Monday, March 5, 2018

ငွေကြေးစနစ်ပွင့်လင်းလာခြင်း Budget 2017-2018



ငွေကြေးစနစ်ပွင့်လင်းလာခြင်း
အခုအသစ်ဖွင့်ထားတဲ့ ပြည်ထောင်စုလွှတ်တော်ဝက်ဆိုဒ်၊ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်ဝက်ဆိုဒ်တွေကို ၀င်ရောက်လေ့လာကြည့်ပါတယ်။ အင်တာနက် နည်းပညာနဲ့မိုဘိုင်းဖုန်း လူတွေအလွယ်တကူဖြစ်အောင် အရင်အစိုးရက လုပ်ပေးနိုင်ခြင်းက ပွင့်လင်းမြင်သာစနစ် စတင်အခြေပြုလာပါတယ်။ အထူးသဖြင့် အစိုးရဌာနဆိုင်ရာတွေ အစိုးရစီမံကိန်းနဲ့ ဒေသဖွံ့ဖြိုးရေးတွေမှာ ငွေကြေးဘယ်လိုသုံးစွဲသလဲ ဆိုတာ ပွင့်လင်းမြင်သာလာပါတယ်။ တကယ်ဆောက်ရင် ဘယ်လောက်ကုန်သလဲ၊ ပစ္စည်းဈေးနှုန်း၊ လုပ်အားခဈေးနှုန်း၊ အရည်အသွေး အစရှိသဖြင့် လွယ်ကူစွာ စစ်ဆေးသိရှိနိုင်လို့ ကြိတ်ပြီးလုပ်ဖို့ တော်တော်ခက်ခဲလာပါတယ်။ ရာထူးခန့်ခြင်း၊ အဖွဲ့အစည်းခေါင်းဆောင်များ လူရွေးချယ်ခြင်း စတဲ့နေရာများမှာလဲ အထူးသဖြင့် ရပ်ကျေး အုပ်ချုပ်ရေးမှုရွေးပွဲတွေ ပွင့်လင်းစွာ လုပ်ကြတာကို တွေ့ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ကိုယ်ရေးရာဇ၀င်များ အရင်ဝက်ဆိုဒ်ထက် ပိုပြီး အလွယ်တကူ ကြည့်နိုင်ပါတယ်။ ပြည်တွင်း အချိန်ပေးနိုင်သူများကတော့ လွှတ်တော်ချနယ် တီဗွီကနေ ကြည့်နိုင်သလို၊ အထူးသဖြင့် ပြည်ပမှာနေထိုင်သူများ အင်တာနက်လိုင်းကောင်းတဲ့အတွက် ဗွီဒီယိုများကို အလွယ်တကူကြည့်နိုင်ပါပြီ။
.
အထူးသဖြင့်တော့ ငွေကြေးကိစ္စတွေမှာ ပွင့်လင်းစွာ လုပ်ကိုင်ဖို့ အလွန်ခက်ခဲပါတယ်။ အမှန်အတိုင်းပြောရင် မြည်းတစ်ကောင်နဲ့ သားအဖ ပုံပမာလို
ဘာလုပ်လုပ် အပြစ်ရှာကြံပြောကြတဲ့ လူ့အသိုင်းအ၀ိုင်းမှာ ပွင့်လင်းစွာမလုပ်သင့်တဲ့အခန်းကဏ္ဍတွေလည်း ရှိပါတယ်။ အများစုကတော့ ပွင့်လင်းလာကြလာပြီး နိုင်ငံတော်ရဲ့ ထိပ်ဆုံးဖြစ်တဲ့ ဘတ်ဂျတ် အသုံးစရိတ်၊ ကြွေးမြီစီမံခန့်ခွဲခြင်း၊ စီမံကိန်းများငွေအသုံးပြုခြင်း၊ အရေးပေါ်ရံပုံငွေအသုံးပြုခြင်း၊ နိုင်ငံရဲ့ ဗဟိုဘဏ်နဲ့စာရင်းအင်းများကို ပိုမိုရှင်းလင်းစွာ ထုတ်ဖေါ်ပြီး၊ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြပါတယ်။ အဲဒီ ဆွေးနွေးပုံများကို အင်တာနက်၊ ဖေ့ဘုတ် နဲ့ လွှတ်တော်ဝက်ဆိုက်၊ လွှတ်တော်ချနယ်၊ တီဗွီများက တိုက်ရိုက်ပြခြင်း၊ တနေ့ကို ၃ကြိမ်နဲ့ အပတ်စဉ် ထပ်ဆင့်လွှင့်ပြခြင်းတို့အပြင် .ဥပဒေများကိုပါ PDF စာရွက်စာတန်းများ အလွယ်တကူ ဒေါင်းလုပ် ကြည့်ရှုနိုင်အောင်ပြုလုပ်ပေးထားတာ ၀မ်းသာစရာဖြစ်ပါတယ်။
.
၂၀၁၇-၁၈ ငွေကြေးနဲ့ပတ်သတ်လို့
https://pyidaungsu.hluttaw.mm/reports ၀က်ဆိုဒ်မှာ ၀င်ကြည့်တဲ့အခါ အောက်ပါ ငွေကြေးဆိုင်ရာ စာရွက်စာတမ်းများကို ဒေါင်းလုပ်ဖတ်ရှုနိုင်တာကို တွေ့ရပါတယ်။
.
* ၂၀၁၈ ခုနှစ် ၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွှက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွှေစာရင်းနှင့် ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ငွှေေကြးဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာ အမှတ်စဉ်(၃/၂၀၁၈)
.
* ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ဥပဒေဆိုင်ရာသုံးသပ်ချက်၊ လေ့လာတွှေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ
.
* ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အမျိုးသားစီမံကိန်းဥပဒေကြမ်းအပေါ် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွှေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ
.
* ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွှေးမြီဆိုင်ရာနှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ လေ့လာတွှေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ် (၁/၂၀၁၈)
.
* ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လေ့လာတွှေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၄/၂၀၁၇)
.
Reference
https://pyidaungsu.hluttaw.mm/reports
.
.
အထူးသဖြင့် ရေရှည်တိုးတက်ရေးစီမံကိန်းများမှာ ပြောတဲ့အတိုင်းလုပ်တာကို မြင်ရပါတယ်။ စီမံကိန်း ၁၂၀ခုမှာ ရင်းနှီးမြှတ်နှံမှုပေါင်း ကျပ် ၅၃၂ ဘီလျံ (US$ 400 million) ၂၀၁၈ခု ၆လအတွင်း သုံးစွဲဖို့ လျာထားတာ
(က) စိုက်ပျိုးမွေးမြူ၊ ဆည်မြောင်း ၃၄ခု ၁၂၆.၉၉ ဘီလျံ
(ခ) ပို့ဆောင်ဆက်သွယ်ရေး ၃၄ခု ၂၃၀.၁၂ ဘီလျံ
(ဂ) သယံဇာတနဲ့သစ်တောထိန်းသိမ်းရေး ၂၀ခု ၆.၂၁ ဘီလျံ
(ဃ) လျှပ်စစ်နဲ့စွမ်းအင် ၄၇ခု ၁၀၆.၀၀ ဘီလျံ
(င) စက်မှု ၃ခု ၃၈.၀၃ ဘီလျံ
(စ) စီမံဘဏ္ဍာ ၁ခု ၁.၇၆ ဘီလျံ
(ဆ) ဆောက်လုပ်ရေး ၉ခု ၁၀.၉၃ ဘီလျံ ..ရေးထားပါတယ်။ လယ်ယာစိုက်မွေး၊ ပို့ဆောင်ရေး(လမ်းတံတား)၊ လျှပ်စစ် ကဏ္ဍများမှာ ပိုမိုရင်းနှီးထားပါတယ်။
.
ဒီငွေကြေးကိစ္စကို အများပြည်သူမြင်သာအောင် ပွင့်လင်းလာစေပြီး.. e-Government လုပ်ဆောင်ခြင်း၊ ပွင့်လင်းမြင်သာလာခြင်း တနည်းအားဖြင့် အဂတိတိုက်ဖျက်ရေးရဲ့ အဓိကအကျဆုံး ငွေကြေးဆိုင်ရာ ခေါင်မိုးလုံအောင် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ နောက်တဆင့်ကတော့ ပြည်နယ်တိုင်းအစိုးရများ၊ ဌာနဆိုင်ရာများကနေ သူတို့ဆီ ချပေးလိုက်တဲ့ စီမံကိန်းများ ငွေကြေးများကို ပွင့်လင်းစွာ လုပ်လာကြဖို့ မျှော်လင့်ပါတယ်။
.
ထုံးစံအတိုင်း ပွင့်လင်းလာတော့ လူတွေက လူအချင်းချင်း အပုတ်ချ၊ ဖော်ထုတ်ကြရင်း မဟုတ်တာတွေတော့ အများကြီးမြင်လာရပါတယ်။ နောက်ဆုံး (အားနာပါရဲ၊ ကလေးမုဒိမ်းမှုတွေကအစ ရာဇ၀တ်မှုတွေ ပိုများပြားလာတာကတော့ ဆိုးကြိုးတွေ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ် အဖွဲ့အစည်းများကို ထိခိုက်ပြောဆိုတာထက် ဖြစ်နေတဲ့ စနစ်အခြေအနေကို အပြုသဘောနဲ့ ရေးသားပြောဆိုဖို့ လိုပါတယ်။ မိမိကလည်း မမှန်မကန်ဖြစ်နေလို့ အနိုင်ကျင့်ခံလိုက်ရသူများက ရေးသားပြောဆိုမှုမလုပ်နိုင်သေးပါဘူး။ မှားနေတဲ့ စာချုပ်တွေ အားလုံးကို တဖြေးဖြေး လုပ်ရုံသာမက လျှင်မြန် မြန်ဆန်လာအောင် တပ်မတော်နဲ့ ဌာနဆိုင်ရာများမှာ လူအပြောင်းအလဲများ လုပ်နေကြပါတယ်။
.
.
ဘတ်ဂျတ်
အထူးသဖြင့် နိုင်ငံတော်ဘတ်ဂျတ်ကို စနစ်တကျ မှန်ကန်စွာ စစ်ဆေးဖို့လွယ်ကူအောင် လုပ်ဆောင်နေပါတယ်။ ၂၀၁၆ ခုနှစ်ကစတင်ပြီး အင်တာနက် ၀က်ဆိုဒ်မှာ အစိုးရဘတ်ဂျတ် ပညာပေးစာအုပ် ထုတ်ဝေပြီး၊ ပြည်သူလူထုအားလုံး တကမ္ဘာလုံးပါ မြင်တွေ့၊ ဒေါင်းလုပ်နိုင်အောင် ပွင့်လင်းမြင်သာစွာ တင်ပြခဲ့ပါတယ်။ ပြည်ထောင်စုအဆင့်ပြီးရင် တိုင်းဒေသကြီးအဆင့် ဘတ်ဂျတ်များကို အင်တာနက်မှာ ပွင့်လင်းမြင်သာစွာ မြင်တွေ့ရဖို့၊ မျှော်လင့်ပါတယ်။
.
.
ဘတ်ဂျတ်ကို ကြည့်ရှုခြင်းအားဖြင့်
* ပုဂ္ဂလိကပိုင်ကဏ္ဍ အားနည်းနေဆဲဖြစ်ပြီး၊ နိုင်ငံပိုင်များကို အများပိုင်ပြောင်းလဲဖို့ ဖွင့်လှစ်ပြီးဖြစ်တဲ့ စတော့ရှယ်ယာဈေးကွက်မှာ တင်နိုင်ဖို့ တော်တော်ကြိုးစားရဦးမယ်ဖြစ်ပါတယ်။
ရငွေများကို လေ့လာကြည့်ရင်
* အခွန်ကောက်များမှာလည်း Tax per GDP အချိုးက ၇% ပဲရှိပါသေးတယ်။ ၂၀၁၂ တုန်းက ၂%တောင်မရှိတဲ့အခြေအနေက ၇% အထိ တိုးတက်လာခြင်းကို အားရစရာကောင်းပေမဲ့ အာစီယံနိုင်ငံများက ၃၀% အထက်မှာ ရှိပါတယ်။ Tax ကို မှန်ကန်စွာ ကောက်ခံနိုင်ဖို့ e-Government စနစ် အမြန်ဆုံး လေ့ကျင့်သင်ကြား အချိန်နဲ့ငွေ အသုံးချရမှာ ဖြစ်ပါတယ်။ မြို့နယ်ပေါင်း ၃၂၀ကျော်ရဲ့ အခွန်ဌာနများက e-Government Tax System ကို ခေါင်းမာစွာ ခုခံကြမှာဖြစ်ပါတယ်။ အခွန်ဦးစီးဌာနမှာ အလွန်ကြီးမားတဲ့ တိုင်းပြည်ဘဏ္ဍာယိုဖိတ်မှုအပြင် အကျင့်ပျက်ခြစားမှုကြောင့် လုပ်ငန်းရှင်များ လည်ပင်းညှစ်ခံနေရပါတယ်။ လုပ်ငန်းရှင်များ၊ အိမ်ခြံမြေအရောင်းဝယ်လုပ်သူများလည်း ခေတ်စနစ်နဲ့အညီ တရားဝင် အခွန်ပေးဆောင်ချင်ပေမဲ့ မဖြစ်နိုင်သေးတဲ့ ကာလပါ။
.
* အစိုးရဌာနများကပဲ အများဆုံးရရှိနေပါတယ်။ မြန်မာရေနံနှင့်သဘာဝလုပ်ငန်း၊ အမှတ်(၁)(၂) သတ္တုတွင်း၊ မြန်မာ့ကျောက်မျက်ရတနာ များကရငွေများနဲ့ လျှပ်စစ်၊ လယ်ဆယ်၊ စီမံဘဏ္ဍာ စတဲ့ဌာနတွေကိ နိုင်ငံတကာချေးငွေများစွာ စုစုပေါင်း ဘတ်ဂျတ် ၂၀၁၆-၂၀၁၇ က ဘီလျံ ၂၀၂၆၇ (US$ 16.2 billion) ဖြစ်ပါတယ်။ အခွန်ကောက်ငွေက ၆၂၂၀ ဘီလျံ (37%,$ 4.78 billion), နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ ၈၄၀၉ ဘီလျံ (49%, $ 6.4 billion), အခြားရငွေ ၂၃၅၀ ဘီလျံ (14%, $1.7 billion) ဖြစ်ပါတယ်။ နိုင်ငံပိုင်အချိုးအစားက ၄၉% အထိ ရှိနေပါတယ်။ Ref: see the Budget Image
အထူးသဖြင့် အခွန်စည်းကြပ်စနစ်မှာ ဗဟိုဦးစီးဖြစ်နေပြီး ပြည်နယ်များကို မျှတစွာ ခွဲဝေပေးဖို့လိုပါတယ်။
.
* နိုင်ငံခြားချေးငွေ အမြောက်အများလည်း ပါဝင်နေပါတယ်။ စီမံကိန်းအများစုက ပြည်ပချေးငွေများနဲ့ပဲ လုပ်ဆောင်နေရပါတယ်။
* ဘဏ္ဍာငွေ သုံးစွဲခြင်းမှာတော့ ပြသနာကြီးဖြစ်နေပါတယ်။ ဇီးသီးဗန်းမှောက်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းမျာျး၊ အဆိုများ၊ ဥပဒေများ နဲ့ ပြည်ထောင်စုအဆင့် ၀န်ကြီးများ မေးခွန်းမြေဖို့တောင် အခက်ခဲဖြစ်နေတဲ့ လက်ရှိအခြေအနေပါ။ Third Party စနစ်၊ တင်ဒါစနစ်၊ အရည်အသွေးစစ်ဆေးခြင်း၊ အာမခံစနစ်၊ စာရင်းစစ်စနစ် စတဲ့ အခြေခံအဆောက်အဦများ လိုအပ်နေပါတယ်။ လမ်းတံတား၊ လျှပ်စစ်၊ ဆက်သွယ်ရေးအပြင် ..ငွေကြေးနဲ့ဆိုင်တဲ့ ဘဏ်လုပ်ငန်း၊ အာလမခံလုပ်ငန်း၊ စာရင်းစစ်လုပ်ငန်း၊ အရည်သွေးစစ်ဆေးလုပ်ငန်းများ မခိုင်မာသေးသရွေ့ ဇီးသီးဗန်းများ မှောက်နေဦးမှာ ဖြစ်ပါတယ်။ မှန်ချေ ၃၀%ကနေ ၅၀% အထိ အစိုးရစီမံကိန်းများမှာ ဇီးသီးဗန်းမှောက်မယ်လို့ ခန့်မှန်းပါတယ်။
.
.
ဥပဒေများ
အားကောင်းလာပေမဲ့ နည်းဥပဒေများ မရှိသေးတာလည်း အများကြီးဖြစ်ပါတယ်။ နောက်ဆုံးတော့ အကောင်အထည်ဖေါ်မဲ့ဌာနဆိုင်ရာများက ဒီငွေတွေကို မြေပြင်မှာလက်တွေ့ အသုံးချရပါတယ်။ အဲဒီ ဌာနဆိုင်ရာများရဲ့ ၀န်ကြီးဌာနက ပွင့်လင်းမှုဆိုတာ လွှတ်တော်လို ပွင့်လင်းမှုမရှိသေးတာ အားနည်းချက်ကြီးတစ်ခုဖြစ်ပါတယ်။ ၀န်ကြီးဌာနများရဲ့ ၀က်ဆိုဒ်ကို ကြည့်ရင် တင်ဒါခေါ်တာတွေပဲ တွေ့ပြီး စီမံကိန်းများကို ဘယ်လို ထိမ်းကြောင်းကွပ်ကဲသလဲဆိုတာ မဖော်ပြနိုင်ပါဘူး။ အလွန် ဗလောင်းဗလဲ ဖြစ်နေလို့ပါ။ စီမံကိန်း ငွေကြေးသုံးစွဲမှုကို ဖော်ပြခိုင်းတော့ သူတို့တင်ဒါရတဲ့ ကုမဏီများကိုပဲ စာရင်းရှင်းခိုင်းပါတယ်။ မြေပြင်မှာ တကယ်လုပ်တဲ့ ကုမဏီများကလည်း ဌာနဆိုင်ရာများက စာရင်းရှင်းခိုင်းရင်လဲ ရှင်းမပေးပါဘူး။ လာရောက်စာရင်းစစ် စစ်ဆေးဖို့ လဲ ထိရောက်စွာ မလုပ်နိုင်လို့ လွှတ်တော်မှာ Third Party စနစ်ကို အမြန်ဆုံး အကောင်ထည်ဖော်ဖို့ ဆွေးနွေးအတည်ပြုခြင်း လုပ်ရပါတယ်။
.
.
ငွေကြေးပွင့်လင်းလာခြင်းအကျိုးကျေးဇူး
အထူးသဖြင့် အဂတိလိုက်စားမှု အရင်လို လွယ်လွယ်ကူကူ မဖြစ်လာတော့ပါဘူး။ အခုတော့ PPP Public Private Partnership ဆိုတဲ့ B.O.T Built Operate Transfer ဆိုတဲ့ နည်းစနစ်နဲ့ ၀င်လာကြပါတယ်။ နှစ်ပေါင်းများစွာ မြို့ပြလူထုထံက ပြန်လည်ကောက်ယူမဲ့ ငွေကြေးစနစ်များဖြစ်ပါတယ်။ အလကားရတယ် ဆိုပြီး လက်ခံလိုက်လို့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်မှာ လျှပ်စစ်ဈေးနှုန်းအလွန်ကြီးသွားလို့ အစိုးရက ထောက်ပံ့ပေးထားပြီး ပြည်သူ့ဘဏ္ဍာ အကြီးအကျယ်နစ်နာနေတာ ယခုတိုင်ပဲဖြစ်ပါတယ်။ ဒါကြောင့် အလကားရတဲ့ ရင်းနှီးမြှတ်နှံမှုမျိုး ဥပမာ မြစ်ဆုံလျှပ်စစ်၊ ကြေးနီ၊ ရွှေဂတ်စ် စတဲ့ ငွေကြေးစနစ်များကိုတော့ အထူးကြွမ်းကျင်တဲ့ မြန်မာ့အရေးပညာရှင်များနဲ့ နိုင်ငံခေါင်းဆောင်များ ပွင့်လင်းစွာ အဂတိမရှိအောင် ဆုံးဖြတ်ရမယ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ခေါင်းဆောင်များ အထူးသဖြင့် လစာနည်း ဌာနဆိုင်ရာ ညွန်မှုး ညွန်ချုပ်များကို ဒေါ်လာ၁သိန်းလောက် ပေးပြီး သန်းပေါင်းများစွာ
စီမံကိန်းတွေအတွက် ထောက်ခံလက်မှတ်ရယူနိုင်ပါတယ်။
.
ဒါကြောင့် စီမံကိန်း အကြီးစားများကို မြန်မာပညာရှင်များသာမက နိုင်ငံတကာက သိက္ခာရှိတဲ့ ပုဂိုလ်၊ ကုမဏီ များနဲ့လုပ်ကိုင်၊ တိုင်ပင်၊ ဆုံးဖြတ်ဖို့လိုပါတယ်။ အခုအချိန် နိုင်ငံခြားရင်းနှီးမြှတ်နှံမှုနဲ့ ချေးငွေများမှာ စီမံဘဏ္ဍာ တစ်ခုတည်းမဟုတ်တော့ပဲ ၊ ရင်းနှီးမြှတ်နှံကော်မရှင် သာမက အစိုးရပညာရှင်အဖွဲ့များအပြင် လွှတ်တော်က ငွေကြေးကော်မတီများနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးအတည်ပြု လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ အစိုးရကတော့ အကြပ်အတည်း ရိုက်နေပါတယ်။
.
မြေပြင်အခြေအနေက ရှုပ်ထွေးနေပေမဲ့ ခေါင်မိုးလုံဖို့ အဓိက လွှတ်တော်နဲ့အစိုးရများ ဥပဒေပြုခြင်း၊ အပြန်လှန်လေးစားစွာ ထိမ်းကျောင်းခြင်းများ ပွင့်လင်းစွာလုပ်ကိုင်လာကြတာ အားရစရာဖြစ်ပါတယ်။ အစိုးရ၀န်ကြီးများနဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်ကြီးများ လွှတ်တော်မှာ လာရောက်ဖြေကြားရတာတော့ သူတို့အဖို့ အကြပ်အတည်းဖြစ်ပါတယ်။ လွှတ်တော် ဥက္ကဌကြီးများကလည်း ပုဂ္ဂိုလ်ရေး မထိခိုက်အောင် ပြောဆို ဆွေးနွေးကြဖို့ အမြဲသတိပေးနေရပါတယ်။
.
ကိုးကား ၀က်ဆိုဒ်များ
* ပြည်ထောင်စုလွှတ်တော်
https://pyidaungsu.hluttaw.mm
.
* သမ္မတ
http://www.president-office.gov.mm/
.
* အတိုင်ပင်ခံပဂ္ဂိုလ်
http://www.statecounsellor.gov.mm/
.
* စီမံဘဏ္ဍာ
www.mopt.gov.mm or www.mof.gov.mm
.
.
* ရင်းနှီးမြှတ်နှံ   
https://dica.gov.mmမှု
.
.

Sunday, March 4, 2018

" ဖီးနစ်ငှက်တို့ ပျံသန်းရာ ... စာအုပ်အကြောင်း


M Zaw Aung is with Maung May and 3 others.
" ဖီးနစ်ငှက်တို့ ပျံသန်းရာ ...
...... အလင်းသစ်မှန်ကူကွက်များ " စာအုပ်အညွန်း
အောင်စိုးဥိး (မြင်းခြံ) ဆောင်းပါးပေါင်းချုပ် (၂)၊
စာစောင် မဂ္ဂဇင်းများမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးပေါင်း ၂၀ ခုကို စုပေါင်းဖော်ပြထားပါတယ်။
.
၁။ တန်ဖိုးမြင့်လူ့အဖွဲ့အစည်းသို့ .... SEE DO GET စက်ဝန်းမှာ ယုံကြည်စိတ်ချမှုအလွှာ Paradigm For Total Quality အကြောင်းဖြစ်ပါတယ်။
.
၂။ ကဋေလေးသန်း ခြေလေးလှမ်း .... ဆရာကြီးဦးအောင်ထွန်းသက်ရဲ့ ပြောင်းလဲမှုစီမံခြင်း ဆောင်းပါးကို မှီးပြီး Forming Storming Blorming Performing အဆင့်လေးဆင့်ကို လူ့ဘ၀ဖြစ်စဉ်နဲ့ ရေးသားထားပါတယ်။
.
၃။ Bloom's Taxonomy of Learning ဘလွမ်း ၏ သင်ယူမှုဆိုင်ရာ သဘောတရား ဆောင်းပါးဖြစ်ပါတယ်။
.
၎။ ယုံကြည်မှုအရှိန်မြှင့်ခြင်း ... ရင်းနှီးမြှတ်နှံမှုမှာ သယံဇာတ (၃)မျိုး သဘာဝ၊ လူသား နဲ့ ခရီးသွားခြင်း တွေနဲ့ ယုံကြည်မှုတည်ဆောက်ခြင်း အချက်များကို တင်ပြထားပါတယ်။ လူတော်လူကောင်းဖြစ်ဖို့၊ ယုံကြည်မှု(၅)လှိုင်း Self Trust, Relation Trust, Organization Trust, Market Trust, Social Trust တွေအကြောင်းဖြစ်ပါတယ်။
.
၅။ အောင်မြင်ဖို့ လူညီဖို့ "EQUIPPING" ..... ပီတာဒရပ်ကာ Peter Drucker ရဲ့ စီမံခန့်ခွဲခြင်းပညာနဲ့ တစ်ဦးခြင်း၊ အသင်းဖွဲ့လုပ်ဆောင်မှုများမှ အောင်မြင်မှုကို ရေးထားပါတယ်။
.
၆။ လူမှန်များကို ကူညီပံ့ပိုးခြင်း။ .... စာမျက်နှာပေါင်း ၄၀ အကျယ်ချဲ့ရေးသားတင်ပြထားပါတယ်။
.
၇။ ပရော်ဖက်ရှင်နယ် စက်ဝိုင်း (သို့မဟုတ်) သင်ယူခြင်းသံသရာ
.
၈။ မြန်မာနှင့်ခွေးမ၀င်ရ .....မြန်မာနိုင်ငံရှိ ဘွဲ့ရ၊ ဘွဲ့မရ လူငယ်များစွာရဲ့ ပကတိလက်ရှိအခြေအနေ မကောင်းလှကြောင်းကို ရေးသားထားပါတယ်။ နာဇီဟစ်တလာ ခေတ်က ဂျူးလူမျိုးများကို နှိမ်ပြီး ဂျူးနဲ့ခွေး မ၀င်ရဆိုင်းဘုတ် တပ်ထားတဲ့ စားသောက်ဆိုင်များလို မြန်မာလူငယ်များ မဖြစ်စေလိုတဲ့ စေတနာနဲ့ မြန်မာလူငယ်တွေ စည်းကမ်းရှိစေလိုကြောင်း ရေးထားပါတယ်။
.
၉။ Nick Vujicic ရဲ့ စကား ၁၀ခွန်း .... မှတ်သားရန်ဖြစ်ပါတယ်။
.
၁၀။ ထန်းရည်နဲ့ကြက်ကြော်ရသည် ... မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ပညာရေး ပျက်စီးနေမှု ပကတိအခြေအနေများကို ကယ်တင်ပေးလိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။
.
၁၁။ ငါ့သင်္ဘောထဲ ရေ၀င်နေပြီလား .... ကမ္ဘာသူဌေးကြီး (၈)ယောက် ၁၉၃၂ မှာ ငွေအားနဲ့ ကမ္ဘာကြီးကို ပြောင်းလဲဖို့လုပ်တာ၊ ၂၅နှစ်အကြာမှာ သူတို့ဘ၀တွေပဲ ပျက်စီးသွားကြောင်း တကယ်အဖြစ်အပျက် ပုဂ္ဂိုလ်(၈)ဦး အကြောင်းနဲ့ စီးပွားရေး (ငွေ) အတွက်ပဲ အသက်ရှင်ဖို့မဟုတ်ကြောင်း၊ ဘ၀တန်ဖိုးဆိုတာကို နားလည်ဖို့ ရေးထားပါတယ်။
.
၁၂။ ပန်းနဲ့ပန်းပင်..... ကျောင်းသားနဲ့ဆရာ၊ သားသမီးနဲ့မိဘ၊ ဇနီးနဲ့ခင်ပွန်း ကွန်ယက်များအကြောင်း အတွေးအမြင်ဆောင်းပါး ဖြစ်ပါတယ်။
.
၁၃။ ရပ်တံ့ခြင်းအနုပညာ ..... အစကောင်းခြင်း၊ သူများထက်ဦးအောင်လုပ်နိုင်ခြင်းများထက် မည်သည့်အချိန်တွင် ရပ်တံ့ရမည်သိခြင်းက ပိုအရေးကြီးကြောင်း ရေးထားပါတယ်။ ပြောင်းလဲချိန်တန်ပြီ ..သိခြင်း ..။
.
၁၄။ စက်ဝိုင်းနှစ်ဝိုင်း .... ဆိုင်ကယ်စည်းကမ်းမဲ့ စီနင်းသူကို ရှောင်နိုင်ဖို့ ..သူ့ကို မလုပ်ရန်မတားဆီးနိုင်ပေမဲ့ ..သူ့ကိုလွတ်အောင်ရှောင်ပြီး မိမိခရီးကိုသွားခြင်းအကြောင်း ကိုယ်မလုပ်နိုင်တဲ့အရာအတွက် ဒေါသဖြစ်နေစရာ၊ ထိန်းချုပ်ဖို့မကြိုးစားသင့်ကြောင်း ရေးထားပါတယ်။
.
၁၅။ ခေါင်းဆောင်မှု ..... Manager နဲ့ Leader နှစ်မျိုးရှိကြောင်း၊ ယခုဆောင်းပါးတွင် Leadership အကြောင်း၊ တာဝန်များကို စာလုံး ၁၀လုံးဖြင့် ရှင်းပြပါသည်။
.
၁၆။ ကျွန်တော့်ဆရာ-ဒမ်မူရာစံ ... အစိုးရအလုပ်မှထွက်ပြီး သံမဏိစက်ရုံတွင် ပုဂ္ဂလိက အလုပ်လုပ်စဉ်က မြင်းခြံသံမဏိစက်ရုံ MEC မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက C.N.C စက်ပညာရှင် ဂျပန်ဆရာ Mister Damura ရဲ့ အလုပ်ချိန်လေးစားပုံ ဆောင်းပါးတိုဖြစ်ပါတယ်။ စစ်ဗိုလ်များက နာမည်ယူကြပုံ၊ လယ်မြေသိမ်းခံ လယ်သမားများနစ်နာမှုများလဲ ရေးထားပါတယ်။
.
၁၇။ အောင်မြင်မှုအတွက် လျှို့ဝှက်ချက် (၂)ခု ..... အမ်ခြောက်လုံး 6M, Man, Machine/ Method, Material, Money, Market အကြောင်းဖြစ်ပါတယ်။ ငွေ Money ကို အဆင့်၎ မှာပဲ ရှိပါတယ်။
.
၁၈။ ကိုယ်အိမ်ကွင်းမှာ ခြေစွမ်းပြခွင့်ရစေချင် ... တရုပ်ကုမဏီများ မြန်မာပြည်လာပြီး စီးပွားလုပ်ကြတယ်။ သန့်ရှင်းရေးကအစ နည်းပညာ၊ အုပ်ချုပ်ရေး အားလုံးကို တရုပ်တွေချည်း ခန့်ထားပြီး မြန်မာတွေ ဘေးရောက်နေတဲ့အကြောင်း ရေးထားပါတယ်။
.
၁၉။ ကနဦးခေါင်းစဉ်များ .... လူသားအရင်းအမြစ်များဖြစ်တဲ့ သဘာဝနဲ့လုပ်အား၊ လူ့စံချိန်စံညွန်း၊ အချိန်အသုံးချမှု၊ တာဝန်၊မေတ္တာ၊အပါယ်၊ စိတ်အမြင်ရှုဒေါင်းများ၊ တပြင်တည်းဖြစ်ခြင်း၊ One for all, All for one များကို ရှင်းပြထားပါတယ်။
.
၂၀။ နှင့် ၏ အလှသစ္စာ ... ပေါင်းစပ်လုပ်ကိုင်ကြသော လူ့လောကကြီးအကြောင်း sYNERGY ဥာလျှင် လောကဥစ္စာ အလှတ၇ားဖြစ်ကြောင်း အတွေးအခေါ် ဆောင်းပါး နဲ့ အဆုံးသပ်ထားပါတယ်။
.
.
ကိုအောင်စိုးဦး(မြင်းခြံ) BIO
TSP (ရေနံချောင်း) အဖွဲ့က ဦးနေမျိုးမောင် တို့ စုပေါင်း ပြုစုတဲ့ ပင်ကိုယ်အစွမ်းအစဖေါ်ထုတ်ခြင်း စာအုပ်ကို ကူညီပံ့ပိုးပေးတဲ့ ကိုအောင်စိုးဦး(မြင်းခြံ) ဖြစ်ပါတယ်။ ပင်ကိုယ်အစွမ်းအစ စာအုပ်နဲ့လက်တွေရလဒ်များအကြောင်း ဆောင်းပါးများစွာရေးသား ပံ့ပိုးပေးပြီး ကောလင်းမြို့ လက်တွေ့အကောင်ထည်ဖေါ်ခြင်း ၂နှစ်တာကလမှာ အကြိမ်တိုင်း ပါဝင်သွားရောက်ခဲ့ပါတယ်။ ထွန်ရေးအနက်၊ ထည်ရေးညက်ဖို့"၊ "နှင့်၏အလှသစ္စာ"၊ "စက်ဝိုင်းနှစ်ဝိုင်း"၊ ပညာရေးနဲ့ပတ်သက်ပြီး "Bloom Taxonomy" ဆောင်းပါး၊ အစရှိတဲ့ ဆောင်းပါးများရေးပြီး ကူညီခဲ့သလို ပုံနှိပ်ထုတ်ဝေ မိတ်ဆွေများကို ဝေငှေခြင်း၊ RIT ဆရာကျောင်းသားများ တွေ့ဆုံပွဲမှာ ဖြန့်ဝေပေးခြင်းများနဲ့ ပံ့ပိုးကူညီသူဖြစ်ပါတယ်။
.
လက်ရှိ " ရဲမွန် " သက်မွေးပညာသင်တန်းကျောင်းအုပ်ကြီး (2010 to now 2017) ဖြစ်ပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်က အင်ဂျင်နီယာဘွဲ့ရပြီး ကျောင်းဆရာ (လ/ထ ကထိက)၊ စက်မှု၁ ၀ါလုပ်ငန်း၊ အစိုးရအဖွဲ့အစီရင်ခံစာရေးသူ၊ MEG ဦးပိုင်လိမိတက် စတဲ့အလုပ်များစွာ အပြီးမှာ ကလေး၊လူငယ်များပြုစုသင်ကြားပေးခြင်းကို ဦးစားပေးလုပ်ကိုင်လျှက်ရှိပါတယ်။ လူငယ်ပေါင်း ၂ထောင်ကျော်ကို ဂဟေဆက်ပညာ၊ လျှပ်စစ်ပါဝါ နဲ့ အီလက်ထရွန်းနစ် ပညာရပ်များကို (အခမဲ့) သင်ကြားပေးနေသူဖြစ်ပါတယ်။ ကွန်ဖူးကိုယ်ခံပညာလဲ ခါးပတ်နက် ရရှိထားသူဖြစ်တော့ သင်တန်းမျာ လူငယ်များ စိတ်လက်လှုပ်ရှားဖို့ ကိုယ်ခံပညာများလည်း ထည့်သွင်းပို့ချပါတယ်။
.
မန္တလေးမြို့မှာ MSSI ဆိုတဲ့ အင်စတီကြုတခုကို စာရေးဆရာ(ဥိး)ကျော်ဝင်း ၊ ဦးခင်မောင်ရီ (Ph.D ဘွဲ့ကို သြစကြေးလျားနိုင်ငံမှ ရရှိခဲ့သူ) တို့နဲ့ တွဲဖက် ပို့ချနေပါတယ်။ ၂၀၀၄ ကတည်းက အစပျိုးခဲ့ပြီး ရရှိတဲ့ ထောက်ပံကြေးငွေအနည်းငယ်နဲ့ ၃လသင်တန်း၊ တလသင်တန်း များကို ဆရာ၎ဦးက ပို့ချပါတယ်။ သင်တန်းသားများက ဒေသခံအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အမျိုးသမီးရေးရာအဖွဲ့အစည်းများက ပို့လွှတ်တဲ့ လူငယ်များ အသက်၂၀ - ၃၅ တွေကို တတန်း အယောက်၂၀ ရှိပါတယ်။ သင်တန်းသားများဟာ ငွေကြေးအတွက် မလေးပင်ရအောင် သင်တန်းကြေးမယူတဲ့အပြင်၊ စားစရိတ်၊ နေ့တွက်စရိတ်တွေပါ အလှုရှင်များရဲ့အလှုပေးငွေများနဲ့ ပံ့ပိုးပေးပါတယ်။
.
ဆရာဦးအောင်စိုးဦးက စီမံခန့်ခွဲမှု နဲ့ပတ်သက်ပြီး ပြောပြပါတယ်။
* အလုပ်လုပ်ကိုင်ရာမှာ လူ့ စေတနာမေတ္တာ စိတ်ကောင်းရှိပေမဲ့ Before / During / After အဆင့်၃ဆင့် ခွဲပြီး ဦးစွာလေ့လာ ဆန်းဆစ်ရပါမယ်။ လုပ်ဆို အထက်ကအမိန့်အတိုင်း ထလုပ်လိုက်ရင် အကျိုးရလဒ် သိပ်မရတဲ့အပ်ြင ဆုံရှုံးမှုတွေဖြစ်လာနိုင်ပါတယ်။ အုပ်ချုပ်သူ လူကြီးများဟာ အချိန်ပေးပြီး စာဖတ်ရပါမယ်။ နားထောင်၊ နှုတ်အမိန့်နဲ့လုပ်တဲ့ စစ်အာဏာရှင် အရိပ်များကို ပြောင်းလဲရာမှာ စာကောင်းစာပေ တတ်နိုင်သလောက်ဖတ်၊ ပြောတာ နားထောင်ရုံတင်မက ပြောသွားသူများ ဝေငှတဲ့ စာအုပ်များကိုလဲ ဖတ်ဖို့ ၊ စမြုံပြန်ဖို့ လိုပါတယ်။ ဥပမာ ပီတာဒက်ကာ စီမံခန့်ခွဲရေးစာအုပ်များဟာ အလွန်ကောင်းပါတယ်။
.
* အကောင်းဆုံးလုပ်ရမှာက ကြယ်ငါး ဆောင်းပါးလိုပါပဲ၊ ပင်လယ်ကမ်းခြေမှာ သူငယ်ချင်း၂ယောက် လမ်းရှောက်ချိန် တယောက်က ကုန်းပေါ်တင်နေတဲ့ ကြယ်ငါးတွေ တကောင်ခြင်းကောက် ရေထဲပစ်ချရင်း စကားပြောကြတယ်။ တခြားတယောက်က မင်းကွာ၊ ကြယ်ငါးတွေအများကြီး ကုန်းပေါ်တင်နေတာ မင်းတယောက်ထဲ ကယ်တင်နေလို့ ဘာထူးမှာလဲ မေးတော့၊ ဟုတ်ပါတယ်၊ မင်းပြောတာမှန်ပါတယ်၊ ဒါပေမဲ့ အကုန်တော့မကယ်တင်နိုင်ဘူး၊ ငါရေထဲပစ်ချလိုက်တဲ့ကြယ်ငါးတွေတော့ အသက်ရှင်ဖို့လမ်းများသွားတာပဲ ငါတတ်နိုင်တယ်။ ငါတတ်နိုင်တာပဲ ငါလုပ်နေတာပါ...လို့ ပြန်ဖြေသတဲ့။
.
ကိုအောင်စိုး(မြင်းခြံ) လည်း သူတတ်နိုင်တာ၊ သူကယ်တင်နိုင်သလောက် သူလုပ်နေတာပဲ ဖြစ်ပါတယ်။ အဘ ဦးမောင်ဘို၊ အမိ ဒေါ်ခင်ထွေး တို့မှ မြင်းခြံမြို့မှာ ၁၉၆၀ မွေးဖွားခဲ့သူဖြစ်ပါတယ်။
.
.
TSP ပညာရေး ပင်ကိုယ်အစွမ်းစမြှင့်တင်ရေး စာအုပ်ဖြစ်ပါတယ်။ ရောင်းဈေး ၃၀၀၀ကျပ်။ ၂၀၁၇ အောက်တိုဘာလ ထုတ်ဝေသည်။ ထုတ်ဝေသူ ဦးကိုကို (မြဲ-၀၀၄၁၃)။ ရန်ကုန်စာအုပ်ဆိုင်များတွင် ရနိုင်ပါသည်။
.
The End..

Sunday, February 25, 2018

လွှတ်တော်မှ ငွေကြေးစနစ်ပွင့်လင်းလာဖို့ လုပ်ဆောင်ချက်များ နဲ့ အစိုးရ လှစ်ဟပြမှုများ

ငွေကြေးစနစ်ပွင့်လင်းလာခြင်း
ခြံစည်းရိုးကာတဲ့ ဒေါ်လာ၁၅သန်း . စစ်တပ်တောင်းတယ်.
.
၁။ မကောင်းတာတွေ မရေးချင်ပါဘူး. .
ဝန်ကြီး၇ယောက် ထပ်တောင်းပြန်တယ်။ ဒေါ်လာသန်း၄၀၀ ၆လအတွင်းသုံးဖို့တဲ့။ မနေ့က လွှတ်တော်ကိုယ်စားလှယ်၄၀ က စိတ်ပျက် အစိုးရကို ထောပ်ပြပြောဆိုကြတယ်။  လာမဲ့ ၆လအသုံးစာရင်း အမျိုးသားစီမံကိန်းပေါင်း ၁၂၀ အတွက် ဒေါ်လာသန်း၄၀၀ တင်ပြတာ လွှတ်တော်မှာဆွေးနွေထာတဲ့စီမံကိန်းတွေ လစ်လျူပြု ချန်ထားတယ်။

* ညွန်မှုး ညွန်ချုပ်အကြိုက်ချည်းဝန်ကြီးက လာပြီးတင်ပြတယ်။

* ကိုယ်ကျိုးစီးပွား စီမံကိန်းတွေ

* အကောင်းဆုံး Brands တွေ
.
* သာမန်ထက် ၂ဆမက ဈေးကြီးတဲ့ ပစ္စည်းတွေ
.
* လိုအပ်တာထက် ပိုပြီးဝယ်တယ်.

* ဆင်ရဲမွဲတေတဲ့ နိုင်ငံ အစိုးရနဲ့ဝန်ကြီးများ ရှက်ဖွယ်ကောင်းတယ်. .အကောင်းသိပ်ကြိုက်တယ် . .စသဖြင့်ဆွေးနွေးကြပါတယ်။
.
အမျိုးသားစီမံကိန်းတွေ ဒေါ်လာ၁သန်းဆို ၁.၃ဘီလျံ (သိန်း၁၃၀၀၀) ရှိပါတယ်။ ခေါင်မိုးမလုံ ခြစားစီမံကိန်းတွေ အတည်ပြုရမှာလား? ပညာရေးစီမံကိန်းတော့မပါဘူးကွယ်. . မကြာခင်ဝန်ကြီးတွေ လာရှင်းပြပြီး မဲခွဲအတည်ပြု ကြပါမယ်။ အင်အယ်ဒီအမတ်တွေပဲ မကြေမနပ်နဲ့ ထောက်ခံ အတည်ပြုရမှာပါ။
.
စီမံကိန်းကြီးများ ပြည်တွင်းပြည်ပက ဧရာမ ချေးငွေ နဲ့ PPP တွေ ပညာတတ်ဝိသမတွေ လာနေပါပြီ. .  ဖိလစ်ပိုင်သမတ ဒူတာတေး လုပ်သလို မြန်မာပြည်မှာလဲ ဥပဒေ နည်းဥပဒေ တွေနဲ့ ပြဌာန်းပြီး လုပ်ဖို့ ကြိုးစားနေတယ်. .ပြောတာပဲ. .
.
.
၂။ ပွင့်လင်းမြင်သာတာတော့
တိုးတက်လာပါတယ် . ဒါပေမဲ့.မျက်နှာပြောင်တိုက် တောင်းနေတာခက်တယ်. .တရုပ်ပြည်ကြီး ပြောင်လဲကာစ အဂတိတွေ အရေးမယူနိုင်ပဲ . .တိန်ရှောက်ပိန် ကိုယ်တိုင်က "ချမ်းသာတဲ့သူတွေ ပိုချမ်းသာလာတာ ပြသနာမဟုတ်ဘူ" ပြောခဲ့ပါတယ်။
.
လောလောဆယ်တော့ တားနိုင်မှာမဟုတ်သေးပါဘူး။ တားဖို့. . စနစ်တကျ ငွေသုံးစွဲဖို့ မလွယ်လှပါဘူး။ ဇီးသီဗန်း စကားလုံး စပြောခဲ့တဲ့ ယခင်လွှတ်တော်နာယကကြီးလဲ ထိုင်နားထောင် စိတ်ပျက်နေမှာ သေချာပါတယ်။
.
 အမေရိကန်လို သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဘတ်ဂျက်ကို ကန့်ကွက် နိုင်ငံဝန်ထမ်းတွေအလုပ်ရပ် လစာမရ . .တလကျော်အကြာမှ လွှတ်တော်ကိုယ်စားလှယ်တွေ ပြင်ဆင်သဘောတူ. .သမတက မကြေနပ်ပေမဲ့ လက်မှတ်ထိုးရတယ်။

အခုအသစ်ဖွင့်ထားတဲ့ ပြည်ထောင်စုလွှတ်တော်ဝက်ဆိုဒ်၊ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်ဝက်ဆိုဒ်တွေကို ၀င်ရောက်လေ့လာကြည့်ပါတယ်။ အင်တာနက် နည်းပညာနဲ့မိုဘိုင်းဖုန်း လူတွေအလွယ်တကူဖြစ်အောင် အရင်အစိုးရက လုပ်ပေးနိုင်ခြင်းက ပွင့်လင်းမြင်သာစနစ် စတင်အခြေပြုလာပါတယ်။ အထူးသဖြင့် အစိုးရဌာနဆိုင်ရာတွေ အစိုးရစီမံကိန်းနဲ့ ဒေသဖွံ့ဖြိုးရေးတွေမှာ ငွေကြေးဘယ်လိုသုံးစွဲသလဲ ဆိုတာ ပွင့်လင်းမြင်သာလာပါတယ်။
.
တကယ်ဆောက်ရင် ဘယ်လောက်ကုန်သလဲ၊ ပစ္စည်းဈေးနှုန်း၊ လုပ်အားခဈေးနှုန်း၊ အရည်အသွေး အစရှိသဖြင့် လွယ်ကူစွာ စစ်ဆေးသိရှိနိုင်လို့ ကြိတ်ပြီးလုပ်ဖို့ တော်တော်ခက်ခဲလာပါတယ်။ မျက်နှာပြောင်လွန်သူတော့ တနေ့ထိမှာပဲလေ။ . .
.
 ရာထူးခန့်ခြင်း၊ အဖွဲ့အစည်းခေါင်းဆောင်များ လူရွေးချယ်ခြင်း စတဲ့နေရာများမှာလဲ အထူးသဖြင့် ရပ်ကျေး အုပ်ချုပ်ရေးမှုရွေးပွဲတွေ ပွင့်လင်းစွာ လုပ်ကြတာကို တွေ့ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ကိုယ်ရေးရာဇ၀င်များ အရင်ဝက်ဆိုဒ်ထက် ပိုပြီး အလွယ်တကူ ကြည့်နိုင်ပါတယ်။ ပြည်တွင်း အချိန်ပေးနိုင်သူများကတော့ လွှတ်တော်ချနယ် တီဗွီကနေ ကြည့်နိုင်သလို၊ အထူးသဖြင့် ပြည်ပမှာနေထိုင်သူများ အင်တာနက်လိုင်းကောင်းတဲ့အတွက် ဗွီဒီယိုများကို အလွယ်တကူကြည့်နိုင်ပါပြီ။
.
.
၃။ အထူးသဖြင့်တော့ ငွေကြေးကိစ္စတွေမှာ ပွင့်လင်းစွာ လုပ်ကိုင်ဖို့ အလွန်ခက်ခဲပါတယ်။ အမှန်အတိုင်းပြောရင် မြည်းတစ်ကောင်နဲ့ သားအဖ ပုံပမာလို ဘာလုပ်လုပ် အပြစ်ရှာကြံပြောကြတဲ့ လူ့အသိုင်းအ၀ိုင်းမှာ ပွင့်လင်းစွာမလုပ်သင့်တဲ့အခန်းကဏ္ဍတွေလည်း ရှိပါတယ်။ အများစုကတော့ ပွင့်လင်းလာကြလာပြီး နိုင်ငံတော်ရဲ့ ထိပ်ဆုံးဖြစ်တဲ့ ဘတ်ဂျတ် အသုံးစရိတ်၊ ကြွေးမြီစီမံခန့်ခွဲခြင်း၊ စီမံကိန်းများငွေအသုံးပြုခြင်း၊ အရေးပေါ်ရံပုံငွေအသုံးပြုခြင်း၊ နိုင်ငံရဲ့ ဗဟိုဘဏ်နဲ့စာရင်းအင်းများကို ပိုမိုရှင်းလင်းစွာ ထုတ်ဖေါ်ပြီး၊ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြပါတယ်။ အဲဒီ ဆွေးနွေးပုံများကို အင်တာနက်၊ ဖေ့ဘုတ် နဲ့ လွှတ်တော်ဝက်ဆိုက်၊ လွှတ်တော်ချနယ်၊ တီဗွီများက တိုက်ရိုက်ပြခြင်း၊ တနေ့ကို ၃ကြိမ်နဲ့ အပတ်စဉ် ထပ်ဆင့်လွှင့်ပြခြင်းတို့အပြင် .ဥပဒေများကိုပါ PDF စာရွက်စာတန်းများ အလွယ်တကူ ဒေါင်းလုပ် ကြည့်ရှုနိုင်အောင်ပြုလုပ်ပေးထားတာ ၀မ်းသာစရာဖြစ်ပါတယ်။
.
.

၎။ ၂၀၁၇-၁၈ ငွေကြေးနဲ့ပတ်သတ်လို့
https://pyidaungsu.hluttaw.mm/reports ၀က်ဆိုဒ်မှာ ၀င်ကြည့်တဲ့အခါ အောက်ပါ ငွေကြေးဆိုင်ရာ စာရွက်စာတမ်းများကို ဒေါင်းလုပ်ဖတ်ရှုနိုင်တာကို တွေ့ရပါတယ်။
.
* ၂၀၁၈ ခုနှစ် ၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွှက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွှေစာရင်းနှင့် ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ငွှေေကြးဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာ အမှတ်စဉ်(၃/၂၀၁၈)
.
* ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ဥပဒေဆိုင်ရာသုံးသပ်ချက်၊ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာများ. .
.
* ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အမျိုးသားစီမံကိန်းဥပဒေကြမ်းအပေါ် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွှေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ
.
* ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွှေးမြီဆိုင်ရာနှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ လေ့လာတွှေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ် (၁/၂၀၁၈)
.
* ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လေ့လာတွှေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၄/၂၀၁၇)
.
Reference
https://pyidaungsu.hluttaw.mm/reports
.
.
၅။ ဒီငွေကြေးကိစ္စကို အများပြည်သူမြင်သာအောင် ပွင့်လင်းလာစေပြီး.. e-Government လုပ်ဆောင်ခြင်း၊ ပွင့်လင်းမြင်သာလာခြင်း တနည်းအားဖြင့် အဂတိတိုက်ဖျက်ရေးရဲ့ အဓိကအကျဆုံး ငွေကြေးဆိုင်ရာ ခေါင်မိုးလုံအောင် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ နောက်တဆင့်ကတော့ ပြည်နယ်တိုင်းအစိုးရများ၊ ဌာနဆိုင်ရာများကနေ သူတို့ဆီ ချပေးလိုက်တဲ့ စီမံကိန်းများ ငွေကြေးများကို ပွင့်လင်းစွာ လုပ်လာကြဖို့ မျှော်လင့်ပါတယ်။
.
ထုံးစံအတိုင်း လူတွေက လူအချင်းချင်း အပုတ်ချ၊ ဖော်ထုတ်ကြရင်း မဟုတ်တာတွေတော့ အများကြီးမြင်လာရပါတယ်။ နောက်ဆုံး (အားနာပါရဲ၊ ကလေးမုဒိမ်းမှုတွေကအစ ရာဇ၀တ်မှုတွေ ပိုများပြားလာတာကတော့ ဆိုးကြိုးတွေ ဖြစ်ပါတယ်။
.
ဥပဒေများက အားကောင်းလာပေမဲ့ နည်းဥပဒေများ မရှိသေးတာလည်း အများကြီးဖြစ်ပါတယ်။ နောက်ဆုံးတော့ အကောင်အထည်ဖေါ်မဲ့ဌာနဆိုင်ရာများက ဒီငွေတွေကို မြေပြင်မှာလက်တွေ့ အသုံးချရပါတယ်။ အဲဒီ ဌာနဆိုင်ရာများရဲ့ ၀န်ကြီးဌာနက ပွင့်လင်းမှုဆိုတာ လွှတ်တော်လို ပွင့်လင်းမှုမရှိသေးတာ အားနည်းချက်ကြီးတစ်ခုဖြစ်ပါတယ်။ ၀န်ကြီးဌာနများရဲ့ ၀က်ဆိုဒ်ကို ကြည့်ရင် တင်ဒါခေါ်တာတွေပဲ တွေ့ပြီး စီမံကိန်းများကို ဘယ်လို ထိမ်းကြောင်းကွပ်ကဲသလဲဆိုတာ မဖော်ပြနိုင်ပါဘူး။ အလွန် ဗလောင်းဗလဲ ဖြစ်နေလို့ပါ။ စီမံကိန်း ငွေကြေးသုံးစွဲမှုကို ဖော်ပြခိုင်းတော့ သူတို့တင်ဒါရတဲ့ ကုမဏီများကိုပဲ စာရင်းရှင်းခိုင်းပါတယ်။ မြေပြင်မှာ တကယ်လုပ်တဲ့ ကုမဏီများကလည်း ဌာနဆိုင်ရာများက စာရင်းရှင်းခိုင်းရင်လဲ ရှင်းမပေးပါဘူး။ လာရောက်စာရင်းစစ် စစ်ဆေးဖို့ လဲ ထိရောက်စွာ မလုပ်နိုင်လို့ လွှတ်တော်မှာ Third Party စနစ်ကို အမြန်ဆုံး အကောင်ထည်ဖော်ဖို့ ဆွေးနွေးအတည်ပြုခြင်း လုပ်ရပါတယ်။
.
.
၆။ မြေပြင်အခြေအနေက ရှုပ်ထွေးနေပေမဲ့ ခေါင်မိုးလုံဖို့ အဓိက လွှတ်တော်နဲ့အစိုးရများ ဥပဒေပြုခြင်း၊ အပြန်လှန်လေးစားစွာ ထိမ်းကျောင်းခြင်းများ ပွင့်လင်းစွာလုပ်ကိုင်လာကြတာ အားရစရာဖြစ်ပါတယ်။ အစိုးရ၀န်ကြီးများနဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်ကြီးများ လွှတ်တော်မှာ လာရောက်ဖြေကြားရတာတော့ သူတို့အဖို့ အကြပ်အတည်းဖြစ်ပါတယ်။ လွှတ်တော် ဥက္ကဌကြီးများကလည်း ပုဂ္ဂိုလ်ရေး မထိခိုက်အောင် ပြောဆို ဆွေးနွေးကြဖို့ အမြဲသတိပေးနေရပါတယ်။
.
စီးပွာရေး အလုပ်ကိုင် ကောင်းလာဖို့ တနည်းပဲရှိပါတယ်။ အဂတိ နည်းပါးဖို့ပဲ ဖြစ်ပါတယ်။ ဆက်လက်ရှုစားရပါဦးမယ်။
.
ဇော်အောင်
၂၄ ဖေဖေါ်ဝါရီ ၂၀၁၈
.
.
.
ကိုးကား ၀က်ဆိုဒ်များ
* ပြည်ထောင်စုလွှတ်တော်
https://pyidaungsu.hluttaw.mm
.
* သမ္မတ
http://www.president-office.gov.mm/
.
* အတိုင်ပင်ခံပဂ္ဂိုလ်
http://www.statecounsellor.gov.mm/
.
* ဘတ်ဂျတ် (ရသုံးမှန်ခြေငွေစာရင်း)
စီမံဘဏ္ဍာ ဝက်ဆိုဒ်. . .
.
.
ဆက်စပ်ဆောင်းပါးအချို့ (Links)
* Thet Khine Feb 23 လက်ဝါးအုပ် စီးပွားရေးသုံးသပ်မှု
https://m.facebook.com/story.php?story_fbid=1729840927078510&id=100001578596848
.
* Win Htay Feb 25 အမည်မဖော်ဝံ့သော လွှတ်တော်ကိုယ်စားလှယ်သို့ (ငွေဖြူ ဖြေလျှော့မှု ၃၀% မှ ၃% ၆လ ဥပဒေ)
https://m.facebook.com/story.php?story_fbid=1608353749229960&id=100001660506585
.
* Win Htay  Feb 25 နိုင်ငံပိုင်စီးပွားအဖွဲ့များရဲ့ အုံပုန်းအကောင့် Union Fund Account UFA (Other Account OA) ငွေလယ်ပတ်မှုလွယ်ကူရန် ဖန်တီးထားသော အကောင့်များတွင် US$9 billion ရှိနေခြင်း
https://m.facebook.com/story.php?story_fbid=1608054819259853&id=100001660506585

မြန်မာစီးပွားရေး ၂၀၁၂ - ၂၀၁၈ သုံးသပ်ချက်

အကြွေး များ ကို ဆပ်ပေးကြပါဦး ခင်ဗျား ... ၊
 ~~~~~~~~~~~~~~~~~~~~~~~
 ဇန်နဝါရီလ အတွင်း က ဇောင်တူးတမံကိုသွားဖြစ်ခဲ့ပါသည်  ၊ တမံထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်း များ ကို စစ်ဆေးဆောင်ရွက် နိင်ရန် သွားခဲ့ခြင်းဖြစ်ပါသည် ၊ ဝန်ထမ်းဘဝ က အနားမယူ ခင် မှာ ကိုယ်နဲ့ ပတ်သက်တဲ့ အကြွေးတွေ မကျန်အောင်လို့ ပါ ၊ ပြီတော့ ငယ်သူ တွေကို  လုပ်သင့်တာ တွေ ဆက်လုပ်သွားနိုင်ဖို့  ၊ မလုပ်သင့်တာတွေ မလုပ်ဖို့  အတွက်   လက်ဆင့် ကမ်း သော အလုပ်များ ကို သွားရောက်ဆောင်ရွက်ခြင်း ဖြစ်ပါသည် ၊
 
ပထမ ရည်ရွယ်ချက် ဖြစ်တဲ့  အကြွေး တွေ မကျန်အောင် ဆို တဲ့ ကိစ္စ ကတော့ လောလော ဆည် မဖြစ်နိုင်တော့ပါ၊ လောလောဆည်မှာတော့  အကြွေးများက ကျန်နေ တော့ မှာဖြစ်ပါသည် ၊
 
မနှစ်က ဇောင်းတူ ကို သွားခဲ့တုန်း က လမ်းတွေ ကောင်းလာတာ သတိပြု မိသည် ၊တံတားတွေ ကောင်းလာတာ ကို တင်ပြ ဖြစ်သည်  ၊ လမ်းဘေးမှာ ကွန်က ရစ် ဓာတ်တိုင်တွေ စုပုံထားတာ တွေ ကို လဲ အားတက်ဘွယ်ရာ  တွေ့ ခဲ့ ရသည်  ၊
   
ဒီနှစ် သွားတော့ လမ်းတွေ မနှစ်ကထက် ပိုကောင်းလာသည်  ၊ တံတားတွေ မနှစ်ကထက် ပိုကောင်းသည့် အရေအတွက်  ပိုများလာ သည် ၊ အားလုံး ကောင်း နေပြီ လို့ တောင် ပြောနိုင်သည့် အခြေ အနေ ဖြစ်နေသည် ၊ သွားချိန် လာချိန် တွေ မှာ အချိန်တွေ လျော့လာသည် ၊ အသွားအလာတွေ လဲ ပိုများ လာသည်  ၊
   
ဒီ နှစ် .. ၊ မနှစ်က တွေခဲ့ရသော လမ်းဘေး တွင် စုပုံ နေ သည့် ကွန်ကရစ် ဓာတ်တိုင် များ အိပ်ပျော်နေဆဲ ...၊  ပြန်ပြီး တွေ့ ခဲ့ရသည်  ၊ တစ်ချို့  ကတော့ လမ်းဘေး မှာ မလွတ်တလွတ်  လဲလှောင်းနေလေ တော့  ကား က ပဲ နင်းသွားတာ လား ၊ လှည်းကပဲ ချိတ်သွားတားလား မပြော တတ်တော့ ၊ ဒဏ်ရာဒဏ်ချက်တွေနဲ့  တွေ့ ခဲ့ ရပြန် သည်  ၊ လမ်းဘေးတွင် စီစီ ရီရီ ထောင်ကာ နေ ရမယ် အရာ များ က  ကာလ အကြာကြီး လဲလျောင်းနေလေတော့  ဖြစ်ပြီပေါ့ ၊ အရင်း လဲ ကြိုး၊ အဖျား ကြိုး ..အခြေအနေ တွေနှင့် ၊
 
ဇောင်းတူတမံ နှင့် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက် ပြီးစီး ခဲ့သည်မှာ  ယခု ဆို လျှင် (၁၈ ) နှစ်ပြည့်တော့မည် ဖြစ်ပါသည် ၊ စီမံကိန်းပြီးတဲ့ နှစ်က မွေးခဲ့သော ကလေးများ အခုဆို  (၁၀) တန်းအောင်ပြီး လောက်ပြီ ၊ သူတို့  ရွာ နား က ဇောင်းတူ စီမံကိန်း ကို ၁၉၉၃ လောက်က စ လုပ်ခဲ့သည်  ၊ ၂၀၀၀ခုနှစ်မှာ  ဖွင့်ပွဲ လုပ် ပြီး နိုင်ငံတော် ဓာတ်အားကွန်ယက်နှင့် ချိတ်ဆက် ဓာတ်အား ပေး နိုင်ခဲ့သည် ဆို သော မြန်မာနိုင်ငံရှိ ရေအား လျှပ်စစ်စက်ရုံ အကြောင်း ကို ပထဝီ ဘာသာရပ်ထဲ မှာ ဆရာမ က သင်ပေးသည် ကို  ဒီဇယ်မီးခွက် နဲ့  ဖယောင်းတိုင်မီးတို့ နဲ့ အခိုး ထွက်  မီးရောင် အောက် မှာ ကျောင်းသင်ခန်းစာ တွေ ကို  ရေးဖတ်ပြီး တစ်တန်းပြီး တစ်တန်း အောင်လာခဲ့ကြ သည့် ကလေးများ ... ၊ အခုခေတ်.. (၁၀)တန်း စာမေးပွဲကာလ  တွေ  မှာ လျှပ်စစ်မီး မပြတ်အောင် ဆောင်ရွက်နေကြပါသည် ဆိုတာကို သူတို့  နှင့်  မည်သို့  ပတ်သက် သည်ကို နားမလည် လောက် ..၊
   ဇောင်းတူ က ထွက်တဲ့ လျှပ်စစ် မီး ဇောင်းတူမှာ မလင်းသေးပါ ၊ ကျွန်တော် တို့  လျှပ်စစ်ဝန်ထမ်း တွေ အတွက် ကတော့ အကြွေး တစ်ခု မပေးဆပ်နိုင်သေး သော သူ တစ်ဦးကဲ့ သို့ ခံစားရမိပါသည်  ၊  ခေတ်စကားနှင့် ပြောရလျှင် ဇောင်းတူ မှာ ပြောင်းလဲချိန် မတန်သေးပါ တကား ၊
 
ဒီနှစ် ..ဇောင်းတူ ကို အလာ ..ဇောင်းတူရွာ နားရောက်ခါနီးတော့ မနှစ်ကရောက် တုန်းက တွေ့ ခဲ့ ရတဲ့ကွန်ကရစ်ဓာတ်တိုင်တွေ တော့  ဒီနှစ်.. ပြောင်းလဲ ချိန် တန်ပြီး ၊ ကြိုးတွေ နဲ့ ၊ အိုးတွေ နဲ့ တွေ့ ရပြီ လို့  အောက်မေ့ထား မိတယ် ၊  စိတ်အား တက်ခဲ့မိတယ် ၊ သို့ သော် ... ၊ အမြင်နဲ့ အထင် တစ်ခြားစီပါ ၊
   
ဇောင်းတူ ဒေသ လျှပ်စစ်မီး ရရှိရေး ကို သူတို့  တာဝန်ယူ ပေးပါမယ် ဆို တဲ့ သစ်အချောထည် ကုမ္ပဏီ တစ်ခု က လည် ပဲခူးရိုးမ မှ သစ်ထုတ်ခြင်း (၁၀) နှစ် ရပ်ဆိုင်းတဲ့ စီမံချက်နဲ့ မိပြီး မလှုပ်သာတော့ ... ၊ သူတို့  သစ်လုပ်ငန်း ပြန်လုပ်ချိန် မှ ဇောင်းတူ မီးရတော့ မည် ဆို လျှင် လည်း ကျော်ဟိန်း ပြောသလို လက်နှစ်ဘက်ထောင်ပြီး အော် ရတော့ မည် ၊ " ဆယ်နှစ် " " ဆယ်နှစ်" ..လို့ .၊
 
တကယ်တော့ ဇောင်းတူ ဟာ မြန်မာနိုင်ငံ မှာ အဦးဆုံး နိုင်ငံ အတွက် ရေအား လျှပ်စစ် က ဓာတ်အားထုတ်ရန် စတင် ကြံရွယ် ခဲ့တဲ့နေရာ ဒေသ တစ်ခု တွင် အပါ အဝင် ဖြစ်ပါသည်  ၊၂၀၀၀  ခုနှစ်မှာ တော့  ဒီနေရာ က လျှပ်စစ်ထွက်နေပါပြီ ၊
ဇောင်းတူ ဒေသ လို ပင်  ရေအားလျှပ်စစ်တွေ ထွက်တဲ့ နေရာတိုင်းမှာ လျှပ်စစ်ဓာတ်အား တွေ က အဝေးကို အရင် သွားပြီးတော့ မှ အနီးကို ပြန်ရောက် လာ သလို ဖြစ် နေ တာ ကို ဒေသ ခံ တွေ က သတိပြုမိလာကြ သည် ၊  စီမံကိန်း တွေ တော်တော် များများ မှာ ဤ ကဲ့သို့ ဖြစ်နေသည် ၊
 
ဒီအချက်သည်   ရေအားလျှပ်စစ်ထွက်တဲအနီးအနားက ဒေသခံတွေ ရေအား လျှပ်စစ်ဟာ သူတို့ အတွက် အကျိုးမရှိဘူး လို့  ခံစားမှုကို ဖြစ်စေပါသည် ၊
ဒါကြောင့် လဲ အများ က  သူတို့  အရပ်မှာ ရေအားလျှပ်စစ် လာလုပ်မယ် ဆိုလျှင်  အားမပေးချင်တော့ .. ၊ သူတို့ ဘဝတွေ အတွက် ရေအားလျှပ်စစ်က အကျိုးမရှိတော့  ဟု သိရှိ နားလည် လာတော့ သူတို့ က မလုပ်စေချင်ကြတော့ .. ၊ သူတို့ အတွက်အကျိုးမရှိ သော လုပ်ငန် ကို သူတို့ စိတ်မဝင်စားကြ တော့ ၊  သဘာဝတော့ ကျပါတယ် ၊ ဘယ်သူ ပဲ ဖြစ်ဖြစ်ပါ ၊ သူတို့ အတွက် အကျိုးရှိသည်ဟု ခံစား ကြရ မှ ထောက်ခံအားပေးကြမှာ ဖြစ်ပါသည် ၊
 
ရေအားလျှပ်စစ်လုပ်ငန်းများ ဖွံဖြိုးစေလိုလျှင် ရေအားလျှပ်စစ်လုပ်ငန်း က သူတိုတို့ ကို အကျိုး ရှိစေတယ်လို့  သက်သေပြရပါမည် ၊ စီမံကိန်း စလုပ်ကတည်း က သူတို့ ကို လျှပ်စစ်ကို သုံးစွဲနိုင်အောင် စီစဉ်ပေးရပါမည်  ၊ ဒေသ ဖွံဖြိုးရေးကို စီမံကိန်မှာ ထည့်ပြီး ဆောင်ရွက်ပေးရပါမည် ၊ သို့ မှသာ သူတို့ အတွက် လက်တွေ့  အကျိုးရှိသည်ဟု ခံစားမိလာ ကြမည်ဖြစ်ပြီး သူတို့ကိုယ်တိုင်က ရေအားလျှပ်စစ် ကို ဆောင်ရွက်လိုသူ .. ၊ဆောင်ရွက်စေလိုသူများ ဖြစ်လာကြမည် ဖြစ်ပါသည် ၊
   
နောက်ရှိပါသေးတယ်၊ စီမံကိန်းလုပ်နေစဉ် ကာလများ  က သူတို့ ရွာနားမှ  မြေကြီးများကို တူးယူ ပြီး စီမံကိန်း လုပ်ငန်း များ ဆောင်ရွက်သွားကြသည် ၊ ကျောက်တွေ ကို စီမံကိန်း အတွက် တူးထုတ်လုပ်သွားကြသည်  ၊ ဒါတွေ နှင့် စီမံကိန်း များ ကို ပြီးစီးအောင် လုပ်သွားကြသည် ၊ လျှပ်စစ် ဓာတ်အားတွေ ထွက်လာတော့  ထွက်လာတဲ့ လျှပ်စစ်မီးတွေ က အဝေးကို ရောက်သွားကြသည်  ၊ သူတို့ အတွက်တော့ ထည့်သွင်းစဉ်းစားခြင်း  မခံရတော့ ၊  သူတို့  လဲ လျှပ်စစ် မီးလိုအပ် နေတဲ့ သူများ ဖြစ်ကြပါသည် ၊ ဒါ ကို ကျွန်တော်တို့ သတိပြုရပါမည် ၊
 
ရေအားလျှပ်စစ် စီမံကိန်းများ  ကို အကောင်အထည်ဖော်နေရသူ များ ဖြစ်သော ဝန်ထမ်းတစ်ယောက်အနေ ဖြင့်  ရောက်တဲ့ အရပ်ဒေသ တွေ မှာ အများဆုံး အမေးခံရတဲ့ မေးခွန်းကတော့  " စီမံကိန်းပြီးရင် ကျွန်တော်တို့ ဒေသ" မီး "ရမှာ လား " ဆိုတဲ့ မေးခွန်ပင် ဖြစ်ပါသည် ၊ အဖြေက " ရမှာပါ" လို့ ပဲ ၊ ကျွန်တော်အပါအဝင် အားလုံးက ဖြေတတ်ကြပါသည်  ၊ သို့ သော် ကျွန်တော်တို့  ဂတိမတည်ခဲ့ကြပါ၊ တာဝန်မကျေခဲ့ကြပါ ၊ အနား က ရေအားလျှပ်စစ်စက်ရုံ ကြီး ရှိနေပြီး အနီးအနား က မီးမသုံးရသေး တဲ့ ရွာတွေ အများကြီး ကျန်နေပါသေးသည်  ၊
   
ယနေ့   တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး စီမံချက် NEP plan ကို ဆောင်ရွက်နေကြပါသည် ၊ ဓာတ်အားလိုင်းများနှင့် အနီးဆုံး နေရာ မှ  စတင်၍ လျှပ်စစ်မီး ရရှိ အသုံပြုနိုင်ရေးကို စီမံ ဆောင်ရွက်နေကြပါသည် ၊ ဓာတ်အားလိုင်နှင့် အနီးဆုံး တင်မက ပဲ  ဓာတ်အားပေးစက်ရုံ များ နှင့် အနီးဆုံး ဒေသ များ ကို ပါ ဦးစားပေး အဆင့်တွင် ထာရှိဆောင်ရွက်သင့်ပါကြောင်း အကြံပြု လို ပါသည် ၊
 
မြန်မာနိုင်ငံ ၏ပေါများကြွယ်ဝသော ရေအရင်းအမြစ်များ စွာ မှ ရေအားလျှပ်စစ် ထုတ်လုပ်ခြင်း လုပ်ငန်းများ ကို အနာဂတ် တွင်  ဆက်လက်ဆောင်ရွက် သွားရဦးမှာ ဖြစ်ပါသည် ၊ လက်ရှိလည်း ဆောင်ရွက်နေဆဲ ဖြစ်ပါသည်၊ လက်ရှိ ဆောင်ရွက်နေမှု အခြေအနေ များတွင် ဒေသ ခံ များ ၏ ပါဝင်ကူညီ မှု များ ၊ ဒေသ ခံ တိုင်းရင်းသား များ ၏ နားလည်မှု များ ထင်သလောက် မရ သေး၍ အချို့ သော စီမံကိန်းများတွင် အခက်အခဲ များတွေ့ နေရပါသည် ၊ ( တတ်နိုင်သလောက်တော့ ဖြေရှင်း ဆောင်ရွက်လျှက်ရှိပါသည် ) ၊
   
ကျွန်တော်တို့  လက်တွေ့  ပြသရပါ မည် ၊ ဒေသခံ ပြည်သူ များ အတွက် သူတို့ ဒေသ တွ င် ရေအား လျှပ်စစ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် သူတို့ တွင် လက်တွေ့  အကျိုးရှိကြောင်း ကို ဆောင်ရွက်ပေး ရပါမည် ၊ ဒေသဖွံဖြိုးရေး လုပ်ငန်းများ တွင် ပါဝင် ဆောင် ရွက် ပေးရပါမည် ၊ ဒေသ ဖွံဖြိုးလာ ၍ အသိပညာ ဖွံဖြိုး တိုးတက်လာမှု များရှိလာပါက ဖွံဖြိုး အတွက် ဆောင်ရွက်နေ သော စီမံကိန်းများ ကို ထောက်ခံ လာကြမည် ဖြစ်ပါသည် ၊
 
အမှန်တော့ ကျွန်တော်တို့ လျှပ်စစ်ဝန်ထမ်းများ ၏ ပင်မ တာဝန် က အများပြည်သူများ ကို လျှပ်စစ်ဖြင့် အလင်း ရောင် ရရှိရေး ဒေသ ဖွံဖြိုး တိုးတက်မှု ကို ရရှိစေရေး ဆောင်ကျဉ်းမှု ပင် မဟုတ်ပါလား ၊ အများပြည်သူ လျှပ်စစ် ရရှိ အသုံးပြု နိုင်ရေး သည် ရေအား/တည်ဆောက်ရေး ဝန်ထမ်းများ ၊ မောင်းနှင် ထုတ်လုပ်ရေး ဝန် ထမ်းများ ၊ ဓာတ်အားလိုင်းသွယ်တန်းရေး ဝန်ထမ်းများ  ၊ဖြန်ဖြူး ဝန်ထမ်း များ စသည့် တာဝန် သီးခြားကွဲ ပြားနေ ကြသော် လည်  လျှပ်စစ်ရရှိ အသုံပြုနိုင်ရေး ကိစ္စ တွင် အားလုံးတွင် ပါဝင်ဆောင်ရွက်နေကြရသော သူများ  တာဝန်ရှိကြသူများ ဖြစ်ကြပါသည် ၊
 
တည်ဆောက်ရေးပြီးတော့ ထုတ်လုပ်ရေး ကို လက်ဆင့် ကမ်းပေးခဲ့ရပါသည်၊ ဓာတ်အားထုတ်လုပ်ရသူများ က ထုတ်လုပ်ပြီး ဓာတ်အား များ ကို အနယ်နယ် အရပ်ရပ်သို့ ရောက်အောင် ဓာတ်မဟာ လိုင်းများ အပါ အဝင် အရွယ်အစား အမျိုးမျိုးသော ဓာတ်အားလိုင်းများ ကို သွယ်တန်းပြီး ဓာတ်အားများ ကို နေရာအနှံ ရောက်အောင် ဆောင်ရွက်ပေးရပါသည် ၊ ဖြန်ဖြူးရေး ဝန်ထမ်းများက အား လုံးသုံးစွဲ နိုင်အောင် ဖြန့်ဖြူးပေးရပါသည် ၊ စက်ရုံများ အနီး မှ ကျေးရွာ များ လျှပ်စစ်မီး ရရှိရေး အကြွေးများ ကျန် နေပါသည်၊
   
စီမံကိန်းများပြီးစီးသွားပြီးနောက်တွင် စက်ရုံ များအနီးမှ ရွာ များ ဓာတ်အား သွယ်တန်းရရှိနိုင်ရေး ကို ကျွန်တော်တို့ စီမံကိန်းဆောင်ရွက်ခဲ့သူများ တွင် လုပ်ပေးပိုင်ခွင့် မရှိတော့ ပါ ၊.. ကျွန်တော်တို့ ပေးဆပ်ရန် အကြွေးမျာ တင်ခဲ့ ကြပြီ  ၊ သို့ ဖြစ်ပါ၍ မေတ္တာရပ်ခံ လိုပါသည် ကျွန်တော် အကြွေး တင်နေသူများ မဖြစ်စေချင်ပါ ၊ထို ကြောင့် .. ကျွန်တော်တို့ ကိုယ်စား အကြွေး ဆပ်ပေး ကြပါ ဦး ခင်ဗျား... ၊
 
စန်းဝေ(သံတွဲ)
Credit San Wai
.
.
.
အလွန်များပြားလှတဲ့မြန်မာအစိုးရ ဘတ်ဂျက်ရဲ့ ၂၄% သုံးစွဲနေတဲ့ လျှပ်စစ်လုပ်ငန်းတွေ (စစ်တသုံးစရိတ်တောင် 14% ပဲရှိတယ်), . .ပုဂလိကပေါင်းလိုက်ရင် အလွန်ကြီးမားလို့ . . လွှတ်တော်က အစိုးရကိုထိန်းဖို့ဆိုတာ မလွယ်သေးပါ. . ပုဂလိက (အများပိုင်) ပြောင်းလဲခြင်းနည်းလမ်းပဲ ရှိပါတယ်. . ဒါမှ တကယ်လုပ်သူတွေ လစာကောင်းသွားမယ်. . ဝန်ကြီး ဦးဝင်းခိုင်ရေ. .

Friday, February 16, 2018

'' ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်း' Yangon Hluttaw



စည်ပင် စီးပွားရေးလုပ်ရန် ကန့်ကွက်ခြင်း
Zaw Naing added 5 new photos.
YCDC (ရန်ကုန်စည်ပင်) နှင့် စီးပွားရေးလုပ်ခွင့်
••••••••••••••••••••••••••••••••••••••••••(*မူရင်း၊ ၊ Kyaw Naing)
အချုပ်ပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေက တိုင်းဒေသကြီးအစိုးရ သို့မဟုတ် စည်ပင်သာယာရေးကော်မတီတွေကို စီးပွားရေးလုပ်ခွင့် မပေးထားပါဘူး။
ဒီတော့ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဆွေးနွေးနေတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေမူကြမ်းမှာပါတဲ့ "စီးပွားရေးအဖွဲ့အစည်းများ" ဆိုတာနဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေ အားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၊ ပုဒ်မ ၃၆ တို့နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။
Credit: Kyaw Naing
********************************************
Yangon Hluttaw
'' ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်း''နှင့် ပတ်သက်၍ အကြံပြုချက်များဖိတ်ခေါ်
---------------------------------------------
ရန်ကုန်၊ ဖေဖေါ်ဝါရီလ၊ ၂ ရက်၊ ၂၀၁၈
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စည်ပင်သာယာရေးဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းသော ''ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်း'' ကို စိတ်ပါဝင်စားသူများ လေ့လာနိုင်ရန်အတွက် အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။ စည်ပင်ဥပဒေကြမ်းနှင့် ပတ်သက်၍ အကြံပြုစာပေးပို့လိုသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး သို့လိပ်မူ၍ဖြစ်စေ၊ yangonregionhluttaw@gmail.com သို့ဖြစ်စေပေးပို့နိုင်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်း
Drop box
https://www.dropbox.com/s/lk7eec…/YCDC%20Law%20part%201.pdf…



ရန်ကုန်မြို့တွင်း လူနေထူထပ်သော မြို့နယ်များတွင် ကားပါကင်များသတ်မှတ်၍ စနစ်တကျ ပါကင်ကြေးကောက်မည့်အစီအစဉ်ကို မည်သည့်အချိန်တွင် စတင် အကောင်အထည်ဖော်မည်ကို မေးမြန်း
-----------------------------------------------------------
ရန်ကုန်၊ ဖေဖေါ်ဝါရီလ၊ ၁၅ ရက်၊ ၂၀၁၈
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက “ ရန်ကုန်မြို့တွင်း လူနေထူထပ်သော မြို့နယ်များတွင် ကားပါကင်များသတ်မှတ်၍ စနစ်တကျ ပါကင်ကြေးကောက်မည့်အစီအစဉ်ကို မည်သည့်အချိန်တွင် စတင် အကောင်အထည်ဖော်မည်” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ကားပါကင်ကြေးများကို စနစ်တကျ ကောက်ခံသော်လည်း လမ်းအလိုက်ပြီးစလွယ်ယူပြီးကောက်ခံပါကြောင်း၊ ကားပါကင်ကြေးများကို စည်ပင်မှကောက်ခံခြင်းမပြု ပါကြောင်း၊ ကားပါင်ကင်ကြေးများကို မိုက်ကြေးခွဲကောက်ခံပြီးအန္တရာယ်ပေးနိုင်သည့်အခြေအနေမျိုး သည် အုပ်ချုပ်ရေးအပိုင်း နှင့်လည်းသက်ဆိုင်ပြီး ထိထိရောက်ရောက်အရေးယူရန်လိုအပ်ပါကြောင်း၊ ကားပါကင် မရပ်ရမည့် နေရာတွင်ကားရပ်ခြင်း ကြောင့် တောင်းခွင့်မရှိသူများကတောင်းခံပါကြောင်း၊ သို့ဖြစ်ပါ၍ ကားပါကင်ဧရိယာကို သတ်သတ်မှတ်မှတ် ထားရပါကြောင်း၊ ဘတ်ဂျတ်အနေနှင့် အကုန်မခံနိုင်သောကြောင့် PPP System ဖြင့်သွားပါကြောင်း၊ လောလောဆယ် မျဉ်းအဝါခွက်များ ထားခြင်းကိုလည်း ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှလုပ်ပေးထားခြင်းဖြစ်ပါကြောင်း၊ မိမိတို့ လုပ်ပြီးသည့်အဆင့်တိုင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုတင်ပြချက်တောင်းပြီး ဆောင်ရွက်နေပါကြောင်း ” ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်စပ်မေးခွန်း အနေဖြင့် ရန်ကုန်မြို့တွင်းအခြေအနေအရ ကားရပ်နားရန်နေရာ ပေးရန်လိုအပ်ပါကြောင်း၊ လမ်းသွယ်အထဲတွင် ပြဿနာ အများကြီးရှိပါကြောင်း၊ ကားပါကင်များကို ဆွဲလိုရသည့်နေရာမျိုးတွင်ဆွဲပြီး စနစ်တကျတင်ဒါ ကန်ထရိုက်ပေးတာမျိုးပဲဖြစ်ဖြစ် ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ခွင့်ပေးရန်လိုအပ်ပါကြောင်း၊ လတ်တလောလုပ်၍ ရမည့် Plan ကို လုပ်ခွင့်ပေးရန်လိုအပ်ပါကြောင်း မေးမြန်းရာ ဝန်ကြီးမှ လမ်းကိုစနစ်တကျရှင်းတာနဲ့ Ad Hoc မတူပါကြောင်း၊ Ad Hoc ကတော့လူတိုင်းရှင်းလို့ရပါကြောင်း၊ စနစ်တကျဖြေရှင်းမှသာရမည်ဖြစ်ပါကြောင်း၊ ကားပါကင်ရှင်းသည့်အခါ ရေတို/ရေရှည် လုပ်ဆောင်ရပါကြောင်း၊ စည်းကမ်းမရှိ သည့်အားနည်းချက်ကိုရှာပြီး ဖြေရှင်းရမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

Zarni Gyi လက်ရှိ. .ယာဉ်ထိန်းရဲနဲ့ ကားကရိန်းဆွဲစနစ် လုပ်ထားရပါတယ်။ ဘာကြောင့် ကားပါကင်စနစ်တကျ မလုပ်နိုင်သေးသလဲ ? 
.
(၃) ချက်ပဲ (ဥာဏ်မီသမျှ)

.
* နိုင်ငံတကာမြို့ကြီးတွေမှာ ပါကင်တိုင်း အကြွေထည့်တဲ့ Digital Post လေးတွေထားပါတယ်။ နေ့တိုင်း လာစစ်ပြီး ဒဏ်ရိုက်တဲ့ Notice စာရွက်လေးတွေ ချိတ်ထားပါတယ်။ ATM စက်တွေမှာ မိမိကား ပါကင်ဒဏ်ကြေး အကြွေးရှိသလားစစ်လို့ရပါတယ်။ ဒဏ်ကြေး ထိရင် ATM မှာ အလွယ်တကူပေးနိုင်ပါတယ်။ မပေးဘူးဆိုရင် ကားပိုင်ရှင် ထံ မက်ဆေ့ပို့တယ် ဒဏ်ကြေး မပေးတာ ရက် ကြာလေလေ ပိုများလေလေပါ။ စင်ကာပူမှာတော့ ပါကင်စက္ကူ ကပ်ပြားစနစ်သုံးတယ်။ အောင်မြင်ကြပါတယ်။ ဒါပေမဲ့ ကားပိုင်ရှင်သိဖို့မလွယ်တဲ့ ရန်ကုန်မှာ ဒီနည်း လုပ်မရပါ. .
.
* အခု COE စနစ် မြို့ထဲနေချင်တဲ့ကားတွေ ထိန်းချုပ်ဖို့ (ကားမကြပ်ဖို့) လုပ်တော့မယ် . .မြို့ထဲ ကားထား ကားရပ် ချင်သူများ COE ဝယ်ထားဖို့. .မပါရင်ဖမ်းတဲ့စနစ် စင်ကာပူမှာ လုပ်ထားတာ နှစ်၂၀ ကျော်ပါပြီ. .. Digital Unit တွေ တပ်ဆင်ရပါမယ်။ တပ်ဆင်မထားတဲ့ကား ဝင်လာရင်ဖမ်းဆီးဒဏ်ကြီးမားစွာ ရိုက်မဲ့ စနစ်ပါ. .အောင်မြင်နိုင်ပါတယ်. . PPP နဲ့လုပ်မှာပါ. .စည်ပင်ဝန်ကြီးက ဒါကိုပြောချင်တာပါ.
.
* ကားလမ်းတိုင်းကို မလေးရှားနိုင်ငံလို PPP (ကန်ထရိုက် ပဲဆိုပါတော့) ပေးပြီး ကောက်ခံမယ်ဆိုရင်. ကားပါကင်ခ တနာရီ၂၀၀ကျပ် သတ်မတ်ရင်သင့်တယ်။ တနာရီ ၁ထောင်ဆို ကားတွေရှင်းသွာနိုင်တယ် (နိုင်ငံကြီးတွေမှာ နာရီဝက် ၂ထောင်ကောက်တယ်). . . . မြို့လယ်ခေါင်လမ်းတွေချည်းပဲ . .လုပ်စားချင်တဲ့ PPP ဝန်ထမ်း၁ထောင်ခန့်မယ်.. လမ်တဖြတ် ၃ယောက်နှုန်း. . ကားပါကင်အစောင့်တွေကို ဘယ်လိုထိန်းမလဲ ဆိုတာက ပြသနာ. . .ဒီနည်းက မိုက်ကြေးခွဲစားတဲ့စနစ်ကို ပြန်ရောက်သွားနိုင်ပါတယ်။ မဖြစ်နိုင်ပါ။ မြန်မာပြည်မှာ အခက်ခဲဆုံးက ဝန်ထမ်း(လူ) ထိန်းရခြင်းပါ. . .
.
စည်ပင်ဝန်ကြီးက မဖြေနိုင်တာလား. .မီဒီယာက ဖွနေသလား. .၂ခုစလုံးပဲလား. . မကြာခင် ကားပါကင် အဖြေရမှာပါ. .
my personal view. .

M Zaw Aung ကားပိုင်အားလုံး မိုဘိုင်းဖုန်းများ (ကားတစီး အနည်းဆုံးနံပါတ်၂ခု) ကို ကွန်ပြူတာစနစ်နဲ့ မှတ်ထားတဲ့ e-government စနစ်ကို အလွယ်တကူလုပ်လို့ ရပါတယ်. .ဖမ်းတဲ့ ဝန်ထမ်းက ဓါတ်ပုံရိုက်ပြီး အချိန်နဲ့ နေရာ GPS နဲ့ ဒဏ်ကြေး. နောက်ကျကြေးများ. .ပုဂ္ဂလိကဘဏ်ထဲ ထည့်ပေးတဲ့ စနစ်ပါ။ ပါကင်စစ်သူ ငွေကောက်စရာမလိုတော့ မိုက်ကြေးခွဲတာမျိုး မဖြစ်တော့ပါ။ ဒါပေမဲ့ လာပ်ငွေ တောင်းတာတော့ အနည်းကျဉ်း ရှိနေဦးမှာပါ။ 
.
ဒဏ်ငွေ မဆောင်တဲ့ ကားပိုင်ရှင်တွေကိုတော့ စာရင်းနဲ့ ကညန. ထံ အရေးယူဖို့ တင်ရပါမယ်။ ယာဉ်ထိန်းရဲ တွေလဲ စည်းကမ်းမဲ့ ရပ်တဲ့ ကားတွေကို ဒီလို လုပ်သင့်ပါတယ်. .ဒဏ်ငွေကတော့ တသောင်း (၂ရက်လုပ်အားခ)ထက် မများသင့်ပါဘူး. .ဒဏ်ငွေအလွန်များခြင်း ပြင်းထန်ခြင်းက ယဉ်ထိန်းရဲ တွေ အဂတိဖြစ်စေပါတယ်. .လူတွေလဲ လာပ်ပေးပြီး ပြစ်မှုကျူးလွန်ခိုင်းတဲ့ စနစ်ဖြစ်စေပါတယ်။ အရှိန်မြှင့်မောင်းသူများတော့ ဒဏ်ငွေကြီးကြီး ပေးရပါမယ်။ ငွေပေးသမျှ ပုဂလိကဘဏ် or Mobile Payment ဖြစ်ရပါမယ်. .

Sunday, February 4, 2018

မြန်မာနိုင်ငံ၏ လျှပ်စစ်သုံးစွဲမှု နှင့် ထုတ်လုပ်မှု...

မြန်မာနိုင်ငံ၏ လျှပ်စစ်သုံးစွဲမှုသည် ၂၀၁၅ ခုနှစ်တွင် ၂၄၉၇ မဂ္ဂါဝပ် ၊ ၂၀၁၆ ခုနှစ်တွင် ၂၈၀၂ မဂ္ဂါဝပ်၊ ၂၀၁၇ ခုနှစ်တွင် ၃၀၇၅ မဂ္ဂါဝပ် သုံးစွဲခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၃၅၈၇ မဂ္ဂါဝပ်၊ ၂၀၁၉ ခုနှစ်တွင် ၄၀၃၂ မဂ္ဂါဝပ်၊ ၂၀၂၀ ခုနှစ်တွင် ၄၅၃၁ မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲမည်ဟု ခန့်မှန်းထားပါကြောင်း၊ ၂၀၁၈ ခုနှစ် ဓာတ်အားလိုအပ်ချက်မှ ၃၅၈၇ မဂ္ဂါဝပ်ဖြစ်ပြီး လက်ရှိထုတ်လုပ်နိုင်သည့် အနေအထားသည် ၃၁၀၀ ရှိသည့်အတွက် ၄၈၇ မဂ္ဂါဝပ်ထပ်မံထုတ်လုပ်ရမည်ဖြစ်ပါကြောင်း၊ သို့သော် Plan အရ ၄၃၉ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့်အတွက် ၄၈ မဂ္ဂါဝပ်လိုအပ်နေပါကြောင်း၊  ၂၀၁၉ ခုနှစ်တွင် ၄၀၃၂ မဂ္ဂါဝပ် သုံးစွဲမည်ဟု ခန့်မှန်းထားသော်လည်း ၃၅၃၉ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်မည်ဖြစ်ပါသဖြင့် ၄၉၃ မဂ္ဂါဝပ်ထပ်မံ လိုအပ်မည်ဖြစ်ပါကြောင်း၊ Plan အရ ၇၅၀ မဂ္ဂါဝပ်သာထုတ်လုပ်ပြီး ၂၀၂၀ ခုနှစ်တွင် ၂၆၀ မဂ္ဂါဝပ်၊ ၂၀၂၀ ခုနှစ်တွင် ၉၇၁ မဂ္ဂါဝပ်ထုတ် နိုင်မည်ဟု ရည်မှန်းထားပါကြောင်း၊  ထို့ကြောင့် လျှပ်စစ်ဓာတ်အား ပမာဏအရ ၂၀၁၈ ခုနှစ်တွင် ထုတ်လုပ်မှုမှားသွားပါက ၂၀၁၉ ခုနှစ်တွင် လည်းကောင်း၊  ၂၀၁၉ ခုနှစ်တွင်မပြီးပြတ်ခဲ့ပါက ၂၀၂၀ ခုနှစ်တွင်လည်းကောင်း မိမိတို့ ပြည်သူများ အတွက် မီးအခက်အခဲများရှိနိုင်ပါကြောင်း၊ ထို့ကြောင့်  လျှပ်စစ်ဝန်ကြီးဌာန အနေဖြင့်၂၀၁၈ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား မည်သို့ထုတ်လုပ်၍ မည်သည့်အချိန်တွင်ပြီးမည်၊  ၂၀၁၉ ခုနှစ်တွင် ၄င်းတို့ Plan အရ မည်ကဲ့သို့ထုတ်လုပ်၍ ဘယ်လောက်ပြီးမည်ကို  တိတိကျကျ သိလိုပါကြောင်းနှင့် ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁ အတွက် ပြည်သူလူထု၏လျှပ်စစ်လိုအပ်ချက်ကို မည်ကဲ့သို့စီမံထုတ်လုပ် ဖြည့်စွမ်းပေး မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ပြန်ပြီးစိစစ်လေ့လာကြည့်မည်ဆိုပါက ၂၀၁၀-၁၁ ခုနှစ်မှ ၂၀၁၆-၁၇ ခုနှစ်အထိ လျှပ်စစ်ဓာတ်အားသုံးစွဲမှု သည် ၁၅ / ၁၆ ရာခိုင်နှုန်းအထိ နှစ်စဉ်တိုးတက် လျက် ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် တစ်နှစ်လုံးအတွက် အမြင့်ဆုံးဝန်အားသည် ၃၁၈၉ မဂ္ဂါဝပ် အထိ မြင့်တက်လာခဲ့သော်လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ ဓာတ်အားကို လုံလောက်နိုင်နင်းအောင် ထုတ်လုပ်ပေးနိုင်ခဲ့ပါကြောင်း၊ နှစ်အလိုက် လျှပ်စစ် ဓာတ်အားလိုအပ်ချက်များကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အချိန်မီ တိုးတက် ပြည့်မီအောင် ထုတ်လုပ် နိုင်ရန် စီစဉ်လျာထားလျက်ရှိပါကြောင်း၊ လက်ရှိကာလတွင် ဓာတ်အား ထုတ်လုပ်သည့် အရင်းအမြစ်များကို စနစ်တကျထိန်းညှိထုတ်လုပ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းများကို ဆောင်ရွက် ခဲ့သည့် အတွက် ၂၀၁၅ ခုနှစ်ထက် ၂၀၁၆ ခုနှစ်တွင်လည်းကောင်း၊ ၂၀၁၆ ခုနှစ်ထက် ၂၀၁၇ ခုနှစ် တွင်လည်းကောင်း၊ ဓာတ်အားပေးစက်ရုံများကို အသစ်တိုးချဲ့တည်ဆောက်နိုင်ခြင်း မရှိ သော်လည်း မဂ္ဂါဝပ် ၄၀၀ မှ ၅၀၀ အထိ နှစ်စဉ်တိုးတက်ထုတ်လုပ်နိုင်အောင် မိမိတို့ကြီးကြပ် ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးပိုင်းသာမက ဓာတ်အားစနစ်ပိုမို ကောင်းမွန်ရေး အတွက် ၅၀၀ ကေဗွီလိုင်းနှင့် ခွဲရုံများကို ဆက်စပ်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊
လာမည့်(၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁) ကာလတွင် လျှပ်စစ်ဓာတ်အား ပြည့်မီနိုင်အောင်အတွက် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဓာတ်အားပေးစက်ရုံစီမံကိန်းများမှာ ရာဇဂြိုလ် ၄ မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်း၊ မင်းဘူးနေရောင် ခြည်သုံး ၄၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်း၊ သထုံ ၁၁၈.၉ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း၊ သာကေတ(UREC) ၁၀၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံစီမံကိန်း၊ မြင်းခြံ ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးစက်ရုံစီမံကိန်းတို့ကို  ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးအောင် စီမံ ဆောင်ရွက် လျက် ရှိပါကြောင်း၊
၂၀၁၉-၂၀ ခုနှစ်မှ ၂၀၂၁-၂၂ ကာလအတွင်း အထက်ကျိုင်းတောင်း ၅၁ မဂ္ဂါဝပ် ရေအားလျှပ်စစ် စီမံကိန်း၊ အထက်ရဲရွာ ၂၈၀ မဂ္ဂါဝပ် ရေအား လျှပ်စစ်စီမံကိန်း၊ ကျောက်ဖြူ ၁၃၅ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံစီမံကိန်း၊ အလုံ ၃၅၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း၊ ကန်ပေါက် ပထမအဆင့် ၆၁၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း၊ ရွာမ ၁၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း၊ ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးစက်ရုံစီမံကိန်း၊ မြန်အောင် ၂၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ် အားပေးစက်ရုံစီမံကိန်း၊ သီလဝါ ၁၀၈ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် ဧရာဝတီတိုင်း ဒေသ ကြီး၊ မီးလောင်ချိုင့်မှာတည်ဆောက်မည့် ၁၃၉၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံ စီမံကိန်းတို့ဖြစ်ပြီး စုစုပေါင်း ၃၆၁၀ မဂ္ဂါဝပ်ခန့် ဓာတ်အားထုတ်လုပ်နိုင်အောင် စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ လာမည့်လေးနှစ်တွင် လျှပ်စစ်ဓာတ်အား လုံလောက်ကောင်းမွန်အောင် ဓာတ်အား ထုတ်လုပ်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်စီမံကိန်းများကို နိုင်ငံတော်၏ ဘတ်ဂျက်ကို အသုံးပြု၍ လည်းကောင်း၊ နိုင်ငံတကာချေးငွေအသုံးပြု၍လည်းကောင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ပါဝင် ဆောင်ရွက်၍ လည်းကောင်း သတ်မှတ်ကာလတွင် အချိန်မီ ပြီးစီးအောင် ကြိုးစားဆောင်ရွက် လျက်ရှိပြီး လက်ရှိ တည်ဆောက်ပြီးစီးထားသည့် ဓာတ်အားပေး စက်ရုံများအနက် သက်တမ်းကြာမြင့်‌ နေသည့် ဓာတ်အားပေးစက်ရုံများကိုလည်း သက်တမ်းပိုပြီး Extension လုပ်နိုင်အောင် လိုအပ်သည့် ပြုပြင်မွမ်းမံ ဆောင်ရွက်မှုများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးတို့ကို စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်
လျှပ်စစ်နှင့်စွမ်းအင်
.
.
မှတ်ချက်..
ဝန်ကြီးက လုံလောက်ပါကြောင်း ဖြေကြားချက်သည် အံ့သြစရာဖြစ်သည်။ ဗို့အားမပြည့် ..တုန်ခါနေသော ဗို့အားမြှင့်စက်များသည် တနိုင်ငံလုံး လျှပ်စစ်ပစ္စည်းများ၊ ကွန်ပြူတာများ အားသွင်းစက်များကို ပျက်စီးစေသည်မှာ .. မလုံလောက်သော ဓါတ်အားဖြစ်သည်။ 




တနိုင်းဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဓာတ်အား လိုင်းမှ (၂၄)နာရီ မီးရရှိနိုင်ရေးအတွက် အမြန်ဆုံးလိုအပ်လျက်ရှိနေပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ယခုသိရှိထားသည်မှာ ကာမိုင်း-တနိုင်း ၆၆ ကေဗွီဓာတ်အား လိုင်း ၇၅ မိုင် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းကို သိရှိထားပါကြောင်း၊ ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကချင်ပြည်နယ်၊ တနိုင်းဒေသသို့ မဟာဓာတ်အားလိုင်းမှ (၂၄)နာရီ မီးလင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်  တနိုင်းမြို့တွင် ကာမိုင်း၊ တနိုင်း ၆၆ ကေဗွီဓာတ်အားလိုင်းအတွက် လိုအပ်လျက်ရှိနေသော ဓာတ်အားခွဲရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ကချင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် တနိုင်းဒေသကို ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ကာမိုင်း-တနိုင်း ၆၆ ကေဗွီဓာတ်အားလိုင်း (၇၅)မိုင်၊ ၆၆/၁၁ကေဗွီ၊ ၅ အမ်ဗွီအေ ကာမိုင်းဓာတ်အားခွဲရုံနှင့် ၆၆/၁၁ကေဗွီ၊ ၅ အမ်ဗွီအေ တနိုင်းဓာတ်အားခွဲရုံတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းတစ်ခုလုံး၏ စီမံကိန်း ခန့်မှန်းကုန်ကျစရိတ် ကျပ်သန်းပေါင်း ၁၂၃၃၀ ရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းတစ်ခုလုံးကို ဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာနက နှစ်အလိုက် ခွဲဝေရရှိသည့် ဘတ်ဂျက်အရ ဆောင်ရွက်လျက်ရှိရာ ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းအတွက် လိုအပ်သည့် ကြွေသီးများ ဝယ်ယူခြင်း လုပ်ငန်းအတွက် ကျပ် ၄၆၃ သန်းခန့်ကို ပေးချေဆောင်ရွက် ထားပြီးဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ဘတ်ဂျက်နှစ်အတွင်း နောက်ထပ် ကျပ်သန်း ၂၂၈၀ ခန့်ကို ထည့်သွင်းလျာထားမည်ဖြစ်ပြီး ဆက်လက်လိုအပ်လျက်ရှိသည့် ဘတ်ဂျက်ရန်ပုံငွေများကို လာမည့်ဘဏ္ဍာရေးနှစ်များအလိုက်  ဆက်လက်တောင်းခံသွားပြီး အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးလင်းလင်းဦး (တနိုင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိဘက်မှ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ၁၃-၁၀-၂၀၁၇ ရက်နေ့ ပြည်နယ်အစိုးရအဖွဲ့ဝင်နှစ်ဦးနှင့် တွေ့ဆုံပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း၊ ယခုလိုဆွေးနွေးသည့် အချိန်တွင် ကာမိုင်း၊ တနိုင်းစီမံကိန်းက ပြည်ထောင်စုက ကိုင်တွယ်သည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊ ထိုသို့ဆွေးနွေးသည့် အချိန်တွင် ပြည်နယ်မှ ပြည်နယ်အစိုးရအဖွဲ့ကလည်း တနိုင်းဒေသကို လျှပ်စစ်မီးရရှိနိုင်ရေးအတွက် အားကြိုးမာန်တက် ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ၎င်းတို့ ပြည်နယ် ရန်ပုံငွေ တစ်စိတ်တစ်ဒေသကို ကာမိုင်း၊ တနိုင်း ၇၅ မိုင် စီမံကိန်းတွင် ထည့်သွင်းကူညီပြီး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခွင့် ရမည်ဆိုပါက မဲဆန္ဒနယ်က ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွင်း မီးရရှိနိုင်သည်ဆိုပြီး ဆွေးနွေးညှိနှိုင်း ထားခြင်းများရှိပါကြောင်း၊ ထို့ကြောင့် ၎င်းဝန်ကြီးဌာနကို မေးခွန်းမေးမြန်းလိုသည်မှာ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကချင်ပြည်နယ်၊ တနိုင်းဒေသကို (၂၄) နာရီ မီးလင်းနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် တနိုင်းဒေသက တိုင်းရင်းသား ပြည်သူများ၏ အကျိုးကိုရှေ့ရှုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
စီမံကိန်းတစ်ခုလုံး၏ ကုန်ကျစရိတ်သည် ကျပ်သန်းပေါင်း ၁၂၃၃၀ လိုအပ်ခြင်း ဖြစ်ပါကြောင်း၊ လက်ရှိဝန်ကြီးဌာန၏ ဘတ်ဂျက်ဖြင့် သုံးစွဲပေးသည့် ငွေက ၄၆၃ သန်းခန့်ရှိခြင်း ဖြစ်ပါကြောင်း၊ ၎င်းအတွက် ထပ်မံလိုအပ်မည့် ဘတ်ဂျက်ငွေက ကျပ်သန်းပေါင်း ၁၁၉၀၀ ခန့် ဆက်လက်လိုအပ် နေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လိုအပ်သည့် ကျပ်သန်းပေါင်း ၁၁၉၀၀ ခန့်ကို ပြည်နယ်အစိုးရ၏ ဘတ်ဂျက်တွင် ထည့်သွင်းပြီး ထိုစီမံကိန်းကို လျင်လျင်မြန်မြန်ပြီးအောင် ဆောင်ရွက်လိုပါက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လက်သင့်ခံနိုင်ပါကြောင်း၊ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရလည်းကောင်း၊ နည်းပညာပိုင်းဆိုင်ရာ အရလည်းကောင်း ဓာတ်အားလိုင်းများ၏ အားနည်းချက် ဖြစ်ပေါ်လာပါက ဓာတ်အားစနစ်ကြီးတစ်ခုလုံး တစ်နိုင်ငံလုံး မီးအမှောင်ကျသွားသည်အထိ ဖြစ်ပေါ်တတ်ပါကြောင်း၊ ထို့အတွက်ကြောင့် ပြည်နယ်အစိုးရ၏ ဘတ်ဂျက်နှင့် လျာထားမည်ဆိုလျှင် နည်းပညာပိုင်းဆိုင်ရာအရ Technical Specification များကို တင်ဒါခေါ်ယူ ဆောင်ရွက်ရာတွင် လိုအပ်ချက်များ ဖြစ်ပေါ်လာနိုင်ခြင်းဖြစ်သည့် အတွက်ကြောင့် မိမိတို့ပြည်ထောင်စုဝန်ကြီးဌာနများက အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းများကို ဘတ်ဂျက်ထည့်သွင်းလျာထားခဲ့ပါက အဆိုပါဘတ်ဂျက်များကို တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများထံ လုပ်ငန်းအပ်နှံ ဆောင်ရွက်ရသကဲ့သို့ ယခု ၆၆ ကေဗွီဓာတ်အားလိုင်းနှင့် ခွဲရုံလုပ်ငန်းများ ကိုလည်း ပြည်နယ်အစိုးရမှ ဘတ်ဂျက်ထည့်သွင်းပြီး ဆောင်ရွက်မည်ဆိုပါက အဆိုပါဘတ်ဂျက် များကို မိမိတို့ပြည်ထောင်စုဝန်ကြီးဌာနထံကို လုပ်ငန်းအပ်နှံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်

Wednesday, January 17, 2018

ရန်ကုန်မြိုမိုပျံကားလမ်း


ဒေါ်လာသန်း၄၀၀ ကျော် ချေးငွေရအောင်လုပ်ပြီး ရန်ကုန်မြိုမိုပျံကားလမ်း . လေဆိပ်နဲ့ အဝေးပြေးလမ်းမဆီ ပို့ပေးမဲ့စီမံကိန်းကို IFC ဒီဇိုင်းနဲ့ ကမ္ဘာ့ဘဏ်(USA) ချေးငွေ များနဲ့ လုပ်ဆောင်မယ်။ အင်အယ်ဒီ အစိုးရသက်တမ်းမကုန်ခင် ဖွင့်ပွဲလုပ်မယ်။ ဆောက်မဲ့တင်ဒါရွေးချယ်မှုကို IFC ကပဲ (မြန်မာအစိုးရမပါပဲ) ရွေးချယ်မယ်. .QC ထိမ်းမယ်. .ကွပ်ကဲမဲ့ Consultant Company အဖြစ်လုပ်ပေးမယ်. .အိမ်တွေဖယ်ပေး ရော်ကြေးပေးစရာမလိုအောင် လုပ်ထားတယ်. . ဆိုတော့ အားရစရာပါ။ 
.
၃နှစ်စီမံကိန်းဆိုတော့ တနှစ်ကို ဒေါ်လာသန်း၁ရာကျော်ပဲသုံးမယ်။ အစိုးရငွေမပါဘူး ဆိုတာကောင်းပေမဲ့ အကြွေးနဲ့ဆောက်တယ်လို့ သိထားရပါမယ်။ BOT လမ်းများ . လျပ်စစ်ဓါတ်အားထုတ်ရောင်းခြင်းများ ဆိုတာနှစ်ရှည် စီမံကိန်းများဖြစ်တော့ အစိုးရကောင်းဖို့ ညီညွတ်ဖို့ လိုပါတယ်။ 
.
လူမသိ သူမသိ ဘတ်ဂျတ်နှစ်စဉ် ဒေါ်လာသန်းပေါင်း ထောင်ချီ လုပ်နေတဲ့ လျပ်စစ်ထုတ်လုပ်ရေး.ဓါတ်အားဖြန့်ဖြူးရေးနဲ့ လမ်းဖောက်တံတားဆောက် အလုပ်တွေအမြောက်အများ ရှိနေပါတယ်။ ဂျပန် အမေရိကန် အစိုးရများက အာမခံပြီး Infra Structure များတည်ဆောက်ဖို့ ငွေချေးပေးပါတယ်။ အမေရိကန်ဆို ကမ္ဘာဘဏ်အုပ်စု USA=WorldBank.. ဂျပန်ဆိုရင် ဂျိုင်ကာအုပ်စု Japan=JICA များက တရုပ်နိုင်ငံအုပ်စုနဲ့ အပြိုင် စီးပွားကူညီဖို့ ဆုံးဖြက်ထားပြီးသားပါ။ 
.
.
ဥရောပအကူညီ
ရုရှားက စီးပွားနဲ့မပါပဲ လက်နက်ရောင်းချမှုနဲ့ ဈေးကွက်ရထားပြီးဖြစ်ပါတယ်။ ဥရောပက အိုင်အမ်အက်ဖ်အုပ်စု EU = IMF ကလည်း လာရောက်နေသော်လည်း ဥရောပနိုင်ငံများမှာ ငွေပိုမရှိ. .အာရပ်နိုင်ငံများရဲ့ရင်နှီး ငွေကြေးကို ပဲ မှီနေတဲ့ နိုင်ငံများဖြစ်နေပါတယ်။ ဂျာမဏီ တစ်နိုင်ငံပဲ စီးပွားတောင့်တင်းပါတယ်။ 
.
.
ချေးငွေအသုံးချရေးပေါ်လစီ
အရေးကြီးဆုံးကတော့ ငွေချေးလို့ရရင် အမြတ်အထွက်ဆုံးသူက ငွေရှင်ပဲဖြစ်ပါတယ်။ ဂျပန် အမေရိကန် ကုမဏီကြီးများပဲ ရေတို ရေရှည် အမြတ်ထွက်မှာသေချာပါတယ်။ မြန်မာနိုင်ငံကြီးလည်း အမြတ်ထွက်ရပါမယ်။ Win-Win နှစ်ဖက်စလုံး အမြတ်ထွက်ဖို့ ဆိုတာ မြန်မာခေါင်းဆောင်များအပေါ် ၁၀၀% တည်နေပါတယ်။ ချေးငွေ ပေါ်လစီ ချမှတ်ဆောင်ရွက်ခြင်း . .အကောင်ထည်ဖေါ်ပေးတဲ့ အစိုးရခေါင်းဆောင်များ
. ၁။ သန့်ရှင်းခြင်း(အဂတိမရှိခြင်း)
. ၂။ ပညာတတ်ကြွမ်းခြင်း . . လိုအပ်ပါတယ်။ 
ချမှတ်ထားတဲ့ ချေးငွေပေါ်လစီများ နဲ့ လုပ်ငန်းအကောင်ထည်ဖေါ်မှု. ပြီးဆုံးပါက ပြုပြင်ထိန်းသိမ်းရေးက လူတော်လူကောင်းများစွာလိုနေပါတယ်။
.
အသေးစား SME ချေးငွေလိုချင်သူ များစွာ ရှိပေမဲ့ ချေးငွေအသုံးချတတ်သူ နည်းပါတယ်။ တကယ် အသုံးချတတ်သူကိုပဲ ချေးငွေ ထုတ်ပေးရပါတယ်။ ထိပ်ပိုင်းက ချေးငွေအကြီးစားတွေ လုပ်နည်းကိုင်နည်း မှန်လာရင် အောက်ပိုင်းက SME ချေးငွေ လည်း မှန်ကန်လာမှာပါ။ 
.
.
အကောင်းမြင်ခြင်း Positive Thinking နဲ့အလုပ်
စစ်အစိုးရလက်ထက်က အကောင်းမြင်တဲ့နည်း. .ဖန်ခွက်ထဲမှာ ရေနည်းနည်းပဲရှိရင် . ဟာ. ရေတွေရှိနေသေးပါလား ဆိုပြီး အကောင်းမြင်ခိုင်းပါတယ်။ လူတွေလည်း ခေါက်ရိုးကျိုးကုန်ပါတယ်။ အဂတိမလိုက်စားပေမဲ့ မလုပ်မရှုပ်မပြုတ် ခေါက်ရိုးကျိုး အရာရှိကြီးများစွာ ပေါ်ထွန်းခဲ့ပါတယ်။ အခု ခေတ်ကြီးပြောင်းလဲနေပါပြီ။ ထူးခြားတဲ့ ခေါင်းဆောင် DASSK နိုင်ငံခေါင်းဆောင်ခွင့်ပေးထားပါပြီ။ အောက်ခြေရှိနေတဲ့ မိမိတို့အဖို့ ဆင်ဖမ်းမယ် ကျားဖမ်းမယ် အလုပ်များ အကြံစည်များကို လျော့ချပြီး မိမိလုပ်သင့်တာကို အကောင်းဆုံး အချိန်ပေး လုပ်ကြဖို့ပါ။ 
.
မြန်မာ့စီးပွားရေး အခြေခံအဆောက်အဦများ ခိုင်မာလာနေပါတယ်။ အလုပ်ကြိုးစားသူများ ပညာကြိုးစားသူများ ပိုပြီးအောင်မြင်နေပါတယ်။ အဲ. .ပျင်းယိသူများ အလုပ်မကြိုးစားချင်သူများကတော့ . . ကြပ်သထက် ကြပ်တည်းလာတာ . . မျက်မြင်ကိုယ်တွေ့ပါ။ အချောင်ရတဲ့ ငွေများစွာနဲ့ စီးပွားလုပ်ငန်းကြီးတွေ ရင်းနှီးလုပ်စားနေသူများလဲ. . ဘာလုပ်လုပ် အကြီးကျယ်ရှုံးနေတဲ့ ခေတ်ကာလပါ။ 
.
အကောင်းမြင်ခြင်းအရဆိုရင်. . YBS Yangon Bus System ရန်ကုန်မြို့ ဘတ်စကားစနစ်က တနှစ်အကြာ အောင်မြင်နေပါတယ်။ အစမှာ မအောင်မြင်တော့ အကြီးကဲခမြာ ပုနေရတယ်။ တနှစ်အကြာမှာတော့ ရန်ကုန်တိုင်း အကြီးအကဲ မျက်နှာရပါတယ်။ ဒါလည်း စင်ကာပူ SBS Singapore Bus System ကို အများကြီး အတုခိုး ကော်ပီလုပ်ခဲ့ရပါတယ်။ စီးပွားလုပ်ငန်းရှင် တယောက်က ပြောတယ်။ မြန်မာပြည် ဘာလုပ်လုပ် ဟိုး အမေရိကန် ဂျပန် ဂျာမဏီတွေ သွားမကြည့်နဲ့. . အဲဒီနိုင်ငံက စနစ်တွေ အတုမယူနဲ့. . ကိုယ့်အနားမှာရှိနေတဲ့ စင်ကာပူကိုပဲအတုယူရမယ် ပြောတယ်။ စင်ကာပူမှာ အရေးကြီးဆုံးဖြစ်တဲ့ လူသားအရင်းအမြစ် မြန်မာ တတ်သိပညာရှင် အုပ်စုကြီးရှိနေတယ်။ သူတို့ မြန်မာပြည်ပြန်မလာသေးလဲ သူတို့ဆီက အကြံဥာဏ်တွေ အားကိုးရမယ် ပြောပါတယ်။ 
.
စကားမစပ် ရေးရင်. .စင်ကာပူမှာ ကမ္ဘာ့ချေးငွေ ရင်းနှီးမှုတွေ အမြောက်အများရှိနေပါတယ်။ ကမ္ဘာ့ထိပ်တန်း FDI Foreign Direct Investment နိုင်ငံဖြစ်ပါတယ်။ အဓိက တော့ အဂတိ အနည်းဆုံ နိုင်ငံဖြစ်နေလို့ပါ။ 
.
.
နိဂုံး (လမ်းတံတားနဲ့လျှပ်စစ်)
အခု IFC Project ရန်ကုန်မြို့တွင်းမိုးပျံကားလမ်း ကတော့ အောင်မြင်မှာပါ။ NLD ပါတီခေါင်းဆောင် DASSK အမျှော်မြင်ကြီးစွာ စနစ်တစ်ခု ကို အကောင်ထည်ဖေါ်နေခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ရန်ကုန်မြို့ထဲ ကားလမ်း နေ့အခါ အရမ်းကြပ်တည်းနေတာ ၃နှစ်ကျော်ပါပြီ။ အဖြေရှာနေဆဲပါ။ ရန်ကုန်လျှပ်စစ်ကတော့ အခြေအနေကောင်းပါတယ်။ မြန်မာတနိုင်ငံလုံးရဲ့ ၇၀% စက်ရုံအလုပ်ရုံ စီးပွားရေးမြို့တော်ကြီး. ရန်ကုန်တိုင်းမှာ လူဦးရေ ၇သန်း နေထိုင် လုပ်ကိုင်နေပါတယ်။
.
စင်ကာပူမှာ မိုးပျံကားလမ်း အရပ်မျက်နှာ၃ခုက ဝင်လာပါတယ်။ မြေအောက်ရထားလမ်းနဲ့ ကားလမ်းလဲရှိပါတယ်။ မြေအောက်လမ်းက ၁၀ဆလောက်ဈေးကြီးတော့ မတတ်နိုင်ပေမဲ့ မိုးပျံ ကားလမ်းတော့ မကြာခင် ၃နှစ်အကြာ . .စင်ကာပူ ဘန်ကောက် ကွာလာလန်ပူလို မြင်ရမှာကို. . ကြိုဆိုရပါမယ်။
ဇော်အောင်. .၁၇.၁.၂၀၁၇
.
.
မှတ်ချက်။ 
အစိုးရသစ် လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီး ဦးဝင်းခိုင် နဲ့ အသစ်ခန့်တဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဟန်ဇော်တို့ မြန်မာနိုင်ငံ လျှပ်စစ်နဲ့လမ်းတံတား လုပ်ငန်းများအတွက် အကောင်းဆုံးလုပ်ဆောင်သွားပါစေ မျှော်လင့်ချက်နဲ့ ဒီဆောင်းပါးရေးခြင်းဖြစ်ပါသည်။ ၂ယောက်စလုံး အင်ဂျင်နီယာအသင်း ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သော စီနီယာ အင်ဂျင်နီယာကြီးများ ဖြစ်ပါသည်။ မျှော်လင့်ပါသည်။ နောက် အင်ဂျင်နီယာဝန်ကြီးကတော့ စက်မှုဝန်ကြီး ဦးခင်မောင်ချို ဖြစ်ပါတယ်။ မလည်ပတ်နိုင်တဲ့ စက်ရုံများနဲ့ ခက်ခဲတဲ့စက်မှု ၀န်ကြီးဌာနပါ။