Yethuya Naing is with Kyawkyaw Htet and 7 others.
အင်ဂျင်နီယာ လောက၏ ဂုဏ်သိက္ခာ ညိုနွမ်းစေသော လိမ့်ညာမှု
______________________________________________
ကျွန်တော်တို့ အင်ဂျင်နီယာ လောကတွင်း ဂယက်ရိုက်သည့်သတင်း
______________________________________________
ကျွန်တော်တို့ အင်ဂျင်နီယာ လောကတွင်း ဂယက်ရိုက်သည့်သတင်း
စတင်ခဲ့ပါသည်။ ထိုသတင်းက အင်ဂျင်နီယာဘွဲ့ရ မဟုတ်ပဲနဲ့
အင်ဂျင်နီယာအားလုံး၏ နှလုံးသည်းပွတ်ဖြစ်သော YTU ကြို့ကုန်းတွင်
Visiting Professor (မှတ်ချက် Visiting Lecture အဆင့် မဟုတ်ပါ) အဖြစ်
ဝင်ရောက်ပြီး အင်ဂျင်နီယာ မဟာ အင်ဂျင်နီယာ များကို Project Management ဝင်ရောက် စာသင်သွားခြင်းဖြစ်ပါသည်။ ထိုထက် ပိုဆိုးသည်က... အင်ဂျင်နီယာ ဘွဲ့ရသော်လည်း Professional Engineer, RSE, RE လက်မှတ်ရမှ အင်ဂျင်နီယာ လုပ်ခွင့်ပြုသည်။ မလုပ်ပါက ထောင် ၂ နှစ် ချမှတ်နိုင်သည်ဟု အင်ဂျင်နီယာ လောက ကို အာဏာရှင်သဖွယ် အနိုင်ကျင့်လိုသော မြန်မာအင်ဂျင်နီယာ ကောင်စီ (Myanmar Engineering Council) တွင်PE အဖြစ်လည်းကောင်း အာဆီယံ အသိအမှတ်ပြူ လတ်မှတ်ရ PE (ACPE) အဖြစ်လည်းကောင်း၊ PE ဖြစ်လိုသော လူများ သည် ထိုသူ၏ သင်ကြားသော သင်တန်းများကို မဖြစ်မနေ တက်ရောက်ရယူရမည့် CPD များ ရယူရမည့်သူဖြစ်နေပါသည်။
ထိုသူမှာ ဦးတင်ထွန်း ( ကျွန်တော်ထက် အသက်ကြီး၍ "ဦး"ဟု နာမဝိသေသန တပ်ခေါ်ခြင်းဖြစ်ပါသည်။) လူလိမ် ဦးတင်ထွန်းဟု သိလာရပါသည်။ ထိုသူ၏ ဖေစ်ဘွတ်ပရိုဖိုင်းမှာ
သူရဲ့ လိမ်ညာမှုများကို ပြန်ဖော်ပြရလျှင်
(၁) ဦးတင်ထွန်းသည် BE Civil, MSc, Ph.D (Project Management) ဘွဲ့ရသည်ဟု သူ၏ ဖေစ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားပါသည်။ BE Civil ၁၉၈၁ခုနှစ်ဘွဲ့ရသည်ဟုဆိုသော ဦးတင်ထွန်းသည် ၁၉၈၁ ခုနှစ်တွင်Civil ဘွဲ့ရသော အင်ဂျင်နီယာ လောကတွင် နာမည်ကျော်ကြားသော ဆရာဦးခင်မောင်တင့်အား ဦးတင်ထွန်းက မသိရှိပဲ ဘယ်သူလဲဟု မေးမြန်းရာမှ ဦးတင်ထွန်း အား BE ဘွဲ့ရခြင်းကို သံသယ ရှိလာကြပါသည်။ သို့ပေမှဲီု့တင်ထွန်း အား Visiting Profession ဖြစ်အောင် မည်သူများက အာမခံပေးကြသနည်း၊
၂။ ဦးတင်ထွန်းသည် ၂၀၁၂ ခုနှစ်တွင် မြန်မာအင်ဂျင်နီယာများ၏ အသည်းနှလုံး YTU တွင် Visiting Professor အဖြစ် စတင် သင်ကြားနေပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာအင်ဂျင်နီယာ အသင်း (MES) တွင် မင်ဘာဖြစ်လိုကြောင်း လျှောက်ထားပါတယ်။ ဘွဲ့လက်မှတ်တောင်းခံသောအခါ PE လျှောက်ထားလို့ ဟု ပြောကာ ဘွဲ့မူရင်းမတင်ပြခဲ့ပါ။ ၂၀၁၄ ဧပြီလတွင် မြန်မာအင်ဂျင်နီယာ ကောင်စီ (Myanmar Engineering Coucil) က အသိအမှတ်ပြု ပရောက်ဖက်ရှင်နယ် အင်ဂျင်နီယာ လက်မှတ်ရပါတယ်။ MES မှ YTU တွင် ပရောက်ဖက်ဆာ၊ MEC တွင် PE ဖြစ်နေသောကြောင့် အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပါသည်။
ဤမျှနှင့်မရပ်သေးပဲ ဦးတင်ထွန်းသည် အာဏာပိုရှိသော MEC တွင် ကောင်စီဝင်ဖြစ်လိုသော စိတ်ဖြင့် MES တွင် Central Committee တွင်ဖြစ်ရန် ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် လျှောက်လွှာတင်ခဲ့ပါသည်။ ထိုအချိန်တွင် မြန်မာအင်ယာအသင်းမှာ ဘွဲ့လက်မှတ် မူရင်းတင်ပြရန် တောင်းဆိုခြင်း အချိန် တခု ပေး၍ စောင်းဆိုင်းခြင်း ပြုလုပ်ခဲ့သော်လည်း မပြသနိုင်သဖြင့် လေ့လာ စုံစမ်းရာမှာ ၁၉၈၁ ခုနှစ်တွင် စက်မှုတက္ကသိုလ်မှ ဘွဲ့ရသည်မှာ မမှန်ကန်သည်ကို သိလာကြပါသည်။ ထိုနောက် ၎င်း၏ မာစတာဘွဲများ ဒေါက်တာဘွဲများသည်လည်း အတုဖြစ်သည်ဟု ကွန်ဖန်းမဖြစ်နိုင်သော နေရာများမှ သိလာရပါသည်။ ထိုကြောင့် မြန်မာအင်ဂျင်နီယာ အသင်း (MES) မှ ဦးတင်ထွန်းအား မင်ဘာအဖြစ်မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ရပ်စဲလိုက်ပါသည်။
(၃) ဦးတင်ထွန်းသည် ယခုလက်ရှိ PE(Professional Engineer) ACPE (Asean Chartered Professional Engineer), Member of CQHP (Quality Control of High-rise Building Projects) ပဲ ဖြစ်ပါတယ်။ စဉ်းစားလို့ မရသည်က ထိုသူသည် အင်ဂျင်နီယာ BE ဘွဲ့ရမဟုတ်ပဲနဲ့ မြန်မာ အင်ယာကောင်စီ (MEngC) က အသိအမှတ်ပြု PE နှင့် အင်ယာကောင်စီမှာ ထောက်ခံသောကြောင့် ဖြစ်လာသည် အာဆီယံတွင်ပါ ဖြစ်လာခြင်းသည် အဓိက တရားခံကိုယ်တိုင်က MEngC ကိုယ်တိုင်ဖြစ်လာသည်။ ဘယ်လောက်အထိ MEngC ကိုယ်တိုင် မြှောက်စားခဲ့သလဲ ဆိုရင် အခုMengC ဆောက်လုပ်နေတဲ့ ရုံးအဆောက်အဦးကို ဦးတင်ထွန်းက Proposal လုပ်ပြီး စင်္ကာပူ အာခီတက်က ဒီဇိုင်းလုပ်ထားတဲ့ အဆောက်အဦးလို့ သိရပါတယ်။ သူတင်ခဲ့တာကို လက်ရှိ ဆောက်လုပ်ရေး ဝန်ကြီး ဦးကျော်လွင်က အတည်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ ဦးကျော်လွင်လဲ လက်ရှိ ကော်စီဝင် တယောက်ပါပဲ။ အဲဒီအဆောက်အဦးကတော့ သိပ်မကြာခင်မှာ Soft Opening တောင် လုပ်ပါတော့မယ်။
(၄) ဦးတင်ထွန်းနဲ့ အဓိက အပေါင်းအသင်းဖြစ်သူများကတော့ လက်ရှိ စီမံကိန်ဝန်ကြီး ဦးစိုးသာ၊ ဆောက်လုပ်ရေးဝန်ကြီး ဦးကျော်လွင်၊ ဒုဝန်ကြီး ဦးစိုးတင့်၊ ဦးဝင်းမြင့် ဆောက်လုပ်ရေး အမြဲတမ်း အတွင်းဝန် ဦးကျော်လင်း နဲ့ ညွှန်ချုပ်တွေလဲ ပါဝင်ပါတယ်။ ဦးတင်ထွန်းဟာ ထိုသူများနှင့် အဝင်အထွက် အပေါင်းအသင်းလုပ်ပြီး အင်ဂျင်နီယာ လောကာမှာ သူရဲ့စီးပွားရေး တိုးတက်မှုနဲ့ အာဏာတွေကို ဝင်ရောက်ယူသွားပါတယ်။ ထိုအာဏာရှင် ကာင်စီဝင် များဟာ တကယ်အင်ဂျင်နီယာ များကို အနိုင်ကျင်မှု့များလုပ်နိုင်အောင် အာဏာဖြင့် ဥပဒေတွေကို ထုတ် PE လက်မှတ် မရပဲ လုပ်လျင် ထောင်၂ နှစ် ချမှတ်မည်ဟု ခြိမ်းခြောက်ခြင်း၊ နိုင်ငံတကာ က ရရှိခဲ့သော ဘွဲလက်မှတ်များ PE များကိုတောင် လက်မခံ ၎င်းတို့ ပြုလုပ်သော PE လက်မှတ်ရမှ ရမည်ဟု အာဏာရှင်ဆန်ဆန် လုပ်မှုများကို ပြည်တွင်း ပြည်ပ တော်တော်များများ လက်မခံတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ထိုကောင်စီဝင်များဟာ တကယ် အင်ဂျင်နီယာ များကို ဖိနှိပ်ပြီး ယခုဦးတင်ထွန်းကဲ့သို့ အင်ဂျင်နီယာ အတုကို မြှောက်စားခြင်း၊ ဦးတင်ထွန်း အတု ဖြစ်မှန်း သိရှိသော်လည်း ယခုအချိန်ထိ အရေးယူမှု မရှိခြင်း ၊ ဦးတင်ထွန်း ကို ပေးအပ်ထားသော PE, ACPE များကို ပြန်လည် ရုတ်သိမ်းမှု မရှိခြင်းလည်း ရှိနေပါသည်။ ထိုကောင်စီဝင်များဟာ ၎င်းတို့ တာဝန်ယူ ဖြေရှင်းရမည်များကို တရားဝင် ဖြေ၇ှင်းခြင်း မပြုသေးပဲ အင်ဂျင်နီယာ များ၏ တောင်းဆိုမှုကို မသိကျိုးကျွန်ပြုလျက်ရှိပါတယ်။
(၅) ထိုကဲသို့ လူလိမ့် ဦးတင်ထွန်းကို အရေးယူမှု ပြုလုပ်ရမည်ကို မပြုလုပ်သော်လည်း လွန်ခဲ့သောလက သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်၊ ဦးတင်နိုင်သိမ်း ဒေါက်တာကံဇော်တို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းစီမံ အိမ်ယာ စီမံကိန်းမှ တိုက်ခန်းများကို လက်သိပ်ထိုးရောင်းချမှုကို ဖေစ်ဘွတ်တွင် ပျံနှံမှုများအား ဆောက်လုပ်ရေးဝန်ထမ်းများကို စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့၍ အနိုင်ကျင့်မှုများ လုပ်ကိုင်နေသည်ကို ကြားသိရပါသည်။
အဖြစ်အပျက်ကို အင်ယာကောင်စီမှ တာဝန်ယူဖြေရှင်းခြင်း။ လိမ်ညာသူအား ပေးအပ်ထားသည်များကို ရုတ်သိမ်းခြင်း၊ လိမ်ညာသူအား တရားဥပဒေအရ အရေးယူခြင်းနှင့် လိမ့်ညာသူအား အာမခံပေးသူများ တာဝန်ယူကာအမှားဝန်ခံမှုများကို မြန်မာအင်ယာကောင်စီမှ ပြုလုပ်ပါရပါ
မီဒီယာများမှ တဆင့် တောင်းဆိုပါသည်။ မီဒီယာများမှလည်း မြန်မာနိုင်ငံ၏ အင်ယာအနာဂတ်နှင့် နောက်နှောင်တွင်ယခုကဲ့သို့ မဖြစ်စေရန် မီဒီယာများမှ ပြည်သူများကို ဖော်ထုတ် အသိပေး လုပ်ဆောင်ပေးရန် အကူုအညီတောင်းခံအပ်ပါသည်ခင်ဗျာ။
မောင်ခြိမ့်
___________________
Wynn Khai Htay's status
___________________
.
.
CQHP, MEngC, YTU နှင့် MES တို့ကို လိမ်သွားသူသည် FMI City ရှိ အိမ်ဂေဟာတွင် ကျန်းမာပကတိ၊ လန်းဖြာစွာဖြင့် နေထိုင်လျက်ရှိကြောင်း သိရပါသည်။
ထိုမျှမက သူ၏ မိတ်ဟောင်း ဆွေဟောင်းများနှင့်ဆက်သွယ်၍ project များ လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရပါသည်။ သူပါဝင်ပတ်သက်နေသော project များတွင် အစိုးရ project များပင် ပါဝင်နေပါသည်။ ထိုလုပ်ငန်းများကို နောက်ကွယ်မှ စီမံ ခန့်ခွဲနေခြင်း ဖြစ်ပါသည်။
ကျွန်တော့်လို အညတရ အင်ဂျင်နီယာတစ်ဦးပင် ဤအကြောင်းများကို သိနေလျင် မျက်စိကြီး၊ နားကြီး အင်ဂျင်နီယာကြီးများဖြစ်သည့် CQHP ကော်မတီဝင်များ၊ အင်ဂျင်နီယာ ကောင်စီဝင်များ၊ အင်ဂျင်နီယာ အသင်းအမှုဆောင်လူကြီးမင်းများ အနေဖြင့် ကျွန်တော်သိသည်ထက် ပိုသိမည်ဟု ယုံကြည်ပါသည်။ မသိပါဘူးဟု ငြင်းကြမည်ဆိုလျင်.......။
အဆိုပါပုဂ္ဂိုလ် ကျူးလွန်ခဲ့သောပြစ်မှုသည် CQHP, MEngC, YTU နှင့် MES တို့အား သာမန်လိမ်လည်မှုမဟုတ်ပါ။
CQHP ၏ တာဝန်သည် အထပ်မြင့်အဆောက်အအုံများ၏ အရည်အသွေးကို စိစစ်ရန်ဖြစ်ပါသည်။ တနည်းအားဖြင့် အများပြည်သူတို့ အသက်ဘေးကို အန္တရာယ်မဖြစ်စေမည့် အထပ်မြင့်အဆောက်အအုံများဖြစ်ရေးကို တာဝန်ခံ စိစစ်ရန်ဖြစ်ပါသည်။ အဆိုပါပုဂ္ဂိုလ်မှ CQHP တွင်ပါဝင်ဆောင်ရွက်သွားခြင်းသည် အများပြည်သူများ၏ အသက်အန္တရာယ် လုံခြုံစိတ်ချရစေမှုကို ခြိမ်းခြောက်ရာ ရောက်ပါသည်။
MEngC ၏ အဓိကတာဝန်မှာ အများပြည်သူ၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးတို့ကို မထိခိုက်စေမည့် အင်ဂျင်နီယာလုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်မည့် အင်ဂျင်နီယာများကို စိစစ် မှတ်ပုံတင်ပေးရန်ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်မှ PE, RSE လျောက်ထားသူများအား PDP course များ သင်ကြားပို့ချသွားခဲ့ခြင်း၊ PE, RSE လျောက်ထားသူများအား အင်တာဗျူးစစ်မေး၍ PE, RSE အဖြစ် စိစစ်သတ်မှတ်ပေးခဲ့ခြင်းများသည် အများပြည်သူတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးကို ခြိမ်းခြောက်ရာ ရောက်ပါသည်။
YTU တွင် ဧည့်ပါမောက္ခအဖြစ်ဆောင်ရွက်၍ မြို့ပြအင်ဂျင်နီယာ ဘွဲ့လွန်တန်းများအား သင်ကြား၊ စာမေးပွဲစစ်၊ ဘွဲ့လွန်တန်းအအောင်ပေးခဲ့ခြင်းများသည် အများပြည်သူ၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးကို သွယ်ဝိုက်ခြိမ်းခြောက်ရာ ရောက်ပါသည်။
အဆိုပါပုဂ္ဂိုလ်အား သက်ဆိုင်ရာ ကော်မတီ၊ ကောင်စီ၊ တက္ကသိုလ် နှင့် အသင်းတို့မှ မည်သို့မည်ပုံ အရေးယူဆောင်ရွက်ထားကြောင်း ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေငြာခြင်း မရှိခဲ့ပါ။ (ထုတ်ပြန်ကြေငြာခဲ့သော်လည်း ကျွန်တော်မသိလိုက်သည်ဆိုလျင်လည်း ထောက်ပြကြပါ)။
အဆိုပါပုဂ္ဂို ထိုကဲ့သို့ လိမ်လည်နိုင်ခဲ့ခြင်းအတွက် တာဝန်ရှိသူမှာ ကွယ်လွန်သွားပြီဖြစ်သူတစ်ဦးဟု ပြောကြားမှုများကို သတိထားမိပါသည်။ ကျွန်တော်တို့ လက်မခံနိုင်ပါ။ အဆိုပါပုဂ္ဂိုလ်၏ လိမ်လည်မှုကို လက်ခံခဲ့ကြသော အဖွဲ့အစည်းများသည် ဦးသန်းမြင့်ကော်မတီ၊ ဦးသန်းမြင့်ကောင်စီ၊ ဦးသန်းမြင့်အသင်းတို့မဟုတ်ကြပါ။ CQHP, MEngC နှင့် MES တို့ဖြစ်ပါသည်။ ပုဂ္ဂလိက တာဝန်ခံမှုမဟုတ်ဘဲ အသင်းအဖွဲ့အနေဖြင့် တာဝန်ခံရပါမည်။
နောက်ထပ်ကြားသိရသောဆင်ခြေက အဆိုပါပုဂ္ဂိုလ်မှာ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် အရေးယူဆောင်ရွက်ခြင်းမပြုနိုင်ဟူ၍ ဖြစ်ပါသည်။ အဆိုပါပုဂ္ဂိုလ် ထွက်ပြေးတိမ်းရှောင်နေခြင်းမရှိပါ။ FMI City တွင် နေထိုင်လျက်ရှိပါသည်။ လိုအပ်သလို ဆောင်ရွက်ကြပါကုန်။
နော
.
--------------------------------
.
.
---------------------------------
.
CQHP ( note: Committee for Quality Control of High Rise Building Construction Projects (CQHP ) )အ နေ ဖြင့် ဦး တင် ထွန်း ပါ ဝင် ပတ် သက် ခဲ့ သော Highrise Building Projects များ နှင့် ပတ် သက် ၍ တ ရား ဝင် ရှင်း လင်း တင် ပြ ချက်
၁။ အ ထပ် မြင့် အ ဆောက် အ အုံ တည် ဆောက် ရေး စီ မံ ကိန်း များ ကြီး ကြပ် စစ် ဆေး ရေး ပ ညာ ရှင် အ ဖွဲ့ ကို 11-8-2003 တွင် ဥ က္က ဌ အ ဖြစ် ပါ မော က္ခ ဦး ညီ လှ ငယ် နှင့် အ ဖွဲ့ ဝင် ၈ ဦး စု စု ပေါင်း ၉ ဦး ဖြင့် စ တည် ဖွဲ့ စည်း တည် ထောင် ခဲ့ ပါ သည်။
၂။ ထို့ နောက် ပ ညာ ရှင် လို အပ် ချက် အ ရ 16-6-2004 တွင် ဦး ညီ လှ ငယ် ဥ က္ကဌ အ ဖြစ် ပါ ဝင် သော ပ ညာ ရှင် ၁၄ ဦး ဖြင့် ပြန် လည် ဖွဲ့ စည်း ခဲ့ ပါ သည်။
၃။ 11-2-2009 မှ စ ၍ ဥ က္က ဌ အ ဖြစ် ကွယ် လွန် သူ ဦး သန်း မြင့် မှ တာ ဝန် ယူ ကာ ဆက် လက် ဆောင် ရွက် ခဲ့ ပါ သည်။
၎။ မြန် မာ နိုင် ငံ တွင် အ ထပ် မြင့် အ ဆောက် အ အုံ တည် ဆောက် ခြင်း လုပ် ငန်း များ တစ် ဟုန် ထိုး တိုး တက် လာ သည် က တစ် ကြောင်း၊ သက် ဆိုင် ရာ နယ် ပယ် အ သီး သီး အ လိုက် ကျွမ်း ကျင် ပ ညာ ရှင် များ လို အပ် လာ သည် က တစ် ကြောင်း တို့ ကြောင့် 5-1-2015 တွင် ဥ က္က ဌ ဦး သန်း မြင့် ၊ ဒု ဥ က္က ဌ များ အ ဖြစ် ဦး ခင် မောင် တင့် နှင့် ဦး ဆ လိုင်း မျိုး မြင့် တို့ ပါ ဝင် သော ပ ညာ ရှင် ၂၇ ဦး ဖြင့် ပြန် လည် ပြင် ဆင် ဖွဲ့ စည်း ခဲ့ ပါ သည်။
၅။ ၎င်း နောက် ဥ က္က ဌ ဦး သန်း မြင့် ကျန်း မာ ရေး ကြောင့် အ နား ယူ သွား ပြီး ဦး ခင် မောင် တင့် မှ ယာ ယီ ဥ က္က ဌ အ ဖြစ် တာ ဝန် ယူ ဆောင် ရွက် နေ ခဲ့ ပါ သည်။ ၎င်း အ ချိန် တွင် CQHP ကို ပြန် လည် ဖွဲ့ စည်း ရန် လို အပ် လာ ပါ သည်။
၆။ CQHP တွင် ပါ ဝင် သင့် သော ပ ညာ ရှင် များ ကို ဆောက် လုပ် ရေး ဝန် ကြီး ဌာ န မှ နိုင် ငံ တော် သ မ္မ တ ထံ သို ထောက် ခံ တင် ပြ အ တည် ပြု ချက် ရ ယူ ပြီး၊ ပြည် ထောင် စု ဝန် ကြီး မှ လက် မှတ် ရေး ထိုး ကာ နိုင် ငံ တော် ပြန် တမ်း တွင် ထည့် သွင်း အ တည် ပြု ခန့် ထား ခြင်း ဖြစ် ပါ သည်။
၇။ ယ ခု တစ် ကြိမ် ပြန် လည် ဖွဲ့ စည်း ရန် ဆောင် ရွက် ရာ တွင် ဦး တင် ထွန်း မှ ၎င်း အ နေ ဖြင့် ကော် မ တီ ဝင် ဖြစ် လာ တော့ မည် ဖြစ် ကြောင်း၊ အ မိန့် ကြော် ငြာ စာ မ ထွက် မီ က ပင် ပြော ဆို နေ ခဲ့ ပါ သည်။ ယင်း အ ချိန် တွင် ၎င်း မှာ YTU တွင် Visiting Associate Professor, BEI တွင် Construction Quality Control, Health & Safety Committee ၏ ဥ က္က ဌ စ သည် ဖြင့် တာ ဝန် ယူ ထား ပြီး ဖြစ် နေ ပါ ပြီ။ PE, ACPE Certificate များ လည်း ရ ရှိ ထား ပြီး ဖြစ် ပါ သည်။
၈။ CQHP ယာ ယီ ဥ က္က ဌ ဦး ခင် မောင် တင့် မှ ၎င်း ၏ BE Certificate နှင့် ပတ် သက် ၍ သ တင်း များ ထွက် ပေါ် နေ သ ဖြင့် ဆောက် လုပ် ရေး ဝန် ကြီး ဌာ န သို့ သ တိ ပေး ကန့် ကွက် မှု ပြု လုပ် ခဲ့ ပါ သည်။ သို့ သော် ၎င်း အ ချိန် တွင် နိုင် ငံ တော် သ မ္မ တ ထံ သို့ တင် ပြ အ တည် ပြု ချက် ရ ယူ ပြီး ဖြစ် သည် ဟု ဆို ကာ 15-6-2015 နေ့ တွင် ဥ က္က ဌ ဦး ခင် မောင် တင့် နှင့် အ ဖွဲ့ ဝင် ၂၈ ဦး ပါ ဝင် သော CQHP Committee အ သစ် ဖွဲ့ စည်း ကြောင်း အ မိန့် ကြော် ငြာ စာ ထွက် ပေါ် လာ ပြီး ဦး တင် ထွန်း မှာ CQHP Member ဖြစ် လာ ပါ တော့ သည်။
၉။ CQHP Member ဖြစ် လာ သော် လည်း ၎င်း အား မည် သည့် တာ ဝန် မျှ ပေး အပ် ခြင်း မ ပြု ခဲ့ ပါ။ Construction Site များ သို့ လုပ် ငန်း စစ် ဆေး ရေး သွား ရာ တွ င် လည်း လိုက် ပါ ခွင့် မ ပြု ခဲ့ သည့် အ ပြင်၊ ၎င်း တာ ဝန် ယူ ဆောင် ရွက် နေ သော Project တစ် ခု တွင် CQHP နာ မည် သုံး ၍ ပြော ဆို ကြောင်း သ တင်း ထွက် ပေါ် လာ သ ဖြင့် ၎င်း ကဲ့ သို့ တစ် လွဲ မ သုံး ရန် အ စည်း အ ဝေး တွင် ဥ က္က ဌ မှ တ ရား ဝင် သ တိ ပေး ခဲ့ ပါ သည်။
၁၀။ ၎င်း နောက် နို ဝင် ဘာ လ လောက် တွင် သ တင်း များ အ လွန် ထွက် လာ ပြီး CQHP အ စည်း အ ဝေး များ သို့ လည်း မ လာ တော့ ပါ။ စုံ စမ်း စစ် ဆေး မှု များ ပြု လုပ် ခဲ့ ပြီး ဒီ ဇင် ဘာ လ တွင် CQHP Member အ ဖြစ် မှ ရပ် စဲ ခဲ့ ပါ သည်။
၁၁။ CQHP ကို လည်း ဆောက် လုပ် ရေး ဝန် ကြီး ဌာ န မှ တ ဆင့် နိုင် ငံ တော် သ မ္မ တ ထံ တင် ပြ ၍ ဥ က္က ဌ ဦး ခင် မောင် တင့် အ ပါ အ ဝင် အ ဖွဲ့ ဝင် ၂၈ ဦး ဖြင့် 28-1-16 နေ့ တွင် အ သစ် ပြန် လည် ဖွဲ့ စည်း ခဲ့ ပြီး ဖြစ် ပါ သည်။
၁၂။ အ သေး စိတ် စစ် ဆေး ချက် များ အ ရ ၂၀၁၃ ခု နစ် မှ ၂၀၁၅ ခု နှစ် အ တွင်း ဦး တင် ထွန်း အ နေ ဖြင့် ပါ ဝင် ပတ် သက် ခဲ့ သော အ ထပ် မြင့် အ ဆောက် အ အုံ စီ မံ ကိန်း စု စု ပေါင်း (၇) ခု ရှိ ခဲ့ ကြောင်း တွေ့ ရှိ ရ ပါ သည်။
(က) 2 Basement + 23 Storey Shwe Gone Dine Hotel Construction Project
- ဤ စီ မံ ကိန်း တွင် ၎င်း အ နေ ဖြင့် Project Director နှင့် Project Engineer အ ဖြစ် တာ ဝန် ယူ ထား ကြောင်း စိ စစ် တွေ့ ရှိ ရ ပါ သည်။
- CQHP အ နေ ဖြင့် 29-10-2013 နေ့ တွင် Ultimate Pile Load Test စမ်း သပ် ရန် ခွင့် ပြု ထား ခဲ့ ပြီး ယ နေ့ အ ထိ Revised Design ပြန် လည် တင် ပြ လာ ခြင်း မ ရှိ သေး ဘဲ စ တင် တည် ဆောက် ခြင်း မ ရှိ သေး ကြောင်း သိ ရှိ ရ ပါ သည်။
(ခ) 3 Basement + 26 Storey M Tower Project
- ဤ စီ မံ ကိန်း မှာ ၎င်း CEO အ ဖြစ် တာ ဝန် ယူ ထား သော Mottama Holding Ltd မှ တင် ပြ ထား သော စီ မံ ကိန်း ဖြစ် သည်။ Foundation Design အား CQHP မှ အ သေး စိတ် စစ် ဆေး ခဲ့ ပြီး လို အပ် ချက် များ အား လုံး ပြည့် စုံ သ ဖြင့် 29-2-2016 နေ့ တွင် မှ Foundation only အ တွက် ထောက် ခံ ချက် ထုတ် ပေး ခဲ့ ပါ သည်။ Super Structure Design အား စိ စစ် ဆဲ ဖြစ် ပါ သည်။ စ တင် တည် ဆောက် ခြင်း မ ပြု သေး ပါ။
(ဂ) 4 Basement + 32 Storey Shwe Gone Tower Construction Project
- ဤ စီ မံ ကိန်း တွင် ၎င်း အ နေ ဖြင့် Project Director နှင့် အ ဖြစ် တာ ဝန် ယူ ထား ကြောင်း စိ စစ် တွေ့ ရှိ ရ ပါ သည်။
- CQHP အ နေ ဖြင့် 6-3-2014 နေ့ တွင် Ultimate Pile Load Test စမ်း သပ် ရန် ခွင့် ပြု ထား ခဲ့ ပြီး ယ နေ့ အ ထိ Revised Design ပြန် လည် တင် ပြ လာ ခြင်း မ ရှိ သေး ဘဲ စ တင် တည် ဆောက် ခြင်း မ ရှိ သေး ကြောင်း သိ ရှိ ရ ပါ သည်။
(ဃ) 5 Basement + 21 Storey PME Office Tower Construction Project
- ဤ စီ မံ ကိန်း မှာ ၎င်း CEO အ ဖြစ် တာ ဝန် ယူ ထား သော Mottama Holding Ltd မှ တင် ပြ ထား သော စီ မံ ကိန်း ဖြစ် သည်။
- CQHP အ နေ ဖြင့် 23-11-2015 နေ့ တွင် Pile လုပ် ငန်း များ ဆောင် ရွက် ရန် ထောက် ခံ ချက် ပေး ခဲ့ ပြီး ယ ခု အ ခါ စ တင် ဆောင် ရွက် နေ ပြီ ဖြစ် သည်။ Superstructure အ တွက် ထောက် ခံ ချက် မ ပေး ရ သေး ပါ။
(င) 2 Basement + 20 Storey Min Residence Construction Project
- ဤ စီ မံ ကိန်း မှာ ၎င်း CEO အ ဖြစ် တာ ဝန် ယူ ထား သော Mottama Holding Ltd မှ တင် ပြ ထား သော စီ မံ ကိန်း ဖြစ် သည်။ Project Director အ ဖြစ် လည်း လက် မှတ် ထိုး ထား သည်။
- CQHP အ နေ ဖြင့် 18-5-2015 နေ့ တွင် Ultimate နှင့် Working Pile Load Test များ စမ်း သပ် ရန် ခွင့် ပြု ထား ခဲ့ ပြီး ယ နေ့ အ ထိ Revised Design ပြန် လည် တင် ပြ လာ ခြင်း မ ရှိ သေး ဘဲ စ တင် တည် ဆောက် ခြင်း မ ရှိ သေး ကြောင်း သိ ရှိ ရ ပါ သည်။
(စ) 1 Basement + 20 Storey Bonamy Residence Construction Project
- ဤ စီ မံ ကိန်း မှာ ၎င်း CEO အ ဖြစ် တာ ဝန် ယူ ထား သော Mottama Holding Ltd မှ တင် ပြ ထား သော စီ မံ ကိန်း ဖြစ် သည်။ Project Director အ ဖြစ် လည်း လက် မှတ် ထိုး ထား သည်။
- CQHP သို့ မည် သည့် စာ ရွက် စာ တမ်း မှ တင် ပြ လာ ခြင်း မ ရှိ သေး ဘဲ စ တင် တည် ဆောက် ခြင်း မ ရှိ သေး ကြောင်း သိ ရှိ ရ ပါ သည်။
(ဆ) 3 Basement + 24 Storey Bagan Condominium Construction Project
- ဤ စီ မံ ကိန်း မှာ ၎င်း CEO အ ဖြစ် တာ ဝန် ယူ ထား သော Mottama Holding Ltd မှ တင် ပြ ထား သော စီ မံ ကိန်း ဖြစ် သည်။ Project Director အ ဖြစ် လည်း လက် မှတ် ထိုး ထား သည်။
- CQHP သို့ Architectural Conceptual Design သာ တင် ပြ ထား ပြီး စ တင် တည် ဆောက် ခြင်း မ ရှိ သေး ကြောင်း သိ ရှိ ရ ပါ သည်။
၁၃။ နိ ဂုံး ချုပ် အ နေ ဖြင့်
- ဦး တင် ထွန်း CQHP Member ဖြစ် လာ ခြင်း မှာ လက် ရှိ CQHP ကော် မ တီ ဝင် များ ၏ လုပ် ဆောင် ချက် မ ဟုတ် ကြောင်း၊ မည် သူ့ ကို မှ လည်း ခန့် ထား နိုင် သည့် Power မ ရှိ ကြောင်း
- CQHP Member ဖြစ် အောင် ထောက် ခံ ပို့ ဆောင် ပေး ခဲ့ သူ မှာ လည်း Information အ ချိန် မီ မ ရ လိုက် ဘဲ စေ တ နာ ဖြင့် မှား ယွင်း သွား ခြင်း သာ ဖြစ် သည် ဟု ယူ ဆ ပါ ကြောင်း
- ၎င်း Member ဖြစ် နေ စဉ် ၅ လ ခန့် ကာ လ အ တွင်း တွင် လည်း CQHP တွင် မည် သည့် အ ခွင့် အ ရေး မှ မ ပေး ခဲ့/ မ ရ ယူ နိုင် ခဲ့ ကြောင်း၊
- ၎င်း နှင့် ပတ် သက် နေ သော Project များ အ တွက် လည်း အ ထူး အ ခွင့် အ ရေး များ မ ရ ရှိ ခဲ့ ဘဲ အ ခြား ပုံ မှန် Project များ အ တိုင်း သာ ဖြစ် ကြောင်း၊ (မည် သည့် Project မှ အ စ အ ဆုံး ထောက် ခံ ချက် မ ရ သေး သည် ကို ကြည့် ၍ သိ နိုင် ပါ သည်)
- CQHP အ တွင်း တွင် လည်း ၎င်း နှင့် ပု လင်း တူ ဘူး စို့ များ မ ရှိ ကြောင်း၊
- ၎င်း အ နေ ဖြင့် အ စ အ ဆုံး တာ ဝန် ယူ တည် ဆောက် သွား သော CQHP နှင့် ပတ် သက် သည့် Highrise Project မ ရှိ ကြောင်း
အ များ သိ စေ ရန် ရှင်း လင်း ကြေ ညာ အပ် ပါ သည်။
စိုး ရိမ် စိတ် ဖြင့် ဝိုင်း ဝန်း ဝေ ဖန် ထောက် ပြ ခဲ့ မှု များ အား အ ထူး ပင် ကျေး ဇူး တင် ရှိ ပါ ကြောင်း နှင့် ရိုင်း စိုင်း မှု မ ပါ သော ဝေ ဖန် အ ကြံ ပြု ချက် များ ကို လက် ခံ စဉ်း စား တုန့် ပြန် မှု ပေး သွား မည် ဖြစ် ပါ ကြောင်း။
.
.
---------------------------------
.
သိန်းထွန်းအောင် ဆိုသူရေးသည်။
7Day သို့အိပ်ဖွင့်ပေးစာ
================================
================================
ဒီနေ့မှ စိတ်လိုလက်ရ မြန်မာပြည်က သမတ ရွေးချယ်ပွဲအကြောင်း လိုက်ဖတ်နေရင်း 7Day က အင်ဂျင်နီယာတစ်ယောက်ကို စော်ကားမော်ကား ရေးထားတာတွေ့လို့...
7Day ကဘာလို့ အများအတွက်လည်း အကျိုးမရှိ၊ မိမိအတွက်လည်း အကျိုးမရှိ၊ တခြားလူအတွက်လည်း အကျိုးယုတ်စေမဲ့ စာတွေဘာလို့တင်ရတာလဲ..
ဒေါက်တာတင်ထွန်းဟာ BE ဘွဲ့ကိုရန်ကုန်စက်မှုတက္ကသိုလ်က ပြီးခဲ့တာ မဟုတ်ပေမယ့်.. MSc နဲ့ Doctor ဘွဲ့တွေကို နိုင်ငံခြားတက္ကသိုလ်တွေက ရခဲ့တာအမှန်လို့ ယူဆရပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ် လောက်က စက်မှုတက္ကသိုလ် ပါချုပ်(ငြိမ်း)၊ သပနဒုဝန်ကြီး(ငြိမ်း) ဦးညီလှငယ်က အဆင့်အတန်းအရမ်းနိမ့်နေပြီး အောက်ကျနောက်ကျ ဖြစ်နေတဲ့ ရန်ကုန်စက်မှု တက္ကသိုလ်ကြီးကို အဖတ်ဆယ်ဖို့ဆိုပြီး ကျောင်းသားတွေအတွက် နိုင်ငံရပ်ခြားက ဘွဲ့တွေရထားတဲ့ တကယ်လည်း တော်တဲ့ တတ်တဲ့ ဆရာကောင်းတွေလိုက်ရှာပြီး ကျောင်းမှာ စာပြပေးဖို့ မေတ္တာရပ်ခံပီး အလကားမတ်တင်းခန့်ထားတာ။ ကျောင်းမှာ အဲ့ဒိအတွက် Fund မရှိလို့။ ရှင်းရှင်းပြောရရင် စစ်အစိုးရလက်ထက်က စုပ်ပြတ်သတ်အောင်လုပ်သွားတဲ့ ကျောင်းကို ပြန်အဖတ်ဆယ်ဖို့ ဝိုင်းကြတာ၊ အဲဒိ အထဲမှာ ဒေါက်တာတင်ထွန်းပါတယ်။
ဒေါက်တာတင်ထွန်းက ကိုယ့်ထမင်းကိုစား ကိုယ့်ဆီကိုထည့် ကိုယ့်ကားကိုမောင်းပြီး မာစတာကျောင်းသားတွေကို ၃နှစ်ခွဲလောက် Distinguished Visiting Professor အနေနဲ့ စာပြလာတာ၊ သီးစစ် ဒဖန့်စ် လုပ်ပေးလာတာ။ ကျောင်းနဲ့ပါတ်သက်လို့ ပြန်ရတာဆိုလို့ Visiting Professor ဆိုတဲ့ကဒ်ကလေးရယ် ဦးညီလှငယ် ဆိုင်းထိုးထားတဲ့ မှတ်တမ်းတင် ဂုဏ်ပြုလွှာ တစ်ရွက်ရယ် ကျောင်းသားကျောင်းသူတွေဆီကရတဲ့ မေတ္တာရယ် ဒါဘဲရှိတယ်။
ရန်ကုန်စက်မှုတက္ကသိုလ်က ဧည့်ပါမောက္ခ တွေဟာ ကိုယ့်ထမင်းကိုစားပြီး ကိုယ်ပိုင်အလုပ်တွေကိုပစ်ပြီး ကိုယ်ရေးကိုယ်တာကစ္စတွေ ဘေးချိတ်ပြီး စာသင်ပေးနေတဲ့ ဆရာတွေဆိုတာကို အဲဒိ 7Day ကလူတွေကော ဖတ်နေတဲ့လူတွေကော မသိကြဘူးလား။ ဆုံးသွားတဲ့ MES-MEC Chairman ဦးသန်းမြင့်သာ ရှိခဲ့ ဒီလောက် ကို့ရို့ကားယားတွေ ဖြစ်မှာ မဟုတ်ဘူး။ MES မှာကော YTU မှာကော MSc ကျောင်းသားတွေမှာကော ကုန်ကုန်ပြောရရင် အခု PE ပေါက်စတွေကော သူ့ကျေးဇူးတွေ အများကြီးရှိတယ်။ ဒေါက်တာတင်ထွန်းသာ စေသနာမှန်ခဲ့ရင် ရေးတဲ့သူ ကော မဟုတ်တရုတ်တွေ လျှောက်ပြောတဲ့သူတွေကော မေတ္တာစူးလိမ့်မယ်။
ပညာတတ် အသိုင်းအဝိုင်းကလူတွေက အားလုံးဖုံးဖုံးဖိဖိ လုပ်ထားတဲ့ကိစ္စကို ဒါတော့ သတင်းအမှန်ပဲ၊ ပွဲဆူမဲ့ သတင်းပဲဆိုပြီး ချပြတာ ဂျာနယ်လစ်အစစ်တွေ မဟုတ်ဘူး။ အတင်းတုတ်နေတဲ့သူတွေပဲ။ ငါးရောင်းတဲ့လူတွေနဲ့နှိုင်းရင် နှိုင်းမရအောင်အဆင့်နိမ့်လွန်းတယ်။ ဘုရားဟောထားတဲ့ မပြောအပ်တဲ့ စကားသုံးခွန်းကို ဆင်ချင်ပြီး လူတွေကို အကျိုးဖြစ်စေမယ့် သတင်းစာ တစ်စောင် ဖြစ်လာအောင် ကျိုးစာပါ 7Day။ ဒါမှမဟုတ်ရင်တော့ "ဒီဆိုင်မှာ 7Day လုံးဝ (လုံးဝ) မတင်ပါ" ဆိုတဲ့ ဆိုင်တွေ များလာလိမ့်မယ်။
လူအချင်းချင်းမေတ္တာထားနိုင်ကြပါစေ..
ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူများအတွက်လည်း အကျိုးယုတ်စေမဲ့ အရေးအသားတွေ ရှောင်ကျဉ်နိုင်ပါစေ..
ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူများအတွက်လည်း အကျိုးယုတ်စေမဲ့ အရေးအသားတွေ ရှောင်ကျဉ်နိုင်ပါစေ..
.
.
.
.
.
--------------------------------
.
ဘဲ ထောက်ခံတင်ပြပေးတာပါ။
ဦးတင်ထွန်းပါဝင်လာတာကလည်း ဝန်ကြီးဌာန က တာဝန်ရှိသူတစ်ယောက်ကို ချည်းကပ်ပြီး အဲဒီလူ အထင်ကြီးအောင် မျိုးစုံလုပ်၊ အားနာရလောက် အလိုလိုက်အကြိုက်ဆောင် အချိန်တွေပေး (That is his techniques for his desire)၊ ဒါနဲ့ဘဲ Member ဖြစ်လာခဲ့တာပါ။ Member ဘဝမှာ ဘာမှလုပ်ပိုင်ခွင့်မရခဲ့ပါ။ အပြင်မှာတော့ အဲဒီရာထူးအပြင်၊ YTU က Visiting AP, BEI က ကော်မတီတစ်ခုရဲ့ ဥက္ကဌ၊ MBE မှာ CDP ဟောပြောပွဲတွေ၊ PE, RSE Interview တွေကို အသုံးပြုပြီး အကျိုးရှိစွာအသုံးချခဲ့ပါတယ်။
ဒါကြောင့် မုတ္တမ ကုပ္မဏီရဲ့ CEO ဖြစ်၊ အချို့သော Project တွေမှာ အလုပ်တွေရပေါ့။
CQHP အနေနဲ့ကတော့ Project တွေကိုလည်း စိစစ်ပြီး YCDC ကိုထောက်ခံပေးတာ၊ ပေါက်တတ်ကရလုပ်နေရင် YCDC ကို အကြောင်းကြားတာဘဲလုပ်နိုင်ပါတယ်။
ပါမစ်လည်းမပေးနိုင်၊ Work Stop Order လည်း မထုတ်နိုင်ပါ။
နောက်ပြီး CQHP မှာပါတဲ့ လူအားလုံးလိုလိုဟာ အနေအေးကြတဲ့ လူကြီးတွေအများစုပါ။ ကျွန်တော်တောင် အခု ၅၃ ထဲမှာ။ ကျွန်တော့်ထက် လပိုင်းငယ်တာ တစ်ယောက်ဘဲပါတယ်။ ၆၀ အောက်ဆိုလို့ ၇ ယောက်လားဘဲပါတယ်။ စွာစွာ စွာစွာ လုပ်တာဆိုလို့လည်း ကျွန်တော် တစ်ယောက်ဘဲရှိတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ရှင်းလင်းဖြေကြားချက်ကိုဘဲ (ဘယ်သူကမှ တာဝန်ပေးထားခြင်းမရှိပေမယ့်၊ CQHP ရဲ့ဖြေကြားချက်လို့ဘဲ မှတ်ယူပေးပါ)
ဆိုလိုချင်တာကတော့
၁။ CQHP သည် အာဏာပိုင်အဖွဲ့မဟုတ်။
၂။ အဖွဲ့ဝင်များသည်၊ ဘယ်သူဘာပြောပြော လှုပ်မည့်သူများမဟုတ်။ (အပြစ်တင်လျှင်လည်း ငြိမ်နေကြမည့်သူအများစု)
၃။ ဦးတင်ထွန်း ကို ခန့်တာလည်း သူတို့ ပယောဂ မပါ။ (အဖွဲ့အစည်းအသီးသီးအတွက် ထောက်ခံတင်ပြခဲ့သူတွေထဲမှာ ဦးသန်းမြင့်တစ်ယောက်ကလွဲရင် အခုထက်ထိ မြန်မာပြည်ထဲမှာတင် သက်ရှိထင်ရှား နာမည်ကျော်ကြားသူတွေဖြစ်ပါလျှက် ငြိမ်နေကြသူအများစု)
၎။ ဦးတင်ထွန်း အဖွဲ့ဝင်ဘဝကလည်း ဘာအခွင့်အရေးမှယူလို့မရအောင် ကာကွယ်ခဲ့ပြီးသား
၅။ ရဲစခန်းတိုင်အမှုဖွင့်ရအောင်လည်း အသက်အရွယ်အရ၊ အေးအေးနေချင်တတ်တဲ့သဘောသဘာဝအရ ဘယ်သူမှ တာဝန်ယူ တရားလို လုပ်မှာမဟုတ်။
ဒီ အချက်တွေ အရ CQHP အနေနဲ့ကတော့ ဘာမှဆောင်ရွက်ဖို့ မရှိပါကြောင်း နဲ့ အမှန်တကယ် ဆောင်ရွက်သင့်၊ ဆောင်ရွက်နိုင်၊ ဆောင်ရွက်ခွင့်ရှိတဲ့ အာဏာပိုင် အဖွဲ့အစည်းကြီးတစ်ခု မားမားမတ်မတ် ရှိနေပါကြောင်း အသိပေးဖြေကြားလိုက်ရပါတယ်။
Credit to Ko Kyaw Naing
ဦးတင်ထွန်းပါဝင်လာတာကလည်း ဝန်ကြီးဌာန က တာဝန်ရှိသူတစ်ယောက်ကို ချည်းကပ်ပြီး အဲဒီလူ အထင်ကြီးအောင် မျိုးစုံလုပ်၊ အားနာရလောက် အလိုလိုက်အကြိုက်ဆောင် အချိန်တွေပေး (That is his techniques for his desire)၊ ဒါနဲ့ဘဲ Member ဖြစ်လာခဲ့တာပါ။ Member ဘဝမှာ ဘာမှလုပ်ပိုင်ခွင့်မရခဲ့ပါ။ အပြင်မှာတော့ အဲဒီရာထူးအပြင်၊ YTU က Visiting AP, BEI က ကော်မတီတစ်ခုရဲ့ ဥက္ကဌ၊ MBE မှာ CDP ဟောပြောပွဲတွေ၊ PE, RSE Interview တွေကို အသုံးပြုပြီး အကျိုးရှိစွာအသုံးချခဲ့ပါတယ်။
ဒါကြောင့် မုတ္တမ ကုပ္မဏီရဲ့ CEO ဖြစ်၊ အချို့သော Project တွေမှာ အလုပ်တွေရပေါ့။
CQHP အနေနဲ့ကတော့ Project တွေကိုလည်း စိစစ်ပြီး YCDC ကိုထောက်ခံပေးတာ၊ ပေါက်တတ်ကရလုပ်နေရင် YCDC ကို အကြောင်းကြားတာဘဲလုပ်နိုင်ပါတယ်။
ပါမစ်လည်းမပေးနိုင်၊ Work Stop Order လည်း မထုတ်နိုင်ပါ။
နောက်ပြီး CQHP မှာပါတဲ့ လူအားလုံးလိုလိုဟာ အနေအေးကြတဲ့ လူကြီးတွေအများစုပါ။ ကျွန်တော်တောင် အခု ၅၃ ထဲမှာ။ ကျွန်တော့်ထက် လပိုင်းငယ်တာ တစ်ယောက်ဘဲပါတယ်။ ၆၀ အောက်ဆိုလို့ ၇ ယောက်လားဘဲပါတယ်။ စွာစွာ စွာစွာ လုပ်တာဆိုလို့လည်း ကျွန်တော် တစ်ယောက်ဘဲရှိတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ရှင်းလင်းဖြေကြားချက်ကိုဘဲ (ဘယ်သူကမှ တာဝန်ပေးထားခြင်းမရှိပေမယ့်၊ CQHP ရဲ့ဖြေကြားချက်လို့ဘဲ မှတ်ယူပေးပါ)
ဆိုလိုချင်တာကတော့
၁။ CQHP သည် အာဏာပိုင်အဖွဲ့မဟုတ်။
၂။ အဖွဲ့ဝင်များသည်၊ ဘယ်သူဘာပြောပြော လှုပ်မည့်သူများမဟုတ်။ (အပြစ်တင်လျှင်လည်း ငြိမ်နေကြမည့်သူအများစု)
၃။ ဦးတင်ထွန်း ကို ခန့်တာလည်း သူတို့ ပယောဂ မပါ။ (အဖွဲ့အစည်းအသီးသီးအတွက် ထောက်ခံတင်ပြခဲ့သူတွေထဲမှာ ဦးသန်းမြင့်တစ်ယောက်ကလွဲရင် အခုထက်ထိ မြန်မာပြည်ထဲမှာတင် သက်ရှိထင်ရှား နာမည်ကျော်ကြားသူတွေဖြစ်ပါလျှက် ငြိမ်နေကြသူအများစု)
၎။ ဦးတင်ထွန်း အဖွဲ့ဝင်ဘဝကလည်း ဘာအခွင့်အရေးမှယူလို့မရအောင် ကာကွယ်ခဲ့ပြီးသား
၅။ ရဲစခန်းတိုင်အမှုဖွင့်ရအောင်လည်း အသက်အရွယ်အရ၊ အေးအေးနေချင်တတ်တဲ့သဘောသဘာဝအရ ဘယ်သူမှ တာဝန်ယူ တရားလို လုပ်မှာမဟုတ်။
ဒီ အချက်တွေ အရ CQHP အနေနဲ့ကတော့ ဘာမှဆောင်ရွက်ဖို့ မရှိပါကြောင်း နဲ့ အမှန်တကယ် ဆောင်ရွက်သင့်၊ ဆောင်ရွက်နိုင်၊ ဆောင်ရွက်ခွင့်ရှိတဲ့ အာဏာပိုင် အဖွဲ့အစည်းကြီးတစ်ခု မားမားမတ်မတ် ရှိနေပါကြောင်း အသိပေးဖြေကြားလိုက်ရပါတယ်။
Credit to Ko Kyaw Naing
No comments:
Post a Comment