ဗိသုကာနှင့် မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်နှင့် တွေ့ဆုံခြင်း အပိုင်း(၁)
ရန်ကုန်မြို့ကို ဟိုနေရာချဲ့မယ်၊ (ပညာရှင်အမြင်) ဒီနေရာချဲ့မယ်ဆိုတာမျိုးက
သမ္မတကြီး ဦးထင်ကျော် ဆုံးဖြတ်လဲ မှားမှာပဲ။
ဒေါ်အောင်ဆန်းစုကြည်လဲ ဆုံးဖြတ်လို့မရဘူး၊
ဝန်ကြီးချုပ်လဲ ဆုံးဖြတ်လို့မရဘူး။

The Speaker သတင်းဂျာနယ်
အွန်လိုင်းဝဏ္ဏ၊ ဇင်မင်းဖြိုး
..................
အွန်လိုင်းဝဏ္ဏ၊ ဇင်မင်းဖြိုး
..................
Speaker ။ ။ ဒီဆယ်စုနှစ်အတွင်း ရန်ကုန်မြို့မှာ မိုးကြီးရင် ရေကြီးရေလျှံမှု အမြဲ ဖြစ်တယ်။ အခုပိုဆိုးလာတယ်။ ခေတ်အဆက်ဆက် အစိုးရတွေကလည်း ဒါကို မကိုင်တွယ်ခဲ့ဘူး။ ဒီရေကြီး ရေလျှံမှု ပြဿနာကို ရေရှည်အစီအစဉ်ဆွဲပြီး ဘယ်လိုဖြေရှင်းသင့်ပါသလဲ။ ဘာတွေလိုအပ်နေပါသ လဲ။ ဆရာ့အမြင်လေး သိပါရစေ။
Dr.KL ။ ။ ဒီပြဿနာကို ခေတ်အဆက်ဆက်အစိုးရတွေ မကိုင်တွယ်ခဲ့ဘူးဆိုတာ မှန်တယ်။ အ ဆောက်အအုံ ဆောက်လုပ်မှု( Building Intensity)တွေ များလာတော့ သိပ်သည်းမှု(Density) တွေ ကလည်း များလာတာ။ ဒီလို များလာတော့ ဥပမာ -ရှေးတုန်းက ခြံတစ်ခြံမှာ အိမ်တစ်လုံးရှိတယ်။ အခုတော့ အိမ်နှစ်လုံး၊ သုံးလုံး ဖြစ်သွားပြီ။ ဒီတော့ ရေတွေ မြေကြီးထဲကို စုပ်ဆင်းနိုင်တဲ့ နေရာတွေ လျော့လာတယ်။ ဒီလို လျော့လာတဲ့အခါကျတော့ ကျတဲ့ရေအများစုက လမ်းပေါ်ပြန်တက်လာတယ်။ ဒါကတစ်ချက်။
နောက်ပြီး ကျွန်တော်တို့မှာ ရေမြောင်းတွေ အနေနဲ့ ဘယ်ကနေ ဘယ်ကို စီးမယ်၊ ဘယ်ကနေ ဘယ်ကိုသွားမယ်ဆိုတဲ့ အသေးစိတ်မြေပုံမရှိဘူး။ ဘောက်ထော်ချောင်းလို၊ တာမွေလို ချောင်းနဲ့ မြောင်းအကြီးကြီးတွေမှာ မြေပုံရှိတယ်။ သို့သော် ကျန်တဲ့ မြောင်းအသေးတွေမှာ အသေးစိတ် (အင်း ယားမြိုင် လမ်းထဲမှာစီးနေတဲ့၊ ဝင်ဒါမီယာလမ်းထဲမှာစီးနေတဲ့ မြောင်းတွေရဲ့) မြေပုံမရှိဘူး။ ဒါကို ရှေး အစိုးရ အဆက်ဆက်က မလုပ်ခဲ့ဘူး။ တစ်မြို့လုံးက မြောင်းတွေရဲ့ မြေပုံတွေလိုက်စုဆောင်း၊ စာရင်း တွေလိုက်ပြုစု၊ ရေဘယ်လောက်စီးလဲဆိုတာတိုင်းတာရမှာ။ အဲဒီကနေ စရမှာ။ ဒီလို ရေမြောင်းစာ ရင်းကို လိုက်တွက်ကြတာတောင် တတ်ကျွမ်းတဲ့ပညာရှင်ပေါင်း ဆယ်ယောက်လောက်က တစ်နှစ် လောက်လုပ်ယူရတယ်။ သူတို့ကို တိုင်းတာစရာကိရိယာတွေ၊ သွားလာစရာမော်တော်ကားတွေ၊ သင့် လျော်တဲ့လခတွေပေး၊ လုပ်ကြပါဆိုပြီး တစ်ခါထဲ ပေါင်းလုပ်ကြမှဖြစ်မယ်။ အဲဒါတောင် ဗမာပြည်မှာ လုပ်နိုင်တဲ့လူ၊ တတ်တဲ့လူ တစ်ယောက်၊ နှစ်ယောက်ပဲရှိတယ်။ သိပ်မရှိဘူး။ တက္ကသိုလ်တွေမှာ လည်းမရှိဘူး။ ရှိတဲ့ လူတွေလည်း စိတ်တိုင်းမကျဘူး။ တကယ်တတ်ကျွမ်းတဲ့ပညာရှင်တွေလုပ်လို့ တစ်နှစ်၊ နှစ်နှစ်လောက် ကြာတဲ့အခါ စာရင်းဇယားတွေရပြီဆိုရင် ဘယ်လိုလုပ်ကြမလဲဆိုတာ သေချာ အစီအစဉ်(Plan)ဆွဲရမယ်။ ဒါတွေကလည်း တွဲပြီးလုပ်ကြရမှာ။ ပြီးတော့ တစ်မြို့လုံးအတွက် မဟာစီ မံကိန်း(Master Plan)ကို ဆွဲရမှာ။ အခုမှ သရက်ပင်စိုက်ပြီး သရက် သီးစားချင်လို့မရဘူး။ ရန်ကုန် မြို့မှာ မိလ္လာကန် သုံးပါဆိုပြီး YCDC က ပြောတယ်။ သို့သော် ဘာမှ မရှိဘဲ ရိုးရိုးကျင်းတွေပဲရှိတဲ့ အိမ် တွေလည်း ရှိတယ်။ မိလ္လာစနစ်နဲ့ မြောင်းစနစ်က တွဲနေတာ။ အဲဒါတွေကို လုပ်ကြကိုင်ကြရင်တော့ ပိုက်ဆံပေါ်မှာလည်းတည်တယ်၊ လုပ်တာကိုင်တာပေါ်မှာလည်းတည်တယ်၊ စီမံကိန်းကို လေး၊ ငါး
နှစ်လောက် တကယ်လုပ်ကြကိုင်ကြရင်တော့ နောက်ဆယ်နှစ်လောက်ဆိုရင် အများကြီးကောင်းလာ မယ်လို့ ထင်တယ်။
.
.
Speaker ။ ။ တိုင်းဒေသကြီးအစိုးရက မ. ထ. သ ကို ဖျက်သိမ်းပြီး YBS စနစ်လုပ်တယ်။ မီးပွိုင့် တွေတပ်တယ်။ အဲဒီ မီးပွိုင့်တွေမှာ ကင်မရာလည်းတပ်တယ်။ ယာဉ်ကြောကျပ်တည်းမှု ထိန်းချုပ်ဖြေ ရှင်းရေးစင်တာ(Traffic Control Centre)လုပ်တယ်။ Safety Road ဆိုပြီးလုပ်တယ်။ ကျောင်း ကား စနစ်ကိုလည်း လုပ်နေတယ်။ ဒါတွေက ရန်ကုန်မြို့ရဲ့ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်မှာလား။ ဒီ ယာဉ်ကြောကျပ်တည်းမှုကို ဘယ်လိုဖြေရှင်းသင့်သလဲ။
.
Dr.KL ။ ။ ရန်ကုန်မြို့မှာ ကျောင်းကားစနစ် စပြီးသုံးလိုက်ခြင်းအားဖြင့် အချိန်ကတော့ အတော် လေးသက်သာသွားမယ်။ အတော်လေး ကောင်းလာမယ်။ ဒီလို ကျောင်းကားစနစ်သုံးကြပါလို့ ပြော တာ ကြာပါပြီ။ အရင်တုန်းကတော့ လုပ်ဖို့ရည်ရွယ်ချက်(Political Will)မရှိတာလည်း ပါတာပေါ့။ အ ခုတိုင်းဒေသကြီးအစိုးရအဖွဲ့လုပ်တယ်ဆိုရင်တော့ ကောင်းတယ်လို့ ပြောရမှာပေါ့။ သို့သော်ဒါနဲ့ပဲ ဖြေ ရှင်းသွားနိုင်မလားဆိုတော့ မဖြေရှင်းသွားဘူး။ အချက်က နှစ်ချက်ရှိတယ်။ တစ်ချက်က လမ်းကွန် ရက်(Road Network) ဆိုတာရှိတယ်။ ဒီလမ်းကွန်ရက်က အဆင်မပြေဘူး။ ကျဉ်းတာတို့၊ နည်းတာ တို့ ဖြစ်တာပေါ့။ လမ်းဧရိယာနဲ့ မြို့ဧရိယာတို့ရဲ့ အချိုး သိပ်နည်းနေတာတို့၊ အခုလမ်းဧရိယာနဲ့ စက် တပ်ယာဉ်တွေသွားဖို့ နည်းနေတာတို့ပေါ့။ သူတို့ဖြေရှင်းဖို့ ရည်ရွယ်ချက်ရှိမယ်ဆိုရင် နောက်ငါးနှစ် ၊ ဆယ်နှစ်လောက်ဆိုရင် တော်တော်လေးအဆင်ပြေသွားမှာပါ။ ဒါကို ဘယ်လိုလုပ်ကြမလဲ။ လမ်း သိပ်သည်းဆ(Road Density)နည်းတာကျတော့ တချို့နေရာတွေမှာ လမ်းကို နှစ်ထပ်လုပ်ပစ်ရ မယ်။ ဥပမာ မြို့ထဲနဲ့ ကမာရွတ်ကို ပြည်လမ်းက သွားမယ်။ ပြည်လမ်းကို မြို့ထဲနဲ့ ကမာရွတ်ကြားထဲ မှာ သုံးနေကြတာတွေက ရည်ရွယ်ချက်သုံး၊ လေးမျိုးနဲ့သုံးနေတယ်။ ပြည်ထောင်စုလမ်း၊ ဟယ်ပင်လမ်း သွားချင်တဲ့ လူတွေကလည်း သုံးတယ်။ မြို့ထဲက ကမာရွတ်ကို သွားတဲ့လူတွေလည်း သုံးတယ်။
.
အင်းစိန်သွားချင်တဲ့လူလည်း သုံးတယ်၊ မင်္ဂလာဒုံသွားချင်တဲ့လူလည်း သုံးတယ်။ အကယ်၍ အပေါ်လမ်း၊ အောက်လမ်းနှစ်ခု ခွဲထုတ်လိုက်လို့ရှိရင် အပေါ်လမ်းကတော့ ဆိုကြပါစို့ ဘတ်စ်ကားတွေ ပဲ သွားနေမယ်။ ဘတ်စ်ကားကတော့ ပတ်ပြီးပြေးနေမှာပေါ့။ သူရပ်ရတဲ့နေရာမှာရပ်သွားမှာပဲ။ ဒီလို သုံးလိုက်ရင် အောက်မှာလည်း အများကြီးချောင်သွားမယ်။ အပေါ်မှာလည်း အများကြီး ချောင်သွား မယ်။ ဒီဟာကို စာအုပ်နဲ့ အဆိုပြု ထားတာလည်း ရှိပါတယ်။
နောက်တစ်ခါ စောစောကပြောတဲ့ မီးပွိုင့်တွေ။ မီးပွိုင့်တွေကလည်းပဲ Integrated Traffic Management Systemလို့ ခေါ်တယ်။ ဒါက ဘာလဲဆိုရင် ရန်ကုန်တစ်မြို့လုံးမှာ ကားတွေက ဘယ် အချိန်လောက်မှာ ဘယ်လိုသွားနေလဲဆိုတာ လေ့လာပြီးသားဖြစ်နေပြီ။ ရှိလည်းရှိပါတယ်။ အဲဒါကို ကြည့်ပြီးတော့ ဥပမာ-လူတစ်ယောက်က ကားမောင်းလာတယ်။ မီးနီတွေ့လို့ ခဏရပ်တယ်။ မီးစိမ်း ရင် ကျော်သွားတယ်။ ဒီလိုကျော်ပြီးရင် ဆက်တိုက်နောက်လာမယ့်မီးပွိုင့်တွေ အားလုံးကိုလည်း ကျော်သွားတယ်။ မီးပွိုင့်အကုန်လုံးကို တွက်ထားတာ။ အခုကျတော့ ဒီလို မဟုတ်ဘူး။ ကိုယ်က မီး နီမိပြီး တစ်မိုင်လောက်ပဲသွားရသေးတယ် နောက်တစ်ပွိုင့်မှာ နောက်တစ်ခါရပ်ရ ပြန်ပြီ။ ဒီတော့ အ ကုန်လုံး ကြာနေတာပေါ့။ ဒီစနစ်က မီးတစ်ပွိုင့်ထဲကို မစဉ်းစားဘဲနဲ့ တစ်မြို့လုံးကို ပတ်ပြီးချိန်ထား တာ။ မနက်ကိုးနာရီဆို ဒီလို ဖြစ်တယ်၊ ဆယ်နာရီဆို ဒီလို ဖြစ်တယ်။ ညနေလေးနာရီဆို ဒီလိုဖြစ် တယ်ဆိုပြီး အကုန်လုံး တွက်ထားပြီးသား။ တစ်ခုတော့ရှိတယ် ဒါမျိုးက V. I. P လာလည်း ပိတ်လို့မ ရဘူး။ ပိတ်လိုက်ရင် ဒုက္ခတွေ ရောက်ကုန်မှာ။ ဒီစနစ်က ဈေးမကြီးဘူး။ လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက် နှစ်လောက်က ဂျပန်တွေက ပေးမလိုလို၊ မပေးမလိုလိုဖြစ်နေတယ်။ ဒေါ်လာ ၁၅ သန်းနဲ့ သန်းနှစ် ဆယ်ကြားလောက် ကုန်ကျတယ်။ ဒါသိပ်များပါဘူး။ ဒါလုပ်ရင် အရမ်းကြီးကောင်းသွားမလားဆိုရင် မ ကောင်းသွားဘူး။ သို့သော် လက်ရှိသွားနေတာနဲ့စာရင်တော့ အချိန်တွေ ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင် နှုန်းလောက် လျော့သွားနိုင်တယ်။ အဲဒါက စကိုင်ဖို့ကောင်းတယ်။ ပြီးရင်နှစ်ထပ်လမ်းတို့၊ အပြင်မြို့ ပတ်လမ်းတို့ လုပ်လိုက်လို့ရှိရင်တော့ ပိုပြီးအများကြီး ကောင်းသွားမှာပါ။ အခုဟာကရေရှည် ဖြစ်ပြီး နောင်လာမယ့် နှစ်သုံးဆယ်၊လေးဆယ်အထိ သွားမှာပါ။
.
ရန်ကုန်မြို့က ပြဿနာတွေက ဘယ်ပေါ်မှာတည်နေလဲဆိုတော့ ကျွန်တော်တို့ပြောတဲ့ Land Use Structure လို့သုံးတယ်။ မြေအသုံးချမှုပုံစံသာ အဓိကပါ။
.
ကျွန်တော်တို့စာရင်းတွေအရ အ ကြမ်းအားဖြင့် နေ့စဉ် အလုပ်လုပ်နေ သွားလာနေတဲ့လူတွေရဲ့ ၄၇ရာခိုင်နှုန်းလောက်ဟာ မြို့ထဲလို့ ခေါ်တဲ့ (၇)မြို့နယ်၊ သူနဲ့ကပ်နေတဲ့ မင်္ဂလာတောင်ညွှန့်၊ဗဟန်း၊စမ်းချောင်း၊ကြည့်မြင်တိုင် ကို သွားနေ ရတယ်။ အဲဒီမြို့နယ်တွေက ရန်ကုန်မြို့ဧရိယာရဲ့ ဆယ်ရာခိုင်နှုန်းလောက်ပဲရှိတယ်။ နေ့စဉ် မနက် ကိုးနာရီလောက် ပြည်လမ်းကို သွားကြည့်ရင် အဝင်ကားတွေရှိပြီး အထွက်မရှိဘူး။
.
ညနေကျရင် လည်း အထွက်ကားတွေများပြီး အဝင်မရှိတော့ဘူး။ မြေအသုံးချမှုက အဲဒီနေရာမှာ စုနေတယ်။ ဒီမြေ အသုံးချမှုရဲ့ ပုံစံက ရှေးကိုလိုနီခေတ်ကထဲက အမွေရခဲ့တဲ့ပုံစံဖြစ်နေတော့ ဒါကိုပြောင်းရမယ်။ ဘယ် လို ပြောင်းမလဲဆိုတော့ အခုအများကြီး သူ့ဘာသာသူပြောင်းလာပေမဲ့ ပိုကောင်းအောင် အစိုးရက ဝင်ပြီး ကိုယ်တိုင်ပါပြီး ပြောင်းပစ်ရမယ်။ ဘယ်လိုပြောင်းမလဲဆိုတော့ ဥပမာ မြို့အပြင်ပိုင်းတွေ၊ ဆိုကြပါစို့ တောင်ဥက္ကလာ၊ မင်္ဂလာဒုံ၊ ရှစ်မိုင်၊ ကိုးမိုင် ပတ်ဝန်းကျင်လောက်မှာ အကြီးအကျယ် ဈေး ဝယ်စင်တာ(Shopping Centre)တွေ လုပ်ပစ်လိုက်ရမယ်။ နောက်တစ်ခါ စက်ရုံအလုပ်ရုံတွေ ပေါ် လာအောင်လည်း စက်ရုံ၊အလုပ်ရုံတွေကို မြို့ပြင်မှာ ဖြန့်ပစ်လိုက်ရမယ်။ အဲဒီအခါကျတော့ မြို့ထဲ( ၇)မြို့နယ်နဲ့ သူ့နားမြို့တွေကို သွားနေရတဲ့ ပြဿနာက တစ်နေရာထဲမှာ စုနေတာ မဟုတ်ဘဲနဲ့ ဖြန့် ထွက်သွားမယ်။ ဒီတော့ တစ်မြို့လုံးအတွက် စွမ်းအင်သက်သာမယ်။ ရန်ကုန်မြို့ လေထုညစ်ညမ်း မှုလည်း သက်သာမယ်။ လူတွေလည်း အချိန်ကုန် သက်သာမယ်။
.
ငါအာဏာရတုန်း ဆိုပြီးမစဉ်းစားသင့်ဘဲ နောင်လာမယ့် နှစ်သုံးဆယ်၊ လေးဆယ်ကို နောင်လာမယ့် ကိုယ့်သား၊သမီးတွေအတွက် ကြိုပြီး စီမံကိန်းဆွဲသင့်တယ်။
.
ရေကြီးတာတို့၊ သွားရေးလာရေးခက်ခဲတာတို့သည် ရေရှည်စီမံကိန်းနဲ့မှ ဖြေရှင်းနိုင်မှာ။ ဟိုမြို့နယ်ကိုတော့ ရေမကြီးအောင်လုပ်မယ်တို့၊ ဒီမြို့နယ်ကိုတော့ ရေမကြီးအောင် လုပ်မယ်တို့ ကြားပါတယ်။ ဒီမြို့နယ်ကို ရေမကြီးအောင်လုပ် လုပ်လို့ရတယ်။ ဟိုနေရာကို ရေမကြီး အောင်လုပ် လုပ်လို့ရတယ်။ သို့သော် သူအဲဒီလိုလုပ်လိုက်ရင် ဟိုဘက်မှာရေသွားကြီးလိမ့်မယ်။ ရေ ဆိုတာက တောင်းပန်ပြီးတော့ မင်းဒီလာလို့ရလားလို့ ပြောလို့မှမရတာ။ အဲဒီတော့ ဒီဟာသွားပိတ် ဟိုဘက်မှာ ရေသွားတိုးမှာပဲ။ ဆူးလေဘုရားနဲ့ အဲဒီပတ်ဝန်းကျင်မှာ ရေမကြီးအောင်လုပ်မယ်လို့ပြောနေ တာကြားတယ်။ ဒါကို လုပ်သင့်သလားဆိုတာ စဉ်းစားကြည့်။ အဲဒီမှာနေတဲ့လူက လူသုံးသိန်းရှိ တယ်။
.
ဧရိယာအားဖြင့်တွက်ရင် အဲဒီနေရာလေးက ရန်ကုန်မြို့ဧရိယာရဲ့ ၄ ရာခိုင်နှုန်းပဲရှိတယ်။ အဲဒါ ကို သွားကိုင်ရင် ဘာဖြစ်မလဲဆိုလို့ရှိရင် ဒလမှာ ရေကြီးနိုင်တယ်။ ကြည့်မြင်တိုင်ဘက်မှာ ရေကြီးနိုင် တယ်။ သာကေတဘက်မှာရေကြီးနိုင်တယ်။ ဆိုတော့ စောစောက ပြောသလို ဘက်စုံ (Comprehensive)မလုပ်သရွေ့ လုံးလည်ပတ်ချာ လိုက်နေမှာ။
.
.
Speaker ။ ။ ရန်ကုန်မြို့ကို နေချင့်စဖွယ်မြို့ဖြစ်အောင် ဘာတွေလုပ်သင့်လဲ။
.
Dr.KL ။ ။ ဟိုခေတ်က ဒီမိုကရေစီအတွက် တိုက်ကြတယ်၊ ခိုက်ကြတယ်ဆိုထဲက ပြောပြော နေတဲ့ ပွင့်လင်းမြင်သာမှုဆိုတာ ရှိတယ်။ ဒါကိုပဲ ဆက်ကိုင်ရမှာပေါ့။ ပွင့်လင်းမြင်သာမှုဆိုတာက နိုင် ငံရေးမှာရော၊ စီးပွားရေးမှာရော၊ မြို့ပြစီမံကိန်းမှာရော ပွင့်လင်းမြင်သာမှုလိုတယ်။ ကျွန်တော်တို့ မြို့ ကြီးမှာ လက်ရှိ ဘာပြဿနာတွေ ရှိသလဲ။ ဒါတွေကိုချက်ချင်း မဖြေရှင်းနိုင်ဘူး ဆိုတာရှင်းတယ်။ ချက်ချင်း သိကြားမင်းလာဖြေရှင်းလည်း မရပါဘူး။ ဘယ်လို အချိန်မှာ ဘယ်လောက်အတိုင်းအတာနဲ့ ဘယ်လောက်လောက် ဖြေရှင်းသွားမလဲ။
ကျွန်တော်တို့ ရန်ကုန်မြို့မှာ တခြားဟာတွေရှိသေးတယ်။ ဥပမာ-အိမ်ဈေး၊ မြေဈေးတွေကြီး နေတယ်ပေါ့။ ဒီပိုက်ဆံပဲရှာချင်တဲ့ Developer လို့ခေါ်တဲ့ သူဌေးကြီးတွေ၊ အိမ်ဆောက်နေတဲ့ ကုမ္ပ ဏီတွေကတော့ အိမ်ဈေး၊ မြေဈေးကြီးတာကို ဝမ်းသာတာပေါ့။
.
ကျွန်တော်တို့လိုပညာရှင်အတွက် တော့ မြေဈေး၊ အိမ်ဈေးကြီးတာက မှားတယ်။ နှစ်ဆယ်၊ အစိတ်လောက်လူငယ်တစ်ယောက်ဟာ ကျန်းမာတယ်ဆိုရင် သူ့မိသားစုနဲ့သူ ကိုယ်ပိုင်တိုက်ခန်းလေးဖြစ်ဖြစ် နေထိုင်မှုရှိရမယ်။ အဲဒီအတွက် တိုက်ခန်းဈေးက သိန်းတစ်ရာ့နှစ်ဆယ်တို့၊ ဘာတို့ဖြစ်နေတယ်။ ဒါက အပေါစားပေါ့။ ခုနှစ်ရာတို့၊ တစ်ထောင်တို့လည်း ရှိတယ်။ အဲဒါမျိုးတွေ လူအများ လက်လှမ်းမှီနိုင်အောင်လို့ ဈေးချပေးရမယ်။
ရေပေးရေးကိစ္စတွေပေါ့။ ရန်ကုန်စည်ပင်ကပေးနေတာ ၃၀ရာခိုင်နှုန်းလောက်ကိုပဲ ရောက် တာ။ ၇၀ရာခိုင်နှုန်းလောက်က ရေမရောက်ဘူး။ အဲဒါမျိုးတွေကို ရေရှည်စီမံကိန်းဆွဲရတော့မယ်။ စီမံ ကိန်းဆွဲဖို့အတွက် အချိန်ပေးရမယ်။ ပိုက်ဆံပေးရမယ်။ လူအင်အားပေးရမယ်။ အဲဒါကို စကိုင်ရမယ်။ စကိုင်ပြီးတဲ့အခါကျမှ ဒီလိုနေရာတွေမှာ ဒီလိုပြဿနာတွေကို လေးငါးနှစ်အတွင်းဖြေရှင်းမယ်။ နောင် ပြဿနာတွေကို ဆယ်နှစ်အတွင်းမှာ ဖြေရှင်းမယ်။ ဒီလို ပြဿနာတွေကလည်း တိုးလာဦးမယ်။ အဲဒါ တွေကို တို့ရင်ဆိုင်သွားမယ်။ တဖြည်းဖြည်းနဲ့ ဖြေရှင်းသွားတဲ့ ဘက်စုံရေရှည်စီမံကိန်းကြီး ဆွဲသွားဖို့ လိုပါတယ်။ Comprehensive Development Plan ပေါ့။ ဘက်စုံပေါ့။ အဲဒါကြီးကို ဆွဲဖို့လိုတယ်။
.
မြို့တိုးချဲ့မယ်ဆိုတာလည်း နံကြားထောက်ပြီး ဟိုနေရာတိုးချဲ့မယ်၊ ဒီနေရာတိုးချဲ့မယ် ဆိုတာ မျိုး မဖြစ်သင့်ပါဘူး။ ပညာရှင်တွေကိုခေါ်၊ အဖက်ဖက်ကနေကြည့်၊ ကြည့်ပြီးတော့ ဒီနေရာ သင့် တော်တယ်ဆိုတာမျိုးပေါ့။ ရန်ကုန်မြို့ကို ဟိုနေရာချဲ့မယ်၊ ဒီနေရာချဲ့မယ်ဆိုတာမျိုးက သမ္မတကြီး ဦး ထင်ကျော် ဆုံးဖြတ်လဲ မှားမှာပဲ။ တစ်ယောက်ထဲ ဆုံးဖြတ်ရင် ဒေါ်အောင်ဆန်းစုကြည်လဲ ဆုံးဖြတ် လို့မရဘူး၊ ဝန်ကြီးချုပ်လဲ ဆုံးဖြတ်လို့မရဘူး။ ပညာရှင်တွေနဲ့ပေါင်းပြီး ဒီနေရာဟာ တိုးချဲ့သင့်တဲ့နေ ရာ တစ်ဖြစ်သင့်တယ်၊ ဒီနေရာဟာ နှစ်ဖြစ်သင့်တယ်၊ ဒီနေရာဟာ သုံးဖြစ်သင့်တယ်ဆိုပြီးတော့ ဖြည်း ဖြည်းနဲ့ စဉ်းစားရမယ့် ကိစ္စပါ။ တစ်ယောက်တည်းက နံကြားထောက်ပြီး ဒီနေရာဟေ့ ဆိုရင်တော့ မှား တော့မပေါ့။ ကောင်းပါပြီ။ ဒီစီမံကိန်းကြီးကို ရပြီ ဆွဲထားပြီးပြီဆိုတော့ ဒီအခါကျတော့လည်း လွှတ် တော်မှာတင်ပြရမယ်။ တင်ပြပြီးတော့မှ ဒါအတည်ပြုတယ်ဆိုတော့မှ ဒီနှစ်အတွက်က ဘယ်လောက် လောက်ကို ပြီးအောင်လုပ်မယ်။ နောင်ငါးနှစ်အတွက်က ဘယ်လောက်လောက်ကို ပြီးအောင်လုပ် မယ်ဆိုတာ အကောင်အထည်ဖော်သွားရမယ်။
.
ဒီဘက်ခေတ်မှာ ဦးသိန်းစိန်လက်ထက်တုန်းက ဘယ်နှစ်ထပ်နဲ့ ဆောက်ခွင့်ပေးထားတာကို ပယ်တယ်ပေါ့၊ တချို့လည်း ပြန်ရတယ်ပေါ့။ ဒါကိုစစ်ဆေးဖို့လည်း ပညာရှင်အဖွဲ့ကြီးတွေလည်း ဖွဲ့ လိုက်တယ်ပေါ့။ အဲဒါက ဘယ်အပေါ်မှာ သွားမူတည်လဲဆိုတော့ Zoning Plan ဆိုတာ လိုနေတယ်။ Zoning Plan ဆိုတာဘာလဲဆိုတော့ ရန်ကုန်မြို့မှာ ဘယ်နေရာဖြစ်ရင်တော့ ဘယ်နှစ်ထပ်ပဲ ဆောက် ခွင့်ရှိတယ်။ ဒီနေရာဖြစ်ရင်တော့ လေးထပ်ပဲရမယ်၊ ဒါကတော့ ရွှေတိဂုံဘုရားနဲ့ ကပ်နေလို့ ဘယ်နှစ် ထပ်ပဲရမယ်၊ သိပ်သည်းမှုဘယ်လောက်နဲ့ပဲဆောက်ခွင့်ရှိမယ် စသဖြင့်ကို သတ်မှတ်ထားတဲ့ Zoning Plan ဆိုတာရှိတယ်။ လွန်ခဲ့တဲ့လေးငါးနှစ်က ဒီကိစ္စကို စပြောတော့ Zoning Planဆိုတာ ဘယ်မြို့ တွေမှာ ရှိလို့လဲတဲ့ ကျွန်တော့်ကို မေးတယ်။ ဒီတော့ ကျွန်တော်က ဘယ်မြို့တွေမှာ Zoning Plan မရှိ ဘူးလဲလို့ ပြန်မေးတယ်။ မနေ့တစ်နေ့ကမှ လွတ်လပ်ရေးရတဲ့ ကျွန်းနိုင်ငံလေးတွေတောင် Zoning Planရှိတယ်။ ကျွန်တော်တို့မှာ မရှိဘူး။ ဒီတော့ရှိရမယ်။ ရှိတာကလည်း ပွင့်လင်းမြင်သာမှုနဲ့ပတ် သက်တယ်။ စောစောထဲက Zoning Plan ရှိရင် ဒီမြေကိုယူပြီးဆောက်ချင်ဆောက်၊ ဒီလောက်ပဲ အ မြင့်ဆောက်ခွင့်ရှိမယ်၊ ဒီလောက်ပဲသိပ်သည်းမှုရှိရမယ်၊ ဒီမှာမြေပုံဆိုရင် ဘာမှငြင်းစရာမရှိဘူး။ ဘယ် သူနဲ့ခင်ခင်၊ V.I.P နဲ့ခင်ခင် မရတော့ဘူး။ ၂၀၁၂ က YCDC ကို အဲဒါလုပ်ပါဆိုပြီးပြောတယ်။ လုပ်နေ တုန်းတန်းလန်းပဲ ဦးသိန်းစိန်ခေတ် နေပြည်တော်က ဝန်ကြီးတွေက မလုပ်ပါနဲ့လို့ပြောတယ်။ ဘာလို့ ဆို သူတို့က တချို့မြေတွေကို ပေးချင်တယ်၊ ရောင်းစားချင်တယ်။ အဲဒါကို သူတို့ဘာသာ ခင်ဗျား ဘယ်နှစ်ထပ်သွားဆောက်ဆိုပြီး ခွင့်ပြုလိုက်တယ်။ Zoning Plan နဲ့ မကိုက်ဘူး၊ ပယ်မယ်လုပ်တော့ ရပ်ထားရတယ်၊ အခုထိလည်းရပ်ထားတုန်းပဲ။ အစိုးရက ဆက်မလုပ်ပါနဲ့ ပြောတယ်တဲ့။ ဒီလိုဆိုရင် ဒီအတိုင်းကြီးပဲဖြစ်နေမှာပေါ့။ ပွင့်လင်းမြင်သာမှုမရှိလို့ပဲ အရင်တုန်းက ဆောက်ခွင့်ရှိတယ်၊ အခု တော့ဆောက်ခွင့်မရှိဘူးဆိုတာတွေ ဖြစ်ကြတာ မဟုတ်ဘူးလား။
.
.
Speaker ။ ။ စီးပွားရေးတိုးတက်ဖို့ လျှပ်စစ်ဓာတ်အားက အဓိကကျတယ် ပြောတယ်။ နောက်ပြီးတော့လည်း ကွမ်းခြံကုန်းလေဆိပ်စီမံကိန်းတွေ၊ မြေအောင်မြေတော်စီမံကိန်းတွေ လုပ်မယ် ပြောတယ်။ လျှပ်စစ်ဓာတ်အားမလုံလောက်ဘဲ ဒီစီမံကိန်းတွေ လုပ်လို့ရပါ့မလား။ လျှပ်စစ် မီတာခ သုံးဆလောက်တိုးကောက်မယ်ဆို ရင် လူတွေရဲ့တုံ့ပြန်မှုက ဘယ်လိုရှိနိုင်လဲ။
.
Dr.KL ။ ။ ဈေးကွက်စီးပွားရေးစနစ်ကို စတင်ပြီးတော့ တီထွင်တယ်တော့ မဟုတ်ဘူးပေါ့၊ စ တင်ပြီးတော့ ပြောခဲ့တဲ့ အဒမ်စမစ်ဆိုတာရှိတယ်။ သူက Men Power,Capital & Landလို့ ပြော တယ်။ တကယ်တော့ Landဆိုတာ Infranstructureတစ်ခုလုံးကိုပြောတာ။ လျှစ်စစ်တို့၊ ဘာတို့ အ ကုန်လုံးပြောတာပေါ့။ တိုင်းပြည်ရဲ့ ပြဿနာက Capitalကလည်းပဲ အများကြီးရှိတယ်။ သို့သော် Capitalကလည်း အကြမ်းဖြင်းအားဖြင့် အချက်အလက်အရ တိုင်းပြည်မှာ ဘီလီယံနဲ့ချီပြီးကိုင်ထားတဲ့ သူ ၂၀လောက်ရှိတယ်။ အဲဒီလူတွေက တစ်ယောက်ကို ၂၊ ၃ဘီလီယံလောက် ကိုင်ထားတယ်။ ၅၀ ဘီလီယံလောက်ကိုင်ထားတဲ့ လူတောင်ရှိတယ်။ ဒီလူတွေက မရင်းဘူး။ ပိုက်ဆံကို အလကားရ ထားတော့ ဒီလိုပဲဘေးမှာထိုင်ပြီးတော့နေတာတွေ ရှိတယ်။ ဒါပေမဲ့ ပိုက်ဆံအရမ်းမရှိတဲ့သူတွေကို ရင်းနိုင်အောင်လို့ ဗမာတင်မဟုတ်ဘူး နိုင်ငံခြားရော စွမ်းအင်ပေးရမှာပဲ၊ မြေပေးရမှာပဲ။ လိုအပ်တဲ့ အ ခြေခံအဆောက်အအုံတွေလည်း အကုန်လုံးပေးရမှာပဲ။ နောက်မို့ဆို ဘယ်လာမှာလဲ။ မလာနိုင်ဘူး။ စွမ်းအင်ကို ကိုယ့်ဟာကိုယ်ထုတ်မယ်ဆိုရင် တစ်ယူနစ်ကို အကြမ်းအားဖြင့် ၁၅ဆင့်လောက် ကျ တယ်။ အခု ကမ္ဘာ့အတိုင်းအတာနဲ့က တစ်ယူနစ်ကို ၁၂ဆင့်လောက်နဲ့ ပေးနေကြတယ်။ ကျွန်တော် တို့က ဒီထက်ပိုပြီးပေးနိုင်ရမယ်။ အရင်ခေတ်တုန်းကဆိုရင် နိုင်ငံခြားကုမ္ပဏီတွေ လျှပ်စစ်သုံးရင် နိုင်ငံ ခြားငွေနဲ့ပေးရမယ်တို့၊ ပိုယူရမယ်တို့ ရှိခဲ့တယ်။ အခုက တစ်ယူနစ် ၃၅ကျပ်ဆိုတော့ ဒေါ်လာနဲ့တွက် ရင် သုံးဆင့်လောက်ပဲရှိတယ်။ သိပ်နည်းတယ်။ ဒါပေမဲ့ တိုင်းပြည်က ဆင်းရဲတော့ ထပ်တိုးကောက် မယ်ဆိုရင် လူတွေက မတတ်နိုင်ဘူး ထင်ပါတယ်။ ပိုက်ဆံကို တချို့နေရာမှာ လျှော့ပြီးတော့ ရင်းနှီး မြှပ်နှံမှုကို ဆွဲဆောင်ရ လိမ့်မယ်။ တိုင်းပြည်က လုပ်သားအင်အားတန်ဖိုးကလည်း မနည်းဘူး။ မပေါ ဘူး။ ဒီကြားထဲ လျှပ်စစ်တို့၊ မြေတို့ ပိုပေးရမယ်ဆိုရင် ဘယ်သူက လာချင်မှာလဲ။ မေ့ပစ်လိုက်တော့။ မလုပ်ကြနဲ့တော့။ ဒီမှာရှိတဲ့ သစ်တော ၊ဘာညာရောင်းစားကြ။ အဲဒါလည်း ကုန်တော့မှာ။
ခုနက ပြောတဲ့လေဆိပ်ကိစ္စ။ လေဆိပ်ဆိုတာက လေဆိပ်ကို သွားဖို့လမ်းကြောင်းကို အဆင် ပြေအောင် လုပ်ပေးထားရတယ်။ ပြီးရင် တချို့က လေဆိပ်ကို နှစ်မြို့၊သုံးမြို့မှာတစ်ခုပဲ ထားတယ်။
.
အခုကျွန်တော်တို့က ဟိုဖက်က ဟံသာဝတီလေဆိပ်ရှိတယ်။ ရန်ကုန်မြို့နဲ့ ဟံသာဝတီလေဆိပ်ကို ချက်ချင်းရောက်နိုင်မလား။ တကယ့်၊တကယ် ကီလိုမီတာ ၁၀၀ နဲ့မောင်းရင် လေးဆယ့်ငါးမိနစ် လောက်ဆိုရောက်မှာပဲ။ ကြားထဲမှာရပ်တာလည်းမရှိဘူးဆိုရင်ပေါ့။ ဒါကြောင့် လမ်းကို ကောင်း ကောင်းမွန်မွန်လုပ်ပေးရင် ကောင်းတာပေါ့။ လေဆိပ်တစ်ခုတည်းနဲ့ ဆိုတဲ့ပိုက်ဆံ နည်းတာမဟုတ် ဘူး။ လေဆိပ်ဆိုတာ ကလေးကစားတာ မဟုတ်ဘူး။
.
ကျွန်တော် ဂျာမနီမှာ ၂၀၀၆ကနေ ၂၀၁၀အထိနေဖူး တယ်။ ပါမောက္ခ သွားလုပ်တာ။ ကျွန်တော်က ကိုလုံးမြို့မှာ နေတယ်။ ကိုလုံးရယ်၊ ဘွန်းရယ်၊ ဒူ ဆိုဒေါရယ် သုံးမြို့ပေါင်းမှ လေဆိပ်တစ်ခုပဲရှိတယ်။ လူဦးရေအားဖြင့် သုံးမြို့ပေါင်းရင် သုံးသန်းကျော် ကျော်လောက်ရှိတယ်။ ဒါဆိုရင် ဘာလို့ ဟိုဖက်မှာ တစ်ခုသွားတည်မလဲ။

အပိုင်း (၁)
The Speaker သတင်းဂျာနယ်
အတွဲ (၁)၊ အမှတ် (၃၂)
ဇူလိုင် ၁၃
အတွဲ (၁)၊ အမှတ် (၃၂)
ဇူလိုင် ၁၃
No comments:
Post a Comment