Friday, June 2, 2017

အဂတိလိုက်စားမှု (လာဘ်ပေးလာဘ်ယူမှု) ကျဆင်းရန် အစိုးရရုံးများအတွက် လိုအပ်သော အရေးယူမှု၊ အမိန့်၊ ဥပဒေများ ချမှတ်ပေးပါရန် အစိုးရအား တိုက်တွန်းကြောင်း အဆို ၃၀.မေ.၂၀၁၇

အဂတိလိုက်စားမှု (လာဘ်ပေးလာဘ်ယူမှု) ကျဆင်းရန်အတွက် အစိုးရရုံးများနှင့် ပြည်သူလူထု ဆက်ဆံရေးပြေပြစ်ရန် အစိုးရုံးများက အကြောင်းပြချက်မခိုင်လုံဘဲ ရုံးချိန်းခဏခဏ မပြောင်းရန်အတွက် ထိန်းသိမ်းကြပ်မတ်ပေးရန် လိုအပ်သော အရေးယူမှု၊ အမိန့်၊ ဥပဒေများ ချမှတ်ပေးပါရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို မေ ၃၀ ရက်တွင် ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်သည်။
၎င်းအဆိုကို ကလေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက ပြီးခဲ့သည့် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးကာလအတွင်း တင်သွင်းခဲ့ပြီး အဆိုအပေါ် မေ ၃၀ ရက်က ကျင်းပသည့် အစည်းအဝေး၌ ကိုယ်စားလှယ်ခြောက်ဦးက ထောက်ခံဆွေးနွေး အကြံပြုခဲ့သည်။
.
အစိုးရဌာနဆိုင်ရာ ၀န်ထမ်းများ အထူးသဖြင့် ပြည်သူနှင်အများဆုံးဆက်ဆံရသော အုပ်ချုပ်ရေးမှုးရုံးများ၊ လ.၀.က၊ ပြည်သူ့ရဲ၊ က.ည.န၊ မြေစာရင်း၊ အခွန်ရုံး၊ စည်ပင် စသည့်ဌာနများအပြင် လုပ်ငန်းရှင်များအတွက် လိုင်စင်၊ ပါမစ်ရရှိရေး၊ သက်တမ်းတိုးရေး၊ အခွန်ဆောင်ရေးတို့အတွက် ပညာရေး၊ ကျန်းမာရေး အပါဝင် ဌာနဆိုင်ရာအားလုံး ပါဝင်သည်။
.
ထောက်ခံဆွေးနွေးချက်များအရ
၁။ လုပ်ပိုင်ခွင့်ရရှိထားသောကြောင့် လောဘမသတ်နိုင်သောဝန်ထမ်းများကို အရေးယူရန်၊
၂။ တာဝန်ခံမှုမရှိခြင်း
၃။ အလုပ်နှင့်ဝန်ထမ်းအင်အားမမျှမတ ဖြစ်နေခြင်း .. သုံးချက်ကို တွေ့ရှိရကြောင်း။ နံပါတ်(၁) လောဘမသတ်နိုင်သောဝန်ထမ်းများကို အရေးယူရန်၊ နံပါတ်(၂) (၃) ၀န်ထမ်းများကို ပံ့ပိုးပေးရန်ဖြစ်သည်။
.
ပြည်သူလူထု၏  ဗဟုသုတနည်းပါးသောကြောင့်၎င်း၊
ဌာနဆိုင်ရာမှ ကြိုးနီစနစ်ကြောင့်၎င်း လျှောက်လွှာမရှိ၊  လျှောက်လွှာမရေးတတ်၊ နောက်ဆုံး လာပ်ပေးမှရမည်ဆိုပြီး ပေးဖို့ပဲစဉ်းစားနေခြင်း စသည်အခက်ခဲများစွာကြုံတွေ့နေဆဲ ဖြစ်ကြောင်း၊ လာပ်ပေးအောင် အချိန်ဆွဲ၊ ရုံးချိန်းပြောင်း စသည့်လုပ်ရပ်များကြောင့် အဆိုတင်သွင်းရကြောင်း ဆွေးနွေးကြပါသည်။
.
အောက်ဖေါ်ပြပါ ဆောင်းပါးပေါင်းချုပ်စာအုပ်မှာ ၅နှစ်ကျော်ပြီ ဖြစ်သော်လည်း ယခုတိုင်ဖြစ်နေဆဲပင်။ ပြန်လည်ဖေါ်ပြလိုက်ပါသည်။ 

နေလင်း(သွား/ဆေး) စီစဉ်သည့် လာဘ်ပေးလာလ်ယူ စာအုပ်ငယ်မှ စစ်ဗိုလ်၂ဦးအတွေ့ကြုံ ( သောင်းဝေဦး၊ ချစ်နိုင်-စိတ်ပညာ)



 ကြုံခဲ့ဖူးသော လာဘ်ပေးလာဘ်ယူမှုများအကြောင်း
လာဘ်ပေးလာဘ်ယူမှုဆိုသည်မှာ တစ်ကမ္ဘာလုံး အရိုးစွဲနေသော ကိစ္စတစ်ခုဖြစ်၏။ ဟိုးရေSးပဝေသဏီက ပဒေသရာဇ်များခေတ်ကပါင် စတင်ခဲ့သည် ထင်ပါ၏။
ရှေးပုံပြင်တစ်ခုတွင် အခါတစ်ပါး၌ တံငါသည်တစ်ဦးသည် ဘုရင့်ထံ ငါးဝင်ဆက်သည်။ တံငါသည်ထံမှ ဆုငွေ တစ်ဝက်ပေးမှ ငါးဝင်ဆက်ခွင့်ပြုမည်ဟု တံခါးမှုးက ဆို၏။ လာဘ်တောင်းခြင်းပငါ။ တံငါသည်က သဘောတူမှ ခွင့်ပြုလိုက်သည်။ ဘုရင့်ထံ ငါးဆက်သပြီး ဘာဆုလိုချင်သလဲဟု ဘုရင်က မေးသောအခါ ကြိမ်ဒဏ် အချက် ၁၀၀ ရိုက်ပါရန် တံငါသည်က ဆုတောင်းတော့၏။ ဘုရင်က နားမလည်းနိုင်ပဲ တံငါသည်တောင်းသည့် ဆုကို ပေးလိုက်၏။ အချက် ၅၀ပြည့်သောအခါ 
    "ခဏရပ်ပေးပါဦး၊ ဆုတစ်ဝက် ခံစားမည့်သူရှိပါသေးသည်" ဟု တံငါသည်က ဆို၏။ "
  "ဘယ်သူလဲ" ဟုမေးတော့ ....... "တံခါးမှုးပါ" ဟု ဆို၏။ 
    ဤသို့ဖြင့် တံခါးမှုး ကြိမ်ဒဏ် အချက်၅၀ အရိုက်ခံရ၍ ရာထူးမှ ပြုတ်သွားပြီး တံငါသည် တံခါးမှုးရာထူး ရသွားလေသည်။ 

ဒါက ပထမဥပမာပါ။
ဒုတိယ ဥပမာကတော့ ရှေးဘုရာင်များ စစ်ခင်းကြသည့်အခါ ရှုံးသူက နိုင်သူကို နယ်မြေပေးရ၊ ရွှေငွေ ကျောက်သံပတ္တမြားပေးရ၊ သမီးပေးရနှင့် လာဘ်ထိုးကြရသည်။ ထိုအခါမှ နိုင်သူက ကျေနပ်တော့၏။ ဗြိတသျှရာဇဝင်၌ ဤကဲ့သို့ သမီးပေး၊ နှမပေး ရာဇဝင်များ ရှိခဲ့၏။ မြန်မာရာဇဝင်တွင်လည်း အင်အားကြီးသော ပဒေသရာဇ်များကို အင်အားငယ်သူက ရွှေပေး၊ ငွေပေး၊ သမီးပေး၊ ညီမပေးနှင့် ပေးခဲ့ကြပါသည်။ ဒါတွေဟာလည်း လာဘ်ပေးလာဘ်ယူတွေ မဟုတ်ဘူးလားခင်ဗျာ။ 
   ယခု ဒီဘက်ခေတ် ဒုတိယကမ္ဘာစစ်အပြီးတွင်လည်း နိုင်ငံအသီးသီး၊ အစိုးရအသီးသီး လာဘ်ပေးလာဘ်ယူမှုတွေ မကင်းပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံ ဦးနု ဖဆဖလ အစိုးရလက်ထက် ကာလတွင်လည်း ခြစားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ပို့ကုန်သွင်းကုန် ကိစ္စများ၊ OGL (OpenGeneral License) ကိစ္စများနှင့် ပတ်သက်၍ ဝန်ကြီးများ နာမည်တော်တော် ပျက်ကြ၏။ ထို့ကြောင့် ဝန်ကြီးချုပ်ဦးနုက အောက်ပါအတိုင်း ပြောခဲ့သည်။ 
    "စီမံကိန်းတစ်ခု လုပ်လိုက်တာနဲ့ ခြတောထဲ ထင်းရှုးပုံးတစ်လုံး ချပေးလိုက်သလို ဖြစ်တော့တာပါပဲ"
    ဝန်ကြီးချုပ် ဦးနုက သူ့ဖဆဖလ အစိုးရလက်ထက်၌ လူတစ်ကိုယ်၊ တိုက်တစ်လုံး၊ ငွေရှစ်ရာ၊ ကားတစ်စီး ဟု ကြွေးကြော်ခဲ့သည်။ သူသာ ပြုတ်သွားရော၊ သူ့စီမံကိန်းကြီး မအောင်မြင်ခဲ့ပါခင်ဗျား။ 
   ထို့နောက် ၁၉၆၂ခုနှစ်တွင် တော်လှန်ရေးကောင်စီအစိုးရ တက်လာသည်။ လုပ်ငန်းတွေအားလုံး ပြည်သူပိုင်သိမ်းလိုက်သည်။ ဘယ်သူမှ လုပ်စား၍ မရတော့။ လာဘ်ပေးလာဘ်ယူ အသံတိတ်သွားသည်။ တိတ်မှာပေါ့ဗျာ၊ ပေးစရာ ဘာမှမရှိတော့တာကိုး။ ပြည်သူလူထုက မွဲတေသွားပြီး။ ဖွတ်ကျောပြာစု၊ ခရုဆန်ကျွတ်ဖြစ်သွားတာကိုး။ ဆိုရှယ်လစ်စနစ်ကြီးက တစ်နိုင်ငံလုံးကို မွဲပြာကျစေခဲ့ပါသည်။ 

    ၁၉၈၈ခုနှစ်နောက်ပိုင်း န.ဝ.တ ၊ န.ယ.က ခေတ်၌ ပြည်သူပိုင်လုပ်ငန်းတွေ ပုဂ္ဂလိကကို ပြန်လွှဲခဲ့သည်။ စီးပွားရေးတွေ အထိုက်အလျှောက် ပြန်ဖွင့်ပေးသည်။ တည်ဆောက်ပြုပြင်၊ မြန်ပြည်တခွင် ဆိုပြီး လမ်းတံတားတွေ၊ အဆောက်အဦတွေ ဆောက်ကြ၏။ ကန်ထရိုက်တွေ ပေါ်လာသည်။ ခရိုနီတွေ ပေါ်လာ၏။ ထိုအခါ စီမံကိန်းတွေကို ရအောင် ကုမ္ပဏီတွေ အပြိုင်အဆိုင် ကြိုးစားကြ၏။ လာဘ်ပေးလာဘ်ယူတွေ ဖြစ်လာတော့သည်။ သိန်းရာနှင့်ချီ ပေးကြ၊ပြုကြသည်။ ဂါရဝပြုပါသည်။ လက်ဆောင်ပေးပါသည်ဆိုကာ အိမ်တွေ ကားတွေပါ ပေးလာကြသည်။ ဝန်ထမ်းတွေကလည်း ဟိုကနေသည်ပြောင်းချင်၊ ဒီကနေ ဟိုပြောင်းချင်၊ ဝန်ကြီးအဆင့်ထိ ချဉ်းကပ်ပြီး လာဘ်ထိုးကြသည်။ ဆရာဝန်တစ်ယောက် ရန်ကုန်ကနေ နယ်ပြောင်းရတာ မပြောင်းချင်တော့ သိန်း၅၀ ပေးလိုက်ရာ အဆင်ပြေသွားသည်ဟု ဆိုသည်။ လာဘ်ပေးလာဘ်ယူ ကိစ္စကို စကားလုံးလှလှနှင့် ဂါရဝပြုသည်ဟု ပြောလေ့ပြောထ ရှိကြ၏။ အကြီးပိုင်း ဂါရဝပြုရာ၌ ကားတစ်စီး၊ တိုက်တစ်လုံး၊ စိန်တဆင်စာ စသဖြင့် ကြားဖူးပါသည်။ နာမည်တပ်ပြီး သိတာတွေရှိပါသည်။ ဂုဏ်သိက္ခာအရ မပြောကောင်း၍ မပြောတော့ပါခင်ဗျား။ ဤသို့သာ အခြေအနေများတွင် ဌာနပေါင်း ၂၀ကျော်၊ အစိတ်နှင့် ဖွဲ့စည်းထားသော မြို့တော် စည်ပင်သာယာရေးကော်မတီကြီးလည်း ဘယ်လွတ်မလဲ။ ဒါမျိုးတွေရှိသည်ပေါ့ခင်ဗျာ။ ကျွန်တော်ကြုံဖူးခဲ့သည့် အသေးအမွှားကလေးများက စပြီးပြောပါရစေခင်ဗျား။ 
မြို့တော်စည်ပင်က အပေးအယူများ
    ပထမဆုံး ကျွန်တော် မြို့တော်စည်ပင်ရောက်တော့ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် လုပ်ငန်းကော်မတီ အစည်းအဝေးတက်ရသည်။ ထိုအစည်းအဝေးက ကော်မတီဝင် အရာရှိကြီးများကို တစ်ရက်လျင် လုပ်ငန်းလေး ငါးခု လိုက်စစ်ရ၏။ အချိုမှာ မြို့တော်စည်ပင်က တိုက်ရိုက်ဆောင်ရွက်ပြီး၊ အချို့က ကန်ထရိုက်တာလုပ်ငန်းအဖြစ် ချပေးပါသည်။ လုပ်ငန်းများမှာ အောက်ပါဌာနများမှ အများဆုံးဖြစ်၏-
   (က) လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများ
   (ခ) ကန်ထရိုက်ထာ ဆောက်လုပ်ရေးလုပ်ငန်းများ
   (ဂ) ရေသန့်ဌာနမှ သောက်သုံးရေရရှိရေးလုပ်ငန်းများ
   (ဃ) ဈေးများတည်ဆောက်ရေးလုပ်ငန်းမျာ
   (င) ပန်းဥယျဉ်လုပ်ငန်းများ
   (စ) ပွဲရုံတည်ဆောက်ရေးလုပ်ငန်းများ
   (ဆ) အဝေးပြေးဂိတ်တည်ဆောက်ရေးလုပ်ငန်းများ
         စသည်တို့ဖြစ်ကြ၏။ 
ကျွန်တော်တို့ စစ်ဆေးသည့် လုပ်ငန်းနှင့် ချပေးသည့် ငွေတန်၏။ မတန်၏။ မှန်၏။ မမှန်၏။ လို မလို စစ်ရသည်။ အချိုလုပ်ငန်းများ ပြန်ပြင်ခိုင်းရမည်။ တင်ပြတောင်းခံငွေများလျှင် ဖြတ်တောက်ပေးရသည်။ အဖြတ်မခံနိုင်သူများက သူတို့တင်တောင်းသည့်ငွေ မရမှာစိုး၍ လာဘ်ထိုးကြသည်။ ဟိုဟာပေး၊ သည်ဟာပေးကြသည်။ ပထမအကြိမ် လုပ်ငန်းစစ်တော့ ကျွန်ုပ် ရေသန့်လုပ်ငန်းလေးတစ်ခု သွားစစ်ရမည်။ လုပ်ငန်းတာဝန်ယူသူက ကျွန်တော့ကို ဂေါ့ဖ် ဖိနပ်တစ်ရံ လာပို့ပေးသည်။ လေးငါးသောင်း၊ တစ်သိန်းလောက် တန်သည်ဟု ထင်ပါ၏။ စစ်တပ်က ရောက်လာခါစ ခပ်အူအူ၊ ခပ်အအ ကျွန်တော်သည် ထိုဖိနပ်ကလေးကို ပြန်ပေးလိုက်သည်။ ထိုကိစ္စ နောင်နှစ်အတန်ကြာမှ ပြန်စဉ်းစားရင်း ရယ်မိပါသည်။ သူတို့ပေးတာက ဘာမှ မဖြစ်လောက်ပါ။ သူတို့၏ အမြတ်အစွန်းထွက်အောင် မရှိပါ။ ကြွေသီးအဆင့်သာ ရှိပါသည်။ 
    ပေးသည့်လက်ဆောင်များ မယူကြောင်း၊ သို့သော် ကျွန်တော်သည် အရက်သောက်ကြောင်း၊ သိသွားသူများက ကျွန်တော့ကို အရက်ပုလင်းများ လက်ဆောင်ပေးကြသည်။ ဂျော်နီဝါကာ အရက်ပုလင်းများ၊ ချီးဗာစ် အရက်ပုလင်းများ စသည့် အရက်အကောင်းစားများ တစ်ပတ် လေးငါးလုံးရ၏။ တစ်လလျှင် ၁၀လုံးအထက် လက်ဆောင်ရ၏။ မိသားစုအတွက် အဝတ်အစား၊ ပိုးလုံချည်များ၊ ချိပ်ထမီများ ရ၏။ ကျွန်တော့အတွက်ကတော့ ရံဖန်ရံခါ၊ စပို့ရှပ်များ၊ ရှပ်အကျီ င်္များ ပါလာတတ်ပါသည်။ ဒါတွေကို ကျွန်တော်လက်ခံပါသည်။ 
   ကျွန်တော်သည် ၁၉၇၂ခုနှစ် ဒီဇင်ဘာလမှ ၁၉၉၅ခုနှစ် ဒီဇင်ဘာလအထိ တပ်မတော်တွင် အနှစ်၂၀ကျော် ရမ်အရက်ကိုသာ သောက်ခဲ့ရသူဖြစ်ရာ ရမ်ကိုသာ နှစ်သက်နေ၏။ ရမ်ကတော့ အိမ်ကမိန်းမကြီးနှင့်တူသည်။ အချစ်ဦးပေါ့ခင်ဗျာ။ မြို့တော်စည်ပင်ရောက်မှ တွေ့ရသည့် အချစ်သစ် အကောင်းစားအရက်များကို မကြိုက်တတ်သေးပါ။ ထို့ကြောင့် ဂျော်နီဝါကားတစ်ပုလင်းကို ရမ်းငါးလုံးနှင့် လဲသောက်ရာ၊ တစ်လလျှင် အရက်အကောင်းစား လေး ငါး ဆယ် ပုလင်းခန့် ရောင်းစားခဲ့ပါသည်။ ထိုငွေကို စုထားပြီး၊ Y.C.D.C ရောက်၍ တစ်နှစ်ခန့်အကြာ၌ ရှစ်သိန်းပေးရသည့် Toyota Grande Mark Two တစ်ပတ်ရစ် ဆလွန်းကားတစ်စီး ဝယ်စီးနိုင်ခဲ့ပါသည်ခင်ဗျား။ 
   ကျွန်တော်သည် လည်မလိုလိုနှင့် အတော်အသူ ဖြစ်၏။ တရားသေနိုင်သူဖြစ်၏။ အကင်းမပါးသူဖြစ်၏။ စီးပွားရေးနားမလည်သူဖြစ်၏။ တစ်နေရာရောက်သော် ထိုနေရာ၌ သဟဇာတဖြစ်အောင် မနေနိုင်သူ၊ မနေတတ်သူဖြစ်၏။ မပြောသင့်၊ ပြောသင့် ချိန်ဆရခြင်းမရှိပဲ ထင်ရာမြင်ရာ၊ စွတ်ချွတ်ပြောတတ်သူဖြစ်၏။ ဟန်မဆောင်တတ်သူဖြစ်၏။ အရာရာကို စိတ်မရှည် သည်းမခံနိုင်သူဖြစ်၏။ ဆန္ဒစောသူလည်းဖြစ်၏။ အစွန်းရောက်သူဖြစ်၏။ အစွဲအလမ်းကြီးသူလည်းဖြစ်၏။ စစ်တပ်မှလာသူဖြစ်ရာ စစ်ယူနီဖောင်းကို အလွန်နှစ်သက်သူလည်းဖြစ်၏။
  မြို့တော်စည်ပင်ရောက်ပြီး တစ်နှစ်အကြာ၌ တပ်မတော်က X-list အရန်စာရင်းသွင်းထားရမှ၊ အပြီးအပိုင် အငြိမ်းစားပေးလိုက်သောအခါ ကျွန်တော်သည် အလုပ်သဘောအရ ယူနီဖောင်းအစိမ်းရောင်ချွတ်ပြီး၊ စည်ပင်ယူနီဖောင်း ကိုဝတ်ရတော့မည်ဖြစ်သည်။ ကျွန်တော်က မြို့တော်ဝန်ကြီးထံ သွားတွေ့ပြီး၊ စည်ပင်ယူနီဖောင်းအပြာ မဝတ်ချင်ကြောင်း၊ စစ်ယူနီဖေါင်း အစိမ်းကိုသာ ဆက်ဝတ်ခွင့်ပြုပါရန် တင်ပြတော့သည်။
    "ကျွန်တော့ကို ဘာအခွင့်အရေးမှ မပေးချင်နေပါ၊ ဒီတစ်ခုကိုတော့ ခွင့်ပြုပါ"
  မြို့တော်ဝန်ကြီးက သဘောမတူပါခင်ဗျာ။
   ကျွန်တော်တင်ပြတာ အကြောင်းရှိပါသည်။ Y.C.D.C တွင် တွဲဖက်အတွင်းရေးမှုး ဗိုလ်မှုးကြီးမြင့်အောင်သည် စစ်ယူနီဖောင်းဝတ်ဆင်နေဆဲဖြစ်၏။ သူ့ကိုတော့ မြို့တော်ဝန်ကြီးက အထူးကိစ္စရပ်အနေဖြင့် ခွင့်ပြုပေးခြင်းဖြစ်၏။ ဘောင်ဘီအစိမ်းတွေ ကြီးစိုးနေချိန်မှာ Y.C.D.C ကလည်း Colonel Uniform နဲ့ တစ်ယောက်တော့ ကျန်မှပေါ့ဟု ဆိုပြီး ချန်ထားခြင်းဖြစ်၏။ ဒါမှလည်း တန်းညှိလို့ရမှာကိုး။ အပြာရောင်ဝတ်ဆို ဘယ်သူကမှ သိပ်အရေးလုပ်တာမှ မဟုတ်တာ။ 
   ကျွန်တော်သည် တင်ပြချက်မအောင်မြင်သဖြင့် မြို့တော်ဝန်၏ အခန်းထဲမှာ အလေးပြုက ထထွက်ခဲ့၏။ ထိုအခါ မြို့တော်ဝန်ကြီးက ဘာသဘောပေါက်သွားသည် မသိ၊ နောက်မှနေပြီး လှမ်းပြောလိုက်သည် -
   "သိပ်ဝတ်ချင်လည်း ဝတ်..ဝတ်"   တဲ့။ 
    သို့ရာတွင် ကိစ္စက ဒါလောက်နဲ့မပြီးပါ။ ကျွန်တော့ကို ယူနီဖောင်းအစိမ်း ဝတ်ခွင့်ပြုသည့် ကိစ္စအား နိုင်ငံတော်အကြီးအကဲသို့ တင်ပြခွင့်ပြုချက်တောင်းခံရတော့သည်။ 
   "လိုအပ်ချက်အရ ဗိုလ်မှုးသောင်းဝေစု တပ်ကလာတဲ့ အရာရှိကလေးတွေကို တပ်ယူနီဖောင်း ပေးဝတ်ချင်ပါတယ်ခင်ဗျ" 
  "မင်းလိုတယ်ထင်ရင် ခွင့်ပြုလေကွာ"  
ဟု နိုင်ငံတော်အကြီးအကဲက ပြန်ပြောလိုက်သည်ဟု ဆိုသည်။ ဒါကို မြို့တော်ဝန်က ကျွန်တော့်ကို ပြန်မပြောပါ။ P.S.O ဆရာကြီးတင်ဝင်းမှ ပြန်ပြောခြင်းဖြစ်ပါသည်။ ကိုယ်က ကလေးလိုလို ဘာလိုလို လုပ်လိုက်ရော၊ မြို့တော်ဝန်ကြီးက နိုင်ငံတော်အကြီးကဲထံအထိ တင်ပြလိုက်ရပါသည်။ နောင်တွင် ကိုယ့်ဟာကိုယ် ပြန်စဉ်းစားတော့ အတော်မသိတတ်သား၊ ဆိုးဝါးသော ကျွန်တော်ပါလားဟု နောင်တရမိပါသည်ခင်ဗျား။
   ကျွန်တော် Y.C.D.C ရောက်ပြီး နှစ်နှစ်ခန့် ကြာသွားပါပြီ၊ ပိုင်ဆိုင်မှု တိုးတက်လာတာကတော့ တိုယိုတာ ဂရင်ဒီမတ်တူးကားလေး တစ်စီးသာဖြစ်သည်။ ကျွန်တော်နှင့် မတိမ်းမယိမ်း ပုဂ္ဂိုလ်များကတော့ ရွှေတွဲလွဲ၊ ငွေတွဲလွဲ၊ Pejero ကားများ၊ အိမ်သစ်ရာသစ်များ ပိုင်နေကြပါပြီ။ 
   တစ်နေ့ ညနေပိုင်း ရုံးချိန်တွင် မြို့တော်ဝန်ကြီးမှ ကျွန်တော့်ကို ဖုန်းဖြင့်ပြောစရာရှိလို့ လာခဲ့ပါဦးဟု လှမ်းခေါ်သည်။ ရောက်သွား၏။ ထိုင်တောင်မထိုင်ခိုင်းပါခင်ဗျာ။ အခန်းထဲမှာ ဘယ်သူမှမရှိပါ။ သူနှင့်ကျွန်တော် နှစ်ယောက်တည်းသာ ဖြစ်ပါ၏။ လူမရှိတုန်း လှမ်းခေါ်သည်ထင်ပါ၏။ တွေ့လျှင်တွေ့ချင်း အရင်းမရှိ၊ အဖျားမရှိဖြင့် -
   "ခင်ဗျား ဘာတွေလျှောက်လုပ်နေတာလဲ"
   " ကျွန်တော်ဘာတွေ လုပ်မိနေတာလဲခင်ဗျ"
   " အေး.. အဲဒါပြောမလို့။ ဒီမယ် ဗိုလ်မှုးသောင်းဝေ.. ဒါစစ်တပ်မဟုတ်ဘူး၊ မြို့တော်စည်ပင်၊ ပေးရင်ယူ၊ ကျွေးရင်စား၊ မတောင်းနဲ့၊ အဲဒါပဲ၊ သွားတော့"
   ကျွန်တော် ဘာမှမပြောရပဲ ပြန်ထွက်လာခဲ့ရပါသည်။ 
မြိုတော်ဝန်အိမ်နှင့် ကျွန်တော့အိမ် ကပ်နေသည်။ ကျွန်တော့်ဇနီးက မြို့တော်ဝန်အိမ် နေ့စဉ်ရောက်သည်။ မိသားစုနှင့်ပါ ရင်းနှီးခင်မင်သည်။ ထိုအခါ မြို့တော်ဝန်မိသားစုမှ ကျွန်တော် ပြုတ်မနူးဖြစ်နေသည့်အကြောင်း၊ လူရည်မလည်သည့်အကြောင်း၊ ပေးစာကမ်းစာများ မယူတတ်သည့်အကြောင်း စသည်များကို သိသွားသည်ထင်ပါသည်။ ထို့ကြောင့် မြို့တော်ဝန်ကြီးမှ ကျွန်တော့်အား အထက်ပါအတိုင်း ခေါ်ပြောသည်ထင်ပါ၏။
    ထိုအချိန်မှစ၍ ကျွန်တော်သည် သူပေးလူပေးများကို ဘာမှမပြောတော့ပါ။ ဘာလေးပေးပေး .. "အေး..အေး..ထားခဲ့..ထားခဲ့" ဟုသာ ပြောဖြစ်ပါတော့သည်ခင်ဗျား။

လာဘ်ပေးလာဘ်ယူ အများဆုံးဖြစ်သည့်နေရာများ
    မြို့တော်စည်ပင်တွင် လာဘ်ပေးလာဘ်ယူ အများဆုံးဖြစ်သည့်ဌာနများမှာ အောက်ပါအတိုင်းဖြစ်သည်။
(က) မြို့ပြမြေယာဌာန။  ဒီဌာနက မြေတွေကို စီမံခန့်ခွဲရသည်။ ရန်ကုန်မြေဈေးကလည်း အလွန်ကြီးလှပါ၏။ Downtown မြို့ထဲ၌ နေစဉ်ကပင် တစ်စတုရန်းပေလျှင် တစ်သိန်းအထက်မှာ ရှိခဲ့သည်။ ယခုဆို လေးငါးခြောက်သိန်း ဖြစ်နေပါပြီ။ ထို့ကြောင့် ပေ၄၀ ပတ်လည် စတုရန်းပေ ၁၆၀၀ ဆိုလျှင် သိန်း ၁၆၀၀ ဖြစ်၏။ ၁၉၉၅-၉၆ ခုနှစ်က သိန်း၁၆၀၀ ဇိမ်ခံကားအစီး ၊ ၁၀၀၊ ၂၀၀ ဝယ်၍ရပါသည်။ ကျွန်တော် ကားပွဲစားတန်းကိုင်ခဲ့ရစဉ်က Toyota Hilux ကား ၁၀စီး ဝယ်ခဲ့ရာ သိန်း၃၀သာ ကျသင့်သည်။ နောက် ၁၀နှစ်ကြာတော့ Hilux တစ်စီးကို သိန်း၁၀၀ ပျော့ပျော့ ပေးရတော့၏။ ၁၉၉၆ခုနှစ်က မန္တလေးမှ ပုဏ္ဍားလက္ခဏာဆရာ ဗားမား ရန်ကုန်လာရာ ငွေတစ်သိန်းပါလာသည်။ ကားဝယ်ပေးစမ်းပါဟု ပြောသည်။ Nissan Sunny အပြာရောင်းလေး တစ်စီး ဝယ်ပေးလိုက်သည်။ သုံးသိန်းပေးရသည်။ ကျွန်တော့်မိသားစုက ငွေတစ်သိန်း၊ ဗိုလ်မှုးကြီးအောင်ဖုန်း (သစ်တောဝန်ကြီး) မိသားစုက ငွေတစ်သိန်း ထည့်ဝင်ပြီး ထိုကားလေးကို ဝယ်ပေးလိုက်သည်။ ၁၀နှစ်ခန့်အကြာ ၂၀၀၆ခုနှစ်က ထိုကားလေးကို ပြန်ရောင်းရာ သိန်း၆၀ကျော်၊ ၇၀ ရသည်ဟု ဆိုပါသည်။ 
မြေယာကိစ္စ ဆက်ပါဦးမည်။
မြေယာကိစ္စများမှာ အလွန်ရှုပ်ထွေးလှ၏။ မြို့တော်စည်ပင်မှ ဂရန်အမည်ပေါက်ရေးမှာ နောက်ဆုံးအဆုံးအဖြတ် ဖြစ်လေသည်။ ဂရန်အမည်ပေါက်ရေးကို အဆင့်ဆင့် ကြိုးစားဖြတ်ကျော်ရသည်။ ဟိုပေး၊ သည်ပေး ပေးရသည်။ မြေယာပိုင်ဆိုင်မှုအတွက် အမှုတွေဖြစ်ရသည်။ စည်ပင်ပါတဲ့ဘက်က အနိုင်ရလေ့ရှိသည်။ ထို့ကြောင့် စည်ပင်မြေဌာနကို ချဉ်းကပ်ကြသည်။  အချိုက အထူးဂရန်ရအောင် လုပ်ကြသည်။ ဂရန်ထုတ်ပေးသူကလည်း ထုတ်ပေးသည်။ ဤသို့ဖြင့် မြေယာဌာနကြီးမှာ အမှုပေါင်းစုံကာ စားကြ၊ ဝါးကြ၊ ပြသနာတက်ကြနှင့် ရှင်းလို့မဆုံး ဖြစ်နေသည်။ ဤကိစ္စမျိုးကြောင့် တိုင်းမှုးအဆင့်၊ မြေယာဌာနမှုးအဆင့်တို့ ထွက်စာတင်ကြရသည်။ အချို့ သံတိုင်ကြားဝင်သွားကြသည်။ လောဘသားကောင်များဘဝ ရောက်ကြရသည်။ ယခင်ကရှိခဲ့သည်။ ယခုရှိသည်။ နောင်လည်း ရှိနေပါလိမ့်ဦးမည်။ ယနေ့ ဒီမိုကရေစီ အစိုးရခေတ်မှာလည်း မြေယာပြသနာများ ဟိုနေရာ စီကနဲ၊ ဒီနေရာ စီကနဲဖြင့် နေ့စဉ်ထုတ် ဂျာနယ်များတွင် အဆက်မပြတ် ပါနေသည် မဟုတ်ပါလားခင်ဗျာ။
အင်ဂျင်နီယာအဆေက်အဦဌာန။    သူ့ကို မြို့တော်စည်ပင်က ယာအုံဟုခေါ်သည်။ သူသည် အကောင်းစားဌာနဖြစ်၏။ လာဘ်အရွှင်ဆုံး ဌာနထဲတွင် ပါ၏။ သူသည် မြို့တော်ရန်ကုန် အဆောက်အအုံများအတွက် ဆောက်လုပ်ခွင့်ပေးရသည့် ဌာနဖြစ်၏။ အဆောက်အဦများတွင် ကန့်သတ်ချက် များစွာရှိ၏။ ဆောက်လုပ်ခွင့်၊ ပြင်ဆင်ခွင့်၊ အကြီးစားပြင်ဆင်ခွင့်၊ အသေးစားပြင်ဆင်ခွင့် စသဖြင့် ပုဒ်ထီး၊ ပုဒ်မများစွာ ရှုပ်ထွေးလှ၏။ အဆောက်အဦ၌ အောက်တွင် Basement ပါရမည်။ Car Park ပါရမည်။ ဘာဘာညာညာ လည်းရှိသေး၏။ အထူးသဖြင့် အထပ်မြင့် Sky Scraper ကြီးများ၊ ဟိုတယ်ကြီးများ ဆောက်လုပ်ရာတွင်ဖြစ်၏။ ဤတွင် ဆောက်လုပ်လိုသူများက မြို့တော်စည်ပင်မှာ ခွင့်ပြုချက်ရယူရပါသည်။ ခွင့်ပြုချက်နှင့် မကိုက်ညီ၍ စစ်ဆေးပြီးမှ ပြန်ဖျက်လိုက်ရသူများ၊ ရပ်ထားရသူများလည်း ရှိခဲ့ဖူးသည်။ ဒဏ်ကြေးပေးဆောင်၍ လွတ်သွားသောသူများလည်း ရှိသည်။ ဤသို့ဖြစ်အောင် လာဘ်ထိုးရသည်ဟု ဆိုပါ၏။ ကျွန်ုပ်ရောက်စ တစ်နှစ်၊ နှစ်နှစ်က ယာအုံ ကို အတွင်းရေးမှု ဗိုလ်မှုးကြီးကျော်ဝင်း ကိုင်ပါသည်။ ဗိုလ်မှုးကြီးကျော်ဝင်းက Flexible မဖြစ်ပါ။ အတော် သဘောထားတင်းမာပါသည်။ ထိုဌာန ကိုင်စဉ်က ကန်ထရိုက်တိုက်များ အတော်ခေတ်စားနေသည်။ အခန်းပေးအခန်းယူ စနစ်များ အလွန်ဖွံ့ဖြိုးနေစဉ်က ဖြစ်သည်။ တစ်ရက်တွင် အခန်းပေး၊ အခန်းယူစနစ်ဖြင့် ဆူးလေဘုရားနှင့်ကပ်လျှက် မဟာဗန္ဓုလလမ်းပေါ်ဆောက်သည့် တိုက်တစ်လုံး ပြသနာပေါ်သည်။ ကန်ထရိုက်က ၆ထပ်တိုက်ဆောက်ပြီး၊ အခန်း၁၂ခန်းရရာ၊ မြေပိုင်ရှင်က ငါးခန်းခွဲဝေယူကြရာ၊ အဝေမတည့်ဖြစ်၏။ အမှုဖြစ်ကြသည်။ အတွင်းရေးမှုးကို တိုင်၏။ အတွင်းရေးမှုးက Rigid ဖြစ်၍ ကိစ္စမပြတ်၊ နောက်ဆုံးတော့ ဒီအမှု မြို့တော်ဝန်ထံရောက်ပြီး အမှုသည်နှစ်ဦးနှင့် အတွင်းရေးမှုးတို့ကို မြို့တော်ဝန်ကခေါ်တွေ့သည်။ မြေရှင်က မြို့တော်ဝန်အထိ တက်တိုင်၍ဖြစ်သည်။ မြို့တော်ဝန်ကြီး ဘာမဆိုခေါင်းအေးအေးနှင့် ဖြေရှင်းသူဖြစ်သည်။
"ကဲ.. မြေရှင်ကြီး... ခင်ဗျားအခန်း ခြောက်ခန်းရရင် ကျေနပ်မလားဗျာ"
" ကျေနပ်ပါတယ် မြို့တော်ဝန်ကြီး"
" ဒါဆို ခင်ဗျားတို့ဆောက်လုပ်ရေး Plan စီမံချက်နဲ့ Blue Print ကျွန်တော့ကိုပေး၊ Case File ပါပေး"
Case File အား အတွင်းရေးမှုးမှ မြို့တော်ဝန်ကြီးလက်ထဲ အပ်လိုက်သည်။ မြို့တော်ဝန်ကြီးမှ အောက်ပါအတိုင်း ရေး၍ ကိစ္စကို ဖြတ်လိုက်၏။
"အဆာက်အဦးအား ခုနှစ်ထပ်ဆောက်ခွင့်ပြုသည်။ အပေါ်ဆုံးထပ်မှ အခန်း၂ခန်းအား ကန်ထရိုက်တာမှ တစ်ခန်းယူရန်နှင့်၊ မြေရှင်မှ တစ်ခန်းယူပါရန်"
ဤတွင် ကိစ္စပြတ်သွားတော့၏။ အတွင်းရေးမှုးက ဆူးလေဘုရားနှင့် နီးသဖြင့် ခုနှစ်ထပ်မပေးပဲ ခြောက်ထပ်သာ ပေးရာက ဤပြသနာစခဲ့ခြင်းဖြစ်သည်။ ကန်ထရိုက်တာကလည်း အတွင်းရေးမှုးနှင့်ရင်းနှီးသည်ဟု ဆိုသည်။ သို့ရာတွင် မြို့တော်ဝန်ကြီးက သူ့ ဗီတို အာဏာနှင့်အဆုံးအဖြတ်ပေးလိုက်ရာ ထိုကိစ္စ အားလုံးကျေနပ်ပြီး ပြေလည်သွားပါတော့သည်။ ထိုအခါ ဟိုလူက လာဘ်ထိုး၊ ဒီလူက လာဘ်ထိုးနှင့် အပြိုင်အဆိုင်၊ အပြန်အလှန် လာဘ်ထိုးကြပါသည်။ ငွေများသည့်ဘက်က တရားနိုင်သည်ဟု သိရပါသည်။ ဒီလိုကိစ္စမျိုးတွေကြောင့် အစားမတော်တလုပ်၊ အသွားမတော်တစ်လှမ်း၊ တာဝန်မှ ရပ်စဲခံရသူများ အများကြီးရှိခဲ့၏။ ဌာနမှုးအဆင့်မှ အောက်ခြေအဆင့်ထိ ဖြစ်ပါ၏။ နောင်တွင်လည်း ရှိနေဦးမည်ဖြစ်ပါသည်။ လောဘသားတွေ မဟုတ်ပါလားခင်ဗျား။ 
အခွန်ဌာန။   အခွန်ဌာနသည်လည်း လာဘ်ပေးလာဘ်ယူတွင် မညံ့သောဌာနဖြစ်၏။ သူ့တွင် ပေးစရာ၊ ကမ်းစရာများ ပေါများလှ၏။ အခွန်ဌာနအောက်တွင် အဝေးပြေး ယာဉ်ရပ်နားစခန်းကြီးများ၊ ပွဲရုံတနးကြီးများ၊ မြို့အဝင်အထွက် အခွန်ကောက်စခန်းကြီးများ၊ အနှေးယာဉ်လိုင်စင်ချထားပေးခြင်များ အစုံရှိသည်။ အောင်မင်္ဂလာအဝေးပြေးဝင်း၊ ဒဂုံးဧရာအဝေးပြေးဝင်း၊ ဘုရင့်နောင်ပွဲရုံတန်း၊ မြို့အဝင်အပေါက်ကြီးခြောက်ပေါက်မှ မြို့ဝင်ကြေးကောက်ခံမှု ဂိတ်များ အများကြီးနှင့်အမျိုးစုံဖြစ်သည်။ ပွဲရုံတန်းကြီးထဲ၌ အဆောက်အဦး ဆောက်လုပ်ခွင့်များတင်ကြသည်။ အဝေးပြေးဝင်းကြီးများထဲ၌ ဆောက်လုပ်ရေးကိစ္စများ ဆောင်ရွက်လိုကြသည်။ ထိုအခါ လုပ်ပိုင်ခွင့်ရှိသူများကို လာဘ်ထိုးချဉ်းကပ်ကြသည်။ ထိုဌာနကို ကျွန်တော်ကိုင်ရပါသည်။ ကျွန်တော့ကိုလည်း ချဉ်းကပ်သူများ ရှိပါသည်။ ကျွန်တော်က ပြသနာအကြီးအကျယ် မငြိမ်းဖွယ် ဖြစ်မှာစိုး၍ ဌာနမှုးများကိုသာ တာဝန်ပြန်ပေးခဲ့ပါသည်။ စားရတာနည်းနည်းနှင့် သိပ်စိတ်ညစ်မခံချင်ကြပါ။ ကြောက်တာလည်း ပါပါသည်။ 
မြို့အဝင်ဂိတ်များမှာ မြို့ဝင်လာသော ကားများကို ပိုက်ဆံကောက်ခြင်းဖြစ်၏။ ကားကြီးများကို တန်ပိုချိန်၍ တန်ပိုကြေးကောက်သည်။ ဝင်ငွေအလွန်စည်သော နေရာများဖြစ်၏။ ထို့ကြောင့် စည်ပင်အလုပ်လာလျှောက်သူများက 'အခွန်ဌာန သွားချင်ကြောင်း' ကိုသာ စပြောကြ၏။ တိုင်းပြည်အတွက် မြို့တော်ကြီးအတွက် မဟုတ်ပါ။ အခွန်ဌာန၏ နေ့စဉ်ကောက်ခံကြေးထဲမှာ Suplus Money များကို လိုချင်ကြ၍ ဖြစ်ပါ၏။ ဝန်ထမ်းများ တစ်နေ့ နှစ်ထောင်၊ သုံးထောင် ရကြ၏။ ဝင်ငွေက တစ်ရက်တစ်ရက် လေးငါး၊ ဆယ်သိန်းရရာ၊ လေးငါးသောင်းခန့် ရော့သွားလည်း ပြသနာမရှိနိုင်သောကြောင့် ဖြစ်သည်။ ဤကိစ္စကြီးသည် နောင်တွင် ပြသနာကြီးဖြစ်သွားရပြီး ကျွန်တော့ကိုပါ အချိန်မစေ့မီ တာဝန်မှရပ်နားစေသည်အထိ အမှုပတ်လာခဲ့ပါသည်။ အလျှဉ်းသင့်သည့်အခါ သီးခြားဖေါ်ပြပါမည်။ 
အထက်ဖေါ်ပြပါ ဌာနကြီး (၃)ခုမှာ မြို့တော်စည်ပင်တွင် လာဘ်ပေးလာဘ်ယူ နာမည်ကြီးသော ဌာနများ ဖြစ်ပါ၏။ ကျန်ဌာနတွေရော မရှိဘူးလား မေးလာပါက ရှိသည်သာဖြစ်ပါ၏။ သူတို့က Big Scale မဟုတ်၊ Small Scale သာဖြစ်၍ လာဘ်ပေးလာဘ်ယူ အတော်နည်းသော အခြားဌာနများဖြစ်ပါ၏။ 
အနည်းဆုံးဌာနမှာကား ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနဖြစ်ပါသည်။ ဝန်ထမ်းများကလည်း စာလုံးဝမတတ်သူများ ပါဝင်ပါသည်။ သူတို့သည် ရန်ကုန်တစ်မြို့လုံး မြို့နယ် ၃၃ မြို့နယ်တွင် တစ်မြို့နယ်လျှင့် တပ်ခွဲတစ်ခွဲဖြင့်သာ အမှိုက်များ လိုက်ကျုံးရ၊ လိုက်ကောက်ကြရသည်။ တပ်ခွဲတစ်ခွဲမှာ လူ ၆၀၊ ၇၀ သာ ရှိသည်။ ကားဖြင့် အမှိုက်ကျုံးသည်။ လက်တွန်းလှည်းများဖြင့် အမှိုက်ကျုံးသည်။ သူ့ဌာနတစ်ခုတည်းမှာပင် ဝန်ထမ်းပုံသေ နေ့စားအပါအဝင် အင်အား ၅၀၀၀ ခန့်ရှိ၏။ ထိုလူငါးထောင်နှင့် မော်တော်ကား အစီးလေးငါးဆယ်မှာ ရန်ကုန်မြို့ကြီး လူဦးရေ လေး၊ ငါး၊ ခြောက်သန်း နေ့စဉ်စွန့်ပစ်နေသည် အမှိုက်တန်ချိန် ၁၅၀၀၊ ၂၀၀၀ ခန့်ကို တစ်နေ့တည်းနှင့် ကုန်အောင်မကျုံးနိုင်ပါ။ အမှိုက်ပုံးများလည်း ကြောက်စရာကောင်းလောက်အောင် တစ်နေ့တစ်ခြား ကြီးမားလာသည်။ ပြည်သူတွေကလည်း ပြည်သူ့နီတိ နားမလည်ကြပါ။ အမှိုက်ကို စွန့်ပစ်ချင်သလို စွန့်ပစ်နေကြပါသည်။ ရန်ကုန်တွင် နေရာတကာ ပလပ်စတစ်အမှိုက်များကသာ လွှမ်းမိုးနေသည်။ ရှင်းလိုက်၊ ပြန်ရှုပ်လိုက်နှင်ဖြစ်နေသည်။ ထို့ကြောင့် ပင်ပမ်းပြီး၊ ငွေမရသော ထိုသန့်ရှင်းရေးဌာနသို့ ဘယ်သူမှ မသွားချင်ကြပါ။ 
စည်ပင်သာယာ အလုပ်လျှောက်သူများက သာမန်ပညာတတ်ဆို မြေယာ သွားချင်ကြသည်။ မြေယာမှာ အကြံဖန်ရှိသည်။ အကြံဖန်မိသည်။ အင်ဂျင်နီယာဆိုပါက ယာအုံ သွားချင်ကြသည်။ ပြီးမှ လမ်းတံတား သွားချင်ကြသည်။ လမ်းတံတားဌာနက အပြင်ကန်ထရိုက်မရှိ၊ ဝန်ထမ်းများ မိမိအစီအစဉ်ဖြင့် မိမိဘာသာ လုပ်ကြရသည်။ နိုင်လွန်ကတ္တရာလမ်းများ၊ ကွန်ကရစ်လမ်းများ၊ တံတားကြီးများ ဆောက်လုပ်ရသည်။ ခင်းကျင်းကြသည်။ သူတို့သည်လည်း Big Scale ပါပဲ။ ပင်တော့ပင်ပမ်းလှပါသည်။ သို့ရာတွင် သူတို့အတွက် ကျန်ပါသည်။ စီမံကိန်းက ၂၀%၊ ၃၀% ပိုတင်ထားရသည်။ Wastage ပြထားရသည်။ မြို့တော်စည်ပင်၏ တစ်နှစ်ဝင်ငွေ၏ တစ်ဝက်ခန့်ကို လမ်းတံတားဌာနက သုံးနေရသည်။ ထို့ကြောင့် အပေးအယူ ကိစ္စများတွင် လမ်းတံတားဌာနသည်လည်း လူမသိ၊ သူမသိ Function ဖြစ်နေသည့် ဌာနဟုဆိုသော် ရပါ၏။
    သန့်ရှင်းရေးဌာနအကြောင်း ဆက်ရေးပါဦးမည်။
    သန့်ရှင်းရေးဌာနသည် အခြားဌာနများနှင့်စာသော ဝင်ငွေအပိုမရှိပုံကို ကျွန်တော်နှင့် အတူနေဖူးသည့် ဗိုလ်မှုးသူရခင်မောင်လတ်က အောက်ပါအတိုင်း ဆန္ဒဖော်ထုတ်ခဲ့ဖူးသည်။ 
    သူသည် ထိုဌာနတွင် ဒုဌာနမှုးဖြစ်၏။ တစ်မြို့လုံး အမှိုက်တွေ ကျုံးသည့်ကို လက်လံစီစစ်ရ၏။ မြို့ပတ်ပြီး လိုက်ကြည့်ရ၏။ အတော်မောပါသည်။ မောသော်လည်း ဘာမှ အပိုဝင်ငွေမရပါ။ အမှိုက်ကိစ္စလည်း မကြာခဏ တိုင်စာတောစာ၊ သတင်းစာမှ လူထုအော်သံတို့တွင် ပါတတ်သဖြင့် ဌာနမှာ အမြဲပြသနာရှိနေပါသည်။
   သူသည် ကွမ်းအမြဲစား၍ လူက ခေါင်းတုံးနှင့်ဖြစ်၏။ 
   တစ်နေ့တွင် မြို့တော်ဝန်ကြီးက သူ့တပ်ရင်းမှုးဘဝ သူ့တပ်ရင်း၌ တပ်စုမှုးလုပ်ခဲ့သည် ဗိုလ်မှုး သူရခင်မောင်လတ်အား ကွမ်းတဝါးဝါး ခေါင်းတုံးပြောင်ကြီးနှင့်တွေ့ရာ -
   "ဟေ့.. ဖိုးခင်မောင်လတ်..ကွမ်းတွေ ဝါးလို့ပါလားကွ"
   "ဟုတ်ကဲ့ .. ဘာမှဝါးစရာမရှိလို့ပါခင်ဗျ"
   "မောင်ရင် ခေါင်းတုံးကြီးလည်း ရိတ်ထားလို့ပါလား"
   မြို့တော်ဝန်က ခေါင်းတုံးရိတ်ထားသည်ကို ကြည့်မရပါ။
   "ဟုတ်ကဲ့ ရိတ်စရာမရှိလို့ပါခင်ဗျ"
   သူ့စကားကြောင့် အားလုံးပြုံးကြရပါသည်။ မြို့တော်ဝန်ကြီးကလည်း ပြုံးသွားပါ၏။ သန့်ရှင်းရေးဌာနမှာ အထက်ပါအတိုင်း စားစရာ၊ ဝါးစရာ အတော်ရှားပါးသော ဌာနဖြစ်ပါ၏။

လာဘ်ပေးလာဘ်ယူနည်း အမျိုးမျိုး
လာဘ်ပေးလာဘ်ယူနည်း အမျိုးမျိုးရှိပါသည်။ ဗြောင်ပိုက်ဆံပေးသည့် နည်းလည်းရှိသည်။ ဘဏ်ငွေစာရင်းထဲ ထည့်ပေးသည့်နည်းလမ်းရှိ၏။ မိသားစုကို ပေးသည့်နည်းလမ်းလည်းရှိ၏။
   ငွေပေးသည်လည်းရှိ၏။ စိန်ရွှေရတနာ ပေးသည်လည်း ရှိ၏။ ကားပေးသည်လည်း ရှိ၏။ အိမ်ပေးသည်လည်း ရှိ၏။ 
   ဤနေရာတွင် လွန်ခဲ့သော အနှစ်၂၀ကျော်က လူကြီးတစ်ဦး သမီးမင်္ဂလာဆောင်ကို ကျွန်တော်သွားခဲ့ဖူးသည်။ သတို့သမီးမှာ ယခုအငြိမ်းစား ဒုဗိုလ်ချုပ်ကြီးတစ်ဦး သမီးဖြစ်သည်။ မင်္ဂလာဆောင်မှာ ညတွင် Wedding Dinner ဖြင့် တွဲပြီးလုပ်သည်။ မင်္ဂလာဧည့်ခံပွဲကို မြက်ခင်းပြင်မှာ ကျင်းပသည်။ သတို့သမိးလေးမှာ ကျွန်တော်တို့ဇနီးမောင်နှံနှင့် ဆွေမျိုးလို ဖြစ်နေသဖြင့် အချိန်အတော်ကြာ လာစကားပြောနေ၏။ ဧည့်ခံပွဲလာသူများက Dinner အပြီး၌ သတို့သမီးလေးထံ တစ်ဦးပြီးတစ်ဦး လာ၍ သတို့သမီးလက်ထဲသို့ ဆယ်ပြားစေ့လေးများ တစ်ခုပြီးတစ်ခု လာထည့်ပေးသွားကြသည်။ လေးငါးဆယ်စေ့လောက် ရှိမည်ထင်၏။ သတို့သမီးလေးက ထိုဆယ်ပြားစေ့လေးများကို လက်ထဲမှာ ဆုပ်ထား၏။ 
    ကျွန်တော်က အမှောင်ရိပ်တွင် ဆယ်ပြားစေလေးများကို ဝိုးတဝါး လှမ်းကြည့်ပြီး ဇနီးသည်အား -
    "ဘာကိစ္စ ဆယ်ပြားစေ့လေးတွေ ပေးသွားရတာလဲဟင်" ဟုမေးမိ၏။ 
   ထိုအခါ ဇနီးသည်က -
   "ကို ကလည်း အ ရန်ကော။ ဘယ်ကလာ ဆယ်ပြားစေ့ ဟုတ်ရမှာလဲ၊ ကားသော့တွေ၊ ကားလက်ဖွဲ့သွားတာလေ"
   " သြော်"
   ဒါမျိုးတွေလည်း ကြုံခဲ့ဖူးပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း Y.C.D.C မှာ ကားတစ်စီး၊ နှစ်စီး ရခဲ့ဖူးပါသည်။ ကြောက်၍ ဒီနေ့လာပို့သွားသည်ကို နောက်နေ့ပြန်ပေးလိုက်ပါသည်။
  လာဘ်ပေးလာဘ်ယူ ကိစ္စများမှာ ရေးရင် ရေးကုန်မည်မဟုတ်ပ။ ပေးသူတွေက လိုအပ်ရင် အနုအလှလေးတွေနဲ့ သမုဒယလေးတွေတောင် ရှာပေးပါသည်။ ဒီကိစ္စကိုလည်း အလျဉ်းသင့်သည့်နေရာတွင် ရေးပါဦးမည်ခင်ဗျား။
   ဒါကလည်း အဆန်းတော့မဟုတ်ပါ။ ရှေးဘုရင်များလက်ထက်ကတောင် သမီးပေး၊ အစ်မပေး၊ နှမပေး၊ ခယ်မပေး လုပ်ခဲ့ကြသေးတာမဟုတ်လားခင်ဗျာ။ ဤသည်မှာ Y.C.D.C မှာ ကျွန်တော်ကြုံခဲ့ဖူးသည့် လာဘ်ပေးလာဘ်ယူ ကိစ္စများပါခင်ဗျား။ 
သောင်းဝေဦး
 

**********************

လာဘ်ပေးနှင့်လာဘ်ယူတဲ့လား - ချစ်နိုင်(စိတ်ပညာ)
သြဂုတ်လအတွင်း နိုင်ငံကူးလက်မှတ်၏ အမှတ်စဉ် (နံပါတ်) အမြန်ပို့ပေးပါဟု ဖိတ်ကြားထားသော အဖွဲ့အစည်းက တောင်းလာသည်။ စက်တင်ဘာလအတွင် ဟောပြောမည့်ခေါင်းစဉ်နှင့် အကျဉ်းချုပ်ကို ပို့ပေးပါဟု ဆိုသည်။ ဆွေးနွေးပွဲက အောက်တိုဘာလ (သီတင်းကျွတ်လပြည့်) မှာမှ ဖြစ်သည်။ ရှိပါစေ။ ဖြစ်နိုင်လောက်ပါသည်။ ဖြစ်အောင်လုပ်ရပါမည်။ 
စာတမ်းအကျဉ်းချုပ်က တစ်လအတွင်းပြုစုရေးသားလို့ရပါ၏။ အခက်အခဲမရှိ။ အီးမေးနှင့်ပို့ရမှာဖြစ်၏။ နေ့ချင်းရောက်သွားမှာဖြစ်သည်။ ပြသနာမရှိ။
ခက်တာပဲ
သြဂုတ်လအတွင်း Passport အမှတ်စဉ် ပို့ပေးပါဆိုတာကတော့ ယခုပဲ သြဂုတ်လ စတ္တုထပတ်ရောက်နေပြီ။ ဒုက္ခ။ ပြည်ထဲရေးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့က နိုင်ငံကူးလက်မှတ်ကို ဆယ်ရက်လောက်ကြာမှ ရနိုင်သည်ဟု အပြင်ကကြားသိထားမိသည်။ ပတ်စ်ပို့အမှတ်စဉ်ကို ဆယ်ရက်အတွင်းရလာအောင် ကြိုးစားဖို့ကိစ္စသည် မိမိ၏ခေါင်းပေါ်ကျလာသည်။ ပတ်စ်ပို့အနီရောင်ဖြင့် နိုင်ငံခြားသို့ တစ်ခါမှမသွားခဲ့ပေး။ နိုင်ငံတော်ကစေလွှတ်သော တာဝန်ဖြင့် အစိမ်းရောင်ပတ်စ်ပို့နှင့်သာ ခရီးသွားလာခဲ့၏။ မိမိလည်း ဓါတ်ပုံလေး အရိုက်ခံပေးရုံမှအပ ဘာမှ ကိုယ်တိုင်မလုပ်ရ။
ယခင်အခါက
တပ်မတော်ဗိုလ်မှုးဘဝ ပြည်ပသို့ပညာတော်သင်သွားရဖူးသည်။ လေ့ကျင့်ရေးညွန်ကြားရေးမှုးရုံးက နိုင်ငံခြားရေးရုံး၊ ပြည်ထဲရေးရုံးများသို့ အားလုံးလိုက်ပါလုပ်ဆောင်ပေးသည်။ တပ်ကြပ်ကြီးစာရေးက လုပ်စရာရှိသမျှ အကုန်စီစဉ်၏။ မိမိက လက်မှတ်ထိုးရမည့်နေရာမှာ လက်မှတ်ထိုးရုံသာ၊ လွယ်ကူပါ၏။
တပ်မတော်အစိုးရလက်ထက်မှာ တပ်မတော်အရာရှိ ပညာတော်သင် နိုင်ငံခြားသွားရန်ကိစ္စမို့လားမသိ၊ အထစ်အငေါ့တစ်ခုမှမရှိ။ နိုင်င့ကူးလက်မှတ်၊ ပြည်ဝင်ခွင့်ဗီဇာ၊ ခရီးသွားလာခွင့်အမိန့်။ ဒေါ်လာငွေလဲလှယ်ခြင်း (ထိုစဉ်က နိုင်ငံခြားငွေလဲလှယ်ပေးသောဘဏ်) စသည့် ကောင်တာများ၊ စားပွဲများသည် ဘာ လာဘ်လာဘ တစ်ပြားတစ်ချပ်မှ ပေးစရာမလို၊ သူ့နေရာနှင့်သူ တစ်ရက်ခွာချိန်းတာပဲရှိ၏။ နှစ်ရက်ကြာမှလာခဲ့ပါ ဆိုသောနေရာလည်းရှိ၏။ တစ်ပတ်ကြာမှ လာမေးပါ ဆိုသော ရုံးဌာနည်းရှိ၏။ 
     ခေါ်ထားသည့်နေ့ သွားတွေ့ရုံပဲ။
    အခက်အခဲမရှိ၊ နှောင့်နှေးကြံ့ကြာမရှိပါ။ 
   ဘယ်သူမှလည်း ထစ်ခြင်း၊ ရစ်ခြင်း၊ ညှစ်ခြင်း၊ မရှိခဲ့၊ ၁၉၉၀ ဆီက။

အဆင်ပြေလှ
(၁) တပ်မတော်အရာရှိမို့ ကျောက်ခဲကိုနို့ညှစ်လို့မထွက်နိုင်လောက်တာ သိပြီးသား
(၂) မိမိက သည်းခံသည်။ စိတ်ရှည်သည်။ ချိန်းဆိုတာကိုလည်း လိုက်နာသည်။ မျက်နှာချိုသည်။ ထစ်စရာအပြစ်ရှာမတွေ့၊ ရှင်း၏။
(၃) မိမိအမည်ကို ကြည့်၍ ဗိုလ်မှုးချုပ်ချစ်နိုင်ဆိုတာ စာရေးတဲ့ ချစ်နိုင်(စိတ်ပညာ)လား ဟု အရာရှိ၊ တာဝန်ခံ၊ မန်နေဂျာ စသည့်ပုဂ္ဂိုလ်တို့က မေးတတ်သည်။ ဟုတ်ပါတယ်.. ဟု ဖြေလိုက်သည့်အခါ စာရေးဆရာဆိုပြီး စေတနာသဒ္ဓါပေါက်က ချောမောအောင် ကူညီဆောင်ရွက်ပေးကြပါ၏။

ပုလင်းမတောင်း
ကျွန်တော်သည် လာဘ်ပေးရကောင်းမှန်းမသိ၊ မိမိဖြတ်သန်းခဲ့ရဖူးသော ရုံးများ၊ ဌာနများ၊ စားပွဲများကလည်း မိမိအား ဘယ်သူမှ လဘက်ရည်ဖိုးဖြစ်စေ၊ ဝီစကီပုလင်းဖိုးဖြစ်စေ မတောင်းခံခဲ့ဘူးချေ။ စာရေးဆရာ ဟူသော ကလောင်၏ဂုဏ်သိက္ခာသည် မိမိထင်မှတ်ထားသည်ထက် ပိုမိုမြင့်မားကြောင်း လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်ကျော်ကပင် ကိုယ်တွေ့သိရှိနားလည်ခဲ့ရပေသည်။ ရိုးဂုဏ်။
တရုပ် ဂျပန်၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား နိုင်ငံများသို့ ခရီးသွားခဲ့ဖူးသည်။ တရုပ်ပြည်သို့ သုံးခေါက်၊ ဂျပန်ပြည်သို့ သုံးခေါက်၊ ထိုင်းသို့သုံးခေါက် စသည်ဖြင့် ပြည်ပခရီးများ အကြိမ်ကြိမ် သွားရောက်ခဲ့သော်လည်း တစ်ကြိမ်တစ်ခါမှ အထစ်အငေါ့မရှိ၊ မည်သူ့ကိုမှလည်း ဘာတစ်ခုမှ လာဘ်ထိုးရခြင်း၊ စားပွဲအောက်မှပေးခဲ့ရခြင်းမျိုးမရှိ၊ ဘာပစ္စည်းမှ မပေးခဲ့ရဘူးပေ။ လူကြီးခရီးစဉ်ဖြစ်စေ၊ မိမိတစ်ယောက်တည်းသွားခဲ့သော ခရီးဖြစ်စေ လာဘ်ပေးရခြင်း ကင်း၏။
မိမိကလည်း အခွင့်အရေးပိုယူတာ မရှိခဲ့။

မဝါးရဲကြ
ပတ်စပို့ အစိမ်းရောင်စာအုပ်ကိုင်ထားသဖြင့် အဆင့်မြင့်အရာရှိကြီးမှန်း သိကာ မစားကောင်းသော အသီးဆိုပြီး မကိုက်ပဲ၊ မဝါးပဲ ရှောင်ကြခြင်းဖြစ်ချင်ဖြစ်မည်။
နောက်တစ်ချက်က "စာရေးဆရာကို သွားပြီး လာဘ်တောင်းရင်၊ ကလောင်သွားနဲ့များ ကလောလိုက်ရင်၊ ငါတို့ကွိသွားမယ်ဟ" ဆိုပြီး လန့်သောကြောင့် မိမိကို ဝေးဝေးရှောင်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါ၏။
သူများကို မိမိက မပေးခဲ့ရသဖြင့် မိမိယူလျှင်ရသော အခြေအနေမျိုးမှာ မိမိက သီလစောင့်၏။ လုံးဝမယူ။ 

ကိုယ်ကျင့်သီလ
အလုပ်ခန့်ပေးနိုင်ခွင့်ရှိသော ဌာနဆိုင်ရာအကြီးအကဲတစ်ယောက် အနနှင့် မည်သူ့ဆီကမှ ငွေကြေးသော်လည်းကောင်း၊ ဆီပုံး၊ ဆန်အိတ် စသည့် ဒေသထွက်ပစ္စည်းလက်ဆောင်သော်လည်းကောင်း မယူခဲ့။ ၁၁နှစ်တာ ကာလအတွင်း မိမိကွပ်ကဲ တာဝန်ခံရသော ဌာနကြီးတစ်ခုလုံးအတွက် ဝန်ထမ်းအသစ် ၁၈၀၀ ကျော်မျှ မိမိစိစစ်ခန့်ထားပေးခဲ့၏။ မည်သူ့ဆီကမှ ဘာမှမယူ။
ရာထူးအဆင့်ဆင့် ဌာနအတွင်းမှာ တိုးမြှင့်ခန့်ထားခွင့် မိမိက တာဝန်ခံရ၏။ ဘုတ်အဖွဲ့ဖြင့် သမာသမတ်ကျစွာ အကဲဖြတ်ရွေးချယ်ပြီး၊ ရာထူးတိုးမြှင့်ပေးခဲ့၏။ မျက်နှာလိုက်ခြင်း၊ မသမာမှု၊ မတရားမှုတစ်ခုမှ မရှိခဲ့။ တိုင်စာပစ်စာ တစ်စောင်မှ မိမိအပေါ် စွပ်စွဲမှုမရှိခဲ့၊ ကင်းရှင်း၏။
ကျေးဇူးတင်လို့၊ ကိုယ့်ဆရာသမားမို့ သီတင်းကျွတ်မှာ ပုဆိုးလေး၊ ငါးခြောက်ပြားလေး သို့မဟုတ် ဘဲဥဆယ်လုံး၊ ဆယ့်ငါးလုံး၊ စေတနာရှိ၍ သူတတ်နိုင်သမျှ လာကန်တော့လျင် လက်ခံ၏။ ဆုပေး၏။ ဆင်းရဲနွမ်းပါးသော ဝန်ထမ်းအချို့ဆိုလျှင် သူက တစ်ထောင်ဖိုးကန်တော့တာကို မိမိက နှစ်ထောင်၊ သုံးထောင်ဖိုးလောက် လက်ဆောင်ပြန်ပေးလိုက်၏။ မိမိမှာ ပိုလျှံသည်။

ပြည်သူ့ကြားမှာ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနသည် ပြည်သူ့ကြားမှ လူလူခြင်းထိတွေ့ ကူညီရသော ဦးစီးဌာနဖြစ်၏။ မည်သူ့ကိုမှ ခြောက်လို့ငေါက်လို့မရ။ ဟောက်လို့လည်းမရ။ မျက်နှာကို ပျားရည်သုတ်ပြီး စကားမှာ သကာရည်လောင်းထားရသော စည်းရုံးရေးတာဝန် ဌာနမျိုးဖြစ်သည်။ (ချိုလွန်း၍ ပုရွက်ဆိတ်တွေတောင် တက်နေပါပြီ)၊ အားလုံးအသိအမြင်ပါ။
    စေတနာဝန်ဆောင်မှုပေးရသည့်တာဝန်
   ဤတာဝန်ကို စေတနာမပါပဲ လုပ်ဆောင်၍မရ
   စေတနာကောင်းမှ လုပ်ငန်းအောင်မြင်မှုရ၏
   ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ စေတနာပါအောင် မိမိကိုယ်တိုင်က စံနမူနာပြရ၏။ ငါလိုလုပ်ပါ။ 
   ငါ့ကို နမူနာယူ၍ စိတ်ဓါတ်ကောင်းပါ
   ငါ့လို စည်းကမ်းကောင်းပါ
   ငါ့လိုပဲ စေတနာကောင်းပါစေ
   ထို့ကြောင့် လာဘ်ပေးစရာလည်းမလို။
   လာဘ်ယူစရာလဲမရှိ။

ကြုံရသေး
တစ်နှစ်လျှင် ရုံးသစ်ဆောက်စရာ ဆယ်ရုံး၊ ဆယ့်ငါးရုံး ခွင့်ပြုငွေနိုင်ငံတော်က ချပေးသည်။ ထိုစဉ်ကာလ အထက်လူကြီးက ညွန်ကြားရေးမှုးချုပ်၏ လုပ်ပိုင်ခွင့်ကို သူယူပြီး ဘယ်သူဘယ်ဝါ ရွေးပေးလိုက်ဟု ဆိုလာလျင်လဲ ဘာမှဆင်ခြေဆင်လက် တက်မနေပါ။ လူကြီးကြိုက်ရာ လုပ်ပါစေ။ လုပ်ပေါ့။ 
    ကြောက်လို့တော့မဟုတ်ပေ။
    လူလူချင်း ဘာကြောက်စရာလိုမှာလဲ။
    သူစားချင်လို့ ဝင်နှိုက်နေမှတော့ စားပါစေ။
ခွေးတွေ၊ ကြောင်တွေ၊ ခိုတွေ၊ ကျီးကန်းလေးတွေကိုပင် နေ့စဉ်ကျွေးနေရသေတာ၊ ငတ်မွတ်သူများကို ပေးဝေဖို့ရာ မိမိဝန်မလေးပါ။ သံသရာခရီးရှည်ကြီးမှာ ဘဝတစ်ကွေ့ ခဏတွေ့ကြုံရသူချင်းပါ။ စားချင်စားပါစေ။

လူလူချင်းမတူ
    ငြူစူစရာလည်းမလို၊ ကလန်ကဆန်ပြုနေစရာလည်းမလို၊ ကိုယ့်သိက္ခာနဲ့ကိုယ်၊ ကိုယ့်ဂုဏ်နဲ့ကိုယ်၊ လူလူချင်း၊ အတိုအရှည် မတူနိုင်ကြပေ။ သူနှင့်မိမိက ယူစရာနှိုက်စရာရှိတိုင်း မယူပါ။ 
   ပေးစရာစွန့်လွှတ်စရာရှိလျှင် ဝန်မလေးပါ။ 
   စစ်သည်တော်ဘဝ "ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏" ဟူ၍ နေ့စဉ်နံနက်တိုင်း သစ္စာဆိုခဲ့သည်။ မိမိကစွန့်လွှတ်ရန်ပဲ  အဓိဌာန်ပြုထားသည်။ 
   စားရန်၊ ဝါးရန်၊ လာဘ်ယူရန် မရည်စူးခဲ့ဘူး၊ အိမ်မဆောက်ရလို့လည်း ပြသနာမရှိ၊ ကားမစီးရလို့လည်း ဘာမှမဖြစ်။ တိုက်ပွဲတွေကြားမှာ အမြောက်ဆံ၊ ဗုံးဆံ၊ သေနပ်ကျည်ဆံမမှန်တာပဲ တော်လှပြီ။ ကုသိုလ်ကံအရ၊ ဥပစ္ဆေဒက ကံမပါခဲ့လို့သာ စစ်မြေပြင်ထဲမှ မကျိုးပဲ၊ မကန်းပဲ၊ အသက်ရှင်လာခွင့်ရပါသည်။ ကျေနပ်ပါပြီ၊ ရာထူးလည်း မမက်ခဲ့ပေ။

အရှင်လတ်လတ်သေနေကြ
မိမိရှေ့မှောက်မှာပင် ငွေကျည်ဆန်၊ ရွှေကျည်ဆန်တွေ ထိမှန်ကျဆုံးသွားသူတွေ မြင်နေရသည်။ လူတွေက သူတို့ကို အရှင်လတ်လတ် တံတွေးနှင့် ထွေးခြင်းကို ခံနေရပြီ။ လူမသေသေးပဲ နာမည်က သေဆုံးသွားပြီးပြီ။ သူ့ကို မည်သူကမှလည်း မကြည်ညို။ သူ့ကို မည်သူကမှလည်း မလေးစား၊ အရှက်မရှိတွေ့သမျှဝါးသူအဖြစ် လူတကာက အထင်သေးရှုံ့ချ၏။ မသေခင် ပုပ်စော်နံကြ။
   မျက်နှာအောက်ချ၊ အရှက်ရသောဘဝမျိုးဖြင့် ရွှေဘုံပေါ်မှာမစံလိုပါ။ အားမကျ။ 
   တဲကုပ်ထဲမှာ ဆန်ပြုတ်သောက်နေရပါစေ။ ရင်ကော့ပြီး ကောင်းကင်နှင့်လောကကို ပြုံးပြုံးကြီး ကြည်ကြည်လင်လင် ကြည့်နိုင်သော ဘဝကိုသာ မိမိလိုချင်သည်။ စစ်သားမဟုတ်လား။ စာရေးဆရာမဟုတ်လား။ 
   ဥစ္စာပစ္စည်းဆိုတာ လောကမျက်လှည့်။
   တိမ်တခဲနက်၊ ကြည့်ရင်းပျက်သို့
   ရေပွတ်ပမာ၊ မတည်မြဲပါ၊ မခိုင်မာ။
   ဂုဏ်ဆိုသည်မှာ ငွေကိုမခေါ်ပါ။
   ဂုဏ်ဆိုသည်မှာ ရွှေ၊ မြေ၊ တိုက်၊ ကား၊ ပစ္စည်းများကို ခေါ်ဝေါ်သတ်မှတ်ခြင်းမဟုတ်။

လောဘမီး
   လူ၏အလုပ်ဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ကသာလျှင် အစစ်အမှန်။
   လူအချို့က အမြင်မှားကာ လောဘသက္ကာယနေကြ၏။ မိမိတစ်ယောက်စာသာမက သားသမီးမြေးမြစ်ပါ စားလို့မကုန်အောင် လိုချင်တက်မက်မှုတွေ လွန်ကဲနေ၏။ လောဘအတောမသတ်နိုင်။
   ရလေလိုလေ အိုတစ္ဆေ ဖြစ်နေကြရှာ၏။
   အူမတောင့်နေပါလျှက် သီလပျက်နေကြ၏။
   သမုဒ္ဒရာဝမ်းတစ်ထွာအတွက် သာမက မဟာသုမဒ္ဒရာဝမ်းဆယ်ထွာမျှ ပြည့်လျှံနေသော်လည်း လာဘ်လာဘကို လိုချင်တောင့်တနေဆဲ၊ အာဏာလာခဲ့၊ ငွေလာခဲ့။ 

မိုးရွာထဲမှာ
   မိမိကိုယ်တိုင်က မည်သူ့ဆီကမှ တစ်ပြားတစ်ချပ်မျှ လာဘ်မယူခဲ့သောကြောင့် ပြည်သူတစ်ယောက်အနေနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးနေသော နေရာကို ကိုယ်တိုင်သွားရပြီဆိုတော့လည်း ပူပန်ကြောင့်ကြမရှိ၊ သာမန်လူထုကြီးက လူတစ်ယောက်အနေနှင့် မိုးရွာထဲ ထီးတစ်ချောင်း ဆောင်းပြီးသွား၏။ ဘာပင်ပန်းတာမှတ်လို့။ 
   မိမိတိုက စိတ်ပညာကျောင်းသားဟောင်း၊ မိတ်ဆွေတစ်ယောက်နှင့် မမျှော်လင့်ပဲ အဆင်သင့်တွေ့ရသည်။ သူက နိုင်ငံခြားသို့ သွားနေကျ။ ဟောင်ကောင်သို့လည်း အခေါက်ခေါက်၊ အခါခါ ရောက်ဖူးခဲ့သူ၊ သူကဦးဆောင် ကူညီခေါ်သွားပြီး၊ ဓါတ်ပုံရိုက်၊ ငွေသွင်း၊ ပုံစံဖြည့်၊ လက်ဗွေနှိပ်၊ လက်မှတ်ထိုး စသဖြင့် ရုံးခန်း လေးငါးနေရာကို ဖြက်သန်းခဲ့သည်။ (ပွဲစားလုပ်ဖူးပုံရ၏)။ 
   နောက်ဆုံးပိတ် ရုံးခန်းမှ ဒုတိယရဲမှုးကြီးက "နောက်သုံးရက်အကြာမှ Passport လာထုတ်ပါ။ ကိုယ်တိုင်မလာပါနဲ့။ တပည့်တပန်းတစ်ယောက်ယောက်ကို စေလွှတ်လိုက်ပါ။ ဒီစလစ်ပုံစံလေးသာ ပေးလိုက်ပါဟု ရည်မွန်ချိုသာစွာ ပြောကြားလိုက်ပါ၏။ စုစုပေါင်း ကျပ်နှစ်သောင်းခွဲ ကုန်ခဲ့၏။ 

သူများတကာ
   မိတ်ဆွေစာရေးဆရာတစ်ယောက်ကတော့ သူက ပွဲစားတစ်ယောက်ကို တာဝန်ပေးလိုက်တာ ငါးရက်နှင့်ရသည်ဟု ဆိုသည်။ ဆောင်ရွက်ခလည်း ငါးသောင်းပေးလိုက်ရသည်ဆို၏။ လွန်ခဲ့သော လေးငါးလဆီကပါ။ 
   မိတ်ဆွေ အမျိုးသမီးတစ်ယောက်က သူတို့ဘာသာအရ မက္ကာသို့ ဘုရားဖူးသွားဖို့အတွက် ပတ်စ်ပို့ အမြန်ရလိုသည့်အတွက် ပွဲစားတစ်ဦးငှားရာတွင် ဝန်ဆောင်ခ တစ်သိန်းခွဲတောင် ပေးရသည်ဟုဆိုသည်။ အဲဒါက ပန်းဆိုးတန်းလမ်းမှာ ရုံးရှိစဉ်က ဖြစ်၏။ သုံးနှစ်နီးပါးရှိပါရော့မည်။ 
    အထက်ပါ မိတ်ဆွေအချို့က ပွဲစားဖြင့် Passport ရအောင်လုပ်ဆောင်ကြခြင်းမှာ ဘာဘ်ပေးလာဘ်ယူ ကင်းပုံမရပါ။ 

ချောချောမောမော
    မိမိကတော့ ဘယ်ပွဲစားမှ မငှား။
    ပြည်သူထဲက ပြည်သူပဲ။ မိမိကိုယ်တိုင်ပင် မိုးထဲရေထဲတွင် ထီးတစ်ချောင်းနှင့်ဆောင်းပြီး သွားသည်။ စာရေးဆရာမှန်းသိ၍ပဲလား၊ အသက်အရွယ် ၆၀ကျော် အဖိုးအိုကို သနားပါတယ်၊ ကူညီလိုက်မယ်ဟု စဉ်းစားလေသလားမသိ၊ အထစ်အငေါ့လုံးဝမရှိ၊ ချောချောမောမော၊ ရှောရှောရှုရှုပင် ပြီးစီးခဲ့ပါ၏။ 
    နိုင်ငံခြားသို့ သွားကြ၊ လာကြသူတွေကား တစ်နေ့၊ တစ်နေ့ ရာထောင်ချီကာ တိုးဝှေ့တန်းစီနေကြ၏။ 
   ကျွန်တော်ကား ဘာလာဘ်မှ မပေးပဲ နိုင်ငံကူးလက်မှတ်အနီရောင် Passport စာအုပ် အလွယ်တကူပဲ၊ မပင်မပမ်းပဲ ရခဲ့ပါလေပြီ။ သမ္မတကြီး၏ လမ်းညွှန်မှာကြားချက်များ အောက်ခြေအထိ အကောင်းအထည် ပေါ်လာလေသလား။ ဝန်ထမ်းတွေတာဝန်သိသိ သစ္စာရှိရှိ၊ မိမိတို့အလုပ်ကို (လာဘ်ပေးစရာမလိုပဲ လုပ်ဆောင်နေကြပြီလား၊ မပြောတတ်ပါ။ ယခင့် ယခင်က သူများတကာ ပြောဆိုနေတာထက် မိမိလက်တွေ့ ကိုယ်တွေ့၊ အတွေ့အကြုံတစ်ရပ်မှာတော့ လာဘ်ပေးလာဘ်ယူ ကင်းစင်ပေ၏။ 

နိဂုံး
   တစ်ခုတော့ရှိ၏။ စေတနာအလျောက် မိမိရေးသားသော စာအုပ်လေးတွေတော့ ထိုထို သောအရာရှိလေးတွေကို လက်ဆောင်ပေးခဲ့ပါ၏။ ကျေးဇူးတင်မိလို့ပါ။ ဖြောင့်မှန်သော စေတနာ (စာရေးချက်) ကို သိရှိနားလည်စေချင်လို့ပါ။ အပြစ်မတင်ပါ။ ချစ်ချင်စွာ ခေတ်ပြောင်းနေတာကို ကြိုဆိုပါသည်။   
ချစ်နိုင် (စိတ်ပညာ)


မှတ်ချက်။ 
နေလင်း(သွား/ဆေး) စီစဉ်သည့်  လာဘ်ပေးလာလ်ယူ စာအုပ်ငယ်မှ ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ အခြားဆောင်းပါးများမှာချစ်စံဝင်း၊ မောင်သွေးချွန်၊ ကောင်းမြတ်တိုး၊ ဦးဘုန်း(ဓါတု)၊ ဒေါက်တာရန်မျိုးသိမ်း၊ အောင်ဇင်မင်း၊ ကောင်းသန့်၊ ဒေါက်တာခင်မောင်ညို၊ သောင်းဝေဦး၊ မြတ်ဆွေ၊ ချစ်နိုင်(စိတ်ပညာ)၊ အဏ္ဍဝါစိုးမိုး၊ ကာတွန်း-စိုးစံဝင်း တို့ဖြစ်သည်။  စာအုပ်အဖြစ် ၂၀၁၃ခု၊ အောက်တိုဘာလတွင် ပထမအကြိမ်အဖြစ် ပန်းမျိုးတရာစာပေပမှ ထုတ်ဝေပါသည်။ စာအုပ်အဆုံးသတ်တွင် ၂၀၁၃၊ သြဂုတ်လ ၇ရက်တွင် လွှတ်တော်မှအတည်ပြု၊ ပြဌာန်းသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အစ၊အဆုံးကို (ပုံ)နိုင်ငံတော်သမ္မတ နှင့်ဖေါ်ပြထားပါသည်။ အဂတိမလိုလားသောသူတိုင်း လက်စွဲဆောင်ထားသင့်ပါသည်။  (မိုးမခ စာအုပ်အညွန်း)
.


မြန်မာနိုင်ငံ ဌာနဆိုင်ရာများတွင် 
အဂတိနည်းရန် အစိုးရသစ်တက်လာချိန်မှ ၂၀၁၆ တွင် ဒေါ်အောင်ဆန်းစုကြည်မှာ ၀န်ထမ်းများအတွက် အမိန့်စာထုတ်ပြန်ခဲ့ပြီး၊ တိုင်တန်းမှုများ တရားဝင်ပြုလုပ်ခွင့် ပေးထားသောကြောင့် လာပ်ပေးလာပ်ယူမှုများ ရော့နည်းသွားသည်ကို ၁နှစ်အတွင်း တွေ့ရသည်။
.
အဓိက အားနည်းချက်မှာ ကွန်ပြူတာစနစ်မသုံးပဲ လူအားဖြင့်လုပ်နေသောကြောင့် ဖြစ်သည်။ ကွန်ပြူတာစနစ် သုံးရန် ဥပမာ နေအိမ်ဆောက်လျှင် စည်ပင်သို့လျောက်လွှာတင်၊ ပါမစ်ရရှိဖို့ အဆင့်များစွာလုပ်ရသည်။ လုပ်တတ်ရင် တရက်ထဲနှင့်ပီးပါသည်။ ဆောက်ပြီးသောအခါ အခွန်ဆောင်ရန် မြို့နယ်အခွန်ရုံးက ငွေဖြူ၊ ငွေမဲ ၃၅% အခွန်ကောက်သည့် ဥပဒေဖြင့် လာပ်ယူရန်အတွက် ဆင့်ခေါ်ပါသည်။ သိန်း၁ထောင် တိုက်အိမ်ကို သိန်း၅၀ခန့် နည်းမျိုးစုံဖြင့် တောင်းသည်။ မပေးလျှင် အခွန်ဥပဒေဖြင့် အရေးယူခံရမည်ဟု လုပ်လာသည်။ ပေးသောငွေကိုလည်း စာရင်းမပြပဲ ဘုန်းလိုက်၊ ဘာမှ မပူနဲ့ဟု ပြောကာ ပြေစာပင် မတောင်းရဲဖြစ်ရသည်။ မှတ်ပုံတင်ဌာန၊ မော်တော်ကားလိုင်စင်ဌာန များတွင်လည်း အလားတူဖြစ်သည်။ တခုခု ပုံမှန်မဟုတ်ပါက လာပ်ပေးမှ ရမည်။ ရဲစခန်းများတွင်လည်း မသွားရဲလောက်အောင် ဖြစ်သည်။ မိမိပစ္စည်း သူခိုးခိုးခံရ၊ ယုယက်ဓါးပြတိုက်ခံရလျှင်ပင် ရဲစခန်းအမှုဖွင့်ပါက မိမိသည် တရားခံဖြစ်သွားသည်။ အလုပ်ပျက်၊ စီးပွားပျက်မတတ် ပြည်သူကို မေးမြန်းသည်။ နောက်ဆုံး အမှုမဖွင့်တော့ပဲ အသိပေးရုံပြောပြီး ပြန်လာရသည်။
.
အစိုးရဌာန အားလုံးတွင် ကွန်ပြူတာ တပ်ဆင်လိုက်ပါက၊ မှတ်တမ်းအားလုံး၊ ငွေစာရင်းအားလုံး ဖျောက်လို့မရတော့ပါ။ ချလံ ငွေသွင်းခြင်း ကဲ့သို့ ဘိုးတော်ဘုရားခေတ် ငွေပေးစနစ်၊ ငွေထုတ်စနစ် ကလည်း အစိုးရဌာနတိုင်း အသုံးပြုနေဆဲ ဖြစ်သည်။ အစိုးရဌာနအားလုံး ပုဂလိကဘဏ်တွင် ငွေစာရင်းဖွင့်ထားမှာ ပိုမိုလျင်မြန်လာမည်။
.


နိဂုံးချုပ် ...
ဝန်ထမ်းများကိုလည်း လစာ၊ ဘောနပ်စ်၊ အခွင့်အရေးများ ပံ့ပိုးပေးဖို့လိုသည်။ ရန်ကုန်တိုင်းအခွန်ဥိးစီးဌာန အကြီးစားအခွန်ထမ်းများဌာန ၀န်ထမ်းများကို စတင်ကျင့်သုံးနေပြီး၊ အခြားအရေးပါသော ဌာနများလည်း ကျင့်သုံးရမည်။
.
လောဘကြီးသော ၀န်ထမ်း၊ အရာရှိများကို ပြက်သားစွာ အရေးယူရန် အချိန်တန်နေပြီဖြစ်သည်။
.
လွယ်နေတာကို ခက်အောင် သမတဦးသိန်းစိန်ခေတ် ၅နှစ် လုပ်နေခဲ့ကြသည်။ ယခု ဒေါ်အောင်ဆန်းစုကြည် ပထမနှစ်တွင် ဘာမှမပြောင်းလဲသေး။ အလွန်နာမည်ပျက်သော မြို့နယ်ဦးစီးမှုး၊ မြို့နယ်မှုးတယောက်ကို ဌာနပြောင်း အပြစ်ဒဏ်အမြင့်ဆုံး၊ အရေးယူထောင်ချခြင်း PE, DE ဖွဲ့ပြီး စစ်ဆေး၊ ရာထူးချ၊ လစာဝက်ဖြင့် အိမ်ပြန်အနားယူခိုင်းခြင်းများ မကြာခင် ပြုလုပ်လာမည်ဟု မျှော်လင့်ပါသည်။

လက်ရှိ မြန်မာအစိုးရက ၀န်ထမ်းငယ်များ၏ လုပ်ငန်းရှင်လေးများအပေါ် လာပ်စားနေမှု နှင့် အစိုးရထိပ်ပိုင်းအရာရှိကြိးများ၏ ငွေကို ဘုန်းဘောလအော သုံးစွဲပြီး၊ အကျိုးနည်းစေမည့် စက်ရုံ၊ အလုပ်ရုံ၊ နိုင်ငံတော်စီမံကိန်းများကို လွှတ်တော်တွင် ဆွေးနွေးစီစစ်သင့်ပါသည်။ 
.
သို့မှာသာ.. နိုင်ငံတော်ပိုက်ဆံ ဖြင့် ဥပဒေလက်တလုံးခြား အဂတိစနစ် Political Corruption ကိုသာ ဖျက်သိမ်းခြင်း.. တနည်းအားဖြင့် အဂတိကြီးစိုးသော စနစ်ဟောင်းကို ပြုပြင်ပြောင်းလဲနိုင်ပါမည်။ ပြည်ပ ရင်းနှီးမြှတ်နှံမှုများကို ဖိတ်ခေါ်ပြိး အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖော်ဆောင်ခြင်းဖြင့် ဂျီဒီပီ တဟုန်ထိုးမြင့်မားလာပြီး ကြွေးမြီ % ရော့ ပါးသွားမည် ဖြစ်ပါသည်။
.
ဇော်အောင် (မုံရွာ)
၃. ဇွန်. ၂၀၁၇
.
.
.Eleven Media 

အစိုးရ၀န်ထမ်း၊ အရာထမ်း၊ အမှုထမ်းများ၏ ပိုင်ဆိုင်မှုများကို ဖော်ထုတ်ကြေညာသည့် ဥပဒေများ ပြဋ္ဌာန်းပေးမည်ဆိုပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို များစွာအထောက်အကူပြုမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အကြံပြု


အစိုးရ၀န်ထမ်း၊ အရာထမ်း၊ အမှုထမ်းများ၏ ပိုင်ဆိုင်မှုများကို ဖော်ထုတ်ကြေညာသည့် ဥပဒေများ ပြဋ္ဌာန်းပေးမည်ဆိုပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ဘိုကလေး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိုင်းက အကြံပြုဆွေးနွေးသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိုင်းက နေပြည်တော်တွင် မေ ၃၀ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ကလေးမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး တင်သွင်းထားသည့် ‘အဂတိလိုက်စားမှု (လာဘ်ပေးလာဘ်ယူမှု) ကျဆင်းရန်အတွက် အစိုးရရုံးများနှင့် ပြည်သူလူထု ဆက်ဆံရေးပြေပြစ်ရန် အစိုးရရုံးများက အကြောင်းပြချက်မခိုင်လုံဘဲ ရုံးချိန်းခဏခဏ မပြောင်းရန်အတွက် ထိန်းသိမ်းကြပ်မတ်ပေးရန် လိုအပ်သောအရေးယူမှု၊ အမိန့်၊ ဥပဒေများ ချမှတ်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း’ အဆိုကိုဆွေးနွေးရာတွင် အထက်ပါကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အတူ မြန်မာနိုင်ငံအတွင်း အဂတိလိုက်စားမှုသည် အနာဂတ်ရင်းနှီးမြှုပ်နှံမှုနှင့် ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများ တိုးတက်မှုအတွက် အဓိကအတားအဆီးတစ်ရပ် ဖြစ်နေသည်ဟု ကမ္ဘာ့ဘဏ်က သုံးသပ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု လျော့နည်းရေး ဆောင်ရွက်ရာ၌ အစိုးရ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ရန် လိုအပ်နေကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။
“အဂတိလိုက်စားမှု တိုက်ဖျက်ရေးစနစ်မှာ ဆင့်ကဲဆင့်ကဲ ပုံမှန်ကြီးကြပ်ခြင်း၊ စာရင်းစစ်ခြင်း၊ စာရင်းစစ်တယ်ဆိုတဲ့နေရာမှာ စာရွက်စာတမ်းတွေကိုသာ စစ်ရုံသာမကဘဲနဲ့ လုပ်ငန်းတွေကိုပါ တိတိကျကျ စစ်ဆေးခြင်း၊ ကြိုတင်ခန့်မှန်းခြင်းနဲ့ ပညာပေးခြင်း အစီအစဉ်များ ပါဝင်သင့်ပါတယ်။ ဒါ့အပြင် အစိုးရ၀န်ထမ်း၊ အရာထမ်း၊ အမှုထမ်းတွေရဲ့ ပိုင်ဆိုင်မှုများကိုလည်းပဲ ဖော်ထုတ်ကြေညာတဲ့ ဥပဒေများကိုလည်းပဲ ပြဋ္ဌာန်းပေးမယ်ဆိုပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာ အလွန့်အလွန် အထောက်အကူပြုမှာ ဖြစ်ပါကြောင်းနဲ့ အဆိုရှင်ရဲ့အဆိုကို လေးလေးနက်နက် ထောက်ခံပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိုင်းက ဆွေးနွေးအကြံပြုခဲ့သည်။
ထို့ပြင် အထက်ပါအဆိုအပေါ် စဥ့်ကိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကြည်မို့မို့လွင်က ပြည်သူ့ဝန်ထမ်းနှင့် ပြည်သူများအကြား ဆက်ဆံရေး မပြေလည်ရခြင်း အကြောင်းရင်းများကို လေ့လာကြည့်ပါက အဂတိလိုက်စားမှုကြောင့် မပြေလည်ခြင်း၊ တာဝန်ယူ တာဝန်ခံမှု အားနည်းခြင်းကြောင့် မပြေလည်ခြင်း၊ ပြည်သူ့ဝန်ထမ်းများ၏ ၀န်နှင့်အားမမျှစွာ လုပ်ကိုင်နေရခြင်းကြောင့် မပြေလည်ခြင်းတို့ကို တွေ့ရကြောင်း ဆွေးနွေးတင်ပြသည်။
“အဂတိနွှယ်တဲ့ မပြေလည်မှုတချို့မှာ ဌာနဆိုင်ရာများသို့ ရုံးကိစ္စတစ်စုံတစ်ရာအတွက် လာရောက်တဲ့ပြည်သူတွေကို လိုအပ်တဲ့ လမ်းညွှန်မှုများပေး၍ လွယ်ကူမြန်ဆန်အောင် ကူညီပေးခြင်းမျိုးရှိရမယ့်အစား ငွေကြေးတစ်စုံတစ်ရာပေးမှ နီးစပ်ရာပွဲစားကဲ့သို့ လူများမှတစ်ဆင့် ဆောင်ရွက်မှသာ အလုပ်ဖြစ်အောင် တမင်ဖန်တီးထားကြောင်း၊ အထူးသဖြင့် ပြည်သူနဲ့ထိတွေ့မှုများတဲ့ မြို့နယ်ထွေအုပ်ရုံး၊ မြေစာရင်းရုံး၊ လ၀က၊ ကညန၊ ရဲစခန်းနဲ့ တရားရုံးစတဲ့ဌာနများမှာ ထိုကဲ့သို့အခက်အခဲများ အများဆုံးတွေ့ကြုံနေရကြောင်း ပြည်သူများထံမှ ကြားသိရပါတယ်” ဟုဒေါက်တာ ကြည်မို့မို့လွင်က ဆွေးနွေးသည်။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးတင်သွင်းထားသည့် “အဂတိလိုက်စားမှု (လာဘ်ပေးလာဘ်ယူမှု) ကျဆင်းရန်အတွက် အစိုးရရုံးများနှင့် ပြည်သူလူထု ဆက်ဆံရေးပြေပြစ်ရန် အစိုးရရုံးများက အကြောင်းပြချက်မခိုင်လုံဘဲ ရုံးချိန်းခဏခဏ မပြောင်းရန်အတွက် ထိန်းသိမ်းကြပ်မတ်ပေးရန် လိုအပ်သောအရေးယူမှု၊ အမိန့်၊ ဥပဒေများ ချမှတ်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ကိုယ်စားလှယ်ခြောက်ဦးက ထောက်ခံအကြံပြု ဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြ၀င်းက ပြန်လည်ရှင်းလင်းခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်က အဆိုကိုမှတ်တမ်းတင်ခဲ့သည်။
http://www.news-eleven.com/politics/37310
.
.
June 2016, RFA သတင်းဆောင်းပါး

အကျင့်ပျက်ခြစားမှု ပြဿနာနဲ့ မြန်မာ

ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံမှာ သမိုင်းနဲ့ချီပြီး စွဲကပ်နေခဲ့တဲ့ အဂတိလိုက်စားမှုဟာ ကင်ဆာရောဂါလို အမြစ်တွယ် ကြီးထွားနေခဲ့တာပါ။ ဒီရောဂါဆိုးကို ကုသနိုင်ရေးအတွက် ကြိုးပမ်းကုစား နေရတာ ကလည်း ပင်ပန်းခက်ခဲလှပါတယ်။
* တရုပ်နိုင်ငံ အဂတိလိုက်စားမှု ဓါတုပစ္စည်းတန်ချိန်၂ထောင်သိုလှောင်ပေါက်ကွဲ၊ လူ၂၀၀ကျော် သေဆုံး
* ဖွံ့ဖြိုးဆဲနိုင်ငံ၅၀ အဆင့်မြင့်အရာရှိများဖြေကြား၊ အဂတိနံပါတ်(၁)ပြသနာ
* Transparency Intl  TI အဆင့် ၁၃၁ တက်လာခြင်း၊ ပြင်ပအဖွဲ့စည်းမရှိ၊ အစိုးရကပဲ လုပ်နေသည်။
   ဒေါ်အောင်ဆန်းစုကြည် ပြောစကား mp3 အထက်ကလပ်မစားတဲ့ သန့်ရှင်းတဲ့အစိုးရဖွဲ့ပေးပါမယ်
* ရှေ့နေကြီးဦးကိုနီ လုပ်ကြံမခံခင်က ပြောစကား၊ ၂၀၁၃ အဂတိဥပဒေ၊ အကောင်းဆုံး၊ ချမ်းသာစွာနေထိုင်ရင်လဲ တရားစွဲလို့ရတဲ့ဥပဒေပါ။
* စင်ကာပူ လီကွမ်းယူ ခြစားမှုတိုက်ဖျက်အစိုးရ၊ ၀င်ငွေကိုရှင်းပြရမယ်၊ CPIB လပ်စားမှုတိုက်ဖျက်အဖွဲရှိတယ်။
  CPIB အရာရှိ ဒေါ်လာ၂သန်း လာပ်စားမှု ဖော်ထုတ်နိုင်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ မှာလာရောက်လေ့လာခဲ့။
ဦးသစ်ဆင်းက ဆက်လက်တင်ပြမှာပါ။
http://www.rfa.org/burmese/program_2/myanmar-and-corruption-06132017230218.html

တောင်သူလယ်သမားကြိုတင်အမြတ်ခွန် ကိစ္စ ။ Billy H. Mackenzie 3.May.2017 ..

၂၀၁၇ မေလ မှာ အစိုးရက လယ်သမားတွေ ၂% ကြိုတင်အခွန်ကောက်မယ် သတင်းထွက်လာပြီး၊ မီဒီယာ ဆူပူလာတော့ ကုန်သည်ပွဲစားပဲ ကောက်မယ် ချက်ခြင်းကြေငြာပါတယ်။
.
တိုင်းပြည်ဆူပူအောင် လုပ်နေတာလား၊ အခွန်များများရအောင် မသိနားမလည်ပဲ လုပ်မိတာလား ...
.
.
Billy H. Mackenzie
3.May.2017 ..
တောင်သူလယ်သမားကြိုတင်အမြတ်ခွန် ကိစ္စ ။
မီဒီယာတွေ အတော်များများက..ပေးပေါ်တင်တင်ရေးလာတယ် ။ ဖတ်တဲ့သူတွေ အားလုံး..အသိပါ ။ သက်ဆိုင်ရာဝန်ကြိးဌာနက ယခုနစ် စတင် ကောက်ခံတော့မည်အထိ ရေးထားပါတယ် ။
ကျနော်ဝေဖန်တယ် ။ အဲဒီမှာ..အများစုက..ကျနော့်ကို..အမှန်မဟုတ် မီဒီယာတွေက သက်သက်ဖွတာပါ ထောက်ပြလာပါတယ် ။ တဦးက..ဥပဒေ စာရွက်နင့်ပါ သက်သေပြပါတယ် ။
သို့ ပေမည့် မီဒီယာတွေက အခိုင်အမာရေးတင်ထားတာဖြစ်နေတယ် ။ သူတို့ လဲ ခိုင်မာလို့ ရေးရဲကြတာပါ ။
မီဒီယာတွေက တမင်သက်သက်ဖွတာဆိုလျင်..သက်ဆို်င်ရာဝန်ကြိးဌာနက..ငြိမ်နေမည်မဟုတ်..တရားစွဲမည်သာ ။
ကျနော်ကတော့..လယ်သမားတွေကို ...အခွန်ကောက်တဲ့ အစိုးရ…ဒီမိုကရေစီ ဖြစ်လဲ..တို်က်မှာဘဲ ။ အာဏာရှင်ဖြစ်လဲ တိုက်မှာဘဲ ။
လိုအပ်လျင်…တပြည်လုံး..ထဆူအောင်တိုက်ရန်..မီးပွှား..မွှေးစရာ ရှိပါတယ် ။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးပေါ်လာအောင်..တဦးထဲ လက်စွမ်းပြလာသူပါ ။ ဘယ်ပါတီကြိး..ဘယ်ကျောင်းသားအဖွဲ့ မှ ….မမြင်တဲ့တိုက်ကွက်နဲ့  ဖဲ့ခဲ့သူပါ ။
မှတ်ချက်...( နိမ်ပြောတာမဟုတ်ပါ ။ ..ထိုအချိန်က ..ကျနော့်ကို..အင်တာဗျူးမည့်သူ မရှိလို့ ..သူတို့  တင်ပြရန်ပြောတာကို….အကူအညီတောင်းတာကို...ကိုယ့်ကိုတောင်..နိုင်ငံရေး..နားလည်ရဲ့ လား..ဝိုင်းရန်ထောင်လိုက်ကြသေး )
ယခုလဲ..လယ်သမားတွေ အခွန်ကောက်လို့ ကတော့...မွှေ ပြပါမယ် ။
တကယ်လို့  မီဒီယာတွေဖွတာဆိုလျင်..သက်ဆိုင်ရာဝန်ကြိးဌာနက ထိုမီဒီယာတွေကို..ရဲရဲဝံ့ဝံ့ တရားစွဲရန် တာဝန်ရှိပါတယ် ။
အခုတော့..ဘာကြောင့် ငြိမ်ခံနေတာလဲ ။ သက်ဆိုင်ရာဝန်ကြိးက..ငြိမ်ခံနေတယ် …ကြားထဲက တချို့ သော..ငတုံးတွေက မိုက်မို်က်ရိုင်းရိုင်း..လာမန့် တယ် ။
အစိုးရ တိုင်းဟာ..အခွန်ငွေနင့် စီမံချက်တွေ ၊ အစိုးရယန္တယားကြိးကိုလည်ပတ်ရတာပါ ။
ယခုအစိုးရသစ်ဟာ...ပြာပုံကျထားတဲ့ တိုင်းပြည်ကိုပြန်လည်ထူထောင်နေရသူ ။ အခွန်ငွေတွေအများကြိးလိုအပ်ပါတယ် ။
အခွန်ဆောင်ရန်မှာ..ပြည်သူ ပြည်သားတွေ၏တာဝန် ။
ပြည်သူပြည်သားတွေထဲမှာ...မြို့ နေ လူချမ်းသာတွေက အခွန်ကိုပိုမို..ထမ်းဆောင်ရန်လိုပါတယ် ။ နိုင်ငံတိုင်းမှာ..ချမ်းသာသူက အခွန်ကို..% ပိုမိုဆောင်ကြရတာပါ ။
အော်ဇီမှာ.. တနစ်ဝင်ငွေ ( လစာ ) ၂၈၀၀၀ ဒေါ်လာအောက်ဆိုလျင်..အခွန် လုံးဝ မဆောင်ရပါ ။ ၂၈၀၀၀ ဆိုတာ မြန်မာငွေ..သိန်း ၃၀၀ နီးနီးပါ ။
ဆရာဝန်တွေ ၊ ရှေ့နေကြိးတွေ ၊ သူဋ္ဌေးကြိးတွေက..၄၅ % ဆောင်ရပါတယ် ။
ခုကျနော်တို့ နို်င်ငံမှာ...အော်ဇီက..ဆရာဝန်ထက် အဆ ၁၀၀ မက အချိန်တိုအတွင်းချမ်းသာထားသူတွေ…အခွန်မဆောင်ထားပါ ။ ယခုအစိုးရသစ်က ထိုသူဋ္ဌေးကြိးတွေကို..မျက်စပင် မပြစ်ရဲတာလား ။
တခါ အော်ဇီမှာ..လယ်သမားတိုင်းလျပ်စစ်မီး ရပါတယ် ။ မီတာခ ဈေးအတူတူပါဘဲ ။ လယ်သမားဆိုပေမည့်..တကယ့် မီလျံနာတွေပါ ။ လယ်တခါသိမ်းလျင်..တန်ချိန်ပေါင်း..သောင်းနင့်ချီ သိမ်းရသူတွေပါ ။
ကျနော်တို့ ဆီမှာ..တနို်င်ငံလုံး၏ လှပ်စစ် ၅၅ % ကို..ရန်ကုန် မြို့ ကဘဲ..အကုန်သုံးပြီး..လျပ်စစ်အမှန်တန်ဖိုး ( လျှပ်စစ်၏ မူရင်းတန်ဖိုး ) အတိုင်းတော့ မီတာခ..မဆောင်ချင်တာ..ဒီသူဋ္ဌေးတွေပါဘဲ ။
တကယ်တော့..မြန်မာပြည်ဟာ..ရန်ကုန်သားတွေအတွက်…လုပ်ထားတာမဟုတ်ပါဘူး ။ အဲဒါလေးလဲ တွေးကြည့်ပါ ။
လယ်သမားတွေကို….ရန်ကုန်သားတွေ ဆောင်နေတဲ့ မီတာကျေး…၃၅ ကျပ် ရဲ့  ၃ -ဆ ..လျပ်စစ် တယူနစ် ၁၀၀ ကျပ် နင့်ပေးမည်ဆိုလျင်..လယ်သမားတွေက…ယူကြပါမည် ။
ဝမ်းသာအားရယူရန် ချက်ချင်း အဖြေပေးပါမည် ။
တိုင်းနို်င်ငံ၏အရေး ရေးသားရာမှာ..အမြင်မတူကောင်းမတူနို်င်ပါ ။ နို်င်ငံရေးစိတ်ပြည့်ဝလျင်..မိမိ၏ ထင်မြင်ချက်..ယူဆချက်..သိရှိထားတဲ့ အမှန်ကို ..အထူးသဖြင့် အဖွဲ့ ချုပ်တံဆိပ် ယူသုံးထားလျင်...ပြန်ရေးပြပါ ။
NLD..တံဆိပ်တွေ..ယူသုံးထားလျင်..ပိုမိုယဉ်ကျေးပြရန် ပိုမိုတာဝန်ရှိပါတယ် ။ ငါက NLD ကွဆိုပြီး..အာဏာရှိထားလို့  မိုက်ရိုင်းပြလျင်…
ထို NLD ပုဂ္ဂိုလ်ဟာ..၂၀၂၀ မှာ..အာဏာရှင်ပြန်တက်လာအောင် မိမိ ကိုယ်တိုင်…လုပ်မိလျက်သားဖြစ်နေတယ်ဆိုတာလေး….တွေးမိပါရဲ့ လား ။
အာဏာရှင်ပြန်တက်ဖို့ ..ကြံ့ ခိုင်ရေးက..၁၇ ကနေ ၂၀ % လောက်၇လျင်..

Ref:.
.https://www.facebook.com/billy.mackenzie1/posts/10158203330977355
.
.
.
မေလ ၂၀၁၇ မှာပြီးသွားတဲ့ ၂၁ရာစု ပင်လုံညီလာခံမှာလဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့သယံဇာတ (၅)မျိုး ဆွေးနွေးကြပါတယ်။ နိုင်ငံပိုင် မြေယာနဲ့သယံဇာတများကို စီမံခန့်ခွဲ အခွန်ကောက်ခြင်း၊ အသုံးချခြင်း လုပ်ဆောင်ရာမှာ စိတ်စေတနာ ပါပေမဲ့လဲ ဥာဏ်ပညာမရှိ၊ ဗဟုသုတမရှိရင်လဲ တလွဲဖြစ်သွားတတ်ပါတယ်။  
လယ်သမားကို အခွန်မကောက်ပါတဲ့.. ကုန်သည်ပွဲစားကို ကောက်ခံတာ ပြောပါတယ်။ လယ်တွေ အများကြီးပိုင်တဲ့လူတွေဆီကတော့ ကောက်ကိုကောက်မှ ဖြစ်ပါတယ်။ ဘာမှမလုပ်ပဲ လယ်မြေတွေကိုင်ထားရင်တော့ ပြန်သိမ်းရပါတယ်။ တဧက ကျပ်၅၀၀ နဲ့ ငှားထားတာ လို့ လွှတ်တော်မှာ ၀န်ကြီးကိုယ်တိုင် ၀န်ခံပါတယ်။ ... တရုပ်၊ ဗီယက်နမ်တို့မှာ လယ်သမားတွေအတွက် လယ်ယာသုံးပစ္စည်း (စက်ကရိယာ၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့) စတဲ့ ထောက်ပံ့ပစ္စည်းတွေကို ၂၀-၄၀% Subsidize လုပ်ပေးပါတယ်။
.
လွှတ်တော် လုပ်နေတာတွေ.. မြေအသုံးချမှုမူဝါဒ ရေးဆွဲပြီးပါပြီ။ ရှေ့ဆက် ပွင့်လင်းမြင်သာစွာ သွားရပါမယ်။ "'အမျိုးသားမြေဥပဒေ'' .. ဥပဒေပေါင်း ၃၀ ကျော် ဌာနဆိုင်ရာပေါင်း ၂၀ ကျော် ရှုပ်ထွေးနေတာ အားလုံး ချိတ်ဆက်မိအောင် ပြင်ဖို့ ''အမျိုးသားမြေဥပဒေ'' အရင် ပြဌာန်း အတည်ပြုရပါမယ်။ . https://www.facebook.com/zarni.gyi.52/posts/1761061410777345



ဒီလိုပဲ ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်နေမှာပါပဲ။ တိုင်းပြည် လမ်းကြောင်းမှန်တော့ သွားနေပေမဲ့ ...စစ်အာဏာရှင် တပ်မတော်ကို ပြုပြင်ပြောင်းလဲဖို့ အများကြီးလုပ်နေဆဲပါ။ လူကောင်းတွေ၊ လူတော်တော် ... မြန်မာနိုင်ငံကို ပြန်လာ၊ ကြိုးစား၊ ပံ့ပိုးပေးဖို့ မျှော်လင့်နေပေမဲ့ ... . ဒေါ်အောင်ဆန်းစုကြည် အင်အယ်ဒီ အစိုးရက အာခီတက်ပုံစံတစ်ခု ၅နှစ်အတွင်း ဖော်ဆောင်နေပါတယ်။ လူတော်လူကောင်းတွေပဲ နိုင်ငံရေးမှာ ၇၅% ရောက်နေဖို့ပါ။ (၂၅%ကတော့ အကြံအဖန်၊ ဂလုန်ဥိးစောလိုလူမျိုးတွေ ပါနေဦးမှာဖြစ်တယ်။ အရင်အစိုးရတုန်းကတော လူတော်လူကောင်း ၂၅%ပဲရှိတယ်။ အခုအစိုးရကတော့ လူတော်လူကောင်း၇၅% ရှိနေပြီး သတ်မှတ်ပါတယ်။ စစ်တပ်၂၅% လည်း အမြန်ဆုံးထွက်အောင် လွှတ်တော်ပြင်ပနည်းနဲ့ တွန်းအားပေးပြိး လုပ်နေတာပါပဲ။ . တပ်မတော်နဲ့ နောက်ကွယ်လက်မဲ အပြင်၊ ဘုမသိ မ.ဘ.သ နောက်က ဒေါသထွက်နေသောလူစုကြီးကလည်း ရှိတယ်။ မလွယ်ဘူးနော်...။ . ဘုရားသခင်အလိုတော်ပေါ့လေ။ ဇာနီကြီး.. ၃.ဇွန်.၂၀၁၇

Saturday, May 27, 2017

ပြည်တွင်းaကြွးမြီ သမတဥိးသိန်းစိန် နောက်ဆုံးနှစ် ဘီလျံ ၁၈၆၈ ပိုထုတ်ယူခဲ့။ မြန်မာ့စိးပွားရေး ၂၀၁၆-၂၀၁၇


မေလ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂၀၁၅-၁၆ ခုနှစ်အတွင်း အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်များကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့သည့် သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့ အနေနှင့် အဆိုပါ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်း၊ ပြည်ပ ချေးငွေ စုစုပေါင်းကျပ် ၅၇၆၈ ဒသမ ၂ ဘီလီယံ ချေးယူခဲ့ခြင်းဖြစ်ပြီး ဥပဒေပါ ခွင့်ပြုသည့် ပမာဏထက် ဘီလီယံ ၁၈၀ဝ ကျော် ပို၍ ချေးယူခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ယင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ၂၊ ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ဆိုသည်။“၂၀၁၅ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ပြဋ္ဌာန်းချက်အရ ချေးယူငွေဟာ ကျပ်ဘီလီယံ ၃၉၀ဝ ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခွင့်ပြုထားတဲ့ ငွေထက် ကျပ် ၁၈၆၈ ဒသမ ၂ ဘီလီယံ ပိုမိုချေးယူခဲ့ကြောင်း တွေ့ရှိရပါတယ်” ဟု ၎င်းက ဆိုသည်။

ဦးသိန်းစိန်အစိုးရ ငါးနှစ်တာကာလ အတွင်း စုစုပေါင်း ပြည်တွင်း၊ ပြည်ပ ချေးငွေ ကျပ် ၉၃၇၁ ဘီလီယံကျော် ချေးယူခဲ့သည်။

အဆိုပါ ပမာဏအနက် အစိုးရ ငါးနှစ်သက်တမ်း၏ နောက်ဆုံးနှစ်တစ်နှစ်ထဲတွင် ချေးယူသည့် ပမာဏသည် စုစုပေါင်း၏ ၄၂ ရာခိုင်နှုန်းပင် ရှိသည်။<
The Voice .. 




ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာကြသူများအား မေ ၂၆ ရက်က တွေ့ရစဉ်
၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာနှစ်အထိ နိုင်ငံတော်၏ရငွေသည် အသုံးစရိတ်ကို ကာမိအောင်ရရှိခြင်းမရှိသေးဘဲ နှစ်စဉ်ဘတ်ဂျက်လိုငွေ ဖြစ်ပေါ်နေ၍ အစိုးရငွေတိုက်လက်မှတ်နှင့် စာချုပ်လေလံများကို ပုံမှန်ဆောင်ရွက်မည်ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
မေ ၂၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာတင်သွင်းစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယ၀န်ကြီးက “၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်အထိ နိုင်ငံတော်ရဲ့ရငွေဟာ အသုံးစရိတ်ကိုကာ မိအောင်ရရှိခြင်းမရှိသေးပါ။ နှစ်စဉ်ဘတ်ဂျက်လိုငွေ ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။ ဘတ်ဂျက်လိုငွေဖြစ်ပေါ်သော်လည်း နိုင်ငံတော်မှာ ကြွေးမြီ ၀န်ထုပ်ဝန်ပိုး ကြီးမားမှုမဖြစ်ပေါ်စေဖို့ ဘတ်ဂျက်လိုငွေကို ဂျီဒီပီရဲ့ ငါးရာခိုင်နှုန်းထက် ကျော်လွန်ခြင်းမရှိစေဖို့ ထိန်းသိမ်းဆောင်ရွက်လျက် ရှိပါတယ်။ ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရာမှာ အစိုးရရဲ့ ငွေချေးသက်သေခံ လက်မှတ်များဖြစ်တဲ့ အစိုးရငွေတိုက်လက်မှတ်များ၊ အစိုးရငွေတိုက်စာချုပ်များနဲ့ ဖြည့်ဆည်းမှာဖြစ်ပြီး အစိုးရငွေတိုက်လက်မှတ်နဲ့ အစိုးရငွေတိုက်စာချုပ် လေလံတွေကို ပုံမှန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နှစ်စဉ်အစိုးရ၏ ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာကို ရေးဆွဲကာ ပြည်ထောင်စုလွှတ်တော်သို့ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေ စာရင်းတင်ပြချိန်မှာ တင်ပြသွားမှာ ဖြစ်ပါတယ်” ဟုဆိုသည်။
၂၀၁၅-၂၀၁၆ ခုဘဏ္ဍာနှစ်အတွင်း ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှု မရှိသေးသည့်အတွက် အစိုးရငွေတိုက်လက်မှတ်များ လေလံစနစ်ဖြင့် ရောင်းချခြင်းမှာ ကျပ် ၁၂၂၅ ဘီလျံရရှိခဲ့သော်လည်း ပြန်လည်ရွေးနုတ်မှု ကျပ် ၆၆၈ ဒသမ ၁ ဘီလျံရှိ၍ အသားတင်ဖြည့်ဆည်းမှုမှာ ကျပ် ၅၅၆ ဒသမ ၉ ဘီလျံဖြစ်ကြောင်း၊ အစိုးရငွေတိုက်လက်မှတ် အတိုးနှုန်းမှာ ယခင်ကတစ်နှစ်လျှင် လေးရာခိုင်နှုန်းသာ ဖြစ်သော်လည်း လေလံစနစ်ဖြင့် ရောင်းချသည့်အခါတွင် တစ်နှစ်လျှင် ၇ ရာခိုင်နှုန်းမှ ၈ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း၊ ထို့အတွက် နိုင်ငံတော်အတွက် ပေးရသည့် အတိုးစရိတ်ပိုမိုလာကြောင်း၊ အစိုးရငွေတိုက်စာချုပ်များ ရောင်းချရမှုအနေဖြင့် ကျပ် ၈၀၉ ဒသမ ၂ ဘီလျံဖြစ်ပြီး ပြန်လည်ရွေးနုတ်မှုမှာ ကျပ် ၁၀၉၅ ဒသမ ၀ ဘီလျံဖြစ်သည့်အတွက် အနုတ်ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
၂၀၁၆ ခုနှစ် မတ်လကုန်အထိ ပြည်တွင်းကြွေးမြီလက်ကျန် အခြေအနေမှာ အစိုးရငွေတိုက်စာချုပ်ကျပ် ၂၆၁၄ ဒသမ ၈ ဘီလျံဖြစ်ပြီး အစိုးရငွေတိုက်လက်မှတ်တွင် ကျပ် ၁၃၁၀၉ ဒသမ ၆ ဘီလျံဖြစ်ကြောင်း၊ အစိုးရငွေတိုက်လက်မှတ်များတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကျပ် ၁၂၄၄၄ ဒသမ ၈ ဘီလျံဝယ်ယူထားကြောင်း သိရသည်။
ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာတွင် ၂၀၁၆ ခုနှစ် မတ်လကုန်အထိ ပြည်တွင်းကြွေးမြီလက်ကျန် ကျပ် ၁၅၇၂၄ ဒသမ ၄ ဘီလျံတွင် အစိုးရငွေတိုက်စာချုပ် ရောင်းရငွေ ကျပ် ၂၆၁၄ ဒသမ ၈ ဘီလျံ၊ အစိုးရငွေတိုက်လက်မှတ် ရောင်းရငွေ ကျပ် ၁၃၁၀၉ ဒသမ ၆ ဘီလျံပါဝင်ကြောင်း၊ အစိုးရငွေတိုက်လက်မှတ် ရောင်းရငွေ၏ ၉၄ ဒသမ ၉၃ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၁၂၄၄၄ ဒသမ ၈ ဘီလျံသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ရောင်းချထားခြင်းဖြစ်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံတော်၏ အကြီးမားဆုံး မြီရှင်ဖြစ်နေသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။
Writer: 
စိုးမင်းထိုက်   





၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းပြည်ပချေးငွေ ကျပ် ၅၇၆၈ ဒသမ ၂ ဘီလျံ ချေးယူခဲ့၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ပြဋ္ဌာန်းချက်အရ ချေးယူခွင့်ပြုထားသည်ထက် ကျပ် ၁၈၆၈ ဒသမ ၂ ဘီလျံ ပိုမိုချေးယူခဲ့၍ အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်..


၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းပြည်ပချေးငွေ ကျပ် ၅၇၆၈ ဒသမ ၂ ဘီလျံ ချေးယူခဲ့၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ပြဋ္ဌာန်းချက်အရ ချေးယူခွင့်ပြုထားသည်ထက် ကျပ် ၁၈၆၈ ဒသမ ၂ ဘီလျံ ပိုမိုချေးယူခဲ့၍ အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ မှတ်ချက်ပြု
====================================
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု အစိုးရအနေဖြင့် ပြည်တွင်းပြည်ပ ချေးငွေ ကျပ် ၅၇၆၈ ဒသမ ၂ ဘီလျံ ချေးယူခဲ့၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ပြဋ္ဌာန်းချက်အရ ချေးယူခွင့်ပြုထားသည်ထက် ကျပ် ၁၈၆၈ ဒသမ ၂ ဘီလျံ ပိုမိုချေးယူခဲ့သည့်အတွက် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထား မှတ်ချက်ပြုထားသည်။
ထိုကဲ့သို့ ချေးယူခွင့်ပြုထားသည်ထက် ပိုမိုချေးယူခဲ့သည့်အတွက် နောင်အစိုးရအဖွဲ့၏ ငွေချေးယူမှုများတွင် တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများအလိုက် တိကျစွာ လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာအပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအခန်း ၂ တွင် “၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်တွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း ငွေချေးစာချုပ်များ ချုပ်ဆိုပြီးနောက် အမှန်တကယ် ချေးယူရရှိသည့် ငွေစုစုပေါင်းသည် ကျပ်သန်းပေါင်း သုံးဆယ့်ကိုးသိန်းထက် မပိုစေရ။ ယင်းကိစ္စရပ်တွင် ပြည်တွင်းပြည်ပ ချေးယူခြင်းနှစ်ရပ်လုံး အကျုံးဝင်သည်”ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်တွင် ကြွေးမြီဝန်ထုပ်ဝန်ပိုး ကြီးမားမှု မဖြစ်ပေါ်စေရန် ဘတ်ဂျက်လိုငွေကို ဂျီဒီပီ၏ ငါးရာခိုင်နှုန်းထက် ကျော်လွန်ခြင်း မရှိစေရန် ထိန်းသိမ်းဆောင်ရွက်လျက်ရှိခြင်းနှင့် ပတ်သက်ပြီး ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုး ငါးရာခိုင်နှုန်းသာဖြစ်သင့်ကြောင်း ပူးပေါင်းကော်မတီက သဘောထား မှတ်ချက်ပြုထားသည်။
ဘတ်ဂျက်လိုငွေဖြည့်ဆည်းမှုတွင် ပြည်တွင်းချေးယူမှု အထူးသဖြင့် အစိုးရငွေတိုက် လက်မှတ်များကို ဗဟိုဘဏ်သို့ရောင်းချခြင်းဖြင့် ချေးယူမှုကို လျှော့ချဆောင်ရွက်သင့်ကြောင်း ပူးပေါင်းကော်မတီက မှတ်ချက်ပြုထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူငွေ လက်ကျန် ကျပ် ၁၂၄၄၄ ဒသမ ၈ ဘီလျံသည် ပြည်တွင်း ကြွေးမြီ၏ ၇၉ ဒသမ ၁၄ ရာ ခိုင်နှုန်းနှင့် ပြည်တွင်းပြည်ပ ကြွေးမြီနှစ်ရပ်လုံး၏ ၄၄ ဒသမ ၅၀ ရာခိုင်နှုန်း ရှိနေသည့်အတွက် နိုင်ငံတော်၏ အကြီးမားဆုံး မြီရှင် ဖြစ်သည့်အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူငွေသည် နိုင်ငံတော်၏ ငွေကြေးဖောင်းပွမှုကို အကျိုးသက်ရောက်စေနိုင်သော ကြွေးမြီဖြစ်ခြင်း၊၂၀၁၆ ခုနှစ် မတ် ၃၁ ရက်ရှိ ကြွေးမြီ လက်ကျန်စာရင်းအရ နိုင်ငံတော်၏ ပြည်တွင်းပြည်ပ ကြွေးမြီနှင့် ဂျီဒီပီအချိုးသည် ၃၈ ဒသမ ၁ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည့်အတွက် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့က သတ်မှတ်ထားသည့် အလယ်အလတ်အဆင့် ၀င်ငွေနည်းပါးသည့်နိုင်ငံများအတွက် ပြည်တွင်းပြည်ပ ကြွေးမြီနှင့် ဂျီဒီပီအချိုး ၃၈ ရာခိုင်နှုန်းထက် အနည်းငယ်ပိုမိုနေသည်ကို တွေ့ရှိရကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတွင် ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံ၊ အဖွဲ့အစည်းအလိုက် ချေးငွေစာချုပ်ချုပ်ဆိုမှု ပြုလုပ်ထားသော်လည်း လုပ်ငန်းအကောင်အထည်ဖော် မှုမရှိသေးသည့် စီမံကိန်းများအား တွေ့ရှိရကြောင်း၊ ယင်းစီမံကိန်းများအား ထိထိရောက်ရောက် အလျင်အမြန်ဆောင်ရွက်ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းခဲ့သည်။
၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ငါးနှစ်အတွင်း ပြည်တွင်း ပြည်ပ ကြွေးမြီလက်ကျန်မှာ နှစ်စဉ်တိုးတက်လျက်ရှိ ပြီး ၂၀၁၅-၂၀၁၆ ခုနှစ် မတ် ၃၁ ရက် စာရင်းအရ ပြည်တွင်းပြည်ပ ကြွေးမြီလက်ကျန်မှာ ကျပ် ဘီလျံ ၂၇၉၇၀ ဖြစ်ကာ ကြွေးမြီနှင့် ဂျီဒီပီ အချိုးမှာ ၃၈ ဒသမ ၁ ဖြစ်သည်ကို တွေ့ရှိရကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။
Writer: 
စိုးမင်းထိုက်၊ မျိုးမင်းထက် Eleven Media

http://www.news-eleven.com/politics/37117


.


သုံးသပ်ချက် Note:
.
- နိုင်ငံတော်အမြင့်ဆုံး ဘဏ္ဍာရေးကော်မရှင်တွင် သမတ၊ ဒုသမတ၂ဦး၊ ၀န်ကြီးချုပ်၁၄ဦး ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊  နေပြည်တော်ကောင်စီဥက္ကဌ နှင့် အတွင်းရေးမှုး စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း တို့ပါဝင်သည်။
- ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ တွင် ပြည်သူ့လွှတ်တော်အမတ်များပါဝင်သည်။

၂၀၁၅-၁၆ သမတဦးသိန်းစိန် နောက်ဆုံးနှစ်တွင်
ပြည်တွင်းချေးငွေ  ၇၄၄၄ ဘီလျံ  ၇၉.၄၄%၊ ဥပဒေကျော်လွန်ပြီး ပိုထုတ်ယူငွေ ၁၈၆၈ ဘီလျံ
ပြည်ပချေးငွေ ၁၉၂၆ ဘီလျံ  ၂၀.၅၆%
စုစုပေါင်  ၉၃၇၁ ဘီလျံ ထုတ်ယူသွားကြသည်။   ငွေတိုက်စာချုပ် Treasury Bonds ၁၉၆၈ ဘီလျံ ၂၆.၄၄% နှင့် ငွေတိုက်လက်မှတ် Treasury Bills ၅၄၇၆ ဘီလျံ = စုစုပေါင်း ၉၃၇၁ ဘီလျံ ဖြစ်သည်။
.
၂၀၁၆ မတ်လ ၃၁ ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန် မြန်မာနိုင်ငံ ပြည်တွင်းပြည်ပ ကြွေးမြီ စုစုပေါင်းလက်ကျန်မှာ ၂၇၉၇၀ ဘီလျံ ဖြစ်ပြီ၊ နိုင်ငံတကာစံနှုန်းဖြစ်သော ဂျီဒီပီ၏ ၃၈% ထက် ကျော်လွန်ပြီး ၃၈.၁% ဖြစ်နေသည်။ ထိုချေးငွေများတွင် ပြည်တွင်းချေးငွေ ၂၀.၁% နှင့် ပြည်ပချေးငွေ ၁၈% USD 9 billions  ဖြစ်ကြသည်။ (၂၀၁၅တွင် ဂျီဒိပီ ၏ ၃၀% မှာ ၂၀၁၆တွင် ၃၈.၁% သို့တက်သွားခြင်းဖြစ်သည်)။

အထက်ပါ ပြည်သူ့လွှတ်တော် အစီရင်ခံစာအရ ပြည်တွင်းချေးငွေများစွာကို အစိုးရအဆက်ဆက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များက ပူးပေါင်းပြီး ထုတ်ယူသွားကြသော ငွေများ ဖြစ်သည်။ ထိုချေးငွေများမှာ ပြန်ရရန် လမ်းမမြင်ပဲ သက်ဆိုင်ရာ ၀န်ကြီးဌာနများမှတဆင့် စစ်အာဏာရှင်များနှင့် အပါင်းအပါများက ထုတ်ယူသွားသော ငွေများဖြစ်သော ကြောင့် လျှော်ပစ်ရမည့်ငွေများ ဖြစ်သည်။
.
၁၉၈၇ ခုနှစ်ကလည်း ထိုကဲ့သို့ အစိုးရက ဗဟိုဘဏ်မှ ချေးငွေများလွန်းသည့်အပြင် ပြည်ပချေးငွေများလဲ ပြန်မဆပ်နိုင်သောကြောင့် ငွေစက္ကူ တရားမ၀င်ကြေငြာခြင်း၊ ၁၉၉၀ နောက်ပိုင်းတွင် ပုဂလိကဘဏ်များ ဒေ၀ါလီခံကြခြင်း တို့ဖြင့် ချေးငွေများကို လျှော်ပစ်ခဲ့ရသည်။ ထိုကဲ့သို့ အဖြစ်မျိုး ထပ်မဖြစ်ရန် ဒေါ်အောင်ဆန်းစုကြည် အစိုးရမှ ကာကွယ်လုပ်ဆောင်နေပါသည်။
.
ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထား မှတ်ချက်ပြုထားသည်။
.
.
မြန်မာနိုင်ငံ၏ ဂျီဒီပီ ၏ ၃၈% အောက် ကြွေးမြီထိန်းထားနိုင်ရန်
နောက်နောင် မြန်မာအစိုးရက ငွေကို ဘုန်းဘောလအော သုံးစွဲပြီး၊ အကျိုးနည်းစေမည့် စက်ရုံ၊ အလုပ်ရုံ၊ နိုင်ငံတော်စီမံကိန်းများကို နိုင်ငံတော်ပိုက်ဆံ ဖြင့် ဥပဒေလက်တလုံးခြား အဂတိစနစ် Political Corruption ကိုသာ ဖျက်သိမ်းနေရပါသည်။  တနည်းအားဖြင့် အဂတိကြီးစိုးသော စနစ်ဟောင်းကို ပြုပြင်ပြောင်းလဲနေပါသည်။  ပြည်ပ ရင်းနှီးမြှတ်နှံမှုများကို ဖိတ်ခေါ်ပြိး အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖော်ဆောင်ခြင်းဖြင့် ဂျီဒီပီ တဟုန်ထိုးမြင့်မားလာပြီး ကြွေးမြီ % ရော့ ပါးသွားမည် ဖြစ်ပါသည်။
.
.
.
ထက်ခေါင်လင်း (Myanmar Now) ● ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေလိုပါတယ် (အင်တာဗျူး)
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၆
ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကြီးမားနေတဲ့အတွက် အထက်တန်းကျောင်းမှာ အသက်မွေးဝမ်းကျောင်းပညာရပ်ကို အ ချိန် ပိုင်းထည့်သင်၊ လေ့ကျင့်ပေးဖို့ ပြည်ပရောက် စီးပွားရေးပညာရှင်တစ်ဦးက အကြံပေးပါတယ်

ရန်ကုန် (Myanmar Now)
 – ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းဆင်း ဒေါက်တာမြင့်မိုးချစ်ဟာ ၂ဝဝ၂ မှာ မုံရွာစီးပွားရေး တက္ကသိုလ်ကနေ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ ရရှိခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် ဗြိတိန်မှာ ဘဏ်လုပ်ငန်းဆိုင်ရာ မဟာဘွဲ့ သင်တန်း (MSc in Money, Banking and Finance) တက်ရောက်ကာ ၂ဝဝ၉ မှာ စီးပွားရေးဆိုင်ရာ ပါရဂူဘွဲ့ ရခဲ့သူပါ။ လန်ဒန် Middlesex တက္ကသိုလ် စီးပွားရေးပညာကထိက၊ စင်္ကာပူ ပုဂ္ဂလိက ပညာရေးအဖွဲ့တစ်ခုရဲ့ အကြီးတန်းကထိကအ ဖြစ် တာဝန်ထမ်းခဲ့ပါတယ်။ မလေးရှားနိုင်ငံ Nottingham တက္ကသိုလ်မှာ သင်ကြားရေးနဲ့ သုတေသနလုပ်ငန်းတွေ လုပ်ကိုင် နေတာ ၂ နှစ် ရှိပါပြီ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက် နိုင်ငံရဲ့စီးပွားရေးအခြေအနေ၊ အနာဂတ်မျှော်မှန်းချက်၊ ကျွမ်းကျင်လုပ်သား မွေးထုတ်ရေးတို့နဲ့ပတ်သက်ပြီး ဒေါက်တာမြင့်မိုးချစ်က မကြာသေးခင်က Myanmar Now ကို သုံးသပ်ပြောပြထားပါတယ်။
မေး –  အစိုးရသစ်ရဲ့ စီးပွားရေးစီမံချက်တွေကို ဘယ်လိုရှုမြင်ပါသလဲ။
ဖြေ –   ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်ဟာ ယေဘူယျဆန်ပေမယ့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဆင်းရဲမှု ကို လျော့ချရေးအတွက် အရေးကြီးတဲ့မူဝါဒတွေဆိုတာကို လက်ခံပါတယ်။ ပိုပြီးအရေးကြီးတာကတော့ ဒီမူဝါဒတွေကို ထိ ရောက်အောင် ဘယ်လိုအကောင်အထည်ဖော်မလဲ၊ လိုအပ်တဲ့ အရင်းအမြစ်နဲ့ စွမ်းဆောင်ရည် (resources and capabilities) တွေကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့အချက်ပဲ။ အရင်းအမြစ်ဆိုတာက မူဝါဒတွေကို အကောင်အထည် ဖော်ရတဲ့ အစိုးရဝန်ထမ်းတွေရဲ့ အတွေ့အကြုံရင့်ကျက်မှု၊ ပညာဗဟုသုတပြည့်ဝမှုကိုဆိုလိုပြီး စွမ်းဆောင်ရည်ကတော့ အစိုးရဝန်ထမ်းတွေအပါအဝင် ပြည်သူတစ်ရပ်လုံးရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို ဆိုလိုတာပါ။
မေး –  အစိုးရသစ်တက်လာပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးအခြေအနေ ဘယ်လို ဖြစ်ထွန်းနေတယ်လို့ သုံးသပ်မိလဲ။ 
ဖြေ – ဒေါ်အောင်ဆန်းစုကြည်က မျှော်မှန်းသလောက် သိသိသာသာ တိုးတင်မှုမရှိသေးဘူးဆိုတာကို အောက်တိုဘာ ၂၂ ရက်နေ့ကပြုလုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ အသိအမှတ်ပြုသွားတာ ကြားလိုက်ရပါတယ်။ ကဏ္ဍ တော် တော်များများမှာ လိုအပ်ချက်တွေရှိနေတဲ့ နိုင်ငံအနေနဲ့ ရက် ၁ဝဝ မပြောနဲ့၊ တစ်နှစ်အတွင်းမှာ သိသာတဲ့အကျိုးဖြစ်ထွန်းမှု တစ်ခုတလေ မြင်ရရင်ကိုပဲ ကျေနပ်စရာ ထင်ပါတယ်။ စီးပွားရေး သိသိသာသာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အစိုးရရဲ့ လုပ် ဆောင်ချက်တွေပေါ်ပဲ မူတည်နေတာ မဟုတ်ဘူး၊ ကျွန်တော်တို့အားလုံးက ကိုယ်တိုင်ပါဝင်ပြီးတော့ တစ်ဦးချင်း တစ် ယောက်ချင်း တိုးတက်မှုအတွက် ပြောင်းလဲသင့်တာကို ပြောင်းလဲဖို့၊ ဖြည့်ဆည်းသင့်တာကို ဖြည့်ဆည်းဖို့လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အစိုးရသစ်က ဒီ ၅ နှစ်သက်တမ်းအပြီးမှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် လိုအပ်တဲ့ အခြေခံကောင်းတွေ ဖန်တီးတည်ဆောက်ထားနိုင်ပြီဆိုရင် ကျေနပ်မိမှာပါ။
မေး –  တိုင်းပြည်စီးပွားရေးမှာ အဓိကကျတဲ့ အလုပ်သမားရေးရာနဲ့ပတ်သက်ပြီး ထိရောက်တဲ့လုပ်ဆောင်မှုမျိုး မတွေ့ရသေး ဘူးလို့ ကျွမ်းကျင်သူတချို့က မှတ်ချက်ပြုပါတယ်။ ဆရာက ဘယ်လိုသုံးသပ်ချင်ပါသလဲ။ 
ဖြေ –  နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အတွက်ဆိုရင် အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက် ထားတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေလိုပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း သူတို့လုပ်ငန်းတွေအတွက် လို အပ်တဲ့ ကျွမ်းကျင်လုပ်သားတွေ ပြည်တွင်းမှာရနိုင်သလားဆိုတဲ့အချက်က ဘယ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမလဲဆိုတာကို စဉ်းစား တဲ့အခါမှာ အရေးပါတဲ့အချက်ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လိုအပ်တဲ့ကျွမ်းကျင်လုပ်သားတွေ လုံလုံလောက် လောက်မရှိသေးဘူးဆိုတာကို အခုလောလောဆယ်ပြဋ္ဌာန်းလိုက်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေမှာ အသိအမှတ်ပြုထား တာကို တွေ့ရပါတယ်။ ဒီဥပဒေပုဒ်မ ၅၁ မှာ ပြည်ပမှ လုပ်ငန်းကျွမ်းကျင်သူတွေကို ခေါ်ယူခန့်ထားခွင့်ပေးထားပြီး၊ ကျွမ်းကျင်မှုမလိုသောလုပ်ငန်းများမှာတော့ နိုင်ငံသားများကိုသာ ခန့်ထားရမည်လို့ ဖော်ပြထားပါတယ်။ ကျွန်တော့်အမြင်ပြောရရင် ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေခံပညာရေးစနစ်က တက္ကသိုလ်ဝင်တန်းကို အောင်အောင်ဖြေပြီး အမှတ်မှီတဲ့ တက္ကသိုလ် ကိုသွားဆိုတဲ့ လမ်းကြောင်းကလွဲရင် ကျွန်တော်တို့ကလေးတွေကို ရွေးချယ်စရာ မပေးပါဘူး။  လိုအပ်တဲ့ ကျွမ်းကျင်လုပ်သား တွေကို မွေးထုတ်ပေးဖို့အတွက် သိပ်မကြာသေးခင်က စင်ကာပူနိုင်ငံက အကူအညီနဲ့ဖွင့်လိုက်တဲ့ သင်တန်းကျောင်း၊ လက် ရှိ စက်မှုလက်မှုအထက်တန်းကျောင်းအနည်းငယ်နဲ့ စက်မှုဝန်ကြီးဌာနအောက်က သင်တန်းကျောင်းတွေလောက်နဲ့ လုံ လောက်မယ်မထင်ပါဘူး။ လိုအပ်နေတဲ့ သင်တန်းကျောင်းတွေကို မြန်မြန်ဆန်ဆန်ဖွင့်နိုင်ဖို့လုပ်နေတာ မတွေ့ရသလို၊ ဖွင့် ချင်ရင်တောင်မှာ လိုအပ်တဲ့အရင်းအမြစ်တွေကို အချိန်ယူပျိုးထောင်ယူရမယ်ထင်ပါတယ်။ ဒီနေရာမှာ အလေးအနက်အကြံပြု ချင်တာက ၁၉၇၅-၈ဝ ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝကရှိခဲ့ဖူးတဲ့ စက်မှုလက်မှုနဲ့ အိမ်တွင်းမှုပညာ ဘာသာ ရပ်ကို အထက်တန်းကျောင်းသင်ရိုးမှာ ထိထိရောက်ရောက် ပြန်လည်ပြဋ္ဌာန်းဖို့ပါ။ အထက်တန်းကျောင်းတွေမှာ၊ အခြေခံ အသက်မွေးဝမ်းကျောင်းပညာရပ်ကို စာသင်ချိန်မှာ ထည့်သွင်း၊ တက္ကသိုလ်ပညာရေးကိုသွားဖို့ စိတ်မဝင်စားတဲ့ ကျောင်းသား တွေအတွက် ခေတ်နဲ့လျော်ညီတဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေဖြစ်တဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစတဲ့ လျှပ်စစ်ပစ္စည်း ပြုပြင်နည်း၊ မော်တော်ယာဉ်စက်ကိရိယာပြုပြင်နည်း၊ အိမ်တွင်းလျှပ်စစ်မီးကြိုးသွယ်တန်းနည်း စတဲ့ပညာရပ်တွေကို အ ခြေခံကစပြီး တစ်ပတ် တစ်ချိန် နှစ်ချိန်လောက် ကျောင်းမှာ စနစ်တကျသင်ပေးပြီး၊ နွေရာသီကျောင်းပိတ်ရက်တွေမှာ အ လုပ်သင်အဖြစ်နဲ့ ဒေသခံလုပ်ငန်းရှင်တွေထံမှာ ဆက်လက်သင်ယူနိုင်တဲ့ အခွင့်အရေးတွေဖန်တီးပေးဖို့ပါ။ လိုအပ်တဲ့ သင်ရိုးညွန်းတမ်းကို တစ်နိုင်ငံလုံးအတွက် စံသတ်မှတ်ရေးဆွဲ၊ သင်တန်းပို့ချဖို့အတွက် ဆရာမလုံလောက်ရင် ဒေသခံ လုပ် ငန်းရှင်တွေကို အကူအညီတောင်းရင် ဖြစ်နိုင်ပါတယ်။ သင်တန်းတွေပြီးဆုံးတဲ့အခါမှာ အရည်အချင်းပြည့်မီတဲ့ ကျောင်း သားတွေကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးပြီး လုပ်ငန်းခွင်ဝင်ဖို့၊ ဒါမှမဟုတ် အဆင့်မြင့် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေဆက်လက်ဆည်းပူးဖို့ စီစဉ်ပေးမယ်ဆိုရင် ကျွမ်းကျင်လုပ်သားလိုအပ်ချက်ပြဿနာကိုဖြေရှင်းဖို့ တဖက်တ လမ်းက အထောက်အကူဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။
မေး –  ရွေးကောက်ပွဲအကြိုကာလ ဆရာသုံးသပ်ထားတဲ့ မြန်မာ့စီးပွားရေးတိုးတက်ဖို့ လုပ်ငန်းတွေအားလုံး မျှမျှတတ ယှဉ် ပြိုင်ခွင့်ကို ဖောင်ဆောင်ရမယ်ဆိုတဲ့အချက်က ဘယ်အတိုင်းအတာ ရောက်နေပြီလဲ။
ဖြေ –  ရွေးကောက်ပွဲကြိုကာလကတင်ပြခဲ့တဲ့ ကျွန်တော့အမြင်က ဘဏ္ဍာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စက်သုံးဆီ ဖြန့်ဖြူး ရေး စတဲ့ကဏ္ဍတွေကို မိုဘိုင်းဖုန်းကဏ္ဍလို စားသုံးသူပြည်သူလုထု ပိုအကျိုးရှိမယ်ဆိုရင် ပြည်တွင်းပြည်ပ ကုမ္ပဏီမခွဲခြားဘဲ မျှမျှတတ ယှဉ်ပြိုင်ခွင့်ကို ဖော်ဆောင်ပေးဖို့ ဆိုလိုတာပါ။ ပြည်တွင်းက လုပ်ငန်းရှင်တချို့ရဲ့အမြင်က သူတို့လုပ်နိုင်တဲ့ ကဏ္ဍတွေမှာ နိုင်ငံခြားကုမ္ပဏီကြီးတွေကို ဝင်ရောက်လုပ်ကိုင်ခွင့်ပေးလိုက်ရင် နည်းပညာ၊ အရင်းအနှီးအားနည်းတဲ့  ပြည် တွင်းလုပ်ငန်းရှင်တွေ ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ စီးပွားရေးသဘောတရားအရတော့ ယှဉ်ပြိုင်မှုရှိမှ တိုးတက် တီထွင်ဖန်တီးမှုရှိမှာဖြစ်ပြီး သယံဇာတအရင်းအမြစ်တွေကို အလေအလွှင့်မရှိ အသုံးချနိုင်မှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ လုပ်သင့်တာက လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ခွင့်ပေးပြီး၊ နိုင်ငံခြားကုမ္ပဏီကြီးတွေအနေနဲ့ သူတို့ရဲ့နည်းပညာ၊ အရင်းအနှီး အားသာချက်တွေကို အခွင့်ကောင်းယူပြီး ဈေးကွက်ကိုလက်ဝါးကြီးအုပ် အမြတ်ထုတ်တာတွေ မလုပ်နိုင်အောင် လိုအပ်တဲ့ ဥပဒေတွေပြဋ္ဌာန်းပြီး ထိန်းကျောင်းပေးဖို့ပါ။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေသစ်မှာတော့ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ တားမြစ်ထားတဲ့လုပ်ငန်းတွေမဟုတ်ရင် ပြည်တွင်းပြည်ပ ကုမ္ပဏီ မခွဲခြားဘဲ ရင်းနှီးမြှုပ်နှံခွင့်ပြုမယ့်သဘော ပြဋ္ဌာန်းထား တာကို တွေ့ရပါတယ်။
မေး –  ဆရာသုံးသပ်ထားတဲ့ အစိုးရယန္တရားကို ပြုပြင်ပြောင်းလဲရမယ်ဆိုတာကရော။ 
ဖြေ –  သိသာတဲ့အပြောင်းအလဲ မတွေ့ရသေးပါဘူး။ ကျွန်တော်တင်ပြခဲ့တာက ရာထူးခန့်ထားတဲ့နေရာ၊ ရာထူးတိုးဆုံးဖြတ် တဲ့နေရာတွေမှာ အရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည်ပေါ်မူတည်ပြီး လူမှန်၊ နေရာမှန် ရွေးချယ်ခန့်ထားဖို့ အရေးကြီးတဲ့ အ ကြောင်းပါ။ ဒါမှလည်း ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ လိုအပ်တဲ့အချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက် တွေချမှတ်နိုင်မှာဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ပိုရှိလာမှာ ဖြစ်ပါတယ်။
မေး –  ကလေးနဲ့ မိခင်လောင်းတွေရဲ့ အာဟာရချို့တဲ့မှုနဲ့ နိုင်ငံဖွံ့ဖြိုးရေးက ဘယ်လိုပတ်သက်နေပါသလဲ။
ဖြေ –  ကျွန်တော့်အမြင်ကတော့ ကလေးတွေနဲ့ မိခင်လောင်းတွေ အာဟာရချို့တဲ့မှုဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ ရေရှည် တိုးတက်ဖွံ့ဖြိုးရေးမှာ အလွန်အရေးကြီးတဲ့ပြဿနာကြီးတစ်ခုပါ။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးရဲ့ အဆိုအရ အဟာရချို့တဲ့မှု မှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ တတိယအဆင့်မှာရှိပြီး မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေရဲ့ သုံးပုံတစ်ပုံကျော် (၃၅) ရာခိုင်နှုန်းခန့်ဟာ အာဟာရချို့တဲ့မှုကြောင့် ကြီးထွားသင့်သလောက် မကြီးထွားတဲ့ ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။ သုတေသနတွေ့ရှိချက်တွေအရ ငယ်ရွယ်စဉ်မှာ အာဟာရချို့တဲ့မှုဒဏ်ခံခဲ့ရတဲ့သူတွေဟာ မခံခဲ့ရတဲ့သူတွေထက် ပညာရေး ပြီးမြောက်မှုနဲ့ ကုန်ထုတ်စွမ်းအားမှာ နိမ့်ကျနိုင်တဲ့ အလားအလာပိုများပြီး၊ အကျိုးဆက်အနေနဲ့ အလုပ်အကိုင်ကနေရတဲ့ ဝင်ငွေကိုလည်း ထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ အိုင်အိုဒင်းဓာတ် အပြည့်အဝရခဲ့တဲ့ မိခင်လောင်းက မွေးဖွား လာတဲ့ကလေးတယောက်ဟာ အိုင်အိုဒင်းဓာတ်အပြည့်အဝမရခဲ့တဲ့ မိခင်လောင်းက မွေးဖွားလာတဲ့ ကလေးနဲ့ယှဉ်ရင် စာ သင်နှစ် တစ်ဝက်လောက် ကျောင်းမှာ ပိုနေဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ပညာရေးပြီးမြောက်မှုမှာ တစ်နှစ်ပိုလာတိုင်း ပျမ်းမျှ ဝင်ငွေ ၈ ရာခိုင်နှုန်းတိုးလာတယ်လို့ သုတေသနတစ်ခုက ဆိုပါတယ်။
မေး –  နေရာတိုင်းမှာ ဥပဒေစိုးမိုးမှုရှိရမယ်လို့ ဆရာဆိုထားပါတယ်။  မြို့ပြကြီးတွေမှာ မှုခင်း ပိုများလာတယ်လို့ ယူဆသလား။ 
ဖြေ –  ကျွန်တော်ပြောခဲ့တဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်တဲ့နေရာမှာ တရားသဖြင့် ယှဉ်ပြိုင် ခြင်းကိုအားပေးတဲ့၊ ပိုင်ဆိုင်မှုတွေကို အာမခံတဲ့၊ အကျင့်ပျက်ချစားမှုတွေကင်းတဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ဖော်ဆောင်ပေး နိုင်တဲ့ တရားဥပဒေစိုးမိုးရေးမျိုးကို ဆိုလိုတာပါ။ ဒီနေရာမှာ စာရင်းအင်းပညာအမြင်အရကြည့်ရင်တော့ ရာဇဝတ်အမှုအခင်း တွေ အရင်ကထက် ပိုများလာတယ်ဆိုတာ အမှန်တကယ်ပိုများလာတာ ဖြစ်နိုင်သလို၊ ဆက်သွယ်ရေးနည်းပညာတွေ ပိုမိုတိုး တက်လာတာ၊ လူမှုမီဒီယာကို အသုံးပြုသူတွေပိုများလာတာ၊ သတင်းမီဒီယာတွေပိုမိုပွင့်လင်းလာတာ စတဲ့အ ချက် တွေကြောင့် ရာဇဝတ် အမှုအခင်းတွေဖြစ်တာကို အရင်ကထက် ပိုပြီး သိရှိခွင့်ရှိလာတာလည်း ဖြစ်နိုင်ပါတယ်။  လုယက်မှု တွေ၊ ရာဇဝတ်အမှုအခင်းတွေများလာတယ်ဆိုတဲ့အမြင်ရှိလာရင်လည်း  စီးပွားရေးပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တာပါဘဲ။
မေး –  ဥပဒေစိုးမိုးမှုက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဘယ်လောက်ထိ တိုက်ရိုက်ပတ်သက်မလဲ။
ဖြေ –  ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို သိပ်မလေ့လာမိပါဘူး။ တရားဥပဒေစိုးမိုးမှုရှိလာပြီး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုပွင့်လန်းလာရင်၊ စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး၊ ဒီဖွံ့ဖြိုးတိုးတက်မှုရဲ့အသီး အပွင့်တွေကို ပြည်ထောင်စုသားအားလုံး တရားသဖြင့် မျှဝေခံစားနိုင်ကြပြီဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှု လည်း အောင်မြင်လာမယ်လို့ ထင်ပါတယ်။     ။
http://moemaka.com/archives/55361

မြန်မာတပ်မတော်၏ ဦးပိုင်လစ်မစ်တက်


မြန်မာဘီယာကို ဦးပိုင် ကုမ္ပဏီက ရှယ်ယာ အများစု ပိုင်သည် (ဓာတ်ပုံ – Reuters)


စီးကရက် ဘီယာမှ ဆောက်လုပ်ရေး လုပ်ငန်း အထိ စီးပွားရေး လုပ်ငန်းမျိုးစုံ လုပ်ကိုင် aနသော စစ်တပ်ပိုင် မြန်မာ စီးပွားရေး ဦးပိုင် လီမိတက် ကုမ္ပဏီသည် အများပိုင် ကုမ္ပဏီ တခုဖြစ် လာပြီးနောက် အများပိုင် ပြုလုပ်ခြင်း အားထုတ်မှု တခု အနေဖြင့် ရှယ်ယာများ စတင် ရောင်းချရန် ပြင်ဆင်လျက် ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဇွန်လ ၁၀ ရက်နေ့တွင် ပြောသည်။

ဦးပိုင်ကုမ္ပဏီက မတ်လနှောင်းပိုင်းတွင် စစ်တပ်ပိုင် သတင်းစာတခု၌ ၎င်းတို့ကုမ္ပဏီအား အများပိုင် ကုမ္ပဏီ အဖြစ် ပြောင်းလဲ သွားမည်ဟု ကြေညာ ခဲ့သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်လက်အောက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ မှတ်ပုံတင်ရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဦးပိုင်ကုမ္ပဏီသည် အများပိုင်အဖြစ် ပြောင်းလဲရန် တရားဝင် လုပ်ငန်းများ အပြည့်အစုံ ဆောင်ရွက်ပြီးဖြစ်ပြီး နိုင်ငံပိုင်လုပ်ငန်းတခု မဟုတ်တော့ကြောင်း ပြောသည်။

“တရားဝင်ကတော့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း တခုပါပဲ”ဟု ဦးပိုင်ကုမ္ပဏီက စီးပွားရေးကို အလေးပေးပြီး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရန်နှင့် ရေရှည်တွင် မြန်မာစတော့ အိတ်ချိန်း၌ စာရင်းသွင်းနိုင်ရန် ရည်ရွယ်ခဲ့ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။ ထို့နောက် ဦးပိုင်ကုမ္ပဏီသည် လက်ရှိတွင် ရှယ်ယာဖွဲ့စည်းမှု ပုံစံ ပြောင်းလဲနေပြီး ရှယ်ယာ အမျိုးအစား အချို့ကိုလည်း စတင် ထုတ်ရောင်းနေသည်။ ထိုလုပ်ငန်းစဉ်မှာ နှစ်အနည်းငယ် ကြာမြင့်မည်ဖြစ်သည်။

အများပိုင်အဖြစ် ပြောင်းလဲရန် ကြိုးပမ်းမှုများမှာ မြန်မာနိုင်ငံမှ သီးခြားရပ်နေသော စီးပွားရေးအစုအဖွဲ့များအနက် တခု ဖြစ်သည့် ဦးပိုင်ကုမ္ပဏီအတွက် သိသာထင်ရှားသော အပြောင်းအလဲတခု စတင်ခြင်းဖြစ်သည်။ ဦးပိုင်ကုမ္ပဏီသည် အမေရိကန် ကုမ္ပဏီများနှင့် စီးပွားရေးမလုပ်ရန် တားမြစ်ထားသည့် အမေရိကန်၏ ပိတ်ဆို့တားဆီးမှု စာရင်းတွင် ပါဝင်ဆဲဖြစ်သော်လည်း ပို၍ခေတ်မီပြီး ပွင့်လင်းမြင်သာမှု ရှိလာစေရန်နှင့် ရင်းနှီးမြှုပ်နှံသူများ အပါအ၀င် နိုင်ငံခြား စီးပွားရေး လုပ်ဖော် ကိုင်ဖက်များကို ဆွဲဆောင်ရှိစေရန် စစ်တပ်၏ အားထုတ်မှု ဖြစ်ကြောင်း ဖော်ပြနေသည်။

၁၉၉၀ ခုနှစ်တွင် တည်ထောင်ခဲ့သော ဦးပိုင်ကုမ္ပဏီ ရှယ်ယာများကို ကာကွယ်ရေး ၀န်ကြီးဌာနတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူများနှင့် စစ်မှုထမ်းဟောင်းများကသာ ပိုင်ဆိုင်ပါသည်။ ဦးပိုင်ကုမ္ပဏီတွင် အကြီးအကဲအဖြစ် ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်သည့် ဦးခင်ဇော်ဦးက အုပ်ချုပ်ရေး ရာထူးတခုတွင် စစ်တပ်အတွက် အလုပ်လုပ်နေသော ၀န်ထမ်းများ၊ အထည်ချုပ်စက်ရုံများ၊ စားသောက်ကုန် စက်ရုံများနှင့် ဦးပိုင်၏ အခြားရင်းနှီမြှုပ်နှံမှု လုပ်ငန်းများတွင် လုပ်ကိုင်နေသူများကို ပထမဆုံးအနေဖြင့် ရှယ်ယာအချို့ကိုသာ စတင် ရောင်းချလိမ့်မည်ဖြစ်ကြောင်း ပြောသည်။

ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများကိုလည်း ကုမ္ပဏီမှ ရှယ်ယာများ ၀ယ်ယူရန် နောက်ပိုင်းတွင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သူက ပြောသည်။ လက်ရှိရှယ်ယာများ၏ ၃၀ ရာခိုင်နှုန်းခန့် ၀ယ်ယူခွင့်ပြု သွားမည်ဟု သိရသည်။

“တပ်မတော်သားတွေ သူတို့တွေရဲ့ မိသားစုတွေနဲ့ ကျနော်တို့ရဲ့ ကိုယ်ပိုင်ဝန်ထမ်းတွေကို ကျနော်တို့ရဲ့ အမြတ်တွေကို ပေးချင်ပါတယ်”ဟု ဦးခင်ဇော်ဦးက ပြောသည်။

စစ်တပ်ပိုင် စီးပွားရေးအစုအဖွဲ့ ၂ ခုအနက် တခုဖြစ်သော ဦးပိုင်ကုမ္ပဏီသည် စီးပွားရေးအပေါ် စစ်တပ်က နှစ်ပေါင်းများစွာကြာ ပိတ်ဆို့မှု၏ သာဓကဖြစ်ခဲ့ပြီး အဓမ္မ မြေသိမ်းယူရန်နှင့် အခွန်ရှောင်ရန် စစ်တပ်ပုံရိပ်ကို အသုံးပြုခဲ့သည့်အတွက် စွပ်စွဲ ဝေဖန်ခံခဲ့ရသည်။

သို့သော် ၂၀၁၁ ခုနှစ် စစ်တပ်အုပ်ချုပ်ရေး ပြီးဆုံးသောအခါ အခွန်ကင်းလွတ်ခြင်းနှင့် အချို့ကဏ္ဍများတွင် လက်ဝါးကြီးအုပ်သည့် ကုမ္ပဏီ၏ အထူးအခွင့်အရေးများ အဆုံးသတ် ခဲ့သည်။ ထို့နောက် ကုမ္ပဏီသည် ပြည်သူ့ဆက်ဆံရေးအကြံပေးများ ငှားရမ်းခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို တက်ကြွစွာ ဆွဲဆောင်ခြင်း စသည်တို့ ဖြင့် ၎င်းတို့၏ပုံရိပ်ကို စတင်ပြောင်းလဲခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် နိုင်ငံ၏ အများဆုံး အခွန်ထမ်းဆောင်သူများ စာရင်းတွင် အဆင့် ၄ နေရာ၌ ရပ်တည်ခဲ့ကြောင်း အစိုးရမှတ်တမ်းများအရ သိရသည်။

အခွန်ကင်းလွတ်ခွင့် ဆုံးရှုံးရခြင်းက “စစ်တပ်ရဲ့ စီးပွားရေးအစုအဖွဲ့နဲ့ သူရဲ့ လက်အောက်ခံကုမ္ပဏီတွေကို အဆင့်မြင့်တင်ဖို့ ပိုပြီး ယှဉ်ပြိုင်လိုစိတ်ရှိဖို့ အထူးသဖြင့် သူတို့က စစ်တပ်ဘဏ္ဍာအတွက် အရေးကြီးတဲ့ အရင်းအမြစ်တခုဖြစ်တာကြောင့် ဖိအားသက်ရောက်စေပါတယ်”ဟု ရန်ကုန်မြို့ရှိ အတိုင်ပင်ခံကုမ္ပဏီတခုဖြစ်သည့် Vriens & Partners၏ မန်နေးဂျင်း ဒါရိုက်တာ ဦးဥာဏ်သာမော်လွင်က ပြောသည်။

၂၀၁၃ ခုနှစ်တွင် ဦးပိုင်ကုမ္ပဏီသည် Myanmar Brewery ကုမ္ပဏီတွင် နိုင်ငံခြားစီးပွားဖက်ဖြစ်သော စင်ကာပူအခြေစိုက် Fraser & Neave ကုမ္ပဏီ၏ ရှယ်ယာများကို ပြန်လည် ၀ယ်ယူရန် ကြိုးစားရာမှ ကုမ္ပဏီ၂ ခုအကြား ကာလရှည်ကြာစွာ အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် စင်ကာပူနိုင်ငံ တရားခုံရုံးတွင် ဦးပိုင်ကုမ္ပဏီက သွားရောက် အဆုံးအဖြတ် ခံယူခဲ့ရသည်။ ဦးပိုင်ကုမ္ပဏီက ထိုသို့ သွားရောက် အဆုံးအဖြတ်ခံယူရခြင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ရရှိစေရန် ဖြစ်ကြောင်း လေ့လာ သုံးသပ်သူ များက ပြော ကြသည်။

နောက်ပိုင်းတွင် Japan နိုင်ငံမှ Kirin က မြန်မာနိုင်ငံ၏ အကြီးဆုံး ဘီယာလုပ်ငန်းဖြစ်သော Myanmar Brewery မှ F&N ကုမ္ပဏီ၏ ရှယ်ယာများကို ၀ယ်ယူခဲ့သည်။

အခြားဒေသတွင်း ရင်းနှီးမြှုပ်နှံသူများကလည်း ဦးပိုင်ကုမ္ပဏီနှင့် အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ကိုရီးယားနိုင်ငံမှ Inno Group သည် အမေရိကန်ဒေါ်လာ သန်း ၁၂၀ တန်ဖိုးရှိ “Inno City” အဆောက်အအုံ စီမံကိန်းကို ဦးပိုင်နှင့် ဖက်စပ် ဆောက်လုပ်နေပါသည်။ ဦးပိုင်က မြန်မာနိုင်ငံအလယ်ပိုင်းမှ ကြေးနီစီမံကိန်းအပါအ၀င် တရုတ်နိုင်ငံသားများ ဦးဆောင်သော စီမံကိန်း အများအပြားတွင်လည်း စီးပွားဖက်တဦးအဖြစ် ပါဝင်ပါသည်။

လက်ရှိတွင် ကုမ္ပဏီအနေဖြင့် အနောက်တိုင်းရင်းနှီးမြှုပ်နှံမှုများ ရရှိရန် အလားအလာ နည်းနေပါသေးသည်။ ထိုသို့ ဖြစ်ရခြင်းမှာ မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ စီးပွားရေးလုပ်ခြင်းက ဂုဏ်သိက္ခာ ထိခိုက်နိုင်သည့်အတွက်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

( The Wall Street Journal ပါ Shibani Mahtani ၏ Myanmar Military’s Vast Conglomerate Goes Public ကို ဆုမွန်ဖြိုး ဘာသာပြန်ဆိုသည်)

ဧရာဝတီ by Hsu Wai Linn 

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: အများပိုင်ဖြစ်လာတဲ့ ဦးပိုင် ရှယ်ယာ ထုတ်ရောင်းမည် 




မြန်မာ့ စီးပွားရေး ဦးပိုင် ၏ လီမိတက် လုပ်ငန်းများ

by FNG on November 30, 2012 
by Clean Text မှ ကူးယူ ဖော်ပြ ပါသည်။
Union of Myanmar Economic Holdings Limited operates as an industrial conglomerate that engages gem production and marketing, garment factories, wood industries, goods and beverages and other trading companies, supermarket, banking, hotels, tourism, transportation, construction and real estate, computers, telecommunications, electronics and equipment, and steel and cement industries. The company is based in Yangon, Myanmar.
Address:
189-191 Maha Bandoola Road
Botahtaung Township
Yangon,
Myanmar

ရာနှုန်းပြည့် ထောက်ပံ့ထားတဲ့ လုပ်ငန်းများ (၁၆)မျိုး    
(က) ကုန်ထုတ်လုပ်မှုလုပ်ငန်းများ (၉)မျိုး    
၁။ မြန်မာရူဘီအင်တာပရိုက်စ်         (Myanmar Ruby Enterprise)
၂။ မြန်မာအင်ပီးရီးရယ်ဂျိတ်ကုမ္ပဏီလီမိတက်  (Myanmar Imperial Jade Co.,Ltd.)
၃။ မြန်မာရာဘာဝုဒ်ကုမ္ပဏီလီမိတက်            (Myanmar Rubber Wood Co., Ltd.)
၎။ မြန်မာနာနတ်ရည်ထုတ်လုပ်ရေးလုပ်ငန်း
၅။ မြဝတီရေခဲစက်လုပ်ငန်း
၆။ မြဝတီသောက်ရေသန့် လုပ်ငန်း   (Myawaddy Purified Drinking Water)
၇။ ဆင်မင်း(၁/၂)ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်း(ကျောက်ဆည်)         (Sinmin Cement Production)
၈။ အပ်ချုပ်လုပ်ငန်း
၉။ ရွှေပင်လယ်မွေးမြူရေးနှင့်ရေလုပ်ငန်းကုမ္ပဏီလီမိတက်         (Shwe Pin Lel)
(ခ) ကုန်သွယ်မှုလုပ်ငန်းများ(၁)မျိုး   (Trading)
၁။ မြဝတီထရေးဒင်းလီမိတက်         (Myawadding Trading Limited.)
(ဂ) ဝန်ဆောင်မှုလုပ်ငန်းများ (၆)မျိုး   (Service)
၁။ မြဝတီဘဏ်လီမိတက်   (Myawaddy Bank)
၂။ ဗန္ဓုလသယ်ယူပို့ ဆောင်ရေးကုမ္ပဏီလီမိတက်        (Bandoola Transportation Co., Ltd.)
၃။ မြဝတီခရီးသွားလုပ်ငန်း (Myawaddy Travel and Tour)
၎။ နဝဒေးဟိုတယ်နှင့်ခရီးသွားလုပ်ငန်းလီမိတက်        (Nawaddy Hotel & Tourism)
၅။ မြဝတီစိုက်ပျိုးရေးဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီလီမိတက်
၆။ မြန်မာ့အားဆောက်လုပ်ရေးလုပ်ငန်း         (Myanma Arr Construction)


ဆင့်ပွားထောက်မ ပါဝင်ပူးပေါင်းမှု ပြုသော ဖက်စပ်လုပ်ငန်းများ (၂၁)မျိုး    (Joint Venture)
(က) ကုန်ထုတ်လုပ်မှုလုပ်ငန်းများ (၁၄)မျိုး     (Production)
၁။ မြန်မာဆေးဂဲလ် အင်တာနေရှင်နယ်လီမိတက်         (Myanmar Segye Int. Limited.)
၂။ မြန်မာဒေဝူး အင်တာနေရှင်နယ်လီမိတက်  (Myanmar Daewoo Int. Limited.)
၃။ မြန်မာယူနီမစ် အင်တာနေရှင်နယ်လီမိတက်           (Myanmar Unimix Int. Limited.)
၎။ ရော့သ်မင်အော့ဖ်ပေါလ်ဖေါလ်မြန်မာ ပရိုက်ဗိတ်လီမိတက်      (Paul Maul Myanmar Private Limited.)
၅။ မြန်မာဘရူဝါရီ လီမိတက်           (Myanmar Brewery Limited.)
၆။ မြန်မာပေါ်စကိုစတီးလ် ကုမ္ပဏီလီမိတက်   (Myanmar Posco Steel Co., Ltd.)
၇။ မြန်မာနိုဗိုစတီးလ် ကုမ္ပဏီလီမိတက်         (Myanmar Novo Steel Co., Ltd.)
၈။ ဘာဂျာပိန့် မင့်နုဖက်ချားရင်း ကုမ္ပဏီလီမိတက်
၉။ သည်ဖက်စ်အော်တိုမိုးတစ် ကုမ္ပဏီလီမိတက်         (The Fast Automotive Co., Ltd.)
၁ဝ။ အမ်ဂျီယူဘီ ကုမ္ပဏီလီမိတက်   (MGUB Co., Ltd.)
၁၁။ မြန်မာနိုဗို ကုမ္ပဏီလီမိတက်      (Myanmar Novo Co., Ltd.)
၁၂။ ရတနာကုဋေကုဋာ ကုမ္ပဏီလီမိတက်
၁၃။ မြန်မာဂျိတ်အင်တာနေရှယ် လီမိတက်     (Myanmar Jade Int. Limited.)
၁၄။ မြန်မာဆီးမင့် ကုမ္ပဏီလီမိတက် (Myanmar Cement Co., Ltd.)


ခ။ ကုန်သွယ်မှုလုပ်ငန်းများ (၃)မျိုး    (Trading)
၁။ မြန်မာ့ရှေ့ ဆောင်ထောက်ပံ့ရေး လီမိတက်
၂။ မြန်မာဖဲယားပရိုက် ပရိုက်ဗိတ်လီမိတက်    (Myanmar Fair Price Private Limited.)
၃။ ဘန့်ဟော့ဟင်မြန်မာ လီမိတက်

ဂ။ ဝန်ဆောင်မှုလုပ်ငန်းများ (၄)မျိုး   (Service)
၁။ စီးမင်း(စ်)လီမိတက်မြန်မာ          (Siemens Limited Myanmar)
၂။ မြန်မာလင်း(ဒ်)အင်(န်)ဒဲဗဲလော့မင့် လီမိတက်         (Myanmar Land and Development Limited)
၃။ နေရှင်နယ်ဒီဗဲလုပ်မင့် ကော်ပိုရေးရှင်း        (National Development Corporation.)
၎။ ဟံသာဝတီဂေါက်ကွင်းနှင့်မြို့ တော်ကလပ်အသင်း လီမိတက်  (Hanthawaddy Golf Club and City Golf Club Limited.)


ရာနှုန်းပြည့် တိုင်းရင်းသား၊ နိုင်ငံခြားသား၊ ရင်းနှီးမြှုပ်နှံမှုပြုသော လုပ်ငန်းများ (၁၁)မျိုး
(က) ကုန်ထုတ်လုပ်မှုလုပ်ငန်းများ (၈)မျိုး       (Manufacturing)
၁။ မာကျူရီရေးမင်နှူဖက်ချာရင်းကုမ္ပဏီလီမိတက်       (Mercury Ray Manufacturing Co., Ltd.)
၂။ ပန်ကာကြိုးထုတ်လုပ်ရေးလုပ်ငန်း
၃။ မြန်မာဟွာဖူးအင်တာနေရှင်နယ် လီမိတက်
၎။ မြန်မာထရိုင်းယင့်အင်တာနေရှင်နယ် လီမိတက်
၅။ မြန်မာမာမီးဒါဘယ်ဒက်ကာ လီမိတက်
၆။ မြန်မာဆမ်ဂေါင်းအင်ဒက်စရီရယ် လီမိတက်
၇။ မြန်မာတိုကီဝါ ကော်ပိုရေးရှင်း     (Myanmar Tokiwa Corporation.)
၈။ မြန်မာကုရိုဆာဝါထရပ်(စ်) ကုမ္ပဏီလီမိတက်          (Myanmar Kurosawa Trust Co., Ltd.)
(ခ) ကုန်သွယ်မှုလုပ်ငန်းများ (၁)မျိုး  (Trading)
၁။ ဒိုင်းမွန်းဒရက်ဂွန်ကုမ္ပဏီလီမိတက်           (Diamond Dragon Co. Ltd.)
(ဂ) ဝန်ဆောင်မှုလုပ်ငန်းများ (၂)မျိုး  (Service)
၁။ မိုးကုတ်မိုတယ်လုပ်ငန်း (Mogoke Motel)
၂။ မြန်မာဟိုတယ်နှင့်ခရုဆက်စ် လီမိတက်     (Myanmar Hotel & Cruise Limited.)



ထပ်မံ တိုးချဲ့လာသော လုပ်ငန်းများ
၁။ အထည်ချုပ်စက်ရုံလုပ်ငန်းကို မလေးရှားမှ Comfort International Incorporate (CII) နှင့် ပူးပေါင်းလုပ်ကိုင်ခြင်း
၂။ ငပလီကမ်းခြေနှင့် ကမ်းသာယာကမ်းခြေတို့တွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများကိုကမ္ဘောဇ၊ ထူးမော်၊ အေးရှားဝေါလ်၊ ဝုဒ်လန်း၊ ယုဇန၊ ထွန်းလင်းရောင်၊ ဆဲဗင်းဖိုးဆဲဗင်းကုမ္ပဏီတို့ နှင့် ပူးပေါင်း လုပ်ကိုင်ခြင်း
၃။ဆပ်ပြာစက်ရုံတည်ဆောက်ခြင်းကို မွန်ပြည်နယ်၊ပေါင်မြို့ နယ်မှာ တည်ဆောက်ခြင်း
၎။မင်္ဂလာဒုံမြို့ နယ်၊ပျဉ်းမပင်မြေများကို မြန်မာမာမီးဒါဘယ်ဒက်ကာလီမိတက်ကို ခေါက်ဆွဲခြောက်စက်ရုံ
လုပ်ရန် ငှားရမ်းခြင်း
၅။ ဂရက်နိုက်အလှဆင်ကျောက်ပြားစက်ရုံကို ကျိုက်ထိုမြို့ မှာတည်ဆောက်ခြင်း
၆။ သူဌေးကျွန်းဟိုတယ်နဲ့ ကာဆီနိုလုပ်ငန်းကို ထိုင်းမှ အက်ဒမန်ကလပ်လီမိတက်ဒ်နဲ့ ပူးပေါင်းလုပ်ကိုင်ခြင်း
အခြားတွေ့ရှိသော လုပ်ငန်းများ
  1. မိုးကုတ် ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း
  2. မိုင်းရှူး ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း
  3. နန်းယားဒေသ ကျောက်မျက် တူးဖော်ရေးလုပ်ငန်း
  4. ရွှေသတ္ထု တူးဖော်ခြင်းလုပ်ငန်း
  5. မော်ချီးဒေသ ခဲသတ္ထု တူးဖော်ခြင်းလုပ်ငန်း
  6. ကျောက်စိမ်း ထုတ်လုပ်မှုလုပ်ငန်း
  7. ကျောက်စိမ်း ကျောက်မျက်ရတနာ အချောထုတ်လုပ်ခြင်းလုပ်ငန်း
  8. ဂရင်းနှိပ် ကျောက်ပြားစက်ရုံ (ကျောက်ဆည်)
  9. ပလပ်စတစ် ရက်ထည်အိပ်စက်ရုံ (ကျောက်ဆည်)
  10. မြန်မာပေါ်စကို စတီးလ် သွပ်ပြားစက်ရုံ (Myanmar Posco Steel Co., Ltd.)
  11. မာမီး ခေါက်ဆွဲစက်ရုံ
  12. Red Rubby စီးကရက်စက်ရုံ
  13. ဒူးယားစီးကရက်စက်ရုံ (ပခုက္ကူ)
  14. မြန်မာဘီယာ ဖြန့်ဖြူးရေးလုပ်ငန်း
  15. လန်းပီ ပင်လယ်ရေကြောင်းခရီး ပို့ဆောင်ရေးလုပ်ငန်း
  16. ငွေပင်လယ် မွေးမြူရေးနှင့်ရေလုပ်ငန်း
  17. ပင်လယ်ငါးဖမ်းခြင်းလုပ်ငန်း
  18. ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်း
  19. မွေးမြူရေးလုပ်ငန်းများ (ကြက်/ငါး/ပုဇွန်)
  20. ရေလုပ်ငန်း စက်မှုရုံ ဖော်ထုတ်ခြင်းလုပ်ငန်း
  21. တနင်္သာရီတိုင်း ငှက်သိုက် ထုတ်ယူခြင်းလုပ်ငန်း
  22. ဆီအုန်း စိုက်ပျိုးရေးလုပ်ငန်း (ကော့သောင်း)
  23. သကြားစက်ရုံ (ဥက္ကံ)
  24. ပဒုမ္မာ ဆပ်ပြာစက်ရုံ (ပေါင်)
  25. သကြားစက်ရုံ (အင်းငါးခွ)
  26. တော်ဝင် ပလပ်စတစ် လူသုံးကုန်စက်ရုံ (ကျောက်ဆည်)
  27. ဆာလဖြူရစ် အက်စစ်စက်ရုံ (မုံရွာ)
  28. နိုင်ငံခြားငွေ လဲလှယ်မှုလုပ်ငန်း
  29. တပ်မတော်သား သက်သာချောင်ချိရေး အရောင်းဆိုင်
  30. ဒို့ယာမြေ စိုက်ပျိုးရေးလုပ်ငန်း
  31. ပြည်သာယာ စိုက်ပျိုးရေးလုပ်ငန်း
  32. Ruby Mart Supermarket
  33. Pyininbin Industrial Park (in North Yangon’s suburbs)
  34. Myanmar Five Stars Shipping
  35. Gandamar Wholesale
  36. Myanandar Purified Drinking Water
  37. Myanmar Nobel College (Ahlone, Yangon)
  38. လွယ်ဂျယ်။မောတောင် (ကျောက်မီးသွေးမိုင်း)
  39. Myin Gyan Steel Mill
  40. Ywama Insein Steel Mill
  41. Kyauk Swe Gyo(near Aung LAN) Steel Mill
  42. Maymyo Iron Mill
  43. တာရာစက်ရုံကြီး (အင်းစိန် ရွာမ)
  44. တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ (ဘားအံ)
အချက်အလက် အားလုံး မှန်ကန်ကြောင်းကိုတော့ အတည်မပြုနိုင်သေးပါဘူး။ မှားယွင်းနေတာ ဖြည့်စွက်စရာ ရှိခဲ့ရင် သိသူများက ထပ်မံ ပြင်ဆင် ဖြည့်စွက်စေလိုပါတယ်။ တစ်ချို့ဟာတွေက ကုမ္ပဏီတစ်ခုရဲ့ နာမည်အောက်က လုပ်ငန်းခွဲတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ အသေးစိတ် အချက်အလက်တွေကို အောက်ဖော်ပြပါ Reference Links တွေမှာ ဖတ်ရှုနိုင်ပါတယ်။

Thursday, May 25, 2017

ကိုရီးယားသမတနှင့်အဂတိပြသနာ Park Geun-hye (2013-2017)၊

ကိုရီးယားသမတနှင့် ချမ်းသာခြင်း ဓမ္မဆရာများ
(မိုးမခ) မတ် ၁၉၊ ၂၀၁၇
တောင်ကိုးရီးယားရဲ့ ပတမဆုံးအမျိုးသမီးသမ္မတ Park Geun-hye (2013-2017) တာဝန် ၅ နှစ်ထမ်းဆောင်နေစဉ် ပြီးဖို့ တနှစ်အလိုမှာ တောင်ကိုးရီးယားလွှတ်တော်က ရာထူးကရပ်နားခြင်း ခံလိုက်ရပါတယ်။ အိမ်ပြာတော် Blue House ဆိုတဲ့ သမ္မတအိမ်တော်က ပြုံးရွှင်စွာထွက်ခွာသွားပြီး၊ တောင်ကိုးရီးယားနိုင်ငံရေးသမားများနဲ့ သတင်းမီဒီယာများ အုပ်စု ၂ ခု ကွဲ ပြီး ဝက်ဝက်ကွဲဖြစ်နေပါတယ်။ ယခင်သမ္မတတဦးဖြစ်တဲ့ Roh Moo-hyun (2003-2008) တုန်းကတော့ သမ္မတသက်တမ်း ကုန်ပြီးချိန် အလားတူ အဂတိလိုက်စားမှုနဲ့ (ဇနီးမြစ်သူရဲ့အဂတိကြောင့်) ဝက်ဝက်ကွဲဖြစ်ပြီး တိုင်းပြည်ညီညွတ်ကြဖို့ စာ ရေးတယ်။ မိမိကိုယ်အဆုံးစီရင်သွားတော့မှ နိုင်ငံရေးသမားများ မီဒီယာများ ငြိမ်သွား၊ အမှုတွေပိတ်သွားကြပါတယ်။

Park Geun-hye ရဲ့ ဘဝဖြစ်စဉ်ကလည်း စိတ်ဝင်စားစရာပါ။ နာမည်ကျော် အလွန်တင်းမာတဲ့ စစ်ဗိုလ်ချုပ်ကြီး ပတ်ချုံဟီး Park Chung-hee (1961-1972) ရဲ့သမီးကြီးဖြစ်ပြီး၊ မိခင်အသတ်ခံရတဲ့အချိန် ဥရောပမှာ ပညာသင်နေဆဲက ပြန်လာပြီး ဖခင် သမ္မတကြီးကို First Lady အဖြစ် ကူညီလုပ်ကိုင်ပေးတယ်။ ၃ ကြိမ်တိုင်သမ္မတအရွေးခံရတဲ့ ဖခင်လည်း လုပ်ကြံခံရလို့ သမ္မတအိမ်တော်က ဝမ်းနည်းခြင်းများစွာနဲ့ စွန့်ခွာခဲ့သူပါ။ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေပြီး ၂၀၁၂ မှာ ရွေးကောက်ပွဲအနိုင်ရလို့ သမ္မတဖြစ်လာတဲ့ အိမ်ထောင်မရှိ ဘာသာမရှိ အမျိုးသမီးကြီး ဖြစ်ပါတယ်။



● ဘာသာရေးခေါင်းဆောင် Choi Tae-min နဲ့ သမီး Choi Soon-sil
ဒီဆောင်းပါးကတော့ တောင်ကိုးရိးယားနိုင်ငံမှာ ဘာသာရေးဂိုဏ်အုပ်ကြီး တနည်းအားဖြင့် ဘာသာရေးခေါင်းဆောင်နဲ့ မလိုက်အောင် ကြွယ်ဝချမ်းသာလှတဲ့ ခရစ်ယာန်ဂိုဏ်အုပ်ကြီး Choi Tae-min (1912-1994) အကြောင်း တစေ့တစောင်း ဖြစ်ပါတယ်။ သူဟာ Park Geun-hye စိတ်အားငယ်နေတဲ့ ကာလပတ်လုံး အားပေး မြှင့်တင်ပေးသူဖြစ်ပြီး၊ မှော်ဆရာတဦးပမာ တင်စားပြီး ကိုးရီးယားရက်စပြူတင် Korean Rasputin လို့ နာမည်ပေးခံရသူ ဖြစ်ပါတယ်။ Choi Tae-min ဟာ ၁၉၉၄ ခုနှစ်မှာ ကွယ်လွန်သွားပေမဲ့ သူ့ရဲ့သမီးဖြစ်က သမ္မတရွေးကောက်ပွဲ ဝင်ဖို့၊ အောင်နိုင်ဖို့လဲ နောက်ကွယ်က မားမားမတ်မတ် ရပ်တည်၊ ထောက်ပံ့ပေးခဲ့သူဖြစ်ပါတယ်။
Choi Tae-min ဟာ ယခင်က ဗုဒ္ဓဘာသာဘုန်းကြီးဖြစ်ပြီး ရိုမင်ကာသိုလစ်ခရစ်ယာန်ဖြစ်လာတယ်။ ဓမ္မဆရာဖြစ်လာပြီး “Church of Eternal Life” ဆိုတဲ့ အသင်းတော်တခု တည်ထောင်ခဲ့ပါတယ်။ Park Geun-hye အပေါ် များစွာလွှမ်းမိုးနိုင်သူ ဖြစ်ပါတယ်။

Choi Tae-min ကွယ်လွန်အပြီး သမီးဖြစ်သူ Choi Soon-sil နဲ့ Park Geun-hye တို့ ရင်းနှီးမှုဟာ ဆက်လက်တည်မြဲပါတယ်။ သမ္မတဖြစ်လာဖို့ နောက်ကွယ်က အားပေးထောက်ခံ ပံ့ပိုးပါတယ်။ အာဏာရလာတဲ့ကာလအတွင်းမှာတော့ တရားမဝင် အကြံပေးအရာရှိလို လုပ်ဆောင်တယ်။ သမ္မတကလည်း နိုင်ငံတော်လျှို့ဝှက်ချက်တွေကို အဲဒီအမျိုးသမီးထံ ဖေါ်ပြ အကြံ ဉာဏ်တောင်းပြီး လိုက်လုပ်တယ်၊ အခုတရားရုံးမှာ ကမ္ဘာကျော် Sumsung ကုမ္ပဏီအကြီးကဲပါ တရားစွဲခြင်းခံနေရပါတယ်။ Choi Soon-sil နဲ့ နီးစပ်သူများစွကိုလည်း အရည်ချင်းမရှိပဲ ရာထူးကြီးတွေကို ခန့်အပ်ခဲ့တယ်လို့ တောင်ကိုးရီးယား လွှတ် တော်မှာစွတ်စွဲပြီး မဲခွဲ၊ တာဝန်က ရပ်စဲလိုက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သံအမတ်ကြီးလုပ်ခဲ့သူလည်း အရည်အချင်းမရှိပဲ Choi Soon-sil နဲ့ နီးစပ်သူဖြစ်လို့ အလုပ်ခန့်ခံခဲ့ရတယ်လို့ ထွက်ဆိုပါတယ်။


● ကျန်းမာခြင်းနဲ့ ချမ်းသာခြင်းဓမ္မဆရာများ Prosperity Gospel
ခရစ်ယာန်လောကမှာ လူကြိုက်များ တရားတွေဟောတယ်၊ ရောဂါတွေပျောက်ကင်းစေတယ်၊ ချမ်းသာကြွယ်ဝနည်းလမ်းများ ဟောတဲ့ ဓမ္မဆရာများစွာဟာ အလွန်ဝင်ငွေကောင်းပြီး အလွန်ချမ်းသာကြွယ်ဝတဲ့ ဘာသာရေးဆရာများလို့ သတ်မှတ်ပါ တယ်။ ဒီပုဂ္ဂိုလ်များက အခြေခံ ဘာသာရေးပညက်ချက်များကို အခြေခံပြီး လူတွေရဲ့ စိတ်ဓါတ်မြှင့်တင်ရေးအတွက် စကား ပြော အလွန်ကောင်းသူများဖြစ်ပါတယ်။ သူတို့က ကျန်းမာချမ်းသာတရား Prosperity Gospel ကိုဟောကြားပြီး ကျော်ကြား လာပါတယ်။ လေယာဉ်၊ စက်မှုလုပ်ငန်းများ၊ မိုးမျှော်တိုက်များ ပိုင်ဆိုင်လာကြပါတယ်။
တောင်ကိုးရီးယားနိုင်ငံရေးသမားများနဲ့ မီဒီယာများက Choi Tae-min ကို ဒီထက်မက မှော်ဆရာအဆင့်ထိအောင် ညှို့နိုင် စွမ်းအားကြီးသူအဖြစ် အလွန်ချမ်းသာကြွယ်ဝတဲ့မိသားစုအဖြစ် ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံမှာလည်း ဗုဒ္ဓ၊ ခရစ်ယန်၊ မွတ်ဆလင် ဘာသာရေးခေါင်းဆောင်များစွာ ကျမ်းမာချမ်းသာတရားများ ဟောကြားပြီး အလှူငွေမြောက်များစွာရရှိနေတဲ့ ဆရာကြီးတွေ ရှိပါတယ်။ သူတို့ဟာ အစိုးရဥပဒေကို လက်တလုံးခြားလုပ်တဲ့ ဂိုဏ်သားများကြောင့် အစိုးရရဲ့ တရားစွဲဆိုခြင်းများ ခံရပါတယ်။ အခု တောင်ကိုးရီးယားသမ္မတရဲ့ တာဝန်မှရပ်စဲခံရပေမဲ့ သူမကတော့ ခပ်ပြုံးပြုံးပါပဲ။
ဇာနီကြီး
၁၈-၃-၂၀၁၇
ကိုးကား
မိုးမခဆောင်းပါး http://moemaka.com/archives/57412



။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

တောင်ကိုးရီးယား အမျိုးသမီးသမတ ပတ်ဂွမ်ဟီး
သမတသက်တမ်းမကုန်ခင်မှာ သူငယ်ချင်းအမျိုးသမီးနဲ့ဂိုဏ်တခုရဲ့ လုပ်ရပ်ကြောင့်လာပ်စားမှု၊ နိုင်ငံတော်လုံခြုံရေး စသဖြင့် တောင်ကိုးရိးယားလွှတ်တော်က တရားစွဲဆို ဖြုတ်ချလိုက်ပါတယ်။ သမတအသစ် ရွေးချယ်လိုက်ပါတယ်။
.
သမတဟောင်းခမြာ လက်ထိပ်နဲ့ တရားရုံး ပထမဆုံးအကြိမ်ထုတ်ခံရပါတယ်။ အမေလဲ လုပ်ကြံခံရတယ်၊ အဖေလဲ လုပ်ကြံခံရတယ်။ နှစ်ပေါင်း ၃၅နှစ်လောက် အကြာမှာ သမီးဖြစ်သူ သမတရွေးခံပြီး ၄နှစ်သမတလုပ်ပြီး ၀မ်းနည်းစရာ ဖြစ်သွားပါတယ်။

သူမရဲ့ဖခင် တောင်ကိုးရီးယား။ သမ္မတပတ်ချုံဟီး (စစ်ဗိုလ် ချုပ်ဟောင်း) လက် ထက် ကတည်းက အစိုးရအရာရှိကြီးတွေ လာဘ် စားမှု ထိန်းချုပ်တဲ့ ဥပဒေကိုပြဌာန်း၊ အကောင်ထည် ဖော် ၊ အပြစ်ဒဏ် ချ ခဲ့ပါတယ် ။ ၁၉၆၃မှာ Audit and Inspection (BAI) စာရင်းစစ်အဖွဲ့ဟာ တောင်ကိုးရီးယားရဲ့ ပထမဆုံး လာဘ် စားမှုတိုက် ဖျ က် မှုဖြစ်ပါတယ် ။ သမ္မတကင်ယုံဆမ် ၁၉၉၃-၁၉၉၈ လက် ထက် မှာ သမ္မတဟောင်း၂ဦး (စစ်ဗိုလ် ချုပ်ဟောင်း၂ဦး လာဘ် စားမှုနဲ့အမှုရင်ဆိုင်ရပြီး၊ သေဒဏ် ချ မှတ် ခံရပါတယ် ။ ကြားလို့မကောင်းပါဘူး။ နောက် လွတ် ငြိမ်းချ မ်းသာခွင့် ပေးလိုက် ပါတယ် ။ နောက် တက် တဲံ အတိုက် ခံခေါင်းဆောင် သမ္မတကင်ဒေဂျုံ ၁၉၉၈-၂၀၀၃ လက် ထက် မှာ၊ ပွင့်လင်းမြင်သာမှုများ စတင်လာခဲ့ပြီး၊ လာဘ် စားမှုကို သံဓိဌာန်နဲ့ တိုက် ဖျ က် ခြင်းစတင်ပါတယ် ။ ကော်မတီဖွဲ့တယ် ။ ပိုထက် မြတ် တဲ့ ဥပဒေပြဌာန်းပါတယ် ။ ပါမစ်၊ လိုင်စင်လျှောက် ခြင်းတွေ ရှုပ်ထွေး၊ လာဘ် စားမှုမရှိအောင် လုပ်ပါတယ် ။ ဥပမာ စက် ရုံလုပ်ငန်းတစ်ခု ပါမစ်ရဖို့ အစိုးရထံမှာ စာချုပ်ပေါင်း ၄၄ခု လျောက် လွှာတင်ရပြီး၊ ပါမစ်ကျ အောင် လာဘ် ပေးမှုများစွာနဲ့ လပေါင်းများစွာကြာအောင်လုပ်ရပါတယ် ။ ဒါတွေကို ပြည် သူလူထုအားနဲ့ ပြုပြင်ပါတယ် ။ အွန်လိုင်းစနစ်ကိုသုံးပြီး လာဘ် စားမှုများကို တိုင်ခြင်း၊ တိုင်ကြားသူများကို ကာကွယ် ပေးပါတယ် ။

၂နှစ်အတွင်း အပြင်းအထန် ငွေရှင်၊ အာဏာရှင်များရဲ့ တိုက် ခိုက် မှုများစွာနဲ့ ကြုံရပါတယ် ။ ၁၉၉၉ခုနှစ်မှာ ဆိုးလ် မြို့တော်အုပ်ချုပ်ရေးအဖွဲ့က လာဘ် စားမှုတိုင်ကြားရေး Online Procedure Enhancement for Civil Application (OPEN System) ကိုစတင်ခဲ့ပါတယ် ။ အမှုပေါင်း ၂၈၀၀၀ ပေါ်လာပြီး၊ဝက် ဆိုဒ်ပေါ်တင်ထားပါတယ် ။ တစ်နိုင်ငံလုံး အဲဒီဝက် ဆိုဒ်ကို ကြည့် ကြပါတယ် ။ ၂၀၀၁ ခုနှစ်မှာ အကျ င့်ပျ က် ထိန်းချုပ်ရေးအဖွဲ့ KICAC ကိုဖွဲ့စည်းခဲ့ပါတယ် ။

၂၀၀၆ မှာ KICAC အဖွဲ့တာဝန်များကို တိကျ ပြတ် သားစွာ ချ က် မှတ် လုပ်ဆောင်၊ အရေးယူနိုင်ခဲ့ပါတယ် ။ အခုချိန် ၂၀၁၄မှာ လာဘ် စားမှုစတင်တိုက် ဖျ က် ခဲ့တဲ့ သမ္မတပတ် ချုံဟီးရဲ့ သမီး၊ ပတ် ဂျီဟီ Park Geun Hye သမ္မတလက် ထက် ၂၀၁၄မှာ တောင်ကိုးရီးယားဟာ ကမ္ဘာစီးပွားထိပ်တန်းနိုင်ငံ ဖြစ်နေပါပြီး။
.
ဝမ်းနည်းစရာကတော့ သမတတောင်မှာ ပထမဆုံးအမျိုးသမီးသမတ ပတ်ဂွမ်းဟီး လာပ်စားမှုနဲ့ သမတရာထူးပြုတ်၊ တရားစွဲခံ လက်ထိပ်ခတ်ခံရခြင်းပါ။