Wednesday, August 9, 2017

မြန်မာရောင်နီသစ် တိုင်းရင်ကြက်မွေးမြူရေး



သတင်းကောင်းပဲ
ကြက်မွေးမြူရေးတော့ မပါဘူး
ဝမ်းသာရမှာလား။
ဟုတ်မဟုတ်ကတော့ စောင့်ကြည့်ရမှာပေါ့။
မဟုတ်တော့လဲ မထူးဆန်းတော့ပါ။ 
မွေးမြူရေးလုပ်ငန်းများ ချေးငွေ၊ မြေနှင့်ဈေးကွက်ရရှိရေး နိုင်ငံတော်ပိုင်းမှ ကူညီပံ့ပိုးပေးမည်ဟုဆို
****************
ရန်ကုန်၊ ဇွန် ၁၃
-------------------
အသားစားနွား၊ နို့စားနွား၊ သိုး၊ ဆိတ်နှင့် ၀က်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် မြေ၊ ချေးငွေ နှင့် ပြည်တွင်းပြည်ပ ဈေးကွက်ရရှိရေးအတွက် နိုင်ငံတော်ပိုင်းမှ ကူညီပံ့ပိုးပေးမည် ဖြစ်ကြောင်း စီမံ/ဘဏ္ဍာဝန်ကြီးကပြော ကြားခဲ့သည်ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဝင်းစိန်က `ကျွန်တော်တို့ မွေးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဆောင်တဲ့ အဖွဲ့ အနေနဲ့ ဇွန်လ ၂ရက်နေ့က နေပြည်တော်ကို သွားရောက်ပြီး စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှ ၀န်ကြီးက ကျွန် တော်တို့ရဲ့ မွေးမြူရေးလုပ်ငန်းတွေ အခန်းကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘာတွေလိုအပ်နေလဲ နည်းပညာပိုင်း လား၊ မြေနေရာတွေ၊ ချေးငွေတွေ လိုအပ်လားဆိုတဲ့ဟာတွေကို ကူညီပံ့ပိုးပေးဖို့အတွက် စီမံကိန်းတွေ ရေးဆွဲဖို့ရှိတယ်လို့ ပြောပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့အသင်းအဖွဲ့တွေအပိုင်းကလည်း ကိုယ့်ဒေသအလိုက် ပြည်နယ်အလိုက် မွေးမြူ ရေးလုပ်တွေ ဖွံ့ဖြိုးဖို့ကို တားဆီးနေတဲ့ အရာတွေ၊ အခက်အခဲတွေ၊ နိုင်ငံတော်က ပံ့ပိုးပေးစေလိုတဲ့ လုပ်ငန်းစီမံချက်၊ ကိန်းကဏန်းတွေကို တိတိကျကျ ဖော်ပြပြီး ခိုင်ခိုင်မာမာနဲ့ အကျိုးရှိမဲ့ Model ကိုရေးဆွဲတင်ပြကြဖို့ တိုင်းနဲ့ပြည်နယ်တွေမှာရှိ တဲ့ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်တွေကို ညွှန်ကြားထားပါတယ်။ဒ အဲ့ဒီနောက် တင်ပြချက်တွေကို စုစည်းပြီး ၀န်ကြီးဆီကို ဆက်သွယ်သွားဖို့ ရှိပါတယ်´ ဟု ပြောကြားခဲ့သည်။
ဇွန်လ ၁၃ရက်နေ့က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲချုပ်တွင် ပြုလုပ်သော နှစ်ပတ်တစ်ကြိမ် အင်္ဂါနေ့တိုင်း ပြုလုပ်သည့် သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ တွေဆုံဆွေးနွေးပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ၄င်းတို့အဖွဲ့ချုပ်အနေနဲ့ ၀န်ကြီး နဲ့တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ၀န်ကြီးက အသားစားနွား၊ နို့စားနွား၊ သိုး၊ ဆိတ်၊ ၀က်နှင့် ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေး မြူနိုင်ရန်၊ နိုင်ငံတော်မှ မြေရရှိရေး၊ ချေးငွေရရှိရေးနှင့် ပြည်တွင်းပြည်ပ ဈေးကွက်ရရှိရန် ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ အ ဆင့်မြင့် နည်းပညာရရှိရေးအတွက် သက်ဆိုင်ရာနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တရားဝင်တင်ပို့ခြင်း၊ တင်သွင်းခြင်း၊ တင်သွင်းခြင်းတို့ကို ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ် ကြောင်း၊ မွေးမြူရေးအာမခံလုပ်ငန်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၀န်ကြီးဌာနအနေဖြင့် ထုတ်လုပ်မှု (Manufacutring) ကိုအဓိကထား လုပ်စေလိုပြီး Trading ကိုရေရှည်အတွက် အားမပေးကြောင်း၊ မွေးမြူရေးဆိုင်ရာ သုတေသနခြံ ထူထောင်စေလိုကြောင်း ပြောကြားခဲ့သည် ဟုသိရသည်။
`ကျွန်တော်တို့ မွေးမြူရေးလုပ်ငန်းတွေအနေနဲ့ အခက်အခဲတွေကြားထဲကပဲ တောက်လျောက် လုပ်ကိုင်လာခဲ့တာ အခြေအနေတစ်ခုအထိ ဖွံ့ဖြိုးလာတဲ့အပိုင်းရှိတယ်။ မွေးမြူရေး လုပ်ငန်းတွေကိုအခုအချိန်ကစပြီး စနစ်တကျစပျိုးထောင်မှ သာ အရေအတွက် တစ်ခုအထိ တိုးချဲ့ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကိုပြည်ပ ကိုတိုက်ရိုက်တင်ပို့နိုင်ဖို့အတွက် ဈေးကွက်က အစလိုအပ်တာတွေကို အသေးစိတ်တင်ပြဖို့ မှာကြားထားတာ ဖြစ်ပါတယ်။ ဒီ တင်ပြချက်တွေကို ၀န်ကြီးအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး အကောင်အထည်ဖော်သွားမယ်ပေါ့။ အဲ့ဒါ ကြောင့် ထွက်လာတဲ့ ရလဒ်တွေက ပွင့်လင်းမြင်သာမှုရှိပြီး လုပ်ငန်းတွေဆောင်ရွက်ရာမှာ အလွယ်တကူအဆင်ပြေနိုင်မယ် လို့ မျှော်မှန်းပါတယ်´ ဟု ၄င်းကထပ်မံပြောသည်။
ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ၀က်များအား ပြည်တွင်း ပြည်ပသို့ လွတ်လပ်စွာ တင်ပို့ရောင်းချနိုင်ရေးအတွက် ပြည်တွင်းမွေး မြူရေးလုပ်ငန်းများပီပီပြင်ပြင်နိုင်နိုင်နင်းနင်း လုပ်ကိုင်ဆောင်ရွက်နိုင်သည့်အချိန်တွင် လုပ်ငန်းအဆင့်အလိုက်ခွင့်ပြုပေးသွား မည်ဖြစ်ပြီး မွေးမြူသူများမွေးမြူထားသည့် တိရစ္ဆာန်များကို အသားထုတ်လုပ်ခွင့်၊ Value added ပြုလုပ်ခွင့်နှင့် ပြည်ပသို့တင် ပို့ရောင်းချခွင့်တို့ကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ညွှန်ကြားခဲ့သည့် ဇွန်လ ၆ရက် ရက်စွဲပါ ထုတ်ပြန်ချက်အရ သိရသည်။
`ကျွဲ၊ နွား၊ ပြည်ပတင်ပို့မှုတွေကို တရားဝင်ခွင့်ပြုပေးမယ်ဆိုရင် အဆင်ပြေပါတယ်။ ဒီမှာက ဘယ်လိုဖြစ်နေလည်းဆိုတော့ နွားတွေကို နိုင်ငံတကာပို့တယ်ဆိုရင် ပြည်တွင်းက လယ်ယာသုံး နွားကောင်ရေလျော့နည်းမယ်လို့ပြောတယ်။ တကယ့် တကယ်ကျတော့ နွားကို ဥပဒေအရ တားဆီးထားတယ်။ နောက်တစ်နေရာနဲ့ တစ်နေရာ သယ်လို့မရတဲ့ ကိစ္စတွေရှိတယ်။ သယ်လို့ရရင် တောင်သူကမွေးမှာပေါ့။ နောက်တစ်ချက်က သားသတ်လိုင်စင်မရှိရင် ဘာမှလုပ်လို့မရဘူး။ အခုဝန်ကြီးက အကုန်ဖွင့်ပေးမယ်ပြောတယ်။ ဒါပေမဲ့ ကိုယ်တိုင်မွေးပြီး ပို့ရမယ်လို့ ပြောတယ်´ ဟုမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
TTS

#သတိပြုမိကြလား
.........................
တိရစ္ဆာန် အစာကိုကိုယ်တိုင်စပ်ကြမယ်ဆိုတော့ အောက်ပါအချက်အလက်တွေကို စမ်းစစ်ဖို့သတိပြုမိကြပါသလား??????
...............
နံပါတ် ။၁
အစာလတ်ဆတ်မှု(တစ်မယ်ချင်းအလိုက်)
နံပါတ် ။၂
တစ်မယ်ချင်းမှာပါတဲ့ အာဟာရ တန်ဖိုး
နံပါတ် ။၃
စိုထိုင်းဆ
နံပါတ်. ၁ မှာ ရောစပ်မည့်အစာတစ်မျိုးချင်းအလိုက် လတ်ဆတ်မှုကို ခွဲခြားသုံးသပ်နိုင်ဖို့ အလွန်အရေးကြီး
ပါတယ်။
သင်၏ နှာခေါင်းမှ နံသာရုံကိုသာမက သင့်လျှာဖျားမှ ရသာရုံကိုပါ အသုံးချဖို့လိုပါတယ်။
သင်ဟာရွံရှာတတ်သူတစ်ယောက်ဖြစ်ပါက မျက်စေ့မြင်
နှင့်သာခွဲခြားခဲ့မိပါလျှင် အစာအရောအနှောကိုခွဲခြားသိဖို့
မလွယ်တော့ပါ။
ဥပမာ။ ဖွဲနုကိုစစ်ကြည့်မည်။
ပထမ ဖွဲနုကိုလက်ဖြင့်ဆုပ်ယူပြီး အားရှိသလောက် ခပ်တင်းတင်းညှစ်လိုက်ပါ။ပြီးလျှင် လက်သီးဆုပ်ကို အမြန်ပြန်ဖျန့်ပါ။လက်ဝါးထဲရှိဖွဲနုဆုပ်ဟာ
ဖွယ်ပြီးပြန့်ကျဲလျှင် ...........အဆီနှင့် ရေပါဝင်နှုံးနည်း
မရှိသုံးသုံးရန်သာ
လုံးပြီးကျန်နေခဲ့လျှင်....... အစိုဓာတ်များ၊မသုံးသင့်
ဖွဲလုံးဖြည်းဖြည်းခြင်းကွဲကျလာပြီး မိမိလက်တွင်ကပ်ကျန်နေသောဖွဲနုများအား ပွတ်ကြည့်
လျှင် စေးကပ်ကပ် ဖြစ်နေသည့်ဖွဲ.....အလွန်ကောင်း
ဖွဲအိတ်ကို ကိုင်ကြည့်ပါ။အိတ်အတွင်းလက်ထိုးကြည့်ပါ
ပူနေလျှင် မသုံးသင့်ပါ။ချဉ်နံ့ထွက်၊မှိုနံ့၊အောက်နံ့ထွက်
နေလျှင်မသုံးသင့်ပါ။
စသည်ဖြင့် အစာတစ်မယ်ချင်းအဘိုက်လတ်ဆတ်မှုကို သိရှိရွေး
ချယ်နိုင်ရပါမယ်။
နံပါတ်. ၂ မှာကတော့ အစာတစ်မယ်ချင်းတွင်ရှိသည့်
အာဟာရတန်ဖိုးများကိုသိရှိထားဖို့လိုပါတယ်။
အစာတွက်ချက်ရာတွင် ယင်းအာဟာရတန်ဖိုးများအား
မိမိလိုချင်သော ပရိုတိန်း% ,စွမ်းအင် ရာခိုင်နှုံးရအောင်
မည်သည့်ယူနစ်တွင်ဖြစ်စေ ၁၀၀ ပမာဏပေါ်တွင် ရာနှုံး
ချတွက်ရမှာဖြစ်ပါတယ်။တွက်ချက်ပုံကို နောက်ပိုင်းအစာစပ်ပုံတွင် တင်ပြပေးပါမယ်။
နံပါတ်. ၃ မှာ အစိုဓာတ်ဟာ အစာရေရှည်ခံဖို့အတွက်
အလွန် ဂရုစိုက်ရပါမယ်။စပ်စာတစ်ခုတွင် အစိုဓာတ်၁၃
ရာနှုံးထက်ပိုလာပါက အခြေအနေတစ်ခုတွင် မှိုပေါက်
ခြင်း ၊အစာအချဉ်ပေါက်ခြင်းများဖြစ်ကာ ဆုံးရှုံးမှုကြုံတွေ့လာနိုင်တယ်မို့ပါ။
သို့ပါ၍ ဤအချက်များကို အစ်ါစပ်နည်းမစခင် ကြိုတင်သိရှိနိုင်ဖို့ အရေးကြီးကြောင်း တင်ကြိုသတိပြုလိုက်ပါတယ်။ဆက်ပါဦးမည်။
အောင်မြင်ကြပါစေ ညီသက်နတ်မောက်


February 19
Poultry Vet တွေရင်ဆိုင်ကြရမဲ့ ကြက်ရောဂါ အဖြေရှာရေး ပြ ဿ နာ (၈) အစာချေလမ်းကြောင်း ရောဂါ များ (က)
ကြက်ရောဂါလို့ ခေါင်းစဉ် တပ်လိုက်ပေမဲ့ စီမံခန့်ခွဲမှုညံ့တာ နဲ့ အာဟာရချို့တဲ့တာ/လွန်ကဲတာမျိုး တွေကြောင့် မဟုတ်ပဲ၊ ကြက်တွေကို အစားပျက်စေ၊ ကြီးထွားမှု နဲ့ ထုတ်လုပ်မှု ကျဆင်းစေ၊ နာစေ ဖျားစေ၊ ပယ်ကြက်တွေဖြစ်စေ၊ သေဆုံးစေ နိုင်တဲ့ ကူးစက် တတ်တဲ့ ရောဂါ မျိုးတွေကိုသာ အဓိက ရည်ညွှန်းလိုက်တာပါ။
အချို့သော ကြက်ကူးစက်ရောဂါပိုးတွေဟာ ကြက်တွေရဲ့ အစာချေလမ်းကြောင်းက ၀င်ရောက်သလို တချို့က အစာချေ လမ်းကြောင်းမဟုတ်တဲ့ အခြား ၀င်ပေါက် (အသက်ရှူလမ်းကြောင်း စတာတွေ) က ၀င်ရောက်ပြီးမှ အစာချေလမ်းကြောင်း ကို ရောက်ရှိသွားတာမျိုးလဲ ရှိတယ်။ ဒီလို ရောဂါပိုးတွေ ၀င်ရောက်မှုကြောင့် အစာချေလမ်းကြောင်း တစ်လျှောက်မှာ ထင်ရှားတဲ့ ဒဏ်ရာတွေ အနာအဆာတွေ ဖြစ်ပေါ်စေတဲ့ ရောဂါတွေ ဖြစ်လာတတ်ပါတယ်။
ကြက်တွေရဲ့ အစာချေလမ်းကြောင်းမှာ ဖြစ်တဲ့ ရောဂါတွေကို နားလည်သိရှိပြီး အဖြေရှာချင်တယ်ဆိုရင် ကြက်တွေရဲ့ အစာချေ လမ်းကြောင်း အကြောင်းနဲ့ ဒီလမ်းကြောင်း ကို အကာအကွယ်ပေးနေတဲ့ ခုခံစွမ်းအားအဖွဲ့ အကြောင်းကိုပါ အကြမ်းပြင်း သိထားဖို့ လိုပါလိမ့်မယ်။
ကြက်ရဲ့ အစာချေလမ်းကြောင်းဟာ နှုတ်သီးကစပြီး ပါးစပ် အစာ+ရေမြိုပြွန် အစာအိမ် အမြစ် အူသိမ် အူပိတ် အူမကြီး ချေးနဲ့ ဆီး စုတဲ့ သပ္ဗအိတ် (cloaca) အထိဆက်နေတဲ့ ပြွန်တစ်ခုဖြစ်ပြီး စအိုဝ (vent) မှာဆုံးပါတယ်။
ကြက်ရဲ့ ပါးစပ်ထဲမှာ ရှည်လျား တောင့်တင်းပြီး နှုတ်သီး ပုံစံမျိုး ချွန်နေတဲ့ လျှာ ပါရှိ ပေမဲ့ သွားမရှိကြ။ (ကြက်တွေ သန္ဓေ သား အချိန်မှာ နှုတ်သီးအပေါ်စွန်းမှာ egg tooth ခေါ်တဲ့ သွား တစ်ချောင်း ပါရှိကြတယ်။ ဒီသွားလေးနဲ့ ကြက်ကလေးက ဥခွံကို ခွဲပြီး ဖောက်ထွက်ကြတာပါ။ ကြက်ကလေးပေါက်ပြီး ၂ ရက်အတွင်း ဒီသွားလေး ပြန်ပျောက်သွားတယ်)
နှုတ်သီးနဲ့ တောက်စားလိုက်တဲ့အစာက ပါးစပ်ထဲရောက်သွားချိန်မှာ လျှာရဲ့အကူအညီနဲ့ ပါးစပ်နောက်ပိုင်းကို တွန်းပို့ပေး ပြီး မြိုချတယ်။ ကြက်ရဲ့ ပါးစပ်ထဲမှာ လျှာနဲ့ ခံတွင်းမျက်နှာပြင် တွေမှာ ရှိတဲ့နေရာ (၈) ခု (8 salivary glands) ကနေ တံတွေးရည်တွေ ထုတ်လုပ် ပေးတဲ့အတွက် စားလိုက်တဲ့အစာကို မြန်မြန် ဆန်ဆန် မြိုချနိုင်ကြတယ်။
မြိုချလိုက်တဲ့အစာက oesophagus (အစာ+ရေမြိုပြွန်) ကိုဖြတ်ပြီး စလုတ် (crop) ထဲကို ရောက်သွားတယ်။ ပါးစပ် အတွင်းမှာ အစာဟာ ကစီဓါတ်ကို ချေဖျက်နိုင်တဲ့ တံတွေးရည်နဲ့ ရောနှောမိခဲ့ပေမဲ့ အရာရောက်တဲ့ အစာချေလုပ်ငန်း မရှိပဲ အစာကို ခေတ္တသိမ်းထားပေးတာလောက်ပဲ စလုတ်က လုပ်ပေးတာပါ။ စလုတ် ထဲမှာ စားလိုက်တဲ့အစာ နဲ့ သောက်လိုက်တဲ့ ရေတွေကို တော်တော်များများ စုသိမ်းထားနိုင်တဲ့အတွက် ကြက်တွေဟာ အစာကို စလုတ်ပြည့်တဲ့ အထိ ဆက်တိုက် စားသောက်ပြီး နားနေနိုင်ကြတယ်။ စလုတ်မှာ အစာကုန်ပြီ၊ ကုန်ခါနီးပြီဆိုမှ ကြက်ကဆာလာပြီး အစာပြန်စားတယ်။
စလုတ်ထဲက အစာကို နဲနဲစီ အကြိမ်ကြိမ် အစာအိမ် (proventriculus) ထဲကို ပို့ပေးပြီး အစာအိမ် ကထုတ်တဲ့ acid နဲ့ enzyme တွေသုံးပြီး အစာချေတဲ့အလုပ် စပြီးလုပ်တယ်။ စားထားတဲ့အစာမှာပါတဲ့ အတုံးအခဲတွေကို အမြစ် (gizzard / ventriculus) က အမှုံ အဖဲ့လေးတွေဖြစ်အောင် ကြိတ်ချေပြီး အစာကို ပိုမိုကျေညက်စေတယ်။
အမြစ်ကထွက်လာတဲ့ အစာဟာ အူသိမ်ထဲကို ရောက်တဲ့အခါ အသည်း နဲ့ pancreas က ထုတ်တဲ့ အစာချေရည်တွေ အကူအညီနဲ့ အူသိမ်တွေ ထဲမှာ ပိုမိုပြည့်စုံတဲ့ အစာချေမှု ဖြစ်စေပါတယ်။ ချေချက်လိုက်တဲ့ အစာမှာပါတဲ့ အာဟာရ ပစ္စည်းတွေ၊ vitamin တွေကို အူသိမ်ပိုင်းကပဲ စုတ်ယူလိုက်ပါတယ်။ အူသိမ်ပိုင်းက မချေချက်နိုင်တဲ့ အစာကျန်တွေမှာ တချို့က အူပိတ် ၂ ခု ထဲကို ရောက် ရှိကြပေမဲ့ အများစုက အူမကြီးထဲကို ရောက်ရှိသွားတယ်။ တိုတောင်းတဲ့ အူမကြီး ထဲမှာ အစာထဲက ရေဓါတ်ကို စုတ်ယူပြီး လက်ကျန်ကို သပ္ဗအိတ် (cloaca) ထဲကို ချေးအဖြစ် ပို့ပေးတယ်။
ကြက်တွေရဲ့ အစာချေလမ်းကြောင်းဟာ ခန္ဓာကိုယ်အရှည်နဲ့ တွက်ပြီးပြောရင် နို့တိုက်သတ္တ၀ါတွေထက် အများကြီး တို ပါတယ်။ ဒါကြောင့် အစာချေလမ်းကြောင်းကို အစာဖြတ်သွားတဲ့အချိန် (အစာစားပြီး နောက်ဆုံး စွန့်ထုတ်တဲ့ အထိ) ဟာ နို့တိုက်သတ္တ၀ါ တွေထက် အများကြီး မြန်တယ်။ အစာအမျိုးအစားကို လိုက်ပြီး ကွာခြားချက်ရှိနိုင်ပေမဲ့ ပျမ်းမျှ အားဖြင့် သုံးနာရီခွဲ လောက်ပဲကြာပါတယ်။
ကြက်တွေစားတဲ့အစာနဲ့ သောက်တဲ့ရေထဲမှာ ပိုးမျိုးစုံပါရှိနေနိုင်တယ်။ တခါတရံ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေလဲ ပါနေနိုင် ပါတယ်။ ဒါကြောင့် အစာချေလမ်းကြောင်း ထဲကို အစာတွေ ရေတွေ နဲ့ အတူ ရောက်ရှိ ဖြတ်သန်း သွားတဲ့အချိန်မှာ ကြက်တွေကို ကောင်းကျိုး ဆိုးကျိုး အမျိုးမျိုး ဖြစ်စေနိုင်ကြတယ်။
ကြက်ကလေး ဥထဲ့ကထွက်ပြီး မကြာခင်မှာတင် အစာချေလမ်းကြောင်းထဲကို ပတ်ဝန်းကျင်က ပိုးအမျိုးမျိုးတွေ စတင်ပြီး ရောက်ရှိလာခဲ့ ကြတယ်။ ဒါပေမဲ့ မြန်ဆန်တဲ့ အစာရွေ့ရှားနှုန်း၊ အူနံရံမှာရှိတဲ့ mucin အချွဲလွှာ နဲ့ အစာချေရည်တွေ ကြောင့် ပိုးတွေ တွယ်ကပ်ဖို့ မလွယ်။ Caecum ခေါ်တဲ့ အူပိတ်ပိုင်းမှာသာ အစာကြာကြာနေခွင့်ရတဲ့အတွက် လေမဲ့တဲ့ ပတ်ဝန်းကျင်ကို ကြိုက်တဲ့ Anaerobic bacteria အများစုပါဝင်တဲ့ ပိုးတွေ ခိုအောင်းခွင့် ရကြတယ်။ ကြက်တွေ ကြီးထွား ခါစ အချိန်မှာ အူလမ်းကြောင်းထဲက ပိုးတွေ အပြောင်းအလဲ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ပိုးတချို့ကပဲ အူထဲမှာ ပုံမှန် နေထိုင် တဲ့ ပိုးတွေ ဖြစ်သွားကြတယ်။
အူသိမ်အစပိုင်း (duodenum) မှာ အစာရွေ့သွားမှုမြန်ပြီး အစာချေရည်တွေထိတွေ့ခံရလို့ ဒီအပိုင်းမှာ ဘက်တီးရီးယား များများ ရှိမနေတတ်။ အူသိမ်အစပိုင်း ထဲက အစာ တစ် ဂရမ် မှာ ပိုး ရာ ဂဏန်း က သောင်း ဂဏန်း အထိ ထက် ပိုပြီး မပါရှိတတ်။ အူသိမ်နောက် ဖက်ပိုင်း (ileum) မှာ အစာချေရည်တွေ အားပျော့သွားပြီးဖြစ်လို့ အူထဲကအစာ တစ် ဂရမ် မှာ ပိုး ကောင်ရေ သန်းပေါင်း ရာ ဂဏန်း က သန်းပေါင်း သောင်း ဂဏန်း အထိ တွေ့လာရတယ်။
အူသိမ် နောက်ဖက်ပိုင်းမှာ တွေ့ရတဲ့ ပိုး စုစုပေါင်းရဲ့ ၈၀% - ၉၀% ဟာ Lactobacillus ပိုး အမျိုးအစားတွေ ဖြစ်ပြီး ကျန်တာတွေက enterobacteria နဲ့ enterococci ပိုး အမျိုးအစားတွေပါ။
အူလမ်းကြောင်းထဲမှာ ပိုးတွေ ရှိနေတဲ့အတွက် ကြက်တွေကို အကျိုးဖြစ်စေတာတွေရှိတယ်။ ဥပမာတချို့ကတော့ -
ကြက်စာမှာပါတဲ့ ကျေလွယ်တဲ့ carbohydrate တွေကို အူလမ်းကြောင်းရှေ့ပိုင်းမှာ ချေဖျက်စုတ်ယူလိုက်ပြီး မချေနိုင်တဲ့ carbohydrate တွေကို အူလမ်းကြောင်းနောက်ပိုင်းမှာရှိတဲ့ ပိုးတွေက ချေဖျက်ပေးတယ်။ ပိုးတွေက ထုတ်လုပ်တဲ့ short chain fatty acids (SCFAs) တွေကို ကြက်က စွမ်းအင်နဲ့ Carbon source အတွက် အသုံးပြုတယ်။ SCFAs တွေက ကြက်တွေရဲ့ အူလမ်းကြောင်းဆိုင်ရာ ခုခံစွမ်းအား တုန့်ပြန်မှုအတွက်လဲ အထောက်အကူ ဖြစ်စေတယ်လို့ ဆိုတယ်။
ကြက်တွေရဲ့ ကျောက်ကပ်ကထုတ်တဲ့ ဆီးဟာ ချေးနဲ့အတူ Cloaca ထဲကနေ အပြင်ကို စွန့်ထုတ်သလို၊ တချို့က အူမကြီးရဲ့ ပြောင်းပြန် ရွေ့ရှားမှုကြောင်း အူပိတ်ပိုင်းကို ရောက်သွားကြတယ်။ ဆီးမှာပါတဲ့ uric acid ကို အူတွင်းရှိ ပိုးတွေက ချေဖျက် ပေးတဲ့အတွက် ထွက်လာတဲ့ ammonia ကို ကြက်ကစုပ်ယူပြီး glutamine လို amino acid တွေ ထုတ်လုပ် ဖို့ အသုံးချနိုင်ကြတယ်။
အူပိတ်ပိုင်း ရှိ တချို့ပိုးတွေက vitamin တွေ ( အထူးသဖြင့် B vitamin အုပ်စု နဲ့ vitamin K ) ကို ထုတ်လုပ်ပေးကြ ပါတယ်။
အူလမ်းကြောင်းထဲမှာ အခြေကျနေတဲ့ပိုးတွေက အူထဲကိုရောက်လာတဲ့ ရောဂါပိုးတွေ အူနံရံကို အလွယ်တကူ တွယ်ကပ် ပေါက်ပွား မလာအောင်လဲ တားဆီးပေးနိုင်ကြတယ်။ ဒါကြောင့် သူတို့ကို သာမန်အားဖြင့် ကြက်တွေအတွက် အကျိုးပြုတဲ့ ပိုးတွေလို့ ဆိုနိုင်ပါတယ်။
ရံဖန်ရံခါ အစာ နဲ့ သောက်ရေ မှာပါတဲ့ ရောဂါပိုးတွေဟာ ကြက်တွေရဲ့ အစာချေလမ်းကြောင်းထဲကို ၀င်ရောက်သွားပြီး ရောဂါကူးစက်ဖြစ်ပွားတတ်ပါတယ်။ အချို့ရောဂါပိုးတွေက အူနံရံကအချွဲတွေကို ချေဖျက် ထိုးဖောက်နိုင်စွမ်း ရှိကြတယ်။ အချို့က အစာချေရည်တွေကို ခံနိုင်ရည် ရှိကြတယ်။ ဒါကြောင့် ကြက်တွေရဲ့ အူလမ်းကြောင်းထဲနဲ့ အူနံရံတွေထဲမှာ ရှင်သန်ပွားများနိုင်ပြီး ဒီပိုးတွေနဲ့ သူတို့က ထုတ်လုပ်တဲ့ အဆိပ်အတောက် တွေကြောင့် ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။
ကြက်တွေမှာ ထိခိုက်ရှနာတွေဖြစ်တဲ့အခါ နဲ့ ရောဂါပိုးတွေ ကူးစက် ၀င်ရောက် ခံရတဲ့အခါ ကြက်တွေရဲ့ Immune System ဆိုတဲ့ ခုခံစွမ်းအားအဖွဲ့ တွေရဲ့ သဘာဝအလျောက် တုန့်ပြန်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒီတုန့်ပြန်မှုတွေရဲ့ ဦးတည်ချက်က ထိုးဖောက် ၀င်ရောက် လာတာတွေကို တားဆီးဖို့ နဲ့ ဖယ်ရှားလိုက်ဖို့ပါ။
Immune System မှာ မွေးရာပါ ခုခံစွမ်းအားအဖွဲ့ ဖြစ်တဲ့ Innate immune system နဲ့ ၀င်ရောက်လာတဲ့ ရောဂါပိုး တစ်မျိုးချင်းကို စံနစ်တကျ ချေဖျက်တိုက်ခိုက်နိုင်တဲ့ Acquired immune system တွေပါဝင်နေပါတယ်။
ကြက်တွေမှာ ရောဂါပိုး တစ်ခုခု အ၀င်ခံလိုက်ရရင် Innate immune system ရဲ့ တုန့်ပြန်မှုကြောင့် ကိုယ်အပူချိန် မြင့်တက်လာပြီး ဇီဝ တည်ဆောက်မှုအလုပ်ထက် အပျက်တွေ ဆုတ်ယုတ်မှုတွေ ပိုများစေတဲ့ တုန့်ပြန်မှု တွေကို ဖြစ်စေတယ်။ အစာစားနှုန်း နဲ့ ကြွက်သားတွေရဲ့ ကြီးထွားလာမှု လျှော့ကျသွားစေတယ်။ Broiler တွေမှာ စားနှုန်း ၇၀% ထိ ကျသွားနိုင်တယ်။ ဒါကြောင့် Innate immune system ရဲ့တုန့်ပြန်ချက်အတွက် ကြက်တွေက အာဟာရနဲ့ စွမ်းအင်တွေ (ကြက်ကြီးထွားမှု နဲ့ ထုတ်လုပ်မှု တွေအတွက် သုံးရမဲ့အရာတွေ) အများကြီး အသုံးပြုရလို့ စရိတ်ကြီးတဲ့ အကာအကွယ်ပေးမှု လို့ ဆိုနိုင်တယ်။
Acquired immune system ရဲ့ တုန့်ပြန်ချက် က အာဟာရနဲ့ စွမ်းအင် သုံးစွဲရမှု အများကြီးသက်သာပြီး သေချာတဲ့ ရောဂါကာကွယ်ပေးမှု ရစေပါတယ်။
ကြက်တွေရဲ့ အစာချေလမ်းကြောင်း တစ်လျှောက်မှာ ဒီလိုတုန့်ပြန်မှုတွေ လုပ်ပေးမဲ့ ခုခံစွမ်းအားအဖွဲ့ရဲ့ အစိတ်အပိုင်းတွေ ပါရှိနေပါတယ်။
Gut-associated lymphoid tissue (GALT) လို့ ခေါ်တဲ့ ကြက်တွေရဲ့ အစာချေ လမ်းကြောင်း တစ်လျှောက်မှာ ဖြန့်ကြက် ထားတဲ့ ခုခံစွမ်းအားအဖွဲ့ရဲ့ အစိတ်အပိုင်းတွေကို စုပေါင်းလိုက်ရင် ကြက်တစ်ကောင်းလုံးအတွက် အကြီးဆုံးသော ခုခံစွမ်းအား အင်္ဂါစုတစ်ခု လို့ ဆိုနိုင်ပါတယ်။
သပ္ဗအိတ် ထဲမှာရှိတဲ့ Cloacal bursa ဟာ ကြက်တွေအတွက် ခုခံစွမ်းအား ထုတ်လုပ်နိုင်တဲ့ ဆဲတွေကို ထုတ်လုပ်ပေးတဲ့ ပင်ရင်း ခုခံစွမ်းအား အင်္ဂါ (Primary lymphoid organ) တစ်ခုဖြစ်တယ်။ Cloacal bursa ကလွဲပြီး တခြား GALT တွေ ကတော့ တဆင့်ခံ ခုခံစွမ်းအား အင်္ဂါ (Secondary lymphoid organ) တွေပါ။
အစာချေ လမ်းကြောင်း တစ်လျှောက်မှာ ဖြန့်ကြက် ထားတဲ့ GALT တွေရဲ့ နေရာ တွေကို C. Casteleyn နဲ့ အဖွဲ့ရဲ့ Avian Pathology (June 2010) ဂျာနယ်ပါ စာတမ်းက ပုံကို ကူးယူပြီး ဖော်ပြပေးထားပါတယ်။ Cloacal bursa, vitelline diverticulum (Meckel) နဲ့ caecal tonsils ကလွဲပြီး ကျန်တဲ့ GALT တွေ ရှိနေတာကို သာမန်မျက်စိနဲ့ မမြင်နိုင်ပါ။
ကြက်တွေရဲ့ အစာချေ လမ်းကြောင်း ထဲကို ရောက်လာတဲ့ ရောဂါပိုးတွေဟာ GALT တွေနဲ့ ထိတ်တိုက် ရင်ဆိုင်ကြရ ပါမယ်။ GALT တွေကို ချေမှုန်း ကျော်ဖြတ်နိုင်မှ ကြက်တွေကို ရောဂါရစေမှာပါ။ ဒါကြောင့် အစာချေ လမ်းကြောင်း ကို အဓိကထားပြီး ကူးစက်စေတဲ့ ရောဂါတွေကြောင့် သေဆုံးတဲ့ ကြက်တွေကို ခွဲစိတ် စစ်ဆေးကြည့်တဲ့အခါ အနာအဆာ တွေကို GALT အဖွဲ့ရဲ့ နေရာတွေမှာ အဓိကတွေ့မြင်ရတာဖြစ်ပါတယ် (ရောဂါဖြစ်မှ GALT အဖွဲ့ရဲ့ နေရာတွေကို မှန်းဆလို့ ရနိုင်ပါမယ်)
အစာအိမ်ရဲ့ ရှေ့ပိုင်းမှာရှိတဲ့ pharyngeal tonsil, oesophageal tonsil နဲ့ oesophagus တလျှောက်က lymphoid tissues တွေဟာ အစာချေချက်မှု မလုပ်ရသေးတဲ့ ပိုးတွေ (antigen တွေ) နဲ့ ထိတွေ့ကြရတဲ့အတွက် ပါးစပ်ထဲကို ထဲ့ပေး၊ သောက်ရေမှာထဲ့ပေးပြီး သုံးတဲ့ ကာကွယ်ဆေးတွေကို သူတို့ကတုန့်ပြန်ပေးနိုင်၊ ကာကွယ်မှု ဖြစ်ပေါ် စေနိုင်တဲ့ အားသားချက် ဖြစ်စေပါတယ်။ ဒီအပိုင်းမှာရှီတဲ့ GALT တွေမှာ B lymphocytes တွေနဲ့ T lymphocytes တွေ နှစ်မျိုးလုံး ပါရှိနေတဲ့အတွက် ကာကွယ်ဆေးတွေကြောင့် mucosal immunity ရစေတဲ့ IgA နဲ့ systemic immunity ရစေတဲ့ IgY (IgG) antibody တွေထွက်ပေါ်စေတဲ့အပြင် ရောဂါပိုးဝင်ရောက်ခံ ထားရတဲ့ cell တွေကို ချေမှုန်းနိုင်တဲ့ cell mediated immunity (CMI) ကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါပေမဲ့ ဒီအပိုင်းမှာရှီတဲ့ GALT တွေဟာ ပြင်ပက ၀င်လာတဲ့ ရောဂါပိုးတွေ နဲ့လဲ အဦးဆုံး ထိတွေ့ ကြရတဲ့ အတွက် IBD virus လို ရောဂါပိုးတွေ တွယ်ကပ် ပွားများလာပြီး ရောဂါဖြစ်စေနိုင်တဲ့အတွက် အားနည်းချက်လို့လဲ ဆိုနိုင် ပါတယ်။
ပြင်ပက ၀င်လာတဲ့ ရောဂါပိုးတွေ နဲ့ ကြက်တွေရဲ့ အစာချေ လမ်းကြောင်း ရဲ့ အကာအကွယ်စနစ်တွေ ထိတွေ့ရာက ဖြစ်ပေါ်လာတဲ့ အနာအဆာ ဒဏ်ရာဒဏ်ချက် တွေကို ကြည့်ပြီး ရောဂါအဖြေရှာပုံတွေ ဆက်ပြီး ဆွေးနွေးကြည့်ပါဦးမယ်။


အမျိုးစစ်၊ အမျိုးသန့်သည့် မြန်မာတိုင်းရင်းကြက်
အေးအေးမော်(ကထိက)
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်
မြန်မာတိုင်းရင်းကြက်များအကြောင်း မတင် ပြမီ အိမ်မွေးကြက် (Domestic fowl) နှင့် တောကြက် (Jungle fowl) ဟူသော စကားနှစ်ရပ် ကို အရင်ရှင်းလင်းလိုပါသည်။ အိမ်မွေးကြက် ဆိုသည်မှာ လူတို့နှင့်နီးနီးကပ်ကပ်နေနိုင်ပြီး အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးမြူ၍ရသောကြက်ကို ဆိုလို သည်။ တောကြက်သည် လူကပ်မခံဘဲ အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးမြူ၍မရသောကြက် ဖြစ် သည်။
တစ်ဖန် အိမ်မွေးကြက်များကို မျိုးဗီဇရွေးချယ် မှု ( Genetic Selection)၊ မျိုးဗီဇမြှင့်တင်မှု(Genetic
Improvement) မရှိသော ဒေသခံတိုင်းရင်း ကြက် (Indigenous Chicken) နှင့် မျိုးဗီဇရွေးချယ် ၍ မျိုးမြှင့်တင်ထားသော စီးပွားဖြစ်မွေးမြူရေးကြက် (Commercial Chicken) ဟူ၍ ခွဲခြားနိုင်သည်။
တိုင်းရင်းကြက်များသည် ကြမ်းတမ်းသော ရာသီ ဥတု (Harsh climatic) အခြေအနေတွင် အာဟာရ ပြည့်ဝသော အစားအစာနှင့် ကောင်းမွန်သော စောင့် ရှောက်မူတို့ မရရှိလင့်ကစား ကောင်းစွာအသက်ရှင် သန်နိုင်ပြီး ကောင်းစွာမျိုးပွားနိုင်သော အရည်အသွေး ကို ပိုင်ဆိုင်ကြသည်။ ဒေသ၏ပတ်ဝန်းကျင် အခြေ အနေနှင့် သဟဇာတဖြစ်အောင် နေထိုင်နိုင်စွမ်းရှိ ကြသဖြင့် တိုင်းရင်းကြက်များကို ပထဝီအနေအထား အမျိုးမျိုးတွင် ကျယ်ပြန့်စွာတွေ့ရှိနိုင်သည်။ ကျွန်မ တို့ မြန်မာနိုင်ငံတွင်လည်း ကြက်ကောင်ရေ ၁၂၅ သန်းအနက် ကောင်ရေသန်း ၁ဝဝ ကျော် (၈ဝ ရာခိုင် နှုန်းကျော်) သည် ဒေသခံတိုင်းရင်းကြက်များ ဖြစ်ကြ သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းကြက်များကို အပို ဝင်ငွေရရန်နှင့် ဟင်းစားအတွက် တစ်နိုင်မွေးကြသလို တချို့ကလည်း ဝါသနာအရ မွေးမြူလေ့ရှိကြ သည်။ ဟင်းစားအတွက် တစ်ပိုင်တစ်နိုင် မွေးလေ့ရှိ သော တိုင်းရင်းကြက်မျိုးများမှာ ညောင်ကန်ကြက်၊ ကြက်လည်ပြောက်၊ ကြက်မွှေးလန်၊ စစ်တကောင်း ကြက်၊ ရှမ်းကြက်၊ ချင်းကြက်စသည်တို့ ဖြစ်သည်။ ကြက်တိန်ညင်နှင့် ရွှေတဆုပ်တို့ကို ဝါသနာအရ အလှမွေးမြူကြသည်။ တိုက်ကြက်များကို ကြက် တိုက်ပြိုင်ပွဲများအတွက် မွေးမြူလေ့ရှိကြသည်။ တိန်ညင်ကြက်များသည် အချိန်မှန်မှန် တွန်လေ့ရှိ သည့်အတွက် နာရီကြက်အဖြစ်လည်းကောင်း၊ နယ် စပ်ဒေသများမှာ တရုတ်ရိုးရာ ခမည်းကြက်အဖြစ် လည်းကောင်း ထင်ရှားသည်။ အသက်သေသည် အထိ ခွပ်တတ်ကြသော တိုက်ကြက်များသည် အနိုင် မခံ အရှုံးမပေးလိုသော စိတ်ဓာတ်၊ ကြံ့ကြံ့ခံနိုင်သော စိတ်ဓာတ်၊ ရဲရင့်သော စိတ်ဓာတ်များရှိကြသည်။
ရင်အုပ်ကြွက်သားများ သန်မာပြီး ပေါင်ကြွက်သား များလည်း တောင့်တင်းသည်။ ခြေထောက်တွင် ပါရှိသည့်အတက်ကို တစ်ကောင်နှင့် တစ်ကောင် တိုက်ခိုက်ရာတွင် အသုံးပြုသည်။
တိုင်းရင်းကြက်များသည် နှစ်ပေါင်းများစွာ ဆင်းသက်ပေါက်ဖွားလာခဲ့သော ရေမြေဒေသကို လိုက်၍ အရွယ်အစားနှင့် အရောင်အသွေးများကွဲပြား နိုင်သော်လည်း အခြေခံမျိုးဗီဇ သဘောသဘာဝမှာ အတူတူပင် ဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ ဒေသ အသီးသီးတွင် မွေးမြူထားသော တိုင်းရင်းကြက်များ ၏ မျိုးဗီဇဆက်စပ်မှု (Genetic Relationship)၊ တစ်နည်းအားဖြင့် ဆွေမျိုးနီးစပ်မှုသည် တခြား အိမ်နီးချင်းနိုင်ငံများရှိ တိုင်းရင်းကြက်မျိုးများနှင့် နှိုင်းယှဉ် ပါက ဆွေမျိုးပို၍နီးသည်ဟု ပြောနိုင်သော်လည်း မြန်မာ့ တိုင်းရင်းကြက်များနှင့် အိမ်နီးချင်းနိုင်ငံရှိ တိုင်းရင်းကြက် များအကြား ဆွေမျိုးဝေးကွာသည်၊ သွေးဝေးသည်ဟု မဆိုနိုင်ပါ။
တစ်အိမ်တည်းနေ တစ်မိတည်းပေါက်ကြသည့် မောင်နှမသားချင်း အချင်းချင်း သွေးနီးသကဲ့သို့ တစ်နယ် တစ်ကျေးရှိ ဆွေမျိုးပေါက်ဖော်များနှင့်လည်း သွေးမဝေး သည့် သဘောအတိုင်းပင် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် မြန်မာနိုင်ငံရှိ တိုင်းရင်းကြက်များနှင့် အိမ်နီးချင်း နိုင်ငံရှိ တိုင်းရင်းကြက်များသည် တူညီသောတိုင်းရင်း ကြက် ဆွေမျိုးအုပ်စုကြီးအောက်တွင် ပါဝင်နေ၍ ဖြစ် သည်။ ထို့အပြင် တိုင်းရင်းကြက်များသည် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အိမ်မွေးကြက်(Domestic fowl) အမျိုးအစားတွင် ပါဝင်ပြီး အိမ်မွေးကြက်များသည် ကြက်နီမျိုး (Gallus gallus) ၊ ကြက်ညိုမျိုး (Gallus
sonnerati) ၊ သီဟိုဠ်မျိုး (Gallus lafayettei) နှင့် ကြက်စိမ်းမျိုး(Gallus varius) စသည့် တောကြက် လေးမျိုးအနက် တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပို သော တောကြက်မျိုးများမှ ဆင်းသက်လာခဲ့ကြသည် ဟု အဆိုရှိပါသည်။ ကြက်နီမျိုးတွင်Gallus
gallus gallus , Gallus gallus
spacideus, Gallus gallus jabouilei,
Gallus gallus bankiva, Gallus ဟူ၍ မျိုးစိတ်ငါးခု ထပ်မံခွဲခြားနိုင်ပြီး အိမ်မွေးကြက်များသည်Gallus gallus gallus မှ ဆင်းသက်လာသည်ဟု သုတေသနတစ်ခုမှဆိုသည်။ ဒေသ အသီးသီးရှိ တိုင်းရင်းကြက်များသည် တူညီသော ဘိုးဘေး များမှ ဆင်းသက်လာကြ၍ တိုင်းရင်းကြက်များအကြား မျိုးဗီဇသည် သွေးမဝေးကြခြင်းဖြစ်သည်။
ပုံ(၁)တွင် ဖော်ပြထားသည့် မျိုးဗီဇဆက်စပ်မှုပြပုံ(Phylogenic tree) ကို လေ့လာကြည့်ပါက မြန်မာ၊ ထိုင်း၊ လာအို၊ အင်ဒိုနီးရှားတို့မှ တိုင်းရင်းကြက် အုပ်စု များအပါအဝင် ကြက်နီမျိုးစိတ် သုံးမျိုး (Gallus gallus
gallus , Gallus gallus spacideus, Gallus gallus
jabouilei)၊ ရွှေဒင်္ဂါး၊ ငွေနားဖြူ၊ အောစတြာလော့ အစရှိ သည့် စီးပွားဖြစ်မွေးမြူရေး ကြက်သုံးမျိုးနှင့် ဆပ်ဆုမနှင့် ဆပ်ဆုမ ဂျိဒိုးရီ(Satsuma &Satsumajidori) စသည့် မျိုးမြှင့်ထားသော ဂျပန်တိုင်းရင်းကြက်နှစ်မျိုးတို့ ပါဝင် သော အဓိကအကိုင်းအခက်ကြီး(Main Branch) တစ်ခု နှင့် ကြက်စိမ်းမျိုး (Gallus varius) နှင့် အင်ဒိုနီးရှားမှ ကြက်နီမျိုးစိတ်တစ်ခုဖြစ်သည့် Gallus gallus bankiva တို့ ပါဝင်သော အဓိကအကိုင်းအခက်ကြီးတစ်ခု စုစု ပေါင်း အဓိကအကိုင်းအခက်ကြီးနှစ်ခု အဖြစ် ခွဲထွက်နေသည် ကို တွေ့မြင်နိုင် သည်။ အဓိက အကိုင်းအခက်ကြီး တစ်ခုတည်းတွင် ပါဝင်ဖွဲ့စည်းနေ သည့် အုပ်စုများသည် မျိုးဗီဇဆက်စပ်မှု ပို၍နီးစပ်ပြီး တစ်နည်း ဆွေမျိုးချင်းပိုနီး၍ အဓိက အကိုင်းအခက် တစ်ခုထဲတွင် မပါဝင်ပါက ဆွေမျိုးနီးစပ်မှု ဝေးကွာ သည်။ ထို့ကြောင့် အဓိက အကိုင်းတစ်ကိုင်းထဲတွင် ပါဝင် သည့် မြန်မာ၊ ထိုင်း၊ လာအို၊ အင်ဒိုနီးရှားမှ တိုင်းရင်း ကြက်များ၊ ကြက်နီမျိုးစိတ် သုံးမျိုး စီးပွားဖြစ် မွေးမြူရေး ကြက်များနှင့် ဂျပန်တိုင်းရင်းကြက်မျိုး နှစ်မျိုးတို့သည် ဆွေမျိုးချင်း နီးစပ်ကြသည်။
ကြက်စိမ်းမျိုး(Gallus
varius)နှင့် အင်ဒိုနီးရှားမှ ကြက်နီမျိုးစိတ်တစ်မျိုး (Gallus gallus bankiva) တို့သည် အဓိက အကိုင်း တစ်ကိုင်းအဖြစ် ခွဲထွက်နေသောကြောင့် တိုင်းရင်းကြက် များနှင့်လည်းကောင်း၊ စီးပွားဖြစ်မွေးမြူရေးကြက်များ၊ အခြားတောကြက်မျိုးများနှင့်လည်းကောင်း ဆွေမျိုးချင်း ဝေးကွာကြောင်း တွေ့နိုင်သည်။ တစ်ဖန် တိုင်းရင်းကြက် များ ပါဝင်သည့် အဓိကအကိုင်းကြီးထဲတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ လာအိုတို့မှ တိုင်းရင်းကြက်များနှင့် ကြက်နီမျိုးစိတ် သုံးမျိုးတို့ပါဝင်သည့် အုပ်စုကြီးတစ်ခုကို တွေ့မြင်နိုင်ပါသည်။
စီးပွားဖြစ် မွေးမြူရေးကြက်များ နှင့် ဂျပန်တိုင်းရင်းကြက်မျိုးများကိုမူ သီးခြားအုပ်စု များအဖြစ် တွေ့မြင်နိုင်သည်။ ထို့ကြောင့် တိုင်းရင်း ကြက်များသည် ကြက်နီမျိုးစိတ်များနှင့် မျိုးဗီဇနီးစပ် စွာ ရှိနေပြီး တိုင်းရင်းကြက်များ အချင်းချင်းတွင်လည်း မြန်မာနှင့် လာအိုတို့မှ တစ်တွဲ၊ ထိုင်းနှင့် အင်ဒိုနီးရှား တို့မှ တစ်တွဲ နီးကပ်စွာအုပ်စုဖွဲ့နေကြသဖြင့် မြန်မာ တိုင်းရင်းကြက်များတွင် တွေ့ရသည့် ဝိသေသတချို့ ကို အိမ်နီးချင်းနိုင်ငံများရှိ တိုင်းရင်းကြက်များတွင် လည်း တွေ့ကောင်းတွေ့နိုင်သည်။
ကွယ်လွန်သွားသည့် ကျွန်မ၏ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်သန်းသည် တစ်ချိန်ကFAO အစီ အစဉ်ဖြင့် ထိုင်းနိုင်ငံတွင် ဖွင့်လှစ်သည့် မျိုးဗီဇအရင်း အမြစ်များ ထိန်းသိမ်းရေးသင်တန်း (Conservation
for Genetic Resources) သို့ တက်ရောက်ခဲ့ဖူးပါ သည်။ ဆရာကြီးက‘သူတို့ထိုင်းနိုင်ငံမှ အရည်အသွေး ကောင်းသည့်ကြက်ဆိုပြီးလိုက်ပြ၍ ကြည့်လိုက်ရာ ကျောက်ပန်းတောင်းက ကြက်နဲ့ တစ်ပုံစံတည်း ပဲဟု ပြောပြခဲ့ဖူးသည်။ဤနေရာတွင် ကျွန်မ၏သုတေ သနတွေ့ရှိချက်ကို တင်ပြလိုပါသည်။ မျိုးဗီဇ အမှတ် အသား (Genetic Marker) ၁ဝ၂ ခုကို အသုံးပြု၍ မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံများရှိ တိုင်းရင်းကြက်များ ၏ မျိုးဗီဇဆိုင်ရာ အုပ်စုဖွဲ့စည်းပုံ (Population
Structure) ကို သုတေသနပြုခဲ့သည်။ အထက်တွင် တင်ပြခဲ့သည့်အတိုင်း တိုင်းရင်းကြက်များသည် ရေ မြေဒေသ အသီးသီးတွင် အချိန်ကြာမြင့်စွာကတည်း က အသားတကျနေထိုင်ခဲ့ကြပြီး သက်ဆိုင်ရာအုပ်စု များတွင် သက်ဆိုင်ရာ မျိုးဗီဇမူရင်းများ (Genetic
Origin)နှင့် ဖွဲ့စည်းထားကြသည်။ှအမကခအကမန ဟုခေါ်သည့် ဆော့ဖ်ဝဲကိုသုံး၍ အုပ်စုဖွဲ့စည်းပုံကို ဆန်းစစ်ရာ ပုံ (၂) တွင် ဖော်ပြထားသည့် အုပ်စုဖွဲ့စည်းပုံ ကို ရရှိသည်။ မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့ရှိ တိုင်းရင်း ကြက်များသည် အုပ်စုတစ်စုစီ၊ တစ်စုစီအဖြစ် ဖွဲ့စည်း နေပြီး သက်ဆိုင်ရာအုပ်စုအတွက် သက်ဆိုင်ရာ မျိုးဗီဇ မူရင်း (Genetic Origin)နှင့် ဖွဲ့စည်းထားသည်။ မြန်မာတိုင်းရင်းကြက်များ၏ မျိုးဗီဇမူရင်းသည် အပြာ ရောင်၊ ထိုင်းတိုင်းရင်းကြက်များ၏ မျိုးဗီဇ မူရင်းသည် အဝါရောင်၊ လာအိုတိုင်းရင်းကြက်များ၏ မျိုးဗီဇမူရင်း သည် အနီရောင်ဖြင့် ကိုယ်စားပြုသည်။ ထိုင်းနှင့် လာအိုတို့မှ တိုင်းရင်းကြက်များ၏ မျိုးဗီဇဖွဲ့စည်းပုံတွင် မြန်မာတိုင်းရင်းကြက်များ၏ မျိုးဗီဇမူရင်း (အပြာရောင်) များ ရောနှောနေသည်ကို တွေ့မြင်နိုင်သည်။ မြန်မာ တိုင်းရင်းကြက်များ၏ အုပ်စုဖွဲ့စည်းပုံတွင် မည်သည့် မျိုးဗီဇမူရင်းမှ ရောနှောခြင်းမရှိဘဲ၊ မြန်မာတိုင်းရင်း ကြက်၏ မျိုးဗီဇမူရင်းတစ်မျိုးတည်းဖြင့်သာ ဖွဲ့စည်း ထားကြောင်း တွေ့ရသည်။ ဤရလဒ်အရ မြန်မာ တိုင်းရင်းကြက်များသည် မျိုးဗီဇအရောအနှော မရှိ၊ မူရင်းစစ်မှန်သည့် တိုင်းရင်းကြက်များဟု ပြောနိုင်သည်။
မြန်မာတိုင်းရင်းကြက်များ၏ မျိုးဗီဇမူရင်းများ သည် ထိုင်းတိုင်းရင်းကြက်များဆီသို့ အဘယ်ကြောင့် ရောနှောနေသနည်းဟု မေးစရာရှိသည်။ မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံသည် ပထဝီအနေအထားအရ နယ်နိမိတ် ချင်း ထိစပ်လျက်ရှိနေသည့်အပြင် တောင်ငူခေတ်နှင့် ကုန်းဘောင်ခေတ်များတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အကြား စစ်ပွဲများ အထင်အရှားရှိခဲ့သည်။ ထိုသို့ စစ်ပွဲ များရှိခဲ့စဉ်က မြန်မာစစ်သည်တော်များနှင့်အတူ မြန်မာ တိုင်းရင်းကြက်များကို ရိက္ခာအဖြစ် သယ်ဆောင်သွား ဖွယ်ရှိသည်။ ကုန်သည်များကလည်း သယ်ဆောင်သွား နိုင်ပါသည်။ အဆိုပါရိက္ခာအဖြစ် သယ်ဆောင်သွား သော မြန်မာတိုင်းရင်းကြက်များသည် ထိုင်းနိုင်ငံရှိ ဒေသခံကြက်များနှင့် ရောနှောယှက်တင်ရာမှ မျိုးဗီဇ များ ရောနှောသွားနိုင်ဖွယ်ရှိသည်။
အဆိုပါ ရောနှောသွားသော မျိုးဗီဇများကို မျိုးဆက်အဆင့်ဆင့် ဆင့်ပွား သယ်ဆောင်နိုင်ခဲ့ပါသည်။
နှစ်ကာလကြာသောအခါ ယခုကဲ့သို့ မြန်မာတိုင်းရင်းကြက်များ၏ မျိုးဗီဇမူရင်းများကို ထိုင်းတိုင်းရင်းကြက်များ၏ မျိုးဗီဇတွင် ရောနှောစွာ တွေ့မြင်ရခြင်းဖြစ်သည်ဟု ယူဆမိပါသည်။
(ထင်မြင်ယူဆမှုသက်သက် သာဖြစ်ပါသည်) ဤသို့ ယူဆရခြင်းမှာ သုတေသနတွင် ထိုင်းနိုင်ငံဘက်မှ တိုင်းရင်းကြက်များ၏ သွေးနမူနာများ ကောက်ယူခဲ့သော ဒေသများမှာ နန်၊ ချင်းရိုင်၊ လန်ပန်၊ ကချနာဘူရီအစရှိသော ထိုင်းနိုင်ငံ၏ မြောက်ပိုင်း ဒေသများပါဝင်ပြီး၎င်းဒေသများသည် တစ်ချိန်က မြန်မာနှင့် ထိုင်းတို့ စစ်မက်ဖြစ်ပွားရာဒေသများဖြစ်ခဲ့ကြောင်း လေ့လာတွေ့ရှိ ခဲ့ရသောကြောင့် ဖြစ်ပါသည်။ အထက်က ဆရာကြီး ဦးအောင်သန်း ပြောခဲ့ဖူးသည့် 'ထိုင်း နိုင်ငံမှ အရည်အသွေးကောင်းသည်ဆိုသည့်ကြက်သည် မြန်မာနိုင်ငံ ကျောက်ပန်းတောင်းမှ ကြက်နှင့် တစ်ပုံစံတည်း' ဆိုသည့်အချက်မှာ ဖြစ်နိုင်ဖွယ်ရှိပါသည်။ မြန်မာတိုင်းရင်းကြက်များသည် မျိုးဗီဇအရော အနှောကင်းသည့် မျိုးဗီဇသန့်စင်သည့် တိုင်းရင်းကြက်များဖြစ်ကြပါ သည်။ သို့သော် ကျွန်မ၏သုတေသနတွင် ရန်ကုန်၊ မန္တလေး နှင့် ပဲခူး ဒေသများမှ မြန်မာတိုင်းရင်းကြက်များ၏ သွေးနမူနာများကိုသာ အသုံး ပြုခဲ့ရပါသည်။ အကယ်၍ မြန်မာနိုင်ငံအနှံ့အပြား ဒေသအသီးသီးရှိ တိုင်းရင်းကြက်နမူနာများကို အသုံးပြု၍ လေ့လာဆန်းစစ်ပါက မြန်မာ တိုင်းရင်းကြက်များ၏ မျိုးဗီဇစစ်မှန်မှုကို ယခုထက်ပို၍ ခိုင်ခိုင်မာမာ ထုတ်ဖော်နိုင်ပါလိမ့်မည်။
မည်သို့ပင်ဖြစ်စေ နိုင်ငံတော်၏ အသားကဏ္ဍအတွက် အသားစား ကြက်၊ ဥစားကြက်အစရှိသည့် စီးပွားဖြစ် ကြက်မွေးမြူရေးကိုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်သလို အချိန် ကြာမြင့်စွာကတည်းက မြန်မာ့ရေမြေသဘာဝနှင့် အသားတကျရှိခဲ့ သော၊ မျိုးဗီဇစစ်မှန်၍ အဖိုးတန်လှသော မြန်မာ့တိုင်းရင်းကြက်များ ကိုလည်း ဆက်လက်ထိန်းသိမ်းမွေးမြူသွားသင့်ကြောင်း အကြံပြုတင်ပြ အပ်ပါသည်။
Credit today myanmar
https://www.facebook.com/permalink.php?story_fbid=193431257854331&id=100015623734146
မြန်မာရောင်နီသစ် တိုင်းရင်ကြက်မွေးမြူရေး 
09 455 050 531
09 780 053 225

No comments:

Post a Comment