Thursday, August 3, 2017

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှာ ဦးခင်မောင်စိုးဟာဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ဆဲဘဲလား။


တကယ်ပဲလား???
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှာ ဦးခင်မောင်စိုးဟာဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ဆဲဘဲလား။
ရန်ကုန်မြို့လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့(YESC)၊ မန္တလေးလျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့(MESC)၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်း(EPGE)၊ လျှပ်စစ်စီမံရေးဦးစီးဌာန(DEP)၊ လျှပ်စစ်ဓါတ်အားကွပ်ကဲရေးဦးစီးဌာန(DPTSC)၊ ရေအားလျှပ်စစ်အကောင်အထည်ဖေါ်ရေးဦးစီးဌာန(DHPI) စတဲ့ဌာနများနဲ့ဖွဲ့စည်းထားတဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို ၀န်ကြီးဦးဖေဇင်ထွန်းလည်း ကိုင်တွယ်ကွပ်ကဲလို့မရနိုင်ပါဘူး၊ အလားတူဦးဝင်းခိုင်လည်း အမိန့်ပေးကိုင်တွယ်လမ်းညွှန်လို့မရနိုင်ပါဘူး၊ အဆုံးစွန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကိုင်တွယ်အုပ်ချုပ် ကွပ်ကဲရင်တောင် လိုက်နာလိုက်ပါဆောင်ရွက်မည့်ဝန်ကြီးဌာနမဟုတ်ပါ။ သို့သော် ၀န်ကြီးဟောင်းဦးခင်မောင်စိုးရဲ့လမ်းညွှန်မှုကိုတော့ နာယူနာခံနေဆဲပါ။ အဘယ်ကြောင့်ဆိုသော် တပ်မတော်အသွင်ပြောင်းနှင့် ပါတီအမာခံ cell များဖြင့်ခိုင်မာစွာ တင်းတင်းရင်းရင်း ဖွဲ့စည်းနေရာချထားခဲ့လို့ပါဘဲ။
ပထမဦးဆုံး YESC ကိုလေ့လာကြည့်မယ်ဆိုရင် ဥက္ကဌ ဗိုလ်မှူးကြီး ဦးမောင်မောင်လတ်ကစပြီး မြို့နယ်လျှပ်စစ်မန်နေဂျာ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်အထိ တပ်မတော်အသွင်ပြောင်း များကို အချိန်တိုအတွင်း ရာထူးများအဆမတန်မြှင့်တင်ကာစနစ်တကျစီမံအကွက်ချနေရာချထားပေးခဲ့ကြောင်းတွေ့ရှိရပါသည်။ YESC ၏ BOARD OF DIRECTORS အဖွဲ့ဝင်များ GM များသည်လည်း ဦးခင်မောင်စိုး နှင့် လုပ်ဖေါ်ကိုင်ဖက်စိတ်ချရသူများ ဖွဲ့စည်းထားသည်၊အခြားအရပ်သားပညာရှင်ကို အ၀င်မခံစည်းခြားထားသည်၊ အထူးသဖြင့် လက်ဝေခံဓါတ်အားဖြန့်ဖြူးသည့် Franchise company များနှင့် အပေးအယူ အလျော်အစားများ ယခုအချိန်အထိ ရှိနေသဖြင့် ဦးခင်မောင်စိုး၏လမ်းညွှန်ချက် နှင့် ဆုံးဖြတ်ချက်ကိုခံယူနေဆဲ ဖြစ်သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်လောက်ကို ကလေးသာသာ သာမှတ်ယူထားသလို နောင်သက်တမ်းတွင် ပြန်လည်ပြောင်းလဲလာမည် ဟုတစ်ထစ်ချ သတ်မှတ်ကာ ယခုအခြေအနေအတိုင်း ဆက်လက်ခြေကုတ်ယူ ရပ်တည်နေသည့်သဘောဖြစ်သည်။ YESC စီမံ GM အဖြစ် နေရာပေးထားခဲ့သူ ဒုတိယဗိုလ်မှူးကြီးမင်းသော် ဆိုသူမှာ ယခင် ဒုတိယအတွင်းဝန် /ရုံးအဖွဲ့မှူး ဖြစ်ပြီး ဦးခင်မောင်စိုး အတွင်းရေး နှင့်လာဘ် ပေးလာဘ် ယူကိစ္စများ ကိုင်တွယ်လုပ်ဆောင်ပေးခဲ့သူဖြစ်သောကြောင့် YESC တွင် တိမ်းရှောင် နေရာပေးထားသည့်သဘောဖြစ်သည်။ ပြည်တွင်းပြည်ပ company များထံမှခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ၀န်ကြီးအတွက် တောင်းရမ်းပေးရသူဖြစ်ပြီး အထူးသဖြင့် ချင်းပြည်နယ် ကလေးဝ ရေဘေးတွင် အထူးနာမည် ကြီးခဲ့သူဖြစ်သည်။ company အသီးသီးထံမှ ရေဘေးအတွက် ဒီဇယ်ဆီ ၊ငွေ ၊ အိမ်ယာ များအလှူခံရာတွင် company တစ်ခုကို ၄-၅ ကြိမ်ခန့်ရအောင် အတွင်းဝန် ထံတွင်တစ်ကြိမ်၊YESC ဥက္ကဌ ထံတွင်တစ်ကြိမ်၊ MESC ဥက္ကဌထံတွင်တစ်ကြိမ်၊ ESE MD ထံတွင်တစ်ကြိမ်၊ HPGE (ယခုEPGE)MD ထံတွင်တစ်ကြိမ်၊DEP DG ထံတွင်တစ်ကြိမ်၊ DHPI DG ထံတွင်တစ်ကြိမ် အလှူခံခိုင်းသည် ၊ တရားဝင်စာရင်းပြခိုင်းတော့ DHPI တွင်သာစာရင်းပြခိုင်းသည် အဲသည်လောက်ကောင်းသည့် သူခိုးဦးနောက် ဖြစ်သည်၊ ယခုလည်း YESC တွင် ဦးခင်မောင်စိုး ၏ ညွှန်ကြားချက်ကို တဆင့်ဖြန့်နေသူဖြစ်သည်။ YESC အောက်ခြေ အင်ဂျင်နီယာများ ၀န်ထမ်းများမှာလည်း ဌာန၏ သဘောထားနှင့်အခြေအနေမှန်ကို သဘောပေါက်နေသည့်အတွက် ကိုယ့်ဘ၀ရပ်တည်ရေးအတွက် သာစဉ်းစားနေကြတော့ပြီး အမြီးကျက်လျှင်အမြီး ခေါင်းကျက်ရင်ခေါင်း စားရင်းဖြင့်သာ အဆိုပါအမာခံတပ်ရင်းကြီးအောက်တွင် ဆက်လက်ထမ်းဆောင်နေကြလေသည်။

MESC ကိုကြည့်မယ်ဆိုရင်လည်း ဥက္ကဌ ကနေ မြို့နယ်လျှပ်စစ်မန်နေဂျာလက်ထောက်ညွှန်ကြားရေးမှူးအဆင့်အထိဟာ ဦးခင်မောင်စိုးတို့အစိုးရမဆင်းခင်မှာဘဲ ဖုတ်ပူမီးတိုက် ရာထူးအဆင့်တွေကိုစနစ်တကျအကွက်ချတိုးခန့်ပေးလိုက်တဲ့တပ်မတော်အသွင်ပြောင်းအခွင့်ထူးခံများသာဖြစ်ပါတယ်။ ဥက္ကဌ ဦးသောင်းဟန်ဟာ ဂျီအီးတပ်က ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူဖြစ်ပြီး ယခင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိမ်တော်ကိစ္စများတွင် ဆောင်ရွက်ပေးခဲ့ရသူဖြစ်သည်၊ ရေအားလျှပ်စစ်စီမံကိန်းတစ်ခုတွင်လည်းနေရာပေးခံခဲ့ရသူဖြစ်သည်။ လက်ကြီးသည် အပေးအကမ်း အတောင်းအရမ်း ကြမ်းသူဖြစ်သည်။ အားလုံးနှင့်တည့်အောင်ပေါင်း၍ ရှာဖွှေတတ်သည်။ NLD မန္တလေးတိုင်းဝန်ကြီးချုပ်နှင့်လည်း အဆင်ပြေအောင်ပေါင်းသည်။ MESC သည် YESC ကဲ့သို့ပင် လက်ဝေခံ ဓါတ်အားဖြန့်ဖြူးရေးဆောင်ရွက်သော Franchise company များ စီးပွားရေးလုပ်ငန်းများ စက်ရုံများ နှင့်အပေးအယူကိစ္စများရှိနေသဖြင့် ဦးခင်မောင်စိုး၏လမ်းညွှန်မှုကိုခံယူနေရဆဲဖြစ်သည်။ company များမှလည်းဦးခင်မောင်စိုး၏ အကူအညီ နှင့်ညှိနှိုင်းမှုကို ရယူကြသည်။ MESC သည် YESC ကဲ့သို့ပင် NLD အစိုးရ ခန့်အပ်သော ၀န်ကြီးများ၏အုပ်ချုပ်မှုမှလွတ်ကင်းလျက်ရှိပြီး တစ်ဗိုလ်တစ်မင်း အဖြစ် ရပ်တည်လျက် ဦးခင်မောင်စိုး၏ အမိန့်ကိုသာ အလေးထားနေသည်။

ESE , HPGE , DHPI စတဲ့ဌာ နများမှာလည်း တပ်မတော်အသွင်ပြောင်းအရာရှိကြီးများ၊ တပ်မတော်ဆွေမျိုးသားချင်းများ၊ ပြည်ခိုင်ဖြိုးအမာခံမိတ်ဆွေများ ကိုသာအထက်အဆင့်အရာရှိကြီးများနေရာကို တိုးမြှင့်နေရာချထားပေးတာကိုတွေ့ရပြီးဦးခင်မောင်စိုးနှင့်ယနေ့တိုင်အဆက်အသွယ်ရှိကာ လမ်းညွှန်မှုကိုခံယူနေဆဲဖြစ်သည်။ အရာရှိကြီးများဟာဦးခင်မောင်စိုးနေရာပေးခဲ့လို့သာ ယခုလိုရာထူးမျိုးရသည် ၊ဦးခင်မောင်စိုးကိုသာ သစ္စာခံစောင့်သိမည်ဟူသော အသိမျိုးရှိနေသည် ကို၎င်းတို့နှင့်စကားပြောသည့်အခါ နှုတ်မှထွက်လာသည့် စကားများအရသိရသည်။ အရင်အခြေအနေကိုသာမျှော်လင့်နေကြသည်၊ လက်ရှိအစိုးရလက်ထက်တွင် မလုပ် မရှုပ် မပြုတ်ခံယူနေကြသည်၊ အပေါ်ကခိုင်းမှသာလုပ်သည် ပုံမှန်လုပ်ရမည့်အလုပ်တောင် မလုပ်သည်များရှိသည်။ ESE ဌာနမှာYESC ၊ MESC ကဲ့သို့ပင် မြို့နယ်မန်နေဂျာအဆင့်အထိ တပ်မတော်မှအသွင်ပြောင်းအရာရှိများဖြစ်သည့်အပြင် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရသောဌာနဖြစ်သဖြင့် အဂတိလိုက်စားမှု ရာထူးအရှိန်အ၀ါဖြင့် ကိုယ်ကျိုးရှာမှုများရှိနေသည်။ ၀ယ်ယူရေးများတွင်လည်း ယနေ့ထိတိုင် မပြောင်းလဲ လုပ်ချင်သလိုလုပ်ဆဲ ၀န်ကြီးတင်မက ဦးခင်မောင်စိုးကလွဲရင်မည်သူ့မှဂရုမစိုက်သည့်သဘောဖြစ်နေသည်။ လုပ်ငန်းတူနှစ်ခု ကိုcompany နှစ်ခုထံလုပ်ငန်းအပ်သည့်အခါ ကော်မရှင်မပေးသည့် company ကို အပြစ်မဖြစ်ဖြစ်အောင်ရှာသည် အရေးယူသည် ၊ အဆင့်တစ်ခုမဟုတ်တစ်ခုတွင် ငွေမရရအောင် တစ်နည်းမဟုတ်တစ်နည်းဖြင့်ညှစ်ကာငွေထွက်လာသည်အထိပြဿနာရှာသည် ဒါကိုထိန်းကျောင်းမည့်သူ အရေးယူမည့်သူမရှိ။ (ဒါကဥပမာတစ်ခုပါ) ဘာမှတိုးတက်ပြောင်းလဲမှုမရှိသေး ကြောင်းတွေ့ရပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရဲ့ဦးခေါင်းလို့ပြောရမယ့် လျှပ်စစ်စီမံရေးဦးစီးဌာန DEP ကိုကြည့်မယ်ဆိုရင်ညွှန်ချုပ်၊ဒုညွှန်ချုပ်တွေဟာ ဦးခင်မောင်စိုးမသွားခင် အရေးပေါ်ပြာပြာသလဲရာထူးတင်ပေးသွားတဲ့ကလေးသာသာ မွေးစားတပည့်လေးများဖြစ်ပါတယ်။ ဒုညွှန်ချုပ်က တပ်မတော်အသွင်ပြောင်း ဗိုလ်ကြီးဟိန်းထက်ပါ MESC ဥက္ကဌလိုပါဘဲ အ၀င်အထွက်တွေကြမ်းပါတယ်၊ စည်းစိမ်ပြုတ်လုနီးနီး ရာထူးရရေးအတွက်ကုန်ကျထားတယ်လို့သိရပါတယ် ၊အရည်အချင်းအတွေ့အကြုံမှာအင်မတန်နိမ့်ပါးတာကိုတွေ့ရပါတယ်။ ဦးခင်မောင်စိုး စနစ်တကျချန်ထားတဲ့ cell တစ်ခုပါ။

ညွှန်ချုပ်ဒေါ်မိမိခိုင် ဆိုတာကတော့ ပြည်ခိုင်ဖြိုးပါတီရဲ့ အမာခံမိတ်ဆွေဖြစ်ပြီး ဦးခင်မောင်စိုး ရွေးကောက်ပွဲယှဉ်ပြိုင်စဉ်ကာလက လှည်းကူးမဲဆန္ဒနယ်မှာ NLD ကိုယ်စားလှယ်ကို တရားစွဲဆိုတဲ့ကိစ္စကို ဦးဆောင်ပြီး ရုံးအဖွဲ့မှူးဒုဗိုလ်မှူးကြီးမင်းသော် အဖွဲ့နဲ့ရက်များစွာ ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ဝန်ထမ်းတစ်ဦးဖြစ်လင့်ကစား ပါတီကိစ္စအတွက် ရက်များစွာ လှည်းကူးနှင့်ရန်ကုန်သွားရောက်၍ စာရွက်စာတန်းများပြင်ဆင်ခြင်း ဥပဒေ နှင့်သက်ဆိုင်သော ပြစ်မှုရေးရာ စွဲချက်တင်ရေးဆောင်ရွက်ခြင်း လှည်းကူးမြို့နယ်တွင် ဦးခင်မောင်စိုးအောင်နိုင်ရေးအတွက် ငွေအင်အားအပြင် နည်းလမ်းပေါင်းစုံအသုံးပြုရေးတို့ကို စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။

ဦးခင်မောင်စိုးနာမည်ကြီးခဲ့သော မိန်းမ (၄)ဦးတွင် အနီးကပ်ဆုံးလွှမ်းမိုးမှုအရှိဆုံးမိန်းမတစ်ဦးလည်းဖြစ်ကြောင်းသိရသည်။ ကျန်သုံးဦးကိုတော့ ၄င်းတို့၏ဂုဏ်သိက္ခာအတွက်အမည်မဖေါ်တော့ပါ ၄င်းတို့ကိုလည်းဦးခင်မောင်စိုးမသွားခင်တစ်ဦးအား GM ၊ ကျန်နှစ်ဦးအား ADများအဖြစ်ရာထူးတိုးမြှင့်ပေးသွားပါသည်။ ဦးခင်မောင်စိုးမှ ဒေါက်တာထွန်းနိုင်ကိုမိန်းမကိစ္စ လူမှုရေးကိစ္စရှုပ်ပါသည် ဟု သမ္မတဦးသိန်းစိန် အားပြောဆို၍တာဝန်မှအနားပေးလိုက်သည်မှာလည်း အဆိုပါ ဒေါ်မိမိခိုင် ကြောင့်ဟုသိရပါသည်။ လက်ရှိဒုဝန်ကြီးဒေါက်တာထွန်းနိုင်အမှတ်မရှိပါ နီးနီးကပ်ကပ် ပူးပူးတွဲတွဲ အီစီကလီ လုပ်မြဲပါ။ တင်သမျှ ပြောသမျှ လက်ခံနေသည်၊တစ်ဖက်နားများဖြစ်နေသလား ဦးခင်မောင်စိုးချပေးထားတဲ့ အိုင်ဒီယာတွေနဲ့ လာပြောနေတာလား စဉ်းစားချင့်ချိန်ဘို့လိုနေသည်။ ဒေါ်မိမိခိုင် ယနေ့အထိဦးခင်မောင်စိုးနှင့်အဆက်အသွယ်ရှိပြီး လမ်းညွှန်မှုခံယူနေကြောင်းသိရသည် ဒါဆိုရင် ဒုတိယ၀န်ကြီးဆက်လက်ညွှန်ကြားခိုင်းစေနေသော လုပ်ငန်းလမ်းညွှန်ချက်များသည် လည်း ဦးခင်မောင်စိုး၏ လမ်းညွှန်ချက်သာဖြစ်ပါမည်။ လေးလေးနက်နက်ထည့်သွင်းစဉ်းစားသင့်သောအချက်များကိုဖေါ်ပြခြင်းဖြစ်ပါသည်။

အမြဲတန်းအတွင်းဝန်ရုံး ကိုကြည့်မည်ဆိုပါက အမြဲတန်းအတွင်းဝန်သည် တပ်မတော်မှအသွင်ပြောင်း ဒုဗိုလ်မှူးကြီး ထိန်လွင် ဖြစ်ပြီး ပစ္စည်းညွှန်မှူး၊ အထွေထွေမန်နေဂျာ၊ညွှန်ချုပ် ရာထူးတို့ကို ဦးခင်မောင်စိုးကာလ အချိန်တိုအတွင်း တိုးမြှင့်ပေးခဲ့သူဖြစ်သည်၊ ဦးခင်မောင်စိုး မသွားခင်မှာ အမြဲတန်းအတွင်းဝန်အဖြစ် အုတ်မြစ်ချပေးခံခဲ့ရသည်။ ရုံးအဖွဲ့မှူး နှင့် မယားညီအကိုဖြစ်ပြီးစရိုက်တူသည် ၊ စီးပွားရေးသမားများပါးစပ်ဖျားတွင် သွေးအေးအေးဖြင့်တောင်းလွန်းသူများအဖြစ်ရေပန်းစားသည်၊ အတွင်းဝန်ကတော့သူစားရတာနည်းနည်း ၀န်ကြီးအတွက်တောင်းပေးရတာများနေသည်ဟု ညည်းတွားလေ့ရှိကြောင်း သူ့မိန်းမကပြောလေ့ရှိပါသည်။ သူ့ကို အမြဲတန်းအတွင်းဝန်အဖြစ် ရာထူးတိုးပေးပြီးချိန်တွင် အရည်အချင်းရှိသည် မရှိသည်ကို ထည့်မတွက်ဌာနအသီးသီးတွင်သူ့ကိုရှာဖွေကျွေးမည့် အဖါးတော်သည့်တပည့်ရင်း တပ်မတော်အသွင်ပြောင်းများကို ရာထူးများ အိနြေ္ဒမရတိုးပေးသည်။

ဥပမာအနေဖြင့်ပြောရရင် ဗိုလ်ကြီးအေးကျော်အား ညွှန်ချုပ်အဖြစ်၎င်း၊ ဗိုလ်ကြီးစိန်ဝင်းအား ပစ္စည်းညွှန်မှူးအဖြစ်၎င်း တိုးမြှင့်နေရာပေးခဲ့သည်။

Company တွေပြောပြချက်အရ အရင်အတိုင်းပါဘဲဆရာရယ် ပေးရတာပါဘဲ အခုတော့အပေါ်ကဒုဝန်ကြီး ၀န်ကြီးကိုသူခွဲမပေးရတော့သူပိုရတာပေါ့ တဲ့။ဦးခင်မောင်စိုး မသွားခင်ရာထူးရသွားတဲ့ ဒုတိယအတွင်းဝန် တပ်မတော်အသွင်ပြောင်း ဗိုလ်မှူးစိုးမြင့် နဲ့ အတွင်းဝန်ရုံး အဖွဲ့ကတော့ ရောက်လာတဲ့ ၀န်ကြီးများ ကို ၀န်ထမ်းများနဲ့တစ်သားတည်းမဖြစ်ရေး၊ မာနကြီး အခြေကြီးအနေကြီး ဖြစ်စေရေး မြှောက်ပင့်ဖါးပြ လိုတာထက်ပိုလေးစားပြပါတယ်။

လုံခြုံရေးအကြောင်းပြ မဖြစ်နိုင်တဲ့ပုံပြင်တွေပြောပြီး ပေါက်ကရစာတွေထုတ်ပြီးဝန်ကြီးကိုအလုပ်ပြ ကြောင်ရေချိုးခိုင်းနေပါတယ်။ ခက်တာက ရောက်လာတဲ့ ၀န်ကြီးတိုင်းက အရမ်းလေးစားပြ မြှောက်ပင့်ပြတဲ့အပေါ်မှာသာယာသွားကြတယ်။အရင်ဒုတိယအတွင်းဝန်/ရုံးအဖွဲ့မှူးက lancruiser အပါအ၀င် ယာဉ်ငယ် ၄ စီး အခု ဒုတိယအတွင်းဝန်/ရုံးအဖွဲ့မှူးကလည်း lancruiser အပါအ၀င် ယာဉ်ငယ် ၄ စီးဘဲ ဖြစ်ပြီးအရင်လူတွေနဲ့တစ်တန်းစားတည်းသာဖြစ်သည် ။ ကျန်တဲ့ ၀န်ကြီးရုံးကအရာရှိတွေလည်း အခြားဝန်ထမ်းတွေ အရာထမ်းတွေကိုမှအားမနာ အခွင့်အရေးတွေပိုလို့သာယူနေကြတယ်။ အတွင်းဝန်ရုံးအဖွဲ့အရာရှိကြီးများရဲ့အဓိကလုပ်ဆောင်နေတဲ့တာဝန်ဝတ္တရားကတော့ ဦးခင်မောင်စိုးလိုချင်တဲ့ပုံစံအတိုင်း on line ပေါ်တက်ပြီး လက်ရှိအစိုးရကိုအပုတ်ချမယ် အတိုင်ပင်ခံပုဂ္ဂိုလ်ကို မအေနှမကိုင်ပြီးဆဲမယ် အမျိုးဘာသာသာသနာ ဘာညာဖွမယ်ရေးမယ် ဖြစ်ပါတယ် ၊ အခြားဌာနခွဲများက အရာရှိကြီးများမှလည်းထောက်ခံမယ် ရှယ်မယ် ဆက်ပို့ကြပါတယ်။ (ဥပမာ YESC အနောက်ပိုင်းခရိုင်မန်နေဂျာ ဒုတိယဗိုလ်မှူးကြီး ခိုင်ဇော်ငြိမ်း၊ အတွင်းဝန်ရုံးလက်ထောက်ညွှန်ကြားရေးမှူး ဗိုလ်ကြီးစောမိုးဦး လိုလူများဖြစ်ပါတယ်) လက်ရှိအစိုးရကိုတိုက်ခိုက်နေတဲ့ အုပ်စုက yan moe အကောင့်ကလည်းလျှပ်စစ်အသိုင်းအ၀ိုင်းကဖြစ်တဲ့အပြင် ဒုဝန်ကြီးနဲ့နီးစပ်သူလို့သိရပါတယ်။

ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင် အနေနဲ့ကတော့ power transmission ရဲ့ technical ပိုင်းကလွဲပြီး ကျန်တဲ့တည်ဆောက်မှု ထုတ်လုပ်မှု နဲ့ စီမံချက်ပိုင်း ၀န်ထမ်းရေးရာပိုင်းတွေမှာ များစွာအားနည်းနေတာတွေ့ရပါတယ်။ လုပ်ငန်းပိုင်းတွေမှာမပြတ်သားရစ်တတ်လွန်းလို့အများကလည်း ကြောင်ချီးဝန်ကြီးလို့ခေါ်ကြတယ် ။နိုင်ငံရေးခံယူချက်အပိုင်းမှာလည်း လက်ရှိအစိုးရသွားနေတဲ့လမ်းကြောင်းနဲ့သွေဖီနေတာကိုတွေ့ရပါတယ်။ အားနည်းတဲ့အပိုင်းတွေအတွက် အကြံဥာဏ်ရယူတဲ့အခါမှာ ချစ်နှမတော် DG ကြီးဆီကရယူလိုက်တဲ့အတွက် ဦးခင်မောင်စိုး ရဲ့လမ်းညွှန်ချက်ကို ခံယူနေတယ်လို့ဘဲသုံးသပ်လိုပါတယ်။ တကယ်တော့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကြီးဟာ ဦးခင်မောင်စိုးကလွဲရင်အခြားမည်သူမျှ ကိုင်တွယ်မောင်းနှင်လည်ပတ်လို့မရနိုင်တဲ့ ညွှန်ကြားစီမံနိုင်သောlevel တိုင်းတွင်တပ်မတော်အသွင်ပြောင်း နှစ်သီးသုံးသီးစား များနဲ့ စနစ်တကျနေရာယူဖွဲ့စည်းထားပြီးဖြစ်တဲ့ အစိမ်းရောင်အထူးကွန်မန်ဒို တပ်မကြီးတစ်ခုပါဘဲ။ အရပ်ဘက်ဝန်ထမ်းတွေကတော့ ပေါ်တာဆွဲခံရတဲ့ ရွာသားအဆင့်သာရှိပါတော့တယ်။

နောက်ဆုံးတော့ ပြောင်းလဲမှုကိုပြတ်ပြတ်သားသားလုပ်ဘို့စိုးရွံ့နေတဲမိမိတို့ဝန်ထမ်းအများစုရွေးချယ်ခဲ့တဲ့ အစိုးရကိုဘဲ မချိတင်ကဲအပြစ်ပုံရမလိုဖြစ်နေပါတယ်။ နိုင်ငံဖွင့်ဖြိုးတိုးတက်ဖို့အခြေခံလိုအပ်ချက် လျှပ်စစ်မီးကတော့ဘယ်ဆီဘယ်ဝယ်က ဘယ်အချိန်များမှာမှရနိုင်ပါ့မလဲ တွေးဆရင်းအချိန်လင့်လို့သာလာပါတော့တယ်။

မှတ်မိပါသေးတယ် မဲဆွယ်စဉ်ကာလမှာ NLDကိုမဲမပေးဘို့အတွင်းဝန်နဲ့အထက်အရာရှိကြီးတွေ ဒီလူတွေဘဲခြိမ်းခြောက်ခဲ့တယ် NLDကိုမဲမပေးဘို့ ၀န်ထမ်းစည်းကမ်းအရ အရေးယူမယ်တို့ ဘာတို့ နဲ့ နည်းမျိုးစုံဟန့်တားခဲ့တယ်။အလယ်အလတ်နဲ့အောက်ခြေ၀န်ထမ်းတွေအားလုံး ဟာ ဒီလူတွေရဲ့အချိုးတွေသိလို့ ဒီလူတွေကိုဆန်ကျင်ပြီး ရဲရဲဝံ့ဝံ့ မကြောက်မရွံ့ NLD ကိုပုံအောရွေးချယ်ခဲ့ကြတယ်။ နေပြည်တော်မှာသမိုင်းကိုရဲနေအောင်ရေးခဲ့ကြတယ်။

အခုတော့လည်း ၀န်ကြီးဌာနအသီးသီးမှာ ယခင်လက်ကျန် အတွင်းဝန်နဲ့ ၂သီးစား ၃သီးစား အခွင့်အရေးသမား ဒီလူတွေကဘဲ ၀န်ထမ်းအများစု နင်းပြားတွေတင်ခဲ့တဲ့အစိုးရနဲ့ပေါင်းပြီး တင်ပေးခဲ့တဲ့ ၀န်ထမ်းတွေကို အကျင့်ပျက်ဝန်ထမ်း အဂတိလိုက်တဲ့ဝန်ထမ်းအလုပ်မလုပ်တဲ့ဝန်ထမ်းတွေလို့စွပ်စွဲ သတ်မှတ် စည်းကမ်းချက်တွေထုတ်ပြန် အရေးယူမယ် ဘာမယ် အသံကောင်းတွေဟစ်ပြီး အခွင့်အရေးတွေဆက်ယူ တိုင်းပြည်ကို ကန့်လန့်ခံ ပညာပေးနေတာ မြင်ရတော့ မိမိတို့အလယ်အလတ်နဲ့ အောက်ခြေ၀န်ထမ်းတွေရဲ့ရင်ထဲမှာတော့ လုံးဝ နာကျင်လှပါတယ်………..
Credit to ၀န်ထမ်းတစ်ဦး(ACG)



LikeShow more reactions
Comment
167 Comments
Comments
Khaing Lay ကိုယ်ဟာသူခိုပါ မခိုးရရင်နူုတတ်လို့ခိုးနေရတာပါ နာလည်ခွင့်လွတ်ပေးစေခြင်ပါတယ် မှန်တဲ့သူတွေကျကုန်ပြီ ခိုးတဲ့သူတွေ သူဌေးဖြစ်ကုန်ပြီ

LikeShow more reactions
Reply
2
20 hrs
Manage
Win Aung စစ်သား လူထွက်ပီး အရပ်ဘက်ဋ္ဌာနတွေမှာခန့်ခြင်း လုံးဝအလိုမရှိ

LikeShow more reactions
Reply
1
20 hrs
Manage
Than Htun Aung ပြတ်ပြတ်သားသား မလုပ်ပါဘူး
ပြောင်းလဲဘို့ လုံးဝ မမျှော်လင့်ပါနဲ့
ပုတ်သင်ညိုတွေရဲ့ လစာထက် ပိုရနေတဲ့ စည်းစိမ်တွေ မသိမ်းဆည်းနိုင်သ၍ နောင် အနှစ် ၁ ၀ ၀ တိုင်အောင် ဘာမျှ ဖြစ်မလာနိုင်ပါ စာနာသနားမိပါတယ်

LikeShow more reactions
Reply20 hrs
Manage

LikeShow more reactions
Reply20 hrs
Manage
Kyaw Soe လျှပ်စစ်မှာရာထူးရဖို့နဲ့ပိုက်ဆံရဖို့အတွက်ဆိုရင်ဖင်ခံ/လီးစုပ်ဖို့တောင်ဝန်မလေးတဲ့လူတန်းစားတွေရှိခဲ့ဖူးတယ်လို့ကြားခဲ့ဖူးပါသည်။

LikeShow more reactions
Reply
2
20 hrs
Manage
Min Thein ပြောချင်းတာနဲ့ ကွတ်တိဘဲ gOOD

LikeShow more reactions
Reply20 hrs
Manage
ဘာဆိုဘာမှ သုညတ သုညတ ​အော်​ ...ဒါ​ကြောင့်​ဆရာ​မွေးတပည့်​​မွေး
ပြီးအ​ချောင်​သ္မားအုပ်​စု​တွေနဲ့အာဏာရှင်
ဟောင်း​တွေသက်​ဆိုးရှည်​​နေုကြတာကိုး
မ​ကောင်းတာ​တွေလဲမှဘဲ ​ကောင်းမယ်

LikeShow more reactions
Reply20 hrs
Manage
Kyaw Soe လျှပ်စစ်မှာရာထူးရဖို့နဲ့ပိုက်ဆံရဖို့အတွက်ဆိုရင်ဖင်ခံ/လီးစုပ်ဖို့တောင်ဝန်မလေးတဲ့လူတန်းစားတွေရှိခဲ့ဖူးတယ်လို့ကြားခဲ့ဖူးပါသည်။

LikeShow more reactions
Reply
2
20 hrs
Manage
Ye Naing MPE (စွမ်းအင်) မှာလည်းဒီအတိုင်းပါပဲ

LikeShow more reactions
Reply20 hrs
Manage
Zaw Koung ယခုအချိန်ထိ
ဌာနတွင်ရာထူးတိုးကို
လာဒ်စားလုပ်ပေးနေဆဲဟု
သိရပါသည်

LikeShow more reactions
Reply
2
19 hrs
Manage
U Aye Ko ဟုတ်တယ်လေမြို့နယ်ရုံးတွေမှာလဲသူတို့အသွင်ပြောင်တွေဘဲအုက်ချုပ်နေတာဘဲ၊တိုင်းပြည်တိုးတက်ဘို့မကြိုးစားဘဲဂလန့်တိုက်ဘို့ဘဲလုပ်နေကြတာဘဲ

LikeShow more reactions
Reply
3
19 hrs
Manage
Thein Htut အိမ်သစ်ဆောက်မှာမှို့မီတာခွါပြီးတနေရာပြောင်း(၁၀ပေခန့်အကွာ)တာ၃သောင်းကျပ်ပေးရပါတယ်။ပြန်တပ်ရင်၂သောင်းပေးရမယ်တဲ့။တနေ့ကမီးပြတ်သွားလို့ဘုတ်ခုံထဲကကြိုးတွေပြန်ဆက်ခိုင်းတော့(နာရီဝက်မကြာ)၆ထောင်ပါတဲ့။ဘယ်အခွန်မှဆောင်စရာမလို။ဘယ်သူတွေဘယ်လောက်ဆက်သရတယ်တော့မသိ။

LikeShow more reactions
Reply
1
19 hrs
Manage
Moe Sat တကယ်အသဲနာစရာပါ

LikeShow more reactions
Reply19 hrs
Manage
Amu Edward ပြတ်သားဘို့လိုပြီ။
အသားထဲကလောက်တွေကို လှီးထုတ်ဘို့လိုပြီ။

LikeShow more reactions
Reply19 hrs
Manage
ဥပေက္ခ ကိုရှိန် အား ပါး ပါး အံ့ကို သြပါလေရောဗျာ

LikeShow more reactions
Reply18 hrs
Manage
ဘိုးလှကြီး ဖိုး လှစိုး ဖဘီမှာ ကလေးတွေ စောင် စောင် လို့သုံးနေတာ ရိုင်းသလားအောင့်မေ့ရတာ ခုတော့ သုံးသင့်ပါတယ် အဲ့ဒါနဲ့တောင် မတန်ဘူးဖြစ်နေပြီ။

LikeShow more reactions
Reply18 hrs
Manage
Naing Linn အာ့​ကြောင့်​မို့လို့ESEမှာလည်းဗိုလ်​ချုပ်​ခင်​​မောင့်​မြင့်​လက်​ထက်​ကမှုအတိုင်းပဲ​စီမံဘဏ္ဏာလိုင်းအကုန်​လုံးဘာဝန်​ထမ်း​ရေးရာခံစားခွင့်​ပိတ်​ရက်​အကုန်​ဆုံးရှုံး​နေရတယ်​ဗျာခုထိဒီမိုက​ရေစီရဲ့အနှစ်​သာရမခံစားရ​သေးဘူး

LikeShow more reactions
Reply
2
18 hrs
Manage
သူ ရိန် ဌာနတိုင်းမှာစနစ်တကျနေရာချထားပြီးသားပါ

LikeShow more reactions
Reply
2
17 hrs
Manage
Sayar Phay မင်းတို့ မြန်မာအချင်းချင်းဖြစ်နေကြရင်တိုးတက်ဖို့ မလွယ်

LikeShow more reactions
Reply
1
17 hrs
Manage

LikeShow more reactions
Reply17 hrs
Manage
Than Soe ဟုတ်​ပ မိုးကျ သူခိုး​တွေ အရင်​ရှင်း
မီး ​ကောင်းစွာလင်းမှာ

LikeShow more reactions
Reply
3
17 hrs
Manage
Nyein Aye Aung မသိလို့မေးတာပါ ဒီဌာန လူကြီးတွေကို သမ္မတက ရာထူးအပြောင်းအလဲ မလုပ်တာကိုက သမ္မတ အမှားပါ ဌာန ဆိုင်ရာ အကြီးအကဲ အပြောင်းအလဲ လုပ်သင့်ပေသည်။

LikeShow more reactions
Reply
5
17 hrs
Manage
Harold Lim ၂၀၁၉ ကျရင်သတိထားကြပါ

LikeShow more reactions
Reply17 hrs
Manage
Hla Hla Maw စစ်တပ်ထွက်တွေကို ရွံရှာစက်ဆုပ်မုန်းတီးလွန်းတယ်။

LikeShow more reactions
Reply17 hrs
Manage
Tin Thein လျှပ်​စစ်​ကမကျွမ်းကျင်​၇င်​ဓာတ်​လိုက်​မယ်​ ။

LikeShow more reactions
Reply
1
17 hrs
Manage

LikeShow more reactions
Reply17 hrs
Manage

LikeShow more reactions
Reply
2
17 hrs
Manage
Pwar Win အားလုံးဟာအမှန်တွေပါ၊မင်္ယုမရှိနဲ့

LikeShow more reactions
Reply
4
15 hrs
Manage
Ba Ba အမြစ်​တွယ်​​နေပြီဆို​တော့မလွယ်​မှန်​သိပါတယ်

LikeShow more reactions
Reply
1
15 hrs
Manage

LikeShow more reactions
Reply15 hrs
Manage
ဂမ္ဘိရ ဆရာပွ မှန်လိုက်တာ ဗျာ မှန်တယ်ဆိုတာ မမှားလိုပါ ဒါကြောင့် share လိုက် ပြီ ခင်ဗျာ

LikeShow more reactions
Reply
1
14 hrs
Manage
Steven Win NLD အစိုးရထိပ်​ပိုင်းနဲ့ အုပ်​ချုပ်​​ရေးပိုင်း သိ၍ ပို​ကောင်း​အောင်​စီမံကြပါရန်​။

LikeShow more reactions
Reply
2
14 hrs
Manage
Thit Kaung Complicated.

LikeShow more reactions
Reply
1
14 hrs
Manage
DrTin Maung Kyaing အဲ့ဒီတော့

LikeShow more reactions
Reply13 hrs
Manage
အောင် ကို ကို လုပ်လိုက်တော့ လုပ်လိုက်တော့

LikeShow more reactions
Reply9 hrs
Manage
Soe Bala လက်ရှိ ဝန်ကြီးက တာဝန်ရှိသူ မဟုတ်ဘူးလား
ပြုပြင်ပြောင်းလဲရေး က ဝန်ထမ်းတွေကို မလုပ်နိုင်ဘူးလား
ထမင်းရည်ပူ လျှာလွှဲမနေပါနဲ့
ဝန်ထမ်းတွေ မကောင်းတာသိရင် အရေးယူပေါ့ 
ဒီစာရေးတဲ့သူရဲ့ ဦးနှောက်ကို လေးစားတယ်

LikeShow more reactions
Reply
2
8 hrs
Manage
Khun Samuel ကောင်းတယ် saveထားပြီ

LikeShow more reactions
Reply
1
7 hrs
Manage
Ko Ya Min Naing Epc ဇါတ်လမ်း​​အပြတ်​ဖြတ်​ပစ်​ပါ ​မြေလှန်​ပစ်​ပါ
ထောက်​ခံတယ်​ဗျို့ 

LikeShow more reactions
Reply
1
6 hrs
Manage
Aung Koe တိတိကျကျ ဆို သက်သေ များနှင့် တိုင်လို့မရ တာလားခင်ဗျာ။

LikeShow more reactions
Reply5 hrs
Manage
ဂမ္ဘိရ ဆရာပွ ပြည့်စုံပါ့လား သိတာတွေများပါလား တိကျတယ် relation ကောင်းတယ်

LikeShow more reactions
Reply5 hrsEdited
Manage
Zaw Win ဟုတ်ပါတယ်၊လျှပ်စစ်ဝန်
ကြီးဌာနဟာအင်မတန်
ကြောက်စရာကောင်းပါ
တယ်ဗဟိုအစိုးရကိုအချိန်
မရွေးဒုက်ခ ပေးနိုင်ပါတယ်
အချိန်တစ်ခုကိုစောင့်နေသလားလို့တောင်သံသယဖြစ်
မိပါတယ်။

LikeShow more reactions
Reply
1
4 hrs
Manage
Moe Myint Zin Yaw မူမကောင်း
မူပြောင်း
လူမကောင်းလူပြောင်း...

LikeShow more reactions
Reply
1
4 hrs
Manage

LikeShow more reactions
Reply4 hrs
Manage
Than Aung လျှပ်စစ်ဝန်ကြီးဌာနသန့်စင်ဘို့လိုပြီ

LikeShow more reactions
Reply4 hrs
Manage
Tin Aung Win ဒီတနေရာထည်းမဟုတ်ပါ။

LikeShow more reactions
Reply3 hrs
Manage

LikeShow more reactions
Reply3 hrs
Manage
Ko Win ၎င်းကိစ္စများကိုရှင်လင်နိုင်ရန်
၂၀၀၈ခြေဥပြင်မှရမည်
ခြေဥပြင်ရန်
...See More

LikeShow more reactions
Reply2 hrs
Manage

LikeShow more reactions
Reply47 mins
Manage
Thin Naing Oo လှတယ်ဗျာ -- လှည့်ကွက်ကလေးတွေ --ရိုက်ကွက်ကလေးတွေ -----!

LikeShow more reactions
Reply38 mins
Manage
Uwinswe Wai Yan Htat ဝိုး ဒီ​လောက်​ကြီး​ရေုးပြ​နေ​တော့လက်​ရှိအစိုးရ ဘာလုပ်​ရပါ့.

LikeShow more reactions
Reply12 mins



လျှစ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း နှုတ်ထွက်ခွင့်ပြု။  ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင် တွဲဖက်တာဝန်ယူ။
၂.၈.၂၀၁၇




2012 Kyaw Swar Soe Naing (Executive Engineer, MEPE) U Kyaw Kyaw (Chief Engineer, YESB) presentation ...
https://www.slideshare.net/yph1969/myanma-electrical-outlook-u-kyaw-swar-soe-naing

Tuesday, August 1, 2017

မြန်မာ့စီးပွားရေး နဲ့ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၇ ဇူလိုင်

မြန်မာနိုင်ငံရဲ့ ငွေကြေးအာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ ဗဟိုဘဏ်မှာ မကြာခင်အချိန်အတွင်း ထိပ်ပိုင်းရာထူးအပြောင်း အလဲတွေဖြစ်လာပါတယ်။  သက်တမ်းကုန်ဆုံးတဲ့ ဒုတိယဥက္ကဌ ၂ ယောက်နေရာမှာ အင်အယ်ဒီ အစိုးရက အစားထိုးခန့်အပ်လိုက်ပါတယ်။ ဒီ ထိပ်ပိုင်း ရာထူး အပြောင်းအလဲနဲ့အတူ ဗဟိုဘဏ်ရဲ့ လုပ်ဆောင်ချက်တွေပိုပြီး လွတ်လွတ်လပ်လပ်လုပ်ကိုင်လာနိုင်ဖို့၊ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ ပညာရှင်တွေကို ခန့်ထားနိုင်ဖို့ကိုလည်း မျှော်လင့်ချက်တွေ ရှိနေပါတယ်။ 
.
ဗဟိုဘဏ်ဒုဥက္ကဋ္ဌဟောင်း ဦးဆက်အောင်ကို နိုင်ငံတော်သမ္မတ ရုံးက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း ဇူလိုင် ၃၁ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာပါတယ်။ ဦးဆက်အောင် ဟာ ယခင် အစိုးရလက်ထက်တွင် သမ္မတ ဦးသိန်းစိန်၏စီးပွားရေးအကြံပေး အဖွဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် လည်းကောင်း၊ အမျိုးသားစီမံ ကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန၌ ဒုတိယဝန်ကြီးအဖြစ်လည်း ကောင်း တစ်နှစ်ခန့်စီ တာဝန်ထမ်း ဆောင်ခဲ့ပြီး မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ရာထူးနှင့် သီလဝါအထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လူမှန်၊ နေရာမှန်ဖြစ်တာ ခန့်တဲ့အတွက် ဒီချုပ်အစိုးရနဲ့နိုင်ငံစီးပွားရေးအတွက် ကြိုဆိုရပါတယ်။ ဦးဆက်အောင် ဟာ ရန် ကုန်တက္ကသိုလ်မှ ၁၉၉၅တွင် ကုန်ထုတ်ဓာတုအထူးပြုဘာသာ ရပ်ဖြင့် ဘွဲ့ရရှိပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဗြိတိန်ရှိ University of Stirling နှင့် City University London တို့မှ ဘဏ် လုပ်ငန်း၊ ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ် တို့ဖြင့် မဟာဘွဲ့များရရှိခဲ့ပါတယ်။  ဂျပန်နိုင်ငံ Keio Univer-sity Shonan Fujisawa Campus မှ ဒေါက်တာဘွဲ့ရရှိခဲ့သူ နာမည်ရှေ့မှာဒေါက်တာ မတပ်ဆင်တဲ့ လူထူးဆန်း ပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ 

အင်အယ်ဒီ အစိုးရတက်လာပြီး တစ်နှစ်ခွဲအတွင် ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ဆောင်လို့ စီးပွားရေးမှာ မတိုးတက်ပဲ ကျဆင်းရတယ်လို့ ပြောဆိုဝေဖန်နေကြပါတယ်။ ဇူလိုင် ၂၀၁၇ မှာ အင်အယ်ဒီက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စီးပွားရေးကို ကိုင်တွယ်တော့မယ် လို့ သတင်းထွက်လာပါတယ်။ လက်ရှိအချိန်မှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က စီးပွားရေးကဏ္ဍကို စတင်ကြီးကြပ်နေပြီလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။ အာဏာအပြောင်းလွဲကာလမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အင်မတန် အလေးထား လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိပြည်တွင်းဘဏ် ၂၄ ဘဏ်ရှိနေပြီး နိုင်ငံခြားဘဏ် ၁၃ ဘဏ် ရှိပါတယ်။ စီးပွားရေးအတွက် ဦးတည်လာတာကို ကြိုဆိုရမှာပါ။

အင်အယ်ဒီ အစိုးရ ဗဟိုဘဏ်ရဲ့ ပေါ်လစီက ရင်းနှီးမြှတ်နှံမှုပေါ်လစီ၊ စီးပွားရေးပေါ်လစီ အသစ်များထုတ်ပြန်ရာမှာ ရင်းနှီးမြှတ်နှံမှုများရောက်လာရေး၊ စိုက်ပျိုးမွေးမြူရေးကို ဦးစားပေး၊ အလုပ်အကိုင်များ ဖန်တီးပေးဖို့ ဖြစ်ပါတယ်။
.
.
.
Ease of Doing Business
ကမ္ဘာ့နိုင်ငံတွေရဲ့ စီးပွားရေးလုပ်ငန်းများလုပ်ငန်းရလွယ်ကူတဲ့ အဆင့်သတ်မှတ်ချက်ဖြစ်တဲ့ Doing Business အတွက် လာမယ့် ၃ နှစ်အတွင်း မြန်မာနိုင်ငံကို အဆင့် ၁၀၀ အတွင်း ၀င်ရောက်နိုင်အောင် ကြိုးစားသွားမယ်၊ တကယ်ကြိုးစားရင် ရောက်နိုင်ပါတယ်လို့ ၁၀ဇူလိုင် UMFCCI လုပ်ငန်းရှင်များအဖွဲ့နဲ့တွေ့ဆုံရာမှာ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောဆိုလိုက်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ်က စာရင်းပြုစုထားတဲ့ နိုင်ငံပေါင်း ၁၉၀ အနက် အဆင့် ၁၇၀ နေရာမှာ ရပ်တည်နေတာပါ။
.
လက်ရှိနိုင်ငံ၁၉၀မှာ မြန်မာက အဆင့်၁၇၀ ရှိပြီး၊ စင်ကာပူ(၂) .. Singapore(2), Malaysia(23), Thailand(46),, China(78),Vietnam(82), Indonesia(91),Philippine(99),India(130), Cambodia(131),Laos(139),Myanmar(170), Somalia(190) (last) တို့ဖြစ်ပါတယ်။ အဂတိတိုက်ဖျက်ရေး နဲ့ လုပ်ငန်းလုပ်ဆောင်မှုလွယ်ကူရေး Ease of Doing Business တို့က အတူတူပဲဖြစ်တာမို့..ဒီအခေါ်အဝေါ်သုံးစွဲတဲ့ ကော်မရှင်ဖွဲ့ဖို့လိုပါတယ်။ စင်ကာပူ EDB, တောက်ကိုးရီးယား KDI တို့လို မြန်မာဝန်ကြီးဌာန၅ခု ပါတဲ့အဖွဲ့ ဖွဲ့လိုက်တယ်လို့ အစိုးရသတင်းတစ်ခု ထွက်လာတာလဲ ကြိုဆိုရပါမယ်။
.
ကုလသမဂ္ဂ၊ အမေရိကန်အခြေစိုက် ကမ္ဘာ့ဘဏ်၊ ဂျပန် JICA, ဥရောပ IMF၊ အာရှဘဏ် စတဲ့ နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ဘက်စုံကူညီပံ့ပိုးနေပါတယ်။
အခြေခံအဆောက်အဦ Infrastructure ဖြစ်တဲ့ လမ်းတံတား၊ မိုဘိုင်းဖုန်း၊ သဘာဝဘေးကာကွယ်မှု၊ စက်မှုသက်မွေးပညာကျောင်း၊ လျှပ်စစ်နဲ့စွမ်းအင်၊ ဘဏ်နဲ့ငွေကြေးစနစ် တို့အပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အာမခံလုပ်ငန်း၊ စာရင်းစစ်လုပ်ငန်း နည်းပညာတွေမှာ ကမ္ဘာကုမ္ပဏီကြီးများ ရင်းနှီးမြှတ်နှံလာရေးအတွက် ကူညီပံ့ပိုးနေပါတယ်။
.
.
အချက်၁၀ချက်။ Ease of Doing Business Index
A nation's ranking on the index is based on the average of 10 subindices:
1. လုပ်ငန်း(ကုမ္ပဏီ)မှတ်ပုံတင်ခြင်း. .
၂၀၁၇မှာ နိုင်ငံတကအဆင့်မှီ . . ရင်းနှီးမြှတ်နှံဥပဒေနဲ့ ကုမ္ပဏီမှတ်ပုံတင်ဥပဒေ ထွက်လာပါတယ်။
Starting a business – Procedures, time, cost and minimum capital to open a new business
.
2. ကုန်လှောင်ရုံဆောက်လုပ်ခွင့်. .
Dealing with construction permits – Procedures, time and cost to build a warehouse.
3. လျှပ်စစ် (အစိုးရက ရင်းနှီးမြှတ်နှံမှု အလွန်လိုအပ်နေတဲ့ ကဏ္ဍဖြစ်ပါတယ်)။
Getting electricity – procedures, time and cost required for a business to obtain a permanent electricity connection for a newly constructed warehouse.
4. ပိုင်ဆိုင်မှု ခြံမြေများ ငှားရမ်းစာချုပ်များ မှတ်ပုံတင်ခြင်း။ (တရားဥပဒေစိုးမိုးဖို့လိုနေပါတယ်)။  .
Registering property – Procedures, time and cost to register commercial real estate
.
5. မတည်ငွေ ရရှိစေဖို့ ဥပဒေရှိခြင်း။ မြန်မာနိုင်ငံရဲ့ ပထမဆုံး စတော့ရှယ်ယာဈေးကွက်ကို ဖွင့်လစ်နိုင်ပြီး၊
Getting credit – Strength of legal rights index, depth of credit information index
.
6. ရင်းနှီးမြှတ်နှံသူများကို ကာကွယ်ပေးဖို့. . ပါမစ်ရပ်စဲခံရတာမျိုး မရှိဖို့. . .(တရားဥပဒေစိုးမိုးဖို့လိုနေပါတယ်)။  .
Protecting investors – Indices on the extent of disclosure, extent of director liability and ease of shareholder suits.
.
7. အခွန်စနစ် ခိုင်မာ မှန်ကန်ဖို့. .အစိုးရအခွန်စနစ်က Manual Method ဖြစ်နေတုန်ပဲ. .database system ဖြစ်ဖို့. .အခွန် တံဆိပ်ခေါင်း ဒဏ်ကြေးတွေ ဥပဒေစိုးမိုးဖို့. . (တရားဥပဒေစိုးမိုးဖို့လိုနေပါတယ်)။
Paying taxes – Number of taxes paid, hours per year spent preparing tax returns and total tax payable as share of gross profit.
.
8. နယ်စပ်ကုန်သွယ်ရေး စနစ်ကောင်းဖို့(လက်နက်ကိုင်တပ်များ အပစ်ခတ်ရပ်စဲဖို့)
Trading across borders – Number of documents, cost and time necessary to export and import.
.
9. စီမံကိန်းတွေကို စာချူုပ်ခိုင်မာစေဖို့. . ပရိုဂျက်အတိုင်း မပြီး၊ အရည်သွေး မပြည့်ရင် ရော်ကြေးစနစ်ခိုင်မာဖို့. .(တရားဥပဒေစိုးမိုးဖို့လိုနေပါတယ်)။  .
Inforcing contracts – Procedures, time and cost to enforce a debt contract
.
10. ဘဏ်အကြွေးမပေးနိုင်ခြင်းနည်းရန် (လူမွဲစာရင်းသွင်းခံရခြင်း)။ မြန်မာပြည်မှာ နာမည်ပျက်စာရင်းသွင်းခြင်းပဲ ရှိပြီး ဥပဒေ မရှိတော့..ထွက်ပြေးခြင်းပဲခေတ်စားနေပါတယ်။
Resolving insolvency – The time, cost and recovery rate (%) under bankruptcy proceeding

.
ကိုးကား ၀က်ဆိုဒ်
https://en.m.wikipedia.org/wiki/Ease_of_doing_business_index.
.
.
ဆာကူရာဦးဌေးအောင်
ရွေးကောက်ခံ ရန်ကုန်စည်ပင်ကော်မတီဝင်ဟောင်း လုပ်ငန်းရှင်ကြီး ဆာကူရာဦးဌေးအောင်က " စီးပွားရေးချွတ်ခြုံကျနေတဲ့ အခြေအနေ မှာ အခွန်တွေ တိုးမြင့်ကောက်ခံနေတါဟာလုပ်ငန်းရှင်ကြီးတွေ အတွက် ပြောပလောက်တဲ့ပြဿနာ မဟုတ်ပေမဲ့ အလည်အလတ်တွေနဲ့အောက်ခြေ လူတန်းစါးတွေ မှာ လာပြီး ထိခိုက်တော့တယ်။ ယနေ့ခေတ်မှာ စီးပွားရေးသမားက အမြတ်ရရင် ဆောင်သင့်တာဆောင်ဖို့ ဝန်မလေးတော့ဘူး။အခွန်မရှောင်ချင်တဲ့ကုမ္ပဏီ က နှစ်စဉ် ဝင်ငွေခွန်ကြော်ငြာလွှာတင်တယ်။ ရှောင်ချင်တဲ့သူက အခွန်ရုံး ကို မလာဘူး။ ဒီတော့ အဲ့ဒီ ရှောင်တဲ့ကုမ္ပဏီ တွေ ရော တသီးပုဂ္ဂလ စီးပွားရေလုပ်နေသူတွေ ကား၁၀ စီးလောက်ခြံထဲ ထည့်ပြီး ပွဲစါးတန်းကားထိုး အရောင်အဝယ်လုပ်နေတဲ့ အခွန်ရှောင်ဝယ်ရောင်းတွေ ကလည်း show room ထက်များသေးတယ်။ အိတ်တလုံးကိုင်ပြီးလမ်းလျှောက်နေတဲ့ကျောက်ပွဲစား ကလည်း သိန်းရာ ဂဏန်း ရင်းပြီး စါရင်းပျောက် လုပ်ငန်းမရှိပြ အခွန်ရှောင်လို့ ကောင်တုန်း။အိမ်ခြံမြေ တိုက်ခန်းဝယ်ရောင်းကလဲ အရပ်စာချုပ်နဲ့ ပါမစ် ဂရံ ကိုင်ပြီး ထီးထမ်းလမ်းလျှောက် စာရင်းဖျောက်လို့  အခွန် ဆိုတာ ဘာမှန်းမသိတဲ့ သူတွေကို စီမံချက်ကလေးချပြီ့း  ကောက်ကြည့်စမ်းပါလို့ ။ အခုတော့ နှစ်စဉ် အခွန်ဆောင်ဖို့  ရုံး ကို ပုံမှန် လာတွေ့ နေတဲ့သူတွေကို တရာခံ လို ဆက်ဆံပြီး မလွှတ်တန်း နှစ်စဉ်တိုးကောက်နေတာလေးတွေ လျှော့သ့င်ပါပြီ " လို့  ဆိုပါတယ်။
.
တကယ်တော့ စီးပွားရေးက မတိုးတက်တဲ့အပြင်၊ အသေးစားအလတ်စား SME လုပ်ငန်းရှင်များအဆင်မပြေရုံမက၊ အကြီးတန်းလုပ်ငန်းများလည်း အိမ်ခြံမြေအပေါင်ထား ချေးငှားရတော့၊ စီးပွားမကောင်းလို့ အတိုးမပေးနိုင်၊ အိမ်ခြံမြေရောင်းမထွက်နိုင်လို့ ငွေကြေးအကြပ်အတည်းကြီး ဖြစ်နေကြပါတယ်။ လုပ်ငန်းရှင်များက စီးပွားရေးလုပ်ငန်းများကို အစိုးရက ဦးစားပေးလုပ်ရမဲ့အရာများစွာ မလုပ်ခြင်း၊ မလုပ်တတ်ခြင်း၊ ရင်းနှီးမြှတ်နှံမှုများ ထင်သလို မရောက်လာခြင်း၊ ကုန်ဈေးနှုန်းများ အလွန်ကြီးမားနေခြင်း၊ အထူးသဖြင့် စားသောက်ကုန်ဈေးနှုန်းများတက်ခြင်းကြောင့် အခြေခံလူတန်းစားအဖို့ ခက်ခဲနေခြင်းများကို ပြောဆိုထောက်ပြပါတယ်။

ဘဏ်လုပ်ငန်းတွေမှ ချေးငွေဘက်မှာထူးခြားပြောင်းလဲတာတွေမရှိပေမယ့် အိမ်ယာနှစ်ရှည်စီမံကိန်း အရစ်ချစနစ်နဲ့ စတင်ရောင်းချတာမျိုးတွေ တွေ့လာရပါတယ်။ ဥပမာ CHDB ဘဏ်က ၃၀ ရာခိုင်နှုန်းပေးသွင်းပြီးတော့ ကျန်တဲ့ ပိုက်ဆံကို နှစ်ရှည်အရစ်ကျပေးတဲ့စနစ် ပေါ်လာပါတယ်။ လက်ရှိအချိန်မှာ ပြည်တွင်းဘဏ်တွေအနေနဲ့ ဘဏ်တိုးနှုန်း တစ်နှစ် ၁၃ ရာခိုင်နှုန်းနဲ့ အပေါင်ပစ္စည်းပေးမှ ငွေချေးပေးတာပါ။ အပေါင်တန်ဖိုးရဲ့ ၃ပုံ၁ပုံ ချေးပေးပါတယ်။ ငွေချေးရနိုင်မှုက တော်တော်ခက်ခဲပါတယ်။ ဘဏ်ကြွေးတွေ ဘဏ်တိုးတွေ မဆပ်နိုင်လို့ ဘဏ်တွေ က အတင်းခေါ်တောင်းခံနေရတဲ့ သူဌေးကြီးတွေ ရှိနေလို့ တရုပ်ပြည်မှာ ရှယ်ယာတွေရောင်းချ ဘ၀ပျက်သွားသလို မဖြစ်ရအောင် ဆုတောင်းနေရတယ် ဆိုပါတယ်။
.
.
.
ဦးအောင်နိုင်ဦး 
ကုမ္ပဏီနှင့်ရင်းနှီးမြှတ်နှံရေး DCIA ညွန်ချုပ် ကို the Voice သတင်းစာနဲ့အင်တာဗျူး ပြောကြားချက်များဖြစ်ပါတယ်။
" လောလောဆယ်မှာ့ အရင်ရှိခဲ့တဲ့ Procedure တွေကို လျှော့ချလိုက်တယ်။ စက်မှုဇုန်မှာ စက်ရုံဆောက်ချင်တယ်၊ ဟိုတယ်ဇုန်မှာ ဟိုတယ်ဆောက်ချင်တယ် ဘာမှ Approval မလုပ်တော့ဘူး။ စက်မှုဇုန်ပြင်ပ၊ ဟိုတယ်ဇုန်ပြင်ပ ဆိုရင် တိုင်းဒေသပြည်နယ်က သဘောတပြီးမှ Procedure သွားမယ်။ အရင်တုန်းက မြေဈေးတွေ ကြီးခဲ့တဲ့ကိစ္စက အဓိက Supply နဲ့ Demand ပြဿနာ။ လူတွေကလဲ Demand တက်လာမယ်ဆိုတဲ့ Expectation နဲ့ မြေတွေ ကိုင်ထားကြတယ်။ အခု့  စက်မှုဇုန်အသစ်တွေ ဖော်ထုတ်ဖို့ ပြင်ဆင်ထားတယ်။ နောက်ပြီး မျိုးရိုး Nepotism ဘာမှ မရှိတော့ပါဘူး။ ကျနော်တို့က Transparency အားကောင်းအောင်လုပ်တယ်။ Corruption ကျမယ်။ MIC လုပ်တာကို တနိုင်ငံလုံး တကမ္ဘာလုံး သိရမယ်။ ကျနော်တို့ Website တက်ကြည့်ရင် သိရမယ်။ MIC ဒီနေ့ ခွင့်ပြုတာနဲ့ Website ကို တင်လိုက်တယ်။ Transparency အားကောင်းအောင် Rules and Regulations အားလုံးကို အများပြည်သူသိအောင် လုပ်ပေးတယ်။ ဘယ်သူကို ချဉ်းကပ်မှ၊ ဘယ်သူကိုပေးမှ ငါ့ဟာ ရမယ်ဆိုတာမျိုး လုံးဝမရှိအောင် လုပ်ထားတယ်။ အခုန Corruption က Procedure Complicated ဖြစ်လေ၊ Corruption အားကောင်းလေ ဖြစ်တယ်။ ကုမ္ပဏီဥပဒေ နဲ့ ရင်းနှီးမြုပ်နှံမှု ဥပဒေတွေ့ တချိန်မှာ အားလုံး Online သွားနိုင်အောင် MIC ကို လျှောက်ချင်လား။ လူလာစရာ မလိုဘူး။ Online ကိုသွား Access နိုင်အောင် ဒါမျိုးတွေအထိ စဉ်းစားထားပါတယ်။

US Sanction ရုတ်သိမ်းလိုက်တော့ ငွေကြေးကဏ္ဍ အဆင်ပြေသွားတယ်။ အများစုက စင်္ကာပူကို သွားရတယ်။ ဒါကြောင့်မို့ စင်္ကာပူက ရင်းနှီးမြှတ်နှံမှုမှာ Top ဖြစ်နေတာ။ တခြားနိုင်ငံတွေ EU နိုင်ငံတွေရှိတယ်။ စင်္ကာပူက ဆင်းလာကြတယ်။ နှစ်အချက်က US Investors အများစုက တကယ်တော့ မြန်မာပြည် ကော်ပိုရေးရှင်းတွေ များပါတယ်။ သူတို့ မြန်မာပြည်ကို လာဖို့အတွက်လဲ Reporting threshold တွေ ဘာတို့ အများကြီးရှိခဲ့တယ်။ Sanction ကို Liberalized လုပ်ပေးသည်တိုင်အောင် ကျန်တဲ့ US Investors တွေ Constraint တွေ ရှိနေသေးတာမို့ ချောချောမောမော လာမလုပ်နိုင်သေးဘူး။ ကျန်တဲ့နိုင်ငံတွေအားလုံး အကျိုးရှိသွားတယ်။ ဒေါ်လာTransition တွေ လျော့သွားတယ်။ အနာဂတ်မှာ US investment တွေ Expect လုပ်လို့ရတယ်။

AEC လို့ခေါ်တဲ့ Asean Economic Committee အာစီယံနိုင်ငံတွေက မြန်မာနိုင်ငံကိုလာမယ်၊ Process လုပ်မယ်။ ပြန်ပို့မယ်ဆိုတဲ့ဟာတွေကို Duty မကောက်တော့ဘူး။ လုပ်သားအင်အားပေါတဲ့အတွက် မြန်မာနိုင်ငံမှာလုပ်မယ်။ (၅၄) သန်းလောက် မြန်မာဈေးကွက် Market စိတ်ဝင်စားတဲ့ Investor တွေလည်း မြန်မာနိုင်ငံကို လာကြမယ်ပေါ့။ ကိုယ့် Local SMEs လေးတွေမှာ Competition များလာနိုင်တယ်။ ကိုယ့်တိုင်းပြည်က ရှိနေတဲ့ ဥပမာ ဒေါက်တာ ဆရာဝန်တွေ၊ စာရင်းကိုင်တွေ၊ ရှေ့ နေတွေ ဒါမျိုးတွေမှာတော့ ကျနော်တို့က ဆက်ပြီးတော့ ကိုယ့်ကိုယ်ကို Competitive ဖြစ်အောင် လုပ်ရပါမယ်။

လတ်တလော အနေအထားကတော့ တိုင်းပြည်မှာရှိပြီးသား သီးနှံထုတ် Process food တွေလုပ်မယ်။ Export လုပ်မယ်ပေါ့။ ဒါတွေကလဲ နိုင်ငံခြားသားတွေ စိတ်ဝင်စားတဲ့ လုပ်ငန်းတွေလည်း ဖြစ်တယ်။ Manufacturing ကို Promo လုပ်တယ်။ Labor Intensive ဥပမာ အထည်ချုပ်စက်ရုံ။ မြေလွတ်မြေရိုင်း ရေသယံဇာတ အများကြီးရှိသေးတယ်။ မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းထဲထွက်ရမယ်။ လယ်ယာကဏ္ဍ
Promo လုပ်ပြီး၊ Food processing တွေကို လုပ်မယ်။ Value Added ထုတ်ကုန်တွေ Export တန်းဖိုးတက်လာမယ်။ ကျနော်တို့ Promo လုပ်နေတာ ကဏ္ဍကြီး (၅) ခု - ကုန်ထုတ်လုပ်မှု၊ စက်ပျိုးရေးကဏ္ဍ၊ အခြေခံအဆောက်အအုံနဲ့ ပတ်သက်တာ၊ ပညာရေး၊ ကျန်းမာရေး တို့ကို လုပ်သွားဖို့ ရှိပါတယ်။
..
.
ဦးသိန်းဝေ @ ဆာ့ခ်ျပန်
စတော့ဈေးကွက် Yangon Stock Exchange YSX
၂၀၁၅ အောက်တိုဘာမှာ ဖွင့်ပြီး၊ First Private Bank (FPI), Myanmar Citizens Bank (MCB), Myanmar Thilawa SEZ Holdings (MTSH), First Myanmar Investment (FMI) ၄ခုတို့က အမေရိကန်ဒေါ်လာ ၅၇သန်း နဲ့ လည်ပတ်နေပါပြီ။ https://ysx-mm.com/ ဒါပေမဲ့ ရှယ်ယာဈေးအားလုံး ဆက်တိုက်ကျဆင်းနေပါတယ်။ ဥပမာ FMI  ရှယ်ယာက မတ်လ-၂၀၁၆ မှာ ကျပ်၄၂၀၀၀ ကနေ အခု သြဂုတ်-၂၀၁၇ မှာ ၁၅၀၀၀ ပဲဈေးပေါက်ပေမဲ့ အရောင်းအ၀ယ် မရှိဖြစ်နေပါတယ်။ FMI ကုမ္ပဏီဟာ တစ်ခုတည်းသော မြန်မာကုမ္ပဏီအဖြစ် စင်ကာပူစတော့ဈေးကွက်မှာ ငွေမဲကင်းရှင်းတယ်ယူဆတဲ့အတွက် ၀င်ရောက်ခွင့်ရခဲ့ပါတယ်။ စင်ကာပူရင်းနှီးမြှတ်နှံသူများထံက ဒေါ်လာသန်းပေါင်း ၈၀၀ လောက် ရင်းနှီးငွေရှာနိုင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အောင်မြင်နေတဲ့ အကြီးစားကုမ္ပဏီကြီ်း၊ ဥပမာAYAတို့ KBZ တို့ City Mart တို့ ကို Private ဘဝမှာပဲနေ၊ Public အဖြစ် စတော့ဈေးကွက် ပါဝင်လာဖို့၊ မြန်မာနိုင်ငံက ငွေမည်းခ၀ါချနေရာ မဖြစ်အောင်လဲ ကြိုးစားရပါတယ်။
.
FMI နဲ့ ရိုးမဘဏ် သူဌေးကြီး ဦးသိန်းဝေ @ ဆာ့ခ်ျပန် U Theim Wai @ Serge Pun Executive Chairman ကိုယ်တိုင် ဇူလိုင်-၂၀၁၇ မှာ မီဒီယာကို အင်အယ်ဒိအစိုးရ စီးပွားတိုးတက်ဖို့ အခွင့်အလမ်းများ အသုံးမချနိုင်ခဲ့ဘူး၊ ဒါကြောင့် စီးပွားကျဆင်းရတယ်လို့ ဝေဖန်ပါတယ်။
.
.
.
လယ်ယာမြေပြုပြင်ပြောင်းလဲခြင်း Land Reform
ရေရှည်စီးပွားရေးအတွက် အရေးကြီးချက်တခုက လယ်ယာမြေပြုပြင်ပြောင်းလဲရေးဖြစ်ပါတယ်။ အိမ်ခြံမြေတွေ ဈေးအရမ်းကြီးနေပါတယ်။ တောင်ကိုးရီးယား၊ တိုင်ဝမ်၊ ထိုင်းနိုင်ငံများလို့ တောင်သူလယ်သမားများ လယ်မြေပိုင်ဆိုင်ဖို့ ဘယ်လိုလုပ်ပေးမလဲ ဆိုတဲ့ ဥပဒေပြဌာန်း အကောင်ထည်ဖေါ်ဖို့ အလွန်အရေးကြီးပါတယ်။

အမေရိကန်အားဖြင့် ဂျပန်၊ တိုင်ဝမ်၊ တောင်ကိုးရီးယား၊ စင်ကာပူတို့ Land Reform အောင်မြင်ခဲ့ပြီး၊ ကမ္ဘာအဆင့်းနိုင်ငံဖြစ်လာတာပါ။ တရုပ်ပြည်ကြီးလဲ အမေရိကန်အကူညီနဲ့ အနှစ်၂၀အတွင်း တိုးတက်သွားတာ မျက်မြင်အခြေအနေဖြစ်ပါတယ်။ တကယ်လယ်ယာလုပ်ကိုင်သူပဲ လယ်မြေပိုင်ဆိုင်သင့်ပါတယ်။ လယ်သမား ဆင်းရဲမွဲတေမှုက လွတ်ပြီး၊ သားသမီးများ ပညာသင်နိုင်မယ်။ စက်မှုလယ်ယာဖြစ်လာပြီး၊ လယ်သမား သားသမီးများ စက်မှုလုပ်ငန်းများကို ကူးပြောင်းလာနိုင်မယ်ဖြစ်ပါတယ်။ လယ်ယာသိမ်းဆည်းမှုခင်းများစွာကြောင့် ပလပ်မြေ၊ သစ်တောမြေများကို စိုက်ပျိုးဖို့ လုပ်နေကြပါတယ်။ ၂၀၁၇ ရင်းနှီးမြှတ်နှံမှု ပေါ်လစီအသစ်အရ လယ်ယာစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အစိုးရပံ့ပိုးမှုနဲ့ သမရိုးကျနည်းလမ်းများက နည်းပညာနဲ့ ဖေါက်ထွက်လုပ်ကိုင်ဖို့ဖြစ်ပါတယ်။
.
.
.
မြန်မာနိုင်ငံဘတ်ဂျတ်
NLD အစိုးရရဲ့ တစ်နှစ်ပြည့် စီးပွားရေးမူဝါဒ (၁၂) ချက် ဘယ်လောက် အသက်ဝင်နေပြီလဲ ဆိုပြီး အီလဲဗင်းမီဒီယာက သုံးသပ်ထားပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုတာ ဘယ်လိုလုပ်မယ်ဆိုတာမှ မပါတာ Action Plan တော့မရှိဘူး” လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက သုံးသပ်ပါတယ်။ ဦးသိန်းစိန်အစိုးရ ရဲ့ ဘတ်ဂျတ် ၅နှစ်လိုငွေများက ၁၆၃၀၊ ၁၂၅၁၊ ၇၀၆၊ ၇၈၂၊ ၃၆၅၉ ဘီလျံ ဖြစ်လို့၊ နောက်ဆုံးနှစ်က အများဆုံးဖြစ်ခဲ့ပါတယ်။ ဘတ်ဂျက်ကိုဆက်ခံရတဲ့ လက်ရှိ ဦးထင်ကျော်အစိုးရ ပထမဘဏ္ဍာနှစ်မှာ လိုငွေ ကျပ်ဘီလျံ ၄၀၀၀ ကျော်ဖြစ်လို့ လိုငွေပိုမိုများပြား စံချိန်တင်သွားပါတယ်။ ချေးငွေနဲ့ဂျီဒီပီ အချိုးကိုကြည့်ရင်လဲ ၃၁% ရှိလာတဲ့အတွက် ဆင်းရဲတဲ့နိုင်ငံတစ်ခုအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ ချေးငွေတွေမှာ ပြည်တွင်းချေးငွေ (ငွေစက္ကူရိုက်နှိပ်မှု) လိုတာထက် ပိုများပြားနေပါတယ်။
.
တိုင်းပြည်အတွက် အရေးအကြီးဆုံးက အသေးစားနဲ့ အလတ်စားလုပ်ငန်း SME တွေ ထူမနိုင်ရေး အစိုးရက ထိရောက်စွာမပံ့ပိုးနိုင်ပါ။ ငွေချေးငွေလဲ လက်သင့်ရာထိုးပေးတဲ့ အဆင့်ပဲရှိနေပြီး တနိုင်ငံလုံးမှာ မှတ်ပုံတင် SME ပေါင်း ၆ထောင်ကျော် ရှိနေပြီလို့ ဆိုပါတယ်။ နိုင်ငံတကာ အသေးစား၊ အလတ်စား SME ကုမ္ပဏီ ဆိုတာ လူဦးရေနဲ့ပဲ သတ်မှတ်ပါတယ်။ အလုပ်သမား ၁၀ယောက်အောက် လုပ်ငန်းတွေဖြစ်ပါတယ်။ ဒီကိစ္စလည်း တော်တော်လွဲချော်နေပါတယ်။ ကျပ်သိန်း၅ထောင်ကျော်၊ အလုပ်သမား၃၀ရှိတဲ့ ကုမ္ပဏီလိုမျိုးကို SME သတ်မှတ်ပြီး အစိုးရကငွေချေးပေးခြင်းက မဖြစ်သင့်ပါဘူး။ အမေရိကန် USAID အဖွဲ့၊ ပုဂ္ဂလိကဘဏ်နဲ့ အဖွဲ့အစည်းများက တကယ့် SME များကို ပံ့ပိုးပေးဖို့လုပ်ဆောင်နေပါတယ်။ အစိုးရ ပေါ်လစီများလည်း ပံ့ပိုးဖို့ ပြောင်းလဲဖို့လိုနေပါတယ်။
.
နိုင်ငံဘတ်ဂျတ်ဆိုတာ ရင်းနှီးမြှတ်နှံငွေကို ရေရှည်အမြတ်ရဖို့ လုပ်နိုင်တဲ့ စီးပွားရေးပညာရပ်ဖြစ်ပါတယ်။ ဥပမာ ဗီယက်နမ်အများပိုင်လျှပ်စစ်လုပ်ငန်း EVN.com.vn ၀က်ဆိုဒ်မှာ ၂၀၁၅ Vietnam Electricity Corporation ရဲ့အစီရင်ခံစာအရ.. ပြည်တွင်းပြည်ပ၊ ရင်းနှီးမြှတ်နှံငွေ (နှစ်ရှည်ချေးငွေ)အကြွေးဒေါ်လာ ၁၈ ဘီလျံလောက် ရှိနေပြီး၊ နှစ်စဉ် ချေးငွေအတွက် အတိုး၊ ၀န်ထမ်း၂သောင်းအတွက်လစာ၊ ပြုပြင်ထိန်းသိမ်းစရိတ်၊ မြေငှားရမ်းခအပြင်၊ အစိုးရအခွန်ငွေပေးပြိး အမြတ်ဒေါ်လာ ၁ဘီလျံလောက် ကျန်ပါတယ်။ အစုရှယ်ယာ ၀ယ်ထားသူများကို နှစ်စဉ်အမြတ်ငွေ (Dividend) ပေးပါတယ်။ အစိုးရရဲ့ နိုင်ငံဘတ်ဂျတ်ကတော့ ကုမ္ပဏီ ဘတ်ဂျတ်ထက် ရှုပ်ထွေးပေမဲ့ သဘောအတူတူပါပဲ။ အစိုးရက အမြတ်ငွေထွက်ရင်၊ နိုင်ငံသားဘ၀ သာယာရေးအတွင် လမ်းတံတား၊ ပန်းခြံ၊ ပညာရေးနဲ့ သုတေသန တွေမှာပိုသုံးလိုက်ကြပါတယ်။ စင်ကာပူ၊ ဂျပန်၊ တရုပ်၊ ဂျာမဏီနိုင်ငံများကတော့ ငွေပိုငွေလျံတာတွေကို ပြန်လည်ရင်းနှီးမြှတ်နှံတဲ့ ပိုငွေပြဘတ်ဂျတ် နိုင်ငံတွေ ဖြစ်နေပါတယ်။ အမေရိကန်၊ ဥရောပနဲ့ ကမ္ဘာ့ နိုင်ငံအများစုကတော့ လိုငွေပြဘတ်ဂျတ် ဖြစ်ပါတယ်။
.
.
.
အရေးကြီးတဲ့ စီးပွားတိုးတက်ဖို့ပုဂ္ဂိုလ်များ
ဒေါ်အောင်ဆန်းစုကြည် နဲ့  ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် တို့နဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးမွေးမြူဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ မန္တလေးတိုင်းဝန်ကြီးချုပ် စတဲ့အစိုးရခေါင်းဆောင်များအပြင်၊ ရေရှည်အတွက် ဘာသာရေး၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး တတ်သိပညာရှင်များ နဲ့ လက်နက်ကိုင်အဖွဲ့အစည်းများလည်း အရေးကြီးပါတယ်။   .
.
.

နိဂုံး (သုံးသပ်ချက်)
.
လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက မြန်မာ နိုင်ငံမှာ အသက် ၁၅ နှစ်ကနေ ၆၄ နှစ်ကြား  အလုပ်လုပ်နိုင်သူ လူဦးရေရဲ့ ၃၄ ရာခိုင်နှုန်းက အလုပ်လက်မဲ့သဘောဖြစ်နေကြောင်း၊ ပြည်ပကိုပဲ ထွက်ဖို့ကြိုးစားနေကြကြောင်း လွှတ်တော်မှာတင်ပြပါတယ်။ ဒါအဓိကပဲ ဖြစ်ပါတယ်။ လူတွေကို အလုပ်လုပ်လာအောင် မလုပ်နိုင်သေးပါ။ အလုပ်ကိုင်အခွင့်လမ်းနည်းတယ်ပြောပါစေ..အလုပ်မလုပ်သူများပြားနေပါတယ်။ လူတွေ ဘယ်လိုအလုပ်လုပ်လာ စေမလဲ?။

အင်အယ်ဒီ အစိုးရ ဗဟိုဘဏ်ရဲ့ ပေါ်လစီက ရင်းနှီးမြှတ်နှံမှုပေါ်လစီ၊ စီးပွားရေးပေါ်လစီ အသစ်များ မက်ကရို စီးပွားရေး (ရေရှည်) နဲ့ မိုက်ခရိုစီးပွားရေး (ရေတို) စီမံကိန်းများ၊ မဟာဗြူဟာများ၊ ဥပဒေ၊ နည်းဥပဒေများလည်း အသက်ဝင်နေပြီ ဖြစ်ပါတယ်။

အခု အင်အယ်ဒီ အစိုးရ ၁နှစ်ခွဲအကြာ၊ ရင်ကြားစေ့စပ်ရေး၊ အုပ်ချုပ်ရေး ယန္တရားကိုလဲ တပ်မတော်ရဲ့ ထောက်ခံမှုနဲ့ ထိန်းသိမ်းနိုင်တဲ့အခြေအနေ ရောက်နေပါပြီ။ အရေးကြီးတဲ့ ထိပ်တန်းနေရာတွေမှာ မလုပ်မရှုပ်မပြုတ် ခေါက်ရိုးကျိုးနေသူများကို ဖယ်ရှား၊ အစားထိုးခန့်ထားနေပါတယ်။ ဒါကြောင့် အစိုးရက Ease of Doing Business မြန်မာလို စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးရန် .. ဆိုတဲ့အချက်(၁၀)ချက်ကို ကဏ္ဍအသီးသီးမှာ ဖေါ်ဆောင်နိုင်ဖို့ အားစိုက်နေပါတယ်။ Ease of Doing Business နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးက အတူတူပဲလို့ ပြောနိုင်ပါတယ်။
.
ရင်းနှီးမြှတ်နှံမှု ဘယ်လောက်များပါစေ၊ ပေါ်လစီ၊ မူဝါဒတွေ ဘယ်လောက်ကောင်းပါစေ၊ စနစ်နဲ့လူ တွဲရက် ကောင်းမွန်ပါမှ အောင်မြင်မှာပါ။ ၀င်ငွေအများကြီးရပြီး ဖြုန်းတီးနေတဲ့ မိသားစုရဲ့ အနာဂါတ်မကောင်းနိုင်ပါဘူး။ ၀င်ငွေနည်းပေမဲ့ ချွေတာစုဆောင်းတဲ့ မိသားစုအနာဂါတ် ကောင်းမှာပဲ ဖြစ်ပါတယ်။ တရုပ်ပြည်ကြီးနဲ့ စင်ကာပူနိုင်ငံ အနှစ်၂၀မှာ စီးပွားရေးအောင်မြင်တာ အစိုးရအုပ်ချုပ်သူများကောင်းခြင်း၊ မူဝါဒများကောင်းခြင်း နဲ့ ချွေတာစုဆောင်းခြင်း၊ တွေကြောင့် ဖြစ်ပါတယ်။

.
ဒါကြောင့် မြန်မာနိုင်ငံအတွက်တော့ တပ်မတော်နဲ့အင်အယ်ဒီပါတီ ၂ခု ပိုမိုစည်းရုံးစွာ ပူးပေါင်းဆောင်ရွက်ဖို့ အလွန့်အလွန် အရေးကြီးနေပါတယ်။ အရှင်းဆုံးရေးရရင် အင်အယ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် တို့နှစ်ယောက်အပေါ်မှာပဲ ၉၀% လောက် မူတည်နေပါတယ်။ အတိတ်ကို သခန်းစာယူပြီး ပျက်ရင် ချက်ချင်းပြင်ဆင်၊ တွေ့ဆုံဆွေးနွေး၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးများ စိတ်ဓါတ်ကို အမြဲနှလုံးသွင်းလုပ်ကိုင်သွားရင် အနှစ်၂၀ သာယာဝပြောတဲ့နိုင်ငံသို့ခရီးလမ်းဟာ မအောင်မြင်စရာမရှိကြောင်း သုံးသပ်လိုက်ရပါတယ်ခင်ဗျား။
.
ဇာနီကြီး
၁.သြဂုတ်.၂၀၁၇