပ်စား နေကြပါတယ်။ လုပ်ဖို့လဲ ကြံနေကြပါတယ်။ ဒီခရိုနီ အပေါင်းပါ စစ်ဗိုလ်များ၊ အစိုးရ အရာရှိကြီးပဲ ချမ်းသာရင်၊ ဆက်ချမ်းသာ နေတာ တော်သင့်နေပါပြီ။
.
ဒါကြောင့် မြန်မာနိုင်ငံ အစိုးရ ဝန်ထမ်းများကို မြေကွက် ချပေးတဲ့ အစဉ်အလာ ရှိပါတယ်။ လုပ်သက် နှစ်ပေါင်းများစွာ ရှိတဲ့ ဝန်ထမ်းကို သက်ဆိုင်ရာ မြို့နယ်များမှာ မြေကွက်ဖေါ်ပြီး မြေရောင်း ချပေးပါတယ်။ အရစ်ကျ ပြန်ဆပ်ရပါတယ်။ ဒီနည်းလမ်းနဲ့ ၁၉၈၈မတိုင်မီက တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ စတဲ့ မြို့သစ်များ ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၉၈၈ အရေးအခင်း နောက်ပိုင်းမှာတော့ လှိုင်သာယာ၊ ရွှေပေါက်ကန်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ပတ္တမြားမြို့သစ် စသဖြင့် နေရာ ချထား ပေးပါတယ်။ ဝန်ထမ်းများကို အရစ်ကျ ရောင်းချပေးပြီး၊ ရန်ကုန်မြို့ထဲ ကျူးကျော်နေထိုင်သူများကိုလဲ လူမရှိတဲ့ ရွဲ့ဗွက်တွေမြေတွေမှာ မြေကွက် ရောင်းချပေးခဲ့ပါတယ်။ 
.
အခုအစိုးရသစ် တက်လာပြီး ၃နှစ်အကြာမှာ ဝိသမခရိုနီများနဲ့ ဝိသမအစိုးရ အရာရှိကြီးများက ဝိုင်းဝန်း ဖန်တီးပေးလိုက်လို့ တစ်နိုင်ငံလုံး အိမ်မြေဈေးတွေ ကမ္ဘာ့ ဈေးအကြီးဆုံးအဆင့် တမဟုတ်ချင်း ရောက်သွားပါတယ်။ ဒါကို အရှေ့တောင် အာရှအဆင့် ဈေးမှန်ရောက်ဖို့ အစိုးရဦးစီးပြီး မြို့သစ်ဖေါ်၊ မြေကွက်များ အရစ်ကျနဲ့ရောင်းချ၊ တန်ဖိုးနည်း အိမ်ယာများ ဆောက်ပြီး ရောင်းချ ပေးလိုက်ရင် အချိန်တိုအတွင်း အိမ်ခြံ မြေဈေး တည်ငြိမ် သွားမှာ ဖြစ်ပါတယ်။ 
.
.
.
Richest Man in Babylon ဆိုတဲ့စာအုပ်
.
ချွေတာ စုဆောင်းခြင်း အားဖြင့်၊ ဘဝကို တည်ဆောက်ဖို့ လမ်းညွန် ထားတဲ့ အလွန် ကောင်းမွန်တဲ့ စာအုပ်ဖြစ်ပါတယ်။ ဆရာဖေမြင့် ဘာသာပြန်ပြန်ပြီး ” ဘေဘီလုံမှအချမ်းသာဆုံးပုဂ္ဂိုလ် ” အမည်နဲ့ ထုတ်ဝေ ခဲ့ပါတယ်။ လွန်ခဲ့တဲ့ အနှစ်၅၀၀၀ ဘေဘီလုံမြို့က လူချမ်းသာတစ်ဦး၊ အသုံးစွဲလွန်ပြီး အကြွေးတွေ မဆပ်နိုင်တော့လို့ ထွက်ပြေးရတယ်။ ငွေဖြတ်လမ်းနည်းနဲ့ ရှာဖို့ ဓါးပြဂိုဏးထဲ ရောက်ပြီး၊ အဖမ်းခံရလို့ အနိုမ့်ဆုံး ကျွန်လူတန်းစား အဖြစ် ရောင်းစား ခံရတယ်။ သခင်စိတ် ရှိတဲ့ ကျွန်ဖြစ်တဲ့ အတွက် ဘေဘီလုံမြို့ကို ပြန်လာပြီး၊ ကြွေးရှင်တွေကို အရစ်ကျ ပြန်ပေးပါမယ် ဂတိခံရင်း၊ နောက်ဆုံးမှာ ဘေဘီလုံမှ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သွားတဲ့ တကယ့် အဖြစ်ပျက်ပါ။ 
.
မှတ်တမ်း တင်ထားတဲ့ ကျောက်စာ တွေကို ဘာသာပြန်တဲ့ ရှေးဟောင်း သုတေသန ပါမောက္ခကြီးလဲ အသုံးစွဲ လွန်ပြီး အကြွေးတွေ အရမ်းထူနေတယ်။ လွန်ခဲ့တဲ့ အနှစ်၅၀၀၀ က ချွေတာ စုဆောင်းတဲ့ နည်းလမ်းနဲ့ လစဉ် စုဆောင်းခဲ့တယ်။ လင်မယား နှစ်ယောက် အသုံးစွဲ ဆင်ချင်တယ်။ နှစ်အနည်းငယ် အတွင်း တကယ်ပဲ အကြွေးဘဝက လွတ်မြောက် ခဲ့ရကြောင်း စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကို အမေရိကန် ဘဏ်တွေက လူတွေကို ချွေတာစုဆောင်းဖို့ ပညာပေးဖြန့်ဝေကြတယ်။ လူတွေကလည်း ခုချက်ခြင်း သူဌေးဖြစ်တဲ့နည်းကို၊ လိုင်စင်ပါမစ်နဲ့ ချမ်းသာနည်းတွေကိုပဲ ကြိုက်နှစ်သက်ကြတယ်။ 
.
.
Rich Dad စာအုပ်ကို ဖတ်ရင် လူတိုင်းချမ်းသာနိုင်တယ် လို့အားပေး ထားတဲ့အတွက် စာဖတ်သူကို လမ်းမှားကို ရောက်သွား စေနိုင်ပါတယ်။ မြန်မာပြည်လို စတော့ရှယ်ယာ၊ ဘွန်း ဈေးကွက်လုံးဝ မရှိတဲ့နိုင်ငံက လူတွေ မဖတ်သင့် ပါဘူး။ ချွေတာ စုဆောင်းတဲ့ အကျင့်ကို ပျိုးထောင် ပေးတဲ့ ” ဘေဘီလုံမှအချမ်းသာဆုံးပုဂ္ဂိုလ် ” စာအုပ်ကို ဖတ်ရင်အကျိုးများမှာပါ။
.
ငွေကို စုစေလို တဲ့အတွက် ဘဏ်များကို ငွေစုဘဏ်လို့ အမည်ပေးပါတယ်။ စင်ကာပူမှာတော့ အလုပ်သမား များအတွက် CPF ငွေစုဘဏ်၊ ကျောင်းသား မိသားစုများ အတွက်၊ POSB ငွေစုဘဏ် များရှိပါတယ်။ အဲဒီ အစိုးရပိုင်တဲ့ ဘဏ်များရဲ့ ရည်ရွယ်ချက် ကတော့ ချွေတာ စုဆောင်းရေးပဲ ဖြစ်ပါတယ်။
.
.
.
စင်ကာပူ CPF အကြောင်းကို စင်ကာပူမှာ နေထိုင်ခဲ့သူများ သိပါတယ်။ မြန်မာလို ရေးသားမှုတွေလဲ ရှိပါတယ်။ ဆရာအေးငြိမ်း(လေးမျက်နှာ) သူ့ရဲ့စာအုပ်မှာ ရော၊ သူ့ရဲ့ ဘလောက်ထဲမှာရော CPF ဘယ်လို ထည့်ဝင်ရတယ်။ ဘယ်လို အကျိုး ကျေးဇူးများ ရယူသင့်တာတွေ မြန်မာလို ဘာသာပြန်၊ အသေးစိတ် ရေးပြထားပါတယ်။ နောက် ဆောင်းပါးများမှာ ကိုးကား တင်ပြပါမယ်။ ဒီဆောင်းပါး မှာတော့ အကျဉ်းပဲ ရေးလိုက် ရပါတယ်။
.
.
.
စုဆောင်းခြင်းနဲ့ဘာသာရေးအမြင်
.
ဘာသာရေးအမြင်မှာ စုဆောင်းခြင်းနဲ့လှုဒါန်းခြင်း အတူတူပဲလို့ သတ်မှတ်ပါတယ်။ များများလှုဒါန်းနိုင်သူဟာ ကိုယ်ပိုင်ငွေလည်း စုဆောင်း၊ ကြီးပွားလေ့ရှိပါတယ်။ တချို့က အမြင်တစ်မျိုးနဲ့ ကိုယ့်လုပ်ငန်း ကြီးပွားအောင် လှုဒါန်းတာမျိုးက ဘာသာရေးကျင့်ဝတ်မဟုတ်ပါဘူး။ 
.
ဗုဒ္ဓဘာသာများ သူဌေးဖြစ်မဲ့လူတွေ ငယ်စဉ်ကတည်းက အလှုဒါန်းလုပ်ကြပါတယ်။ မွတ်ဆလင်များမှာလည်း နှစ်စဉ် ပိုင်ဆိုင်မှုရဲ့ ၂.၅% ကို ပေးလှုရပါတယ်။ ခရစ်ယာန်နဲ့ဂျူးတွေမှာတော့ ၁၀% ဆယ်ဖို့တစ်ဖို့ အလှုငွေပေးခြင်း ရှိပါတယ်။ ဘာသာတရားတိုင်းမှာ မရှိဆင်းရဲသူ၊ မိဘမဲ့၊ မုဆိုးမ များကို ပေးကမ်းလှုဒါန်းခြင်းကို အားပေးပါတယ်။ ဘဝပေးကုသိုလ်အရ ချမ်းသာနေသူများ၊ ဆင်းရဲမွဲတေသူတွေကို ကြည့်ရှုရပါမယ်။ ဒါကြောင့် လုပ်ငန်းပိုင်ရှင်၊ သူဌေးများက သူတို့အလုပ်သမားများကို စုဆောင်းစေသလို အချမ်းသာဆုံးဖြစ်တဲ့ အစိုးရမင်းများဟာ ပြည်သူလူထုကို စုဆောင်းဖို့ ပိုပြီး၊ စနစ်တကျ ကူညီရပါတယ်။ 
.
စုဆောင်းငွေကို တိုးပွားအောင် လုပ်နိုင်တာက အရည်အချင်းတစ်ခု ဖြစ်ပါတယ်။ တစ်ချို့ ငွေကြေးချမ်းသာပြီး၊ လှုဒါန်းခြင်းမလုပ်နိုင်ပါဘူး။ ဘာသာရေးအရဆိုရင် လူတွေဟာ စုဆောင်းထားတဲ့ ဥစ္စာကိုပဲ အမြဲစိတ်ရောက်လေ့ ရှိပါတယ်။ လှုဒါန်းမှု များများလုပ်နိုင်သူဟာ နောင်ဘဝအတွက် စုဆောင်းထားသူ ဖြစ်ပါတယ်။ တနည်းအားဖြင့် သေမှာမစိုးရိမ်တော့ပါဘူး။ သူက များများ လှုဒါန်းထားပြီးဖြစ်တော့ ဗုဒ္ဓဘာသာအရ နောင်ဘဝ ပိုပြီးကောင်းမယ်၊ ခရစ်ယာန်၊ မွတ်ဆလင် ဘာသာများအရ ကောင်းကင်ဘဏ္ဍာကို စွဲလမ်းပြီး၊ ကောင်းကင်ဘုံကိုရောက်မယ် လို့ဆိုပါတယ်။ ဒါကြောင့် စုဆောင်းခြင်း (လှုဒါန်းခြင်း) ဟာ ဒီဘဝမက၊ နောင်ဘဝအတွက်ပါ အလွန်အကျိုးထူးပါတယ်။
.
.
.
စုဆောင်းငွေကို တိုးပွားစေခြင်း
.
စင်ကာပူ-CPF ဘဏ်စနစ်-နိုင်ငံသား စုဆောင်းငွေ စနစ်ဟာ အခုကျင့်သုံးမှု နှစ်၅၀ ရှိသွားပြီဖြစ်ပါတယ်။ ၂၀၁၄မှာ စင်ကာပူဒေါ်လာ ၆၀၂ (US$ 490 billion) တိုးပွားလျှက်ရှိပါတယ်။ ဒီနည်းလမ်းကို အစ္စရေးလူမျိုး (ဂျူးလူမျိုး) များက သင်ပေး ခဲ့ပါတယ်။ ကမ္ဘာမှာ ဂျူးလူမျိုး ၁၃သန်းလောက်ရှိပြီး၊ အရှေ့အလယ်ပိုင်း အာရပ်လူဦးရေ သန်း၄၀၀ ကို အံတုပြီး၊ နေနိုင်ပါတယ်။ သူတို့ရဲ့ စိတ်ဓါတ်နဲ့ ငွေစုဆောင်း၊ စီးပွား လုပ်တတ်တဲ့ စရိုက်တွေကို စင်ကာပူက အတုယူပါတယ်။ အမေရိကန်ဂျူးလူမျိုး နိုင်ငံရေး၊ စီးပွားရေး၊ ပညာတတ်များ ကလည်း အစ္စရေးကို ပံ့ပိုးပါတယ်။ 
.
စင်ကာပူနိုင်ငံ စတင်ချိန် ၁၉၆၃ခုမှာ ခေါင်းဆောင်လီကွမ်းယူက အဂတိလိုက်စားမှုကို ပပျောက်စေခဲ့ပါတယ်။ နောက် CPF ဆိုတဲ့ လူတိုင်းကို ငွေစုဆောင်းစေပါတယ်။ အဲဒီငွေ ပမာဏဟာ မနည်းပါဘူး။ အောက်ပါ ဇယားကို စင်ကာပူအစိုးရ ဝက်ဆိုက်မှာ ပွင့်လင်း မြင်သာစွာ ဖေါ်ပြထားပါတယ်။ စင်ကာပူ နိုင်ငံရဲ့ အရံ ငွေကြေးကို GIC, Temasek, MAS ဆိုတဲ့ အစိုးရ အဖွဲ့စည်းသုံးခု Singapore Investment Corporation (GIC), Temasek Holdings (Temasek) and the Monetary Authority of Singapore (MAS) စီမံခန့်ခွဲပါတယ်။
.
ဒီဇယားမှာ MAS $304 billion, Temasek $198 billion , GIC $100 billion – စုစုပေါင်း စင်ကာပူဒေါ်လာ ဘီလျှံပေါင်း ၆၀၂ ($602 billion – ~US$ 500 billion) ရှိပါတယ်။ အလွန် များပြားလှတဲ့ ဒီ ငွေကြေးကို ပိုပြီး တိုးတက် များပြားစေဖို့ ရင်းနှီးမြှတ်နှံ၊ စီမံခန့်ခွဲပါတယ်။ စင်ကာပူ နိုင်ငံတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း၊ ပရိုဂျက်များနဲ့၊ နိုင်ငံတကာ ပရိုဂျက်တွေမှာ ရင်းနှီးမြှတ်နှံပါတယ်။ အများစု ဘီလျှံပေါင်းများစွာကို ကမ္ဘာကျော် စီးပွားရေးပါရဂူကြီးများကို ဒေါ်လာသန်းပေါင်းများစွာ လစာပေးပြီး ငှားပါတယ်။ အမြတ် ထွက်ရင် အချိုးကျ ဆုကြေး ပေးပါတယ်။
.
Role Model စံနမူနာပုဂ္ဂိုလ်နဲ့ နည်းပညာများ ဟိုးအဝေးကြီး ဂျာမဏီ၊ အမေရိကန်၊ ဂျပန် ..သွားကြည့်နေစရာမလိုပါဘူး။ အနီးနားလေးမှာပဲ ရှိနေပါတယ်ဗျာ…။
.
.
.
နိဂုံး
ဒီနည်းနဲ့ ကမ္ဘာ့ထိပ်တန်း ငွေကြေး ချန်ပီယံ များကို ခေါ်ပြီး စင်ကာပူ နိုင်ငံပိုင် အရံငွေကြေး Reserved Money တွေ တိုးတက်လာတာ အခုဘီလျံ ၆၀၀ကျော်နေပြီ ဖြစ်ပါတယ်။ အဲဒီ ငွေကြေးများရဲ့ အစဦးဆုံး ငွေကြေးများဟာ CPF ဘဏ်က စုဆောင်းငွေတွေ ဖြစ်ပါတယ်။ ဒီငွေကို အခွန်လို့မသတ်မှတ်ပါဘူး။ 
.
(စကားချပ်။ စင်ကာပူအခွန်ငွေ Tax per GDP က ၁၇% ပဲရှိပါတယ်။ မြန်မာ ၄% ကမ္ဘာ့အနည်းဆုံးဖြစ်ပါတယ်။ စင်ကာပူမှာ လစာ ဒေါ်လာ ၂၀၀၀ အောက်ကို အခွန်မကောက်ပဲ၊ ကုမ္ပဏီကြီးတွေကို အဓိကထားပြီး အခွန်ကောက်ပါတယ်)။ 
.
အဲဒီ အစိုးရရဲ့ နိုင်ငံတကာ ရင်းနှီးမြှတ်နှံမှု အဖွဲ့ကြီး ၃ခုက CPF ဘဏ်ကငွေကို ချေးယူပြီး အတိုး အများဆုံး ပေးပါတယ်။ ပြည်သူတွေကိုလဲ ကျေနပ်စရာ ပုဂ္ဂလိကဘဏ်အားလုံးထက် ပိုတဲ့၊ ဘဏ်တိုးပေးပြီး၊ လူထုကို ရှင်းတမ်းထုတ်ပြန်ပါတယ် (ပုံ)။ ပြီးတော့ အဲဒီငွေတွေကို နိုင်ငံတကာမှာ ပြန်ရင်းနှီးပါတယ်။ ဥပမာ အမေရိကန်နိုင်ငံ Bank of America မှာ ရင်းနှီးထားတဲ့ ဒေါ်လာ ဘီလျံ ၁၀၀ကျော်ကို တဖြေးဖြေး ထုတ်ယူပြီး Bank of China ကို ပြောင်းလဲ ရင်းနှီးတာမျိုးတွေ လုပ်ပါတယ်။
.
ဒီအဆင့်ကို ရောက်ဖို့ ငါနဲ့မဆိုင်ဘူး မနေသင့်ပါဘူး။ မဖြစ်နိုင်တာလဲ မဟုတ်ပါ။ အစိုးရမလုပ်နိုင်သေးလဲ ကိုယ့်မိသားစု၊ ကိုယ့်လုပ်ငန်း..တွေမှာကျင့်သုံးသူများ ပိုအောင်မြင်ပါတယ်။ Public Saving နည်းလမ်းနဲ့ ထိုင်း၊ တောင်ကိုးရီးယား၊ တိုင်ဝမ် တို့မှာ လုပ်သွားပြခဲ့ပါပြီ။ ဗီယက်နမ်လဲ လုပ်နေပါတယ်။ မြန်မာပြည်မှာ လုပ်နိုင်သူ၊ တတ်သိ ပညာရှင်များစွာ ရှိပါတယ်။
.
.
မြန်မာပြည်က တတိယ စက်မှုဇုံ SEZ ကျောက်ဖြူအတွက် မြန်မာအစိုးရက Singapore Consortium, GPC Consultant ကိုငှားရမ်း စာချုပ်ထားပါတယ်။ စင်ကာပူကပဲ နိုင်ငံတကာ ရင်းနှီးမြှတ်နှံမှု များကို တာဝန်ခံပြီး ခေါ်လာမှာ ဖြစ်ပါတယ်။ တိုင်းပြည် တည်ဆောက်ဖို့ လူအင်အား၊ သယံဇာတ၊ နည်းပညာ၊ ငွေအင်အား လေးမျိုးအထက်မှာ ယုံကြည်မှုရဖို့ဆိုတာ အရေးအကြီး ဆုံးဖြစ်ပါတယ်။ စင်ကာပူနိုင်ငံထံမှာ ငွေကြေး နည်းပညာများ မြန်မာအစိုးရ လိုချင်ပါတယ်။ စင်ကာပူ ကုမ္ပဏီများကလည်း ပေးနေပါတယ်။ ရအောင် ယူတတ်ဖို့ အဓိက အကျုဆုံးကတော့ Saving Attitude ချွေတာ စုဆောင်းတဲ့ စိတ်ဓါတ် ဖြစ်ပါတယ်။ မလိုအပ်ရင် မသုံးပါဘူး။
.
မြန်မာနိုင်ငံရဲ့ အလုပ်သမား ဝန်ကြီးဌာနက Social Security Fund ကိုအတည်ပြု ထားတဲ့အတွက် ဝန်ထမ်းများ၊ စုဆောင်းဖို့နည်းဥပဒေများ လုပ်ဆောင် နေပါတယ်။ သယံဇာတ ဘယ်လောက်ရှိပါစေ အစိုးရလူကြီးမင်းများ အဂတိလိုက်စားမှု နည်းပါးမှပဲ ပြည်သူလူထု ငွေစုဆောင်းစနစ် အောင်မြင်နိုင်မှာပါ။ သူဌေးကို ရွေးကောက်တင်မြှောက်လိုက်မိတဲ့ ထိုင်းနိုင်ငံရဲ့ ကံကြမ္မာဟာ စစ်တပ်ခေါင်းဆောင်များပေါ် မူတည်နေရှာပါတယ်။
.
မြန်မာနိုင်ငံက ကုမ္ပဏီများ ဝန်ထမ်း ၅%၊ ကုမ္ပဏီ ၅% စုဆောင်း ပေးနိုင်ကြပါစေ။ မြန်မာအစိုးရလည်း CPF ငွေစုဘဏ်လို ဝန်ထမ်းများအတွက် စီမံကိန်း လုပ်နေပါတယ်။ လာမယ်-ကြာမယ် မဖြစ်ဖို့ လိုပါတယ်။ ပုဂ္ဂလိက ဘဏ်များက လူတော်လူကောင်း၊ ဘဏ်သူဌေးများ၊ ငွေကြေးပညာရှင် များကလည်း မြန်မာအစိုးရထံ ပူပေါင်း လုပ်ဆောင် နိုင်ကြပါစေ။ မြန်မာ့ပြည် ဝန်ထမ်း၊ အလုပ်သမားများ အတွက် အခြား အရှေ့တောင် အာရှနိုင်ငံများလို့ပဲ စုဆောင်း ငွေအားဖြင့် ရှိစေလိုပါတယ်။ ဒုတိယ အဆင့် အနေနဲ့ တနိုင်ငံလုံးမှာ ဝန်ထမ်းများ အတွက် မြေကွက် ရောင်းပေးခြင်းနဲ့ နေစရာအိမ် ဆောက်ပြီး အရစ်ကျ ရောင်းပေးမဲ့ အချိန်ကို မျှော်လင့် စောင့်စား လျှက်ပါ။ 
.
.
ပုံ - မြို့လည်ခေါင်း CPF Building, Robinson Road ကို ဒေါ်လာသန်းပေါင်း ၅၅၀ နဲ့ ရောင်းချပြီး၊ Maxwell Road, URL Building မှာ ၂၀၁၇ ပြောင်းရွှေ့ အသစ်ဖွင့်လိုက်ပါတယ်။ စင်ကာပူ မြေကြီးတန်ဖိုး ဈေးကျနေချိန်ပါ။ မိမိနိုင်ငံကို တိုးတက်အောင် (အဂတိကင်းအောင်) လုပ်ပြီး၊ အရင်းနှီးတွေက တဟုန်ထိုးဝင်လာပါတယ်။ 
.
ကိုးကား
http://moemaka.com/archives/38844


Zaw Htoo စီပီအက်(ဖ်)ဟာ တဖြည်းဖြည်းနဲ့ သူ့ရဲ မူရင်းရည်ရွယ်ချက်ပျောက်ပြီး မလေးရှားရဲ့ ၀မ်းအမ်ဒီဘီလို ဖြစ်လာပါပြီ။ တီးမားဆက် အပါအ၀င် အစိုးရပိုင် ကုမ္ပဏီတွေက စီပီအက်(ဖ်)ကို ငွေပင်ငွေရင်းသဖွယ် သဘောထားလာနေကြပါတယ်။ ဒီကုမ္ပဏီတွေ မရှုံးပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပါ။ တေ...See More
Manage
LikeShow more reactions
Reply3wEdited
M Zaw Aung အမေရိကန် ဆိုရှယ်စကြူရတီ SSA https://www.ssa.gov/အဖွဲ့ကြီးက ယိုယွင်းလာသလို စီပီအက်ဖ် လဲ ယိုယွင်းလာတယ်လို့ စွတ်စွဲတာပေါ့နော်...Manage
Reply3w
Daniel Aye Pe Thank you M Zaw Aung for your writing. I just add Singapore's 2016 cpf contribution rate (employer & employee)Manage
Reply4w
M Zaw Aung ပြသနာက လူတွေ ငွေမစုတတ်ဘူး။ အသုံးကတော့ စပါယ်ရှယ် တတ်တယ်။  အလုပ်အကိုင် အခွင့်အလမ်း ဒူဘိုင်း၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား အလုပ်များလဲ ရေးရဦးမယ်။
Manage
Reply4w
Emerald Aye ၁၂လရာသီမှာ၂၄ကြိမ်ပျော်ပွဲရွင်ပွဲသွားကြတယ်။ ပြီးရင်တကျပ်ချမ်းသာရင်၁၀ကျပ်လှု တယ်။ တခို့ ဆိုအကြွေးနှင့်လှု တယ်။(ခရိုနီကတော့အလှု ပေးရင်သူဌေးဖြစ်တယ်;ဂွင်တွေပိုရလာလို့ပါ)။သီတဂူဆေးရုံ။ရွေပြည်ဟိန်းဆေးရုံ။ ပြည်သူ့ဆေးရုံတို့မှာFOC ကုချငိကြတယ်။စုဆောင်းတဲ့အကျင့်မရှိ(စုဆောင်းဘောက်အောင်လဲဝင်ငွေမရ)
Manage
Reply4wEdited
M Zaw Aung ဒါက ယဉ်ကျေးမှုလို ဖြစ်နေပြီ ဆရာမရေ... မွဲတေ၊ အလုပ်မရှိပေမဲ့ ပုသိမ်-ရန်ကုန် လို နယ်က ကားလမ်းတွေမှာ ငွေဖလားတွေ ဘေးချထားပြီး မိန်းမကြီးငယ်တွေ .. ယောင်္ကျားတွေက အသံချဲ့စက်နဲ့ သီချင်းဖွင့် အော်အလှုပေးခြင်း မင်္ဂလာသုတ်တွေ အော်ပြော၊ သီချင်းဖွင့်ရင် ကနေတဲ့ ယဉ်ကျေးမှုပဲ။ အလုပ်မရှိလို့ ဒါမျိုးတွေ များနေတာပါ။ အလုပ်အကိုင် ပေါလာရင် တောင်ကိုးရီးယား၊ တရုပ်၊ ဗီယက်နမ်တို့လို ကချိန် တီဗွီကြည့်ချိန် တောင် ရမှာမဟုတ်၊ ကကြပါစေဗျာ...။ သူတို့ခမြာ လမ်းပေါ် မကခုန်ရရင် လမ်းပေါ်ထွက် ဆန္ဒပြလာကြမှာ စိုးရတယ်။ ကခုန်ပါစေ ..  
Manage
Reply3w
Nwe Win ဆရာဦးဇော်အောင် လူအကြိုက် နတ်မလိုက်နိုင်ပါဘူးတဲ့။ စင်္ကာပူမှာလည်း မကြိုက်တဲ့သူတွေ ရှိသလို ကြိုက်တဲ့သူတွေလည်းရှိပါတယ်။ မည်သည့်အရာမဆို အဆိုးအကောင်း ဒွန့်တွဲနေတာမို့ အဆင်ပြေသလို လျှောက်လှမ်းနေဆဲပါ။ အခုအချိန် စလုံးမှာ တစ်လဒေါ်လာငါးထောင်ရလို့ မိသားစုအတွက် လုံေ...See More
Manage
Reply3w
M Zaw Aung PR နဲ့ Foreigner တွေပဲ ခရက်တစ်ကဒ် အသုံးကြမ်းတာပါဗျာ .. စီတီဇင် ဖြစ်သွားတဲ့ မြန်မာတွေက သူငယ်ချင်းတောင် လက်ဖက်ရည်ဝယ်မတိုက်ချင်တော့ဘူး.. နှုတ်ချိုသွားကြတယ်။ ကြွေးချင်တယ်၊ တိုက်ချင်တယ် ပေါ့.. အပြောခံရသူကလဲ မစားရပေမဲ့.. ကြေနပ်လို့.. Work Permit , S-pass နဲ့ အလုပ်လာလုပ်တဲ့ မြန်မာတွေကတော့ အကိုရေ.. ဘာစားမလဲ၊ စား စား .. နဲ့ သူလဲ စားတယ်၊ ၀ယ်လဲ ကြွေးတာ အံ့သြစရာပဲ .. ဒါ မြန်မာဓါတ်ဓါတ် .. အသုံးဖြုန်းကြီးတယ်၊ ငွေနဲ့လူ အတူမနေတဲ့ မြန်မာအများစု အားနည်းချက်ပါ။
Manage
Reply3w
Oo Chogyi ဆရာ ငွေဖောင်းပွ နုန်းနဲ
ဘယ်လိုချိန်လည်း မသိလို့ ပါ
Manage
Reply4w
M Zaw Aung ကျနော်က စီးပွားရေး သမားမဟုတ်တော့ မသိပါဘူး။ သိသူလဲ မရှိပါဘူး။ ငွေ လဲနှုန်း မတည်ငြိမ်တာ အစိုးရပါးစပ် ပေါ်မူတည်ပါတယ်။ အစိုးရ ပါးစပ် ငြိမ်ရင်၊ အလုပ်လဲ ငြိမ်မယ်၊ ငွေလဲနှုန်းလဲ ငြိမ်မယ်၊ NLD အစိုးရ တက်လာပြီးနောက် ငွေကြေး ငြိမ်လာတယ်။ ဂူဂယ်မှ singapore dollar vs myanmar kyat ဆိုပြီး ရိုက်ရှာကြည့်တော့ ဒီ ဇယားကို တွေ့ပါတယ်။ Pls see the table.Manage
Reply3w
Aung Koe ယခုပေးထားသော လစာများနှင့် လုပ်ဘို့ မလွယ်သေးပါ။
Manage
Reply4w
M Zaw Aung Aung Koe နိုင်ငံခြားသားတွေက ဘယ်ထည့်ပါ့မလဲလေ.. စင်ကာပူမှာ CPF 17% ကုမဏီက ထည့်ပေးပေမဲ့ လစာဒေါ်လာ၁သောင်းကျော်ရင် fixed rate, တနှစ်ကို အလွန်ဆုံး ဒေါ်လာ၃သောင်းထက် ပိုထည့်ခွင့် မရှိပါ.. စင်ကာပူမှာ လစာတလဒေါ်လာ၁သိန်း (အများကြီးရရင်) . 30%tax .၃သောင်း အခွန်ကောက်ပါတယ်..မြန်မာပြည်လဲ လစာ သိန်း၅၀ $5000 ဝင်ငွေရှိရင် myanmar tax law အရ အခွန် ၁၀သိန်း. တနှစ်ဆို အခွန် သိန်း၁၂၀ ပေးရမှာ ဆိုတော့..အခွန်ရှောင်ကြမယ် ဖြစ်ပါတယ်..
Manage
Reply3w
Kyaw Thuya လူတော်တော်များများ ကသေရင်ဘာမှမပါဘူးလို့ပြောကြပေမဲ့ သေရင် ဆိုးမွေ ကောင်းမွေထားခဲ့ရစမြဲပါ ၀င်ငွေများပေမဲ့ မသုံးမဖြုန်းတဲ့လူကိုကွယ်ရာမှအပြစ်ပြောဆဲပါ စိုက်မှသာရိတ်ရစမြဲပါ ဒါကြောင့်စု ရင်နှီးမြုတ်နှံပါ
Manage
Reply4w
Ko Lin ​တော်​​တော်​ အကျိုးများတဲ့ပို့စ့်​ပဲဆရာ​ရေ.....Thanks
Manage
Reply4w
Merry Esther သိချင်နေတာတွေသိခွင့်ရတယ်
ကျေးဇူးပါဆရာ
ဒီပို့စ်လေးကိုရှဲပါရစေ
Manage
Reply4w
Phyo Lwin ZinHtwe 401k ကို ခုမှ သဘော ပေါက်သွားပီ
Manage
Reply4w
Hanē Zarni Share ပါရစေ..
Manage
Reply4w
Maung Maung ကျေးဇူးပါဆရာ။သိချင်နေတာကြာပြီ။
Manage
Reply4w
Reply4w
Kyaw Thuya ကျေးဇူးတင်ပါတယ်
Manage
Reply4w
Steven Aung ကျေးဇူးပါဆရာ
Manage
Reply4w
Thein Htun Aung ကိုဇောအောင်၊ရေးတာတွေ၊အတော်ကောင်းပါတယ်၊ပေါ့ပေါ့နေပေါ့ပေါ့စားလို့မရတော့တဲ့၊ ခေတ်ကိုထင်ဟပြနေပါတယ်။

USA မှာ၊အလုပ်လုပ်သူတိုင်ကို၊ဘယ်company မှာပဲလုပ်လုပ SSA ဖြတ်တယ်လို့၊သိထားခဲ့တယ်၊ဒါပေမဲ့ တချို့၊ government entities မှာ၊ SSA ကိုလစာထည်မှ၊ဖြတ်မဖြတ်ကို၊optio
...See More
Manage
Reply3wEdited
Khin Maung CPF ကရတဲ့ငွေ ကိုစနစ်တကျ ပြန်ပြီးရင်းနှီးမြုပ်နှံ့လို့အတိုးအရင်းပွားစေပါတယ် မြန်မာပြည်ရွှေတိဂုဏ်ဘုရားကရတဲ့ဝင်ငွေတွေဒီလိုပြန်မလုပ် ပဲဘဏ်တိုးနဲ့ပဲငွေတွေသေကုန်တယ်
Manage
Reply4w
Soe Min ရှယ်ပြီ သူငယ်ချင်းရေ။
Manage
Reply4w
Aung Than Kyaw ရှယ်​ပါရ​စေ
Manage
Reply3w
Zai Htun Won ဆရာ​ထောက်​ပြတဲ့နိုင်​ငံကဘာလူမျိုး​တေလဲ
လူမျိုးရဲ့ ဗီဇနဲ့ပိုဆိုင်​မယ်​ထင်​တယ်
အ​ရှေ့​တောင်​အာရှနိုင်​ငံ​တွေကိုလည်းကြည့်​လိုက်​ပါအုံး ဘာ​တွေချမ်းသာ​နေတာလဲလို့

လူနဲ့သာသက်​ဆိုင်​တာ နိုင်​ငံနဲ့မဆိုင်
Manage
Reply1w

အမေရိကန်သမ္မတအိုဘားမားစတိုင် အင်ဒိုနီးရှားခေါင်းဆောင် (၂၀၁၈)


အမေရိကန်သမ္မတအိုဘားမားစတိုင် အင်ဒိုနီးရှားခေါင်းဆောင် (၂၀၁၈)
မြန်မာနိုင်ငံ သမ္မတများ နဲ့ အင်ဒိုနီးရှား … လက်ရှိ မြန်မာနိုင်ငံ ကတော့ ပြုပြင်ပြောင်းလဲရေး ၂၀၁၁ မှာ ဦးသိန်းစိန် (စစ်ဗိုလ်ချုပ်ဟောင်း) တက်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်း စု ကြည် ခေါင်း ဆောင် တဲ့ အင်အယ်ဒီ ပါတီ အပြတ် အသတ် အနိုင် ရရှိ ပြီး၊ သမ္မတ ဦး ထင် ကျော် ဖြစ် လာပါတယ်။ အာဏာ အပြည့် ရှိ တဲ့ သမ္မတ အထက် က ဒေါ် အောင် ဆန်း စု ကြည် ပဲ ခေါင်း ဆောင် ပါတယ်။ ၂နှစ် အကြာမှာ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် နိုင်ငံ တော် သမ္မတ ဖြစ်လာ ပါတယ်။ ဒေါ် အောင် ဆန်း စု ကြည် က စစ်တပ် နဲ့ အာဏာ ခွဲဝေ အုပ်ချုပ် ရတဲ့ အခြေခံ ဥပဒေ အရ၊ စစ်တပ် က အစိုးရ ကို ထိန်းကြောင်း တဲ့ ၂၅% တပ်မတော်သား များ ပါဝင်တဲ့ အစိုးရ အဖွဲ့ကို ခေါင်းဆောင် ရတဲ့ အခါ အထူးသဖြင့် ရဲတပ်ဖွဲ့၊ တရားရေးဌာန၊ ထွေအုပ်ဌာန စတဲ့ ပြည်တဲရေးဌာန ကို စစ်တပ်က ကိုင်တွယ်ထားပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် များကလဲ မြန်မာနိုင်ငံ ရဲ့ ၃ပုံတစ်ပုံ နယ်မြေတွေကို ကြီးစိုးထား ပါတယ်။ ငြိမ်းချမ်းရေး လဲ ခက်ခဲ ပါတယ်။
.
အင်ဒိုနီးရှား နိုင်ငံသမ္မတ ကတော့ အာဏာ အပြည့် အ၀ ရှိပါတယ်။ စစ် တပ်က အစိုးရအဖွဲ့ နဲ့ လွှတ်တော် က လုံးဝ ထွက်ခွာ သွားပေမဲ့ စစ်တပ် ကြဇာ ရှိနေဆဲ ဖြစ်ပါတယ်။ ၂၀၁၄ ရွေးကောက် ပွဲမှာ ပြည်သူလက်ခံတဲ့ စစ်ဗိုလ်ချုပ်ဟောင်း များနဲ့ ပြိုင်ရလေ့ ရှိပါတယ်။
အင်ဒိုနီးရှားနိုင်ငံတွင်  ၅နှစ်တစ်ကြိမ် သမ္မတရွေးကောက်ပွဲ လုပ်ပါတယ်။ အမေရိကန်နိုင်ငံကဲ့သို့ ပါတီများက သမ္မတလောင်းကို ရွေးချယ်ရပတယ်။ ပြည်သူလူထု မဲဆန္ဒခံယူပွဲလုပ်ပြီး၊ မဲတစ်ဝက်ကျော်ရသူကို သမ္မတအဖြစ် ရွေးခံရပါတယ်။ သို့မဟုတ်ရင် မဲအများဆုံးရတဲ့ ထိပ်ဆုံး၂ဦး ထပ်ပြိုင်ရပါတယ်။ မြန်မာသမ္မတ ရွေးပွဲမှာ တစ်မူထူးပါတယ်။ ဒု-သမ္မတ(၃)ဦးကို စစ်တပ်နှင့်လွှတ်တော်၂ခုက ရွေးပြီး ထိုအထဲမှ တစ်ယောက်ကို မဲပေးရွေးစနစ်ပါ။ ပြည်သူများက သမ္မတ တိုက်ရိုက် ရွေးချယ်ခွင့်မရှိပါ။ တရုပ်နိုင်ငံ ပုံစံ သမ္မတရွေးကောက်ပွဲဖြစ်ပါသည်။

မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မှာ စစ်တပ် ၂၅% ပါဝင်မှုကို ပြင်လို့ မလွယ်အောင် ရေးဆွဲ ထားလို့၊ ဒေါ်အောင် ဆန်း စု ကြည် က သမ္မတ အထက် က အုပ် ချုပ် နေရတဲ့ အခြေ အနေ ဖြစ် ပါတယ်။
.
.
အင် ဒို နီး ရှား နိုင်ငံ နဲ့ သမ္မတ ဂျိုကိုဝီ
၎နှစ် အကြာမှာ အင်ဒိုနီး ရှား နိုင်ငံ ရဲ့ စီးပွားရေး အတွက် သမ္မတ သစ် အနေနဲ့ အင်ဖရာ စထရပ်ချာ Infra-Structures တွေကိုပဲ အဓိက ထား ပြုပြင် ပြောင်းလဲ ပါတယ်။ အ
ဂတိ တိုက်ဖျက်ရေး အားပေး ပြီး၊ အဂတိ လိုက်စား သူများနဲ့ အတူ တွဲလုပ် နိုင်သူ ဖြစ်တဲ့ အတွက် နိုင်ငံ တော် ဘဏ္ဍာ များကိုး ၊ ဒေါ်လာ ဘီလျံ များစွာ ကုန်ကျတဲ့ စီမံ ကိန်း ကြီးများ ကို အလေလွင့် မရှိ အောင်၊ အဂတိနည်းပါး အောင် လုပ်ဆောင်မှု များ ဖြစ်ပါတယ်။
.

သမ္မတ အနေ နဲ့ အခြေခံ အဆောက်အဦ များဖြစ်တဲ့ လမ်းတံတား၊ လေဆိပ်၊ ရေနံပိုက်လိုင်း၊ လျှပ်စစ်၊ မြို့ပြ ဖွံ့ဖြိုးရေး၊ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရာမှာ နိုင်ငံခြား ရင်းနှီးမြှတ် နှံမှု များစွာ လာရောက်ဖို့ ကြိုးစားရ ပါတယ်။ အဝေးပြေး လမ်းမ ကြီးများ၊ အမြန် ရထားလမ်းများ၊ လေဆိပ်များ၊ သင်္ဘောဆိပ်များ ကို ပြည်သူလူထု အချေတင် ပြောဆိုတဲ့ နည်းလမ်း နဲ့ အကြံ ဥာဏ် ရယူ လုပ် ဆောင် ပါတယ်။
.
အခွန်လွတ်ငြိမ်းခွင့် ဥပဒေကို သေချာစွာ ညှိနှိုင်း အကြံဥာဏ် ယူပြီးတော့ အတည်ပြုပါတယ်။ အခွန် လွတ်ငြိမ်းခွင့် ပေးပြီးတဲ့ နောက်မှာ သွင်းကုန်၊ ထုတ်ကုန်များ ဥပဒေများကို လက်တွေ့ အကောင်ထည် ဖော်ပါတယ်။ ဒီ အခွန် လွတ်ငြိမ်း ခွင့် ဥပဒေက အင်ဒိုနီးရှား သမိုင်းမှာ အကြီးအကျယ်ဆုံး အောင်မြင်တဲ့ ဥပဒေဖြစ်ပါတယ်။ အင်ဒိုနီးရှား နိုင်ငံသား သူကြွယ်များစွာ ရဲ့ အမေရိကန်ဒေါ်လာ ၃၆၆ ဘီလျံ နဲ့ ညီမျှတဲ့ အင်ဒိုနီးရှား ငွေများစွာ အခွန်လွတ်ငြိမ်းငွေ များ အဖြစ် ပေါ်ထွက်လာ ပါတယ်။ တနည်း အားဖြင့် ငွေမဲ များစွာ ငွေဖြူများအဖြစ် တရားဝင် ဖြစ်လာ စေပါတယ်။ အဲ ဒီ ငွေများကို နိုင်ငံ သူကြွယ်များ တရားဝင် အခွန်ဆောင်ပြီး စီးပွားရေး လုပ်ငန်းများစွာ လွတ်လပ်စွာ လုပ်နိုင် လာပါတယ်။
.
နိုင်ငံခြား ရေးရာ ပေါ်လစီမှာ အင်ဒိုနီးရှား လွတ်လပ်စွာ ဆုံးဖြတ်နိုင်ရေး ကို ကာကွယ်တဲ့ မူဝါဒ ဖြစ်ပါတယ်။ တရားမ၀င် ငါးဖမ်း သင်္ဘောများ၊ မူးရစ်ဆေးဝါး ရောင်းဝယ်သူများကို သေဒဏ်ပေးမှု ကို သြစကြေးလျ၊ ပြင်သစ် စတဲ့ အစိုးရများက သူတို့ နိုင်ငံသား များ ပြစ်ဒဏ် ပေးခံရလို့ ၀င်ရောက် ဖိအားပေးမှု ခံရပါတယ်။ သမ္မတ ဂျို ကို ၀ီ ရဲ့ ပြည် သူ လူထု ထောက်ခံ မှု က မြင့် မား နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၉ သမ္မတ ရွေး ကောက် ပွဲ မှာ ပြန်လည် အရွေး ခံ ရမယ် လို့ ရေ ပန်း စား နေဆဲ ဖြစ်ပါ တယ်။
.
.
သမ္မတ ဂျို ကို ၀ီ ရဲ့ သမ္မတ ဘ၀၊ ခယောင်းလမ်း
သူဟာ လူဦးရေ ၅သိန်း ရှိတဲ့ ရှေးဟောင်း
Surakarta မြို့တွင် မှာ မွေးဖွားလာတဲ့ အခြေခံ လူတန်းစား တစ်ဦး ဖြစ်ပါတယ်။ သစ်တော အင်ဂျင်နီယာ ဘွဲ့ ရရှိပြီး၊ ကိုယ်ပိုင် ပရိဘောက လုပ်ငန်း လုပ်ကိုင်ရာမှာ အောင်မြင်ခဲ့ပါတယ်။ အနောက်နိုင်ငံ၊ ဥရောပ အထူးသဖြင့် ဂျာမဏီ နိုင်ငံကို မကြာခဏ သွားလာရင်း မိမိ မြို့တော် ကိုလဲ အလားတူ တိုးတက် စေလိုတဲ့ စေတနာ၊ စိတ်ထားများ တဖွား ဖွား ပေါ်ပေါက် ခဲ့ပါတယ်။ Surakarta မြို့တော်ဝန် အဖြစ် ရွေး ကောက်ပွဲ အောင်နိုင်ခဲ့ပြီး မြို့တော်ဝန် ဖြစ်လာပါတယ်။ ၈နှစ်ကျော် ရှေးဟောင်း မြို့ လေးကို ကမ္ဘာ့ အသိအမှတ် ပြု မြို့လေး အဖြစ် အောင်မြင်စွာ လုပ်ဆောင် နိင်ခဲ့ပါတယ်။
.
ဂျာကာတာ မြို့တော် ၀န် အဖြစ် ထပ်မံ အရွေးခံရပြီး တနှစ် အကြာမှာ နာမည်ကြီး PDI ပါတီရဲ့ ခေါင်းဆောင် (သမ္မတဟောင်း) မဂါဝတီ
Megawati Sukarnoputri  က သူ့ကို သမ္မတ လောင်းအဖြစ် ရွေးချယ် ပါတယ်။ ၂၀၁၄ အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲ မှာ စစ်တပ် နာမည်ကောင်းရှိသူ သူကြွယ် ဗိုလ်ချုပ်ကြီးဟောင်း ပရာဗိုဝို ကို အကြိတ် အနယ် ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ ပထမဆုံး အခြေခံ လူတန်းစား သမ္မတ ဖြစ်ပါတယ်။ ယခင် သမ္မတများကတော့ စစ်တပ်နဲ့ နိုင်ငံရေးသြဇာ အသိုင်းအ၀ိုင်း Elite များသာ ဖြစ်ခဲ့ပြီး၊ ဂျို ကို ၀ီ ကတော့ ပြည်သူ လူထု ကြားက ပေါ် ထွက် လာသူ သမ္မတ ဖြစ်ပါတယ်။

သမ္မတ ဂျို ကို ၀ီ အစိုးရက
အထူးသဖြင့် ပြည်သူ လူထု အကြား သွားလာ၊ အကြံဥာဏ် ရယူ၊ လူထုနဲ့ အတူ၊ ပြည်သူနဲ့ အတူ လုပ်ကိုင်နိုင်ခြင်း၊ အဂတိ ထူပြောတဲ့ အင်ဒိုနီးရှား အစိုးရ ယန္တရားကြီး နဲ့ စီးပွားလုပ် ငန်း ရှင်ကြီးများကို သဟာဇာတ ဖြစ်အောင်၊ တနည်းအားဖြင့် လူတွေကို ပြုပြင် ပြောင်းလဲ ဖို့ သူကိုယ်တိုင် နဲ့ သူ့ မိသား စု က စံပြ နမူနာ အဖြစ် နေထိုင်၊ ကျင့်ကြံ အုပ်ချုပ် ခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ သားသမီး၊ ဆွေမျိုး များကို အစိုးရ တင်ဒါ၊ ကန်ထရိုက်များ မလုပ် ကိုင်ကြခြင်း က အလွန် အရေးကြီး တဲ့ အဂတိ တိုက်ဖျက် ရေး ဖြစ်ပါတယ်။
.
.
///////// ၂၀၁၄ ဆောင်းပါး ၂ပုဒ် /////////
အမေရိကန်သမ္မတအိုဘားမားစတိုင် အင်ဒိုနီးရှားခေါင်းဆောင် (၂၀၁၄)
JOKOWI ပိုစတာဖြစ်ပါသည်။ အင်ဒိုနီးရှား၊ လက်ရှိ ဂျာကာတာမြိုတော်ဝန် ဂျိုကိုဝီ ဟု လူသိများပြီး၊ အင်ဂျင်နီယာတစ်ဦးလဲ ဖြစ်ပါသည်။
လောလောဆယ် ၁၃ ဇန္နဝါရီ ၂၀၁၄ ဂျာကာတာ ရေလွှမ်းမိုးကာ အိမ်ပေါင်း ၇ထောင်ကျော် ရေမြုတ်နေပြီး၊ လူပေါင်း ၂၅၀၀၀ ရေဘေးဒုက္ခရောက်နေပါသည်။  “ ရေဆီးတားတွေ ပြင်ဖို့ ယန္တရားကြီးတွေနှင့် လုပ်နေပါတယ်။ မြစ် ၁၃ခု မြို့ထဲစီးဝင်တဲ့ ရေတွေဖြစ်ပါတယ်။ ရေရှည်မှာ ဒါမျိုးမဖြစ်အောင် အနီးနားက သစ်လုပ်ငန်းများက သစ်တောခုတ်လှဲများ ရပ်ဆိုင်းပြီး စိမ်းလန်းတဲ့ သစ်တောဖြစ်ဖို့ အစိုးရ၏ အကူညီလိုပါတယ်။  မြို့သူမြို့သားများလဲ မြောင်းများ မပိတ်ဆို့ဖို့ အမှိုက်စနစ်တကျပစ်ဖို့ လိုပါတယ်…” ဟု မြို့တော်ဝန် ဂျိုကိုဝီ ကပြောပါသည် ။  ဒါတွေ လုပ်ဖို့ ဂျာကာတာမြို့အဖွဲ့နှင့်မရပါ၊ ဗဟိုအစိုးရလည်း ပူးပေါင်းလုပ်ဆောင်ပေးဖို့ လိုကြောင်း ပြောပါသည်။ ရေစုတ်ပန့်များစွာ အလုပ်လုပ်လျှက်ရှိကြောင်း၊ ဂျာကာတာ မြို့နယ်ပေါင်း ၃၁ ခုမှာ ရေကြီးနေကြောင်း၊ ဂျာကာတာ ရဲဌာနမှ သတင်းထုတ်ပြန်ပါတယ်။

သူ့ကို ဂျာဗားကျွန်းအလယ်က လူဦးရေ၅သိန်းခန့်ရှိသော ရှေးဟောင်ြး

JOKOWI ပိုစတာဖြစ်ပါသည်။ အင်ဒိုနီးရှား၊ လက်ရှိ ဂျာကာတာမြိုတော်ဝန် ဂျိုကိုဝီ ဟု လူသိများပြီး၊ အင်ဂျင်နီယာတစ်ဦးလဲ ဖြစ်ပါသည်။

လောလောဆယ် ၁၃ ဇန္နဝါရီ ၂၀၁၄ ဂျာကာတာ ရေလွှမ်းမိုးကာ အိမ်ပေါင်း ၇ထောင်ကျော် ရေမြုတ်နေပြီး၊ လူပေါင်း ၂၅၀၀၀ ရေဘေးဒုက္ခရောက်နေပါသည်။  “ ရေဆီးတားတွေ ပြင်ဖို့ ယန္တရားကြီးတွေနှင့် လုပ်နေပါတယ်။ မြစ် ၁၃ခု မြို့ထဲစီးဝင်တဲ့ ရေတွေဖြစ်ပါတယ်။ ရေရှည်မှာ ဒါမျိုးမဖြစ်အောင် အနီးနားက သစ်လုပ်ငန်းများက သစ်တောခုတ်လှဲများ ရပ်ဆိုင်းပြီး စိမ်းလန်းတဲ့ သစ်တောဖြစ်ဖို့ အစိုးရ၏ အကူညီလိုပါတယ်။  မြို့သူမြို့သားများလဲ မြောင်းများ မပိတ်ဆို့ဖို့ အမှိုက်စနစ်တကျပစ်ဖို့ လိုပါတယ်…” ဟု မြို့တော်ဝန် ဂျိုကိုဝီ ကပြောပါသည် ။  ဒါတွေ လုပ်ဖို့ ဂျာကာတာမြို့အဖွဲ့နှင့်မရပါ၊ ဗဟိုအစိုးရလည်း ပူးပေါင်းလုပ်ဆောင်ပေးဖို့ လိုကြောင်း ပြောပါသည်။ ရေစုတ်ပန့်များစွာ အလုပ်လုပ်လျှက်ရှိကြောင်း၊ ဂျာကာတာ မြို့နယ်ပေါင်း ၃၁ ခုမှာ ရေကြီးနေကြောင်း၊ ဂျာကာတာ ရဲဌာနမှ သတင်းထုတ်ပြန်ပါတယ်။

သူ့ကို ဂျာဗားကျွန်းအလယ်က လူဦးရေ၅သိန်းခန့်ရှိသော ရှေးဟောင်းမြို့တော် Surakarta မြို့တွင် ၁၉၆၁ မွေးဖွားခဲ့ပါသည်။ ယခု ၅၂ နှစ်အရွယ်ဖြစ်သည်။ ၁၉၈၅  သစ်တောဆိုင်ရာ၊ အင်ဂျင်နီယာဘွဲ့ရရှိပြီး နောက်ပိုင်း ကုမ္ပဏီအလုပ်၊ အိမ်ထောင်ပရိဘောဂ စီးပွားရေးလုပ်ငန်းများ အောင်မြင်စွာ လုပ်ခဲ့ပါသည်။  ဆူကရာတာမြို့ဝန် ရာထူး အတွက် သူ့ကို ယှဉ်ပြိုင်စေရာမှာ အနိုင်ရရှိပြီး ၂၀၀၆ ဆူကရာတာမြို့ဝန်ဖြစ်လာပါသည်။ သာမန် လုပ်ငန်းရှင်တစ်ဦး မြို့ဝန်တာဝန်ကို ထမ်းဆောင်နိုင်ပါ့မလား သံသယဖြစ်ခဲ့ကြသည်။ လက်ရှိ အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနို မြို့ဝန်လုပ်ခဲ့ဖူးသော မြို့လည်းဖြစ်ပါသည်။ သူတာဝန်ယူပြီး မကြာခင် သူ့၏ အရည်အချင်များကို တွေ့လာရပါသည်။ သူ လုပ်ငန်းရှင်အဖြစ် ဥရောပမြို့တော်တော်များများကို ရောက်ခဲ့စဉ်က  ထိုမြို့များ၏ ဖွံ့ဖြိုးရေး လုပ်ဆောင်မှု နမူနာများစွာအတုယူပြီ ဆူကရာတာမြို့အတွက် သင့်လျှော်အောင် ကော်ပီ လုပ်ဆောင်စေပါသည်။ သူ နိုင်ငံခြား သွားလာနေစဉ်ကာလ သူများနိုင်ငံမှာ ဘယ်လိုလုပ်ကိုင်သည်ဆိုတာ သေသေချာချာ လေ့လာ၊ ဆည်းပူးခဲ့ပါသည်။ ထိုကဲ့သို့လေ့လာပြီး မှတ်တမ်းတင်မှုများသည် သူကိုယ်တိုင် မြို့တော်ဝန် ဖြစ်လာချိန်တွင် လက်တွေ့ကျင့်သုံး၊ အကောင်ထည်ဖေါ်နိုင်ခဲ့ပါသည်။ သူသည် ယခင် အင်ဒိုနီးရှားခေါင်းဆောင်များလို ဟိတ်ဟန်မရှိ၊ ပုံစံခြားနားပါသည်။ ပြည်ထုနှင့် တွေ့ဆုံပွဲများတွင် လူငယ်များက ဂျိုကိဝီ လက်ကိုဆွဲပြီး သူတို့ခေါင်းပေါ်တင်ကြပါသည်။ အင်ဒိုနီးရှားစတိုင် လူငယ်တွေက လူကြီးကိုလေးစားကြောင်း ပြခြင်းဖြစ်သည်။

● ဆူရာကာတာမြို့ဝန်အဖြစ် မှတ်တမ်းတင်လုပ်ဆောင်မှုများ
– သူ့မိသားစုကို မြိုတော်၏ ကန်ထရိုက်တွင် လုံးဝ၊ တင်ဒါမဆွဲခိုင်းပါ။ အဂတိလိုက်စားမှုမရှိ၊ သန်ရှင်းခြင်း။
– မြို့၏ ရိုးရာမပျက် ဈေးကြီးတည်ထောင်ပေးခြင်း၊ ဈေးဆိုင်များမှာ ရှေးဟောာင်းပစ္စည်းဆိုင်၊ အိမ်သုံးပစ္စည်းဆိုင်များပါဝင်ပါသည်။
– မြို့လည်ခေါင် လမ်းမတွေကြား လူများလမ်းလျှောက်ဖို့ ၃မီတာကျယ်ပြီး၊ ၇မီတာရှည် လမ်းကိုတည်ဆောက်ပေးခြင်း
– မြို့၏ ပန်းခြံကြီးနှစ်ခုကို စည်ပင်သာယာ၊ လှပအောင် အပမ်းဖြေစခန်းအဖြစ် ပြုပြင်တည်ဆောက်ခြင်း
– မြို့ထဲမှ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ခြင်းကို ဥပဒေဖြင့်တင်းကျပ်စွာ ထိန်းချုပ်ခြင်း
– “ဂျာဗားစိတ်ဓါတ်” ဆိုင်းဘုတ်နှင့် ဂျာဗာကျွန်းယဉ်ကျေးမှုကို မြှင့်တင်ပြီး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်စေခြင်း
– မြို့ကို ဆွေးနွေးပွဲများ၊ ကွန်ဗင်းရှင်းများ၊ ပြပွဲများ၊ ကြော်ငြာပွဲများ ဗဟိုအဖြစ် မြှင့်တင်ပေးခြင်း
– သူကိုယ်တိုင် မြို့အနှံ့အပြားအရောက်သွားပြီး၊ ဒေသခံလူများ၏ လိုအပ်ချက်နှင့် အပြစ်တင်ခြင်းကို ကိုယ်တိုင်နားထောင်ခြင်း
– ကျန်းမာရေးအာမခံ ထားခြင်းကို မြို့သူ၊ မြို့သား အားလုံး ပါဝင်စေခြင်း၊
– မြို့လူထု သယ်ယူပို့ဆောင်ရေးအတွက် ၂ထပ်၊ ဘတ်စ်ကားကြီးများ၊ မိုနို ရထားလမ်းများ ပြေးဆွဲစေခြင်း
– Solo Techno Park စက်မှုဇုံတစ်ခု တည်ဆောက်ပြီး အင်ဒိုနီးရှားလုပ်၊ မော်တော်ကားများကို မြှင့်တင်ပေးခြင်း တို့ဖြစ်ပါသည်။

“Solo: The Spirit of Java”  ဆိုင်းဘုတ် အောင်မြင်စွာ၊ လုပ်ဆောင်ခဲ့ပါသည်။ မြို့ထဲမှာရှိသော အဟောင်းပစ္စည်း၊ ဈေးဆိုင်အားလုံး မြို့ပြင် ဥယဉ်တခုဆီရွှေ့ခြင်းကို တဖြေးဖြေး၊ ညင်သာစွာ ရွှေ့ပြောင်းပေးခဲ့ပါသည်။ မြို့ကြီးများအင်္ဂျါနှင့် အညီ မြို့လည်မှာ သစ်ပင်များ စိမ်းစိမ်း၊ စိုစို စိုက်ထားဖို့ နေရာများကို ဖန်တီးခဲ့ပါသည်။ မြို့လည်ခေါင်လည်း ပြန်လည် စိမ်းလန်းစိုပြေ လာပါသည်။ မြို့ကမ္ဘာ့အဆင့်မီ ပြုပြင်ပြောင်းလဲရေးအတွက် စီးပွားရေးသမားများပါဝင်လာရာတွင် မမှန်ကန်သော ရင်းနှီးမြှတ်နှံမှုများကို မြို့ကန်ထရိုက်လုပ်ငန်းများမှ ထုတ်ပယ်ပစ်ပါသည်။ မကြာခင် ၂၀၀၆ခုနှစ်မှာ ဆူကရာတာမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေခံမြို့များအဖွဲ့အစည်း Organization of World Heritage Cities ၏ အသင်းဝင်အဖြစ် လက်ခံခဲ့ပါသည်။ ထို့နောက် ကမ္ဘာ့အဖွဲ့အစည်း၏ ပွဲတော်ကြီးများ ဆူကရာတာမြို့မှာ ကျင်းပခဲ့ပါသည်။ ၂၀၀၈မှာ ကမ္ဘာတေးဂီတပွဲတော်ကြီးကို ကျင်းပနိုင်ခဲ့ပါသည်။ မြို့၏ သမိုင်းဝင်မှတ်တမ်းတင်နေရာများကို မြှင့်တင်ပေးပြီး၊ အသုံးမကျတဲ့နေရာများကို ဘူတိုဇာနှင့် တိုက်ဖျက်ဖို့ ဆုံးဖြတ်ချက်များစွာ ချမှတ်ခဲ့ပါသည်။

ဂျိုကိုဝီ ၏ စတိုင်မှာ “Can-do” လုပ်နိုင်ပါသည်.. ဆိုသည့်အတိုင်း၊ အောင်မြင်စွာ မြို့ရပ်မိဘများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။ အထူးသဖြင့် လူငယ်များ၏ တခဲနက် လုပ်အားပေးမှုများ တွေ့ရပါသည်။ မြို့ရပ်လူထု ရွေးကောက်တင်မြှောက် ခံထားသူများ သွေးစည်းစေပြီး၊၊ လက်တွေ့လုပ်ဆောင်ရာတွင်လဲ အောင်မြင်ပါသည်။ သူကိုယ်တိုင် အခက်အခဲများကို ပါဝင်၊ ကျော်လွှားဆောင်ရွက်ပါသည်။ ၂၀၁၁ ခုနှစ် မြို့တော် မြူနီစပါယ်က လျှပ်စစ်ဓါတ်အား ကော်ပိုရေးရှင်းကို ဓါတ်အားခငွေ ကန်ဒေါ်လာ တစ်သန်းနီးပါး အကြွေး ပေးစရာရှိပါသည်။ ခရစ်စမတ်ပွဲကို တမြို့လုံး ပျော်ရွှင်စွာ ဆင်နွဲနေသည့် ညမှာ အစိုးရလျှပ်စစ်ကော်ပိုရေးရှင်းက မီးဖြတ်တောက်လိုက် ပါသည်။ မြို့ မြူနီစပယ်အဖွဲ့က အကြွေးပေးဖို့ ချက်ချင်းဆုံးဖြတ်ပြီး ထိုကဲ့သို့ အတင်းအကြပ် အကြွေးတောင်းတာမျိုး နိုင်ငံတော်လျှပ်စစ်ကော်ပိုရေးရှင်းက နောက်နောင်မလုပ်ဖို့၊ မြို့သူမြို့သားများဖက်ကလည်း ပြန်ကြည့်သင့်ကြောင်း ကန့်ကွက်စာထုတ်ပါသည်။ ဒေါ်လာတစ်သန်းနီးပါး အင်ဒိုနီးရှားငွေများ အထုပ်ပေါင်းရာနှင့်ချီ စုဆောင်းပြီး၊ လျှပ်စစ်ဓါတ်အားကော်ပိုရေးရှင်း ရုံးကို  မြို့တော်ဝန် ဂျိုကိုဝီ ကိုယ်တိုင် သွားပေးခဲ့ပါသည်။ ပြဿနာများ ခေါင်းခံစရာရှိလျှင် ကိုယ်တိုင် ဝင်ရှင်းပေးသူ ဖြစ်ပါသည်။

● ဂျာကာတာမြို့ဝန်အဖြစ် ရွေးခံရခြင်း
၂၀၁၂ ခုနှစ်တွင် လူဦးရေ ၁၀သန်းရှိသော ဂျာကာတာမြို့ဝန် ရာထူးကို လက်ရှိမြို့တော်ဝန်နှင့် ယှဉ်ပြိုင်ရာ အနိုင်ရရှိပြီး၊ အရွေးခံရပါသည်။ သူ၏မြို့ ဆူကရာတာမြို့ဝန် ရာထူးကိုလဲ  မဲပေါင်း  ၉၀%ဖြင့် ဒုတိယသက်တမ်း ဆက်အရွေးခံရသည့်အတွက် ဆူကရာတာမြို့ဝန်ရာထူးကို လက်ထောက်ဖြစ်သူ လွှဲပေးပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ကြီး ဂျာကာတာကို ပြုပြင်ပြောင်လဲဖို့ ပိုအရေးကြီးပါသည်။

ယခု ဂျာကာတာမြို့ဝန်အဖြစ် ရွေးကောက်ခံရပြီး၊ တာဝန်ထမ်းဆောင်နေစဉ်မှာလဲ ဘာမှထူးခြားစွာ မလုပ်ခဲ့ပါဘူး။ တခုပဲ..သူ့၏ ပွင့်လင်းမြင်သာ စတိုင်ဖြစ်တဲ့ မြို့ရပ်၊ လူထုများနဲ့ ထိတွေ့ရ လမ်းကြားတွေထိသွာပြီး၊ စကားပြော၊ သူတို့၏ တိုင်တန်းချက်များကို နားထောင်ခြင်းကို ဆူကရာတာမြို့ဝန် လုပ်ခဲ့စဉ်ကအတိုင်းပါပဲ။ ဒီနည်းနှင့် လူများ အလုပ်လုပ်ချင်စိတ်ကို အားပေးလှို့ဆော်ပါသည်။ ရာထူးလက်ခံပြီး ရက်၁၀၀ အကြာမှာ ဂျာကာတာပိုစ် သတင်းစာကြီးက အရည်ချင်းရှိသူဖြစ်ကြောင်း၊ ထောက်ခံရေးသားပါသည်။ သူ့၏နည်းလမ်း၊ ပုဂ္ဂိုလ်ရေး၊ လုပ်ငန်းပေါ်လစီနှင့် လူထုဆီထိအောင် သွားရောက်ခြင်းသည် အလွန်ထိရောက်ကြောင်း၊ သူ၏ အခမဲ့ကျန်းမာရေးပေါ်လစီ၊ အခမဲ့ပညာရေးပေါ်လစီများ၊ ဂျာကာတာမှာ မြေအောက်လှိုင်ဂူ ကားလမ်းကြီးဖောက်ရန်၊ မြို့တွင်း ကားကြပ်မှုအတွက် မြို့ထဲဝင်တဲ့ကားများ အခွန်ကောက်ခြင်း ERP စနစ် စတဲ့လုပ်ငန်းတွေမှာ အခက်ခဲများရှိသော်လည်း ကျေနပ်ကြောင်း၊ ဂျာကာတာမြို့သားများ၏ မှန်ကန်သော ရွေးချယ်မှုဖြစ်ကြောင်း ချီးကျူးခဲ့ပါသည်။ ဂျာကာတာမှာ ကျန်းမာရေးအာမခံ ၂၀၁၂ စီမံကိန်းအကောင်ထည်ဖေါ်ရာ လူကြိုက်များလှပြီး ဆေးရုံများစွာက ပါဝင်လျှောက်ထားကြသည်။ လူများစွာ ပါဝင်ပြိး ဆေးကုသမှုခံယူခြင်းကြောင့် စရိတ် ၇၀% ပိုပြီးကုန်ကျလာသည်။ ဆင်းရဲသားများကို အဓိကထား အခမဲ့ဆေးကုခြင်းကို လူလတ်တန်းစားတွေလည်း ဝင်ပြီးတန်းစီ၊ ကုသခံယူသည်။ နောက်ဆုံး လူတစ်ဦးစီ တန်းစီနေသော နေရာကို ဒေါ်လာ၁၅ နှုန်းနှင့် တန်းစီရောင်းစား သည်အထိ ဖြစ်လာသောကြောင့် ဝိုင်းအပြစ်တင်နေကြပါသည်။ မြိုတော်ဝန်ကတော့ ခုခံပြောဆိုပြီး ယုံကြည်မှုနှင့် ဆက်လုပ်ဆောင်လျှက်ရှိပါသည်။ သူက ဂျာကာတာမြို့၏ အုပ်ချုပ် ဗျူရိုကရက်ရေးအရာရှိကြီးများ ကို စောင့်ကြည့်နေသည်ဟု ဆိုပါသည်။ နာမည်ကျော် အဂတိလိုက်စားလှသော အင်ဒိုနီးရှားမှာ ရာထူးအရှိန်နှင့် ငွေချမ်းသာအောင် မလုပ်သူ၊ သန့်ရှင်းသူအဖြစ် နာမည်ကျော်ပါသည်။ ၁၅နှစ်တာ အင်ဒိုနီးရှားနိုင်ငံ ပြုပြင်ပြောင်းလဲမှုမှာ ဒီနှစ် သန့်ရှင်း၊ ပွင့်လင်းသူ၊ အဂတိမလိုက်စားသူအဖြစ် သူ့ပါတီခေါင်းဆောင် မဂ္ဂါဝတီ ထက်ပင် လူကြိုက် အလွန်များနေပါသည်။

၂၀၀၈ ခု အင်ဒိုနီးရှားနိုင်ငံ သမိုင်း အကောင်းဆုံးမြို့တော်ဝန် (၁၀)ဦးစာရင်းဝင် ဖေါ်ပြခံရပါသည်။ ၂၀၁၁ သမ္မတယူဒိုယိုနို၏ ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ပါသည်။ ၂၀၁၂ တွင် ကမ္ဘာ့ရာဇဝတ်မှု ထူပြောသောမြို့ကို ကမ္ဘာ့အဆင့်မြို့အဖြစ် ပြောင်းလဲနိုင်သည့်အတွက် 2012 World Mayor Prize ကမ္ဘာ့မြို့တော်ဝန် တတိယဆုကို ရရှိခဲ့ပြီး၊ ၂၀၁၃ The City Mayors Foundation လစဉ်ကမ္ဘာ့အကောင်းဆုံး မြို့တော်ဝန်ဆုကိုလဲ ရရှိခဲ့ပါသည်။

● အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ ၂၀၁၄
လာမည့် ၂၀၁၄ ဇူလိုင်မှာ အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲ ရှိပါသည်။ လက်ရှိသမ္မတ ယူဒိုယိုနို သည် စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်ပြီး၊ ၂၀၁၄၊ ၂၀၀၉ ရွေးကောက်ပွဲ၂ခုစလုံးကို Democratic Party ပါတီနှင့် အနိုင်ရရှိခဲ့သူဖြစ်ပါသည်။ အင်ဒိုနီးရှားနိင်ငံကို ပွင့်လင်းမြင်သာတဲ့ စနစ်အဖြစ် ပြုပြင်ပြောင်းလဲပြီး၊ အဂတိတိုက်ဖြက်သူအဖြစ် နာမည်ရပါသည်။ ယခင်သမ္မတရွေးပွဲ ၂ကြိမ် အနိုင်ရခဲ့သူ၊ ယခု ၂၀၁၄ တွင် အနားယူရမည် ဖြစ်ပါသည်။ သူ့၏ပါတီက သမ္မတလောင်း မကြေငြာသေးပါ။ သမ္မတရွေးကောက်ပွဲ ၆လကျော် မျှသာ လိုပါတော့သည်။

အင်ဒိုနီးရှားနိုင်ငံတွင်  ၅နှစ်တစ်ကြိမ် သမ္မတရွေးကောက်ပွဲ လုပ်ပါသည်။ အမေရိကန်နိုင်ငံကဲ့သို့ ပါတီများက သမ္မတလောင်းကို ရွေးချယ်ရပါသည်။ ပြည်သူလူထု မဲဆန္ဒခံယူပွဲလုပ်ပြီး၊ မဲတစ်ဝက်ကျော်ရသူကို သမ္မတအဖြစ် ရွေးခံရပါသည်။ သို့မဟုတ်ရင် မဲအများဆုံးရတဲ့ ထိပ်ဆုံး၂ဦး ထပ်ပြိုင်ရပါသည်။ မြန်မာသမ္မတ ရွေးပွဲမှာ တစ်မူထူးပါသည်။ ဒု-သမ္မတ(၃)ဦးကို စစ်တပ်နှင့်လွှတ်တော်၂ခုက ရွေးပြီး ထိုအထဲမှ တစ်ယောက်ကို မဲပေးရွေးစနစ်ပါ။ ပြည်သူများက သမ္မတ တိုက်ရိုက် ရွေးချယ်ခွင့်မရှိပါ။ တရုပ်နိုင်ငံ ပုံစံ သမ္မတရွေးကောက်ပွဲဖြစ်ပါသည်။

လက်ရှိဂျာကာတာမြို့ဝန် ဂျိုကိုဝီ ၏ ပါတီမှာ Indonesian Democratic Party – Struggle ဖြစ်ပါသည်။ ပါတီခေါင်းဆောင်မှာ ယခင်သမ္မတဟောင်း မဂ္ဂါဝသီ ဖြစ်ပါသည်။ သူမက  “၂ကြိမ်တိုင်တိုင် သမ္မတရွေးပွဲမှာ ရှုံးထားသည့်အတွက် ဒီတစ်ကြိမ်မှာ အသက်လဲ ၆၇နှစ်ရှိပြီဖြစ်လို့ ဝင်မပြိုင်တော့ပါဘူး..နောက်တက်လာတဲ့ ငယ်ရွယ်သူကို ပါတီကရွေးပါမယ်” ဟု ဖြေပါသည်။  လောလောဆယ် သူ့တို့ပါတီက ဂျာကာတာမြို့ဝန် ဂျိုကိုဝီ လူကြိုက်များလျှက်ရှိပါသည်။ မူဆလင်ဘာသာဝင် ဂျိုကိုဝီ ၏ လူတန်းစားခွဲခြားမှု မရှိကြောင်းကို သူရွေးထားသော လက်ထောက် ဂျာကာတာမြို့တော်ဝန်ကို ကြည့်ပါ။ ခရစ်ယန်၊ တရုပ်အနွယ် Ahok ဆိုသူ၊ လူမျိုးရေးခွဲခြားမှုများကို ခံစားနေရသူဖြစ်ပါသည်။ ဂျိုကိုဝီ သမ္မတအရွေးခံလျှင် Ahok  ဂျာကာတာမြို့ဝန် ဖြစ်မည်။
.
အင်ဒိုနီးရှားတွင် အစိုးရ၏ အဂတိတိုက်ဖျက်ရေး KPK အဖွဲ့ရှိပါသည်။ မကြာခဏ အရေးယူမှုများနှင့် အဂတိပြဿနာ ကျဆင်းမသွားပဲ၊ ပိုဆိုးလာသလို ဖြစ်နေပါသည်။ ဂီတနှစ်သက်သော ဂျိုကိုဝီ လက်ခံယူလိုက်သည့် လက်ဆောင် Metallica တေးဂီတအဖွဲ့က လက်မှတ်ထိုးပြီး ပေးခဲ့သော လျှစ်စစ် ဘော့စ်ဂီတာ တစ်လက်  ရှိပါသည်။ KPK အဖွဲ့က သိမ်းဆည်းလိုက်ပြီး ပြတိုက်မှာ လူထုကို ပြသထားပါသည်။ ဂျိုကိုဝီ က သူ့ကို သမ္မတ ဖြစ်ဖို့မြှင့်တင်နေသူများကို ..” ကျွန်တော့်ဘဝဟာ ရိုးစင်းလှပြီး ဘာမှထူးခြားမှုမရှိတဲ့အတွက် သမ္မတအဖြစ် မထိုက်တန်ပါဘူး … ဟု ပြောဆိုပါသည်။
.
နှစ်အနည်းငယ်အတွင်း ဂျိုကိုဝီ လူကြိုက်များလာခြင်းဖြစ်ပါသည်။ သူ့ကို သမ္မတအရွေးမခံရလျှင်လဲ ယိုယွင်းနေသော အင်ဒိုနီးရှားမြို့တော် ဂျာကာတာကို ကမ္ဘာ့အဆင့် ပြုပြင်မည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။  မြန်မာပြည် မြို့ကြီးများ မန္တလေး၊ ပုဂံ၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ စတဲ့မြို့များမှာ  ဂျိုကိုဝီ ကဲ့သို့သော အရည်ချင်းရှိသူများစွာ ရှိပါသည်။ ဂျိုကိုဝီ ကဲ့သို့ မြိုတော်ဝန်များစွာ မြန်မာပြည်တွင် ပေါ်ထွက်လာဖို့.. မျှော်လင့်ပါသည်။
.
.
လူထုကြားကခေါင်းဆောင်၊ အင်ဒိုနီးရှားသမ္မတသစ်နဲ့မိသားစု
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၄
“ဂျိုကိုဝီယိုဒို” –  လက်သမား၊ ပရိဘောကအရောင်းအဝယ်လုပ်သူ၊ သစ်တောအင်ဂျင်နီယာကျောင်းဆင်းတစ်ဦးဟာ အင်ဒိုနီးရှားက စစ်ဗိုလ်ချုပ်တွေကြီးစိုးတဲ့ စနစ်ကိုတော်လှန်ဖို့ အရှေ့တောင်အာရှရဲ့ ဒီမိုကရေစီနိုင်ငံကြီးရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပါတယ်။ ကျမ်းကျိန်ပွဲကို စင်ကာပူနိုင်ငံက ဝန်ကြီးချုပ်လီရှန်လုန်း တက်ရောက်နှုတ်ဆက်ပါတယ်။ မြန်မာနိုင်ငံလည်း ကြိုဆိုရပါမယ်။ ထိုင်းနိုင်ငံခေါင်းဆောင် စစ်ဗိုလ်ချုပ်ကြီး၊ အင်ဒိုနီးရှားသမ္မတသစ်၊ မလေးရှား၊ စင်ကာပူ၊ တရုပ်၊ အမေရိကန် စတဲ့ မြန်မာနိုင်ငံရေးကို လွမ်းမိုးတဲ့ အနီနားအဖြစ်အပျက်တွေပါ။
လူထု စိတ်ဝင်စားစရာကောင်းတာ တခုကတော့ သမ္မတဇနီးသည်၊ သမ္မတ သားသမီးများအကြောင်းဖြစ်ပါတယ်။ ယခင်သမ္မတ ယူဒိုယိုနိုနဲ့ဇနီးသည်ဟာ စစ်ဗိုလ်ချုပ်ဟောင်းဖြစ်ပြီး၊ အင်ဒိုနီးရှား လူ့မလိုင်လောကရဲ့၊ မြျှောက်စားမှုကြောင့် အဆောင်ယောင်၊ ခမ်းနားစွာနေထိုင်ကြပါတယ်။ မနေချင်လဲမရပါဘူး။ ဒီနေရာရောက်လာသူတိုင်း ဒီလိုအိမ်၊ အစောင့်ရှောက်နဲ့ထည်ထည်ဝါဝါနေရတော့ ရှောင်လွဲလို့မရပါဘူး။ သူတို့သားသမီးတွေကတော့ စိန်နားကပ်အရောင်နဲ့ပါးပြောင်..ဆိုသလို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ပြေးကပ်၊ မြှောက်ပင့်တော့ သားသမီးများလည်း ထိပ်တန်းအဝတ်အစား၊ ကားကြီးတွေ၊ လေယာဉ်ကြီးတွေနဲ့ သွားလာလှုပ်ရှားကြပါတယ်။ အခု သမ္မတအသစ် ဇနီးမောင်နှံကို ကြည့်လိုက်ရင် ရိုးသားစွာ နေထိုင်တဲ့၊ ပြည်သူ့ကြားကခေါင်းဆောင်ဖြစ်ကြောင်း မြင်တာနဲ့သိနိုင်ပါတယ်။ 
သူက ဘယ်လိုအပြောင်းလဲများ လုပ်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ လွန်ခဲ့တဲ့ ၁၀နှစ်က မြို့တော်ဝန်ရွေးကောက်ခံရပြီး သူတို့မြို့ငယ်လေး ဆူရာကာတာမြို့ Surakarta ကို ကမ္ဘာ့ထိပ်တန်းမြို့အဖြစ်ပြောင်းလဲစေခဲ့သူဖြစ်ပါတယ်။ လာဘ်စားသူများနဲ့ လာဘ်မစားပဲ ၊ လာဘ်စားသူများကို အပြစ်မတင်ပဲ ပူပေါင်းလုပ်ဆောင်နိုင်သူ ခေါင်းဆောင်အဖြစ် အားလုံးက လက်ခံကြပါတယ်။ ၂၀၁၃မှာ အင်ဒိုနီးရှားမြို့တော် ဂျာကာတာမြို့ဝန်အဖြစ် အရွေးခံရပြီး ၂၀၁၄မှာ လျှင်မြန်စွာနဲ့ သမ္မတရွေးကောက်ပွဲအတွက် လူစာရင်းတင်သွင်းခံရပါတယ်။ မြှင့်တင်ပေးသူကတော့ အင်ဒိုနီးရှားခေါင်းဆောင် ဆူကာနို ရဲ့ သမီးဖြစ်သူ မဂါဝတီ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက သမ္မတရွေးပွဲမှာ ဗိုလ်ချုပ်ကြီးဟောင်း ပရာဗိုမို နဲ့အကြိတ်အနယ်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။
သမ္မတရဲ့ သားဖြစ်သူ Gibran Rakabuming ၂၇နှစ်အရွယ်ကတော့ သူတို့မြို့ငယ်လေး ဆူရာကာတာမြို့လေးမှာ မာဇဒါကားငယ်လေးကို စီးပြီး၊ သူ့ရဲ့ စီးပွားရေးလုပ်ငန်း၊ သူ့ရဲ့ မင်္ဂလာဆောင်ပွဲလုပ်ဖို့ အလုပ်များနေဆဲဖြစ်ပါတယ်။ သူဟာ စင်ကာပူနဲ့သြစတြေးလျှားတွေမှာ ပညာသင်ကြား၊ ဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။ သူ့အဖေ ဆူရာကာတာမြို့တော်ဝန်ဖြစ်တုန်းကလေည်း အစိုးရလုပ်ငန်းတွေမှာ ဝင်မပါခဲ့ဘူး။ သူ့ဖာသာပဲ နေထိုင်လုပ်ကိုင်ပါတယ်။ အခု သူ့အဖေ နိုင်ငံတော်သမ္မတကြီး ဖြစ်သွားတော့ သူနေထိုင်ကျ ပုံစံအတိုင်း မဖြစ်တော့ဘူးဆိုတာ သိလာပါတယ်။ လုံခြုံရေးနဲ့သူ့အဖေဂုဏ်သိက္ခာတွေက ရှိသေးတော့ အနေအထိုင် ဆင်ခြင်ရပါတော့မယ်။ ဇိမ်ခံကားစီး၊ အချွေအရံနဲ့ ခမ်းနားစွာ နေမဲ့ပုံစံတော့ မဟုတ်ပါဘူး။ 
“ဘာမှမပြောင်းလဲဖူးလို့ပဲ မျှော်လင့်ပါတယ်။ ကျနော်စီးပွားရေးလုပ်ငန်းနဲ့ နေထိုင်သွားလာမှုများက ကျနော်အဖေ မြို့တော်ဝန်ကာလအတိုင်း အတူတူပဲမဟုတ်လား”.. လို့ပြောပါသေးတယ်။ 
ဒါပေမဲ့ ပြောင်းလဲရပါမယ်။
ဖခင်ဖြစ်သူ သမ္မတဂျိုကိုဝီယိုဒို ကို သူရဲ့သားကြီးဖြစ်သူနဲ့အတူ မီဒီယာဓါတ်ပုံ၊ သတင်းတွေမှာ မမြင်တွေ့ရသလို၊ ဒုတယသမီးဖြစ်သူ Kahiyang Ayu ၂၃နှစ် နဲ့ အငယ်ဆုံးသားဖြစ်သူ Kaesang Pagerep ၁၈နှစ်တို့နဲ့လည်း သမ္မတရွေးကောက်ပွဲ ခရီးစဉ်တွေမှာ အတူမတွေ့ရပါဘူး။ သမီးဖြစ်သူကတော့ သူတို့မြို့က ဆူရာကတာတက္ကသိုလ်ကျောင်းသူ ဖြစ်ပြီး၊ သားအငယ်ဆုံး ၁၈နှစ်ကတော့ စင်ကာပူမှာကျောင်းတက်နေပါတယ်။ သူ့အဖေ သမ္မတအဖြစ် ကျမ်းကျိန်တယ်ဆိုပေမဲ့ သူကတော့ ဘာမှမထူးပါဘူးလို့ ဆိုပါတယ်။ 
“ဘာမှမပြောင်းလဲပါဘူး။ ကျောင်းကသူငယ်ချင်းတွေကလည်း ကျနော့်အဖေ သမ္မတဖြစ်တာနဲ့ ပေါင်းသင်းဆက်ဆံရေး ဘာမှမထူးပါဘူး။ ဒီလိုပဲ ဆက်ပြီးဖြစ်နေမယ်မျှော်လင့်ပါတယ်” ..လို့ စင်ကာပူမှကျောင်းတက်နေတဲ့ အငယ်ဆုံးသားက ပြောပါတယ်။
ဂျိုကိုဝီယိုဒို ရဲ့ သားသမီး၃ဦးဟာ သာမန်လူများအဖြစ်ကြီးပြင်းလာစေခဲ့ပါတယ်။ စီးပွားရေးအောင်မြင်ပေမဲ့လဲ ချမ်းသာကြွယ်ဝသူများလို့ ခမ်းနားထည်ဝါစွာ မနေထိုင်ပဲ၊ သာမန်လူများလို့ အေးဆေးစွာနေထိုင်လာတဲ့ အသိုင်းဝိုင်းမှာပဲ ကြီးပြင်းစေခဲ့ပါတယ်။ မြို့တော်ဝန်အဖြစ် ၁၀နှစ်ကျော် လုပ်ကိုင်စဉ်မှာလဲ မိသားစုကို အစိုးရလုပ်ငန်းများနဲ့ ဝေးဝေးပဲ နေစေခဲ့ပါတယ်။
ဂျိုကိုဝီယိုဒို ရဲ့ ဇနီးသည်ဖြစ်သူ  အီရီယာနာ Iriana ကိုယ်တိုင်လည်း ဘယ်သောအခါမှာ အဆင့်မြင့်၊ တော်ဝင်လက်ပွေ့အိတ်များ ကိုင်ဆောင်လေ့မရှိသလို၊ သူမအဝတ်အစားအများစုဟာ ဂျာကတာ၊ ရှော့ပင်စင်တာများက ဝယ်ယူခြင်းဖြစ်ပါတယ်။ နိုင်ငံခြားမြို့တော်ကြီးများက ဝယ်ယူ၊ ဝတ်ဆင်တာမျိုးမဟုတ်ပါဘူး။ သူမကို အနီးနား၊ ပတ်ဝန်းကျင်က ရှော့ပင်စင်တာများမှာပဲ ဈေးဝယ်သွားနေတာကို သိမ်နီးနားချင်းတွေက သတိထား၊ တွေမိကြပါတယ်။ အခြား အစိုးရအရာရှိ ကတော်ကြီးများလို အခမ်းအနားကြီး၊ ဧည့်ခံပွဲကြီးများမှာ ခမ်းနားကြီးကျယ်စွာ တက်ရောက်နေခြင်းမရှိပါဘူး။ ဒါမျိုးပွဲလမ်းသဘင်တွေကိုလည်း သူမ တတ်နိုင်သမျှ ရှောင်ရှားလေ့ရှိပါတယ်။ 
“ကျမယောင်္ကျားက ရိုးရှင်းစွာ နေထိုင်၊ သွားလာတာ ရှင်တို့တွေ့ကြတာပဲ၊ ကျမ သူ့နဲ့လိုက်ဖက်အောင်ပဲ နေပါတယ်။ ဖက်ရှင်၊ ဝတ်ကောင်းစားလှတွေထက် သက်တောင့်သက်သာရှိတဲ့ အဝတ်အစားမျိုးကို သဘောကျ၊ ဝတ်ဆင်ချင်ပါတယ်” ..လို့ သမ္မတကတော်ဖြစ်လာတဲ့ အီရီယာနာ က ပြောပါတယ်။
မြန်မာနိုင်ငံအကြောင်း ဆက်ကြည့်ရင်၊ လက်ရှိသမ္မတဦးသိန်းစိန်ရဲ့ ရိုးရှင်းစွာနေထိုင်ပုံ၊ သူ့ဇနီးသည်နဲ့ သမီးများ လူ့မြင်ကွင်းမှာမတွေ့ရခြင်း၊ အခမ်းအနားကြီးများမှာ မတွေ့ရခြင်းတွေက မြန်မာ့ခေါင်းဆောင်တစ်ဦး နိုင်ငံကိုပြုပြင်ပြောင်းလဲစေနိုင်တဲ့ အရည်အချင်းတွေဖြစ်လို့ အားရစရာကောင်းပါတယ် (လို့ ဆိုရမလားပဲ)။  အင်ဒိုနီးရှားသမ္မတသစ် ဂျိုကိုဝီယိုဒို တက်၃နှစ်ကျော် စောစီးစွာ မြန်မာနိုင်ငံရဲ့ ဂုဏ်ပကာသနာကင်းစွာ နေထိုင်တဲ့ နိုင်ငံခေါင်းဆောင်ဖြစ်ပါတယ်လို့များ ပြောချင်ကြမလားတော့ မသိပါ။
ဗိုလ်ချုပ်ကြီးဘဝနဲ့ နှစ်ပေါင်းများစွာ နေထိုင်ခြင်းကြောင်း စစ်ဗိုလ်ချုပ်များရဲ့ စရိုက်များကတော့ ရှိနေမှာပါပဲ။ သားသမီး၊ မိသားစုများလည်း အင်ဒိုနီးရှားသမ္မတကြီးရဲ့ မိသားစုလို လူပရိသတ်ကြားမှာ သွားလာဝံ့မှာတော့ မဟုတ်ပါဘူး။ 
ဆင်းရဲတဲ့ နိုင်ငံနဲ့ညီလျှော်အောင် နိုင်ငံခေါင်းဆောင်များက အဆောင်အယောင်တွေ လျှော့ချနေကြပါတယ်။ လူတွေလည်း ခေါင်းဆောင်များပုံစံ လိုက်လေ့ရှိပါတယ်။ အင်ဒိုနီးရှား ဒီမိုကရေစီစနစ်ဟာ အခု ၂၀၁၄မှာတော့ အရှေ့တောင်အာရှမှာ ထိပ်တန်းဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲနေတဲ့အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူများရဲ့ ဝင်ငွေ GDP per Capital ဟာ ၃နှစ်အတွင် ၂ဆ 100% လောက် Us$4300 အထိ တက်သွားပါတယ်။ 
ဗီယက်နမ်ပြုပြင်ပြောင်းလဲကတော့ နှေးကွေးစွာနဲ့ US$4700 ကို ၂၅% တိုးတက်လာပါတယ်။ မြန်မာနိုင်ငံကတော့ ၅၀% US$1700 အထိတက်လာပါတယ်။ လက်ရှိမြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနဲ့ကမ္ဘာမှာ အဆင်းရဲ၊ မွဲတေဆုံး အောက်ဆုံးအခြေအနေက အနည်းငယ်လွတ်မြောက်လာတာကို တွေ့ရပါတယ်။
 အင်ဒိုနီးရှားမှာ အာဇာနီသမ္မတဆူကာနိုရဲ့ သမီးဖြစ်သူ မဂါဝတီ ထက်များစွာ ဂုဏ်သိက္ခာကြီးတဲ့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိနေခြင်းဟာ မြန်မာနိုင်ငံရဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။ မြန်မာ့ ခေါင်းဆောင်များ နိုင်ငံခေါင်းဆောင်အဆင့်ကနေ ရပ်ကွက်ကျေးရွာ၊ အိမ်ထောင်ခေါင်းဆောင်အထိ မိမိဂုဏ်သိက္ခာ၊ မျိုးရိုးနဲ့ နိုင်ငံနဲ့လူမျိုး တိုးတက်ရေးအတွက် ကိုယ်တိုင်ပဲ၊ ရိုးရှင်းစွာ၊ အဂတိနည်းပါးစွာ နေထိုင်ကြဖို့ မျှော်လင့်ပါတယ်။
Reference
Indonesia New President’s Life Style  25 oct 2014, JAKATA POST/ASIA NEWS NETWORK
.
//////// End of 2014 Article - ၂၀၁၄ ဆောင်းပါး၂ပုဒ် အဆုံးသပ် ////////

.
.

သမ္မတ ဂျို ကို ၀ီ လုပ်ဆောင်မှု များ
စီးပွားရေး မှာ တိုင်းပြည် GDP တိုးတက်နှုန်း ၂၀၁၅ အစပိုင်းမှာ ၄.၉၂ % ရှိပါတယ်။ နောက်ပိုင်း ကျဆင်းသွားပေမဲ့ အန္တရယ်ဖြစ်စေမဲ့ ၄% အောက်ကို မကျအောင် ထိန်းထားပါတယ်။ ၂၀၁၇ မျာတော့ ၅.၂% တိုးတက်လာပြီး၊ ယခု ၂၀၁၈ ခုနှစ် မှာတော့ ၅.၈% ဖြစ်လာပါတယ်။  ၆% အထက် ဆိုရင် နိုင်ငံစီးပွားရေး အခြခိုင်မှာ ဖြစ်ပေမဲ့ အမေရိကန် နဲ့ တရုပ်နိုင်ငံ တို့ရဲ့ ကုန်သွယ်ရေး စစ်ပွဲကာလ ဖြစ်နေခြင်း၊ ၂၀၁၉ ရွေးကောက်ပွဲ အတွက် ပြင်ဆင်ခြင်း များက အစိုးရ စီးပွားရေး ပေါ်လစီ များကို ထိခိုက် မှာ ဖြစ်ပါတယ်။ အောက်ခြေ ပြည်သူလူထု အတွက် သိသိ သာသာ ပြောင်းလဲ တိုးတက်မှု မရှိ ပေမဲ့၊ အထက်တန်း နဲ့ အလယ်လတ်တန်း လူတန်းစားများ အတွက်တော့ သိသိ သာသာ အကျိုး ရရှိ လာပါတယ်။ နိုင်ငံ ရဲ့ ရေ ရှည် စီးပွား ရေး အဖြစ် လမ်း တံတား၊ လေဆိပ်၊ အဝေးပြေးကားလမ်း၊ အမြန်ရထားလမ်း၊ သင်္ဘောဆိပ် များကို ဦးစားပေး ဆောက်လုပ်ခြင်းက ကုန်ထုတ်လုပ်မှု စရိတ်များ ကျဆင်းပြီး၊ လူသုံးကုန်၊ စားသုံးကုန် ဈေးနှုန်း ကျဆင်းစေပါတယ်။
.
ရူပြား ငွေဈေးနှုန်း က သြဂုတ်-၂၀၁၅ မှာ
US$1.00= Rp 14,000 နှုန်းထားကနေ ဒီဇင်ဘာ-၂၀၁၆ မှာ  Rp13.473/USD ဖြစ်လာပါတယ်။ အခု မေ-၂၀၁၈ မှာတော့ Rp 14,000 နှုန်းကို ပြန်လည် ရောက်ရှိလာပါတယ်။ ငွေဖောင်းပွ နှုန်း ကတော့ ဇွန်-၂၀၁၅ မှာ ၇.၂၆% ဖြစ်ပြီး၊ ၂၀၁၇ မှာ ၆.၇%၊  မေ-၂၀၁၈ မှာ ၇.၁၅% ဖြစ်ပါတယ်။ ရွေးကောက်ပွဲ နီးလာချိန် နိုင်ငံ စီးပွားရေး မတည်ငြိမ်မှု ဖြစ်လာ ပါတယ်။
.
စွမ်းအင် နဲ့ လျှပ်စစ် ပေါ်လစီ
ယခင် သမ္မတ Yudhoyono
လက်ထက်မှာ အစိုးရ အရှုံးခံ ရောင်းချတဲ့ လောင်စာဆီ နဲ့ လျှပ်စစ် မှာ ဈေးနှုန်းမြှင့်တင် လိုက်တဲ့ အတွက် တတိုင်းပြည်လုံး မငြိမ်မသက်၊ ဆူပူမှုတွေ ဖြစ်ပေါ်လာခဲ့လို့ နဂိုအတိုင်း ပြန်ဈေးရှော့  ပေးလိုက်ရပါတယ်။ သမ္မတ ဂျို ကို ၀ီ လက်ထက် ၂၀၁၅ မှာ လောင်စာ ထောက်ပံ့ရေး အစီစဉ် သစ် ပေါ်လစီ ပြဌာန်းခဲ့မှုကို IMF ဥရောဘငွေကြေးအဖွဲ့ က ချီးကျူး ခဲ့ပါတယ်။ ဒီ ပေါ်လစီ အသစ်ကို လဲ တချို့ ဒေသများမှာ ဆန္ဒပြခဲ့ ပေမဲ့ အဲဒီ ဒေသများရဲ့ လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး များကို ပံ့ပိုး ပေးမှု နဲ့ ထိန်းချုပ် နိုင်ခဲ့ပါတယ်။ အင်ဒို နီးရှာ နိုင်ငံ က ရေနံ နဲ့ ဓါတ်ငွေ အမြောက် အများ ထွက်တဲ့ အတွက် လောင်စာဆီ နဲ့ လျှပ်စစ် ကို အစိုးရက များစွာ အရှုံးခံ ပံ့ပိုးနိုင် ပါတယ်။ အခြား အာစီယံ နိုင်ငံ များထက် ပိုပြီး ဈေးနှုန်း သက်သာ ပါတယ်။ ၂၀၁၅ လောင်စာဆီ အစိုးရ ထောက်ပံ့တဲ့ စီမံကိန်းက အစိုးရအပေါ် မထိ ခိုက်ပေမဲ့ အစိုးရပိုင် ရေနံကုမဏီကြီး ဖြစ်တဲ့ Pertamina ကိုတော့ အတော် ထိခိုက်သွားခဲ့ ပါတယ်။
.
.
ပင်လယ်ခရီးသွားလာ၊ စီးပွားရေး ပေါ်လစီ (Maritime)
ယခင် သမ္မတ Yudhoyono က အင်ဒိုနီးရှား ကို ကမ္ဘာ့  ပင်လယ်ခရီးသွား နိုင်ငံကြီး ဖြစ်ဖို့ ၊ သဘော်များ၊ သင်္ဘောသားများ ၊ ကမ်းလွန်ရေနံများ နဲ့ မြှင့်တင်ပေးခဲ့ပါတယ်။ ကျွန်းပေါင်း တသောင်း ၇ထောင် ကျော် ဟာ ပင်လယ်ခရီးလမ်း နဲ့ ပဲ ဆက်သွယ် ရပါတယ်။ အိန္နိယ သမုဒ္ဒရာ နဲ့ ပစ္စဖိတ် သမုဒ္ဒရာ ကြီး ၂ခု ပေါ်မျာ ကျွန်းများ တည်ရှိပါတယ်။ ဒါကြောင့် အဲဒီ ကျွန်းစုများမှာ နိုင်ငံတော် အချုပ်အချာ အာဏာ ပိုင်စိုးဖို့ သမ္မတ ဂျို ကို ၀ီ လက်ထက်မှာ ဆက်လက် ကြိုးစား ရပါတယ်။ အဓိက ကျတဲ့ ဂျာဗား ကျွန်း ကြီးကို တခြား ကျွန်းများက ခရီးသွားလာ လွယ်ကူဖို့ သင်္ဘောဆိပ်များ။ ရေနက်ဆိပ်ကမ်းများ၊ လေဆိပ်များ၊ လမ်းတံတားများ၊ လျှပ်စစ်မီးများ ကို တည်ဆောက် ပေးရပါတယ်။ ငါးဖမ်း လုပ်ငန်းက အလွန် ကြီးမား တဲ့ လုပ်ငန်းကြီး ဖြစ်ပြီး၊ လောင်စာဆီ သယ်ဆောင်၊ ရောင်းဝယ် တဲ့ လုပ်ငန်းအတွက် သင်္ဘောအမြောက်အများ အသုံးပြုရပါတယ်။ ရေကြောင်းဆိုင်ရာ တရားမ၀င် ငါးဖမ်းခြင်း၊ လောင်စာဆီလုပ်ငန်း။ နယ်မြေလုံခြုံရေး အခက်ခဲ များစွာ သမ္မတ ဂျို ကို ၀ီ လက်ထက်မှာ လဲ ရှိနေ ဆဲ ဖြစ်ပါတယ်။
.
.
အင်ဖရာစထရပ်ချာ Infrastructure
အခြေခံ အဆောက်အဦ များဖြစ်တဲ့ လမ်းတံတား၊ လေဆိပ်၊ ရေနက်ဆိပ်ကမ်း၊ ရေနံပိုက်လိုင်း၊ လျှပ်စစ်၊ မြို့ပြ ဖွံ့ဖြိုးရေး၊ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ဆည်မြောင်း၊ ရေကာတာများ လုပ်ဆောင်ရာ ၂၀၁၆ မှာ ဒေါ်လာ ၂၂ဘီလျံ သုံးစွဲခဲ့ပါတယ်။ အင်ဒိုနီးရှား သမိုင်းမှာ အမြင့်မားဆုံး ငွေကြေး စံချိန်တင် သုံးစွဲ ခြင်းဖြစ်ပါတယ်။  သုတေသန ပြုချက်များအရ အာစီယံနိုင်ငံများရဲ့ P.P.P  Public Private Partnership နိုင်ငံခြား ရင်းနှီးမြှတ်နှံ မှုများမှာ ဂျပန်နိုင်ငံ က ကြီးစီး နေရာက တရုပ်နိုင်ငံ ကလည်း ထိုးဖောက် ၀င်ရောက်လာ ပါတယ်။ တချို့ နိုင်ငံများ မှာ တရုပ်နိုင်ငံ ရဲ့ China Debt Trap ဆိုတဲ့ ဈေးပိုများတဲ့ ရင်းနှီးမြှတ်နှံမှု အကြွေးဒဏ် ခံနေရပါတယ်။ အာစီယံ အချက်အလက် များအရ အင်ဒိုနီးရှားကို အင်ဖရာစထရပ်ချာ နဲ့ အထွေထွေ P.P.P ရင်းနှီးမြှတ်နှံ ငွေ စုစုပေါင်းက ၂၀၁၃ အထိ ဂျပန် $53 billion နဲ့ တရုပ် $45 billion ရှိနေပါပြီ။
.

နိုင်ငံခြား ပေါ်လစီ နဲ့ မူးရစ်ဆေးဝါး ပေါ်လစီများမှာ
အခြားနိုင်ငံများ အထူးသဖြင့် အိမ်နီးခြင်း သြစတြေးလျ အပါဝင် နိုင်ငံကြီးများရဲ့ သြဇာ လွမ်းမိုးမှု မခံရအောင် သမ္မတ ဂျို ကို ၀ီ လက်ထက်မှာ ဆက်လက် လုပ်ဆောင် နေပါတယ်။ အထူးသဖြင့် မူးရစ်ဆေး သယ်ဆောင်၊ ဖြန့်ဖြူးမှု နိုင်ငံခြားသားများကို သေဒဏ် အပြစ်ပေးရာမှာ မကြာခဏ နိုင်ငံရေး ၀င်ရောက် စွတ်ဖက် ခံနေရပါတယ်။ သမ္မတ ဂျို ကို ၀ီ က မူးရစ် ရောင်းသူများကို
 pro-death penalty stance ဆိုတဲ့ သေဒဏ် ပေးခြင်း ဥပဒေ အသစ် ထပ်မံ ထုတ် ပြန်ပါတယ်။ ပြင်သစ်၊ ဘရာဇီး၊ နယ်သာလန်။ သြစတြေးလျ နိုင်ငံသားများကို သူတို့အစိုးရ များက ကန့်ကွက်ပေမဲ့ သေဒဏ် ပေးခဲ့ ပါတယ်။ လက်ရှိ သေဒဏ် ချခံရသူ ၁၃၀ ဦး ရှိ ပါတယ်။ ဒါကတော့ အမျိုး သားရေး မှာ မူးရစ် ဆေးဝါးကို အထူး ဂရုပြု တိုက် ဖျက်ခြင်း ဖြစ် ပါတယ်။
.
.
နိဂုံး (အင်ဒိုနီးရှား သမ္မတ ဂျို ကို ၀ီ)
မိသားစု က ရိုးရှင်းစွာ နေထိုင်ပါတယ်။ သားသမီး များ က စင်ကာပူ နဲ့ သြစတြေးလျား မှာ ပညာ ဆက်လက်သင်ကြတယ်။ ဆွေမျိုးများ စီးပွားရေး လုပ်ပေမဲ့ ၊ အစိုးရ ကန်ထရိုက်၊ တင်ဒါများ ကို ရှောင်ရှား ကြပါတယ်။ သားနှစ်ယောက် နဲ့ သမီးငယ် ၃ယောက် ရှိပါတယ်။
.
ဂျို ကို ၀ီ တေးဂီတကို နှစ်ခြိုက် တဲ့ သူဖြစ်ပြီး၊ ရော့ ခ် တေးဂီတ ပိုမို စိတ်ဝင် စားသူ ဖြစ်ပါတယ်။ သမ္မတ မဖြစ်ခင်က ကမ္ဘာကျော်
 Metallica တေးဂီတ အဖွဲ့က တန်ဖိုးကြီးလှတဲ့ ဂီတာ တလက် လက်ဆောင်ပေးပါတယ်။ အင်ဒိုနီးရှား အဂတိတိုက်ဖျက်ရေး အဖွဲ့ PKP က သတ်မှတ်တန်ဖိုး ထက် များပြားတဲ့ အတွက် သိမ်းဆည်းပြီး အဂတိတိုက်ဖျက်ရေး ပြခန်းမှာ ပြည်သူတွေကို ပြသထားပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဒိန်းမတ် ၀န်ကြီးချုပ် အင်ဒိုနီးရှားကို အလည်လာပြီး သမ္မတ ဂျို ကို ၀ီ ကို Metallica Master of Puppets vinyl box တေးဂီတ ပစ္စည်း လက်ဆောင် ပေးခဲ့ ပါတယ်။ အဲဒီ ပစ္စည်း အတွက် သမ္မတ ဂျို ကို ၀ီ က အခွန်ငွေ 11 million rupiah (US$ 7850 = ကျပ် ၅၆သိန်း) ပေးဆောင် လိုက်ရပါတယ်။
.
မြန်မာနိုင်ငံ ထက် အင်ဒိုနီးရှား နိုင်ငံက အစစ အရာရာ မှာ သာလွန် နေပါတယ်။ ဒါပေမဲ့ အခြေခံ လူတန်းစားမှာတော့ အများကြီး မသာပါဘူး။ တစ်ဦးချင်း ၀င်ငွေက ၃ဆလောက်ပဲ ကွာပါတယ်။ (GDP per capital per year, Indonesia $3362 vs Myanmar $1212)၊ အင်ဒိုနီးရှားက ၁၉၉၈ ကတည်းက မြန်မာထက် ၁၂နှစ် စောပြီး ပြုပြင်ပြောင်းလဲ ခဲ့တာကြောင့်ပါ။ လူသား အရင်း အမြစ် မှာတော့ မြန်မာ နိုင်ငံ က အင်အားကြီး၊ တရုပ် အိန္နိယ တို့နဲ့ အိမ်နီးချင်း ဖြစ် နေလိုက ပိုပြီး အခွင့် အလမ်း ရှိ ပါတယ်။
.
အနာဂါတ် မြန်မာ ခေါင်းဆောင်များဟာ  ကိုယ့် မြို့။ ကိုယ့်ရွာ မှာ မြို့တော်ဝန်၊ စည်ပင်ဌာန အကြီးအကဲ များအဖြစ်က ထူးထူး ခြား ခြား တိုးတက် ဖွံ့ဖြိုးအောင် လုပ်နိုင်သူများ၊ လူငယ်များစွာ ပေါ်လာမယ် မျှော် လင့်ပါတယ်။ ရန်ကုန် မြို့တော် စည်ပင် ဥပဒေကို ကန့်ကွက်မှု များစွာ ပြန်လည် ပြင်ဆင်ပြီး အတည်ပြုလိုက် ပါပြီ။ ကော်မတီဝင် ၁၁ဦး မှာ ၆ဦးကို ရွေးကောက် တင်မြှောက်ပြီး၊ ၅ဦးကို အစိုးရက ရွေးချယ် ရမယ် ဖြစ်ပါတယ်။ အလားတူ မြို့တိုင်းမှာ စည်ပင် ဥပဒေများ နဲ့ ရွေးကောက်ခံ စည်ပင်အကြီးကဲ (အင်ဒိုနီးရှား သမ္မတ ဂျို ကို ၀ီ ကဲ့သို့) အစိုးရက မခန့်အပ်ပဲ ပြည်သူက ရွေးကောက် တင်မြှောက်မဲ့ စနစ် ဖြစ်လာရင် အနာဂါတ် မျိုးဆက်သစ် မြန်မာလူငယ် များ ပိုမို တိုးတက် ဖွံ့ဖြိုး လာမှာ ဖြစ်ပါတယ်။
.
ဇော်အောင် (မုံရွာ)
၂. ဇူလိုင်. ၂၀၁၈

.
.
.
ကိုးကား
၁။ ယခင် မိုးမခ ဆောင်းပါးများ
၂။ ၀ီကီ  https://en.wikipedia.org/wiki/Joko_Widodo

စွမ်းအင် (လျှပ်စစ်) ကဏ္ဍ အပိုင်း(၂) ဦးမော်သာထွေး (လျှပ်စစ် ဒုဝန်ကြီးဟောင်း) နှင့် MRTV တွေ့ဆုံခြင်း၊


စွမ်းအင် (လျှပ်စစ်) ကဏ္ဍ အပိုင်း(၂)
ဦးမော်သာထွေး (လျှပ်စစ် ဒုဝန်ကြီးဟောင်း) နှင့် MRTV တွေ့ဆုံခြင်း၊
လျှပ်စစ် အရင်းအမြစ်တွေကို ဘယ်လိုအသုံးချမယ်၊ လျှပ်စစ်ကို ဘယ်လိုသုံးစွဲမယ်၊ လျှပ်စစ်မူဝါဒတွေ၊ လျှပ်စစ် ရင်းနှီးမြှတ်နှံမှု အကျိုးအမြတ်၊ ဘယ်လိုရရှိမယ် များကို ရှင်းပြပါတယ်။

နိုင်ငံတစ်ခုရဲ့ အုပ်ချုပ်မှု ဥပဒေအားလုံး ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်မှာ မူတည်နေသလို၊ စွမ်းအင်ကဏ္ဍ ပတ်သတ်ရင်လဲ စွမ်းအင် နိုင်ငံတိုင်းမှာ ဒီ ပေါ်လစီ (၃) ခုပေါ် မူတည်နေပါတယ်။ လျှပ်စစ် ကဏ္ဍမှာလဲ (၄)ချက် ပေါ်လစီပေါ် မူတည်ပါတယ်။ ပြန်ရေးပါမယ်။
.
စွမ်းအင်ပေါ်လစီ ၃ခု ကတော့ ..
.... ၁။ Physical Energy လက်ရှိ စွမ်းအင်အရင်းအမြစ်များ
.... ၂။ Price စွမ်းအင်ဈေးနှုန်း (အတက်အကျမရှိရန်၊ ငြိမ်ရန်)
.... ၃။ Geo Political ဘူမိ (ပထ၀ီနိုင်ငံရေး) တို့ဖြစ်ပါတယ်။ ဘယ်အရင်းအမြစ်ကို အခြေခံပြီး စွမ်းအင် ထုတ်လုပ်၊ တင်ပို့ သုံးစွဲမလဲ ပေါ်လစီ ချရပါမယ်။
.
လျှပ်စစ်စွမ်းအင် ပေါ်လစီ် (၄)ချက်ကတော့
ဒီတစ်ခုကိုပဲ အာရုံစိုက် ကြည့်မယ်ဆိုရင် တော့ ၄ချက်ရှိပါတယ်။
.... ၁။ Price ဈေးနှုန်းကို နံပါတ်(၁) ထားရပါမယ်။
.... ၂။ Quality လျှပ်စစ် အရည်အသွေး
.... ၃။ Physical လျှပ်စစ်အရင်းအမြစ်
... ၄။ Geo Political သဘာဝပတ်ဝန်းကျင် တို့ဖြစ်ပါတယ်။
.
သဘာဝ ပတ်ဝန်းကျင် ကိစ္စကိုတော့ ရင်းနှီးမြှတ်နှံသူတွေ ထည့်မတွက်ပါဘူး။ ဒါက သက်ဆိုင်ရာ အစိုးရနဲ့ ဆိုင်ပါတယ်။
.
မြန်မာနိုင်ငံရဲ့ စွမ်းအင်ပေါ်လစီ ပြသနာက တယူနစ်ဈေးနှုန်း Price Policy မရှိသေးတာပဲ ဖြစ်ပါတယ်။ ရင်းနှီးမြှတ်နှံတဲ့ ကုမဏီ က လျှပ်စစ် ထုတ်လုပ်ပြီး အစိုးရက ၀ယ်မဲ့ တယူနစ်ဈေးနှုန်း ကို တိကျပြတ်သားတဲ့ ဈေးနှုန်း ပေါ်လစီ မရှိသေးတဲ့အတွက် ရင်းနှီးမြှတ်နှံသူတွေ က သိပ်မလာကြပါ။ တခြား အိမ်နီးခြင်း နိုင်ငံများ ဖြစ်တဲ့ ဗီယက်နမ်၊ တရုပ်၊ လာအို ကိုပဲ သွားလုပ်ကြတယ်။
.
နိုင်ငံတွေမှာ တယူနစ်ဈေးနှုန်းကို အခြေခံလူတန်းစားကို တယူနစ် 7.1 cents (၁၀၀ကျပ်) ရောင်းပေးပါတယ်
(US$1.00 = Kyat 1400, June-2018)။ ၂၅ယူနစ် ထက်ပိုသုံးရင် 11 cents စသဖြင့် ပိုသုံးရင် သုံးသလို ဈေးမြှင့်လာပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ 5 cent to 8 cents, တရုပ်နိုင်ငံမှာ 6 cents to 7 cents အခြေခံ လူတန်းစားကို လျှော့  ပြီး ရောင်းချပါတယ်။ ရင်းနှီးမြှတ်နှံတဲ့ ကုန်ထုတ်လုပ်ငန်းများထံ သိပ်ဈေးမကြီးတဲ့ ဈေးနှုန်း ပေါ်လစီ ချမှတ်ရပါတယ်။
.
ဗီယက်နမ်၊ ထိုင်း နိုင်ငံများမှာ ကုန်ထုတ်လုပ်ငန်းများအတွက် လျှပ်စစ် ဈေးမကြီးဖို့  အရင်းအမြစ်များဖြစ်တဲ့ ရေအား၊ ကျောက်မီးသွေး စသဖြင့် အစွမ်းကုန် သုံးနေပြီး ညူကလီယာအထိ သွားနေကြပါပြီ။ ပြည်ပက အရင်းအမြစ်တွေ ကိုလည်း တင်သွင်းပြီး လျပ်စစ်ထုတ်လုပ် နေကြရပါတယ်။
.
.
ကျောက်မီးသွေး အရင်းအမြစိ
လျှပ်စစ် ပေါ်လစီနဲ့ ပတ်သက်ပြီး အရင်းအမြစ် အသုံးချပုံ များက ဆင်းရဲ၊ ချမ်းသာ နိုင်ငံမရွေး၊ အားလုံး အတူတူပဲ ဖြစ်ပါတယ်။ ကျောက်မီးသွေး နဲ့ ပတ်သက်ရင် အမေရိကန်က နိုင်ငံ လျှပ်စစ်ရဲ့ ၃၁% ကို ကျောက်မီးသွေးလျှပ်စစ် အသုံးပြုနေတယ်။ နိုင်ငံတကာ ကျောက်မီးသွေး လျှပ်စစ်သုံးစွဲမှု ယူနစ်သန်းပေါင်း ကို ကြည့်ရင်
* အမေရိကန် ၁၁၀၀၀ ယူနစ်
* မြန်မာ ၂၅၀ ယူနစ်
* လာအို ၅၁၀
* တရုပ် ၄၀၀၀
* ထိုင်း - ၃၀၀၀
* မလေးရှား - ၄၀၀၀  .. စသဖြင့် ကျောက်မီးသွေးလျှပ်စစ် ကို မှီခို နေရပါတယ်။ မြန်မာနိုင်ငံက ကျောက်မီးသွေး အသုံးချမှု အနည်းဆုံး နိုင်ငံ ဖြစ်ပါတယ်။
.
ဓါတ်ငွေ့ အရင်းအမြစ်
အမေရိကန်နိုင်ငံမှာ ဓါတ်ငွေအမြောက်အများ အရင်းမြစ် ရှိပါတယ်။ ဓါတ်ငွေ ဈေးနှုန်းက နေရာ ဒေသအပေါ် မူတည်ပြီး ဈေးနှုန်းမတူပါဘူး အမေရိကန်နိုင်ငံမှာ ရှဲလ် ဆိုတဲ့ ကျောက်မြေများက ဓါတ်ငွေ့ထုတ်နိုင်တဲ့ အတွက် အလွန်ဈေးချိုပါတယ်။ LNG ကို ဈေးသက်သာစွာ ထုတ်လုပ် နိုင်လာပါတယ်။ ဒါကြောင့် ဓါတ်ငွေ ဈေးနှုန်းက အမေရိကန်မှာ 3 cents အထိ ဈေးပြုတ်ကျ သွားပါတယ်။ မြန်မာနိုင်ငံ က ထုတ်တဲ့ ဓါတ်ငွေ့ကို တရုပ်က 8 cents to 9 cents ဈေးနဲ့ ၀ယ်ပါတယ်။ ထိုင်းနိုင်ငံက 10 cents ဈေးနှုန်းနဲ့ ၀ယ်ပါတယ်။ ဓါတ်ငွေ့ကိုလဲ များစွာ မမှီခိုလိုကြပါဘူး။
.
ရေအား အရင်းအမြစ်
အမေရိကန် နိုင်ငံ လျှပ်စစ်ကဏ္ဍ နဲ့ ပေါ်လစီကို ကြည့်မယ်ဆိုရင် ဓါတ်ငွေ့ကို ၃၄% ၊  ကျောက်မီးသွေး ၃၁% နိုင်ငံရဲ့ ပါဝါဂရစ် Power Grid ထဲ ထည့်ထားပြီး၊ ညူကလီယာ စွမ်းအင်ကို တွဲမောင်းနှင်ထားပါတယ်။ သူ့နိုင်ငံတွင်း ထွက်တဲ့ သဘာဝ တွင်းထွက် အရင်းအမြစ်များကို အသေအချာ ထိန်းသိမ်းထားပါတယ်။ မိမိ နိုင်ငံရဲ့ လျှပ်စစ်အရင်းအမြစ် သာမက တခြားအရင်းအမြစ်များ (လူသားအရင်းအမြစ်) အထိ ထိမ်းသိမ်း အသုံးချနိုင်တဲ့ အတွက် ကမ္ဘာပေါ် အချမ်းသာဆုံး နိုင်ငံ ဖြစ်နေတာ မဆန်းပါဘူး။
.
အခုဆို တရုပ် တိုးတက်လာတော့ တရုပ်ကို အမေရိကန် အတော်ဖြုန် နေပြီ ဖြစ်ပါတယ်။ စီးပွားရေး ပေါ်လစီများမှာ တရုပ်နဲ့ ကုန်သွယ်မှု ပြသနာများ ဖြစ်လာပါပြီ။ အမေရိကန်နိုင်ငံ က ပြည်တွင်းထွက် ကုန်ပစ္စည်းများ အစား အမေရိကန်ကွာလတီ မီဗအာင် တရုပ်က ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ၀ယ်သုံးရာက အမေရိကန် စီးပွားထိခိုက်လာတယ်။ (စကားချပ်။ အခု ၂၀၁၈ အမေရိကန် ကုန်သွယ်မှု ပေါ်လစီများ ပြောင်းလဲလို့ အမေရိကန်ဒေါ်လာဈေး တက်လာပါတယ်)။
.
တရုပ်နိုင်ငံက ရင်းနှီးမြှတ်နှံတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို တယူနစ် 5 cents to 6 cents နဲ့ ရောင်းချ ပေးနိုင်ပြီး၊ မဂါဝပ် ၃သိန်းကျော် ပြည်တွင်း ထုတ်လုပ်နေပါတယ်။ ကျောက်မီးသွေးကို ၆၃% အထိ အသုံးပြုနေပြီး၊ 
.
ဂျာမဏီးနိုင်ငံ .. ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ကျယ်လောင်စွာ ပြောနေတဲ့ ဂျာမဏီ မှာတောင် ကျောက်မီးသွေးကို ၄၁% အသုံးပြုနေရပါတယ်။

ဒိန်းမတ်နိုင်ငံ ချမ်းသာတယ်။ လေစွမ်းအင် အကြီးစား လေရဟတ်များ ထုတ်လုပ်ပြီး၊ ကမ္ဘာ့ နိုင်ငံများကို ရောင်းချဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ သူလဲ ကျောက်မီးသွေး ၃၀%၊ Renewable ဆိုတဲ့ လေ၊နေရောင်ခြည် ၆၀% အသုံးပြုနေပါတယ်။ ဓါတ်ငွေ့ လျှပ်စစ်က ၂% ပဲ အသုံးပြုပါတယ်။ ဒါပေမဲ့ ပြသနာက ဒိန်းမတ်နိုင်ငံမှာ လျှပ်စစ် တယူနစ် ဈေးနှုန်းက 32 cents (မြန်မာငွေ ၄၅၀ကျပ် ) ဈေးအရမ်းကြီးနေတယ်။
.
နိုင်ငံများ နှိုင်းယှဉ်ပြခြင်းက လျှပ်စစ် အရင်းအမြစ် များကို ဘယ်လို အသုံးချနေသလဲ ဆိုတာကို ရှင်းပြခြင်း ဖြစ်ပါတယ်။
.
.
မြန်မာနိုင်ငံ လျှပ်စစ် တာဝန်ရှိသူများအတွက်
ပုဂ္ဂလိက IPP Independent Power Production, တယူနစ်ဈေးနှုန်း PPA Power Purchase Agreement တွေအကြောင်း ၊ မြန်မာဝန်ကြီးဌာနများ ဒီလုပ်ငန်းအတွက် အားနည်းချက်များ ရှိတာကို ဆွေးနွေးပါတယ်။
.
မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ (မ.ဆ.လ) ခေတ်မှာတော့ အားလုံး နိုင်ငံပိုင် ဖြစ်ပါတယ်။ သူ့ခေတ် သူ့အခါ ကလည်း ဟုတ်ပါတယ်။ အရင်းရှင်တွေက မတရား အနိုင်ကျင့်လာတော့ ကွန်မြူနစ် စနစ် ပေါ်လာပြီး ရုရှား၊ တရုပ် စတဲ့ ကွန်မြူနစ်နိုင်ငံများစွာ အရင်းရှင်စနစ်ကို ခြိမ်းခြောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အရင်းရှင်စနစ်က ဒီမိုကရေစီ လူထုအခွင့်ရေး များကို ပြန်လည်ကြည့်လာချိန် ကွန်မြူနစ် စနစ်ကြီးကလည်း ယိုယွင်းပျက်စီးလာတော့ စနစ်တွေ ပြောင်းရပါတယ်။ ခေတ်ပြောင်းသွားတယ်။ ဥရောပနိုင်ငံတွေက စောစော ပြောင်းလဲတယ်။ လျှပ်စစ် ကဏ္ဍကို အစိုးရကပဲ Regulate ညှိနှိုင်းတဲ့ စနစ်ကို ပြောင်းသွားပါတယ်။
.
.
လျှပ်စစ် ကဏ္ဍမှာ (၃)ပိုင်း ရှိပါတယ်။
၁။ ဖြန့်ချိရေး (မြို့ရွာ အိမ်၊ အလုပ်ရုံများအထိ သွယ်တန်းခြင်း)
၂။ ပို့လွှတ်ခြင်း (ပါဝါဂရစ် ဆိုတဲ့ မဟာဓါတ်အားလိုင်း)
၃။ ထုတ်လုပ်ခြင်း (အရင်းအမြစ်များ သုံးပြီး လျှပ်စစ်ဓါတ်အားစက်ရုံများ) .. ဖြစ်ကြပါတယ်။
.
တရုပ်နိုင်ငံမှာ မော်စီတုန်း ကွယ်လွန်ပြီး နောက်တက်လာတဲ့ ဟွကိုဖုန်း ပြီးတော့၊ တိန်ရှောက်ပိန် အာဏာရရှိလာတယ်။ တရုပ်နိုင်ငံရဲ့ သမ၀ါယမ စုပေါင်းလုပ်ဆောင်မှု အားနည်းချက်ကို ပြင်ဆင်ပြီး ပုဂ္ဂလိက အားပေးစနစ်၊ အထူး စီးပွားဇုံများ စတင်ခဲ့ပါတယ်။ တရုပ်နိုင်ငံ က ကံကောင်းပါတယ်။ ၁၉၉၀ အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံများ ပြိုလဲသွားချိန်မှာ တရုပ်နိုင်ငံက ပေါ်လစီ ကောင်းတွေ ရှိပြီးဖြစ်တော့ ပြိုလဲ မသွားပါဘူး။ ပြုပြင်ပြောင်းလဲရေး ကော်မတီတစ်ကို ဖွဲ့ပြီး လုပ်ဆောင်ပါတယ်။ မြန်မာနိုင်ငံလို DG, MD စနစ် မဟုတ်တော့ပဲ စီးပွားရေးဆန်ဆန် President, Governor တွေ ဖြစ်သွားပြီး၊ ငွေကြေး တိုးတက်မှု (အရှုံးအမြတ်) အခြေခံ၊ အပြိုင်ဆိုင် လုပ်ဆောင်စေပါတယ်။
.
ဗီယက်နမ်နိုင်ငံမှာလဲ အဓိက မဟာဓါတ်အားလိုင်းကြီး ၄ခု ရှိပြီး၊ အဲဒီ ၄ခု စလုံးကို ၁၀၀% အစိုးရပိုင် လုပ်ငန်းအဖြစ် ခွဲခန့် စီမံစေပါတယ်။
.
ထိုင်းနိုင်ငံမှာလဲ အစိုးရ ထိမ်းကြောင်းတဲ့ လျှပ်စစ် Governor စနစ်ပဲ ကျင့်သုံးပါတယ်။
.
အဲဒီ လျှပ်စစ် တာဝန်ခံများ ရှိတဲ့ အတွက် တခုခု ဖြစ်ရင် အစိုးရ (၀န်ကြီးဌာန) ကို ပြေးဆောင့် သလို အစိုးရပြသနာ မဟုတ်တော့ပါ။ အစိုးရဦးစီးတဲ့ စီးပွားရေး ကုမဏီများကိုပဲ လျှပ်စစ် ပြသနာများကို ဖြေရှင်းစေပါတယ်။ အစိုးရက Regulate ညှိနှိုင်းရေးကို ပဲ ပြုလုပ်ပေးပါတယ်။
.
တကယ်တော့ ယခုခေတ်ကာလမှာ လျှပ်စစ်သည် နိုင်ငံရေး၊ လျှပ်စစ်သည် စီးပွားရေး၊ လျှပ်စစ်သည် လူမှုရေး ဖြစ်နေပါတယ်။ နိုင်ငံတကာနဲ့ ယှဉ်ပြီး ရင်းနှီးမြှတ်နှံမှုတွေ ဆွဲဆောင် ရာမှာ လျှပ်စစ် ဈေးနှုန်း ချိုသာဖို့ အဓိက ကျပါတယ်။ အထူးသဖြင့် ကုန်ထုတ်လုပ်ငန်း ကုမဏီများက မိမိထုတ်ကုန်ပစ္စည်း ကမ္ဘာနဲ့ယှဉ်ပြိုင် ရောင်းချရတဲ့အခါ လျှပ်စစ် ဈေးနှုန်းချိုသာမှု အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဒါကြောင့် လျှပ်စစ် ကဏ္ဍ တခုလုံးကို ခြုံပြီး System Control လုပ်ဖို့ အစိုးရ Regulation Body တစ်ခု ဖွဲ့ပြီး လုပ်ဆောင်နေကြပါတယ်။
.
နိုင်ငံ အများစုမှာ လျှပ်စစ် ကဏ္ဍ (၃)ခုကို စီးပွားရေးကဏ္ဍ အဖြစ် လုပ်ဆောင်ပါတယ်။
၁။ ဖြန့်ချိရေး ကိုတော့ သက်ဆိုင်ရာ ဒေသများက အစိုးရက End User အသုံးပြုသူများထံ ရောင်းချ ကြပါတယ်။
၂။ ပို့လွှတ်ခြင်း (ပါဝါဂရစ် ကိုတော့ 100% own by government စီးပွားရေး ကုမဏီက လုပ်ဆောင်ပါတယ်)။ ဒီကဏ္ဍက ဥပဒေအမျိုးမျိုးရှိကြတဲ့ ပြည်နယ်အများပြား ဖြတ်သန်းသွားရလို့ ပုဂလိက လုပ်ဖို့ မလွယ်ပါဘူး။ အစိုးရပဲ လုပ်ကိုင်ရပါတယ်။
၃။ ထုတ်လုပ်ခြင်း (လျှပ်စစ်ဓါတ်အားစက်ရုံများ) .ကိုတော့ ပုဂလိက ရင်းနှီးမြှတ်နှံပြီး ပါဝါဂရစ်များထံ ရောင်းချကြပါတယ်။ .
.
.
.
ပုဂ္ဂလိက လျှပ်စစ် ရင်းနှီးမြှတ်နှံမှု
အစိုးရမှာ ပိုက်ဆံ မရှိဘူး၊ ဘယ်လို လျှပ်စစ် ကဏ္ဍကို ရင်းနှီးမြှတ်နှံဖို့  ပြည်တွင်း၊ ပြည်ပ ကုမဏီများကို ဘယ်လို ဖိတ်ခေါ်ရမလဲ ဆိုတဲ့ အကြောင်းကို ရှင်းပြပါတယ်။
.
မဟာဓါတ်အားလိုင်း တွေကိုတော့ အာဏာပိုင် အစိုးရကပဲ လုပ်ကိုင်၊ ရင်းနှီးရပါမယ်။ ချေးငွေ ရအောင် ရှာပြီး ရင်းနှီးရပါမယ်။ P.P.P လို ပုဂ္ဂလိက ရင်းနှီးမြှတ်နှံဖို့ ခက်ခဲပါတယ်။
.
ဖြန့်ဖြူးရေးမှာတော့ အခု အစိုးရ စီးပွားရေးအဖွဲ့ဖြစ်တဲ့ ရန်ကုန် YESB နဲ့ မန္တလေး MESB တို့က လုပ်ဆောင်နေပါတယ်။ ပြည်နယ်တိုင်း တွေမှာတော့ အစိုးရလုပ်ငန်း (ယခင် EPC) ကပဲ လုပ်ဆောင်နေပါတယ်။ အဲဒီ အဖွဲ့တွေ မရှုံးအောင် နောက်က အစိုးရက ပံ့ပိုးပေးနေရပါတယ်။ မြန်မာ ပြည်သူတွေက ဆင်းရဲတော့ အာစီယံ နိုင်ငံများ ပေါက်ဈေး တယူနစ် ၁၀၀ကျပ် ဈေးမပေးနိုင်တော့ လောလော ဆယ် အရှုံးခံပြီး အခြေခံ လူတန်းစားတွေကို ဖြန့်ဖြူးပေးနေရပါတယ်။
.
.
နောက်ဆုံး MRTV မေးခွန်း
ဦးမော်သာထွေး အဓိက ထားပြီး ရှင်းပြလိုတဲ့ အချက်က တော့ Generation Mix ဆိုတဲ့ လျှပ်စစ် မူဝါဒ (၄)ချက် ဖြစ်ပါတယ်။
.
လျှပ်စစ် ဈေးနှုန်း ပိုင်းဆိုရင်၊ ဖြန့်ဖြူးရာမှာ အခြေခံ လူတန်းစားတွေကို ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရေး (အရှုံးခံ ဖြန့်ဖြူးရေး) ကတော့ နိုင်ငံတိုင်းရဲ့ တယူနစ်ဈေးနှုန်း ပေါ်လစီပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ပထမ ယူနစ် ၅၀ ကို တဈေး၊ နောက်ပိုသုံးလေလေ ဈေးမြှင့်လာတယ်။ ဟိုတယ်၊ ရုံး၊ စီးပွားရေး ၀န်ဆောင်မှုတွေကို ဈေးအမြင့်ဆုံး တောင်းပြီး၊ ကုန်ထုတ်လုပ်ငန်းတွေအတွက်တော့ ဈေးလျှော့ ပေးရပြန်ပါတယ်။ ဒါက ဈေးနှုန်း ပေါ်လစီ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်းနဲ့ ကုန်ထုတ်လုပ်ငန်း ရင်းနှီးမြှတ်နှံမဲ့ ကုမဏီကြီးများ မြန်မာနိုင်ငံကို ရောက်လာဖို့ လျှပ်စစ် ဈေးနှုန်းချိုသာတဲ့ နည်းလမ်း နဲ့ ဆွဲဆောင်ရပါမယ်။ ရင်းနှီးမြှတ်နှံမှု ဆိုတာ ချမ်းသာတဲ့ နိုင်ငံများကို ပဲ အများဆုံး လာကြပါတယ်။ ထိုင်းနိုင်ငံ လျှပ်စစ် ရင်းနှီးမြှတ်နှံမှုက တနှစ်ကို ဒေါ်လာ ၁၀ဘီလျံ လာနေချိန် မြန်မာနိုင်ငံက အကြောင်းအမျိုးမျိုးကြောင့် အဲဒီလို ရင်းနှီးမြှတ်နှံမှုတွေ မလာနိုင်သေးပါဘယ်။
.
.
မြန်မာအစိုးရ ပြင်ဆင်နေတဲ့၊ (ပြင်ဆင်ရမဲ့) အခြခံ အချက်များကတော့
* လက်ရှိ စီမံခန့်ခွဲမှု စနစ်ကို ပြင်ဆင်ရပါမယ်
* စီးပွားရေး ဆန်ဆန်း လုပ်ရပါမယ်။
* နိုင်ငံပိုင် 100% own by government ကုမဏီ ကိုလဲ စီးပွားဆန်ဆန် လုပ်နိုင်ရပါမယ်။
.
ခြုံငုံ လုပ်ဆောင်ဖို့ ဆိုရင် ၀န်ကြီးဌာန များပြားစွာနဲ့ ဆက်နွယ်နေတဲ့အတွက် အဲဒီချိတ်ဆက်မှုကို အမြန်လုပ်နိုင်ဖို့ ၀န်ကြီးဌာန အထက်မှာ Regulation Body တခု ဖွဲ့ပြီး လုပ်ဆောင်ရပါမယ်။ ၀န်ကြီးဌာန တွေကို ချောဆီ ထိုးပေးရပါမယ်။
.
MRTV အင်တာဗျူး ကိုကို (စက်မှုတက္ကသိုလ်) က ဟိုဘက်ကမ်းက မီးထိန်ထိန် ကဗျာကို ရွတ်ပြီး အဆုံးသတ်ပါတယ်။
.
.
မိမိသုံးသပ်ချက်များ
အပိုင်း(၁) ကတော့ ပေါ်လစီများအကြောင်း ၊ အပိုင်း(၂)ကတော့ ပေါ်လစီများကို ဘယ်လိုအကောင်ထည်ဖော်ရမဲ့ အကြောင်း ပတ်ဝန်းကျင်နိုင်ငံများနဲ့ နှိုင်းယှဉ် ရှင်းပြသွားပါတယ်။
.
အရင်သုံးသပ်ချက်အတိုင်း
လက်ရှိ အစိုးရလုပ်ဆောင်နေတဲ့ ဈေးကြီးတဲ့ LNG လျှပ်စစ်အကြောင်း မပြောပါဘူး။ ပြိးတော့ မူတွေ ပြောင်းလဲ ဖို့ ပြောပါတယ်။ မူတွေ ပြောင်းလဲဖို့ ဆိုတာ အဓိကလုပ်ဆောင်တဲ့ လူတွေ ပြောင်းလဲမှ ရမယ် ဆိုတာ ခေါင်းဆောင် အားလုံး သိထားပြီး ဖြစ်ပါတယ်။ လူပြောင်းလဲ ခြင်းမှာ လူစားလဲစရာ မလိုတဲ့သူ (သင်လို့ရတဲ့သူ) နဲ့ လူစားလဲစရာ လိုသူ (သင်လို့ မရတော့တဲ့လူ) နှစ်မျိုးရှိပါတယ်။
.
မြန်မာနိုင်ငံ လျှပ်စစ် ကဏ္ဍ စီမံကိန်းများလုပ်ဆောင်နေတဲ့ လက်ဝါးအုပ်ထားတဲ့ ကုမဏီကြီးများ အုပ်စုကို စနစ်တကျ ကိုင်တွယ်ပြီး၊ လက်ဝါးမအုပ်နိုင်တဲ့ ပေါ်လစီ ချမှတ်နိုင်ရပါမယ်။
.
ပေါ်လစီ ဘယ်လောက် ကောင်းပါစေ၊ ဆောင်ရွက် အကောင်ထည် ဖော်တဲ့လူ မကောင်းရင်၊ တရုပ်၊ ဗီယက်နမ် လို မပြုပြင်နိုင်ပဲ၊ လက်ရှိ အာစီယံနိုင်ငံ ဖိလစ်ပိုင်လို ဆင်းရဲချမ်းသာ အရမ်းကွာဟ သွားပြီး၊ နိုင်ငံ အကြီးအကဲ သမ္မတ ကိုယ်တိုင်က မူးရစ်ဆေးဝါး ဂိုဏ်များကို အသေပစ်သတ် တဲ့ ဥပဒေ ထုတ်ရတဲ့ နိုင်ငံလို ဖြစ်သွား နိုင်ပါတယ်။
.
ရေရှည် စီမံကိန်း ရင်းနှီးဖို့.အမြက်ရဖို့ နှစ်ပေါင်များစွာ စောင့်ရမယ် ဆိုပါတယ်။ ကျနော်ကတော့ အဲလိုမမြင်ပါ။ ဘဏ်တိုးနှုန်း ကာမိရင်. Public List IPO လုပ်နိုင်ရင်. . IPP, PPP Production ဆိုတာ ချက်ချင်းတောင် အမြတ်ထွက်အောင် လုပ်နိုင်ပါတယ်။ အခု အစိုးရကို လျှပ်စစ် ရောင်းစားနေတဲ့ ကုမဏီတွေ ချက်ချင်း အမြတ်ထွက်တာ မြင်ရပါတယ်။ ဒါကြောင့် စီးပွား ဆန်ဆန် လုပ်ကိုင်တတ်ဖို့ နဲ့ အခြေခံ လူတန်းစားအတွက် အလုပ်ကိုင်ကောင်းများစွာ ရစေမဲ့ ကုန်ထုတ်လုပ်ငန်းများ ပိုမိုရောက်ရှိလာဖို့၊ အထူးသဖြင့် လက်ဝါးအုပ် တင်ဒါ၊ မပွင့်မလင်း တင်ဒါများ ကို ပွင့်လင်းလာအောင်၊၊ ကုမဏီများရဲ့ ပစ္စည်း၊ လူ နဲ့ နည်းပညာများမှာ အရည်အသွေး ထိန်းသိမ်းရေး Regulation Body ဖွဲ့စည်းရုံမက၊ စစ်ဆေး ထိမ်းသိမ်းဖို့ ပုဂလိက အဖွဲ့အစည်းများ အားပေး ဖွဲ့စည်းပေးဖို့ လိုပါတယ်။
.
အင်တာဗျူးသူ ကိုကို(စက်မှုတက္ကသိုလ်) နဲ့ ဦးမော်သာထွေး (လျှပ်စစ် ဒုဝန်ကြီးဟောင်း) ကဲ့သို့ မီဒိယာမှာ ဖော်ထုတ် တင်ပြ နေကြတာ အားရစရာ ကောင်းပါတယ်။  စာတမ်းတင်သွင်း၊ အကြံပေးကြဖို့ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ စီမံဘဏ္ဍာ ငွေကြေးပညာရှင်များ လည်း လျှပ်စစ် ကဏ္ဍ တိုးတက်မှု မြန်ဆန်ရေးအတွက် အထူး လိုအပ်ပါတယ်။

ဇော်အောင် (မုံရွာ)
၃၀. ၆. ၂၀၁၈
.
.
ကိုးကား
ဗီဒီယို (နားဆင်းရန်)
https://m.facebook.com/story.php?story_fbid=1963480187059948&id=100001939578418


MRTV အင်တာဗျူး အပိုင်း(၁) (ဖတ်ရန်)
https://www.facebook.com/myanmarjobstudent/posts/10155835416283472