ရန်ကုန်မြို့ကြီးမှာ တကယ်လိုသလား၊ မလိုဘူးလား ဆိုတာထက် ဆောက်ခွင့်ရရှိရေးကိုပဲ ဦးစားပေးပြီး လွှတ်တော် မပါပဲ လုပ်နေတဲ့..အစိုးရစီမံကိန်းကြီးများစွာ ရှိနေပါတယ်။ ဥပမာ တရုပ် BRI စီမံကိန်း 33ခု၊ JICA မိုးပျံလမ်းစီမံကိန်းများ ဖြစ်တယ်။..FDI ရင်းနှီးငွေက ပြောစရာမရှိပေမဲ့ P.P.P (B.O.T) များကတော့ သတိကြီးစွာ ထားနေပါတယ်။ .. ပဲခူး- ကျိုက်ထို အမြန်လမ်းကြီးကလည်း ရန်ကုန်-မန်း လက်ရှိအဝေးပြေးလမ်း ထက် ၄ဆ စျေးကြီးပြီး..ရှယ်ဆောက်ဖို့ လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ .. အာဏာရအစိုးရ အဖို့ ငြိမ်းချမ်းရေးနဲ့ အစိုးရအတွင်း တည်ငြိမ်မှု မရသေးသရွေ့ လွှတ်တော်မှာ ၂၅% ကန့်ကွက်မှု ရင်ဆိုင်နေရမှာ ဖြစ်တော့.. လွှတ်တော်ကို ကျော်ပြီး လုပ်ရင်လဲ နိုင်ငံခြားကုမဏီတွေပဲ..စျေးကြီးကြီး၊ အရည်သွေးညံ့ညံ့ ဆောက်သွားမှာပါ။.. JICA ADB WorldBank စီမံကိန်းတွေက အရည်သွေး စိတ်ချရတယ်ဆိုသော်လည်း အင်မတန်စျေးကြီးတော့. P.P.P စီမံကိန်းတွေအတွက် ပြည်သူလူထုကပဲ ပေးဆပ်ရပါမယ်။ ရထားခ အရမ်းစျေးမကြီးအောင် အစိုးရကပဲ အိတ်စိုက်ပေးရမှာပါ။
.
လျပ်စစ်ခ၊ ဘတ်စကားခ စျေးအရမ်းမကြီးအောင် အစိုးရက စိုက်ပေးနေရပါတယ်။.. မလေးရှား ဝန်ကြီးချုပ်ဟောင်း.. နာဂျစ်နဲ့အဖွဲ့ ၁၀နှစ် အုပ်ချုပ်ချိန် China JICA Korea Germany လမ်းတံတား၊ လျပ်စစ်၊ ရေနံ၊ LNG ဓာတ်ငွေ့ စတဲ့ အလွန်စျေးကြီးတဲ့ စီမံကိန်းကြီးတွေကြောင့် ပြည်သူလူထု $130 ဘီလျံ ဆုံးရှုံးခဲ့ကြောင်း.. မြန်မာနိုင်ငံလည်း..သတိထားရပါမယ်။
.
လုပ်ပိုင်ခွင့်ရသူ ဌာနဆိုင်ရာများအဖို့ မြေငှားခ အနည်းငယ်သာရပြီး.. ဌာနတာဝန်ခံများကတော့ ချမ်းသာပြီးရင်း ချမ်းသာနေမှာပါ။ လက်ရှိ အစိုးရဌာနပိုင် မြေ၊ အဆောက်ဦများစွာကို အလကားနီးပါးစျေးနဲ့ နှစ် ၄၀ စာချုပ်များစွာလည်း မဖြေရှင်းနိုင်သေးပါဘူး။
ယခု မိုးပျံရထားလမ်း လှိုင်သာယာ-တိုးကြောင်ကလေး 18km ကို us$1000 ကန်ဒေါ်လာသန်း၁ထောင်.. စီမံကိန်းနဲ့ အခြားအာရှ မိုးပျံရထားလမ်း စရိတ်များ ယှဥ်ကြည့်နိုင်ပါတယ်။ မြန်မာပြည်မှာ ဆောက်ရင် စျေးအရန်း ကြီးလေ့ရှိတော့..အနာဂါတ်အတွက် မြန်မာ သူဌေးကြီးများစွာ ပေါ်ပါစေ ပဲ မျှော်လင့်ပါတယ်။
နှိုင်းယှဥ်ရန် (link)
https://livinginasia.co/comparison-of-first-metro-lines-in-asia/
No comments:
Post a Comment